သားရဲ့တောက်တိုမယ်ရ ၊ အဖေရဲ့တာဝန်
Vol. 14 Ch. 199
ပိုင်ကျီဟန်သည် ဖခင်၏စာကြည့်ခန်းသို့ လမ်းလျှောက်ဝင်သွားပြီး ပိုင်အိမ်တော် နေရာတိုင်းသည် သူ၏မွေးနေ့အတွက် အလှပြင်ဆင်နေကြသည်။
(မနှစ်ကထက် ပိုကြီးတာမလား)
အိမ်တော်အမွေဆက်ခံသူအနေနဲ့ သူ့မွေးနေ့တိုင်းကို ကြီးကျယ်သော လူအများနဲ့ အမြဲတမ်း ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။
သို့တိုင် ဒီတစ်ကြိမ်မှာတော့ ပိုမိုထူးထူးခြားခြား ဖန်တီးထား၏
ပိုင်ကျီဟန်သည်လက်နှစ်ဖက်ကို ခေါင်းနောက်ထားရင်း သူ့ပုံမှန်အနေအထားနဲ့ ဖခင်၏စာကြည့်ခန်းတံခါးကို ရောက်လာသည်။
သူသည် တံခါးမခေါက်ပေ
တံခါးသည်ပွင့်သွားပြီး သူဝင်သွားခဲ့သည်။
“အဖေ ခေါ်တယ်ဆို”
စာလိပ် အများကြီးကို စုထားပြီး ဖတ်နေသော ပိုင်ထျန်းဟမ်သည် တစ်ချက်ကြည့်လိုက်လေ၏
“မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ”
ပိုင်ကျီဟန်သည် သူ့အဖေ၏ သက်ပြင်းချသံနဲ့အတူ အနားက ခုံကို ဆွဲပြီးထိုင်ချလိုက်သည်။
“ဘာလဲ? မွေးနေ့ပွဲအကြောင်းဆိုရင်— မလုပ်လည်းရတယ်နော်။ အဲဒီလိုအရာတွေ စိတ်ထဲ မထားတော့ဘူး။”
ပိုင်ထျန်းဟမ်သည် မျက်မှောင်ကျုံ့လိုက်သည်။
“မင်း မကြိုက်ဘူးလား?”
သူ မေးမြန်းလာသည်။
“အဲ့လိုမပြောဘူးလေ ။ အဲ့လောက် မလိုဘူး ပြောတာ” ကျီဟန်သည် မရိုမသေ အမူအရာနဲ့ ပြန်လည်ဖြေကြားသည်။
“အစားကောင်းကောင်းတချို့နဲ့ ငြိမ်သက်တဲ့ ညစာစားရုံလေးဆို ရပြီလေ ။ အဲဒီလောက်ကြီးကြီးမားမားတွေ မလိုပါဘူး။”
ပိုင်ထျန်းဟမ်သည် သူ့စုတ်တံကိုချပြီး ကိုယ်ကိုင်းလိုက်သည်။
"မင်းက မွေးနေ့တွေ ဒါမှမဟုတ် အခမ်းအနားတွေကို ဂရုမစိုက်ပေမယ့် မင်းရဲ့နာမည်က အခုထက် ပိုအရေးကြီးနေတယ်။ ငါတို့ရဲ့ရန်သူတွေက စောင့်ကြည့်နေကြတယ်။ ငါတို့ရဲ့မဟာမိတ်တွေက မသေချာဘူး။ ကမ္ဘာကြီးက ငါတို့ အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတယ်လို့ ထင်နေကြတယ်။"
သူ ရှေ့ကို အနည်းငယ်ကိုင်းကာ ထိုင်လိုက်သည်။
"ငါတို့ အသက်ရှင်ရုံတင်မကဘူး၊ ငါတို့ ကြီးပွားတိုးတက်နေတယ်ဆိုတာ သူတို့ကို ပြရမယ်။ မင်းရဲ့မွေးနေ့ထက် ဘာအခွင့်အရေးကောင်းရှိလို့လဲ။"
သူထရပ်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားကာ တပည့်များနဲ့ အစေခံများ အခမ်းအနားမီးအိမ်တွေ ချိတ်ဆွဲနေသည့် ခြံဝင်းကို ငေးကြည့်နေသည်။
"မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံလိုက်ပါ။ ဖိတ်ကြားစာတွေကို ငါတို့ရဲ့မဟာမိတ်တွေနဲ့ ဩဇာကြီးမားတဲ့ မျိုးနွယ်စုတွေဆီကို ပို့ပြီးပြီ။"
ပိုင်ကျီဟန်သည် ငြိမ်နေလိုက်ပြီး အခမ်းအနားကို ရပ်တန့်ဖို့ ကြိုးစားသည့်အပေါ် လက်လျှော့လိုက်သည်။ ဘာကြောင့် လိုအပ်တယ်ဆိုတာ သူနားလည်ပေ၏
"ဒါဆို ဘာလို့ ကျွန်တော်ကို ခေါ်တာလဲ။ ဒါကို ရှင်းပြဖို့တော့ မဖြစ်နိုင်ဘူးမလား။"
ပိုင်ထျန်းဟမ်သည် ခဏရပ်ပြီး ခန့်မှန်းမရသောအကြည့်နဲ့ ကြည့်လိုက်သည်။
ထို့နောက်သူသည် သက်ပြင်းချပြီး ပြတင်းပေါက်ကနေ လှည့်ထွက်လာသည်။
"မင်းပြောတာမှန်တယ်။ မင်းအတွက် တာဝန်တစ်ခုရှိတယ်။"
ပိုင်ကျီဟန် မျက်ခုံးပင့်လိုက်သည်။
"တာဝန်တစ်ခုလား။"
"ဟုတ်တယ်" ပိုင်ထျန်းဟမ်သည် တိုးတိုးလေးပြောလိုက်သည်။ "မင်းအမေကို သွားဖိတ်စေချင်တယ်။"
ပိုင်ကျီဟန် မျက်တောင်ခတ်လိုက်သည်။
"အမေကိုလား။"
မူယွဲ့လန်သည် ပိုင်ရှင်းယွဲ့ တာအိုအရိုးကိုယူပြီး သူ့ကိုပေးခဲ့သော မိခင်ပင်
"ကျွန်တော်ကို မူမျိုးနွယ်စုကို သွားစေချင်တာလား။"
မူမျိုးနွယ်စုသည် သူ့မိခင်မျိုးနွယ်စုဖြစ်ပြီး ကိုယ်ခံပညာရှင် ဒါမှမဟုတ် ပြင်းထန်သော စစ်သည်များကို မွေးထုတ်ပေးသည့် နေရာတွင် နာမည်ကြီးတာမျိုး မဟုတ်ပေ
ယင်းအစားအဂ္ဂိရတ်ပညာ—အထူးသဖြင့် ဆေးပြားသန့်စင်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ဝိညာဉ်ရေးရာ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်းတို့တွင် နာမည်ကြီးသည်။
စစ်ရေးအင်အားအရ အဓိကအင်အားကြီးမျိုးနွယ် မဟုတ်သော်လည်း မူမျိုးနွယ်စုသည် ကောင်းကင်အင်ပါယာတွင် သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုကို ရရှိခဲ့သည်။
၎င်းတို့၏ ဆေးပြားများကို ကုသခြင်း၊ တိုးတက်မှုအကူအညီနှင့် အသက်ရှည်ခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ကြသည်။
ပိုင်မျိုးနွယ်စုနှင့် မူမျိုးနွယ်စုသည် အပြန်အလှန်အကျိုးရှိသော မဟာမိတ်ဖွဲ့မှုကို ကြာမြင့်စွာ ခံစားခဲ့ရကြသည်။
ပိုင်မျိုးနွယ်စုသည် မူမျိုးနွယ်စု၏ အဆင့်မြင့်ဆေးပြားများအတွက် သီးသန့်ထောက်ပံ့ခွင့်၊ အကာအကွယ်၊ ဝိညာဉ်သတ္တုရိုင်းကုန်သွယ်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်တို့ကို ပေးအပ်ခဲ့သည်။
ပိုင်ထျန်းဟမ်နှင့် မူယွဲ့လန်၏ လက်ထပ်ခြင်းသည် နိုင်ငံရေးနှင့် ကိုယ်ရေးကိုယ်တာ နှစ်မျိုးလုံးကြောင့် ဖြစ်ပြီး ထိုအချိန်က မဟာမိတ်နှစ်ဦးကြား ထူးချွန်သော ပေါင်းစည်းမှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။
သို့သော် မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးသည် ပထဝီအနေအထားအရ ဝေးကွာနေဆဲဖြစ်သည်။
မူမျိုးနွယ်စုဝင်အများစုသည် အိမ်ထောင်ရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်မည့်အစား ၎င်းတို့၏ သီးသန့်အိမ်ယာတွင် ဆေးပြားများကို သန့်စင်ခြင်းဖြင့် နေထိုင်ခဲ့ကြသည်။
ဝယ်ယူ၍မရသော ရှားပါးပြီး အဖိုးတန်သည့်ဝိညာဉ်ရေးရာ ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် ထွက်သွားခြင်းမှလွဲ၍ ၎င်းတို့သည် အပြင်သို့ ထွက်လေ့မရှိပေ။
ပိုင်ထျန်းဟမ်သည် ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် အမေက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား?"
ပြီးခဲ့သောနှစ်က သူ့အမေသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည် ။ မဟာကောင်းကင်ဘုံတက်ခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ ကြိုးစားခဲ့ပြီး ပိုင်ကျီဟန် မွေးနေ့ကို လွတ်သွားခဲ့သည်။
ကျင့်ကြံသူတွေအနေနဲ့ နောက်တစ်ဆင့်ကို ဖြတ်ကျော်ဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ကြာတာက ပုံမှန်မဟုတ်ပေ။ အထူးသဖြင့် မဟာကောင်းကင်ဘုံတက်ခြင်းနယ်မြေအထိ မြင့်မားသည့်အခါမျိုးတွင်ပင်
"ဒီနှစ်မှာ သူမက တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာပြီ။ ပြီးတော့... သူမက မင်းရဲ့မွေးနေ့အတွက် ဒီမှာရှိနေသင့်တယ်။"
ပိုင်ကျီဟန်သည် နှုတ်ခမ်းတွေ တွန့်သွားပြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့သည်။
"သူမကို ဖိတ်ခေါ်သင့်တဲ့သူက အဖေမဟုတ်ဘူးလား?"
ပိုင်ထျန်းဟမ် မျက်နှာအမူအရာက အနည်းငယ် မှောင်မိုက်သွားချေသည်။
"မင်းကောင်းကောင်းသိတယ်... ငါတို့ စကားမပြောတာ အတော်ကြာပြီ။"
(ပိုင်ရှင်းယွဲ့ရဲ့ တာအိုအရိုးကို ယူသွားပြီးကတည်းက။)
ပိုင်ကျီဟန်သည် တွေးနေ၏
ပိုင်ကျီဟန်သည် အသေးစိတ်အရာအားလုံးကို မသိသည့်တိုင် မိခင်ဖြစ်သူနဲ့ ဖခင်တို့ အငြင်းပွါးထားပြီး သူ့အမေသည် ပိုင်မျိုးနွယ်သို့ ပြန်မလာတော့ပေ။
အကြောင်းကိစ္စသည် သူမ၏ သားဖြစ်သူ သို့မဟုတ် ပိုင်ရွှယ်ချင်းနဲ့ ပတ်သက်မနေသရွေ့—သူမ မျိုးနွယ်ထံ တစ်ဖန်တောင် ပေါ်မလာတော့ပေ။
ပိုင်ကျီဟန်သည်လည်း ပိုင်ထျန်းဟမ် သူ့အမေအပေ့ရါ် စိတ်ဆိုးသည်ကို နားလည်၏ ။ ကလေးကို မည်မျှချစ်ပါစေ၊ မစဉ်းစားပဲ လူတစ်ယောက်၏ တာအိုအရိုးကို ခိုးယူခြင်း၊ အထူးသဖြင့် မိသားစုဝင်တစ်ဦးဆီမှ ခိုးယူခြင်းသည် မှားယွင်းနေသော အပြုအမူသာ
ထို့အတူ မျိုးနွယ် ခေါင်းဆောင်တစ်ဦးအဖြစ် ပိုင်ထျန်းဟမ်သည်လည်း မိမိမျိုးနွယ်ဝင်တစ်ဦး၏ တာအိုအရိုးတောင် ခိုးယူခံရသည့်သတင်းကို မျိုးနွယ်အသိုင်းအဝိုင်းအနေနဲ့မည်သို့မြင်မည်ကို ထည့်စဉ်းစားရမည်။
ထိုအကြောင်းတွေကြောင့် ဖခင် ဒေါသထွက်တာကို နားလည်နိုင်သည်။
သို့သော် ပိုင်ကျီဟန်အတွက်… အမေသည် ထိုသို့ အကြမ်းဖက်သော အပြုအမူတစ်ခုကို ဘာကြောင့် လုပ်ခဲ့မှန်း နားမလည်နိုင်ခဲ့ပေ
လူအများနဲ့ သူအပါ သူ့အမေသည် သူ့စွမ်းအားမြင့်စေဖို့လုပ်သည်ဟု ယုံကြည်ကြသော်လည်း… သူ့အမြင်မှာတော့ အမေသည် ထိုသို့ ရက်စက်ကြမ်းကြုတ်မည့်သူ မဟုတ်ပေ။
အထူးသဖြင့် ပိုင်ရှင်းယွဲ့ကို သမီးတစ်ယောက်လို ဆုံးမပြီး အမြဲသဘောထားကောင်းကောင်းနဲ့ ချစ်ခင်စွာ ပြုမူလျက်ရှိသည်။
ပိုင်ရှင်းယွဲ့ကို မျိုးနွယ်ထဲ ထည့်သွင်းခေါ်ယူဖို့ အကြံပြုခဲ့သူသည်လည်း သူမပင်ဖြစ်သည်—အကြောင်းကတော့ ရှင်းယွဲ့အမေသည် သူအရမ်းခင်မင်ခဲ့သော သူငယ်ချင်းတစ်ဦးဖြစ်နေခဲ့လိုပင်
ထိုကိစ္စ မဖြစ်မနေပြီးသွားချိန်တွင် လူတွေအားလုံးသည် ပိုင်ရှင်းယွဲ့တာအိုအရိုးကိုရယူဖို့အတွက် အမေသည် အစစအရာရာ ပြင်ဆင်ထားခဲ့သည်ဟု ထင်မှတ်ကြသည်။
“ဘာလို့ ကိုယ်တိုင်သွားမပြောတာလဲ ။ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင် အဲ့ကိစ္စတွေဖြေရှင်းပြီးသားဖြစ်မှာကို”
တိတ်ဆိတ်နေ၏
ပိုင်ထျန်းဟမ် ဘာမှမပြောပေမဲ့ သူ မသွားချင်တာ ထင်ရှားသည်။
ပိုင်ကျီဟန်သည် သူ့ကို လေ့လာပြီး နှာခေါင်းကနေ မှုတ်ထုတ်လိုက်၏
"ဒါဆို အဖေ့အတွက် အဆင်မပြေလို့ ကျွန်တော်ကို သွားစေချင်တာလား။"
"ဘာလို့လဲဆိုတော့ မင်းပြောရင် သူမ လာလိမ့်မယ်" ပိုင်ထျန်းဟမ်က ပြောလေသည်။
"သူမက ငါ့ကို ဒေါသထွက်နေနိုင်ပေမယ့် မင်းက သူမရဲ့သားပဲ။ မင်းရဲ့တောင်းဆိုချက်ကို သူမ လျစ်လျူမရှုဘူး။"
ပိုင်ကျီဟန်သည် နှုတ်ခမ်းကို ဟလိုက်သည်။
"ကောင်းပါပြီ..ဒါပေမယ့် အမေရောက်လာရင် အဖေ စကားပြောသင့်တယ်။ အဖေတို့ ရန်ပွဲက အရမ်းကြာနေပြီ ။ ပြီးတော့ ပိုင်ရှင်းယွဲ့ကို သူရဲ့ တာအိုအရိုး ပြန်ပေးပြီးပြီ။ ငြင်းခုံစရာ ဘာမှ မရှိတော့ဘူး။"
ပိုင်ထျန်းဟမ် ခေါင်းညိတ်လိုက်သည်။
မပြောတောင် သူ့အဖေ နားလည်သည်ကို သိပေမဲ့ သူ့မာန မထိခိုက်အောင် ပိုင်ကျီဟန်ကပဲ ပြောပြလိုက်သည်။
"ကောင်းပြီ။ ဒါဆို မနက်ဖြန်မနက် ကျွန်တော် သွားမယ်။"
"ကောင်းပြီ”