← Chapters

အမှန်တရားကို တိတ်ဆိတ်မှုအဖြစ် မြေမြှပ်လိုက်သည်

Vol. 14 Ch. 203

အမှန်တရားကို တိတ်ဆိတ်မှုအဖြစ် မြေမြှပ်လိုက်သည်

Vol. 14 Ch. 203

“ဘာလဲ???"

ပိုင်ထျန်းဟမ် ခေါင်းသည် ရူးသွပ်သလို ချာချာလည်နေ၏။

(ဇနီးက ပိုင်ရှင်းယွဲ့ကို ကျီဟန်ရဲ့ အနာဂတ်ဇနီးအဖြစ် အမြဲမြင်တယ်လို့ ပြောချင်တာလား။)

ဒါပေမယ့် သူမယုံနိုင်ပေ

၎င်းသာအမှန်ဆို သူမ ထိုအရာကို လုပ်မည် မဟုတ်ပေ

မူယွဲ့လန်နဲ့ ချင်ဝူလေ့တို့သည် သူငယ်ချင်းဟောင်းများဖြစ်ပြီး ထိုကတိမျိုး ပေးမည်ကို သူသိ၏

သို့တိုင် သူမတကယ်ပဲ ထိုကတိကို တည်ဖို့ ရည်ရွယ်ထားရင်... ဘာလို့ သူမလုပ်မည်နည်း။

ပိုင်ရှင်းယွဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ သူမသေနိုင်၏ မသေတောင် ထာဝရ မသန်မစွမ်းဖြစ်သွားနိုင်သည်။

မည်သူမှ သူတို့အနာဂတ်ချွေးမကို ထိုသို့လုပ်မည် မဟုတ်ပေ

ပိုင်ထျန်းဟမ်သည် မယုံနိုင်လောက်အောင် အံ့ဩသွားချေသည်။

"ကျီဟန်ကို ပိုင်ရှင်းယွဲ့နဲ့ လက်ထပ်ခိုင်းမှာလား။"

မူယွဲ့လန်သည် လက်ပိုက်လိုက်၏

"ဟုတ်တယ်။"

သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားပေသည်။

"ဒါဆို ဘာလို့ သူမကို တာအိုအရိုးယူသွားတာလဲ"

သူ့အသံက တိုးတိုးလေးပေမဲ့ ဒေါသနဲ့ တုန်ရီနေ၏

"အဲဒါက သူမကို ဘာလုပ်လိုက်လဲဆိုတာ မင်းသိလား။ အဲဒါက သူမရဲ့ ကျင့်ကြံမှုကို ပျက်စီးစေနိုင်တယ်—သူမဘဝကို ပျက်စီးစေနိုင်တယ်။ သူမကို သတ်ပစ်နိုင်တယ်၊ ယွဲ့လန်”

မူယွဲ့လန် မျက်လုံးများသာ် အေးစက်သော အလင်းရောင်နဲ့ တောက်ပနေချေသည်။

"အဲဒါ ဘယ်တော့မှ မဖြစ်နိုင်ဘူး”

သူမ လေသံက ခိုင်မာ၏ ခိုင်မာလွန်းပေ၏

ပိုင်ထျန်းဟမ်ဒေါသသည် ပြင်းထန်လာချေသည်။

"ပြီးတော့ မင်းက ဘာလို့ ဒီလောက် သေချာနေတာလဲ”

"သူမမှာ ဖီးနစ် ခန္ဓာကိုယ်ရှိတယ်" မူယွဲ့လန်သည် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

" ကျွန်မ သူမတာအို အရိုးကို ယူရင်တောင် သူမက ပြန်လည်ရှင်သန်လာလိမ့်မယ်။ သူမရဲ့ အသားနဲ့ သွေးသားတင်မကဘူး—သူမရဲ့ တာအို အခြေခံကို ရှိနေတယ်။"

အခန်းထဲတွင် အံ့အားသင့်စွာ တိတ်ဆိတ်သွား၏

ပိုင်ထျန်းဟမ်သည် နေရာမှာတင် ရပ်တန့်နေပြီး ပါးစပ်အနည်းငယ်ဟကာ တုံ့ပြန်နိုင်ခြင်း မရှိပေ။

"...ဖီးနစ် ခန္ဓာကိုယ်လား?"

မူယွဲ့လန်သည် ခေါင်းညိတ်ပြီး မျက်နှာအမူအရာက မှောင်မိုက်နေသည့်တိုင် ယိမ်းယိုင်မှုမရှိပေ။

"ဟုတ်တယ်”

"မင်း လုံးဝသေချာလား?"

"ကိုယ်တိုင် မြင်ခဲ့တာ” သူမသည် ရှေ့ကို တိုးလာရင်း ပြောလိုက်၏ "သူရဲ့ ခန္ဓာကိုယ်က လူသားတွေ မယှဉ်နိုင်တဲ့နှုန်းနဲ့ ပြန်ကောင်းလာတယ်။ သူမရဲ့ စွမ်းအင်သွေးကြောတွေ ပြန်လည် ဟန်ချက်ညီလာတယ်။ သူမရဲ့ အူတိုင်က ပြန်ပြီး ပြုပြင်ပြောင်းလဲလာတယ်။ သီအိုရီသက်သက် မဟုတ်ဘူး ။ ကျွန်မ အတည်ပြုခဲ့တာ”

ပိုင်ထျန်းဟမ်သည် လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ပြီး လက်ဆစ်တွေ ဖြူဖျော့သွား၏။

"မင်း ဒါကို ဘယ်လောက်ကတည်းက သိတာလဲ?"

"သူမ မွေးကတည်းက။"

"မွေးကတည်းကလား။”

မူယွဲ့လန် မျက်လုံးများသည် ပိုနက်ရှိုင်းသော တစ်ခုခုနဲ့ တောက်ပနေ၏ နောင်တ ဒါမှမဟုတ် အပြစ်ရှိသလိုတောင် ဖြစ်နိုင်၏ သို့တိုင် သူမ အသံက မတုန်နေပေ

"ချင်ဝူလေ့က ကျွန်မကို ပြောပြတယ်။ ရှင်းယွဲ့ ငယ်ငယ်တုန်းက ဒီလျှို့ဝှက်ချက်ကို ကျွန်မကို ပြောပြပြီး သူမရဲ့ ဒဏ်ရာတွေကို ကုသပေးတုန်းက ကိုယ်တိုင် အတည်ပြုခဲ့တယ်။ အဲဒီတုန်းက မှိန်ဖျော့နေပေမယ့် မှားစရာ မရှိဘူး။ တစ်ကြိမ်ထက်မက ပွင့်လာတာကို မြင်ဖူးတယ်။"

ပိုင်ထျန်းဟမ် မျက်နှာအမူအရာက လေးနက်သွားချေ၏

ဖီးနစ်ခန္ဓာကိုယ်

နှစ်ပေါင်းတစ်သောင်းအတွင်းမှာပင် ရှားပါးသော ပြန်လည် ကုသနိုင်စွမ်းနဲ့ ပြိုင်ဘက်ကင်း ဒဏ္ဍာရီလာဖွဲ့စည်းပုံတစ်ခု။

ထိုသွေးတစ်စက်ရဖို့ လူအများစုက သတ်ဖြတ်ကြလိမ့်မည်သာ

ရှင်းယွဲ့ ဘာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သည်ကို သူသဘောပေါက်ချေပြီ။

အခု သူမ ဘာကြောင့် ပိုအားကောင်းလာရသည်ကိုပါ သိချေပြီ။

ဒါပေမဲ့

"မင်းက သူမရဲ့အသက်ကို အလောင်းအစားလုပ်ခဲ့တာ" သူက အေးစက်စက်နဲ့ ပြောလိုက်လေ၏

" ကျွန်မ အန္တရာယ်ကို တွက်ချက်ပြီးပြီ။"

"မင်းက နတ်ဘုရားလို ဟန်ဆောင်ခဲ့တာ၊ ယွဲ့လန်”

"မဟုတ်ဘူး" သူမသည် မျက်မှောင်ကျုံ့ရင်း ပြန်ပြောလိုက်သည် " ကျွန််မ စတေးခဲ့တာ။ ကျွန်မတို့သားအတွက်”

တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာပြန်သည်။

သူတို့ကြားက လေထုသည် တင်းမာမှုတွေနဲ့ ကွဲအက်သွားချေသည်။

ကျိုးနေသော တံခါး အပိုင်းအစများသည် ကြမ်းပြင်တွင် ပြန့်ကျဲနေဆဲဖြစ်ပြီး ကွဲအက်သွားသော တိတ်ဆိတ်မှုသည် ဇနီးမောင်နှံနှစ်ယောက်ကြား၌ ဓားတစ်ချောင်းလို ချိတ်ဆွဲထားလေ၏

"မင်း စတေးခဲ့တာလား?"

ပိုင်ထျန်းဟမ်အသံသည် အန္တရာယ်ရှိလောက်အောင် အေးစက်စက်နဲ့ တိုးတိုးလေးဖြစ်နေ၏

"အဲဒါ စတေးခဲ့တာ မဟုတ်ဘူး ယွဲ့လန်။ အဲဒါ ခိုးမှုပဲ။ အဲဒါ ရက်စက်မှုပဲ။ အဲဒါ—"

"ကျွန်မ အန္တရာယ်ကို တွက်ပြီးပြီ”

"တွက်ပြီးပြီလား”

သူသည် သူ့လက်ဖဝါးကို စားပွဲပေါ် ချလိုက်ပြီး အခန်းတစ်ခုလုံး တုန်ခါသွားသည်။

"တခြားသူတစ်ယောက်ရဲ့ ဝေဒနာကို မင်း တွက်ချက်လို့မရဘူး.. သူမ အသက်ရှင်ကျန်ရစ်ရင်တောင် သူမ မသေနိုင်တဲ့ ဖီးနစ်

ငှက်အဖြစ် ပြန်လည်မွေးဖွားလာရင်တောင် ငါတို့သားရဲ့ ကျင့်ကြံမှု အရည်အချင်းကို မြှင့်တင်ဖို့အတွက် သူမရဲ့ တာအိုအရိုးကို ချွတ်ယူခွင့် မရှိဘူး”

မူယွဲ့လန် မျက်နှာအမူအရာသည် တင်းမာသွားချေသည်။

"ငါ အဲဒါအတွက် လုပ်ခဲ့တယ်လို့ ထင်နေတာလား? သူ့ရဲ့ ကျင့်ကြံမှု အရည်အချင်းကို မြှင့်တင်ဖို့တဲ့လား”

သူမ ဝိညာဉ်ရေးရာ ဖိအားသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏ နံရံတွေ တုန်ခါပြီး စာအုပ်များသည် စင်ပေါ်ကနေ ပြုတ်ကျလာသည်။

"အရူးကောင်! သူ့ကို ပိုအားကောင်းအောင် ဘာလို့ ဒီလိုလုပ်ရမှာလဲ”

သူမသည် သူ့ကို လက်ညှိုးထိုးပြီး မျက်လုံးများက ဒေါသနဲ့ တောက်လောင်နေ၏

"ကျီဟန်မှာ ကျင့်ကြံမှုမရှိရင်တောင်၊ မွေးရာပါ မသန်စွမ်းသူတစ်ယောက်ဖြစ်ရင်တောင်—သူ့ကို တကယ် ဒုက္ခပေးလိမ့်မယ်လို့ တကယ်ထင်လား။ ရှင်နဲ့ ကျွန်မက သူ့မိဘတွေအဖြစ်ရှိပြီး ပိုင်မျိုးနွယ်စုက သူ့နောက်မှာရှိရင်

ဒီလောကမှာ သူ ဘာမှလိုအပ်မှာမဟုတ်ဘူး”

ပိုင်ထျန်းဟမ် တွန့်ဆုတ်သွားသည်။

သူ့ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားမှ ထွက်မလာပေ

သူယုံချင်သည်။

သူမပြောပုံသည် တွန့်ဆုတ်မှုမရှိ၊ လှည့်စားမှုမရှိပေ ။ သူမဒေါသသည် လှည့်စားသူမဟုတ်ဘဲ မိခင်တစ်ယောက် ဒေါသပင်။

"...ဒါဆို ဘာလို့လဲ?"

တိတ်ဆိတ်သွားပြီး သူမေးလိုက်၏။

"ရှင်းယွဲ့ရဲ့ တာအိုအရိုးကို ဘာလို့ယူတာလဲ။ ပိုင်ကျီဟန်ထဲ ဘာလို့ထည့်တာလဲ?"

မူယွဲ့လန်နှုတ်ခမ်းတွေ တုန်သွား၏

သူမလက်သီးများသည် ဖြည်းဖြည်းချင်း ဖြေလျော့သွားချေသည် ။ သူမ အရောင်အဝါ ပျော့ပျောင်းသွားသည်။

ခဏတာတော့ သူမ ဘာမှမပြောပေ

ထို့နောက်

သူမသည် သက်ပြင်းရှည်ကြီးချလိုက်၏

"...ဘာလို့လဲဆိုတော့ အဲ့တာက သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်လို့ပဲ။"

ပိုင်ထျန်းဟမ် ဒယိမ်းဒယိုင်ဖြစ်သွားသည်။

သူ့မျက်လုံးတွေ ပြူးကျယ်သွားပေ၏။

"ဘာ...?"

မူယွဲ့လန်သည် သူ့ကို မော့ကြည့်လိုက်ပေ၏ မောပန်းနေတာကြောင့်ပင် ၊ ဒေါသထွက်နေတာ မဟုတ်ပေ။

"သူ့ကို ပိုသန်မာအောင် လုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်မသာ မလုပ်ခဲ့ရင် ကျီဟန် သေသွားလောက်ပြီ။"

သူမရဲ့အသံ တုန်ခါသွား၏ ၎င်းသည်လည်း တည်ငြိမ်မှုပြန်ရခင် တစ်ခါတည်းသာ

"သူ အရမ်းကြိုးစားလေ့ကျင့်ခဲ့တယ်... အရမ်းပေါ့ဆလွန်းတယ်။ သူက ငယ်ရွယ်သေးတယ်၊ အဲ့တော့ သူ့ရဲ့အခြေခံက မတည်ငြိမ်သေးဘူး။ တစ်နေ့မှာ သူ ချီသွေဖည်သွားတယ်။"

သူမသည် ထိုအဖြစ်အပျက်ကို ပြန်သတိရရင်း တိုးတိုးလေးပြောလိုက်၏

"သူ့ရဲ့ စွမ်းအင် သွေးကြောတွေ ကွဲသွားတယ်။ သူ့ရဲ့ ကျင့်ကြံမှုအူတိုင် ပြိုကွဲသွားတယ်။ သူ ဝေဒနာခံစားနေရတယ် - အသက်ရှူဖို့တောင် ခက်ခဲနေတယ်၊ ​​သူ့ဝိညာဉ်က ပြိုကွဲတော့မယ့်အစွန်းမှာ ရှိနေတယ်။"

" ကျွန်မ လူတိုင်းကို ခေါ်လိုက်တယ်။ အကောင်းဆုံး အဂ္ဂိရတ်ပညာရှင်တွေ။ အင်ပါယာမြို့တော်က ထိပ်တန်းဆေးပညာရှင်တွေ။ သူ့ကို ဆေးလုံးတိုင်း၊ ဆေးရည်တိုင်း ပေးခဲ့တယ်... ဒါပေမယ့် ဘာမှ အလုပ်မဖြစ်ဘူး။"

သူမမျက်လုံးတွေ မှေးမှိန်သွားချေ၏

"နောက်ကျသွားတယ်။ သူ့အခြေအနေက နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ဆေးလုံး ဒါမှမဟုတ် ကုသမှုတွေက သူ့ကို ပြန်ကောင်းအောင် မလုပ်နိုင်ဘူး။ သူ... ပျောက်ကွယ်သွားတော့မှာ”

သူမအသံသည် တိုးတိုးလေး ဖြစ်သွားခဲ့၏

"ပြီးတော့... ဆေးဆရာတစ်ယောက်က တစ်ခုခုပြောတယ်။ စိတ်ပျက်စရာတစ်ခုခုပါပဲ.. ပုံမှန်အားဖြင့် သူတို့ အကြံပြုရဲတဲ့ အရာတစ်ခုခု။"

သူမသည် ပိုင်ထျန်းဟမ်ကို တိုက်ရိုက်ကြည့်လိုက်သည်။

"သူ့မှာ တာအိုအရိုးရှိရင်ကောင်းမှာပဲလို့ ဆေးဆရာက ပြောတယ် ။ အဲဒါက ပြိုလဲမှုကို တည်ငြိမ်စေနိုင်တယ် ။ ကုသဖို့ အချိန်ရနိုင်တယ်၊ ဆုံးရှုံးသွားတာကိုတောင် ပြန်တည်ဆောက်နိုင်တယ်"

သူမ နက်ရှိုင်းစွာ အသက် ရှူသွင်းလိုက်၏

"ဒါကြောင့် ကျွန်မလုပ်ခဲ့တာ။"

ပိုင်ထျန်းဟမ်သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်လေသည်။

သူ ဒါကို တစ်ခါမှ မကြားဖူးပေ

ကျီဟန် သေတော့မည်ဟု မည်သူမှ မပြောဖူးပေ

"ဒါကြောင့် မင်း ရှင်းယွဲ့ကို ရွေးချယ်ခဲ့တာ..."

"သူမက တစ်ဦးတည်းသောသူပဲ.. ဖီးနစ်ခန္ဓာကိုယ်နဲ့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တာအိုအရိုးနဲ့ မွေးဖွားလာတဲ့ ကလေး။ သူ့ကံကြမ္မာပဲ”

"ဒါပေမယ့် မင်းယူရမဲ့အရာ မဟုတ်ဘူး-"

" ကျွန်မ သိတယ်”

သူမ အော်လိုက်ပြီး နောက်ဆုံးတော့ သူမ အသံ အက်ကွဲသွားချေသည်။

" ကျွန်မ ဘာလုပ်ခဲ့လဲဆိုတာ သိတယ်။ ကျွန်မ နေ့တိုင်း စဉ်းစားတယ်”

သူမ ခြေထောက်များသည် အနည်းငယ်တုန်နေသည့်တိုင် သူမ လဲကျမသွားပေ"ခွင့်မလွှတ်နိုင်စရာ တစ်ခုခု လုပ်ခဲ့တယ်။ ဒါပေမယ့် ထပ်လုပ်ဦးမှာပဲ။ အကြိမ်တစ်ထောင်လောက်ပေါ့။ ကျွန်မသားရဲ့ အသက်ကို ကယ်တင်လို့ရမယ်ဆိုရင်လေ။ ပြီးတော့ သူမက သူ့ဇနီးဖြစ်တော့မှာမလို့ ဒါက သူမရဲ့ တာဝန်လည်း ဖြစ်တယ်။"

ပိုင်ထျန်းဟမ်သည် သူမကို စိုက်ကြည့်နေ၏

အခု ဒေါသနဲ့ မဟုတ်ပေ

ပိုနက်ရှိုင်းသော တစ်ခုခုနဲ့။

ပဋိပက္ခ... စုတ်ပြတ်မှု…ဗလာ

သူတို့ကြား၌ တိတ်ဆိတ်မှုသည် ထပ်ပြီး ဖုံးလွှမ်းနေပြန်သည်။ ဒီတစ်ခါတော့ ဒေါသနဲ့ မဟုတ်ဘဲ ဝမ်းနည်းပူဆွေးမှုတွေနဲ့ လေးလံနေကြတာပင်

ဘယ်တော့မှ မပြောင်းလဲနိုင်သော ရွေးချယ်မှုတွေအတွက်။

ပြီးတော့ ဘယ်တော့မှ ကျယ်လောင်စွာ မပြောရဲလောက်အောင် နာကျင်စရာကောင်းသည့် အမှန်တရားတစ်ခု။

All Chapters