← Chapters

ငိုယိုသော ကလေး မဟုတ်တော့ပေ

Vol. 14 Ch. 206

ငိုယိုသော ကလေး မဟုတ်တော့ပေ

Vol. 14 Ch. 206

ကျင့်ကြံရေးခန်းထဲတွင် နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးသည့်နောက် ပိုင်ကျီဟန်သည် ညည်းသံတိုးတိုးနဲ့ ထရပ်လိုက်ပြီး သူ့အင်္ကျီလက်ပေါ်က ဖုန်တွေကို ခါလိုက်၏

သူ့ဘေးနားက ဓားသည် မြေကြီးပေါ် ထိုးစိုက်သွားပြီး အနည်းငယ်တုန်ခါနေပေ၏ - ဓားရဲ့အနားသတ်သည် ငြင်းပယ်မှုနဲ့ မှိန်ဖျော့ဖျော့တောက်ပနေဆဲသာ

"... အခုထိ အဆင်မပြေသေးဘူး။"

သူ မျက်မှောင်ကြုတ်လိုက်ပြီး ကံကြမ္မာဖြတ်တောက်ခြင်းဓား ထပ်မံလုပ်ဆောင်ရာတွင် မအောင်မြင်ခဲ့သည့် လေထဲ၌ ကျန်ရှိနေသော အမှတ်အသားကို ကြည့်လိုက်၏

သူ ဒါကို ခံစား၏ ။ သူ့နားလည်မှုအစွန်းအဖျားမှာရှိနေသည်။ သူ လက်လှမ်းတိုင်း ပျောက်ကွယ်သွားချေသည်။ နေရောင်ခြည် အောက်တွင် ပျောက်ကွယ်သွားသော မြူခိုးတွေလိုပင်

သူဆက်လက် လေ့ကျင့်ချင်သည့်တိုင် ကြိုးစားမှု မအောင်မြင်ဘဲ သူ့ချီအလွန်အကျွံသုံးစွဲမှုကြောင့် ချီကုန်ဆုံးသွားခဲ့သည်။

"ထွီ”

ဓားကို ဆွဲယူပြီး လှုပ်ရှားမှုတစ်ခုနဲ့ ဓားအိမ်ထဲ ထည့်လိုက်ပေသည်၊

သူ့စိတ်ခံစားချက်သည် ခါးသီးနေ၏ ​​သူ့အတွေးတွေ ရှုပ်ထွေးနေချေပြီ

ပေါ့ပေါ့ပါးပါး ခြေလှမ်းတစ်ခုနဲ့ အနီးနားက လျှောက်လမ်းပေါ်ကို ခုန်တက်ပြီး သူ့ညီမ၏အိပ်ခန်းဆီသို့ တစ်ဖန် ပြန်ဦးတည်သွားချေသည်။

သူချဉ်းကပ်လာသည့်အခါ ချိုမြိန်သော ရယ်သံများက ခမ်းနားသည့်တံခါး နောက်ကနေ ပျံ့လွင့်လာပေသည်။

သူ့ခြေလှမ်းတွေ နှေးကွေးသွား၏။

အဲဒါ သူ့အမေရယ်သံပင်

(သူတို့ဘာတွေပြောနေကြတာလဲ?)

စိတ်ဝင်စားနေသော ပိုင်ကျီဟန်သည် တံခါးကို တိုးတိုးလေးတွန်းဖွင့်လိုက်၏။

အထဲမှာတော့ မြင်ကွင်းကြောင့် သူ ရပ်တန့်သွားသည်။

မူယွဲ့လန်သည် လက်ဖက်ရည်စားပွဲတွင် သက်တောင့်သက်သာ ထိုင်နေပြီး သူမ၏ ကိုယ်ဟန်သည် ကြော့ရှင်းနေသည့်တိုင် စိတ်အေးလက်အေးနဲ့ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခုရှိနေသည်။

သူမဘေးတွင် ချူကျီယန်သည် ပြုံးပြီး သူ့အမေနဲ့ စကားပြောနေ၏

သူတို့သည် အတော်လေး သက်တောင့် သက်သာရှိပုံရ၏ အရမ်းရင်းနှီးနေကြသည်။ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက် သိကြသလိုပင်

သူ မျက်တောင်ခတ်လိုက်ပေသည်။

"... ဒီမှာ ဘာဖြစ်ပျက်ခဲ့တာလဲ?"

အမျိုးသမီးနှစ်ယောက်စလုံးသည် သူ့ကို လှည့်ကြည့် လိုက်ကြသည်။

"ကျီဟန်အာ၊ မင်းပြန်လာပြီ”

မူယွဲ့လန်သည် သူမယပ်တောင်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး နွေးထွေးစွာနှုတ်ဆက်လိုက်သည်။

"လာလေ..ငါ့ချွေးမနဲ့ ငါ စကားပြောနေကြတာ။"

(ချွေးမလား?)

ပိုင်ကျီဟန်သည် ထူးဆန်းစွာ ခံစားနေရသည် ။ အစောပိုင်းက သူ့အမေသည် ချူကျီယန်နှင့် စေ့စပ်ထားခြင်းကြောင့် ဒေါသထွက်နေခဲ့ပြီး ယခု သူမသည် ထိုကဲ့သို့ ပေါ့ပေါ့တန်တန် ခေါ်နေသည်။

သူ အထဲသို့ ဝင်သွားပြီး အနည်းငယ် သံသယဝင်သွားသည်။

သူ့အကြည့်သည် အမျိုးသမီးနှစ်ယောက်ကြားသို့ လှည့်သွားသည်။

"အမေတို့... နှစ်ယောက်က ရင်းနှီးနေပုံရတယ်။"

ချူကျီယန်သည် ဆံပင်တစ်ချောင်းကို နားရွက်နောက်တွင် သပ်လိုက်ပြီး အသံက ပေါ့ပါးသွားသည်။

"အမေက နင့်ငယ်ငယ်တုန်းက ဇာတ်လမ်းတွေကို ငါ့ကို ပြောပြနေတာ။"

သူ့မျက်နှာက ချက်ချင်း မှောင်မိုက်သွားသည်။

"နင်ရော နားထောင်ချင်လား၊ ငိုနေတဲ့ ကလေးလေး။"

ချူကျီယန်သည် ရယ်ရင်း ပြောလိုက်သည်။

"ဘာ”

သူ့မျက်နှာက ပိုမဲမှောင်လာသည်။ မူယွဲ့လန်ဘက် ခေါင်းလှည့်လိုက်သည်။

"အမေ”

မူယွဲ့လန်သည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။

"ဘာလဲ?" သူမက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ဟုတ်တယ် မဟုတ်ဘူးလား။"

ချူကျီယန်သည် ရယ်မောခြင်းကြောင့် ပခုံးများ တုန်ရီနေပြီး ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။

"အဲဒီတုန်းက ရန်ဖြစ်တိုင်း မငိုသလို ဟန်မဆောင်နဲ့။"

မူယွဲ့လန်က ဆက်ပြောသည်။

"ဟူး ငါ့ရဲ့ ကလေးကို ငါ ဘယ်လောက်လွမ်းလိုက်ရလဲ။"

ပိုင်ကျီဟန်သည် လက်သီးကို ဆုပ်ထားပြီး နားရွက်များ နီရဲနေသည်။

သူ မမှတ်မိချင်သည့်အချိန်သည် သူ ရိုးသားပြီး တခြားသူတွေ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည့် အချိန်ပင်

လူအများက သူ့ကို မနာလိုဖြစ်ခဲ့ကြသည်။

မျိုးနွယ်စုခေါင်းဆောင်၏ သားအဖြစ် သူ့ရာထူးကို မနာလိုဖြစ်ခဲ့ပေမဲ့ တစ်ချိန်တည်းမှာပင် သူ့၏ညံ့ဖျင်းသော အရည်အချင်းကြောင့် သူ့ကို အထင်သေးခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် သူ့ကို ဖယ်ကျဉ်ပြီး ရက်စက်သည့်စကားတွေ ပြောခဲ့ကြသည်။

သူ ငိုသည့်အတွက် သူ့နာမည်ပြောင်က 'ငိုတတ်တဲ့ ကလေး'ပင်။

သူတို့ မျက်ရည်ကျခဲ့ရသည့်အချိန်ရောက်ဖို့ ၎င်းသည် နောက်ထပ် နှစ်အနည်းငယ်ပဲ ကြာခဲ့၏

သူ့ကို လှောင်ပြောင်ခဲ့သော လူတွေသည် သူ့မျက်လုံးကို မကြည့်ရဲတော့ပေ

သို့တိုင် ၎င်းက အမှန်တရားပင် ။ ရိုက်နှက်ခံရတိုင်း ငိုခဲ့ရသော အချိန်များ ရှိခဲ့ဖူးသည်။

သူ ဖျောက်ဖျက်ချင်သော မှောင်မိုက်သည့်သမိုင်း

မူယွဲ့လန်သည် သက်ပြင်းချလိုက်ပေမဲ့ မျက်လုံးထဲမှာတော့ နွေးထွေးမှုလေး ရှိနေ၏

"သူ ဒီလောက်မြန်မြန်ကြီးပြင်းလာတာကို ပျော်လည်းပျော်၊ ဝမ်းလည်း နည်းရတယ်။"

သူမအသံသည် တိုးတိုးလေးနဲ့ လွမ်းဆွတ်နေသလိုပင်

"တကယ်တော့ ကျွန်တော်မှာ ရွေးချယ်စရာမရှိဘူး" ပိုင်ကျီဟန်က တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော် မလုပ်ရင် လူတွေက ကျွန်တော်ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်ကြလိမ့်မယ်။"

ချူကျီယန်သည် သူ့ကို ကြည့်လိုက်ပြီး သူမအကြည့်များက အခု ပိုနူးညံ့လာသည်။

သူမသည် သူ့ကို သေးနုပ်သည်ြ လူတစ်ယောက် အဖြစ် အမြဲသိခဲ့သည်။ အနည်းငယ်သော မကျေနပ်ချက်တစ်ခုကိုတောင် လျစ်လျူမရှုတတ်သော သူ။ ဒါပေမယ့် အခုတော့... ဘာကြောင့်လဲဆိုတာ သူမ နားလည်နိုင်ပြီ။

ပိုင်ရှင်းယွဲ့ ပြောပြခဲ့သလိုပဲ သူ့ကို ပျင်းရိပြီး မာနကြီးသူ၊ ပြဿနာရှာတတ်သူဟု သူမ ယူဆခဲ့သည်။

သို့တိုင် သူမ သူ့ကို ပိုသိလာလေလေ၊ ပိုနားလည်လာ​လေပင်

အရည်အချင်းမရှိသည့်အပြင် ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြု မခံရသည့်အခါ မည်သူက ခါးခါးသီးသီး မကြီးပြင်းလာဘဲ နေမည်နည်း။ ဘာမှမရဘဲ ကြိုးစားအားထုတ်နေရတာ ဘာကြောင့်လဲ။

သူတို့စေ့စပ်ပွဲမတိုင်ခင်ကပင် သူမ သူ့ကို ထိုသို့မြင်ခဲ့သည်။

နောက်ပိုင်းမှာ... အရာအားလုံး ပြောင်းလဲသွားချေသည်။

တစ်နှစ်မပြည့်ခင်မှာပဲ သူ့၏ဂုဏ်သတင်းကို ပြောင်းလဲပစ်နိုင်ခဲ့ပြီး ငယ်ရွယ်သောမျိုးဆက်၏ ထိပ်တန်းပါရမီရှင် တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

တခြားသူများလို ချီကို ကောင်းကောင်း မစုပ်ယူနိုင်ကြောင်း မူယွဲ့လန်ရှင်းပြ

မပေးခဲ့ပါက သူမသည်လည်း တခြားသူတွေလိုပဲ သူ့အစွမ်းအစကို ဖုံးကွယ်ထားခဲ့သည်ဟု ယုံကြည်မိမှာပင်

ဒါပေမယ့် မဟုတ်ပေ ။ သူက တကယ်ကို အားနည်းခဲ့သည်။

အခုတော့ သူသည် ထိပ်တန်းမျိုးနွယ်စုများနဲ့ ဂိုဏ်းများကိုပင် သတိထားစေလောက်အောင် အစွမ်းထက်လာချေပြီ။

သူမသည် တစ်ချိန်က သူ့ထက် သာလွန်ခဲ့တာကတောင် မယုံနိုင်စရာပင်

သူတို့စေ့စပ်ပွဲသည် သူမမိဘများကို တိတ်ဆိတ်စေဖို့ အစီအစဉ်တစ်ခုသာ ဖြစ်ပေမဲ့ ယခုတော့ သူမမိသားစုသည် တင်းကြပ်စွာ ဖက်တွယ်ထားခဲ့သည်။

တစ်ချိန်က သူမကို မိုက်မဲပြီး ရူးသွပ်သည်ဟု ခေါ်ခဲ့သော ဆွေမျိုးများသည် အခုတော့ ပိုင်ကျီဟန်ကို ဘယ်လိုနည်းနဲ့မဆို ဖက်တွယ်ထားဖို့ တိုက်တွန်းခဲ့ကြသည်။

ခဏတာ တိတ်ဆိတ်မှုသည် သူတို့ကြား တည်ရှိနေခဲ့သည်။

ထို့နောက် မူယွဲ့လန်က အပြုံးနဲ့ လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီ။ ပြန်သတိရတာတွေ တော်ပြီ။ကျီဟန် ရေသွားချိုး။ မနက်ဖြန်က မင်းရဲ့အရေးကြီးတဲ့နေ့ပဲ။"

"...ဟုတ်ကဲ့” သူ တိုးတိုးလေးပြောပြီး မတ်တပ်ရပ်လိုက်သည်။

"ပွဲတော်”

ပိုင်ကျီဟန်၏ မွေးနေ့

ပိုင်မျိုးနွယ်စု အိမ်တော်သည် ပွဲတော်နဲ့ လင်းလက်တောက်ပနေသည်။

တောက်ပသော မီးအိမ်များသည် လေထဲတွင် လွင့်မျောနေပြီး အဓိက ခြံဝင်းကြီးပေါ် ရွှေရောင်များ တောက်ပနေသည်

သန့်စင်သော ဗျတ်စောင်းသံစဉ်များသည် ညင်သာစွာ ပဲ့တင်ထပ်နေပြီး ရနံ့မွှေးကြိုင်သော အမွှေးတိုင်များသည် ကောင်းကင်သို့ လွင့်မျောနေသည်။ အစေခံများစွာသည် သိမ်မွေ့စွာဖြင့် ရွေ့လျားကာ ရောက်ရှိလာသော ဧည့်သည်များကို ၎င်းတို့၏ ထိုင်ခုံများသို့ လမ်းညွှန်ပေးကြသည်။

ဤသည်မှာ မွေးနေ့ပွဲတစ်ခုမျှသာ မဟုတ်ဘဲ ပိုင်ကျီဟန်၏ အဆင့်အတန်း၊ ခွန်အားနှင့် အနာဂတ်ကို ကြေငြာခြင်း ဖြစ်သည်။

ကောင်းကင်အင်ပါယာတစ်လွှားမှ ရာထူးမြင့်မားသော ပုဂ္ဂိုလ်များကို ဖိတ်ကြားခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်များ၊ ဂိုဏ်းအကြီးအကဲများ၊ မင်းညီမင်းသားများ - ဧကရာဇ်တရားရုံးမှ သံတမန်များပင် ပါ၏

ဧည့်ခံပွဲ၏ ရှေ့တန်းတွင် တရားဝင်အခမ်းအနားဝတ်စုံများ ဝတ်ဆင်ထားသော ပိုင်ထျန်းဟမ် ရပ်နေသည်။

သူ့ဘေးတွင် ကျက်သရေရှိသော ပိုးထည်များဖြင့် တောက်ပနေသော မူယွဲ့လန် ရပ်နေပြီး သူမ၏ အလှတရားသည် အကန်အသတ်မရှိပေ

သူမရှိနေခြင်းသည် လူအများကို အံ့အားသင့်စေသည်။ ပိုင်ထျန်းဟမ်နှင့် သူမ၏ ဆက်ဆံရေးသည် ကြာမြင့်စွာ တင်းမာနေခဲ့ကြောင်း လူတိုင်းသိကြသည်။

အချို့က မူနှင့် ပိုင်မျိုးနွယ်စုများကြား မဟာမိတ်ကို ဖြိုခွင်းရန် ထိုကွာဟချက်ကို အသုံးပြုဖို့ပင် ကြိုးစားခဲ့ကြသည် ။ ထင်ရှားစွာပင် ၎င်းတို့ မအောင်မြင်ခဲ့ပေ

မျှော်လင့်ထားသည့်အတိုင်းပင် သူမ ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

ထို့နောက်

"သခင်လေးအတွက် လမ်းဖွင့်ပေးပါ”

အားလုံးဦးခေါင်းတွေ လှည့်သွားကြသည်။

ပိုင်ကျီဟန်သည် လှေကားထိပ်တွင် ပေါ်လာပြီး ရွှေရောင်နဂါးများနဲ့ အနက်ရောင်အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတစ်ချောင်းကို ကျောတွင် ချိတ်ဆွဲထားသည်။

သူ့အကြည့်သည် တည်ငြိမ်ပြီး ဂုဏ်ယူနေသော ကိုယ်ဟန်အနေအထားနဲ့ပင်

သူ့ဘေးတွင် လျှောက်လာသူကတော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချူကျီယန်ပင်

တိုးတိုးလေးပြောကုန်၏

"ဒါက သူစေ့စပ်ထားသူလား"

"ချူမျိုးနွယ်ရဲ့သမီးလား။ ကောင်းကင်အင်ပါယာရဲ့ အလှဆုံးထဲက တစ်ယောက်ပဲ။"

"ပြီးပြည့်စုံတဲ့စုံတွဲ။ သူမလိုလူမျိုးကပဲ ပိုင်ကျီဟန်နဲ့ ထိုက်တန်တယ်။"

ပိုင်ကျီဟန်သည် တီးတိုး ပြောနေသည်များကို လျစ်လျူရှုလိုက်၏ သူ့မျက်လုံးတွေက လူအုပ်ကို ဝေ့ကြည့်လိုက်ချေသည်။

ချူကျီယန် မိဘများလည်း မျှော်လင့်ထားသည့်အတိုင်း ရောက်လာကြသည်။

တောင်ထိပ်သခင်ချင်းလန်လည်း ရောက်လာသည်။

စုဝေးနေသည့် လူအုပ်ကြားတွင် မမျှော်လင့်ထားသော မျက်နှာနှစ်ခု ပေါ်လာသည်။

သူတို့ကတော့ မင်းသမီး ယူချင်းယာနဲ့ မင်းသား ယူဝမ်ကျောက်ပင်

ပိုင်ကျီဟန်အဖို့ သူ့မွေးနေ့တွင် တော်ဝင်မိသားစုများ ရှိနေဖို့ မလိုအပ်ဘူးဟု မထင်ခဲ့သည့်တိုင် သူသည် နုံအသူမဟုတ်ပေ

သူတို့သည် ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ဒီကိုရောက်လာကြတာပင်….မျက်နှာသာရဖို့။ သူ့ထောက်ခံမှု၊ ပြီးတော့ ပိုင်မျိုးနွယ်စု၏ ထောက်ခံမှုကို ရချင်လို့သာ

ရှေးဟောင်းအပျက်အစီးတွင် မြင်တွေ့ခဲ့ရသည်များကို ကြည့်ရသလောက် သူတို့ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ မခက်ပေ

သို့တိုင် သူဂရုမစိုက်ပေ။

သူတို့ ဘွဲ့တွေကသာ သူတို့အကြောင်း အထင်ကြီးစရာကောင်းသည့် တစ်ခုတည်းသော အရာပင်။

ပိုင်ကျီဟန်သည် ရှေ့ကို တိုးလာသည်။

နောက်တစ်ခုက သူ့အတွက်ပင်

ဒီလိုကမ္ဘာမှာ...

မွေးနေ့ဆိုတာ ပွဲတော်တစ်ခုသက်သက် မဟုတ်ပေ

All Chapters