← Chapters

အတွင်းဘက်နယ်မြေသို့ ပြန်ခြင်း၊ အံ့ဖွယ် နှလုံးသားနှင့်စိတ်ဝိဉာဉ်ဆန္ဒ

Vol. 29 Ch. 427

အတွင်းဘက်နယ်မြေသို့ ပြန်ခြင်း၊ အံ့ဖွယ် နှလုံးသားနှင့်စိတ်ဝိဉာဉ်ဆန္ဒ

Vol. 29 Ch. 427

ရွှီယန်သည် အဘွားကြီး၏ ထူးဆန်းသည့်အကြည့်ကို သတိထားမိလိုက်ပြီး အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ သူမသည် သူ၏ အယောင်ဆောင်ထားမှုကို တွေ့မြင်နိုင်သေးလား။

"လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ လူတွေအများကြီးရှိတာ သူမကအားလုံးကို မှတ်မိနိုင်ပါ့မလား။ ဒါမှမဟုတ် ငါလုပ်ထားတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ဝတ်စုံကပဲ အစစ်နဲ့ လုံလုံလောက်လောက် မတူလို့လား.."

ရွှီယန်က တိတ်တဆိတ် စဉ်းစားသည်။

လင်းယွီဂိတ်တံခါး၏ အစောင့်များမှာ အရမ်းကြီးစွမ်းအားကြီးမားခြင်း မရှိပေ။ သူ့အနေနှင့် အရှိန်အဝါအနည်းငယ်ကို ဖော်ပြလိုက်သည်နှင့် ပွင့်ပွင့်လင်းလင်း စစ်ဆေးရဲခြင်းပင် မရှိပေ။ ဝတ်စုံအပေါ် မေးခွန်းထုတ်ဖို့ဆိုလျှင် ပိုတောင်ဆိုးသေး၏။

ထို့ကြောင့် ရွှီယန်အနေနှင့် သူတို့ကို အလွယ်တကူ လှည့်ဖျားကာ သွားလာနိုင်မည်ဟု ယုံကြည်ချက်ရှိပါသည်။

မထင်မှတ်စွာပင် လမ်းတစ်ဝက်တွင် အဖွားကျင်းနှင့် ကြုံတွေ့ခဲ့ပြီး သူမတွင် ထူးကဲသည့် ဗဟုသုတတို့ ရှိသည့်ပုံပေါ်သည်။

သူသည် အဘွားကျင်းအားရှောင်ကာ အခြားဝတ်စုံတစ်ခုကို လဲလှယ်ပြီးမှ လင်းယွီဂိတ်တံခါးဆီသို့ ပြန်သွားရမည်လားဟု စဉ်းစားမိ၏။

ထိုအချိန်၌ အဘွားကျင်းက အေးစက်စွာ ပြောသည်။

"ဘယ်နိမ့်ကျတဲ့ လေလွင့်သိုင်းသမားက စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အဖွဲ့သားတစ်ယောက်လို အယောင်ဆောင်ရဲတာလဲ။ နင့်ရဲ့ အပြစ်က သေဖို့ထိုက်တန်တယ်.."

စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်ဖြစ်ကာ ရွှေရှင်းဂိုဏ်း၏ ရာထူးကြီး အကြီးအကဲတစ်ယောက် အနေနှင့် အဘွားကျင်းသည် လေလွင့်သိုင်းသမားတစ်ယောက်၏ စိတ်ဝိဉာဉ်ဂိုဏ်းသား တစ်ယောက်သဖွယ် အယောင်ဆောင်ထားမှုကို လျစ်လျူရှု့ထားမည် မဟုတ်ပါ။

ထို့အပြင် ရွှီယန်မှာ အရမ်းကြီး သန်မာနေခြင်းမရှိကြောင်းကို သတိထားမိရာ ဒီနိမ့်ကျသည့် လေလွင့်သိုင်းသမားကို နေရာမှာတွင်ပင် အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။

လက်တစ်ဖက်ဖြင့် တောင်ဝှေးကိုမကာ ရွှီယန်ဆီသို့ ချိန်ရွယ်လိုက်၏။ ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတစ်ယောက်၏ စွမ်းအားက ထွက်ပေါ်လာခဲ့သည်။

ရွှီယန်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် ယွီရှောင်လုံက ကြောင်တောင်သွားသည်။ ဒီအဘွားကြီးသည် အသက်ရှည်ကြာစွာ နေရခြင်းအပေါ် မကျေမနပ် ဖြစ်နေသည်လား။

ရွှီယန်က ပြုံး၏။ သူက တစ်ဖက်လူအား ရှောင်ကြဉ်ရမည်လားဟု စဉ်းစားနေတာပါ။ သို့ပေမယ့် ကြည့်ရသည်မှာ မလိုအပ်သည့်ပုံ ပေါ်သည်။

သူမက သေချင်နေကတည်းက သူကလည်း ဆန္ဒအား ဖြည့်ဆည်းပေးရပေမည်။

တစ်ချိန်တည်းတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် အုပ်စိုးသူမိသားစုရှိ သိုင်းသမားများ၏ မည်မျှ မောက်မာကြီးစိုးပုံကို ထပ်မံပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ပြန်သည်။

လေလွင့်သိုင်းသမားများအပေါ် အရိုးထဲမှ အထင်သေးကြ၏။

"ညီအစ်ကိုရှန်လို အုပ်စိုးသူမိသားစုရဲ့ သခင်လေးတစ်ယောက်က တကယ့်ကို ရှားပါးလွန်းတယ်.."

နှိုင်းယှဉ်ကြည့်ပါက ရှန်ဟိုင်ကျိုးမှာ အုပ်စိုးသူမိသားစုများအကြားတွင် လူကောင်းတစ်ယောက် ဖြစ်ဟန်ရှိသည်။

"ခင်ဗျားက သေချင်နေတာပဲ... အဲ့တော့လည်း ကျွန်တော်က ဖြည့်ဆည်းပေးရမှာပေါ့.."

ရွှီယန်မှာ ဓားကိုထုတ်ရန်ပင် စိတ်ပါခြင်း မရှိပါ။ လက်ညှိုးနှင့် လက်ခလယ်တို့ နှစ်ချောင်းကိုဆန့်ကာ ခုတ်ပိုင်းချလိုက်၏။

ဓားဆန္ဒက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။ အဘွားကျင်းမှာ ထိတ်လန့်သွား၏။

"နင်..."

"ဘုန်း.."

စိတ်ဝိဉာဉ်အသိစိတ်ရှိ ဆွဲစုတ်ခံရသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ အရာအားလုံးသည် မဲမှောင်သွားပြီး သူမသည် ဓားအလင်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့်ဟန်ရှိ၏။ အဘွားကျင်းမှာ သေဆုံးသွားခဲ့လေသည်။

သူမ၏ သေဆုံးမှုသည် ကြောင်မင်နှင့် ဖင်းယာတို့ထက်ပင် ပိုမိုမြန်ဆန်၏။ လင်းယွီဂိတ်တံခါးဆီသို့ပင် မရောက်လိုက်ပေ။

ရွှီယန်က သူမ ချန်ရစ်ခဲ့သည့် သိုလှောင်အိတ်ကိုယူကာ ဖွင့်ကြည့်လိုက်သည်။ အတွင်းထဲတွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို တွေ့ရ၏။

"ရွှေရှင်းနန်းတော်လား.."

ဒီအဘွားအိုနှင့် ကြောင်မင်တို့သည် တူညီသည့် စိတ်ဝိဉာဉ်ဂိုဏ်းများမှ ဖြစ်ကြသည်။

"ကြည့်ရတာ သူမလည်း အတွင်းဘက်နယ်မြေကို သွားဖို့စီစဉ်နေတာ ဖြစ်မယ်။ ဒီကိစ္စက ကြောင်မင်အချိန်အတော်ကြာအောင် ပျောက်ကွယ်နေလို့လား။ အဲ့ဒါကြောင့် သွားပြီးတော့ စုံစမ်းတာများလား... ဒါပေမယ့် ရွှေရှင်းနန်းတော်က သိုင်းသမားတစ်ယောက်က အတွင်းဘက်နယ်မြေကို ဘာကိစ္စနဲ့လာခဲ့တာလဲ.."

ရွှီယန်မှာ သံသယတို့ဖြင့် ပြည့်နက်နေ၏။ ရွှေရှင်းနန်းတော်သည် စိတ်ဝိဉာဉ်ဂိုဏ်းများ အတွင်းတွင် အဆင့်မည်မျှ ချိတ်သနည်း။

သူသည် လင်းနယ်မြေသို့ ပြန်ရသောအခါ ရှန်ဟိုင်ကျိုးအား မေးကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် လင်းယွီဂိတ်တံခါးဆီသို့ ဆက်လက်ထွက်ခွာခဲ့၏။

လင်းယွီဂိတ်တံခါးအား စောင့်ကြပ်သည့် ခန်းမကြီးအတွင်းတွင် အစောင့်နှစ်ယောက်တို့သည် တင်ပျဉ်ခွေထိုင်နေပြီး ကြိုးကြိုးစားစား ကျင့်ကြံနေကြဟန် ရှိ၏။

သို့ရာတွင် အစစ်အမှန်၌ သူတို့သည် အသံကူးပြောင်းခြင်းအတတ်ကို အသုံးပြုကာ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေကြခြင်း ဖြစ်သည်။

"အဘိုးကြီးခဲ့... သိုက်မိသားစုရဲ့ အခြေအနေအပေါ် မင်းဘယ်လိုထင်လဲ.."

ညာဘက်ရှိအစောင့်က အသံပို့လွှတ်ကာ မေးသည်။

သူတို့သည် လင်းယွီဂိတ်တံခါးကို စောင့်ကြပ်နေရပေမယ့် ယွီကျိုး၏ သိုင်းလောကရှိ အဓိကကိစ္စကြီးများအပေါ် သတင်းအချက်အလက်များ ကြားသိရဆဲ ရှိသည်။

ဘယ်ဘက်ရှိ အစောင့်ခဲ့က ညှို့မိုင်းစွာဖြင့် ပြော၏။

"သိုက်မိသားစုကတော့ အဆုံးသတ်ပြီထင်တယ်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုတောင် အန္တရာယ်အတွင်းကို ကျရောက်သွားနိုင်တယ်.."

သူက လေးနက်စွာဖြင့် ထပ်ပေါင်းပြောသည်။

"အဘိုးကြီးနယ် သူက သွေးနတ်ဆိုးပဲဖြစ်ဖြစ် အတွင်းဘက်နယ်မြေက အခြားတစ်ယောက်ပဲဖြစ်ဖြစ် ငါတို့တွေသူ့ကို ဝင်ခွင့်ပြုခဲ့တယ်ဆိုတာကို အခြားလူတွေသိလို့ သေချာပေါက် မဖြစ်ဘူး.."

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေကို မစဉ်းစားဘူးဆိုရင်တောင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ငါတို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး.."

အစောင့်နယ်က သဘောတူစွာ ခေါင်းငြိမ့်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အနေနှင့် မသိသလိုသာ နေရပေမည်။

မည်သည့်သတင်းအချက်အလက်မှ ပေါက်ကြားလို့ မဖြစ်ပေ။ မဟုတ်ပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများက သူတို့အပေါ်သို့ ဒေါသများပုံချလာပါက တစ်ယောက်မှ အသက်ရှင်မည် မဟုတ်ပါ။

နှစ်ယောက်သားသည် ဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် တိတ်တဆိတ် ပြန်လည်ကျင့်ကြံသွားကြသည်။

လင်းယွီဂိတ်တံခါးကို စောင့်ကြပ်ရသည်မှာ လွယ်ကူသည့်အလုပ် ဖြစ်၏။ ယွီကျိုးသိုင်းလောကရှိ ပဋိပက္ခများက ဒီနေရာအား သက်ရောက်ခြင်း မရှိပါ။ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ချင်သည့်လူ ရှိပါက ဂိတ်တံခါးကို ဖွင့်ပေးလိုက်ဖို့သာ လိုအပ်၏။

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ သဘောတူညီချက်အရဆိုရင် အချိန်ကျလောက်ပြီမလား... အတွင်းဘက်နယ်မြေကနေ ယွီလင်တံဆိပ်ပြားကိုယူပြီး လင်းယွီကိုဝင်လာမယ့် ဆက်ခံသူတွေ ရှိဦးမလားလို့ သိချင်သေးတယ်.."

အစောင့်နယ်က မေးသည်။

"ဒီအချိန် ပြီးရင်တော့ သူတို့တွေ လင်းယွီဂိတ်တံခါးကို လုံးဝ ပိတ်ချလိုက်တော့မယ် ထင်တယ်။ အတွင်းဘက်နယ်မြေကနေ လင်းယွီဂိတ်တံခါးကို ထပ်ပြီး ဝင်ချင်တယ်ဆိုရင် နှစ်တွေဘယ်လောက်တောင်ထပ်ပြီး စောင့်ရဦးမလဲ မသိဘူး.."

အစောင့်ခဲ့က ခေါင်းငြိမ့်သည်။

"သူတို့တွေ ဘာလို့ လင်းယွီဂိတ်တံခါးကို လုံးဝပိတ်ချမှာလဲ။ သွေးနတ်ဆိုးကို ကြောက်လို့လား.."

အစောင့်နယ်က မေး၏။

"ငါလည်းမသိဘူး။ ဖြစ်နိုင်တာက အတွင်းဘက်နယ်မြေလို နိမ့်ကျတဲ့နေရာမှာ ပါရမီနိမ့်ပါးတဲ့လူတွေပဲ ရှိမှာပဲဆိုပြီး အာရုံမစိုက်ချင်လို့ ဖြစ်မယ်။ နယ်မြေနှစ်ခုကို ခွဲခြားထားပြီး တစ်ခုနဲ့တစ်ခု ပါဝင်ပတ်သက်မှု မရှိလိုတော့တာဖြစ်မယ်။ လင်းယွီကို အတွင်းဘက်နယ်မြေရဲ့ ကိစ္စတွေမှာ သွားမရှုပ်စေချင်တာလည်း ဖြစ်လိမ့်မယ်.."

"အရင်တုန်းက သွေးနတ်ဆိုး အတွင်းဘက်နယ်မြေကို မဝင်တုန်းက လင်းယွီက သိုင်းသမားအချို့ အတွင်းဘက်နယ်မြေကို ဝင်ရောက်ပြီး သူတို့ရဲ့ စွမ်းအားနဲ့ အာဏာတွေကို ဖြန့်ကျက်ခဲ့တာ ရှိတယ်။ အချို့လူတွေဆိုရင် အဲ့ဒီ့ကိုသွားပြီး အလှအပနဲ့ သောက်စားပျော်ပါးမှုတွေ ရှာဖွေကြတယ်.."

"ဖြစ်နိုင်တာက အတွင်းဘက်နယ်မြေလို နိမ့်ကျတဲ့ နေရာတစ်ခုအတွက် အဲ့ဒါက ကိစ္စကောင်းတစ်ခုပဲ.."

နှစ်ယောက်သားက တိတ်ဆိတ်သွား၏။ ရုတ်တရက် ပုံရိပ်တစ်ခု ခန်းမအတွင်းသို့ လျှောက်ဝင်လာခဲ့သည်။ ခဲ့နှင့်နယ်တို့၏ ပုံစံများက ပြောင်းလဲသွားကြ၏။ကဗျာကယာ မတ်တပ်ရပ်ကာ လေးစားစွာပြောသည်။

"စီနီယာကို.. နှုတ်ဆက်ပါတယ်.."

ရောက်ရှိလာသူမှာ အနိမ့်ဆုံး ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ ထို့အပြင် သက်ဆိုင်ရာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုက သန်မာသည့် အကြီးအကဲတစ်ဦး ဖြစ်ပေလိမ့်မည်။

အစောင့်နှစ်ယောက်သည် တစ်ဖက်လူအား တိုက်ရိုက်ကြည့်ရှု့ရဲခြင်းပင် မရှိပါ။ ဦးခေါင်းများကို အနည်းငယ်ငုံ့ထားကြ၏။

"အင်း... ငါ.. အတွင်းဘက်နယ်မြေကို ခရီးတစ်ခေါက် သွားစရာရှိလို့.."

ရွှီယန်က ထူးမခြားနားစွာ ပြောသည်။

"ဟုတ်ကဲ့ပါစီနီယာ.."

အစောင့်နှစ်ယောက်တို့က အမြန်ခေါင်းငြိမ့်ပြီးနောက် နှောင့်နှေးခြင်းမရှိဘဲ လင်းယွီဂိတ်တံခါးကို ဖွင့်လှစ်ပေး၏။

ရွှီယန်က ခန်းမအတွင်းရှိ ထောက်တိုင်နှစ်ခုတို့ကို ကြည့်သည်။ ၎င်းသည် စတင်တောက်ပလာပြီး အနည်းငယ် လည်ပတ်လာခဲ့၏။ ပြီးနောက် အက်ကွဲရာတစ်ခု ပေါ်လာခဲ့သည်။

'လက်စသတ်တော့ လင်းယွီဂိတ်တံခါးက ဒီလိုပွင့်တာကို..'

လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်သည့် နည်းလမ်းကို မှတ်သားထားပြီးနောက် ရွှီယန်သည် တိတ်ဆိတ်စွာဖြင့်သာ ခန်းမကို ဖြတ်လျှောက်သွားသည်။

ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ပြီး အတွင်းဘက်နယ်မြေသို့ ပြန်ခဲ့၏။

All Chapters