← Chapters

ပယ်ဖျက်ခြင်းနဲ့ မာနကြီးမှု

Vol. 14 Ch. 211

ပယ်ဖျက်ခြင်းနဲ့ မာနကြီးမှု

Vol. 14 Ch. 211

"ပြန်လည်ကြိုဆိုပါတယ် သခင်လေး”

ဖန်ကျင်းယန်နှင့် ခုန်ကျန်းဟုန်တို့ အမူအရာများသည် လေးစားမှုရှိပြီး စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးလာကြသည်။

သူတို့ကို ကူးပြောင်းခြင်းကျောက်စိမ်းမှတစ်ဆင့် ပိုင်ကျီဟန်မှ ဆင့်ခေါ်ခဲ့သည်။

ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြပြီးနောက် တည့်တည့် ပြောလိုက်သည်။

"ငါမရှိတုန်း ဒီမှာ တစ်ခုခုဖြစ်သေးလား"

ဖန်ကျင်းယန်သည် ရှေ့သို့ တိုးလာပြီး အနည်းငယ်ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။

"သခင်လေး၊ သခင်လေးမရှိတဲ့အချိန်မှာ ဘာမှထူးခြားတဲ့ အဖြစ်အပျက်တွေ မဖြစ်ပွါးခဲ့ပါဘူး။"

ခဏရပ်လိုက်ပြီးမှ သူ့အမူအရာက လေးနက်သွားသည်။

"ဒါပေမယ့် ဂိုဏ်းအတွင်း တင်းမာမှုတွေက ပေါက်ကွဲလုနီးပါးဖြစ်နေပြီ။ အဓိကဂိုဏ်းနှစ်ခုက ပဋိပက္ခဖြစ်ပွါးတော့မဲ့ အစွန်းမှာ ရှိနေပါတယ်။"

ပိုင်ကျီဟန် မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသော်လည်း သူဘာမှမပြောဘဲ ဆက်ပြောတာကိုသာ စောင့်နေလိုက်သည်။

"အကြီးအကဲဟန် ဦးဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးဂိုဏ်းက တက်ကြွစွာ လှုပ်ရှားနေတာပါ။ သူက အကြီးအကဲတွေကို သာမကဘဲ ထိပ်တန်းတပည့်တွေကိုပါ စုဆောင်းနေပြီး အကျိုးကျေးဇူးတွေ၊ အရင်းအမြစ်တွေနဲ့ တားမြစ်ထားတဲ့ နည်းစနစ်တွေကိုတောင် အသုံးပြုခွင့်ပေးနေတာပါ”

ဖန်ကျင်းယန်သည် အသံတိုးတိုးဖြင့် ဆက်ပြောသည်။

"သူ့ရဲ့ ရည်မှန်းချက်ကို ဖုံးကွယ်ထားလို့ မရတော့ပါဘူး။ အခုအချိန်မှာ ဘယ်သူ့အတွက်မဆို သိသာထင်ရှားပါတယ်—သူက ဂိုဏ်းခေါင်းဆောင်ရဲ့ ရာထူးကို သူ့ဘာသာသူ သိမ်းပိုက်ဖို့ ရည်ရွယ်ထားပါတယ်။"

ပိုင်ကျီဟန်မျက်နှာအမူအရာသည် တည်ငြိမ်နေ၏

ဂိုဏ်းခေါင်းဆောင် မည်သူဖြစ်လာမည်ကို သူ အထူးဂရုမစိုက်ပေမဲ့ ပိုင်မျိုးနွယ်စုကတော့ လက်ရှိဂိုဏ်းခေါင်းဆောင်နဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။

ဂိုဏ်းခေါင်းဆောင်သည် အဖေ၏အဆိုပြုချက်ကို သဘောတူခြင်းအပေါ် သူ မကြိုက်ပေမဲ့ လက်ရှိဂိုဏ်းခေါင်းဆောင်သည် နောက်ကွယ်ကနေ ဂိုဏ်းထဲကို ဝင်နိုင်အောင် ကူညီပေးခဲ့သည်။

ဖြစ်နိုင်ပါက လက်ရှိဂိုဏ်းခေါင်းဆောင်ကို ကူညီရမည်ကို သူ ဂရုမစိုက်ပေ။ သို့တိုင် အရာအားလုံးက ထိန်းမနိုင်သိမ်းမရ ဖြစ်နေရင်တော့သူ ဘာမှ မတတ်နိုင်ခဲ့ပေ

"မင်း သူတို့ကို အနီးကပ် စောင့်ကြည့်နေခဲ့တာပဲ”

သူက ပြောလေ၏

ဖန်ကျင်းယန်သည် ခေါင်းညိတ်ပြလိုက်သည်။

"သူတို့ အပိုင်းအစလေးတွေအထိ သေချာ စိုက်ကြည့်ထားပါတယ်။ နက်နက်ရှိုင်းရှိုင်းတော့ မဟုတ်သေးပေမယ့် အဓိက အချက်အလက်တွေကို ရဖို့ လုံလောက်ပါတယ်။ စိုးရိမ်စရာ အကောင်းဆုံးအပိုင်းကတော့ အခု သူတို့က ပြင်ပလူတွေနဲ့ ပတ်သက်နေတယ်။"

"ပြင်ပလူတွေလား?"

ပိုင်ကျီဟန်သည် ခပ်တိုးတိုးပြောလိုက်သည်။

"သူတို့က မျိုးနွယ်စုအမျိုးမျိုးနဲ့ ဆက်သွယ်ပြီး ပြင်ပအကူအညီတွေ ရှာဖွေနေကြတယ်၊ အထူးသဖြင့် ရှန်မျိုးနွယ်စု" ဖန်ကျင်းယန်သည် အသံကို နှိမ့်ပြီး ပြောလိုက်သည်။

"ရှန်မျိုးနွယ်စုလား?"

မေ့လုနီးပါးဖြစ်နေသော နာမည်ကို ကြားလိုက်ရတော့ ပိုင်ကျီဟန်သည်မျက်လုံးပြူးသွားသည်။

ဖန်ကျင်းယန်က ခေါင်းညိတ်ပြလိုက်သည်။

"ဘယ်လို ကူညီိနိုင်မလဲဆိုတာကတော့... ခန့်မှန်းစရာ သိပ်မရှိဘူး။"

သူသည် ပိုင်ကျီဟန်ကို တည့်တည့်ကြည့်လိုက်သည်။

ပိုင်ကျီဟန်သည် ပြန်ကြည့်ပြီး သိလိုစိတ်နဲ့ ခေါင်းညိတ်ပြလိုက်သည်။

ရှန်မျိုးနွယ်စုသည် အကြီးအကဲရှန်နှင့်ရှန်လျန့်တို့ကတစ်ဆင့် အကြီးအကဲဟန်နဲ့ အမြဲတမ်း ဆက်နွယ်နေခဲ့သည်။

အခြေအနေများ ဆိုးရွားလာသည့်အခါ ဂိုဏ်းခေါင်းဆောင်ဆန့်ကျင်ရေးအဖွဲ့သည် အကြီးအကဲရှန်ကို မထောက်ခံခဲ့သည့်တိုင် ရှန်မျိုးနွယ်စု တန်ဖိုးကို သူတို့ မေ့မသွားဘူးဆိုတာ ထင်ရှားသည်။

ပြီးတော့ သူတို့ မျက်နှာသာရဖို့အတွက် ကတိတစ်ခု ပေးပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ကတိတစ်ခု။

ခဏတာ တိတ်ဆိတ်သွားသည်။

"သူတို့အတွက် စိတ်ပူစရာမလိုပါဘူး။ သူတို့ ငါ့ဆီလာချင်ရင် စမ်းကြည့်လို့ရပါတယ်။"

ပိုင်ကျီဟန်အသံက တည်ငြိမ်ပြီး ပျင်းရိငြီးငွေ့ဖွယ်ကောင်း၏

"ဒါပေမယ့် သူတို့ကိုယ်သူတို့ အရင်ဆုံး မေးကြည့်သင့်တယ်၊ လီမျိုးနွယ်စု ဒါမှမဟုတ် ကျောက်မျိုးနွယ်စုထက် ပိုအားကောင်းလားဆိုတာပေါ့။"

ဖန်ကျင်းယန်နဲ့ ခုန်ကျန်းဟောင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ မျက်လုံးတွေထဲ၌ လေးစားမှုနဲ့ တောက်ပနေသည်။

တကယ်တော့ လီ၊ ကျောက်မျိုးနွယ်နဲ့ ယှဉ်လျှင် ရှန်မျိုးနွယ်က ဘာလဲ။

အင်အားကြီးမားပေမဲ့ နှစ်ခုထဲက တစ်ခုနဲ့တောင် ယှဉ်လို့မရပေ ။ နှစ်ခုစလုံး ပေါင်းစပ်ထားတာကို မပြောနဲ့တော့။

ပိုင်ကျီဟန်သည် နှစ်ခုစလုံးကို စစ်ပွဲတွင် ကျော်လွှားနိုင်ခဲ့သည်။

တစ်ခုခုဆို ရှန်မျိုးနွယ် စိုးရိမ်သင့်တာက အထူးသဖြင့် ပိုင်ကျီဟန်ကို ဆန့်ကျင်မိသည့်အပေါ်တွင်သာ

"ဖန်ကျင်းယန်၊ မင်းကောင်းကောင်းလုပ်ခဲ့တယ်။ မင်းရဲ့ဆုလာဘ်”

ပိုင်ကျီဟန်သည် အရည်အသွေးမြင့် ကျင့်ကြံရေး ဆေးပြားများနဲ့ ပြည့်နေသော ကျောက်စိမ်းပုလင်းတစ်လုံးကို ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..သခင်လေး”

ဖန်ကျင်းယန်သည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။

တစ်ဖန် သူ့ဘာသူ တွေးလိုက်ပြန်သည် ။ ပိုင်ကျီဟန်ကို ဝန်ဆောင်မှုပေးခြင်းသည် ကောင်းကင်ဘုံက ပေးအပ်သော အခွင့်အရေးတစ်ခုဖြစ်သည်။

ရှန်လျန့်ကဲ့သို့ အခြားသူများအတွက် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူကြိုးစား လုပ်ကိုင်ခဲ့ရသည့်အရာများသည် ပိုင်ကျီဟန်အတွက် အချက်အလက်များ စုဆောင်းခြင်းဖြင့် ရရှိခဲ့သည့်အရာနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်။

သူတစ်ချိန်က စွန့်စားခဲ့ရသည့်အန္တရာယ်များနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် လွယ်ကူပြီး ပို၍ပင် အကျိုးရှိခဲ့သည်။

ထို့နောက် ပိုင်ကျီဟန်သည် ခုန်ကျန်းဟောင်ဘက်သို့ လှည့်လိုက်သည်။

"ငါ တောင်းဆိုထားတာတွေကို ပြင်ဆင်ပြီးပြီလား။"

ခုန်ကျန်းဟောင်သည် ရှေ့တိုးလာပြီး သူစုဆောင်းထားသော အချက်အလက်အားလုံးပါသည့် စာလိပ်တစ်ခုကို ပေးအပ်လိုက်ကာ အဓိကအချက်တွေကို အကျဉ်းချုပ်ပြီးချေပြီ။

လေ့ကျင့်ထားသော တိကျမှုနဲ့ ခုန်ကျန်းဟောင်သည် စာလိပ်ကို ဖြန့်ပြီး တည်ငြိမ်သောအသံနဲ့ သူ့အစီရင်ခံစာကို စတင်လိုက်သည်။

"ကျွန်တော့်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတဲ့သူ - နီဖန်းကျိုး မှာ အတော်လေး ဇာတ်လမ်းဆန်တဲ့ သမိုင်းကြောင်းရှိပါတယ်။ သူ့ဇာတ်လမ်းက ဝတ္ထုတစ်ပုဒ် ဖတ်နေရသလို ပြောလို့ရတယ်။"

ပိုင်ကျီဟန်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။

"ဆက်ပြော”

ခုန်ကျန်းဟောင်သည် ခေါင်းညိတ်လိုက်ပေသည်။

"နီဖန်းကျိုးကို နီမျိုးနွယ်စုရဲ့ အဓိကနယ်မြေဖြစ်တဲ့ ကြိုးကြာမိုးတိမ်မြို့မှာ နံပါတ်တစ် ပါရမီရှင်အဖြစ် တစ်ချိန်က ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ အသက်ဆယ်နှစ်အရွယ်မှာ သူက အခြေခံမြတ်မြစ်တည်ဆောက်ခြင်း အထွတ်အထိပ်ကို ရောက်ရှိနေပြီး အသက်ဆယ့်နှစ်နှစ်မတိုင်ခင် အဓိကဖွဲ့စည်းပုံ အဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ထားကြပါတယ်။ အကြီးအကဲတွေက သူ့ကို ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာရှိတဲ့ ပါရမီရှင်လို့ ခေါ်ကြပြီး မြို့ကလည်း သူ့ကို သူတို့အနာဂတ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။"

“ဒါပေမယ့်... တစ်ခုခုဖြစ်သွားပါတယ်။ ရုတ်တရက် သူ့ရဲ့ ကျင့်ကြံမှု ကျဆင်းသွားတယ်။ လျော့ကျသွားရုံတင်မကဘူး - လုံးဝပျောက်ကွယ်သွားတာပါ။ အကြောင်းရင်းအတိအကျကို ဘယ်သူမှ မသိကြပါဘူး။ နီမျိုးနွယ်က လျှို့ဝှက်ထားဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ သတင်းက ပျံ့နှံ့သွားပါတယ်။"

(အင်း ပုံမှန်ကိစ္စပဲ)

ပိုင်ကျီဟန် တွေးလိုက်ပြန်သည်။

"ပိုင်ရွှယ်ချင်းနဲ့ စေ့စပ်ထားတာကို မကြာခင်မှာပဲ ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် အဲဒါဖြစ်လာတော့မယ်ဆိုတာ လူတိုင်းသိပြီးသားပါ ။ ပိုင်ရွှယ်ချင်းက ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာတစ်ခုလုံးမှာ နံပါတ်တစ် ပါရမီရှင်လို့ သတ်မှတ်ခံရတယ်။ ဘယ်လိုလုပ်ပြီး သူမက အမှိုက်လို့ တံဆိပ်ကပ်ထားတဲ့သူနဲ့ လက်ထပ်မယ်လို့ မျှော်လင့်နိုင်မှာလဲ။ နီမျိုးနွယ်တောင်မှ ဒီလိုအိပ်မက်မျိုးကို မဆုပ်ကိုင်ရဲဘူး။"

ပိုင်ကျီဟန်သည် ခုန်ကျန်းဟောင်၏ အကြောင်းပြချက်ကို ခေါင်းညိတ်လေ၏

"ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချစ်ကြည်ရင်းနှီးမှု ဖျက်သိမ်းလိုက်တာက နှစ်ဖက်စလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာတယ်။"

ခုန်ကျန်းဟောင်သည် ပိုင်ကျီဟန်ကို ကြည့်ပြီး တုံ့ပြန်မှုကို ခန့်မှန်းပေမဲ့ ဘာမှမတွေ့ရတာကြောင့် ဆက်ပြောခဲ့သည်။

" မိန်းကလေး ပိုင်ရွှယ်ချင်းက ဖျက်သိမ်းတာကို ကြေငြာဖို့ အဆိုးဆုံးအချိန်ကို ရွေးချယ်ခဲ့တယ်။ နီမျိုးနွယ်ခေါင်းဆောင်ရဲ့ မွေးနေ့ပွဲအတွင်းမှာ ဂုဏ်သိက္ခာရှိတဲ့ ဧည့်သည်တွေ အများကြီး တက်ရောက်ခဲ့ကြတယ်။ သူမက လူတိုင်းရှေ့မှာပဲ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တယ်။"

ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏စိတ်ခံစားချက်များကို သတိထားပြီး ဆက်ပြောနေ၏

သူ့အနေနဲ့ တိကျသော အချက်အလက်တွေ ပေးဖို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ အမှန်တရား၏ အစိတ်အပိုင်းတစ်ခုခုသည် ပိုင်ကျီဟန်ကို ဒေါသထွက်စေနိုင်ပါက အထူးသဖြင့် သူ့ ညီမအမှားဟု ပြောလျှင် သူ ချန်ထားခဲ့မှာပင်။

ဒါပေမယ့် ပိုင်ကျီဟန်သည် ဒေါသထွက်ပုံ မပေါ်ပေ။ သူက နားထောင်ပြီး အာရုံစိုက်နေရုံသာ

ခုန်ကျန်းဟုန်သည် တည်ငြိမ်ပြီး ပြည့်စုံသော အစီရင်ခံစာနဲ့ ဆက်ပြောလေ၏

"နီဖန်းကျိုးက အရှက်ရမှုကို မခံစားနိုင်ဘူး၊ အထူးသဖြင့် ပိုင်ရွှယ်ချင်းနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာကြောင့် သူ့အဖေခံရတဲ့ အရှက်ရမှုကိုပေါ့။ သူက ပိုင်ရွှယ်ချင်းနဲ့ ငြင်းခုံပြီးတဲ့နောက် သူမကို အနိုင်ယူပြီး သူမရဲ့ စကားတွေကို နောင်တရအောင် လုပ်မယ်လို့ ကြေငြာခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

ပိုင်ကျီဟန်သည် အနည်းငယ် ခေါင်းညိတ်ပြလိုက်လေ၏ အဖြစ်အပျက်တွေ ဖြစ်ပျက်သွားပုံက သူ စိတ်ကူးယဉ်ထားသော ပုံစံပင်။

ဇာတ်ကောင်တွေ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်မျိုးသာ။

ပထမတော့ အရှက်ရပြီး ပြန်ပေးဆပ်ရတာပင်

သူ့ညီမသည် သတိရှိရှိ ကိုင်တွယ်နိုင်ပေမဲ့ ထိုစေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ခြင်းသည် သူ့ညီမအပြစ်ဖြစ်သည်ကို သူ သဘောတူပေသည်။

သူ့ညီမသည် ထိုအချက်ကို မသိကြောင်း သူ ကောင်းကောင်းသိသည်။

ဒါပေမယ့် သဘာဝအတိုင်း တခြားအချက်တွေလည်း ရှိသေး၏

ဥပမာ ရှန်လျန့်လိုပင်။ စေ့စပ်ပွဲ ဖျက်သိမ်းဖို့ မစောင့်နိုင်ခဲ့ပေ

ရှန်လျန့်သည် ထိုရက်ကို တမင်စီစဉ်ခဲ့သည်ဟု ပိုင်ကျီဟန် သံသယဝင်ခဲ့ပြီး ပိုင်ရွှယ်ချင်းနဲ့အတူ လိုက်ပါလာသော အကြီးအကဲများကိုတောင် စည်းရုံးခဲ့သည်။

ဒီလိုဆိုပါက နီမျိုးနွယ်စု အရှက်ရမှုသည် ရှန်လျန့် ရည်ရွယ်ထားသည့်အတိုင်း ဖြစ်လာမှာပင်။

ဒါက သူ့ထင်ကြေးသာ။ သို့တိုင် မယုံနိုင်စရာတော့ မဟုတ်ပေ

ဒါပေမယ့် ပိုင်ရွှယ်ချင်းကို အပြစ်ကနေ လွတ်သည်ဟုလည်း မဆိုလိုပေ

သူမသည် တခြားတစ်ယောက်၏ အကြံအစည်ကို လိုက်လျောမိလောက်အောင် မိုက်မဲခဲ့သည်။ သူမဆီကနေ တခြားဘာမှ မမျှော်လင့်ထားပေ

ထို့အပြင် ၎င်းသည် သူမအမှားဖြစ်သည်ကို နောက်မှ သဘောပေါက်ခဲ့လျှင်ပင် သူမ မာနကြောင့် တောင်းပန်ဖို့ ဒါမှမဟုတ် သူမစကားများကို ပြန်ရုပ်သိမ်းဖို့ ခွင့်မပြုနိုင်ပေ

နောက်ဆုံးမှာတော့ သူမသည် တည်ငြိမ်စွာနဲ့ သတိရှိရှိ ဖြေရှင်းနိုင်သည့်အရာကို အလွန်အကျွံ ပေါက်ကွဲ ပစ်လိုက်ချေသည်။

All Chapters