← Chapters

မူမျိုးနွယ်သို့

Vol. 14 Ch. 200

မူမျိုးနွယ်သို့

Vol. 14 Ch. 200

မနက်ခင်းမှာတော့ ပိုင်ကျီဟန်၏ မူမျိုးနွယ်သို့ ခရီးအတွက် ပြင်ဆင်မှုသည် ပြီးစီးလုနီးပါး ဖြစ်နေချေပြီ။

မျိုးနွယ်စုတံဆိပ်နဲ့ အစောင့်အကြပ်များပါသော သူ့အတွက် သင်္ဘောကို ပြင်ဆင်ပြီးသား ဖြစ်နေသည်။

“ မူမျိုးနွယ် “

ပြောရလျှင် သူ့မိခင်၏ မျိုးနွယ်ကို မသွားချင်ပေ။

မူမျိုးနွယ်သည် ဆိုးတာမျိုး မဟုတ်သည့်တိုင် ဆေးဝါးပညာမှာတော့ လွန်ကဲအောင် အရူးအမူး ဖြစ်ကြသည်။

ဆေးရွက် အမြစ်ရည်အရည်သွေးနှင့် ဆေးမျက်နှာပြင်မီးတောက်မည်သို့ခုန်ကူးသည်ကို နာရီပေါင်းများစွာ ဆွေးနွေးနိုင်ကြ၏

သူတို့သည် ပြင်ပလောကကို ဂရုစိုက်ကြတာနည်းပါးပြီး ဆေးဝါးအကြောင်းထက် တခြားအကြောင်း ပြောရလျှင် သွားများကိုဆွဲထုတ်နေရသလိုပင်

ဆေးပညာတစ်ခုတည်းကို သိသော ပျင်းရိစရာ လူပေါအုပ်စုလိုသာ

သို့တိုင် သူ့အနေနဲ့ မည်သို့ မသွားဘဲ နေရမည်နည်း။ သူသွားဖို့ သဘောတူထားပြီးသားပင်

“ဒါပေမဲ့ မဟာအကြီးအကဲက ကျွန်တော့်ကိုကာကွယ်ဖို့ လိုက်လာရင် ပိုကောင်းမလားပဲ”

ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ မေးလိုက်သည်။

အင်အားတိုးတက်လာမှုကြောင့် သူကို လူအများက ခြိမ်းခြောက်မှုအဖြစ် စတင်မြင်လာချေပြီ

တစ်ခါ လုပ်ကြံခံရဖူးတာကြောင့် လုံခြုံရေးစောင့်ကြပ်ဖို့ တောင်းဆိုတာ မဆန်းပေ

မဟာအကြီးအကဲ ပိုင်ရမ် မလိုက်လာဖို့တော့ မမျှော်လင့်သင့်ပေ ။

သူ့ဖခင် ညွှန်ကြားချက်ထက် မဟာအကြီးအကဲ၏ ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြစ်နေဖို့ သူသေချာနေသည်။

“ဟဟာ! မင်းကငါတို့ရဲ့ အဖိုးတန် အမွေဆက်ခံသူပဲ။ မင်းကိုအန္တရာယ်ထဲ ဒီအတိုင်း မလွှတ်နိုင်ဖူး” ပိုင်ရမ်က ရယ်ကာ ပြောလေ၏

ပိုင်ကျီဟန်သည် သက်ပြင်းချလိုက်လေသည်။

“ကျွန်တော် လုံခြုံမှုကိုအလွန်အမင်း စိုးရိမ်နေတာဆို… မဟာအကြီးအကဲ သွားခေါ်တာ ပိုမကောင်းဘူးလား?”

“မဟုတ်-မဟုတ်ပါဘူး” ပိုင်ရန်က လက်ကာပြီး ပြန်ဖြေသည်။

“ငါတို့က ငယ်ရွယ်တဲ့ မျိုးဆက်ရဲ့ မိသားစုရေးရာတွေကို ဝင်မစွက်ဖက်ဘူး ၊ စုံတွဲကိစ္စတွေကို ပါဖို့ မသင့်တော်ဖူး”

(ဒါပေမယ့် ကျွန်တော်ကျ ကိစ္စမှာ ဝင်စွက်ဖက်ဖို့ လုံးဝအဆင်ပြေတယ်ပေါ့?)

ပိုင်ကျီဟန်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်

လေ၏ ။

ယခင်ကညသူ့ကို လုံးဝလျစ်လျူရှုထားပေမဲ့ အခုတော့ သူ့မြေးကို ခဏတာ ငြိမ်းချမ်းမှုမပေးနိုင်သော အဘိုးကြီးတစ်ယောက်လို လှည့်ပတ်နေသော အကြီးအကဲကြီးကို သူ စိတ်အနှောင့်အယှက်ဖြစ်နေချေပြီ။

သင်္ဘောပျံသည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး ဝိညာဉ်ချီစွမ်းအင်များသည် လှေကားထစ်တစ်လျှောက် စီးဆင်းနေ၏

မိုးတိမ်များနဲ့နီးကပ်လာသည့်အခါ ကောင်းကင်ယံရှိ နဂါးတစ်ကောင်လို ရှည်လျားသော အရိပ်တစ်ခုက ဖြန့်ကျက်နေသည်။

သင်္ဘောထဲမှာတော့ ပိုင်ကျီဟန်သည် လက်ရန်းကို ပျင်းရိစွာ မှီထားပြီး ကမ္ဘာကြီး မှုန်ဝါးသွားသည်ကို လက်ပိုက်ကြည့်နေခဲ့သည်။

"မကြာခင်ရောက်တော့မှာပါ" ပိုင်ကျီဟန်သည် မြူခိုးများ ဖုံးလွှမ်းနေသော ကျောက်စိမ်းနဲ့ ငွေရောင်အလွှာအဖြစ် ပေါ်ထွက်လာသည့် မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။

မူမျိုးနွယ်စု အိမ်တော်သည် ဆေးဖက်ဝင်အပင်များနဲ့ ဝိညာဉ်ချီစွမ်းအင် ကြွယ်ဝသော သီးသန့်တောင်တန်းတစ်ခုအတွင်း တည်ရှိလေ၏

၎င်းသည် ငြိမ်းချမ်းမှုနဲ့ သန့်စင်မှုရှိသော နေရာတစ်ခုဖြစ်ပြီး ပိုင်မျိုးနွယ် နယ်မြေ၏ စစ်အင်အားနဲ့ လုံးဝကွဲပြားပေသည်။

သင်္ဘောဆင်းသက်လာချိန်တွင် ၎င်းတို့သည် အကာအကွယ်မြူခိုးအတားအဆီးကို ဖြတ်သန်းသွားကြသည်။ သင်္ဘော၏ ပိုင်မျိုးနွယ်စု အမှတ်တံဆိပ်သည် တလက်လက်တောက်ပနေပြီး ၎င်းတို့သည် မည်သူမည်ဝါ ဖြစ်ကြောင်း အချက်ပြနေသည်။

ချက်ချင်းဆိုသလိုပင် ကင်းသမားတစ်စုသည် ၎င်းတို့ကို ကြိုဆိုရန် လေထဲသို့ မြင့်တက်လာကြသည်။

ကင်းသမားများသည် မူမျိုးနွယ်စု၏ အိုးကြီးတစ်ခုပါသော အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော်လည်း—

၎င်းတို့၏ ရပ်တည်ချက်၊ ကိုယ်ဟန်အနေအထားနှင့် လက်နက်များကို ဆုပ်ကိုင်ထားပုံတို့က တစ်စုံတစ်ရာ ကွဲပြားကြောင်း ဖော်ပြသည်။

ပိုင်ကျီဟန်သည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်

(ဒီလူတွေ... သူတို့အများစုက ပိုင်မျိုးနွယ်စုကပဲ။

အံ့သြစရာတော့ မဟုတ်ပေ။ မူမျိုးနွယ်စုသည် စစ်သည်များကို မွေးမထုတ်ခဲ့ပေ

၎င်းတို့၏ အဓိကကင်းသမားတပ်ဖွဲ့အများစုကို ပိုင်မျိုးနွယ်စုမှ ထောက်ပံ့ပေးခဲ့ပြီး နှစ်ဖက်စလုံးအပေါ် သစ္စာစောင့်သိကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော လက်ဖြင့်ရွေးချယ်ထားသော ကျင့်ကြံသူများဖြစ်သည်။

ပျံသန်းနေသော သင်္ဘောသည် ဆင်းသက်ရာနေရာသို့ ဆိုက်ကပ်သောအခါ ကင်းသမားအဖွဲ့၏ ခေါင်းဆောင်သည် ရှေ့သို့တိုးလာပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"သခင်လေး ပိုင်ကျီဟန်။ ဂုဏ်ယူပါတယ်။ မူမျိုးနွယ်စုကနေ ကြိုဆိုပါတယ်”

သူ့အသံသည် လေးစားမှုရှိပြီး သူ၏ တည်ငြိမ်သော အမူအရာနောက်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေ၏

အခြားကင်းသမားများသည် ဦးညွှတ်အရိုအသေပြုကြသော်လည်း သူတို့၏မျက်လုံးများသည် ၎င်းတို့၏ ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ဘဲ ပိုင်ကျီဟန်ထံ ရွေ့လျားနေခဲ့သည်။

"ဒါကသခင်လေးပဲ! သူ့ရဲ့ဂုဏ်သတင်းက အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားပြီ"

"သူ့ထက် အသက်ကြီးတဲ့ ထိပ်တန်းပါရမီရှင်တွေ အများကြီးကို သူအနိုင်ယူခဲ့တယ်။ နီညိုရောင်နတ်ဆိုးဂိုဏ်းရဲ့ သူတော်စင် မိုထျန်းကျီတောင် အရှက်ခွဲခံရတယ်လို့ ကြားတယ်။"

"သူ့ရဲ့ အရည်အချင်းက အခုတော့ ပိုင်ရွှယ်ချင်းထက် ပိုသာတယ်လို့ အသိအမှတ်ပြုခံရပြီ။ ဘာပဲဖြစ်ဖြစ် ငယ်ရွယ်ပေမယ့် သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က သူမနဲ့ အတူတူပါပဲ။"

အကြီးအကဲ ပိုင်ရမ်သည် သင်္ဘောပေါ်က ဆင်းလာပြီး လုံခြုံရေးအသေးစိတ်ကို ခေါင်းညိတ်ပြီး ထောက်ခံလိုက်၏

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်" သူက ပြော၏ "ငါတို့ကို အဓိကခန်းမကို ခေါ်သွားပါ။ သူ့တူတော်လာလည်ကြောင်း မျိုးနွယ်စုခေါင်းဆောင်မူကို အသိပေးလိုက်ပါ။"

"ဟုတ်ကဲ့၊ အကြီးအကဲကြီး”

ကင်းသမားများသည် ချက်ချင်းပင် တည့်တည့်မတ်မတ်ရပ်ကာ အထက်လူကြီးများကို အသိပေးရန် ၎င်းတို့၏တစ်ဦးစီကို ချက်ချင်းစေလွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပိုင်ကျီဟန်သည် လှေကားမှ ဖြည်းဖြည်းချင်းဆင်းလာပြီး သူ့မျက်လုံးများသည် အခြားနေရာသို့ လှမ်းကြည့်လိုက်သည်။

မူမျိုးနွယ်စု၏ အကြီးမှအငယ်အထိ တပည့်များစွာသည် သူ့အား စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေသည်ကို မြင်နိုင်သည် ။

တိတ်ဆိတ်နေသော်လည်း သတင်းမည်မျှပြန့်ကားသည်ကို ထည့်သွင်းစဉ်းစားလျှင် သူ၏စွန့်စားခန်းများအကြောင်း သူတို့ကြားရခြင်းသည် ထူးဆန်းမည်မဟုတ်ပေ

ကင်းသမားများသည် ပိုင်ကျီဟန်နှင့် အကြီးအကဲကြီး ပိုင်ရမ်တို့ကို မြူခိုးဖုံးအုပ်ထားသော တဲများနှင့် ကျောက်စိမ်း ကြွေပြားတံတားများရှိသော လမ်းကြောင်းမှတစ်ဆင့် ဦးဆောင်ကာ ခန်းမကြီးထဲသို့ နောက်ဆုံးတော့ ခေါ်ဆောင်သွားကြသည်။

"ကျီဟန်အာ”

ထိုလူ၏ ကျယ်လောင်သောအသံသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

သူသည် ငွေအိုးများဖြင့် ပန်းထိုးထားသော အစိမ်းရောင်ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်သည် ပိန်ပါးသော်လည်း သူ၏မျက်လုံးများတွင် သာမန်အဂ္ဂိရတ် ပညာရှင်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသသည့် စိတ်အားထက်သန်မှုတစ်ခုရှိသည်။

မူမျိုးနွယ်စု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင်ဖြစ်သော ပိုင်ကျီဟန်၏ မိခင်ဘက်မှဦးလေးဖြစ်သူ မူချင်းယွမ်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"နောက်ဆုံးတော့ မင်းလာလည်ပြီပေါ့ ကောင်လေး။ မင်းအရပ်လည်းတော်တော်ရှည်လာပြီ! ပြီးတော့ ကြည့်ပါဦး... မင်းရဲ့ကျင့်စဉ်က ဝိညာဉ် ဖွဲ့စည်းမှုအဆင့်မှာရှိနေပြီ။ မင်း ပိုင်မျိုးနွယ်မှာ ဘာတွေစားနေတာလဲ။ နဂါးရိုးနဲ့ ဖီးနစ်သွေးတွေလား”

ပိုင်ကျီဟန်သည် ပြုံးပြီး ရှေ့ကိုတိုးလာသည်။

"ဦးလေး ချင်းယွမ်၊ ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဟား! ငါက နွေးထွေးပါတယ် - ဘယ်လိုလုပ် မနွေးထွေးရမှာလဲ?"

မူချင်းယွမ်သည် ရယ်လိုက်ပြီး ပိုင်ကျီဟန်၏ ပခုံးများကို ဆုပ်ကိုင်ကာ ခါယမ်းလိုက်လေ၏။

"အင်ပါယာထဲက လက်ဖက်ရည်ဆိုင်တိုင်းနဲ့ စာလိပ်ဆိုင်တိုင်းမှာ ပိုင်မျိုးနွယ်ရဲ့ ငယ်ရွယ်တဲ့သခင်အကြောင်း ပုံပြင်တွေ သီဆိုနေကြတယ်။ ပထမဆုံး မင်းက လီမျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်ကို အနိုင်ယူခဲ့တယ် - ပြီးတော့နီညိုရောင်နတ်ဆိုးဂိုဏ်းက သူတော်စင်၊ ငါ့ကိုပြောစမ်း၊ ငါ့တူ ဘယ်လိုတောင် တိုးတက်လာတာလဲ ဟားဟား”

အစကတော့ သူ မယုံနိုင်ပေ။ သူ့တူကို သူကောင်းကောင်းသိ၏ အင်ပါယာတစ်ခုလုံး သူ့ကို ချီးကျူးနေရင်တောင်မှပေါ့။

ပိုင်ကျီဟန်ကို ကိုယ်တိုင်မြင်ပြီး ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံမှုကို ခံစားမိသည့်အခါမှသာ ထိုကောလာဟလသည် တကယ်ဖြစ်နိုင်သည်ဟု သူသဘောပေါက်ခဲ့လေသည်။

"ပိုင်မျိုးနွယ်ရဲ့ နောက်မျိုးဆက်က နာမည်နဲ့အညီ နေထိုင်တာကို မြင်ရတာ ဝမ်းသာပါတယ်။ မင်းအတွက် ပြီးပြည့်စုံတဲ့ ဆေးဖက်ဝင်လက်ဖက်ရည်ကို ဖျော်ပြီးပြီ။ မင်းကြိုက်ပါလိမ့်မယ်”

အစေခံများသည် လက်ဖက်ရည်နဲ့ ပိုင်မျိုးနွယ်ဝင်များအား ကျွေးမွေးခဲ့သည်။

"ဒါဆို ပိုင်မျိုးနွယ်ရဲ့ ငယ်ရွယ်တဲ့ သူရဲကောင်းက ဘာလို့ ဒီကို ရောက်လာတာလဲ"

သူ မေးလိုက်လေ၏

ပိုင်ကျီဟန်သည် ပိုင်ရမ်အား လှမ်းကြည့်လိုက်ပြီး သူ့ဦးလေးဘက်သို့ ပြန်ကြည့်လိုက်သည်။

"အမေကို ဖိတ်ဖို့ လာတာ" သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏ "ကျွန်တော်မွေးနေ့အတွက်လေ”

မူချင်းယွမ်၏ အကြည့်သည် ခဏလောက် ရပ်တန့်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ နားလည်ပြီ”

သူ ရယ်လိုက်၏

"သူမ ကျေနပ်သွားလိမ့်မယ်။ အခု သူမရဲ့ ကိုယ်ပိုင်ခြံထဲမှာ ရောက်နေတာ ။ ကိုးပါးပြောင်းလဲခြင်း အရိုးအာဟာရဖြည့် ဆေးပြားကိုးသုတ်မြောက်ကို ဖော်စပ်ပြီးသွားပြီ။ ဖော်စပ်ပြီးရင် သူမ ဘယ်လိုခံစားရလဲဆိုတာ မင်းသိပါတယ် ။ တစ်ယောက်ယောက်က သူမရဲ့ သန့်စင်မှုကို နှောင့်ယှက်ရင် စိတ်တိုနေပေမယ့် ပြီးသွားရင် စိတ်ငြိမ်သွားတယ်။"

ဒီတစ်ခါတော့ ပိုင်ကျီဟန်ကို သေချာကြည့်လိုက်ပြီး သူ့အသံက တိုးတိုးလေးနဲ့ ပြောလေ၏

"သူမ မင်းကို လွမ်းနေတယ်ဆိုတာ မင်းသိတယ်မလား။ သူမ မထုတ်ပြရင်တောင်မှ။"

ပိုင်ကျီဟန်သည် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်၏

"ကျွန်တော်လည်း အမေ့ကို လွမ်းနေပါတယ်။"

"ငါကိုယ်တိုင် မင်းကို အဲဒီကို ခေါ်သွားပေးမယ်" ဟု မူချင်းယွမ်က ပြောသည်။ "အချိန်မဖြုန်းကြရအောင်။"

သူတို့ထလာပြီး မူချင်းယွမ်သည် ပိုင်ရမ်အား ခေါင်းညိတ်ပြလိုက်သည်။

"ဒီမှာ အနားယူပါ၊ အကြီးအကဲ။ ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်။"

ပိုင်ရမ်သည် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ကောင်းပြီ။ မင်းရဲ့လက်ဖက်ရည်ကို ငါထပ်သောက်ကြည့်မယ်။ ငါ ငြိမ်းချမ်းတဲ့ အချိန်ကို အမြဲခံစားရတာ မဟုတ်ဘူး။"

ထို့နောက် ပိုင်ကျီဟန်နှင့် မူချင်းယွမ်တို့သည် တိတ်ဆိတ်သော ကျောက်လမ်းအတိုင်း မူယွဲ့လန် စောင့်မျှော်နေသည့် အတွင်းဥယျာဉ်ဆီသို့ တစ်ဖန် ထွက်လာကြသည်။

All Chapters