ငြိမ်းချမ်းသော လည်ပတ်မှုမှ သေစေနိုင်သော
Vol. 14 Ch. 201
အတွင်းဥယျာဉ်သည် ငြိမ်းချမ်းပြီး ဆေးဖက်ဝင်အပင်များ၏ ရနံ့များနဲ့ ပြည့်နှက်နေကာ နေရောင်ကြောင့် နွေးထွေးနေချေသည်။
မူယွဲ့လန်သည် ပန်းပွင့်ပင်အောက်တွင်ထိုင်နေပြီး မွှေးကြိုင်သော လက်ဖက်ရည်တစ်ခွက်ကို သောက်နေကာ နူးညံ့သော ဗျတ်စောင်းတစ်ခုကို သူ့မဘေးတွင် ချထားသည်။
သူမဝတ်ရုံသည် အပြာရောင်ဖျော့ဖျော့ပေါ်တွင် ငွေရောင်နွယ်ပင်ပန်းများဖြင့် အလှဆင်ထားပြီး သူမ၏ရှည်လျားသော အနက်ရောင်ဆံပင်များသည် မီးရောင်အောက်တွင် တောက်ပနေသည်။ သူမသည် ငြိမ်းချမ်းပြီး သန့်စင်တဲ့ပုံပေါက်နေ၏ လရောင်ဖြန့်ကျက်နေသော ရေကန်လိုပင်
ခြေသံတွေ နီးကပ်လာသည်နှင့်အမျှ သူမခေါင်းသည် အနည်းငယ်စောင်းသွားပေသည် ။ ပြီးတော့ သူမမျက်လုံးတွေ ပြူးကျယ်သွားချေ၏။
"ကျီဟန်အာ?"
သူမအသံသည် အံ့အားသင့်မှုနဲ့ မယုံကြည်နိုင်မှုတွေ ရောနှောနေ၏။
နောက်တစ်စက္ကန့်မှာတော့ သူမထရပ်ပြီးချေပြီ။
"ကျီဟန်အာ”
သူမသည် ဥယျာဉ်ကို လေပြေညင်းညင်းလေးလို ပြေးလွှားသွားချေ၏ ထို့နောက် လေတိုက်သလို သားဖြစ်သူ အဆင်သင့်မဖြစ်ခင်မှာပဲ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
"အာ့”
ပိုင်ကျီဟန်သည် မိခင်ရင်ခွင်ထဲ၌ မွန်းကြပ်
လုနီးပါး ဖြစ်သွား၏။
"မင်း အရပ် တော်တော်ရှည်လာပြီ…ဒါပေမယ့် မင်းဘာလို့ ဒီလောက်ပိန်နေတာလဲ။ မင်း ကောင်းကောင်းမစားဘူးလား?"
သူမသည် သူ့ပခုံးများကို အနည်းငယ်မှီပြီး
သူ့မျက်နှာကို သေချာစွာ စူးစိုက်ကြည့်ကာ ပါးကို ညှစ်လိုက်သည်။
"ဒီအသားအရေကို ကြည့်စမ်း! ဖြူဖျော့နေတယ်..အိပ်ရေးပျက်နေတာလား။ မင်း ထပ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ ကြိုးစားနေတာလား”
ပိုင်ကျီဟန် နှုတ်ခမ်းတွေ တွန့်သွားချေသည်။
ရိုးရိုးသားသားပြောရလျှင် သူ ယခင်ကထက် ပိုကောင်းလာသည်ကို ဘယ်သူမဆို သိ၏ အထူးသဖြင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကို တက်လှမ်းသည့်အခါမှာပင်
ကျင့်ကြံသူအနေနဲ့ မစားတာ ဘာဖြစ်လဲ။ အိပ်ရေးပျက်တာ ဘာဖြစ်လဲ။
ထိုအရာများသည် သူတို့ကို သိပ်ပြီး သက်ရောက်မှုမရှိပေ။ ကန့်သတ်ချက်ထက် ကျော်လွန်သွားရင်တောင် ထိုပြဿနာများကို ဖြေရှင်းဖို့ ဆေးတွေရှိ၏
သူ့အမေသည် အမြဲတမ်း အလွန်အကျွံ တုံ့ပြန်နေတတ်သည်ကို သူသိ၏။
"...အမေ၊ ကျွန်မ အဆင်ပြေပါတယ်”
"အဆင်ပြေတယ်..ဒါကို အဆင်ပြေတယ်လို့ ပြောတာလား?"
သူမသည် အော်လိုက်ပြီး သူ့မျက်နှာပေါ်က ဆံပင်တစ်ချောင်းကို သပ်လိုက်လေ၏။
"ငါ ကျိန်ဆိုတယ်၊ မနှစ်ကထက် ကိုယ်အလေးချိန် တစ်ပေါင် ကျသွားရင်တောင်—"
အဟမ်း
မူချင်းယွမ်သည် ခြေလှမ်းအနည်းငယ်အကွာမှ အနည်းငယ် ကြောင်အနေသော အမူအရာဖြင့် လည်ချောင်းရှင်းလိုက်သည်။
"ညီမလေး၊ ကောင်လေးကို အသက်ရှူခွင့်ပေးလိုက်ပါလား။ သူ ဒီကိုရောက်လာတာ ညှစ်သတ်ခံရဖို့ မဟုတ်ဘူး။"
မူယွဲ့လန်သည် စိတ်မပါတပါနှင့် လွှတ်ပေးလိုက်သော်လည်း ကျီဟန်၏ပခုံးပေါ်တွင် လက်တစ်ဖက်ကို ကာကွယ်ထားရင်း ရှက်ရွံ့စွာ လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ တောင်းပန်ပါတယ်... အံ့ဩသွားတာလို့ပါ။ သူ့ကို မမျှော်လင့်ထားမိဘူး။"
သူမသည် ကျီဟန်ကို ပြန်ကြည့်လိုက်လေသည်။
"ဒါပေမယ့် သူရောက်လာလို့ ကျွန်မ အရမ်းဝမ်းသာတယ်။ သားကို အရမ်းလွမ်းနေတာ”
"ကျွန်တော်လည်း အမေ့ကို လွမ်းနေတာပါ”
ပိုင်ကျီဟန်သည် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ" ချင်းယွမ်သည် ပြုံးရင်းပြောလိုက်သည်။ "မင်းတူက မင်းကို မေးစရာရှိနေတာ။"
"အိုး?"
သူမသည် တောက်ပနေသော မျက်လုံးများဖြင့် သားဖြစ်သူထံ အပြည့်အဝ အာရုံစိုက်လိုက်သည်။
"ဘာကိစ္စလဲ ကျီဟန်အာ။ မင်း ဘာပဲလိုအပ်ပါစေ၊ ပြောလိုက်ပါ။"
ပိုင်ကျီဟန်သည် သူ့လည်ပင်းနောက်ဘက်ကို ပွတ်သပ်လိုက်သည်။
"အမေဘကို ဖိတ်ခေါ်ဖို့ လာတာ" ဟု သူက ပြောသည်။ "ကျွန်တော်မွေးနေ့ကို ကျင်းပဖို့။"
မူယွဲ့လန်သည် မျက်တောင်ခတ်လိုက်သည် ။ထို့နောက် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းရဲ့မွေးနေ့... ဟုတ်သားပဲ”
သူမသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အလင်းရောင်တစ်ခုသည် သူမ၏မျက်နှာတွင် ထွန်းလင်းနေသည်။
"ငါ ဘယ်လိုမေ့နိုင်မှာလဲ။ စိတ်မပူပါနဲ့ ကျီဟန် - ငါ မင်းအတွက် လက်ဆောင်နှစ်ခု ပြင်ဆင်ထားပြီးပြီ။ တစ်ခုက ဒီနှစ်အတွက် ၊ နောက်တစ်ခုက မနှစ်က ပျက်ကွက်မှုအတွက် အစားထိုးဖို့။"
သူမ၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေသည်။
"မင်း အဲ့တာကို သဘောကျလိမ့်မယ်။ ငါကတိပေးတယ်။ ငါ တစ်နှစ်ကျော်ကြာတဲ့အထိ အဲ့တစ်ခုအတွက် အလုပ်လုပ်နေတာ ။ ရှားပါးရုံတင်မကဘူး၊ မင်းအတွက် သင့်တော်တယ်”
“အမေတကယ်ကို အဲဒီလောက်ထိ မလုပ်သင့်ဘူး..."
"အဓိပ္ပါယ်မရှိတာ”
သူမက လက်ကို ခပ်ပြင်းပြင်းဝှေ့ယမ်းလိုက်သည်။
"မင်းမွေးနေ့ပဲ..ငါ့သားလေးရဲ့မွေးနေ့၊ မင်းဒီအရွယ်မှာ တစ်ခါပဲပြည့်တာ ၊ မူမျိုးနွယ်စုက သူတို့ကလေးကို မချစ်တတ်ဘူးလို့ ဘယ်သူ့မှ မပြောရအောင်တော့ ပေးရမယ်လေ”
"...သားလေးလား?"
ပိုင်ကျီဟန်သည် ထိတ်လန့်တကြား ရေရွတ်လိုက်၏။
သူ အသက် ၁၇ နှစ်ပြည့်နေချေပြီ။လူအများသည် သူ့နာမည်ကို ပြောလျှင်ပင် တုန်လှုပ်သွားလိမ့်မည်။ သူ့အမေမှ သားလေးဟု ခေါ်နေခြင်းသည် နောက်ထပ် ဒုက္ခတစ်မျိုးသာ
မူချင်းယွမ်သည် ခေါင်းခါပြီး ရယ်လိုက်လေ၏
"ညီမလေးရေ.. သူ ငါးနှစ်မဟုတ်တော့ဘူး။ လူကြီးနီးပါးဖြစ်နေပြီ၊ ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ကျင့်ကြံသူ၊ ပြီးတော့ စေ့စပ်ထားပြီးသားလေ”
ရယ်သံတွေ ချက်ချင်းပျောက်ကွယ်သွားချေ၏။
မူယွဲ့လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တောင့်တင်းသွား၏။
"စေ့စပ်ပြီးပြီလား?"
မူချင်းယွမ် မျက်တောင်ခတ်လိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပေ၏။
"အို မဟုတ်ဘူး”
သူ ချက်ချင်း မျက်နှာလွှဲလိုက်ပြီး လက်ဖက်ရည်ကို အနည်းငယ် မြန်မြန်သောက်လိုက်ကာ ခြံဝင်းအစွန်တွင် ပွင့်နေသော ပန်းတွေကို ငေးကြည့်သလို ဟန်ဆောင်လိုက်ချေသည်။
မူယွဲ့လန်သည် သားဖြစ်သူဘက် ပြန်လှည့်လိုက်ပြီး သားဖြစ်သူ၏ ပခုံးကို အနည်းငယ် တင်းတင်းဆုပ်ကိုင်လိုက်လေ၏
"ကျီဟန်အာ" သူမ ဖြည်းဖြည်းပြောလိုက်လေ၏။ "အဲဒါ ဘာအကြောင်းလဲ?"
"ကျွန်တော် စေ့စပ်ထားတာကို ဆိုလိုတာလား?"
"ဟုတ်တယ်”
"အင်း...ဟုတ်တယ်။ ကျွန်တော် ပြီးခဲ့တဲ့နှစ်က စေ့စပ်ထားတာ။"
"ဘာလဲ?"
သူမက တိုးတိုးလေးပြောလိုက်၏ သို့တိုင် အသံသည် အန္တရာယ်ရှိလောက်အောင် ကျယ်နေပေသည်။
"ဟုတ်တယ်…အဖေက အမေကို အသိမပေးဘူးလား"
သူ့ပါးကို ကုတ်ရင်း စိတ်ရှုပ်ထွေးနေပုံရ၏
"သူ မပြောခဲ့ဘူး" မူယွဲ့လန်သည် သွားကြိတ်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။
ထို့နောက် သူမအကြည့်သည် ဒေါသမဟုတ်ဘဲ ပိုအေးစက်ပြီး အန္တရာယ်များသော အရာတစ်ခုဆီ ပြောင်းလဲသွားခဲ့လေ၏ ၎င်းကတော့ မိခင်၏ဒေါသသာ
"တကယ်ပဲ အဲဒီလူက ငါ့ကို မပြောဘဲ ဒီလောက်အရေးကြီးတဲ့ တစ်ခုခုကို စီစဉ်ရဲတာလား။"
မူယွဲ့လန်၏ နှုတ်ခမ်းများသည် အေးစက်ပြီး အန္တရာယ်များသော အပြုံးတစ်ခု ဖြစ်လာခဲ့၏ ၎င်းက ပိုင်ကျီဟန် ကျောရိုးတစ်လျှောက် တုန်ခါသွားစေသည်။
"သူ တကယ်လုပ်ခဲ့တာ။"
သူမဝိညာဉ်ချီများ အနည်းငယ် မြင့်တက်လာပြီး ပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်အပင်များသည် သူတို့အိမ်ရှင်မ၏ ဒေါသကို ခံစားမိသလို တုန်ခါနေ၏။
"အမေ”
ပိုင်ကျီဟန် ဘာမှ မပြောနိုင်ခင်မှာပဲ မူယွဲ့လန်သည် ထရပ်လိုက်ပြီး သူမ လက်များသည် ဆတ်ဆတ်တုန်သွားပေသည်။
"ငါသူ့ကိုသတ်မယ်”
ထိုကြေငြာချက်နှင့်အတူ သူမ၏ အပြာရောင်ဖျော့ဖျော့ ဝတ်ရုံများသည် လေတိုက်ခတ်နေခဲ့သည်။
သူမ၏ဆံပင်များသည် ကြယ်တံခွန်အမြီးကဲ့သို့ တဖျပ်ဖျပ်လွင့်နေပြီး အိမ်တော်ကိုဖြတ်၍ ဝေးလံသောနေအိမ်များ အပြင်ဘက်သို့ ပျောက်ကွယ်သွားခဲ့သည်။
ပိုင်ကျီဟန်သည် ခဏတာမျှ ရပ်တန့်နေခဲ့သည်။
(အမေက အဖေ့ကိုသတ်မှာက တကယ်ပြောခဲ့တာလား)
သူမ အဘယ်ကြောင့် ဤမျှဒေါသထွက်နေသည်ကို သူနားမလည်ပေ။ သူမကိုမပြောဘဲ စေ့စပ်ထားတာက အဆင်တော့မပြေပေ ။ သို့တိုင် ထိုအတွက် သတ်မည်ဟု ခြိမ်းခြောက်ဖို့လိုသည်လော
(ခဏလေး တကယ်တော့... သူတို့ရဲ့ဆက်ဆံရေးကို ငါနားလည်မယ်ထင်တယ်။)
ပိုင်ကျီဟန်သည် သူ့နားရွက်များကို ပွတ်သပ်လိုက်သည်။
သူ့မိဘများ၏ဆက်ဆံရေးသည် နှစ်ပေါင်းများစွာ ကြိုးတန်းပေါ် လမ်းလျှောက်နေခဲ့ပြီးဖြစ်သည်။
ပိုင်ရှင်းယွဲ့၏ တာအိုအရိုးကိစ္စ ဖြေရှင်းပြီးသည်နှင့် သူတို့ကြား တင်းမာမှုများ ပျောက်ကွယ်သွားလိမ့်မည်ဟု သူထင်ခဲ့သည် ။ သို့သော် ၎င်းသည် အခြေအနေများကို ပိုဆိုးစေခဲ့သည်။
သူမကို ရပ်တန့်ရန် လိုအပ်သည်။
သူသည် လှည့်ပတ်ပြီး ကျောက်လမ်းအတိုင်း ပြေးသွားသည်။
"မဟာ အကြီးအကဲ”
သူသည် ဆေးဖက်ဝင်လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနေဆဲဖြစ်သော ပိုင်ရမ်ရှိရာ အဓိကခန်းမသို့ ရောက်ရှိသွားပြီး သက်ပြင်းချလိုက်သည်။
"အာ ကျီဟန်? ဘာကိစ္စလဲ—?"
ပိုင်ကျီဟန် အလျင်စလိုဖြစ်နေတာကို မြင်တော့ ပိုင်ရမ်က မေးလိုက်သည်။
"ကျွန်တော်တို့မှာ ပြဿနာရှိနေတယ်”
အကြီးအကဲသည် မျက်မှောင်ကြုတ်ကာ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"ဘယ်လိုပြဿနာလဲ?"
"အမေက အဖေ့ကို သတ်မယ်လို့ ပြောပြီး ဒေါသတကြီးထွက်သွားတယ်”
ပိုင်ရမ်သည် မျက်တောင်ခတ်လိုက်ချေသည်။
ထို့နောက် သူ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။
"အိုး..အခြေအနေတွေ ဒီအဆင့်အထိ ဆိုးရွားကုန်ပြီလား?"
"ကျွန်တော်တို့ ပြန်သင့်ပြီလို့ ထင်တယ်။ အခုချက်ချင်း”
မဟာအကြီးအကဲသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ပြီး သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်၊ ပြန်သင့်ပြီ”
သူသည် ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။
"ကောင်းပြီ..ဘာကိုစောင့်နေတာလဲ။ အစောင့်တွေကို စုကြ။ သူမ အဲဒီကိုရောက်ခင် သင်္ဘောဆီ ချက်ချင်းပြန်သွားရမယ်။"
"အကြီးအကဲက ထိုင်နေတာလေ”
"မင်းက အကြီးအကဲကို ပြန်မပြောနဲ့..သွား၊ သွားး”
မူမျိုးနွယ်စု၏ ငြိမ်းချမ်းသောနေ့သည် ရုတ်တရက် လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားပြီး ပိုင်ကျီဟန်နဲ့ အကြီးအကဲ ပိုင်ရမ်တို့သည် သူတို့အစောင့်များကို အလျင်အမြန် စုစည်းလိုက်ကြသည်။
ပိုင်မျိုးနွယ်စုတွင် ဘာတွေပဲ စောင့်ကြိုနေပါစေ... ငြိမ်းချမ်းမှုတော့ ရှိမည် မဟုတ်ပေ