ယောက္ခမကို တွေ့ဆုံခြင်း
Vol. 14 Ch. 205
ပိုင်အိမ်တော် လျှောက်လမ်းတစ်လျှောက် သွားနေစဉ် မူယွဲ့လန်သည် သူမ၏ သားကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
ရှည်လျလာပြီး တည်ငြိမ်ကာ သူ့အရောင်အဝါအပေါ် မည်မျှ ယုံကြည်မှုရှိလာ ကြောင်းကို သူမလေ့လာလို့ မပြီးပေ
သူမ မထင်ခဲ့သော အပြောင်းအလဲကို တစ်နှစ်အတွင်း တည်ဆောက်သွားချေပြီ။
ကောင်းကင်ဓားဂိုဏ်း၌ ဘယ်လိုနေသည် ဘယ်လိုအတွေ့အကြုံများရှိသည်ကို သူမ မေးနေ၏
သို့သော် သူ့အတွက် တုံပြန်ချက်အနည်းငယ်ရှိသည်။
တိတ်ဆိတ်မှု တစ်ချိန်အတိုင်းအတာလောက် ကျော်သွားပြီးနောက် မူယွဲ့လန်သည် သူ့အသံကို ပိုမိုနှိမ့်ချကာ ထပ်မေးလိုက်သည်။
“ကျီဟန်အာ…”
သူသည် မိခင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“တကယ်အဆင်ပြေလား? အဲ့ဒါ တကယ်ပြေလား?”
သူမ စိုးရိမ်သည်မှာ ပိုင်ကျီဟန်သည် တာအိုအရိုးကို ထုတ်ပြီး ပိုင်ရှင်းယွဲ့ထံ ပြန်ပေးခဲ့ခြင်းကြောင့်ပင်။
ပထမဆုံး ဖက်လိုက်သည့်အခါ မူယွဲ့လန်အနေနဲ့ မည်သည့် အရိပ်အယောင်မှ မတွေ့ရတောင် မိခင်နှလုံးသားသည် လုံးဝမအေးချမ်းပေ
သူမ ရပ်လိုက်သည့်အခါ သူလည်း အလိုလို ရပ်လိုက်ရသည်။
သူမ လက်သည် သူ၏လက်ကို တင်းကျပ်စွာထိထားပြီး စိုးရိမ်မှုက
မျက်လုံးထဲတွင် တောက်ပနေသည်။
“မင်း… အားနည်းတာကို ဖုံးဖျောက်ပြီး ပြောပြနေတာ မဟုတ်ဘူးမလား?မင်းသွေးကြော၊ မင်းခန္ဓာကိုယ်က နာကျင်မှုမရီိဖူးလား..အတွင်းပိုင်းကရော ပြဿနာ မရှိဘူးလား”
ကျီဟန်သည် တုံ့ပြန်ခြင်း မပြုသေးပေ
သူ့အမေမေးမြန်းရသည့် အကြောင်းရင်းကို
သူနားလည်ထားပြီးသားပင်
“ဘာပြသနာမှ မရှိပါဘူး။ အခုချိန်မှာတောင် ပြန်ပြင်ပြီးသား ဖြစ်နေပါ့ပြီ”
ကျီဟန်၏ အသံမှာ ယုံကြည်မှုအပြည့်နဲ့ပင်
မူယွဲ့လန်သည် သက်ပြင်းချလိုက်သည်။
“ကောင်းတယ် အဲ့ဒါက… တကယ်ကောင်းပါတယ်”
သူမသည် ဘေးဘက်သို့ လှည့်ကာ ရွှန်းလဲ့နေသော အကြည့်ကို ဖုံးကွယ်လိုက်သည်။
သူတို့ နောက်ထပ် စက္ကန့်အနည်းငယ် လျှောက်သွားပြီးနောက် ရေခဲကဲ့သို့ ပုံစံများဖြင့် လှပစွာ အလှဆင်ထားသော သစ်သားတံခါးရှေ့သို့ ရောက်ရှိသွားသည်။
ကျီဟန်သည် လက်တင်ပြီး တံခါးကို နှစ်ချက် ခေါက်လိုက်သည်
“ဘယ်သူလဲ”
ပိုင်ရွှယ်ချင်း၏ အေးမြပြီး တင်းမာသော အသံ ထွက်လာသည်။
“ငါပါ”
ကျီဟန်သည် မာနကြီးစွာပြန်ဖြေလိုက်သည်။
“….”
တိတ်ဆိတ်သံ တစ်ခဏလေးကြာပြီးနောက်
“ဝင်လာခဲ့”
မူယွဲ့လန်သည် သူမ၏ဝတ်ရုံများကို ချောမွေ့စွာပွတ်သပ်ပြီး ပုံမှန်ကျက်သရေရှိသော အပြုံးကို ပြန်လည်ထိန်းသိမ်းကာ စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်၏
တံခါးဖွင့်လိုက်သည်နှင့် ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါးဖြင့် အိမ်ထဲသို့ ခြေလှမ်းလိုက်ကာ လက်များကို ကျောနောက်တွင်ထားရင်း နေရာပိုင်ရှင်ကဲ့သို့ လျှောက်လှမ်းလိုက်သည်။
မူယွဲလန်သည် နီးကပ်စွာ လိုက်လာပြီး မြင့်မြတ်သော မိခင်တစ်ဦး၏ ကျက်သရေသည် ခြေလှမ်းတိုင်းနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
ပိုင်ရွှယ်ချင်းသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လက်ဖက်ရည်တစ်ခွက် ငှဲ့နေလေ၏ သူမသည် မျက်ခုံးများပင့်ကာ မော့ကြည့်လိုက်သည်။
"နင်က ဘာလဲ-"
သူမ၏မျက်လုံးများသည် သူ့နောက်ကွယ်ရှိ အမျိုးသမီးထံ ရောက်ရှိသွားသည်နှင့် သူမ၏စကားများ ရပ်တန့်သွားသည်။
"...အမေလား?"
သူမသည် မယုံနိုင်စွာဖြင့် မျက်လုံးများပြူးကျယ်ပြီး ရုတ်တရက်ထရပ်လိုက်ရာ သူမ၏လက်ဖက်ရည်ခွက်သည် ဗန်းနဲ့တိုက်ပြီး တကျွီကျွီ မြည်နေ၏။
ခဏအတွင်း သူမသည် အခန်းကိုဖြတ်လျှောက်လာပြီး မူယွဲ့လန်၏ရင်ခွင်ထဲသို့ ဝင်ထိုင်လိုက်ကာ သူမ၏တည်ငြိမ်မှုသည် ကြွပ်ဆတ်သောရေခဲကဲ့သို့ ကွဲအက်သွားသည်။
"ဘာလို့ဒီမှာရှိနေတာလဲ? ဘယ်သူမှ သမီးကို ဘာမှမပြောဘူး”
သူမ၏အသံသည် သူမ၏မိခင်ကို တင်းကြပ်စွာဖက်ထားရင်း ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောနှောနေသည်။
မူယွဲ့လန်၏အပြုံးသည် နူးညံ့သွားချေသည်။ သူမသည် ရွှယ်ချင်း၏ကျောကို ညင်သာစွာပွတ်သပ်လိုက်သည်။
"မိုက်မဲတဲ့ကောင်မလေး၊ ငါ့သမီးကိုလာတွေ့ခင် စာပို့ရမှာလား"
"ဒါပေမယ့် အမေက မူမျိုးနွယ်စုအိမ်ယာကနေ ဘယ်တော့မှ ထွက်မသွားဘူးလေ”
ရွှယ်ချင်းသည် သူမပခုံးကိုတိုးရင်း တိုးတိုးလေးပြောလိုက်၏
"အမေ့ကို ဒီလိုမြင်ရလိမ့်မယ်လို့ မထင်ထားဘူး..."
"အရမ်းကြာနေပြီ" မူယွဲ့လန်သည် သမီးကို ခဏလောက်ဖက်ထားရင်း ညင်သာစွာပြန်ဆွဲထုတ်လိုက်၏
"သမီးကို ကြည့်ပါရစေအုံး ။ ပိုလှလာပြီး ပိန်လာပြီ။ ကောင်းကောင်းစားရဲ့လား"
ရွှယ်ချင်း ပြန်မဖြေနိုင်ခင်မှာပဲ အခန်း၏ တစ်ဖက်ကနေ အသံတိုးတိုးလေး တစ်ခု ထွက်ပေါ်လာသည်။
သူမ ကိုယ်ဟန်သည် မတ်မတ်ရပ်နေပေမဲ့ တောင့်တင်းနေပြီး လက်တွေက သူမအင်္ကျီလက်အောက်ပိုင်းကို ဆုပ်ကိုင်ထား၏
မူယွဲ့လန် အကြည့်သည် သူမဆီ ရောက်သွားသည်နဲ့ သူမ လေးလေးနက်နက် ဦးညွှတ်လိုက်ပေသည်။
"မင်္ဂလာပါ သခင်မမူ..ကျွန်မက ချူမျိုးနွယ်စုက ချူကျီယန်ပါ။ ကျွန်မက ပိုင်ရွှယ်ချင်း သူငယ်ချင်းပါ၊ ပြီးတော့ ပိုင်ကျီဟန်ရဲ့ စေ့စပ်ထားသူပါ။"
သူမအသံက နူးညံ့ပေမဲ့ စိတ်လှုပ်ရှားနေ၏
သူမသည် မူယွဲ့လန်၏ မျက်လုံးများကို ကြာကြာမကြည့်ရဲဘဲ မတ်တပ်ရပ်လိုက်သည့်အခါ သူမလက်များက အနည်းငယ် တုန်ရီနေ၏
သူမသည် မူယွဲ့လန်ကို ထိုသို့တွေ့ဆုံရမည်ဟု မမျှော်လင့်ထားဘဲ ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေကြောင့် စိတ်လှုပ်ရှားနေခဲ့သည်။
မူယွဲ့လန်သည် နူးညံ့သော မျက်ခုံးတစ်ဖက်ကို မြှောက်ပြီး သူမရှေ့က မိန်းကလေးကို ကြည့်နေ၏
(ဒါဆို ဒီမိန်းကလေးက သူလား။)
သူမ မျှော်လင့်ထားတာထက် ပိုအသက်ကြီးပြီး ပိုတည်ငြိမ်ပေ၏
သို့တိုင် သူမ အမူအရာတွင် မပြောပလောက်သော ကျက်သရေတစ်ခု ရှိနေသည်။
သူမအလှတရားသည် မြင့်မားလွန်း၏ သူ့သားဇနီးအဖြစ် လက်ခံနိုင်လောက်အောင် မြင့်မားပေသည်။
မူယွဲ့လန်သည် သူမကို အချိန်အကြာကြီး လေ့လာခဲ့သည်။
ကျီယန်အဖို့ ထိုတိတ်ဆိတ်မှု၏ အလေးချိန်သည် သူမလည်ပင်းပေါ်မှ ဓားတစ်ချောင်းလို ခံစားလိုက်ရပြန်သည်။
နောက်ဆုံးတော့
"ငါ နားလည်ပြီ" မူယွဲ့လန်သည် နှုတ်ခမ်းများကို ကွေးညွှတ်ပြီး အပြုံးလေးတစ်ခုနဲ့ ဖြည်းဖြည်းချင်း ပြောလိုက်ပြန်၏
"ဒါဆို မင်းပေါ့”
ကျီယန်သည် ပိုတောင် ဖြောင့်မတ်သွားပြီး ပျဉ်ပြားလို တောင့်တင်းသွား၏
"လာ" မူယွဲ့လန်သည် ပေါ့ပေါ့ပါးပါး လက်ဟန်ပြလိုက်၏ "ငါ မင်းကို သေချာကြည့်ပါရစေအုံး”
ကျီယန်သည် တွန့်ဆုတ်သွားပြီး ပိုင်ကျီဟန်ကို အကူအညီတောင်းသလို ကြည့်လိုက်၏
သူက ပြုံးပြီး လက်ပိုက်လိုက်နေပေသည်။
"သွားလေ သူမက မကိုက်စားပါဘူး။"
(ဖြစ်နိုင်တယ်)
ကျီယန်သည် နာခံမှုရှိရှိဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မူယွဲ့လန်ရှေ့တွင် ရပ်တန့်လိုက်သည်။
အမျိုးသမီး၏ အကြည့်သည် သူမအပေါ်တွင် လှည့်ပတ်နေသည် ။ ကိုယ်ဟန်အနေအထား၊ ဝိညာဉ်ချီ၊ မျက်လုံးများ၊ သူမ မည်သို့ပြုမူနေထိုင်သည်ကိုပင် အကဲဖြတ်နေသည်။
ထို့နောက် သူမသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"မင်းမှာ ကောင်းမွန်တဲ့ အပြုအမူရှိတယ်" သူမက ပြောလေသည်။ "ပြီးတော့ မင်းက အခြေခံတွေကို သေချာ လေ့ကျင့်ထားတယ်ဆိုတာ ငါပြောနိုင်တယ်။ အဲဒါက ကောင်းတဲ့ အစပဲ"
ကျီယန်သည် အသက်ရှူထုတ်လိုက်သည်။
ထို့နောက် သူမသည် ရွှယ်ချင်းဘက်သို့ ပြန်လှည့်ကာ သမီးဖြစ်သူ၏ လက်ကို ပြန်ကိုင်လိုက်သည်။
"နောက်ရက်အနည်းငယ်အထိ ငါရှိနေမယ်။ ကျီဟန်ရဲ့ မွေးနေ့က နီးလာပြီ"
မူယွဲ့လန်သည် လက်ဖက်ရည်စားပွဲဘေးတွင် ထိုင်လိုက်ပြီး ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့အား သူမနှင့်အတူ လာထိုင်ရန် ယဉ်ကျေးစွာ လက်ဟန်ပြလိုက်သည်။
ရွှယ်ချင်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူမဘေးတွင် ထိုင်လိုက်ပြီး သူမ၏ မျက်လုံးများရှိ နွေးထွေးမှုသည် ရင်ခွင်ထဲတွင် ကျန်ရစ်နေဆဲဖြစ်သည်။
သို့သော် ကျီယန်ကတော့ တွန့်ဆုတ်နေပြန်သည်။
သူမသည် မူယွဲ့လန်၏ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်သို့ ဂရုတစိုက် ထိုင်လိုက်ပြီး ဓားတစ်ချောင်းကဲ့သို့ ကျောဖြောင့်မတ်နေကာ လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် ယဉ်ကျေးစွာ ဆုပ်ကိုင်ထားသည်။
မူယွဲ့လန်သည် သူတို့အားလုံးအတွက် လက်ဖက်ရည် ငှဲ့ပေးနေပြီး သူမ၏ လှုပ်ရှားမှုတိုင်းသည် ကြော့ရှင်းပြီး ချောမွေ့နေ၏
"ချူမိန်းကလေး ဒီလောက် တင်းမာနေဖို့ မလိုပါဘူး" သူမက ညင်သာစွာ ပြောပြီး ကျီယန်အား အပြုံးချိုချိုဖြင့် ခွက်တစ်ခွက် ကမ်းပေးသည်။ "ဘာပဲဖြစ်ဖြစ်၊ မင်းက ငါ့ရဲ့ ချွေးမပဲ။ ကျေးဇူးပြုပြီး သက်တောင့်သက်သာ နေပါ။"
ကျီယန်သည် ခေါင်းကို အမြန်ညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်မမူ..."
မူယွဲ့လန်သည် လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် ဆက်ပြောသည်။
"ငါ့သမီးဆီက မင်းအကြောင်း နည်းနည်းကြားထားတယ်" ဟု မူယွဲ့လန်သည် ချူကျီယန်ကို ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် မင်း ကျီဟန်နဲ့ စေ့စပ်ထားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။"
သူမသည် တိုးတိုးလေး ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျီဟန်က နည်းနည်း ပျော့ညံ့တယ်၊ ဒါပေမယ့် သူက အတွင်းစိတ် ကောင်းတဲ့ ကလေးတစ်ယောက်ပါ”
ချူကျီယန်အဖို့ မူယွဲ့လန် ထိုစကားများကို ပြောခြင်းသည် တကယ်ပြောသည်လား၊ မပြောသည်လားကို သူမ နားမလည်ခဲ့ပေ
သို့တိုင် မိခင်တွေအတွက်တော့ သူတို့ကလေးတွေ ဘာပဲလုပ်လုပ် အမြဲတမ်းကောင်းနေမှာပင်
သူမသည် နွေးထွေးစွာပြောပြပြီး ချစ်ခင်မှုနဲ့ စိတ်တိုမှု နှစ်မျိုးလုံး အမှတ်တရတွေကို တစ်ပြိုင်နက် ပြန်အမှတ်ရနေသလိုပင်
သူမသည် သားဖြစ်သူကို ချီးကျူးနေစဉ်တွင် ပိုင်ကျီဟန်မျက်နှာအမူအရာသည် တဖြည်းဖြည်း ပျင်းရိငြီးငွေ့သော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
"ကောင်းပြီ၊ ကောင်းပြီ ။ ကျွန်တော်သွားတော့မယ်" သူက ပျင်းရိစွာ ဖြတ်ပြောလိုက်သည် "ဒီမှာထိုင်ပြီး ကျွန်တော်ဘဝဇာတ်လမ်းကို နားထောင်စရာမလိုလောက်ပါဘူး။"
တုံ့ပြန်မှုကို မစောင့်ဘဲ သူလှည့်ပြီး အခန်းထဲက ထွက်သွားလိုက်ချေသည်။
"ကျွန်တော် မရှိတုန်း ကျွန်တော်ကို အရမ်းရှက်အောင် မလုပ်ပါနဲ့”
မူယွဲ့လန်သည် ပျော်ရွှင်သောအပြုံးနဲ့ ခေါင်းခါပြီး ကျီယန်ဆီ ပြန်လှည့်ကြည့်လိုက်သည်။
"အခု ငါတို့ပြောတာ ဘယ်ရောက်နေကြပြီလဲ"