(၁၇)နှစ်မွေးနေ့
Vol. 14 Ch. 207
ပိုင်ကျီဟန် လျှောက်လှမ်းလာသောအခါ ဗျတ်စောင်း၏ ပျော့ပြောင်းသံများ ထွက်ပေါ်လာပြီး ခြေသံတိုင်းသည် တည်ငြိမ်မှုရှိကာ ပိုင်မျိုးနွယ်စု၏ ခမ်းနားသော ခြံဝင်းရှိ ကျောက်စိမ်းကြမ်းခင်းကို ပဲ့တင်ထပ်နေသည်။
မျက်လုံးအလုံးစုံသည် သူ့ထံသို့ ကျရောက်နေလျက်ရှိသည်။
တချို့က သူ့အား ပိုင်အိမ်တော်၏ ပေါ်ထွက်လာမည့် နဂါး— ပြည့်စုံပြီး မြင့်တက်နေသူဟု မြင်ကြသည်။
တချို့အတွက်တော့— အန္တရာယ်တစ်ခုဖြစ်သည်။
အချို့အတွက်တော့ နှစ်မျိုးလုံးပင် ဖြစ်နေသည်။
“သခင်လေး ကြွရောက်လာပါပြီ”
ပိုင်မျိုးနွယ်အကြီးအကဲတစ်ဦးသည် အခမ်းအနားအစပြုကြောင်း ကြေညာလေသည်။
စုဝေးသောလူစုအများအပြားသည် ရပ်တန့်လိုက်ပြီး ပိုင်ကျီဟန်သည်အကြည့်များစွာအောက် လျှောက်လှမ်းလာသည်။
သူ့ခြေလှမ်းများသည် ယုံကြည်မှုရှိရှိနဲ့ တည်ငြိမ်နေသည့်တိုင် ခြေလှမ်းတိုင်းတွင် အာရုံစိုက်မှုကို ဖမ်းစားနိုင်သည်။
ယခင် သူ၏ လက်ထပ်အခမ်းအနားနဲ့မတူတာက မည်သူမျှ အထင်မသေးရဲ၊ မလေးမစားမလုပ်ရဲတာပင်
အခုတော့ သူ၏ ဂုဏ်သရေသည် ယခင်ကဲ့သို့ မဟုတ်တော့ပေ။
ဧည့်သည်များကို နှုတ်ဆက်ခြင်းမပြုမီ ပိုင်ကျီဟန်သည် မိဘများစောင့်ဆိုင်းနေသည့် အလယ်ဗဟိုစင်မြင့်သို့ လျှောက်သွားသည်။
ပိုင်ထျန်းဟမ်သည် မတ်တပ်ရပ်ပြီး ခန့်ညားထည်ဝါစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျီဟန်အာ" သူက လေးနက်တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ”
မူယွဲ့လန်သည် သူမ၏မျက်လုံးများတွင် ဂုဏ်ယူဝင့်ကြွားမှုဖြင့် တောက်ပနေပြီး ညင်သာစွာပြုံးလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ ငါ့သား" သူမက နွေးထွေးစွာပြောလိုက်သည်။ "ဒီနှစ်မှာ မင်းကို ကြည်လင်ပြတ်သားမှုနဲ့ ခွန်အားတွေ ယူဆောင်လာပေးပါစေ။"
ပိုင်ကျီဟန်သည် ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖေနဲ့ အမေ”
သူတို့၏ကောင်းချီးမင်္ဂလာများကို ခံယူပြီးနောက် ပိုင်ကျီဟန်သည် လှည့်ကာ မီးအိမ်များထွန်းထားသော ကောင်းကင်အောက်၌ စုဝေးနေသော ဧည့်သည်ပင်လယ်ကို မျက်နှာမူလိုက်သည်။
ပိုင်မျိုးနွယ်စု၏ သခင်သည် ဧည့်သည်ပင်လယ်ကို ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်ပြီး ခန့်မှန်း၍မရပေ။
တောက်ပနေသော မီးအိမ်အလင်းရောင်သည် သူ့ဝတ်ရုံ၏ ရွှေချည်ထိုးကို မှိန်ဖျော့ဖျော့ ရောင်ပြန်ဟပ်နေပြီး သူ့အား နတ်ဘုရား၏ အရောင်အဝါကို ပေးစွမ်းနေသည်။
ခဏရပ်ပြီးနောက် သူသည် အနည်းငယ်ဦးညွှတ်ကာ နှုတ်ဆက်သည့်အနေဖြင့် လက်များကို သူ့ရှေ့တွင် ဆုပ်ကိုင်လိုက်သည်။
"ဒီနေ့လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”
သူ့၏ ကြည်လင်ပြီး တည်ငြိမ်သော အသံသည် အံ့သြစရာကောင်းလောက်အောင် ခြံဝင်းတစ်လျှောက် ပျံ့နှံ့သွားချေ၏
"ဒီမှာ ရှိနေခြင်းက ကျွန်တော့်ကိုသာမက ပိုင်မျိုးနွယ်စုတစ်ခုလုံးကိုပါ ဂုဏ်ပြုတာပါ”
သူသည် ပြုံးလိုက်ပြီး အကြည့်တွေက ရင်းနှီးပြီးသားနဲ့ မရင်းနှီးသေးသော မျက်နှာများ ဖြစ်သည့် မျိုးနွယ်စုအကြီးအကဲများ၊ မဟာမိတ်ဂိုဏ်းကိုယ်စားလှယ်များ၊ အိမ်နီးချင်းနိုင်ငံမှ အကြီးအကဲများ၊ မင်းမျိုးမင်းနွယ်များနဲ့ အင်ပါယာတစ်လွှားမှအရည်အချင်းရှိသည့် ဂျူနီယာများဆီ ဝေ့ဝဲနေသည်။
"ဒီနေ့ကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လေးစားရတဲ့ ဧည့်သည်တွေ ဝန်းရံပြီး ကျင်းပရတာ ကျွန်တော့်အတွက် ဝမ်းသာစရာပါပဲ။"
ယဉ်ကျေးသော ခေါင်းညိတ်သံများနဲ့ ထောက်ခံသည့် တီးတိုးများသည် လူအုပ်ကြားကနေ ဖြတ်သွားချေ၏
"ဒီနေ့ပွဲက လူကြီးမင်းတို့ကို ပျော်ရွှင်မှု၊ ရယ်မောမှုနဲ့ ခဏတာပဲဖြစ်ဖြစ် အနားယူဖို့ အခွင့်အရေးတစ်ခု ယူဆောင်လာပေးမယ်လို့ မျှော်လင့်ပါတယ်။"
သူသည် လက်တစ်ဖက်ကို မြှောက်ပြီး ပြင်ဆင်ထားသော ပွဲတော်ဆီကို လက်ဟန်ပြလိုက်ရာ နောက်ခံရှိ ဖျော်ဖြေမှုတွေ စတင်ခဲ့ပေသည်။
"ပျော်ရွှင်ကြပါစေ”
လက်ခုပ်သံများ စတင်သည့်အခါ - လေးစားမှု၊ ကျေးဇူးတင်မှုနဲ့ အတူ ဂုဏ်သိက္ခာရှိသော ပိုင်ကျီဟန်သည် ရှေ့ကနေ နောက်ဆုတ်သွားသည်။
ပွဲအခမ်းအနား တရားဝင်စတင်ချေပြီ။
ထို့နောက် ချက်ချင်းပဲ သူ့မိဘများက သူ့ဆီ ချဉ်းကပ်လာချေသည်။
"ကျီဟန်အာ" ပိုင်ထျန်းဟမ်သည် ဝိညာဉ်
လက်စွပ်ထဲကို လက်လှမ်းရင်း ပြောလိုက်
ပေသည်။
"ဒီဝတ်ရုံက ကောင်းကင်လှိုင်း ပိုးထည်နဲ့ ပြုလုပ်ထားပြီး မီးနဲ့ဓားနှစ်ခုလုံးကို ခံနိုင်ရည်ရှိပါတယ်။ မင်းနဲ့ လိုက်ဖက်အောင် ကိုယ်တိုင်
ပြုပြင်ထားတာ”
သူသည် ရွှေရောင်တိမ်များနဲ့ စီခြယ်ထားပြီး အကာအကွယ်စာများနဲ့ ပန်းထိုးထားသည့် အဖြူရောင်ဝတ်ရုံကို ပေးအပ်လိုက်သည်။
ပိုင်ထျန်းဟမ်သည် သူ့သားကို မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခု လက်ဆောင်ပေးဖို့ ကနဦးစီစဉ်ထားပေမဲ့ သူ့အား သူတော်စင်အဆင့်ဓားတစ်ချောင်းပေးပြီးနောက်မှာတော့ ၎င်းသည် အလဟဿဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။
ထို့အပြင် သူသည် ကောင်းကင်အဆင့်ဓား တစ်ချောင်း ကိုင်ထားသည်ကို မြင်ဖူးတာကြောင့် အဖိုးတန်ဆုံး ရှေးဟောင်းပစ္စည်းကို ရှာတွေ့လျှင်ပင် ပိုင်ကျီဟန်အတွက် လုံလောက်မှာမဟုတ်ကြောင်း ပိုင်ထျန်းဟမ် သိသည်။
ယင်းကြောင့် သူအသုံးမပြုနိုင်သော ဒါမှမဟုတ် အသုံးမဝင်သည့် ရှေးဟောင်းပစ္စည်းတစ်ခုကို ပေးမည့်အစား အဝတ်အစားကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။
၎င်းသည်လည်း ဘယ်လိုနည်းနဲ့မှ ဈေးပေါသည့် လက်ဆောင်မဟုတ်ပေ။
အဖိုးအတန်ဆုံးနဲ့ ဈေးအကြီးဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ထိုဝတ်ရုံတစ်ထည်သည် မြို့ငယ်လေးတစ်မြို့မှ ဝင်ငွေနဲ့ ညီမျှနိုင်သည်။
၎င်းသည် ကောင်းကင် အင်ပါယာတွင် ဈေးအကြီးဆုံးဝတ်ရုံလို့တောင် ငြင်းခုံနိုင်သည်။
ပိုင်ကျီဟန်သည် လက်နှစ်ဖက်နဲ့ လက်ခံပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏
"ကျေးဇူးတင်ပါတယ် အဖေ”
ထို့နောက် မူယွဲ့လန်သည် ရှေ့သို့တိုးလာသည်။ သူမသည် တောက်ပသော ကမ္ပည်းစာများပါရှိသည့် ကြည်လင်သောသေတ္တာတစ်လုံးကို ကိုင်ထားသည်။
"သား အတွက် သီးသန့်သန့်စင်ထားတာ" ဟု သူမက ညင်သာစွာပြောသည်။ "ဒါက အဆင့်မြင့် ဆဋ္ဌမအဆင့် သွေးမျိူးဆက်အခြေခံဆေးပြားပါ။ ဒါက မင်းရဲ့အမြစ်တွေကို ခိုင်မာစေပြီး မင်းရဲ့သွေးလိုင်းကို တည်ငြိမ်အောင် ကူညီပေးလိမ့်မယ်။"
သေတ္တာကို ပိုင်ကျီဟန်ထံ ပေးအပ်လိုက်
လိုက်သည့်အခါ လူအုပ်ကြီးသည် ကျယ်လောင်စွာ လှုပ်ခါသွားသည်။
"အဆင့်မြင့် ဆဋ္ဌမအဆင့် ဆေးပြား...?"
"ဆဋ္ဌမအဆင့် သွေးမျိူးဆက်အခြေခံဆေးပြားလား။ ရှားပါးပြီး အဖိုးတန်ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားရတာမလား။ သူ့တန်ဖိုးက မြို့တစ်မြို့တန်ဖိုးနဲ့ ညီမျှတယ်လို့ ဆိုကြတယ်။ ပိုင်ကျီဟန် အဲ့တာကို လက်ဆောင်အဖြစ် ရရှိတာကို မယုံနိုင်စရာပဲ”
"သူ့အမေပဲ။ ဒါပေမယ့် ငါမနာလိုဖြစ်မိတယ်။ သူက ဒီလောက်ပါရမီရှိပြီးသားကို ဘာလို့ ဒီလိုဆေးပြားမျိုး လိုအပ်ရတာလဲ?"
စောင့်ကြည့်နေသော ကျင့်ကြံသူများကြားတွင် မနာလိုမှုနှင့် လေးစားမှုတို့ ပျံ့နှံ့သွားသည်နှင့်အမျှ ပတ်ဝန်းကျင်သည် ပြောင်းလဲသွားသည်။
ပိုင်ကျီဟန်သည် ထပ်မံဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အမေ”
သို့တိုင် မူယွဲ့လန်က မပြီးသေးပေ
သူမ၏ ပုံမှန်တည်ငြိမ်နေသော မျက်နှာသည် ရှားရှားပါးပါးမှ ပေါ်လာတတ်သည့် တိတ်ဆိတ်ငြိမ်သက်သော အမူအရာနဲ့ သူ့ကို ကြည့်ရင်း နှုတ်ခမ်းတွေ ကွေးညွတ်သွားသလို နူးညံ့တဲ့ အပြုံးတစ်ခု ပြုံးလိုက်ချေ၏
"မဟုတ်ဘူး" သူမက အသံတိုးတိုးလေးနဲ့ အနီးနားကလူတွေ ကြားနိုင်လောက်အောင် ကြည်လင်ပြတ်သားစွာ ပြောလိုက်၏ "အဲဒါက ပြီးခဲ့တဲ့နှစ်ကအတွက်”
သူမ လက်ကို ထပ်မြှောက်လိုက်တော့ သူမ အင်္ကျီလက်ထဲကနေ နီရဲရဲ စန္ဒကူးနဲ့ လုပ်ထားသည့် ပါးလွှာသော ဘူးလေး ထွက်လာပေသည်။
ငွေရောင် အနားကွပ်များသည် မျက်နှာပြင်တွင် အလှဆင်ထားပြီး မြင့်မြတ်မှုနဲ့ ကံကြမ္မာ၏ သင်္ကေတတွေဖြစ်သော ဖီးနစ်ငှက်နဲ့ နဂါးပုံသဏ္ဍာန်ကို ဖန်တီးထားသည်။
"ဒါက ဒီနှစ်အတွက် လက်ဆောင်ပဲ" သူမက ဆက်ပြောလေ၏
သူမ ဘူးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ သန့်ရှင်းသပ်ရပ်သော ကြော့ရှင်းမှုနဲ့ မှားယွင်းစရာမရှိသည့် လက်မှုပညာနဲ့ ပုံသွင်းထားသော ကျောက်စိမ်းဆံထိုးတစ်ခု ပေါ်လာသည်။
ရွှေချောင်းပါးပါးလေးတွေ စီးဆင်းနေသော မိုးတိမ်ပုံသဏ္ဍာန်နဲ့ စီခြယ်ထားပြီး အပေါ်နားတွင် သွေးနီရောင် ကျောက်မျက်ရတနာငယ်လေးတစ်ခု စိုက်ဝင်နေ၏ ၎င်းသည် အရည်ပျော်နေတဲ့ မီးစက်တစ်စက်လို တောက်ပပြီး တည်ငြိမ်နေသည်။
"လူတစ်ယောက် ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းနေတယ်" မူယွဲ့လန်က သူမ၏လက်ဖြင့် ဆံထိုးကို မြှောက်ရင်း ပြောသည်၊ "ဒါပေမယ့် သူ့ဓားကို မဆွဲထုတ်ခင်မှာ ကမ္ဘာကြီးက သူ့ကို အသိအမှတ်ပြုစေတာက သူရှိနေခြင်းနဲ့ သူ့ဂုဏ်သိက္ခာပဲ”
သူမသည် သွယ်လျသော လက်ချောင်းများဖြင့် သားဖြစ်သူ၏ ဆံပင်ပျော့ပျော့လေးကို ပွတ်သပ်ပြီးနောက် ဆံထိုးကို သူ့လက်ဖဝါးထဲသို့ ညင်သာစွာ ထည့်လိုက်သည်။
"ဒါက တိုက်ပွဲအတွက် ရည်ရွယ်ထားတဲ့ ရတနာ မဟုတ်ပါဘူး" သူမက ညင်သာစွာ ပြောသည်၊ "ဒါပေမယ့် အမေနဲ့ မျိုးနွယ်စုရဲ့ ဆန္ဒကို သယ်ဆောင်ထားတယ်။ စစ်ပွဲမှာ မဟုတ်ဘဲ မင်းကိုယ်တိုင်လို ကမ္ဘာကြီးရှေ့မှာ ရပ်ရမယ့်အချိန်မှာ ဝတ်ဆင်ပါ။"
သူမ၏ အသံသည် သူ့အတွက်သာ ရည်ရွယ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မင်း ဘယ်လောက်ပဲ မြင့်တက်ပါစေ... မင်းက ငါ့သားပဲဆိုတာ သတိပေးဖို့ပါ။"
ပိုင်ကျီဟန်သည် ခဏတာ တိတ်ဆိတ်နေပြီး သူ့လက်ဖဝါးထဲတွင် သိမ်းဆည်းထားသော အမွေအနှစ်ကို ငေးကြည့်နေသည်။
၎င်းသည် ကြော့ရှင်းလှပပြီး ရှေးဟောင်းပစ္စည်းများနှင့် လက်နက်များ၏ ရက်စက်ကြမ်းကြုတ်သော ကြီးကျယ်ခမ်းနားမှုနှင့် ဝေးကွာသည်။
သူ ခေါင်းကို ထပ်မံငုံ့လိုက်သည် ။ ယခုတစ်ကြိမ်တွင် ပို၍နက်ရှိုင်းစွာဖြင့်
"...ကျေးဇူးတင်ပါတယ် အမေ”
မူယွဲ့လန် မျက်လုံးများ ခဏတာ တောက်ပသွားပြီးမှ တည်ငြိမ်သော အမူအရာနဲ့ ပြန်လှည့်ကာ ပိုင်ထျန်းဟမ်ဘေးတွင် ရပ်နေခဲ့သည်။
ပိုင်ရွှယ်ချင်းသည် ရှေ့ကို တိုးလာပြီး သူမ၏ပုံမှန် တိတ်ဆိတ်ငြိမ်သက်နေသော အမူအရာသည် မီးအိမ်
အလင်းရောင်အောက်တွင် အနည်းငယ် ပျော့ပျောင်းသွားသည်။
အခမ်းအနား သိပ်မဆန်ဘဲ ပိုင်ကျီဟန်ဆီ ကတ္တီပါသေတ္တာငယ်လေးတစ်လုံး ကမ်းပေးလိုက်၏
"ဒီမှာ”
သူမအသံသည် အေးစက်စက်နဲ့ ကြမ်းတမ်းသော အသံမျိုးမဟုတ်သည့်တိုင် တိုတိုတုတ်တုတ် ပြောလိုက်ပေသည်။
ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်ပြီး သေတ္တာကို ဂရုတစိုက်ဖွင့်လိုက်ရာ လှပစွာပြုလုပ်ထားသည် ငွေရောင် နားကပ်တစ်စုံ ပေါ်လာသည်။ ဖီးနစ်ငှက်မွှေးပုံစံနဲ့ ရက်လုပ်ထားပြီး မီးရောင်နဲ့ အလင်းရောင်ကို ဖမ်းယူထားသည့် နီလာကျောက်သေးသေးလေးတစ်လုံးစီနဲ့ အလှဆင်ထား၏။
"နားကပ်လား?"
ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်၏။
"ဒါက... တစ်ခုခု ဝှက်လုပ်ထားတာလား။ ငါ့ကို စောင့်ကြည့်ဖို့လား?"
သူက ပြုံးပြီး စနောက်ပေမဲ့ သံသယစိတ်လေး နည်းနည်းပါနေသည်။
ပိုင်ရွှယ်ချင်း၏ နှုတ်ခမ်းတွေ တွန့်သွားချေသည်။
"ဟွန်း..အဲ့တာက ဆင်ပြေပါ့မလား။ ငါလုပ်ရင် နင်ချက်ချင်းသိလိမ့်မယ်။"
ပိုင်ကျီဟန်သည် ခေါင်းခါပြီး တိုးတိုးလေးရယ်လိုက်လေ၏
"ဟုတ်ပြီ။ အမ စကားကို ငါယုံကြည်တယ်။"
သူမသည် စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်လုံးလှန်လိုက်ပေသည်။
နောက်လူကတော့ ချူကျီယန်ပင်
သူမက လေးစားစွာ ကမ်းပေးလိုက်၏
"ဒါက ကျွန်မရဲ့လက်ဆောင်ပါ”
ချူကျီယန်သည် ညင်သာစွာပြောလိုက်ပေသည်။
အိတ်ကိုဖွင့်လိုက်တော့ ပွတ်တိုက်ထားသည့် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ပေါ်လာပြီး ပုတီးစေ့များနဲ့ စီခြယ်ထား၏ လက်ကောက်သည် အထူးအဆင့်ရှိသော အရှိန်အဝါနဲ့ မှိန်ဖျော့ဖျော့တောက်ပနေသည်။
"ဒါက အထူးအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုပါ" သူမက ရှင်းပြပေ၏ "ဒါက နင့်ရဲ့ဝိညာဉ်ရေးရာအာရုံတွေကို မြှင့်တင်ပေးနိုင်ပြီး အန္တရာယ်ကို ပိုမြန်မြန်သိရှိနိုင်အောင် ကူညီပေးနိုင်တယ်။"
သူသည် လက်ထဲတွင် လက်ကောက်ကို လှန်လိုက်ပြီး လက်ကောက်လက်ရာနဲ့ ရှားရှားပါးပါး စွမ်းအင်ကို အထင်ကြီးလေးစားသွားသည်။
"ကျေးဇူးတင်ပါတယ်၊ ကျီယန်အာ”
သူသည် ချစ်ခင်ကြင်နာသော လေသံနဲ့ ပြောလိုက်သည်။
ချူကျီယန်လိုပင် သူ မလိုချင်ရင်တောင် စေ့စပ်ထားသူ၏ ပုံရိပ်ကို ထိန်းသိမ်းထားဖို့ လိုအပ်သည်ကို သူသိပေဿည်။
သူမသည် ညင်သာစွာခေါင်းညိတ်လိုက်ပြီး သူမပါးတွေ နီရဲနေ၏
မိဘများနဲ့ သူ့မိသားစုသည် သူတို့အပိုင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးသည့်အခါ ဧည့်သည်များက တစ်ယောက်ပြီး တစ်ယောက် လက်ဆောင်တွေ ပေးလာကြသည်။
ပထမဆုံး ပိုင်မျိုးနွယ် အကြီးအကဲများ ရောက်လာကြသည်။
လက်ဆောင်များသည် မူယွဲ့လန်နဲ့ပိုင်ထျန်းဟမ် ပေးခဲ့တာလောက် အလွန်အကျွံ မဟုတ်သည့်တိုင် တခြားဂျူနီယာတွေ ရသည့်လက်ဆောင်များနဲ့ ယှဉ်ပါက အတော်လေးကွာပေ၏
တက်ရောက်လာသော ဂျူနီယာတော်တော်များများက မနာလိုဖြစ်ကြသည်။
ပိုင်ကျီဟန် လက်ဆောင်ရသည့် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၁ ရာခိုင်နှုန်းလောက် ရနိုင်လျှင်ပင် ကောင်းကင်တွင် ပျံသန်းနေရသလို ခံစားရလိမ့်မည်။
သို့တိုင် ပိုင်ကျီဟန် အတွက်ကတော့ ထိုလက်ဆောင်များက အသုံးမဝင်သလောက်ပင်။
မသေမျိုးဧက္ကရာဇ်၏ ရှေးဟောင်းအပျက်အစီးမှ ရခဲ့သမျှသည် သူ့အား လက်ဆောင်ပေးခဲ့သော အရာတွေထက် အများကြီး သာလွန်ပေသည်။
သို့တိုင် သူ၏ရင်းနှီးသောသူများ ပေးသည့်လက်ဆောင်သည် သူ့အတွက် အဖိုးတန်နေဆဲသာ