(၁၇)နှစ်၊ တစ်နှစ်ကုန်ဆုံးသွားသည်
Vol. 14 Ch. 198
နှစ်ရက်ကြာပြီးနောက်…
ပိုင်ထျန်းဟမ် အမိန့်အတိုင်း ငယ်ရွယ်သော မျိုးဆက်သစ် လူငယ်တိုင်းကို စုစည်းဖို့ အကြောင်းကြားခံရကြသည်။
သို့သော် ဘာကြောင့်မှန်း သူတို့မသိသေးကြပေ။
ဒါက လီ ကျောက် မဟာမိတ်ကိုတိုက်ခိုက်ဖို့လား?
နောက်တစ်ကြိမ် စစ်ပွဲတစ်ခုကို ပြင်ဆင်နေသလား?
ဒါမှမဟုတ် အခြားအကြောင်းတစ်ခုကြောင့် ခေါ်တာလား?
လီ–ကျောက် မဟာမိတ်၏ကျူးကျော်တိုက်ခိုက်မှုပြီးသည့်နောက် မျိုးနွယ်စု ခေါင်းဆောင်အနေနဲ့ ပထမဆုံး ခေါ်ဆိုမှု ဖြစ်သည်။
ပိုင်ထျန်းဟမ်သည် အမြင့်မားဆုံး စင်မြင်ထက်၌ ရပ်နေပြီး လက်နှစ်ဖက်ကို ကျောဘက်တွင် ပစ်ထားသည်။
လူအုပ် တိတ်ဆိတ်သွားချိန်တွင် သူ၏အသံသည် ပျံ့နှံ့လာသည်။
“မကြာသေးခင်က ငါတို့က မိုးကြိုး မုန်တိုင်းတစ်ခုကို ခံခဲ့ရတယ်။ လီ–ကျောက် မဟာမိတ်က ငါတို့နှလုံးသားကို သွေးစွန်းစေခဲ့တာ ၊ ငါတို့မျိုးနွယ်ကို မြေမြှပ်ဖို့ရာက်လာတာ။”
သူ၏မျက်လုံးများသည် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးများမှ ရွှေအမြုတေနယ်ပယ် အထွတ်အထိပ် ရောက်နေသူများအထိ လူငယ်အနှံ့ကို လွှမ်းမိုးကြည့်လိုက်သည်။
“ဒါပေမယ့်… အနားပတ်လည်ကို ကြည့်ကြ။ ငါတို့ သေသွားပြီလား?”
“ငါတို့ ပျက်စီးပြီလား? ကျိုးပဲ့သွားပြီလား?”
“မဟုတ်ဘူး”
“ငါတို့ ရပ်တည်နေတုန်းပဲ”
ချီစွမ်းအားတစ်ခု မိုးပေါ်တက်သွားသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်လာပြီး လက်တစ်ဖက်ကို ကောင်းကင်ဘက်သို့ မြှောက်ပြသလိုက်သည်။
“အခုတော့…ငါတို့မြင့်တက်နေပြီ”
မောပန်းသည့်တိုင် ရွှင်လန်းသံတွေနဲ့ အော်ဟစ်ကြသည်။ မည်သူမျှ မယုံကြသည့် အဆုံးကို ရှင်သန်နိုင်ကြောင်း ဂုဏ်ယူမှုနဲ့ပင်
ထို့နောက် ပိုင်ထျန်းဟမ်သည် လက်ကို နိမ့်ချလိုက်သည်။
“ဒီနေ့ကစပြီး ငါတို့ ပိုင်မျိုးနွယ်စုက နံရံတွေကိုသာမက အုတ်မြစ်ကိုပါ ခိုင်မာစေမှာပါ”
သူသည် တောက်ပသော အပြာရောင်အလင်းတန်းဖြင့် မှိန်ဖျော့ဖျော့တောက်ပနေသော ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ငါ့အနေနဲ့ ဒါကို အမိန့်ထုတ်ပြန်လိုက်တယ်။ ငါတို့မျိုးနွယ်စုရဲ့ မြေကမ္ဘာအဆင့် ကျင့်ကြံမှုနည်းစနစ်ဖြစ်တဲ့ မြစိမ်းရောင်နဂါး အသက်ရှူခြင်းနည်းစနစ်ကို အမွေဆက်ခံသူ ဒါမှမဟုတ် ထိပ်တန်းပါရမီရှင်တွေအတွက်ပဲ ကန့်သတ်ထားတော့မှာ မဟုတ်ဘူး”
လူအုပ်ကြားတွင် လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားသည်။
"ယနေ့ကစပြီး ပိုင်မျိုးနွယ်စုရဲ့ သစ္စာရှိအဖွဲ့ဝင်တိုင်းက အဲ့တာကို လေ့လာခွင့်ရှိတယ်”
မျက်လုံးများ ပြူးကျယ်သွားသည်။ မေးရိုးများ ပြုတ်ကျသွားချေသည်။ အသက်ကြီးသော တပည့်များပင် မယုံနိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မြစိမ်းရောင်နဂါး အသက်ရှူနည်း
ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတွင် အကောင်းဆုံး ကျင့်ကြံမှုနည်းစနစ်များထဲမှ တစ်ခု - တစ်ချိန်က မျိုးနွယ်စု၏ အမွေဆက်ခံသူ သို့မဟုတ် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သူများအတွက်သာ သီးသန့်ထားရှိခဲ့သည်။
ယခုအခါ လူတိုင်းကို ဝင်ရောက်ခွင့် ပေးဆောင်နေပြီလား။
"ဘာ? တကယ်ကြီးလား?"
"ကျွန်တော့်ရဲ့ ပါရမီနဲ့ ရွှေအမြုတေအဆင့်မှာ ထာဝရ ပိတ်မိနေလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မြစိမ်းရောင်နဂါး အသက်ရှူနည်းကို အသုံးပြုပြီး လေ့ကျင့်မယ်ဆိုရင် ဒီထက်ပိုပြီး အောင်မြင်မှာပါ။"
ရင်ပြင်တစ်ခုလုံး ဆူညံသွား၏ ဝမ်းသာအားရ လက်ခုပ်သံတွေနဲ့အတူ "အကြီးအကဲ အသက်ရှည်ပါစေ” ဟူသော အော်ဟစ်သံများက လေထုထဲ၌ ပြည့်နှက်နေ၏
စိတ်ဓာတ်တွေ ပြောင်းလဲသွားခဲ့သည်။
ကြောက်ရွံ့မှုကို မျှော်လင့်ချက်နဲ့ အစားထိုးခဲ့သည်။
မသေချာမရေရာမှုမှ စိတ်ပိုင်းဖြတ်မှုကို အစားထိုးပေးခဲ့ချေသည်။
ထိုသို့ အစွမ်းထက်သော ကျင်ကြံနည်းကို အသုံးပြုပြီး သူတို့လည်း ပျံသန်းနိုင်မည်ဟု လူအများက ခံစားခဲ့ရသည်။
ပိုင်ထျန်းဟမ်သည် စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားဖို့ စောင့်မျှော်နေရင်း ဒီတစ်ခါတော့ ပိုပြီး ထက်မြက်သော အမူအရာနဲ့ ထပ်ပြောလိုက်သည်။
"ဒီနည်းစနစ်ကို အားလုံးအတွက် ဖွင့်ပေးထားပါတယ်။ ဒါပေမယ့် မင်းတို့ရဲ့ လမ်းကြောင်းက လွယ်ကူလိမ့်မယ်လို့ မထင်ပါနဲ့။"
စုဝေးနေသော ဂျူနီယာတွေကို ကြည်လင်ပြီး အေးစက်သော မျက်လုံးများနဲ့ ကြည့်လိုက်သည်။
"ပိုသန်မာချင်ရင် ပိုကြိုးစားကြ ။ မဟုတ်ရင် နောက်ကျကျန်ခဲ့လိမ့်မယ်။"
သူက ခေါင်းညိတ်ပြလိုက်သည်။
"ဒါပါပဲ”
ပိုင်မျိုးနွယ်စုအထက်ရှိ ကောင်းကင်သည် စစ်အလံများ၊ ပြာများဖြင့် မှောင်မိုက်မနေတော့ပေ
ပျော့ပျောင်းသော်လည်း စစ်မှန်သော အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ခံစစ်ဖွဲ့စည်းပုံ၏ နောက်ဆုံးပြုပြင်မှုများ ပြီးစီးတော့မည်ဖြစ်ပြီး ဝမ်းနည်းခြင်းအခမ်းအနားများ ပြီးဆုံးသွားသည်နှင့်အမျှ မျိုးနွယ်စုအတွင်း အဖြစ်အပျက်အသစ်တစ်ခု တိတ်ဆိတ်စွာ စတင်လှုပ်ရှားလာခဲ့သည်။
ပိုင်ထျန်းဟမ်သည် အကြီးအကဲများကို ခေါ်လိုက်ပြီး သူ၏လေသံသည် ထူးထူးခြားခြား နွေးထွေးနေသည်။
"ကျီဟန်ရဲ့ ဆယ့်ခုနစ်နှစ်မြောက် မွေးနေ့နီးကပ်လာပြီ" ဟု ဘိုးဘေးခန်းမ၏ အဓိကနေရာတွင် ရပ်ရင်း ပြောလိုက်သည်။
"ဒီနှစ်မှာ ကျွန်တော်တို့ ဒါကို ကျင်းပသင့်တယ်လို့ ထင်ပါတယ်—ပြီးတော့ တတ်နိုင်သမျှ ကြီးကျယ်အောင် လုပ်သင့်တယ်။"
ခန်းမထဲက လူအတော်များများ မျက်တောင်ခတ်လိုက်ကြပေမဲ့ မည်သူမှ အံ့ဩမသွားကြပေ။
သူတို့အားလုံးသည် ပိုင်ကျီဟန်၏မကြာသေးမီက ပံ့ပိုးကူညီမှုများ အထူးသဖြင့် မျိုးနွယ်စုအတွက် ရရှိခဲ့သော ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်ကို အားလုံးအား အသိပေးပြီးသားပင် ဖြစ်သည်။
ထိုပံ့ပိုးကူညီမှုသည် ဂုဏ်ပြုထိုက်ပေမဲ့ တရားဝင် ကြေငြာချက်တစ်ခုအရ ထိုအချက်အလက်ကို ပြင်ပကမ္ဘာကို ဖော်ထုတ်ဖို့ အန္တရာယ်ရှိနိုင်၏
သို့တိုင် သူ့မွေးနေ့ရောက်တော့မည်။ ပြီးတော့ သူတို့ ဒါကို အသုံးပြုနိုင်၏
သူ့ကို ဂုဏ်ပြုဖို့သာမက သူတို့ရန်သူတွေကို ခွန်အားပြဖို့ပင်
မွေးနေ့တစ်ခုတည်း မဟုတ်ပေ
ကြေငြာချက်တစ်ခုသာ
"ဟုတ်တယ် အဲဒါကောင်းတဲ့ အကြံပဲ”
"ဟားဟား... ငါတို့ရဲ့ အမွေဆက်ခံသူ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူက ဆယ့်ခုနစ်နှစ် ပြည့်တော့မယ်လို့ ငါတို့ ကြေငြာရမယ်”
"အဲဒါကောင်းတဲ့ အကြံပဲ။ သူတို့ရဲ့ အကြီးကျယ်ဆုံး ပါရမီရှင်က အသက်သုံးဆယ်မှာ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကိုတောင် မထိုးဖောက်နိုင်ခဲ့ဘူး—ပြီးတော့ ငါတို့က ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ”
ပြင်ဆင်မှုများသည် အဲဒီနေ့မှာပဲ စတင်ခဲ့သည်။
မျိုးနွယ်စုအစေခံများသည် အခမ်းအနားအလံများအဖြစ် အဖြူရောင်ဝိညာဉ်ရေးရာပိုးထည်များ ရက်လုပ်ရင်း အလုပ်များနေကြပြီး အကြီးအကဲများသည် ပွဲတော်များအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် ဝိညာဉ်ရေးရာအတားအဆီးကို ခိုင်မာအောင်လုပ်ဆောင်နေကြသည်။
ပုံမှန်အားဖြင့် ဘက်လိုက်မှုအပေါ် မနာလိုဖြစ်လေ့ရှိသော မျိုးနွယ်စုဝင်များပင် ယခုအခါ စိတ်လှုပ်ရှားပျော်ရွှင်နေကြသည် - အဓိကအားဖြင့် မျိုးနွယ်စု၏ မြစိမ်းရောင်နဂါး အသက်ရှူနည်းစနစ်ကို နောက်ဆုံးတွင် သင်ယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ပိုင်ကျီဟန်မွေးနေ့အတွက် ဤမျှကြီးကျယ်ခမ်းနားသောပွဲ ကျင်းပခြင်းအပေါ် သိပ်မစဉ်းစားခဲ့ကြပေ
စစ်ပွဲတွင် ပိုင်ကျီဟန်၏စွမ်းဆောင်ရည်ကို မြင်ပြီးနောက် အမွေဆက်ခံသူအဖြစ် သူ၏အရည်အချင်းများအပေါ် သံသယမရှိတော့ပေ
ခြံဝင်းထဲမှာတော့ ပိုင်ကျီဟန်သည် သူ၏တံခါးပိတ် ကျင့်ကြံမှုကို အဆုံးသတ်လိုက်ချေပြီ။
"အကြိမ်ပေါင်းများစွာကြိုးစားပြီးတဲ့ နောက်မှာတောင် နည်းစနစ်ရဲ့အနှစ်သာရကို ငါနားမလည်နိုင်သေးဘူး။"
မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တိုးတိုးရေရွတ်လိုက်သည်။
သူ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သူဘာတွေလိုအပ်နေသည်ကို အတိအကျမသိသည့်တိုင် ၎င်းသည် အခြေခံကျသော အရာတစ်ခုဖြစ်သည်ကို သူသိပေသည်။
(စားဖိုမှူးကို ငါ့အတွက် ဟင်းပွဲအပြည့်အစုံ ပြင်ဆင်ပေးဖို့ လောင်ချင်းကို ပြောသင့်တယ်။)
သူစားနိုင်သော အစားအစာအားလုံးကို စိတ်ကူးနေတုန်းမှာပဲ ရယ်သံတွေ သူ့နားထဲ ရောက်လာ၏
သူ ခေါင်းကို အနည်းငယ်လှည့်လိုက်တော့ ကျောက်တိုင်ကို သစ်ခွပန်းများနဲ့ အလှဆင်နေသော အစေခံနှစ်ယောက်ကို တွေ့လိုက်ရသည်။
"ပွဲတော်အတွက် ပြင်ဆင်နေကြတာလား?"
သူပျင်းရိစွာ မေးလိုက်ပေသည်။
မိန်းကလေးတစ်ယောက်သည် အံ့အားသင့်စွာ အော်လိုက်ပြီး မြန်မြန်ဦးညွှတ်ကာ စိတ်ရှုပ်ထွေးသွားချေသည်။
"သ သခင်လေး ပိုင်ကျီဟန်-မဟုတ်ဘူး၊ ပွဲတော်မဟုတ်ပါဘူး- သခင်လေးရဲ့မွေးနေ့။"
ပိုင်ကျီဟန်သည် မျက်တောင်ခတ်လိုက်ပြီး အံ့အားသင့်သွားချေသည်။
"ငါ့... မွေးနေ့လား?"
သူ လုံးဝမေ့နေ၏။
တိုက်ပွဲများ၊ ကြံစည်မှုများနဲ့ ကမ္ဘာမြေပေါ်က သူ့၏အတိတ်ဘဝမှ အမှတ်တရများကို ပြန်လည်ရရှိတာကြောင့် ၎င်းသည် အရေးမကြီးသလို ခံစားရသည်။
ဆယ့်ခုနစ်နှစ်
မျိုးနွယ်စုအများစုတွင် ဆယ့်ခုနစ်နှစ်သည် ပါရမီရှင် တစ်ယောက်၏ ကျင့်ကြံမှုလမ်းကြောင်း တည်ငြိမ်လာသောအချိန်ပင်
၎င်းသည် ကလေးဆန်သော စိတ်လိုက်မာန်ပါအပြုအမူများမှ အာရုံစူးစိုက်ထားသော ရည်ရွယ်ချက်သို့ ပြောင်းလဲသွားသည့်
အဆင့်ပင်။ အနာဂတ်ဒဏ္ဍာရီတစ်ခု၏ အမည်သည် စတင်အမြစ်တွယ်လာလေ့ရှိသည်။
ထို့ကြောင့် သူသည် ကမ္ဘာမြေမှ သူ၏မှတ်ဉာဏ်များကို ပြန်လည်ရရှိလာတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။
ထိုအချိန်မှစ၍ သူ၏ စရိုက်လက္ခဏာသည် သိပ်မပြောင်းလဲသော်လည်း ကျင့်ကြံမှုနှင့် ခွန်အားအရ လုံးဝပြောင်းလဲသွားခဲ့သည်။
သူသည် ခေါင်းနောက်ကို ကြောင်အစွာ ကုတ်လိုက်ချေသည်။
"ငါမွေးနေ့ကို လုပ်ဖို့ မလိုပါဘူး။"
အစေခံနှစ်ယောက်သည် သူ့၏ညည်းညူသံကို ကြားပြီး ပြုံးလိုက်ကြသည်။
ထိုအချိန်မှာပဲ လောင်ချင်းသည် သူ့ဆီကို ပြေးလာခဲ့သည်။
"သခင်လေး၊ နောက်ဆုံးတော့ ထွက်လာပြီ”
သူမနဖူးတွင် ချွေးများပေကျံနေပြီး လက်တွေမှာ ဖုန်များနဲ့ပေကျံနေ၏ ပြင်ဆင်မှုများတွင် ကူညီပေးနေတာ သိသာပေသည်။
"ဟုတ်တယ်. ပြီးတော့ လောင်ချင်း၊ စားဖိုမှူးကို ငါ့ကျေနပ်အောင် ဟင်းပွဲအပြည့်အစုံ ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ။ မဟုတ်ရင်... သူတို့ အချက်အပြုတ်လေ့ကျင့်နေရမယ်။ အိပ်ရေးမဝဘဲနဲ့ပေါ့။"
ပိုင်ကျီဟန်သည် ပြုံးပြီးပြောလိုက်ပေသည်။
လောင်ချင်းသည် ခေါင်းညိတ်လိုက်၏
"သခင်လေး၊ သခင်လေးအဖေကလည်း သခင်လေးကိုပြောဖို့ ညွှန်ကြားထားပါတယ်၊ သခင်လေးထွက်လာတာနဲ့ သူ့အခန်းမှာ တွေ့ချင်တယ်တဲ့”
"ဟမ်? အဖေက ငါ့ကိုတွေ့ချင်နေတာလား။ အဲဒီအဘိုးကြီးက အခုဘာလိုချင်လို့လဲ?"
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။
ပုံမှန်အားဖြင့် သူပြဿနာရှာပြီးမှ ခေါ်လေ့ရှိသည်။
မကြာသေးခင်က သူဘာမှ အမှားလုပ်မထားပေ ။ ဒါပေမယ့် သူလည်း သေချာမသိပေ
မကြာခင်မှာ သူ သိလာမည်သာ