တော်ဝင်ကမ်းလှမ်းချက်
Vol. 14 Ch. 208
ပိုင်မျိုးနွယ်၏ နောက်ဆုံးအကြီးတစ်ဦး နောက်သို့ဆင်းသွားချိန်တွင် ခရမ်းရောင် တော်ဝင်ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် အရပ်မြင့်မြင့်နဲ့ လူတစ်ဦး ပေါ်ထွက်လာသည်။
အင်ပါယာနန်းတော်၏ တတိယ မင်းသား ယူဝမ်ကျောက်သည် တော်ဝင်သွေးနဲ့ တည်ငြိမ်သော အရောင်အဝါတစ်ခု ထွန်းလင်းနေသည်။
သူသည် ပိုင်ကျီဟန်ရှေ့ ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်၏
“မွေးနေ့မှာ ပျော်ရွှင်ပါစေ။ သခင်လေး ပိုင်”
သူက ပြောပြီး အနက်ရောင်သံဖြင့် ပြုလုပ်ထားသော တိမ်တိုက်ပုံ ထုဆစ်ထားသည့် နန်းတော်အမှတ်တံဆိပ် ပါသော အရှည်လိုက်သေတ္တာတစ်ခုကို ပေးလေ၏
“ဒါက ကျွန်တော်ဘက်က ဂုဏ်ပြုလက်ဆောင်သေးသေးလေးပါ”
ပိုင်ကျီဟန်သည် တိတ်တိတ်ဆိတ်ဆိတ် လက်ခံပြီး အိတ်ကို ဖွင့်ကြည့်လိုက်သည်။
အထဲမှာတော့ မြေကမ္ဘာအဆင့် ဓားသွားကို အပြာရောင် ဓားအိမ်ထဲ ထည့်ထားလိုက်သည်။ လရောင်အောက်မှာတော့ ရေစီးကြောင်းလို မျက်နှာပြင်တစ်လျှောက်တွင် သိမ်မွေ့သော မှော်စာလုံးများ တလက်လက် လှုပ်ရှားနေသည်။
ယူဝမ်ကျောက်က ပြောလေသည်
“ဒီဓားနာမည်ကို သန့်စင်သော စီးဆင်းမှုလို့ ခေါ်တယ်။ နန်းတော် ပန်းပဲခန်းမ အတွင်းထဲမှာထုလုပ်ပြီး မြောက်ဘက်ချောက်နက်က သံနဲ့ ထုလုပ်ထားပါတယ်။”
လူထုသည် ထပ်မံ တီးတိုးပြောလိုက်သည်။ ထိုပစ္စည်းသည် တန်ဖိုးကြီးပြီး ရှားပါးသော လက်ရာတစ်ခု ဖြစ်သည်။
အလယ်အလတ် မျိုးနွယ်စုတစ်ခုခု၏ အမွေအနှစ်တစ်ခုတောင် ဖြစ်နိုင်ပေမဲ့ ပိုင်ကျီဟန်အတွက်တော့ ၎င်းသညါဍ် စိတ်
လှုပ်ရှားစရာကောင်းသော လက်ဆောင်တစ်ခုသာ။
ကောင်းကင်အဆင့်ဓားရှိနေသည်ကို မြေကမ္ဘာအဆင့်နိမ့်ဓားက ဘာအသုံးဝင်မည်နည်း
သူ့ကို ချီးမြှောက်လာသူများအတွက်တော့ မြေကမ္ဘာအဆင့်သည်
မယုံနိုင်လောက်အောင် တန်ဖိုးရှိနေသေးသည်။
သူတို့မြင်ပြီးသားအရာတွေကြောင့် မဟုတ်တောင် ထိုလက်ဆောင်သည် အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်သည်။
မည်သို့ပင်ဖြစ်စေ မင်းသားတစ်ပါးသည် ထိုအရာမျိုးကို တခြားတစ်ယောက်အား ပေးခြင်းသည် ပုံမှန်မဟုတ်ပေ ။ ပုံမှန်အားဖြင့် ပြောင်းပြန်ဖြစ်တတ်သည်။
ယုဝမ်ကျောက်အဖို့ သူ့လက်ဆောင်သည် အားလုံးထဲတွင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ထင်ထားတာကြောင့် နည်းနည်းစိတ်ပျက်သွားသည်။
သို့တိုင် မူမျိုးနွယ်စု—အထူးသဖြင့် မူယွဲ့လန်ကို အတော်လေး လျှော့တွက်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် အဖိုးတန်ဆုံးလက်ဆောင်တွေထဲက တစ်ခုဖြစ်ပြီး ပိုင်ကျီဟန်သည် ၎င်းကို သဘောကျလိမ့်မည်ဟု သူထင်ခဲ့သည်။
ဒါပေမဲ့ ပိုင်ကျီဟန် မျက်နှာအမူအရာသည် ဘာမှမပြောင်းလဲပေ။ အမှိုက်တစ်ခုခုကို ကြည့်နေသလိုသာ
"အရှင်မင်းသား၊ ကျေးဇူးတင်ပါတယ်”
ပိုင်ကျီဟန်သည် သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်နေဆဲပင်။ သို့တိုင် ထိုလက်ဆောင်သည် သူ့အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိမရှိ မည်သူမှ မပြောနိုင်ပေ
ပိုင်ကျီဟန်၏ တည်ငြိမ်သော တုံ့ပြန်မှုကြောင့် ယုဝမ်ကျောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပေသည်။ သူက အသံကို နှိမ့်ချပြီး ကိုယ်ကို ကိုင်းလိုက်၏"နန်းတော်က နဂါးတွေရဲ့ ထွန်းတောက်မှုကို စောင့်ကြည့်နေတယ်။ မင်းကို ထောက်ခံမဲ့အစား ကြောက်ရွံ့တဲ့သူတွေ အများကြီးရှိတယ်။"
သူသည် ပိုးထည်နောက်တွင် ဝှက်ထားသော ဓားတစ်ချောင်းလို မှိန်ဖျော့ဖျော့ပြုံးလိုက်ပေသည်။
"ဒါပေမယ့် ငါကတော့ မတူဘူး။ အင်ပါယာအတွက် စစ်မှန်တဲ့ တိုင်တွေ လိုအပ်တယ်။ ထွန်းလင်းရုံသာမက ကောင်းကင်ကို မြှင့်တင်ပေးမယ့်သူတွေပေါ့။"
ဖုံးကွယ်ထားသော ကမ်းလှမ်းချက်။
ချော့မော့ပြီး ကတိပေးသလိုနဲ့ သွယ်လျသည့် ကြိုးတစ်ချောင်း ဆန့်တန်းထားပေ၏
သို့တိုင် သူ ဆက်မပြောနိုင်ခင်မှာပဲ ပိုင်ကျီဟန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ စိတ်ရှုပ်ထွေးသွားသလိုပင်
သူသည် ဓားကို ပြန်ကြည့်ပြီးမှ မင်းသားကို ကြည့်လိုက်သည်။
"အင်ပါယာဟာ လက်မှုပညာမှာ တကယ်ကို ကြိုးစားအားထုတ်မှု မရှိဘူးပဲ” သူက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"အင်ပါယာ လက်နက်တိုက်ကနေ လုပ်ထားတဲ့ တစ်ခုခုကို ရတာကတော့ ဂုဏ်ယူစရာပါပဲ”
ယုဝမ်ကျောက်အပြုံးသည် အနည်းငယ် တောင့်တင်းသွားသည်။
သူ့စကားလုံးများသည် မဟာမိတ်ဖွဲ့ဖို့ ဂရုတစိုက် ဖွဲ့နွဲ့ထားသည်။
ချီးမြှောက်ခြင်း၊ ဖုံးကွယ်ထားသော သစ္စာစောင့်သိမှုနဲ့ သိမ်မွေ့သည့် နေရာယူမှု။
သို့တိုင် ပိုင်ကျီဟန်သည် ဘာမှ မကြားခဲ့သလို တုံ့ပြန်လိုက်သည်။
ယဉ်ကျေးပေမဲ့ လုံးဝ မခိုင်မာပေ။
သူ ထပ်ကြိုးစားပြီး အသံသည် နည်းနည်း ပိုနက်နဲ့သွားသည်။
"ပိုင်ကျီဟန်" သူက ပြောလေ၏ "ကျွန်တော် ဆိုလိုတာက ဉာဏ်ပညာရှိတဲ့လူတွေ အတူတကွ ရပ်တည်ရမယ့် အချိန်ရောက်လာလိမ့်မယ်။ လက်ဆောင်တွေက အမူအရာတွေပဲ။ အရေးကြီးတာက တစ်ယောက်ကိုတစ်ယောက် နားလည်မှုပဲ။"
ပိုင်ကျီဟန်သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး မျက်ခုံးတွေက ဇဝေဇဝါဖြစ်နေပုံရသည်။
"အယ်” သူက ဖြည်းဖြည်းချင်း ပြောလိုက်
သည်။
"ဒါဆို... အရှင်မင်းသား ဆိုလိုတာက ကျွန်တော်တို့က လက်မှုပညာအပေါ် တူညီတဲ့တန်ဖိုးထားမှုကို မျှဝေတယ်လို့ ဆိုလိုတာလား?"
သူ့လေသံတွင် မကောင်းသောစိတ်မရှိပေ။ စိတ်ရှုပ်ထွေးမှုပဲ ရှိသည်။
ဒါမှမဟုတ် လုံးဝကို ဟန်ဆောင်ထားသော ရှုပ်ထွေးမှုပင်
ယုဝမ်ကျောက်၏ မေးရိုး တင်းမာသွားပေမဲ့ သူ့အပြုံးကို ထိန်းထားနိုင်သည်။
လူအုပ်သည် သိပ်မသတိထားမိပေမဲ့ မင်းသားအတွက်တော့ ရှင်းရှင်းလင်းလင်းပင်။ ဒီကောင်က သူ့ကို ယဉ်ကျေးစွာဖြင့် ဂရုတစိုက် လှောင်ပြောင်နေတာပင်
"...ဟုတ်ပြီ" ယုဝမ်ကျောက်သည် ခဏရပ်ပြီးနောက် ပြောလိုက်သည် "မင်းအတွက် အကျိုးရှိပါစေ။"
နောက်ထပ်တုံ့ပြန်မှုကို မစောင့်ဘဲ လှည့်ထွက်သွားပြီး သူ့လက်မောင်းများက ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေပုံပေါက်နေ၏
ပိုင်ကျီဟန် အရူးမဟုတ်ဘူးဆိုတာ သူသိပြီး ထိုအကြောင်းအရာကို ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲနေခြင်းသည် တစ်ခုတည်းသော အဓိပ္ပာယ်ပဲ ဖြစ်နိုင်သည်။ မဟာမိတ်ဖွဲ့ဖို့ စိတ်မဝင်စားတာပင်
ပိုင်မျိုးနွယ်စုနယ်မြေထဲတွင် ရှိနေပြီး မျက်လုံးအများကြီး ကြည့်နေတာကြောင့် မဟုတ်ပါက ယုဝမ်ကျောက်သည် သူ့ကို တိုက်ခိုက်လောက်သည်။
ထက်မြက်သော အကြီးအကဲတချို့သည့် တတိယမင်းသား ထွက်လာသည့်အခါ လက်သီးဆုပ်ထားသည်ကို သတိထားမိလိုက်သည်။
ထိုတင်းမာမှုများ ငြိမ်သက်သွားပြီး ခြံဝင်းထဲ၌ နူးညံ့သိမ်မွေ့သော တိတ်ဆိတ်မှုတစ်ခု ကျရောက်လာသည်။ လေထဲတွင် သိမ်မွေ့သော ရွေ့လျားမှုတစ်ခု၊ လေထုတောင်မှ တည်ရှိမှုအသစ်တစ်ခုကို ခံစားမိသလိုပင်
ဧည့်သည်တွေကြားထဲကနေ လူတစ်ယောက် ရှေ့ကို တိုးလာသည်၊
တည်ငြိမ်သော ရေပေါ်တွင် လရောင်လို တောက်ပနေသည့် လာဗင်ဒါပိုးထည်ကို ဝတ်ဆင်ထားသော အင်ပါယာ၏ စတုတ္ထမြောက် မင်းသမီး ယုချင်းယာသည် တိတ်ဆိတ်ငြိမ်သက်သော ကျက်သရေနဲ့ ဝင်ရောက်လာသည်။
သူမအကြည့်သည် တည်ငြိမ်ပြီး သူမမျက်နှာအမူအရာက ခန့်မှန်းရခက်သည်။ လှပပေမယ့် အလှမ်းဝေးနေသည်၊
သူမသည် သူမအစ်ကိုကိုတောင် မကြည့်ပေ
သူမခြေလှမ်းများက ပေါ့ပါးပြီး ဧကရာဇ်ဟန်ပန်နဲ့ပင်။
တတိယမင်းသား၏ ယုံကြည်ချက်ရှိမှုနဲ့မတူတာက သူမ ခြေလှမ်းများက ပေါ့ပါ့ပြီး အမူအရာတိုင်း အသက်ရှူမှုတိုင်းသည် အားစိုက်ထုတ်မထားသလိုပင်
သူမသည် ပိုင်ကျီဟန် ရှေ့တွင် ရပ်လိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ ပိုင်ကျီဟန်”
သူမလေသံသည် နူးညံ့ပေမဲ့ အေးမြ၏ ရေခဲနဲ့ ထိတွေ့ထားသော ကြွေထည်လိုပင်
သူမလက်ထဲတွင် ရွှေရောင်ဖဲကြိုးနှင့်ချည်နှောင်ထားသော ရှည်လျားသည့်ထောင့်မှန်စတုဂံသေတ္တာတစ်လုံးကို ကိုင်ထားသည်။
"ဒါက ရှားပါးတဲ့ ဝိညာဉ်သံချပ်ကာပဲ။ ချီတံဆိပ်ခတ်ထားပြီး ကြယ်ရောင်ပိုးထည်နဲ့ ရက်လုပ်ထားတယ်။ မြေကမ္ဘာအဆင့်
အမြင့်ဆုံးပဲ။ ကြီးကျယ်ခမ်းနားတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်။"
လူအုပ်ကြားတွင် ပါးစပ်အဟောင်းသား ထွက်ပေါ်လာသည်။
လက်ဆောင်သည် တတိယမင်းသား၏ဓားထက် သိသိသာသာ တောက်ပနေသည်။
မင်းသားနှင့် မင်းသမီးတို့သည် ပိုင်ကျီဟန်ကို သူတို့ဘက်သို့ ဆွဲဆောင်နိုင်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားနေကြောင်း မည်သူမဆို ပြောနိုင်သည်။
မဟုတ်ပါက တစ်ဦးတည်းအတွက် ဤမျှလောက် ငွေကုန်ခံရဲမည်မဟုတ်ပေ
တတိယမင်းသားသည် ဒေါသနှင့် စိတ်ပျက်အားငယ်မှုဖြင့် ယုချင်းယာကို ကြည့်လိုက်မိသည်။
သူ မအောင်မြင်ရုံသာမက ယခု သူ့လက်ဆောင်သည် သူ့ညီမ၏ လက်ဆောင်ကြောင့် မှေးမှိန်သွားပြီး သူ့အား မာနထောင်လွှားစေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။
ပိုင်ကျီဟန်သည် သေတ္တာကို လက်နှစ်ဖက်ဖြင့် လက်ခံပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီး”
သူ့အသံသည် ယဉ်ကျေးပြီး တည်ငြိမ်နေ၏ ။ အေးစက်သည်လည်း မဟုတ် ကြိုဆိုသည်လည်း မဟုတ်ပေ။ ဟန်ချက်ညီမှု တစ်ခုသာ
ယုချင်းယာ၏ အကြည့်သည် သူ့ထံတွင် ရပ်တန့်နေပြီး မျက်လုံးများသည် ရေနက်ကဲ့သို့ တည်ငြိမ်နေသည်။ သူမ၏ ယပ်တောင်သည် မှိန်ဖျော့ဖျော့ လှုပ်ရှားသွားပြီး သူမသည် ကိုယ်ကို ကိုင်းလိုက်သည်။ အလွန်နီးကပ်လွန်းခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ကို ပြသရန် လုံလောက်သော နီးကပ်မှုပင်။
"ဒါပေမယ့် ကြယ်ရောင်နဲ့ ကောင်းချီးပေးထားတဲ့ သံချပ်ကာတောင်မှ အန္တရာယ်အားလုံးကနေ ကာကွယ်နိုင်မှာ မဟုတ်ဘူး” သူမ တိုးတိုးလေး ပြောလိုက်သည်။
ခဏရပ်လိုက်သည်။
သူမ၏မျက်လုံးများသည် သိမ်မွေ့သော တစ်စုံတစ်ခုဖြင့် တောက်ပနေသည်။ ထို့နောက် အနီးအနားရှိ လူအနည်းငယ်သာ ကြားနိုင်သော အသံဖြင့် သူမက ထပ်လောင်းပြောကြားခဲ့သည်။
"ဒါပေမယ့် မင်းသမီးတစ်ပါးနဲ့ လက်ထပ်ထားရင်တော့”
သက်ပြင်းချသံများသည် ငြိမ်သက်နေသောရေပြင်ပေါ်တွင် လှိုင်းလုံးများလို ပျံ့နှံ့သွားသည်။
စုဝေးနေသော မင်းမျိုးမင်းနွယ်များ၊ အကြီးအကဲများနဲ့ သံတမန် အများအပြားသည် နေရာမှာတင် ရပ်တန့်သွားကြသည်။
တော်ဝင် မိသားစု၏ ကမ်းလှမ်းချက်တစ်ခုသာ
ယုချင်းယာသည် သူမကိုယ်သူမ ကမ်းလှမ်းလိုက်သည်။
သူမသည် ပိုင်မျိုးနွယ်စုကို ဧကရာဇ်မိသားစုနဲ့ ခိုင်မာသော မဟာမိတ်ဖွဲ့မှု ကမ်းလှမ်းလိုက်သည်။
အနာဂတ် လုံခြုံသော အိမ်ထောင်ပြုမှုနဲ့ ဧကရာဇ်သွေး
ယခင်က အပြန်အလှန်ပြောဆိုမှုတွင် ဘာမှမလှုပ်ရှားခဲ့သော ပိုင်မျိုးနွယ်စု၏ အကြီးအကဲများပင် သူတို့ထိုင်ခုံများမှ ရွှေ့သွားကြသည်။
တချို့က တည့်တည့်မတ်မတ်ရပ်လိုက်ကြသည်။ တချို့က မျက်ခုံးတွန့်လိုက်ကြသည်။ တချို့က... ပြုံးလိုက်ကြသည်။
စားပွဲပေါ် ဘာတွေတင်ထားသည်ကို သူတို့ နားလည်ကြသည်။
အာဏာ
လုံခြုံရေး
၎င်းသည် သူတို့မလိုချင်သော အဆက်ဆက် စစ်ပွဲ၌ ပါဝင်ပတ်သက်ရမည်ဟု ဆိုလိုတာပင်
ထို့အပြင် ပိုင်ကျီဟန် ပါဝင်ပတ်သက်နေပြီဆိုသည့် အချက်လည်း ရှိနေ၏
ယုချင်းယာ အကြည့်များသည် မည်သည့်အခါမှ ယိမ်းယိုင်မသွားပေ ။ သူမအသံသည် အေးစက်နေသည့်တိုင် ရည်ရွယ်ချက်ရှိရှိနဲ့ ခိုင်မာ၏
"ပိုင်ကျီဟန်" သူမက တိုးတိုးလေးပြောလိုက်သည်။ "ကျွန်မနဲ့ ပူးပေါင်းပါ၊ ပိုင်မျိုးနွယ်စုက ဘယ်တော့မှ တစ်ယောက်တည်း ရပ်တည်ရမှာ မဟုတ်ဘူး။"
သူမသည် ချူကျီယန်ထံသို့ တစ်ကြိမ် ကြည့်လိုက်သည်။
သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းသည်။
၎င်းသည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။
ချူကျီယန်၏ မျက်နှာဖြူဖျော့သွားသည်။ သူမ လက်ချောင်းများသည် သူမ အင်္ကျီပိုးထည်ထဲကို အနည်းငယ်ကွေးသွားချေ၏
တခြားသူများသည် ပိုင်ကျီဟန်ကို လိုချင်ကြောင်း သူမ အမြဲသိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့ဂုဏ်သတင်းသည် သူမနဲ့ စေ့စပ်ထားတုန်းကနဲ့ လုံးဝကွာခြားနေသည်။
သူ့၏စေ့စပ်ထားသူဆိုသော ဂုဏ်ပုဒ်သည် လူအများကို ဝေးကွာစေခဲ့ပေမဲ့ မင်းသမီးတစ်ပါးလို လူတစ်ယောက်ကို တားဆီးဖို့ကတော့ မလုံလောက်ပေ
သို့တိုင် ဒီလောက်ထိ လျစ်လျူရှုခံရတာ—သူမ မရှိသလို လျစ်လျူရှုခံရတာလား။
အရှက်ရမှုသည် အနည်းငယ်နက်ရှိုင်းပေ၏
သူမ ဒေါသထွက်နေပေမဲ့ တည်ငြိမ်သည့် အမူအရာကို အတင်းအကျပ် လုပ်လိုက်ရသည်။ သူမသည် ပိုင်ကျီဟန်ကို မသေချာမရေရာသော မျှော်လင့်ချက်နဲ့ ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
ဒါပေမယ့် ပိုင်ကျီဟန်ကတော့
ပြုံးလိုက်သည်။
နွေးထွေးပြီး နူးညံ့သော အပြုံးတစ်ခု။
ပြီးတော့ လူအုပ်ကြီး မြင်နိုင်လောက်အောင် အနည်းငယ်လှည့်ပြီး လက်လှမ်းလိုက်သည်။
မြန်ဆန်ပြီး ပေါ့ပေါ့ပါးပါး အမူအရာနဲ့ ချူကျီယန်လက်ကို သူ့လက်ထဲ ဆုပ်ကိုင်လိုက်သည်။
"မင်းသမီး" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီတစ်ယောက်က စကားလုံးတွေနဲ့ မဖော်ပြမရအောင် ။ တကယ်ပါပဲ”
သူသည် ယုချင်းယာဘက်ကို လှည့်လိုက်ပြီး ချူဇီယန်၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ကမ္ဘာပေါ်ရှိ သဘာဝအကျဆုံးအရာတစ်ခုလိုပင်
"ဒါပေမယ့် ငါ့ဘေးနားက နေရာကို ငါ့ရဲ့လှပတဲ့စေ့စပ်ထားသူက ရယူထားပြီးသားဖြစ်နေတယ်..."
ခဏရပ်လိုက်၏
ပြီးတော့ ယခင်ကထက် ပိုနက်ရှိုင်းသော တိတ်ဆိတ်မှုတစ်ခု။
ချူကျီယန် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး နှုတ်ခမ်းများ ကွေးသွားသည်။
သူမမျက်လုံးများ ပြူးကျယ်သွားချေသည်။
သူ ဒီလိုပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ
ပုံမှန်လေသံနဲ့တော့မတူပေ ။ နွေးထွေး၏ အမှန်တကယ်ဖြစ်၏
သူမရင်ဘတ်တွေ တဒိတ်ဒိတ်ခုန်နေပြီး မျက်နှာလည်း ရဲရဲနီနေ၏
(ငါ သဘောကျသွားတော့မယ် )
သူမ တွေးလိုက်မိသည်။ ပိုင်ကျီဟန်သည် မင်းသမီးကို ငြင်းပယ်ဖို့ သူမအားအသုံးချနေသည်မှာ ထင်ရှားပေမဲ့ အနည်းငယ်ပျော်နေမိတာကို ငြင်းလို့မရပေ
ယုချင်းယာ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူမသည် ရေခဲလို ချောမွေ့သော မျက်နှာအမူအရာနဲ့ ချူကျီယန်ဆီ လှည့်ကြည့်လိုက်သည်။
"စေ့စပ်ပွဲဆိုတာ အတိတ်ကကိစ္စပါ။ ပျက်ပြယ်သွားနိုင်ပါတယ်။"
သူမသည် ယဉ်ကျေးစွာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ပိုးထည်နဲ့ ချည်နှောင်ထားသည့် ဓားတစ်ချောင်းလို သူတို့နှစ်ယောက်ကြားက နေရာကို ဖြတ်ပြီး စိုက်ကြည့်နေသည်။
"ကျွန်မက ချစ်ခင်မှု ဒါမှမဟုတ် အလှအပကို ပိုပေးစွမ်းနိုင်တယ်။ တခြားမိန်းကလေးတွေ မပေးနိုင်တဲ့ အရာတစ်ခုရော”
သူမသည် ထီးနန်းကို အကြံပြုနေတာ ထင်ရှား၏
"သခင်လေး ပိုင်ကျီဟန်၊ အလေးအနက် စဉ်းစားသင့်တယ်။ ပြီးတော့ ကျွန်မကို သင့်တော်တဲ့ အဖြေတစ်ခု ပေးသင့်တယ်။"
ပြီးတော့ သူမ လှည့်လိုက်သည်။
သရုပ်ဆောင်မနေပေ။ ကြာရှည်စွာ ကြည့်မနေပေ
သူမသည် ရိုးရိုးလေး ထွက်သွားခဲ့သည်။ တုန်ရီနေသော မြက်ခင်းပြင်ကိုဖြတ်သန်းသွားသော လရောင်လိုပင် မြင့်မြတ်သည့် နန်းတော်ထဲကို ပျောက်ကွယ်သွားခဲ့သည်။
သို့တိုင် သူမရှိနေခြင်းက ကြာရှည်နေ၏ ဖိအားပေး၏ လေးလံနေ၏
အကြီးအကဲများသည် တိုးတိုးလေး ပြောကြသည်။ ဧည့်သည်များက စိတ်ထဲတွင် မှတ်စုတွေ ရေးနေကြသည်။ ငယ်ရွယ်သူများက အံ့သြတကြီးနဲ့ မနာလိုစွာ စိုက်ကြည့်နေကြသည်။
ပိုင်ကျီဟန်ကတော့
ခြံထဲတွင် တည်ငြိမ်စွာ ရပ်နေပြီး စိတ်လှုပ်ရှားနေသည့် ချူကျီယန်၏ လက်ကို ကိုင်ထားရင်း အင်ပါယာ၏ စတုတ္ထမြောက် မင်းသမီးကို ငြင်းဆန်လိုက်သလိုပင်