← Chapters

ယွီကျိုးသိုင်းလောကတစ်ခုလုံး လှုပ်ခါသွားခြင်း(၃)

Vol. 29 Ch. 426

ယွီကျိုးသိုင်းလောကတစ်ခုလုံး လှုပ်ခါသွားခြင်း(၃)

Vol. 29 Ch. 426

သွေးနတ်ဆိုးတုန်းက အပြီးတိုင် သုတ်သင်ခဲ့ခြင်း မရှိဘဲ တစ်ဖက်လူအား ခွန်အားကြီးထွားရန် အခွင့်အရေး ပေးခဲ့ရာ ကြီးမားသော ကပ်ဘေးတစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။

စိတ်ဝိဉာဉ်ဂိုဏ်းများ၏ မောက်မာမှုကြောင့် တစ်ဖက်လူအား အားနည်းနေချိန်တွင် သတ်ဖြတ်ရန် ကျရှုံးခဲ့လေသည်။

ယွီကျိုး၏ ဒေသများစွာအကြားတွင် အားနည်းနေမှုမှာလည်း သွေးနတ်ဆိုးနှင့် ကြုံတွေ့ခဲ့သည့် သမိုင်းကြောင့်ဖြစ်သည်။ ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ချိန်က ထည်ဝါလှသည့် ရှေးဟောင်း စိတ်ဝိဉာဉ်ဂိုဏ်းများကို ပျက်စီးသွားစေခဲ့သည်။ ဤသည်က ယွီကျိုးသိုင်းလောကတစ်ခုလုံးကို ထိတ်လန့် တုန်လှုပ်သွားစေ၏။

လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်ပြီး သွေးနတ်ဆိုးကို အတွင်းဘက်နယ်မြေသို့ ထွက်ပြေးစေခဲ့ရ၏။

ယခုရွှီယန်၏ ထွက်ပေါ်လာမှုက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့အတွက် ထိုပုံရိပ်ကို ပြန်လည်မြင်ယောင်လာစေသည်။ သွေးနတ်ဆိုး၏ ကပ်ဘေးမျိုး ထပ်မံပေါ်လာမည်အား ကြောက်ရွံ့နေကြ၏။

ယွီကျိုးရှိ တောင်တစ်ခုအတွင်းတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ယွီကျိုးဂိုဏ်းခွဲသည် ထိုနေရာတွင် လျှို့ဝှက်စွာ ရှိနေ၏။

"မဟာမိတ်ခေါင်းဆောင်... ဒီလေလွင့်သိုင်းသမားက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ သူက တကယ့်ကို ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ လိုအပ်နေတဲ့ လူတစ်ယောက်ပဲ.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ သိုင်းသမားတစ်ယောက်က ပြော၏။

ယွီကျိုးအဖွဲ့ခွဲ၏ ခေါင်းဆောင်မှာ သွယ်လျသည့် ခန္ဓာကိုယ်အချိုးအစားနှင့် စာပေသမားတစ်ယောက်ဟန်ရှိသည့် လူလတ်ပိုင်းလူကြီးတစ်ဦး ဖြစ်၏။

"ယွီကျိုးမှာရှိတဲ့ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့သားအားလုံးကို အမိန့်ပေးလိုက်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုထက်အရင် အဲ့ဒီ့ ပါရမီရှင်ရဲ့ တည်နေရာကို အမြန်ဆုံးသိအောင် လုပ်ကြလို့.."

မဟာမိတ်ခေါင်းဆောင်က ကြီးမားသော ခိုင်မာမှုဖြင့်

ပြော၏။

"လိုအပ်ရင် ငါကိုယ်တိုင်လှုပ်ရှားမယ်.."

"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့သားအားလုံး ဝမ်းသာသွားကြသည်။

ယခုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် တစ်ဖက်လူသည် သိုက်မိသားစုကို ဝင်ရောက်ဖျက်ဆီးကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

ဤသည်မှာ လုပ်ကြံတိုက်ခိုက်ခြင်း ဖြစ်လျှင်တောင် အံ့သြစရာကောင်းလှဆဲ ရှိသည်။ သူတစ်ယောက်တည်းနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ၏ စိတ်ထဲတွင် အကြောက်တရားအား ရိုက်သွင်းနိုင်ခြင်းမှာ မည်မျှထည်ဝါလိုက်သနည်း။

သူတို့အားလုံးတို့သည် အတိတ်က ထိုကဲ့သို့ ဖြစ်ပွားစေခဲ့သည့် လူတစ်ယောက်ကို တွေးမိလိုက်သည်။

"သွေးနတ်ဆိုး..."

ဤသည်မှာ သွေးနတ်ဆိုးလမ်းစဉ်၏ အရှင်သခင် ဖြစ်၏။

"ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က သွေးနတ်ဆိုးရဲ့ လမ်းကြောင်းကို လိုက်လို့မဖြစ်ဘူး။ ငါတို့တွေ သေချာပေါက် အောင်မြင်ရမယ်။ လေလွင့်သိုင်းသမားတွေ အားလုံးအတွက် နေရာတစ်ခုကို တိုက်ခိုက်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနဲ့ ခြေလှမ်းတူ ရပ်တည်နိုင်ရမယ်.."

မဟာမိတ်ခေါင်းဆောင်က ခိုင်မာပြတ်သားသည့် အကြည့်ဖြင့်ပြော၏။

ရွှီယန်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ တုံ့ပြန်မှုများကို ဂရုစိုက်ခြင်း မရှိသလို ယွီကျိုးရှိ သိုင်းလောက၏ လှုပ်ခါသွားမှုကိုလည်း အာရုံထားခြင်း မရှိပါ။

ဒီအချိန်၌ သူသည် လင်းယွီဂိတ်တံခါးဆီသို့ သွားရောက်နေ၏။ အတွင်းဘက်နယ်မြေသို့ ပြန်ရန်အတွက် ပြင်ဆင်နေပါသည်။

ယခုအချိန်၌ သူသည် ဂိတ်တံခါးနှင့် ဝေးကွာခြင်း မရှိတော့ပါ။ သို့ပေမယ့် ရုတ်တရက် မျက်မှောင်ကျုံ့သွား၏။ မလှမ်းမကမ်းရှိ အဘွားအိုတစ်ယောက်က သူ့ကို စိုက်ကြည့်နေပါသည်။ ခွန်အားမှာ အလယ်အလတ် ကောင်းကင်လူသားကြီးအဆင့် ရှိ၏။

ထိုအဘွားအိုသည် ရွှေရှင်းနန်းတော်ရှိ အဘွားကျင်းဖြစ်သည်။ အချိန်အတော်ကြာအောင် ကြောင်မင်နှင့် ဖင်းယာတို့ ပြန်လာခြင်းမရှိရာ ထန်ကျင်းယန်တစ်ယောက် ဒေါသထွက်ကာ သံသယဝင်နေ၏။

မနေနိုင်ဘဲ စဉ်းစားမိသည်။ သူတို့သည် မတော်တဆတစ်ခုခု ဖြစ်ပွားခဲ့သည်လား။ သူမ၏ သစ္စာမရှိသည့် ယောက်ျားဖြစ်သူသည် တရားမဝင်ကလေးအတွက် အကာအကွယ်အချို့ ချန်ထားရစ်ခဲ့သည်လား။

သို့မဟုတ် အတွင်းဘက်နယ်မြေသို့ လမ်းတလျှောက်တွင် ကြောင်မင်နှင့် ဖင်းယာတို့ မကောင်းသည့် ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့သည်လား။

ဒီအတိုင်း စောင့်နေနိုင်ခြင်း မရှိတော့ဘဲ ထန်ကျင်းယန်သည် အဘွားကျင်းကို အတွင်းဘက်နယ်မြေသို့ ခရီးတစ်ခေါက်သွားရန် ညွှန်ကြားလိုက်သည်။ တရားမဝင်ကလေးကို ဖမ်းဆီးမည် ဖြစ်၏။

အဘွားကျင်းသည် စိတ်ဝိဉာဉ်ဂိတ်တံခါးဆီသို့ ဦးတည်နေရင်းမှ ရုတ်တရက် မျက်မှောင်ကျုံ့သွားပြီး တူညီသည့် လားရာဆီသို့ သွားရောက်နေသည့် လူကိုကြည့်မိသည်။ တစ်ဖက်လူ၏ လားရာမှာလည်း အတွင်းဘက်နယ်မြေသို့ ဖြစ်သည့်ဟန်ရှိ၏။

သူမ၏အကြည့်က တစ်ဖက်လူ ဝတ်ဆင်ထားသည့် ဝတ်စုံ၏ သင်္ကေတအပေါ်သို့ ကျရောက်သွားသည်။

ရင်ဘတ်ရှိ သင်္ကေတကိုကြည့်ကာ မည်သည့်ဂိုဏ်းအဖွဲ့မှ ဖြစ်သနည်းဟု သိရှိလို၏။

ရလဒ်အနေနှင့် အဘွားကျင်းကို မျက်မှောင်ကျုံ့သွားစေသည်။ ဤသည်မှာ မည်သည့်ဂိုဏ်း၏ အမှတ်တံဆိပ်ဖြစ်သနည်း။ အဘယ်ကြောင့် မည်သည့်မှတ်တမ်းအတွင်းမှာမှ မြင်တွေ့ဖူးခြင်း မရှိသနည်း။

ထို့အပြင် ရင်ဘတ်ပေါ်ရှိ အမှတ်အသားသည် အနည်းငယ် အကြမ်းထည်နိုင်လှသည်။ လေလွင့်သိုင်းသမားလေးတစ်ယောက်က စိတ်ဝိဉာဉ်ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် အယောင်ဆောင်ရဲသည်လား။

အဘွားကျင်းမှာ ရွှေရှင်းနန်းတော်မှလာပြီး ရွှေရှင်းနန်းတော်မှာ လင်းနယ်မြေတွင် ဒုတိယတန်းစားဂိုဏ်းတစ်ခုသာ ဖြစ်ပေမယ့် သူတို့၏တည်နေရာမှာ ယွီကျိုးအနေနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

နှောင်းပိုင်းအဆင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက် လစ်ဟင်းနေသည်မှလွဲ၍ အခြားစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများမှာ ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းများထက် ပိုမို များပြားပြီး စွမ်းအားကြီးမား၏။

သိုင်းလောကတွင် ကျယ်ကျယ်ပြန့်ပြန့် လှည့်လည်သွားလာခဲ့သည့် အတွေ့အကြုံရင့် ကောင်းကင်လူသားကြီးတစ်ယောက် အနေနှင့် သူမသည် စိတ်ဝိဉာဉ်ဂိုဏ်းတပည့်သားတစ်ယောက်ကဲ့သို့ အယောင်ဆောင်သည့် သူများစွာတို့ကို ကြုံတွေ့ခဲ့ဖူးသည်။

အခြားသိုင်းသမားများသာဆိုပါက ဂရုတစိုက် စူးစမ်းမှုမပြုလျှင် အားနည်းချက်ကို ရှာမတွေ့တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် အဘွားကျင်းတွင် ထူးခြားသည့် မျက်လုံးများရှိ၏။

ထို့ကြောင့် ရွှီယန်၏ ဝတ်စုံပေါ်ရှိ စိတ်ဝိဉာဉ်ဂိုဏ်း၏ သင်္ကေတမှာ အလွန် အစစ်နှင့်တူလျှင်တောင် တစ်ချက်ကြည့်သည်နှင့် အတုအယောင်ဖြစ်ကြောင်းအား သူမအနေနှင့် သိရှိနိုင်ဆဲရှိ၏။

All Chapters