ကောင်းကင်ဓားဂိုဏ်းသို့ပြန်ခြင်း
Vol. 14 Ch. 210
မွေးနေ့ပွဲအပြီး သုံးရက်အကြာတွင် ပိုင်ကျီဟန်သည် ပိုင်ရွှယ်ချင်း၊ ချူကျီယန်တို့နှင့်အတူ ကောင်းကင်ဓားဂိုဏ်းသို့ ပြန်လာရန် စီစဉ်ထားသည်။
ကြီးမားသော ပျံသန်းသည့်သင်္ဘောသည် ကောင်းကင်ဓားဂိုဏ်း၏ ရေပေါ်သင်္ဘောကျင်းများပေါ်သို့ ဆင်းသက်လာသောအခါ ဘိုင်ဇီဟန်သည် တည်ငြိမ်စွာ ထွက်လာခဲ့သည်။
သို့သော် ပတ်ဝန်းကျင်သည် သူဂိုဏ်းသို့ ပထမဆုံးရောက်ရှိသည့်နေ့နှင့် လုံးဝကွာခြားနေသည်။
ထိုအချိန်က သာမန်လူတစ်ယောက်ဟု တီးတိုးပြောဆိုသံများသည် သူ့နောက်သို့ အရိပ်များကဲ့သို့ လိုက်ပါသွားခဲ့သည်။ လူအများသည် သူ့ဝင်ရောက်လာမှုကို လှောင်ပြောင်ခဲ့ကြပြီး မိသားစုဂုဏ်သိက္ခာကို စီးနင်းထားသော ပိုင်မျိုးနွယ်၏ ကျရှုံးသူဟု ခေါ်ဝေါ်ခဲ့ကြသည်။
ယခုလား။
ယခုအခါ လူများသည် သူ့ကို ကောင်းကင်မှ ဆင်းသက်လာသော ကောင်းကင်သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်ကြသည်။
မျက်လုံးများသည် သူ့နောက်သို့ အံ့သြချီးကျူးစွာ လိုက်ကြည့်ကြသည်။
ကျင်ကြံသူများ - တပည့်များနှင့် အကြီးအကဲများသည် ၎င်းတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး လူအများက အသိအမှတ်ပြုသည့်အနေဖြင့် အချင်းချင်း တွန်းထိုးနေကြသည်။
"ပိုင်ကျီဟန်..သူ နောက်ဆုံးတော့ ပြန်လာပြီ”
"သူ ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်နေပြီလို့ ငါကြားတယ်။ ဓားရည်ရွယ်ချက်ကိုလည်း အောင်မြင်ပြီလို့လည်း ကောလာဟလတွေ ထွက်နေတယ်။ မယုံနိုင်စရာပဲ”
"သူ့ကို အလဟဿလို့ ပြောတဲ့သူကို ဝိညာဉ်သားရဲတွေဆီ ကျွေးရမယ်”
"ဆိုးလိုက်တာ! ငါသူ့ကို စောစောစီးစီး မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေး လွတ်သွားတယ်။"
တီးတိုးပြောဆိုသံများနှင့် ချီးကျူးသံများသည် လူအုပ်ကြားတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
အမျိုးသမီးတပည့်များလည်း ခြွင်းချက်မရှိပေ
အချို့က ပွင့်ပွင့်လင်းလင်း သက်ပြင်းချကာ ပါးပြင်ပေါ်တွင် လက်များတင်ရင်း မျက်လုံးများက လွမ်းဆွတ်မှုဖြင့် တောက်ပနေသည်။
"သူ သင်္ဘောပေါ်က ဘယ်လိုဆင်းလာလဲဆိုတာ မြင်လား။ ကောင်းကင်က မြင့်မြတ်တဲ့သူတစ်ယောက်လို ကျက်သရေရှိတယ်”
"အရမ်းထက်မြက်ပြီး ချောမောတယ်... သူက အိပ်မက်ထဲက တာအိုအဖော်ပဲ”
"သူ့ရဲ့ မယားငယ်ဖြစ်ရလည်း ငါ ဂရုမစိုက်ဘူး”
သူတို့ ရယ်သံများနှင့် တီးတိုးပြောဆိုသံများ ပိုမိုကျယ်လောင်လာသည် ။ ပိုင်ကျီဟန်ဘေးတွင် လျှောက်လာသော ချူကျီယန်သည် ခေါင်းကို အနည်းငယ်လှည့် မလာခင်အထိသာ
သူမ၏ ထက်မြက်ပြီး အေးစက်သော အကြည့်သည် အဖွဲ့ကို လွှမ်းခြုံသွားသည်။
ချက်ချင်း တိတ်ဆိတ်သွားသည်။
ပို၍ ဆင်ခြင်တုံတရားရှိသောသူများသည် ၎င်းတို့၏ ခေါင်းများကို လျင်မြန်စွာ ငုံ့ထားသည် သို့မဟုတ် အခြားဘက်သို့ ပြန့်ကျဲကာ ဘာမှ မပြောဟန်ဆောင်ကြသည်။
ချူကျီယန်သည် စကားတစ်ခွန်းမှ မပြောပေ ။ သူမ ပြောဖို့ မလိုအပ်ပေ
ချူကျီယန်သည် စိတ်တိုတိုနဲ့ သူမနဖူးကို ပွတ်သပ်ရင်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။
(ပထမတော့ လူတွေက ကျွန်မက သူ့အတွက် အရမ်းကောင်းလွန်းတယ်လို့ ပြောနေကြတယ်... အခုတော့ သူတို့အားလုံးက အချစ်ရေးမှာ ရူးသွပ်တဲ့သူတွေလို တန်းစီနေကြတယ်။)
(ပြီးတော့ စတုတ္ထမင်းသမီးအကြောင်းတောင် ကျွန်မကို စကားမစပါနဲ့...)
စတုတ္ထမင်းသမီး၏ ကြေငြာချက်ကြောင့် ချူကျီယန်၏ မိသားစုအကြီးအကဲများသည် သူမကို အဆက်မပြတ် နှောင့်ယှက်နေကြသည်။ ပိုင်ကျီဟန်ကို ကောင်းကောင်းဆက်ဆံပြီး သူ့ကို လွတ်မသွားစေဖို့ပင်
တချို့က လက်ထပ်မည့်ရက်ကို အမြန်ဆုံးသတ်မှတ်ပြီး ကလေးယူဖို့တောင် အကြံပြုကြသည်။
ဒါကို စဉ်းစားရုံနဲ့တင် သူမကို ဒေါသထွက်စေသည်။
ပိုင်ကျီဟန် တန်ဖိုးတွေ မြင့်တက်လာသည်နဲ့ သူမတန်ဖိုးက အရေးမကြီးတော့သလိုပင်။
ပိုင်ကျီဟန် ကတော့ ဘာမှဂရုမစိုက်ခဲ့ပေ
ကျော်ကြားမှုလား။ ချီးကျူးမှုလား။ ချစ်ခင်မှုလား။
ဒါတွေအားလုံးသည် သူ့အတွက် အဓိပ္ပာယ်မရှိပေ။ လူတွေ သူ့ကို စော်ကားတာပဲဖြစ်ဖြစ်၊ ကိုးကွယ်တာပဲဖြစ်ဖြစ် သူက သူ့လမ်းကို လျှောက်သွားရုံသာ
ဂုဏ်ဒြရပ်တွေကို လိုက်ရှာခြင်းသည် သူဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သော အရာပင်
သူ့မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်ဘက်ကို အနည်းငယ်လှည့်လိုက်သည်။
"ငါ့ခြံထဲကို အရင်သွားနှင့်မယ်။"
"အင်း။" ပိုင်ရွှယ်ချင်းသာါ ခေါင်းညိတ်ပြလိုက်သည်။
"အနားယူလိုက်တော့ ။ နင်အဖို့ ဆူညံသံတွေ ကြားနေရတာကြာပြီ။"
ချူကျီယန်သည် သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။
ပိုင်ကျီဟန်သည် သူ့ခြံထဲကို ဝင်လာသည်။
လေပြေညင်းညင်းလေးသည် ပတ်ဝန်းကျင်ရှိ ဝါးရွက်များကို လှုပ်ခါစေပေမဲ့ ခြံဝင်းကတော့ ငြိမ်သက်နေဆဲပင်။ အပြစ်အနာအဆာကင်းစင်ပြီး တိတ်ဆိတ်ငြိမ်သက်နေ၏
သူ့ခြေထောက်သည် ကျောက်လမ်းကို ထိလိုက်သည့် အချိန်မှာတော့ ရင်းနှီးတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေး”
လင်းရွှမ်သည် အတွင်းတံခါးအနီးတွင် လှည့်ပတ်နေရာမှ လျင်မြန်စွာထရပ်လိုက်သည်။
ရိုးရှင်းသောဝတ်ရုံများကိုဝတ်ဆင်ထားပြီး အင်္ကျီလက်ရှည်များကို လိပ်တင်ထားကာ လူငယ်သည် ခဏတာ စိတ်ရှုပ်ထွေးသွားပုံရပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
"ပြန်လာတာကို ကြိုဆိုပါတယ်”
ပိုင်ကျီဟန် ခဏရပ်လိုက်သည်။
"လင်းရွှမ်”
ယခုအခါ အဓိကတပည့်တစ်ဦးဖြစ်နေသော်လည်း လင်းရွှမ်သည် သူ့ကို ယခင်အတိုင်းပင် နှုတ်ဆက်နေဆဲဖြစ်သည်။ ဘာမှမပြောင်းလဲသကဲ့သို့ပင်။
အတင်းနှိမ့်ချသော နှိမ့်ချမှုဖြင့်မဟုတ်ဘဲ စစ်မှန်သော နွေးထွေးမှု၊ ကျေးဇူးတင်မှုဖြင့်။
ပိုင်ကျီဟန်သည် သူ့ကို ဤနေရာတွင် မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကောင်းကင်ဓားဂိုဏ်းသည် လင်းရွှမ်အား ကောင်းစွာပြုစုပျိုးထောင်ရန် အာရုံစိုက်ထားပြီး အများစုတွင် သူသည် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။
သို့သော် သူ၏တံခါးပိတ် ကျင့်ကြံမှုသည် နောက်ဆုံးတွင် အဆုံးသတ်သွားပုံရသည်။
ပိုင်ကျီဟန်သည် ခြံဝင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
အရွက်တစ်ရွက်မှ မကျပေ ။ ရေကန်သည် တောက်ပနေပြီး ကျောက်လမ်းများကို ပွတ်တိုက်ထားကာ ဆေးဖက်ဝင် အပင်အိုးများကို အမျိုးအစားနှင့် အရွယ်အစားအလိုက် ချိန်ညှိထားပြီး မြက်များကို ကောင်းစွာဖြတ်တောက်ထားသည်။
အရမ်းစေ့စပ်သေချာလွန်းသည်။ လင်းရွှမ်က ဒါကို ပုံမှန်လုပ်နေသည့်ပုံပင်။
"ဒီနေရာကို တစ်ချိန်လုံး ဂရုစိုက်နေတာလား"
လင်းရွှမ်သည် သူ့ပါးကို ရှက်ရွံ့စွာ ကုတ်လိုက်သည်။
"ဒါက သခင်လေးရဲ့ အစေခံတစ်ယောက်အနေနဲ့ ကျွန်တော်တာဝန်ပဲ။ သခင်လေးပြန်လာတဲ့အခါကျ အဆင်ပြေအောင် သေချာသန့်ရှင်းရေးလုပ်ထားရမယ်။"
ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာအမူအရာသည် ခန့်မှန်းမရသည့်တိုင် သူ့မျက်လုံးထဲမှာတော့ နွေးထွေးမှုလေး ဖြတ်ပြေးသွားချေသည်။
သူ့အဆင့်အတန်းနဲ့ဆို ထိုအလုပ်ကို လက်လုပ်လက်စား တစ်ယောက်ကို ခိုင်းဖို့ လွယ်သည်။ သို့တိုင် သူလက်လုပ်လက်စားဘဝတုန်းကလို သူကိုယ်တိုင်လုပ်ဖို့ ဇွဲရှိနေဆဲဟု ထင်ရသည်။
သူ့အကြည့်သည် လးင်ရွှမ်ဆီ ပြန်ရောက်သွားပြန်သည်။ ဒီတစ်ခါတော့ ပိုပြတ်သားလာ၏
ရွှေအမြုတေနယ်ပယ်
(T/N : ရွှေဗဟိုနယ်ပယ်နဲ့အတူတူပင်)
တည်ငြိမ်ပြီး ခိုင်မာသော အုတ်မြစ်။ အတက်အကျမရှိ.မတည်ငြိမ်တာမျိုးမရှိပေ ။
သူ မကြာသေးခင်ကမှ ဖြတ်ကျော်နိုင်ခဲ့ပေမဲ့ သန့်စင်ပြီးသားပင်။
၎င်းသည် သူ့၏ စစ်မှန်သော အစွမ်းအစတောင် မဟုတ်ပေ။ သူ့၏ နားလည်မှုပင်
သူ့ကို နည်းစနစ်တစ်ခုပေးလိုက်လျှင် နာရီပိုင်းအတွင်း သူနားလည်သွားလိမ့်မည်။ ရက်အနည်းငယ်အတွင်း ကျွမ်းကျင်မှုကိုရောက်ပေသည်။ ရက်သတ္တပတ်အနည်းငယ် အတွင်း ပြီးပြည့်စုံမှုအဆင့်ထိ ရောက်သည်။
၎င်းသည် သူ့၏လှည့်စားနိုင်စွမ်း အစစ်အမှန်ပင်။
သူ့၏ကျင့်ကြံမှုအမြန်နှုန်းသည် သူ့၏နားလည်နိုင်စွမ်းနဲ့ ယှဉ်ပါက အတော်လေးနိမ့်ကျနေပေမဲ့ ရွှေအမြုတေနယ်ပယ် အဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့သည်။
ပိုင်ကျီဟန်ကိုယ်တိုင် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်ခဲ့ပေမဲ့ ပိုပြီး ကြီးမားသော အောင်မြင်မှုတစ်ခုသည် သူ့စနစ်၏ ပံ့ပိုးမှုကြောင့်သာ ဖြစ်သည်ကို သိပေ၏။
တကယ်တော့ လင်းရွှမ်သည် ဇာတ်လိုက်တစ်ယောက်ပင်
"ရွှေအမြုတေအဆင့်ရောက်ပြီလား?"
ပိုင်ကျီဟန်သည် တည်ငြိမ်စွာပြောလိုက်သည်။
လင်းရွှမ်က အနည်းငယ်ရှက်နေပုံရသည်။
"သခင်လေးရဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူး။"
လင်းရွှမ်သည် ရှက်ရွံ့သည့် အပြုံးနဲ့ သူ့လည်ပင်းနောက်ကို ပွတ်သပ်ရင်းပြောလိုက်
၏။
"ဂုဏ်ယူပါတယ် သခင်လေး”
သူ အနည်းငယ် မတ်တပ်ရပ်လိုက်သည်။ အရင်ကလို ရှက်တတ်သော လက်လုပ်လက်စား သမား မဟုတ်တော့ဘဲ ယုံကြည်မှုရှိသည့် ကျင့်ကြံသူတစ်ယောက်ဟန်ပန်ကို ဆောင်ထား၏
"သခင်လေးရဲ့အသက်အရွယ်မှာ ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်တာ၊ ဓားရည်ရွယ်ချက်ကို နားလည်တာ၊ ဂိုဏ်းတစ်ခုလုံးက သခင်အကြောင်း ပြောနေကြတယ်။"
သူက တိုးတိုးလေး ရယ်လိုက်၏
"သခင်လေးက လူအများအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါပြီ" လင်းရွှမ်သည် စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ "အကြီးအကဲတွေက တပည့်တွေကို လှုံ့ဆော်ဖို့ သခင်လေးကို စံပြပုဂ္ဂိုလ်အဖြစ် အသုံးပြုနေကြတယ်။ သခင်လေးက လူတိုင်း အတုယူသင့်တဲ့ ကျင့်ကြံသူမျိုးပဲလို့ သူတို့ပြောကြတယ်။"
ပိုင်ကျီဟန်သည် တိုးတိုးလေး ရယ်လိုက်သည်။ လှောင်ပြောင်တာတော့ မဟုတ်ပေမဲ့ သိပ်အထင်ကြီးစရာတော့ မဟုတ်ပေ
ထိုအကြီးအကဲတွေကပဲ သူ့ကို တပည့်အဖြစ် ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့သည်ကို သူသိပေ၏
သူ သူတို့ကို မကြိုက်ဘူးဟု မပြောဘဲ သူတို့ စည်းရုံးမှု အလုပ်ဖြစ်ဖို့ မျှော်လင့်ခဲ့သည်။ ဒါဆို သူ ကောင်းကင်ဓားဂိုဏ်းကို မလာဘဲနေလို့ ရလောက်ပြီ။
ဒါပေမယ့် အခု စဉ်းစားကြည့်တော့ ဒါက အကောင်းဆုံးဖြစ်နိုင်သည်။
ကောင်းတာရော၊ ဆိုးတာရော အများကြီး ဖြစ်ပျက်ခဲ့ပေမဲ့ လင်းရွှမ်နဲ့ တွေ့ဆုံခြင်းသည် အကောင်းဆုံးရလဒ် ဖြစ်ကောင်းဖြစ်နိုင်၏
သူတို့ဆက်ဆံရေးသည် ကောင်းမွန်ပြီး လင်းရွှမ်သည် သူ၏ရန်သူ ဖြစ်မလာနိုင်ဘူးဟု သူ ယုံကြည်ချင်ခဲ့သည်။
သို့တိုင် ၎င်းသည် အနာဂတ်ကသာ ဆုံးဖြတနိုင်သော အရာပင်။ ဘာတွေဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။
လင်းရွှမ်သည် ဆက်ပြောသည် “ဂိုဏ်းခေါင်းဆောင်တောင်မှ သခင်လေးကို အကြိမ်ပေါင်းများစွာ ချီးကျူးပြောဆိုခဲ့တယ်”
ပိုင်ကျီဟန်က ခေါင်းညိတ်ပြီး လင်းရွှမ်စကားတွေ၏ အလေးချိန်သည် သူ့ရင်ဘတ်ထဲတွင် တိတ်ဆိတ်စွာ နစ်မြုပ်သွားသည်။
“ငါက လှိုင်းလုံးကြီးတွေကို နှိုးဆွပေးနေသလိုပဲ” သူက အပြုံးဖျော့ဖျော့နဲ့ ပြောလေ၏ “ဒါပေမယ့် ဘွဲ့တွေနဲ့ ချီးကျူးစကားတွေက ငါ့ကို ပိုသန်မာစေမှာ မဟုတ်ဘူး။ ကြိုးစားအားထုတ်မှုတွေကသာ ခွန်အားဖြစ်စေလိမ့်မယ်။”
လင်းရွှမ်သည် ပြန်ပြုံးပြပြီး သူ့မျက်လုံးထဲ၌ လေးစားမှု ပေါ်လွင်နေသည်။
တကယ်တော့ သူ့၏ သခင်လေးသည် သူ့ဘဝ ဒါမှမဟုတ် ရွေးချယ်မှုကို တခြားသူတွေအား ဆုံးဖြတ်ခွင့်ပေးမည့် သူမျိုး မဟုတ်ပေ။
၎င်းကပဲ သူ့ကို သခင်လေး ရွေးချယ်ခဲ့သော အကြောင်းရင်းဟု လင်းရွှမ်က ယုံကြည်သည်။