တော်ဝင်မိသားစုကြီးအား နင်းချခြင်း၊ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း(၂)
Vol. 29 Ch. 423
"စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်မှာ အဆင့်သေးတစ်ခု ချိုးဖျက်ဖို့တောင်မှ အရမ်းကိုခက်ခဲတယ်။ မရေမတွက်နိုင်တဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်တွေက ဒီဖြစ်စဉ်ရဲ့ အစောပိုင်းမှာပဲ ရပ်တန့်သွားကြတယ်.."
"ကြီးမြတ်တဲ့ သိုင်းသမားများစွာက သန့်စင်သော စိတ်ဝိဉာဉ်အဆင့် ဂိတ်တံခါးရှေ့မှာ အရှုံးပေးခဲ့ရတယ်။ အဲ့ဒီ့ခြေလှမ်းကို မတတ်နိုင်ကြဘဲ သူတို့ရဲ့ဒီဗိုင်းဝိဉာဉ်ကို မစုစည်းနိုင်ခဲ့ကြဘူး.."
"ပါရမီရှင်များစွာ ကောင်းကင်လူသားကြီး အဆင့် သို့မဟုတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းရဲ့ အစောပိုင်းနဲ့ အလယ်အလတ်အဆင့်တွေမှာ ရပ်တန့်သွားခဲ့ရတယ်..."
"စိတ်ဝိဉာဉ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ချိုးဖျက်နိုင်တဲ့ လူတွေဆိုတာ လင်းနယ်မြေရဲ့ စစ်မှန်တဲ့ အထွတ်အထိပ်မှာ ရှိနေတယ်.."
ရှန်ဟိုင်ကျိုးက ခံစားချက်မြင့်စွာဖြင့် သက်ပြင်းချသည်။
သူသည် ကိုယ့်ကိုယ်ကို၏ ပါရမီကို ယုံကြည်ချက်ရှိပေမယ့် နောင်တွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာနိုင်မည်ဟု သေချာပေါက် ပြောရဲခြင်းမရှိပါ။
ရွှီယန်သည် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် ရှေးဟောင်း မိသားစုကြီးများနှင့် ပတ်သက်ပြီး ပိုမို အသေးစိတ်သည့် နားလည်မှုတို့ ရလာခဲ့၏။ မိသားစုကြီးတစ်ခု၏ မျိုးဆက်တစ်ယောက်အနေနှင့် ရှန်ဟိုင်ကျိုးသည် ထိုမိသားစုနှင့် ဂိုဏ်းများအကြောင်းကို ယွီရှောင်လုံထက် နက်ရှိုင်းစွာ ပိုမို နားလည်ပါသည်။
"ယွီကျိုးကို ကြည့်ရတာ စွမ်းအားမကြီးတဲ့ပုံပါလား.."
ရွှီယန်၏အသံက အံ့ဩနေ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ လင်းနယ်မြေအတွင်းတွင် စွမ်းအားကြီးသည်ဟု ဆိုနိုင်ပေမယ့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများ၏ အနိမ့်ဆုံး အတိုင်းအတာအတွင်းသို့သာ ဝင်ရောက်ပါသည်။
"ယွီကျိုးက တော်တော်လေးချောင်ကျတယ်။ ရှေးအခါရဲ့ ကပ်ဘေးတစ်ခုကြောင့် ဆုတ်ယုတ်သွားတယ်လို့ ပြောကြတယ်.."
ရှန်ဟိုင်ကျိုးက ရှင်းပြ၏။
"သိုက်မိသားစုရဲ့စခန်းက ဘယ်မှာလဲ။ ငါ့ကိုပြောပြဦး။ ငါသိုက်ရှန်းပြန်မလာခင် အဲ့ဒါကို ဖျက်ဆီးချင်တယ်.."
ရွှီယန်က လေးနက်စွာပြောသည်။ ရှန်ဟိုင်ကျိုးမှာ အံ့ဩသွား၏။ သူသည် အားလုံးတို့ကိုရှင်းပြပြီး ဖြစ်သည်။ သို့ပေမယ့် ရွှီယန်သည် သိုက်မိသားစုကို ဖျက်ဆီးလိုဆဲ ရှိသေးသည်လား။ သိုက်မိသားစု၏ စွမ်းအားကို ကြောက်ရွံ့ခြင်းတစ်စုံတစ်ရာ မရှိပေဘူးလား။
"သိုက်မိသားစုအပေါ် ငါလည်းအသေးစိတ် နားလည်မှုတော့မရှိဘူး။ သူတို့ရဲ့ ဘိုးဘွားပိုင်မြေက ကျိန်နိုင်ငံရဲ့ နယ်စပ်မှာရှိတယ်။ ဒီမျိုးဆက်မှာ သိုက်ယင်ယင်နဲ့ သိုက်ကျွင်းအပြင် အခြားပါရမီအနည်းငယ်လည်းရှိတယ်.."
"ဒါပေမယ့် သူတို့ရဲ့ပါရမီတွေက အရမ်းကြီး ထူးခြားမနေဘူး..."
ရှန်ဟိုင်ကျိုးက မြေပြင်ပေါ်တွင် မြေပုံတစ်ခုကိုဆွဲကာ သိုက်မိသားစု၏ တည်နေရာကို ပြသသည်။ ရတနာတိုက်၏ နေရာကိုလည်း အကြမ်းဖျင်း ညွှန်ပြ၏။
သူသည် သိုက်မိသားစု၏ လူငယ်မျိုးဆက်အနည်းငယ်တို့အကြောင်းကို မိတ်ဆက်ပေးကာ အသွင်အပြင်နှင့် အကျင့်စရိုက်တို့ကို ပြောပြသည်။
ရွှီယန်က ရှန်ဟိုင်ကျိုးကို သံသယဖြင့် ကြည့်၏။ တစ်ဖက်လူသည် သိုက်မိသားစုအကြောင်းကို အနည်းငယ် သိသည်ဟုဆိုပြီး ယခုမျှ အသေးစိတ်ကျသည့် အချက်အလက်များကို ပေးနိုင်လေသည်။ ဘိုးဘွားပိုင်နယ်မြေအပြင် လက်ရှိမျိုးဆက်၏ လူများစွာတို့ကိုပင် နားလည်၏။
ရှန်ဟိုင်ကျိုးက နေရခက်စွာ ပြုံးသည်။ သူသည် သိုက်ကျွင်းဆီမှ ပိုက်ဆံချေးခဲ့ပြီး နောက်ဆုံးတွင် သိုက်ကျွင်းမှာ သူ၏လက်ထဲ၌ သေဆုံးခဲ့သည်။ ထို့ကြောင့် သိုက်မိသားစုအကြောင်းကို အထူး စုံစမ်းမှုပြုခဲ့၏။
"ဒါတွေက ငါသိသမျှ အားလုံးပဲ.."
ရှန်ဟိုင်ကျိုးက နောက်ဆုံးတွင်ပြောသည်။ ရွှီယန်က ခေါင်းငြိမ့်ကာ ရှန်ဟိုင်ကျိုးကိုကြည့်၏။
"အကိုရှန်... ငါ့ကိုတစ်ခုလောက်ကူညီပေး... သိုက်ရှန်းကို အပြင်ဘက်မှာ နည်းနည်းကြာကြာလေး အချိန်ဆွဲပေးထား။ အဲ့ဒါမှ သိုက်မိသားစုကို ချက်ချင်းပြန်မလာနိုင်မှာ.."
"ကောင်းပြီ..."
ရှန်ဟိုင်ကျိုးက သဘောတူစွာ ခေါင်းငြိမ့်၏။
"ညီအစ်ကိုရွှီ... မင်းမှာ ယုံကြည်ချက်ရှိလား.."
ရှန်ဟိုင်ကျိုးက မနေနိုင်ဘဲမေးသည်။
သိုက်မိသားစုတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် စောင့်ကြပ်နေ၏။
"ဘာပြဿနာမှ မရှိလောက်ပါဘူး.."
ရွှီယန်က တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်၏။
"ဒါဆိုရင် ညီအစ်ကိုရွှီကို အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်.."
ရှန်ဟိုင်ကျိုးက လက်လက်သီးနှစ်ဖက်ကိုဆုတ်ကာ ပြောသည်။
"ကျေးဇူး.."
ရွှီယန်သည် တစ်ဖက်လူအတွက် ပြန်လည်တုံ့ပြန်ပြီး ချက်ချင်းပင် ထွက်ခွာခဲ့၏။
"ယွီကျိုးကတော့ ရှုပ်ထွေးတဲ့ခေတ်အခါကို ကျရောက်တော့မယ်။ သိုက်မိသားစု ဖျက်ဆီးခံရရင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရော ဘယ်လိုနေမလဲမသိဘူး.."
ရှန်ဟိုင်ကျိုးက ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် သံသယဝင်စရာ မကောင်းလောက်အောင် ရွှီယန်ကို သုတ်သင်ရန်အတွက် အစွမ်းကုန် ကြိုးစားကြမည်ဖြစ်၏။
သိုက်ရှန်းကို ခဏအတွင်း အိမ်မပြန်ဖြစ်အောင် လုပ်ရန်မှာ ခက်ခဲခြင်း မရှိပါ။ ရှန်ဟိုင်ကျိုးက သူ၏လူများကို သတင်းအတုတစ်ခုအား ဖြန့်ကျက်ခိုင်းလိုက်၏။
ဝမ်းယုံနှင့် ရွှီယန်တို့၏ တည်နေရာများကို ပေါက်ကရပြောခြင်း ဖြစ်သည်။
သိုက်ရှန်းသည် ရွှီယန်နှင့် ဝမ်းယုံတို့အား နေရာတိုင်းတွင် အရူးအမူး လိုက်ရှာနေ၏။ မိသားစုကြီးတစ်ခုဖြစ်သည့် သိုက်မိသားစု၏ ကောင်းကင်လူသားကြီးအဆင့် ကောင်းကင်လူသားသည် လေလွင့်သိုင်းသမားနှစ်ယောက်ကိုပင် ရှင်းလင်းနိုင်ခြင်း မရှိပေ။ သူ၏မျက်နှာကို မည်သည့်နေရာ၌ ထားရမည်နည်း။ သိုက်မိသားစု၏ ဂုဏ်သိက္ခာကို မည်သည့်နေရာ၌ ထားရမည်နည်း။
သိုက်ဒေသသည် သိုက်မိသားစုက အုပ်စိုးသည့် နယ်မြေတစ်ခု ဖြစ်၏။ သိုက်မိသားစု၏ ဘိုးဘွားပိုင်မြေမှာ ထိုနေရာတွင် ရှိနေပါသည်။ ဒီအတောအတွင်းတွင် သိုက်မိသားစုအပေါ်၌ ကံကြမ္မာဆိုးတစ်ခု ကျရောက်လာဟန်တူ၏။ မျှော်လင့်ချက်ကြီးစွာထားခဲ့သည့် သိုက်ယင်ယင်မှာ အသတ်ခံခဲ့ရပြီး သိုက်ကျွင်းလည်းပဲ သေဆုံးခဲ့လေသည်။
လက်ရှိမိသားစုခေါင်းဆောင် သိုင်ယီဖင်ပင်လျှင် တောတောင်များ၌ သေဆုံးခဲ့ပြီး လေလွင့်သိုင်းသမားတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ရှက်စရာကောင်းစွာ ခံခဲ့ရ၏။
ဤသည်မှာ ကြီးမားသည့် စော်ကားမှု ဖြစ်သည်။ သိုက်ယန်နှင့် သိုက်ယင်ယင်တို့မှာ ဝမ်းကွဲများ ဖြစ်ကြသည်။ သူ၏ပါရမီသည် ထူးကဲခြင်း မရှိပေ။ အသက်၃၀သို့ ရောက်ရှိသည့်တိုင် ကောင်းကင်လူသားငယ် အဆင့်သို့ ချိုးဖျက်ခြင်း မရှိသေးပါ။
ထိုနေ့တွင် သိုက်ယန်သည် ခေါင်းကိုငုံ့ကာ ညှို့မှိုင်းသည့်စိတ်အခြေအနေဖြင့် အပြင်ဘက်မှ ပြန်လာခဲ့၏။ သိုက်မိသားစုအစောင့်များနှင့် အကြီးအကဲများမှာ ဂရုစိုက်ခြင်းမရှိပေ။
မိသားစုသည် ကြီးမားသည့်ကပ်ဘေးကို ခံစားနေရပြီး မျိုးဆက်များအနေနှင့် စိတ်အခြေအနေမကောင်းစွာ ခံစားနေရမည်မှာ ပုံမှန်သာ ဖြစ်သည်။
ဟိုဟိုဒီဒီလှည့်လည်ရင်းမှ သိုက်ယန်သည် နောက်ဆုံးတွင် သိုက်မိသားစု၏ ဘိုးဘေးဝတ်ပြုကျောင်းအတွင်းသို့ ရောက်ရှိသွား၏။
"သိုက်ယန်... မင်းဒီမှာဘာလုပ်နေတာလဲ။ ကြည့်ရတာလည်း အားမရှိလိုက်တာ။ ဒါက ငါတို့ရဲ့ ရတနာတိုက်ပဲ။ ခွင့်ပြုချက်မရပဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး.."
ဂိတ်ကိုစောင့်ကြပ်နေသည့် အကြီးအကဲက မျက်မှောင်ကျုံ့ကာအော်၏။
။
"ကျွန်တော်သိတယ်.."
သိုက်ယန်က ထိုင်းမှိုင်းစွာ ဖြေကြားပြီးနောက် လှည့်ထွက်သွားသည်။
"ဒီနေရာက ရတနာတိုက်နဲ့ နီးတယ်။ အလစ်အငိုက်တိုက်ခိုက်ဖို့လည်း သင့်တော်တယ်။ ဒီကပဲစတာပေါ့.."
သိုက်ယန်အဖြစ် ရုပ်ဖျက်ထားသည့် ရွှီယန်က ဘိုးဘေးခန်းမ၏ အပြင်ဘက်ရှိ ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်၏ အနောက်ရှိ မြေကြီးထဲ၌ ကိုယ့်ကိုယ်ကို မြှုပ်လိုက်သည်။ တည်ရှိမှု အငွေ့အသက်အားလုံးတို့ကို ရုပ်သိမ်းလိုက်၏။
"ငါ့မှာ အခွင့်အရေးတစ်ခုပဲရှိတယ်... သတ်ဖြတ်ဖို့အတွက် အခွင့်အရေးရလာအောင် တစ်ခါတည်း ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ရမယ်.."
ရွှီယန်၏အကြည့်က လေးနက်နေ၏။ သူ၏ဓားဆန္ဒကို တိတ်တဆိတ်စုစည်းကာ လျှပ်တပြက်လေ ဓားဆန္ဒအား ဆက်တိုက်သန့်စင်၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် တစ်ဖက်လူ၏ ဝိဉာဉ်ကို ဖျက်ဆီးရန် ရှင်ဖုန်းဓားဆန္ဒအပေါ်သို့ ပိုမှီခိုဖို့ လိုအပ်ပါသည်။
'အဆင်သင့် ဖြစ်လောက်ပြီ..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ရုတ်တရက် သူ၏ဒီဗိုင်းဆန္ဒက ထွက်ပေါ်လာကာ သိုက်မိသားစု၏ ဘိုးဘေးပိုင်မြေအထက်၌ အပြာရောင်ကျောနှင့် အဖြူရောင်ဝမ်းဗိုက်ရှိသည့် နဂါးကြီးတစ်ကောင် ပေါ်လာပြီး မာန်ဖီလိုက်သည်။
"အုန်း.."
သိုက်မိသားစုရှိ သိုင်းသမားများမှာ မှင်သက်သွားကြပြီး သူတို့၏မျက်နှာများက တောင်ကြီးတစ်ခု ဖိနှိပ့်ခြင်းကို ခံရသည့်နှယ် ဖြူရော်သွားကြသည်။
ကောင်းကင်လူသားငယ် အဆင့်ရှိ လူအားလုံး မြေကြီးပေါ်သို့ လဲကျကုန်ကြ၏။ ကောင်းကင်လူသားကြီးအဆင့်ရှိ အကြီးအကဲများသာလျှင် ကြီးမားလှသည့် စွမ်းအားကို ခုခံနိုင်စွမ်း ရှိကြသည်။
ထိုသို့ဆိုလျှင်တောင် သူတို့အားလုံးသည် ထိတ်လန့်စွာ ခံစားရဆဲ ရှိ၏။ မိုးပြာရောင်ကောင်းကင်နဂါး နတ်ဆိုးအလောင်းသည် သိုက်မိသားစုကို လာရောက်တိုက်ခိုက်သည်လား။
"ဘုန်း.."
ထိုအချိန်၌ ဘိုးဘေးဝတ်ပြုကျောင်း၏ လားရာဆီမှ ဒီဗိုင်းစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဘိုးကြီးတစ်ယောက် လျှပ်တပြက်အတွင်းပေါ်လာပြီး မိုးပြာရောင်နဂါးကို တိုက်ခိုက်၏။
"မိုးပြာရောင်နဂါး... အခုဒီကို ရောက်လာပြီဆိုတော့ ထွက်သွားဖို့မစဉ်းစားနဲ့။ မင်းဘယ်လို အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့လဲဆိုတာကို ငါကြည့်ချင်သေးတယ်.."
မိုးပြာရောင်ကောင်းကင်နဂါးက ၎င်း၏ ထည်ဝါလှသည့် စွမ်းအားကို ထုတ်ဖော်ကာ အဘိုးကြီးဆီသို့ ပြေးဝင်သွားသည်။ သို့ပေမယ့် အဘိုးကြီး၏ လက်ဝါးရိုက်ချက်အောက်တွင် လေထဲ၌ ချက်ချင်းပြိုလဲကာ သစ်ပင်ကြီးတစ်ပင်အား ဝင်ဆောင့်သည်။
"ဝေါင်း.."
နဂါးကြီးက မြေပေါ်တွင် လဲလျောင်းနေရင်းမှ ခေါင်းကိုမော့ကာ ဒေါသတကြီးဖြင့် အော်သည်။ ရုန်းထရန်ကြိုးစား၏။ အဘိုးကြီးက ကောင်းကင်မှသက်ဆင်းလာပြီးနောက် စိတ်လှုပ်ရှားနေပါသည်။
ပျောက်ဆုံးနေသည့် မိုးပြာရောင်ကောင်းကင်နဂါးအလောင်းနတ်ဆိုးသည် သိုက်မိသားစု၏ ပိုင်နက်အတွင်းသို့ မှားယွင်းစွာ ရောက်ရှိလာခဲ့၏။ ဤသည်မှာ သိုက်မိသားစု၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးတစ်ခု ဖြစ်သည်လား။
"သားရဲကောင်...ရုန်းမနေနဲ့.."
အဘိုးအိုက ဝမ်းသာသွားသည်။ သူသည် နဂါးဆီသို့ သွားရောက်ကာ ရုတ်တရက် လှုပ်ရှားမှုပြုလိုက်၏။ ဖိနှိပ့်ကာ ဖမ်းဆီးရန်ရည်ရွယ်လေသည်။
ရုတ်တရက် သန်မာသည့် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး သူ၏နောက်မှ စူးရှသည့် ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး.."
အဘိုးကြီးမှာ ထိတ်လန့်သွားပြီး သူ၏ ဒီဗိုင်းစွမ်းအားက ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် တိုက်ခိုက်မှုကို ရှောင်ရှားရန် ပြင်ဆင်သည်။
သို့ရာတွင် သူသည် အလစ်အငိုက်မိသွားပြီး ရွှီယန်၏ တိုက်ခိုက်မှုမှာ စွမ်းအားကြီးမားရာ ရွှင်ဖုန်းဓားဆန္ဒသည် လေပြင်းတစ်ခုနှယ် သူ၏ဝိဉာဉ်ဆီသို့ ဝင်ရောက်လာခဲ့၏။
ရုတ်တရက် အဘိုးကြီးသည် ဝိဉာဉ်အား မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သည့်နှယ် ခံစားလိုက်ရသည်။ လေထဲရှိ ဖယောင်းတိုင်မီးသဖွယ် ပြင်းထန်စွာ ယိမ်းနွဲ့နေပြီး ဝိဉာဉ်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ အချိန်မရွေး ပြိုလဲသွားတော့မည့်ဟန်ရှိသည်။
"အား.."
စူးရှသည့် အော်သံတစ်ခုကို ထုတ်လွှတ်ကာ ဝိဉာဉ်၏ နာကျင်မှုမှာ သည်းခံ၍မရနိုင်အောင် ရှိနေပါသည်။ ချက်ချင်းပင် သူ၏အစီအစဉ်အားလုံးတို့ ရပ်တန့်သွားခဲ့၏။
မသိစိတ်က ချက်ချင်းရှောင်ထွက်ကာ ဆုတ်ခွာရန် အရူးအမူး ပြောနေပေမယ့် ဝိဉာဉ်၏ ပြင်းထန်သည့်နာကျင်မှုက တုံ့ပြန်နိုင်သည့် အချိန်အားလုံးတို့ကို နှောင့်နှေးသွားစေသည်။
သေခြင်းရှင်ခြင်းမှာ အခိုက်အတန့်တစ်ခုအတွင်း ဆုံးဖြတ်ချက်ပေး၏။ ရွှီယန်၏ အရှိန်အဝါတို့ကို စုစည်းထားသည့် ဓားချက်က တစ်ဖက်လူ၏ ဝိဉာဉ်သို့ ထိုးစိုက်သွားသည်။
၎င်းသည် ဝိဉာဉ်ကို ဖျက်ဆီးရန်အတွက် လုံလောက်ခြင်း မရှိလျှင်တောင် ထိခိုက်မှုပေးရန်အတွက် လုံလောက်၏။
ဝိဉာဉ်ရှိ ပြင်းထန်သည့်နာကျင်မှုက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို လုံးဝအေးခဲသွားစေသည်။ ရန်သူကို ရင်ဆိုင်မည့် နည်းလမ်းအားလုံးတို့လည်း လျှပ်တပြက်အတွင်း ရပ်တန့်သွားခဲ့၏။ ဤသည်မှာ ရွှီယန်၏ အခွင့်အရေး ဖြစ်သည်။
"ဘုန်း.."
တောင်နှင့်မြစ်ပုံရိပ်က ပေါ်လာပြီး လျှပ်တပြက်အတွင်း ပြိုဆင်းကာ မိုးကြိုးဓားချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ ပြိုကျနေသည့် တောင်နှင့်မြစ်အတွင်းတွင် မရေမတွက်နိုင်သည့် သက်ရှိများက မိုးကြိုးဓားချက်များကို ခုတ်ပိုင်းလိုက်သည့်နှယ် ရှိ၏။
"ဘုန်း.."
အဘိုးကြီး၏ ခန္ဓာကိုယ်က နှစ်ပိုင်းကွဲထွက်သွားသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဆုံးရှုံးပြီးနောက် ဝိဉာဉ်မှာ အထောက်အပံ့တို့ ပျောက်ဆုံးသွားခဲ့၏။
ရွှီယန်၏ ခန္ဓာကိုယ်သည် အလင်းရောင်တို့ ထွက်ပေါ်နေပြီး ဓားဆန္ဒက အဆုံးမသတ်နိုင်အောင် ရှိနေ၏။ ရှင်ဖုန်းဓားဆန္ဒနှင့် နဂါးနိုင်လက်ဝါးသိုင်းမှ နဂါးကြီးမြတ်ခြင်း၏ အစစ်အမှန်စွမ်းအားက ပြိုင်တူထွက်ပေါ်လာခဲ့သည်။
"ဘုန်း.."
ဝိဉာဉ်မှာ ပျက်စီးသွားပြီး တစ်စစီပြိုလဲကာ ပျောက်ကွယ်သွားခဲ့သည်။
"မင်းကဘယ်သူလဲ.."
အဘိုးကြီး၏ ဝိဉာဉ်သည် ဒေါသဖြင့် မကျေနပ်စွာအော်ဟစ်၏။
"မင်းကိုသတ်တဲ့လူပေါ့.."
ရွှီယန်က ရပ်တန့်ခြင်းမရှိစွာ တိုက်ခိုက်ပြီး တစ်ဖက်လူကို မည်သည့်အခွင့်အရေးမှ မပေးပေ။ ပြာများအဖြစ် ပြောင်းလဲကာ တစ်ခါတည်း သုတ်သင်၏။ နောက်ဆုံးတွင် အဘိုးကြီးမှာ သေဆုံးခဲ့ပြီး ပြာများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရွှီယန်မှာ စိတ်သက်သာရာရသွားပြီး လက်ကိုမြှောက်ကာ အဘိုးကြီး၏ ခန္ဓာကိုယ်မှ ကျဆင်းလာသည့် သိုလှောင်အိတ်ကို ဖမ်းလိုက်သည်။
ထို့နောက် နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုပြီး မိုးပြာရောင်ကောင်းကင်နဂါး၏ ခန္ဓာကိုယ်ကို ချုံ့လိုက်ကာ သိုလှောင်အိတ်အတွင်းသို့ ထည့်၏။
ဒီအချိန်၌ ကြည့်ရှု့နေကြသည့် သိုက်မိသားစု၏ အကြီးအကဲအုပ်စုမှာ မှင်သက်ကာ ထိတ်လန့်နေပြီးဖြစ်သည်။ သူသည် ဓားတစ်ချက်ကို ခုတ်ပိုင်းလိုက်၏။
"ဒီနေ့မှာ တော်ဝင်မိသားစုကြီးတစ်ခုကို ချနင်းပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ငါသတ်မယ်.."
ရွှီယန်က အေးစက်စွာပြော၏။
"ဘုန်း.."
ရွှီယန်က ဓားချက်ကို ထုတ်လိုက်ပြီးနောက် ကောင်းကင်လူသားကြီးများစွာတို့ကို သတ်ဖြတ်သွားသည်။
သူသည် အရူးအမူးထွက်ပြေးနေကြသည့် ကျန်ရှိသည့် လူများကို လိုက်လံသတ်ဖြတ်ခြင်း မရှိပါ။ အဲ့ဒီ့အစား သိုက်မိသားစု ရတနာတိုက်ဆီသို့ ဦးတည်သွား၏။
ရတနာတိုက်အတွင်းရှိ မရေမတွက်နိုင်သည့် ရတနာများနှင့် အချိန်မှာလည်း အကန့်အသတ်ရှိရာ အခြားလိုက်လံသတ်ဖြတ်ခြင်းဖြင့် ဖြုန်းတီးနိုင်ခြင်းမရှိပါ။
ရွှီယန်သည် ရတနာတိုက်ကို ဓားချက်ဖြင့်ခုတ်ကာ ဖွင့်လိုက်ပြီးနောက် ဂရုတစိုက်ပင် ရှာဖွေခြင်းမပြုဘဲ အားလုံးတို့ကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်၏။
သိုလှောင်အိတ်များစွာတို့ကို တစ်ပြိုင်နက်ဖွင့်ကာ ပစ္စည်းများကို အရူးအမူးထည့်သွင်းသည်။
မည်သည့်ပစ္စည်းများပင် မသိလိုက်ပဲ အားလုံးတို့ကို သိမ်းကျုံးပြီး ထွက်ပြေးခဲ့၏။ ဒီအချိန်သည် အတွင်းဘက်နယ်မြေသို့ပြန်ရန် အချိန်ကျပါပြီ။ သိုက်ရှန်းတော့ ရူးသွပ်ပေတော့မည်။ ယွီကျိုးလည်း ဒီကိစ္စကြောင့် လှုပ်ခါသွားမှာ ဖြစ်၏။