မွေးနေ့အပြီးသတ်
Vol. 14 Ch. 209
မွေးနေ့သည် ညနေပိုင်းအထိ ရောက်လာချေသည်။
ကျောက်စိမ်း ဗျတ်စောင်းမှ အသံချိချိုလေးနှင့် ရွှေရောင်ခွက်ထဲက စပျစ်ရည်နဲ့အတူ ပိုင်အိမ်တော်သည် လင်းလက်နေခဲ့သည်။
ဂုဏ်သရေရှိသူများသည်လည်း ပျော်နေကြ၏ မျိုးနွယ်စုခေါင်းဆောင်များက သာမန်လက်ဆောင်များ ပေးကြသည်။
သို့သော် တတိယမင်းသားနှင့် စတုတ္ထမြောက်မင်းသမီးတို့မှ ပေးသောလက်ဆောင်များကိုတော့ မမှီပေ
သူတို့တည်ရှိမှုနဲ့ သူတို့ဆွဲဆောင်မှုသည် လူတိုင်းအတွက် အရိပ်ရှည်ကြီးလိုပင်
မကြာခင်မှာပဲ စိတ်လှုပ်ရှားမှုများ မှေးမှိန်သွားပြီး နောက်ခံကြော့ရှင်းသော အလှတရားအဖြစ် ပြောင်းလဲသွားခဲ့သည်။
တန်ခိုးကြီးပုဂ္ဂိုလ်တွေ စုဝေးသည့်အခါ စကားပြောဆိုမှုလည်း ပြောင်းလဲသွားခဲ့သည်။
ဧည့်သည်အနည်းငယ် (ငယ်ရွယ်တဲ့ ကျင့်ကြံသူများ)ကတော့ ခွက်တွေကိုင်ပြီး တဲတစ်ခုအနီးမှာ စုဝေးနေကြကာ သူတို့အသံသည် တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ တက်ကြွနေ၏
“သိလား။ နောက်နှစ်မှာ နဂါးနဲ့ ဖီးနစ်အဆင့်ပွဲ ပြန်လည်ကျင်းပတော့မှာ ။ အင်ပါယာက အစီအစဉ်တွေကို တစ်ခါတည်း သေသေချာချာ ပြင်နေပြီ।”
“နှစ်ဆယ်မပြည့်သေးတဲ့သူတွေအတွက် အမြင့်ဆုံးအဆင့်ပွဲပဲ …ဂိုဏ်းကတပည့်တွေ ၊ မင်းညီမင်းသားတွေ၊ တောထဲက တစ်ကိုယ်တော်ကျင့်ကြံသူအထိ အားလုံး ဂုဏ်ကျက်သရေအတွက် ပြိုင်ကြတာ”
“ဂုဏ်ပြိုင်ရုံတင်မကဘူး—ထိပ်တန်းဆယ်ဦးကို မင်းကြီးက ကိုယ်တိုင် ဆုချီးမြှင့်မယ်ဆိုလား။ အခုနှစ် ဆုတွေက အရင်နှစ်ကထက်ပိုမိုကြီးမားလာမယ်တဲ့”
“အနိုင်ရသူကလည်း အင်ပါယာနယ်မြေတဝှမ်း နှစ်ပေါင်းများစွာ နာမည်ကျော်ရုံမကဘူး။ သူ့အမည်က ကျောက်စာတိုင်လို
ခိုင်မြဲသွားမှာပဲ။”
“ဒါပေမဲ့…အနိုင်ရမဲ့လူကို ဆုံးဖြတ်ပြီးပြီမလား”
ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်ရှိခဲ့သော အငယ်ဆုံးနဲ့ အမွေဆက်ခံမှု၏ စစ်မှန်သော အနိုင်ရသူဟု လူအများက ယုံကြည်ကြသော ပိုင်ကျီဟန်ဆီ မျှော်ကြည့်နေကြသည်။
လီရွှမ်နဲ့ ကျောက်ယွဲ့ အပါအဝင် မျိုးဆက်ဟောင်းမှ ထိပ်တန်းပါရမီရှင်များကို သူအနိုင်ယူပြီးသွာချေပြီ။
အင်ပါယာတစ်လျှောက်မှာတော့ တခြားပါရမီရှင်များ ရှိနေသေးပေမဲ့ မကြာသေးမီနှစ်တွေအတွင်း ပိုင်ကျီဟန်နဲ့ မည်သူက ယှဉ်နိုင်မည်နည်း
"ကောင်းပြီ၊ ဘယ်သူသိနိုင်မလဲ။ တစ်နှစ်ကျန်သေးတယ်။ ဒီကြားထဲမှာ အများကြီးပြောင်းလဲသွားနိုင်တယ်။"
"ဟုတ်တယ်။တကယ်တော့ သူ့အစ်မက ပိုအားကောင်းတယ်လို့ ကျွန်တော်ယုံကြည်နေဆဲပါ။ပြီးတော့ ဘယ်လိုမှောင်မိုက်တဲ့ မြင်းမျိုး ပေါ်လာမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။"
"ငါ မစောင့်နိုင်တော့ဘူး”
အဝေးမှာတော့ ပိုင်ကျီဟန်သည် ငြိမ်သက်စွာရပ်နေပြီး သူ့ပတ်ဝန်းကျင်ရှိ တီးတိုးပြောဆိုသံမျာရကို အပြည့်အဝသတိထားမိနေသည်။
(နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲ?)
သူ့၏စိတ်ဝင်စားမှု မြင့်တက်လာသည်။ သူယှဉ်ပြိုင်ချင်လို့မဟုတ်ဘဲ ကြွားဝါဖို့ ထိုစင်မြင့်ပေါ်တွင် ပေါ်လာမည့် ကောင်းကင်ဘုံရွေးချယ်ခံရသူကို သိချင်လိုသာ
သူ့အကြည့်သည် ပိုင်ရွှယ်ချင်းဆီ လွင့်မျောသွားသည်။
ပိုင်ရွှယ်ချင်း၏စေ့စပ်ထားသူဟောင်း - နီဖန်းကျိုး
တစ်ချိန်က အမှိုက်ဟု နှိမ့်ချခံခဲ့ရမှုသည် ထိုအချိန်တွင် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။ လူတိုင်းမှားကြောင်း သက်သေပြဖို့ အခွင့်အရေးပင်
ပြီးတော့ ကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံး လူငယ်ကျင့်ကြံသူကို ဆုံးဖြတ်ပေးသော နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲထက် ပိုကောင်းသည့် စင်မြင့်က ဘယ်မှာရှိမည်နည်း
"ချူကျီယန်" ပိုင်ကျီဟန်က ပေါ့ပေါ့တန်တန်မေးလိုက်သည် "နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲက နောက်နှစ်မှာ ကျင်းပမယ်လို့ ကြားတယ်။ မင်း ယှဉ်ပြိုင်ဖို့ စီစဉ်ထားလား"
သူမ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏
ခဏရပ်ပြီးနောက် "ယှဉ်ပြိုင်မှာ” သူမပြောလိုက်လေသည် "ငါ ရွေးချယ်ခံရရင်ပေါ့။"
ပိုင်ကျီဟန်သည် အနည်းငယ် စိတ်ဝင်စားစွာ မျက်ခုံးပင့်လိုက်ပေသည်။
သူမလေသံက တည်ငြိမ်ပေမယ့် အနည်းငယ် သံသယဝင်သော လေသံနဲ့ ဆက်ပြောလေ၏
"ပါဝင်သူအများစုကို ရွေးချယ်ရတာ။ အဓိကဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေက သူတို့ရဲ့ အနည်းငယ်ကို အမည်စာရင်းတင်သွင်းကြတယ် ။ ဂိုဏ်းတွင်း ပြိုင်ပွဲတွေကနေတစ်ဆင့် ဒါမှမဟုတ် သူတို့ စေလွှတ်ချင်တဲ့သူတွေကိုပေါ့”
"ဒါဆို မင်းရွေးချယ်ခံရမှာ သေချာတယ်မဟုတ်လား။ ချူမျိုးနွယ်စုမှာ အသက် ၂၅ နှစ်အောက်မှာ မင်းထက် ခွန်အားကြီးတဲ့သူတွေ အများကြီးမရှိဘူးလို့ ငါထင်တယ်" ပိုင်ကျီဟန်က ပြောသည်။
ချူကျီယန်၏ အရည်အချင်းသည် ထိပ်တန်းစာရင်းဝင်ဖြစ်ပြီး ချူမျိုးနွယ်စုရှိ သူမ၏မျိုးဆက်တွင် အရည်အချင်းအရှိဆုံး ကျင့်ကြံသူဖြစ်ကြောင်း ပိုင်ကျီဟန် ကောင်းစွာ သိရှိခဲ့သည်။
ဒါတောင် သူမ ဘာကြောင့် ရွေးချယ်မခံရဘူးဟု ထင်သည်ကို သူနားမလည်ပေ။
"ဟုတ်ပါတယ်၊ အဲဒါ မှန်နိုင်ပါတယ်" ချူကျီယန်က ပြန်ဖြေသည်။
"ဒါပေမယ့် ဟိုးနောက်နှစ်တွေမှာ လာမဲ့ နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကျွန်မမှာ အရည်အချင်းပြည့်မီပါသေးတယ်။ အကြီးအကဲတချို့က ဒီပြိုင်ပွဲကို ထိုင်စောင့်နေသင့်တယ်လို့ ပြောနေကြတယ်။"
(တကယ်ပါပဲ)
ပိုင်ကျီဟန်အနေနဲ့ အဲဒါကို မစဉ်းစားမိပေ
ပြီးတော့ ၎င်းက မှန်ပေသည်။ နောက်အဆင့်မှ ယှဉ်ပြိုင်ခဲ့လျှင် သူမအဆင့်မြင့်အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်ပြီး သူမထက် အသက်ကြီးသည့် အဖွဲ့ဝင်တွေကိုလည်း အခွင့်အရေးပေးနိုင်မှာပင်
သို့တိုင် ပိုင်ကျီဟန်ကတော့ ထိုအတွေးအခေါ်မျိုးကို သဘောမတူပေ
ထိုပြိုင်ပွဲသည် အင်အားအကြီးဆုံးသူကို ဆုံးဖြတ်ဖို့ ရည်ရွယ်သည်ဆိုပါက အကောင်းဆုံးကို စေလွှတ်သင့်သည့် မဟုတ်လော
ထို့အပြင် တခြားသူတွေသာ ချူကျီယန်ကို ရှုံးနိမ့်ခဲ့ပါက သူတို့သည် ယှဉ်ပြိုင်စရာ အကြောင်းမရှိပေ
ချူမျိုးနွယ်မှ သူမကို မစေလွှတ်ရင်တောင် ကောင်းကင်ဓားဂိုဏ်းအနေနဲ့ ရွေးချယ်ခံရဖို့ အခွင့်အလမ်းများသည်။
"ဒါဆို ထိပ်တန်းဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေပဲ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့ရတာလား?"
ပိုင်ကျီဟန်က မေးလိုက်သည်။
"အဲဒါက တိုက်ရိုက်အရည်အချင်းစစ်တဲ့လမ်းကြောင်းပဲ" သူမကပြောလေ၏။ "ဒါပေမယ့် တခြားသူတွေလည်း အခွင့်အရေးရကြတယ်။"
လက်ဖက်ရည်တစ်ငုံသောက်ပြီး ဆက်ပြောပြပေးသည်
"အဓိကပွဲမတိုင်ခင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးချယ်ရေးပြိုင်ပွဲရှိတယ်။ အသက် ၂၅ နှစ်အောက် အရည်အချင်းပြည့်မီတဲ့ ကျင့်ကြံသူ ဘယ်သူမဆို ပါဝင်နိုင်တယ်။ အဲဒီကနေ အနိုင်ရတဲ့ ထိပ်ဆုံးက နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရှိတယ်။"
သူမသည် ငယ်ရွယ်သော ကျင့်ကြံသူလူအုပ်ကို လှမ်းကြည့်လိုက်ပြီး သူမအသံက တိုးတိုးလေးပင်
"ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒါကတောင်မှ ထုံးစံတစ်ခုပဲ။ နောက်ဆုံးအနိုင်ရသူတွေက ထိပ်တန်းဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေကပဲ။ အဲဒီအကြိုပြိုင်ပွဲတွေက တခြားသူတွေကို အခွင့်အရေးတစ်ခုပေးနေသလိုပဲ။"
၎င်းက မှန်ပေ၏
ကျင့်ကြံမှုအရင်းအမြစ်မပါဘဲ ပါရမီရှင်တွေ ဘယ်လောက်အထိ သွားနိုင်မည်နည်း။ အဆင့်မြင့်ဆေးပြား၊ အစွမ်းထက်သောလက်နက်များနဲ့ အဆင့်မြင့်နည်းပညာများမပါဘဲ သွားနိုင်မည်လား
ထိုအရာသည် ထိပ်တန်းဂိုဏ်း ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုမှ ပေးနိုင်သော အရာပင်
ကျောထောက်နောက်ခံမရှိသော ပါရမီရှင်သည် ပုပ်သိုးသွားကြသည်။ ပါရမီတစ်ခုတည်းနဲ့ ဘယ်တော့မှ မလုံလောက်ပေ
၎င်းသည် ကျင့်ကြံသူအများစုအတွက် မှန်ကောင်းမှန်နိုင်သည်။
ပိုင်ကျီဟန်၏အတွေးသည် နီဖန်းကျိုးဆီ ရောက်သွားခဲ့သည်။
သို့ပေမဲ့ ခြွင်းချက် အမြဲရှိနေခဲ့သည်။
တကယ်လို့ သူပြန်ထမြောက်ဖို့ ရည်ရွယ်ထားပါက သူ့၏ တစ်ခုတည်းသောလမ်းကြောင်းသည် ပဏာမပြိုင်ပွဲပင် - ဂိုဏ်းတစ်ခုကို ဝင်မထားရင်ပေါ့။
"ဟမ်... ဒီနှစ်ကတော့ ကွဲပြားနိုင်တယ်" ပိုင်ကျီဟန်က တိုးတိုးလေးပြောလိုက်သည်။
ချူကျီယန်သည် သူ့ကို ဇဝေဇဝါအကြည့်နဲ့ ကြည့်လိုက်၏
"အနိုင်ရသူက ထိပ်တန်းဂိုဏ်း ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုက မဟုတ်ဘူးလို့ ထင်နေတာလား"
"ဘယ်သူသိမှာလဲ"
ပိုင်ကျီဟန်သည် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"နင်နောက်နေတာလား ။ ဒီမှာ ငါကလွဲလို့ ဘယ်သူမှ အနိုင်ရသူဖြစ်ထိုက်တာမဟုတ်ဘူးလို့ ဂုဏ်ယူစွာ ကြေငြာလိမ့်မယ်လို့ ထင်နေတာ။"
ချူကျီယန်သည် သူ့အသံကို ချဲ့ကားပြောဆိုလိုက်သည်။
ပိုင်ကျီဟန်သည် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်မိပြီး သိသာထင်ရှားစွာ မျက်မှောင်ကြုတ်လိုက်၏
"ငါက အဲဒီလိုမျိုး မဟုတ်ပါဘူး။"
"ဟီးဟီး... ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
ချူကျီယန်က ရယ်မောလိုက်သည်။
ကတ္တီပါကောင်းကင်တွင် လမင်းသည် မြင့်တက်လာသည်နှင့်အမျှ ပွဲတော်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ဧည့်သည်များသည် နှုတ်ဆက်ကြသည်။ တစ်ချိန်က ဂီတနှင့် သက်ဝင်လှုပ်ရှားသော စကားဝိုင်းများဖြင့် ပြည့်နှက်နေသည့် လေထုသည် ယခုအခါ ညလေပြေတွင် ယိမ်းနွဲ့နေသော မီးအိမ်များ၏ နူးညံ့သော ညည်းသံများကိုသာ သယ်ဆောင်လာသည်။
အစေခံများသည် ခွက်များကို စုဆောင်းပြီး ပိုးခေါင်းအုံးများကို ပြန်လည်ခေါက်ကာ လှုပ်ရှားသွားလာကြသည်။
အစေခံများသည် မီးအိမ်များကို တစ်ခုပြီးတစ်ခု ငြှိမ်းသတ်ကြပြီး ပိုင်မျိုးနွယ်စု ခြံဝင်း၏ ခမ်းနားထည်ဝါမှုကို မှောင်မိုက်မှုဖြင့် ဖြည်းဖြည်းချင်း အစားထိုးနေသည်။
ပိုင်ကျီဟန်သည် တာဝန်ဝတ္တရားတိုင်းကို ကျေပွန်အောင် လုပ်ဆောင်ပြီး အဓိကခန်းမမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။
ပိုင်မျိုးနွယ်စု၏ အတွင်းဥယျာဉ်ကို ဖြတ်၍ ကွေ့ကောက်နေသော ကျောက်ခင်းလမ်းအတိုင်းလျှောက်ရင်း သူ့ခြေလှမ်းများသည် အရှိန်အဟုန်ဖြင့် ရပ်တန့်သွားသည်။
လရောင်သည် သူ၏ ဘယ်ဘက်ရှိ ရေကန်တွင် ရောင်ပြန်ဟပ်နေပြီး ညဘက်ပွင့်သော စံပယ်ပန်း၏ အနံ့အနည်းငယ်သည် နွေရာသီလေထဲတွင် ကျန်ရစ်ခဲ့သည်။
သူသည် တတိုင်းမွှေးသစ်ပင် တစ်ပင်အောက်တွင် ရပ်တန့်သွားသည်။
ကြယ်စက်ဝန်းများ ပြည့်နှက်နေသော ကောင်းကင်ကို ငေးကြည့်ရင်း အရွက်များသည် သူ့မျက်နှာပေါ်တွင် အရိပ်အယောင်များ ကျရောက်နေသည်။
(နောက်ထပ်တစ်နှစ်)
သူသည် အချိန်အတော်ကြာ ငြိမ်နေခဲ့ပြီး လေပြေသည် သူ့ဝတ်ရုံများကို ပေါ့ပါးစွာ တိုက်ခတ်နေခဲ့သည်။
ကမ္ဘာမြေကနေ မှတ်ဥာဏ်များရခဲ့တာ တစ်
နှစ်တောင် မပြည့်သေးပေ။ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
"စနစ်”
[အိမ်ရှင်အချက်အလက်]
အိမ်ရှင် : ပိုင်ကျီဟန်
အသက်: ၁၇
ကျင့်ကြံရေးနယ်ပယ်: ဝိညာဉ်ဖွဲ့စည်းမှု (အစောပိုင်းအဆင့်)
ဖွဲ့စည်းပုံ: အဆင့်မြင့် တာအိုအရိုး
ကိုယ်ခံပညာ: အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (အထူးကျွမ်းကျင်အဆင့်)
ထာဝရစီးဆင်းနေသော ရေဓား ( သာမန်အဆင့်)
တစ်နှစ်တည်းမှာပင် အဓိက ဖွဲ့စည်းမှုအဆင့်ကနေ ဝိညာဉ် ဖွဲ့စည်းမှုနယ်ပယ်အထိ ရောက်ရှိလာသည်။
လူအများစုသည် ၎င်းတို့၏ တစ်သက်တာလုံးတွင် မအောင်မြင်နိုင်သော အရာတစ်ခု၊
ဒါပေမယ့် သူသည် လပိုင်းအတွင်းမှာပဲ အောင်မြင်ခဲ့သည်။
ထို့နောက် သူ၏ ဓားရည်ရွယ်ချက် အလယ်အလတ်အဆင့် ၊ အဆင့်မြင့် တာအိုအရိုးနဲ့ ကောင်းကင်အဆင့် နည်းစနစ်နှစ်ခုကို ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့သည်။
သူလက်ရှိအစွမ်းနဲ့ဆိုရင် လွန်ခဲ့တဲ့နှစ်က သူ့ကိုယ်သူ တစ်မိနစ်အတွင်း၌ အကြိမ်တစ်သန်းလောက် သတ်ပစ်နိုင်၏
သို့တိုင် အားလုံးသည် သူ့ကိုယ်ပိုင်အရည်အချင်းကြောင့်ဟု ယုံကြည်ရလောက်အောင် မာနမကြီးခဲ့ပေ
စနစ်မရှိပါက ဒီနေ့သူရခဲ့သော ဆယ်ရာခိုင်နှုန်းတောင် အောင်မြင်နိုင်ပါ့မလားဟု သံသယဝင်ခဲ့သည်။
စနစ်မျက်နှာပြင်ကြောင့် နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးခဲ့သည့် အရာအားလုံးကို သူမေ့လုနီးပါးဖြစ်နေချေပြီ။
အခုတော့ အားလုံးတန်ဖိုးရှိသည်ဟု ခံစားရသည်။
သူ့၏ ယခင်ကြောက်ရွံ့မှုဖြစ်သော ဇာတ်ကောင်၏ သတ်ဖြတ်ခြင်းခံရမည့်အရာလည်း ပျောက်ကွယ်သွားလုနီးပါးပင်
တစ်ခုအနေနဲ့ ကောင်းကင်ရွေးချယ်ခံရသူသည် အလွန်ရှားပါးသည်ကို သူသဘောပေါက်လာသည်။
တစ်နှစ်အတွင်း သုံးယောက်ပဲ တွေ့ဖူးချေသည်။
ပြန်တွေးကြည့်လျှင် ကျိုးကြောင်းဆီလျော်၏ ။ ကောင်းကင်ဘုံ ရွေးချယ်သူများသည် ဂေါ်ဖီထုပ်လို ကြီးထွားလာတာမဟုတ်ပေ။ တကယ်လို့ သူတို့ပေါ်ပေါက်လာခဲ့လျှင်ပင် အပြင်ထွက်ဖို့ ကြောက်နေကြမည်သာ
နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ သူ့ကိုယ်ပိုင်အစွမ်းပင်။ သူဘယ်လောက်ဝေးဝေးရောက်လာခဲ့သည်နှင့်ကံကြမ္မာကြယ်
နည်းသော ကောင်းကင်ရွေးချယ်သူသည် သူ့ကို နောက်ထပ်ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
သူ့အနေမဲ့ သူတို့ကို လျှော့တွက်သည်လည်း မဟုတ်ပေ
ကြယ်တစ်ပွင့်အဆင့် ကောင်းကင်ရွေးချယ်သူတောင် လျှို့ဝှက်ကတ်ကို အသုံးပြုပြီး သူ့အား သတ်လုနီးပါး ဖြစ်ခဲ့ဖူး၏
သူ အမြဲသတိရှိနေဖို့ လို၏ - အမှားတစ်ခုကြောင့် သူ့ဘဝ အဆုံးသတ်သွားနိုင်၏ တခြား ဗီလိန်တွေလိုပင်
သူ့အနေနဲ့ ထိုအရာများကို စဉ်းစားနေတုန်းမှာပဲ အနီးအနားတွင် တခြားတစ်ယောက် ရှိနေသည်ကို ခံစားလိုက်ရသည်။
ရင်းနှီးနေတဲ့သူပင်
သူ လှည့်မကြည့်ပေ။ တိုးတိုးလေးပဲ ပြောလိုက်၏
"လောင်ချင်း”
တတိုင်းမွှေးအပင်နောက်ကနေ လူတစ်ယောက် တွန့်ဆုတ်နေပြီး လရောင်ထဲကို ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူမ ဝတ်ရုံသည် ငွေရောင်ကြိုးကြာပန်းများနဲ့ ပန်းထိုးထားပြီး သူမ၏ မှောင်မိုက်သော ဆံပင်တွေကို သစ်ခွပန်းအတံ တစ်ချောင်းနဲ့ ရိုးရိုးရှင်းရှင်း ချည်ထား၏
သူမကို သတိထားမိသွားတာကြောင့် အံ့သဩသွားပုံရ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပေသည်။
"သ သခင်လေး ပိုင်ကျီဟန်.."
သူမအသံက တိုးတိုးလေးပင်။ သို့တိုင် ည၏တိတ်ဆိတ်မှုထဲတွင် သူ့ဆီကို ရှင်းရှင်းလင်းလင်း ရောက်လာချေ၏
ပိုင်ကျီဟန်သည် နောက်ဆုံးတော့ သူမကို လှည့်ကြည့်လိုက်သည် ။ သူ့မျက်နှာက တည်ငြိမ်ပေမဲ့ စပ်စုနေသည်။
" ဘာလို့ ဒီရောက်နေတာလဲ၊ လောင်ချင်း?"
" ကျွန်မ..အာ…"
သူမသည် သူမ လက်ရှည်အင်္ကျီကို လှုပ်ယမ်းနေ၏ လရောင်အောက်တွင် သူမပါးများက ပန်းရောင်သန်းနေချေပြီ။
သူမ လှည့်ထွက်ပြေးတော့မည့်ပုံပင်
သို့တိုင် သူမ အသက်ကို ပြင်းပြင်းရှူပြီး သူ့ကို တည့်တည့်ကြည့်လိုက်၏ ခဏလေးပင်.. ပြီးတော့
"...မွေးနေ့မှာ ပျော်ရွှင်ပါစေ"
သူမအသံက တုန်ရီနေ၏
ပြီးတော့ သူမ သတ္တိများ ပျောက်သွားမည်ကို ကြောက်နေသလိုပင်။ ရှေ့ကို တိုးလာပြီး ငွေရောင်ဖဲကြိုးနဲ့ ချည်ထားသော သေးငယ်ပြီး သပ်ရပ်သည့် သေတ္တာတစ်လုံးကို ကမ်းပေးလိုက်သည်။
"ဒါက… သခင်လေးအတွက်။"
ပိုင်ကျီဟန် မျက်တောင်ခတ်လိုက်သည်။
လက်ဆောင်က အထူးအလှဆင်ထားတာ မဟုတ်ပေ။ ရိုးရှင်းသော သစ်သားသေတ္တာတစ်လုံး၊ ပွတ်တိုက်ပြီး နူးညံ့စွာ ထွင်းထုထားတာပင်။ သို့တိုင် တစ်နည်းနည်းနဲ့ ရိုးရှင်းတာက ပိုပြီး ရိုးသားစေ၏
သူသည် ပေါ့ပါးသော အပြုံးနဲ့ လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်”
သူ့အသံသည် ပုံမှန်ထက် ပိုနွေးထွေးနေ၏
၎င်းတစ်ခုတည်းနဲ့တင် လောင်ချင်းမျက်နှာ သည် ရှက်သွားချေသည်။
သို့တိုင် သူဘာမှထပ်မပြောနိုင်ခင်မှာပဲ သူမသည် အနည်းငယ်ဦးညွှတ်လိုက်၏ ထို့နောက် သူမခြေဖနောင့်ကို လှည့်ပြီး အလျင်အမြန် ထွက်သွားသည်။ သူမ ဝတ်ရုံအစွန်းကို ခလုတ်တိုက်မိတော့မလိုပင် ဖြစ်သွားသေးသည်။
သူမ၏ တိတ်ဆိတ်သော ခြေလှမ်းသည် လမ်းတစ်လျှောက် ပျောက်ကွယ်သွားချေပြီ
ပိုင်ကျီဟန်သည် တတိုင်းမွှေးအပင်အောက်တွင် ကျန်နေခဲ့ပြီး သူ့လက်ထဲကသေတ္တာကို ငုံ့ကြည့်နေ၏
သူ တိုးတိုးလေး ရယ်လိုက်လေသည်။
"မိုက်မဲတဲ့ကောင်မလေး”
သူသည် ရိုးရှင်းသော ကြိုးကိုဖြည်ပြီး သေတ္တာကို ဂရုတစိုက်ဖွင့်လိုက်ပေသည်။
အထဲတွက် သပ်ရပ်စွာခေါက်ထားသည့် အထည်ခါးပတ်တစ်ခုရှိနေ၏ နူးညံ့သော မီးခိုးရောင်၊ အပြာရောင်ချည်တွေနဲ့ လက်ရက်လုပ်ထားတာပင်
ချုပ်ရိုးများသည် နေရာအတော်များများတွင် အနည်းငယ် မညီမညာဖြစ်နေပေမဲ့ ၎င်းက သူ့၏ ဆွဲဆောင်မှုကို ပိုတိုးစေသည်။
ဒါက ရိုးရှင်းပြီး ပန်းထိုးတာ ဒါမှမဟုတ် အလှဆင်တာမျိုး မပါပေ။ သို့တိုင် ဂရုတစိုက်ပြုလုပ်ထားပြီး သူ့အတွက် ရည်ရွယ်ထားတာထင်ရှား၏
သူသည် အထည်ပေါ်တွင် လက်ချောင်းများနဲ့ ပွတ်သပ်လိုက်သည်။
၎င်းသည် ပေါ့ပါးပေမဲ့ ခိုင်မာ၏ လက်တွေ့ကျပေသည်။
သူသည် ကြယ်ရောင်ထဲတွင် ၎င်းကို ကိုင်ထားရင်း အပြုံးဖျော့ဖျော့တစ်ခုသည် သူ့နှုတ်ခမ်းတွင် ပေါ်လာချေသည်။
သူ့အတွက် ထိုလက်ဆောင်သည် သူတကယ်အသုံးမပြုမဲ့အပြင် ဘယ်တော့မှ ထိတွေ့ ကိုင်တွယ်မှာတောင် မဟုတ်သည့် မင်းသားနဲ့ မင်းသမီးက ပေးခဲ့သော လက်ဆောင်များထက် အများကြီးပိုအဓိပ္ပာယ်ရှိန၏
"ဒီနှစ်က ပြီးခဲ့တဲ့နှစ်လိုပဲ စိတ်ဝင်စားစရာကောင်းမယ်လို့ မျှော်လင့်ရတယ်”