← Chapters

အတွင်းဘက်နယ်မြေသို့ ပြန်ခြင်း၊ အံ့ဖွယ်နှလုံးသားနှင့်စိတ်ဝိဉာဉ်ဆန္ဒ(၂)

Vol. 29 Ch. 428

အတွင်းဘက်နယ်မြေသို့ ပြန်ခြင်း၊ အံ့ဖွယ်နှလုံးသားနှင့်စိတ်ဝိဉာဉ်ဆန္ဒ(၂)

Vol. 29 Ch. 428

အစောင့်နှစ်ယောက်၏ စိတ်ထဲတွင်တော့ တုန်ခါနေပါသည်။ ဒီစိတ်ဝိဉာဉ်ဂိုဏ်း အကြီးအကဲသည် အတွင်းဘက်နယ်မြေသို့ မည်သည်အား သွားလုပ်သနည်း။

"ငါတို့တွေ ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်သင့်တယ်။ ကိုယ့်အလုပ်ကိုပဲ စိတ်ထဲထားရမယ်။ ကောလဟာလတွေ မပြန့်စေနဲ့။ တကယ်လို့ တစ်ယောက်ယောက်က မေးတယ်ဆိုရင် ဟိုလူတစ်ယောက်ကလွဲပြီး အတွင်းဘက်နယ်မြေကိုဝင်တဲ့ ဘယ်သူ့ကိုမှ ဖုံးကွယ်မထားနဲ့.."

အစောင့်ခဲ့က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

အစောင့်နယ်က လေးနက်စွာဖြင့် ခေါင်းငြိမ့်သဘောတူ၏။

ချန်းလန်ကျွန်းပေါ်တွင် လီရွှမ်သည် ဆန္ဒအသီးသီး၏ သဘောတရားများနှင့် ပတ်သက်ပြီး သဟွသိုင်းပညာအား သီအိုရီဆိုင်ရာ ဖြည့်ဆည်းမှုများကို ပြုလုပ်သည်။

ဖွဲ့စည်းပုံတစ်ခုအား တည်ဆောက်၏။

သူ၏တပည့်သုံးယောက်တို့ အကြားတွင် စုလင်းရှုံသာလျှင် ဆန္ဒကို ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။ သူမ၏ အထူးပြုမှုမှာ ဒန်ဆေးသိုင်းပညာဖြစ်ပြီး ထိုနေရာတွင် မဟုတ်ပေမယ့် လီရွှမ်အနေနှင့် စုလင်းရှုံအား နားလည်သဘောပေါက်လာနိုင်ရန် မျော်လင့်နေဆဲ ရှိသည်။

ဒန်ဆေးသိုင်းပညာ၏ အထူးသီးသန့် ဆန္ဒတစ်ခုကို ဖမ်းဆုပ်နိုင်ရန် ဖြစ်၏။

ထို့ကြောင့် ဆန္ဒနှင့်ပတ်သက်သည့် သီအိုရီများကို အချိန်ပေးပြီး စုလင်းရှုံကို သင်ကြားပေးသည်။ ၎င်းကို ဒန်ဆေးသိုင်းပညာ၏ သီအိုရီများနှင့် ပေါင်းစပ်ခိုင်းကာ ထူးကဲသည့် ဆန္ဒတစ်ခုအား နားလည်သဘောပေါက်ရန် မျှော်လင့်၏။

စုလင်းရှုံကို ညွှန်ကြားပြီးနောက် လီရွှမ်သည် သူ၏ ချီမန်သိုင်းပညာအပေါ် မည်ကဲ့သို့ ဆက်လက်ပြည့်စုံအောင် ပြုလုပ်ရမည်အား စဉ်းစားသည်။ ချီမန်သိုင်းပညာမှာ ပုံကြမ်းတစ်ခု ရရှိနေပြီး ဖြစ်၏။ တပည့်များ၏ လက်တွေ့ကျင့်ကြံမှုသာ လိုအပ်ပါတော့သည်။

ထို့ကြောင့် ၅ခုမြောက် သိုင်းပညာစနစ်ကိုလည်း ဖန်တီးရန် စဉ်းစားသင့်သလား။

ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ နောက်ရှိ သိုင်းအဆင့်အတွက်လည်း သီအိုရီဆိုင်ရာ ဖွဲ့စည်းမှုများနှင့် သဘောတရားများကို စတင်ပြင်ဆင်ရန် လိုအပ်လာပါပြီ။

"သိုင်းပညာလမ်းစဉ်က ခက်ခဲလိုက်တာ.."

လီရွှမ်သည် နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ သူ့တွင် လမ်းညွှန်အဖြစ် တာအိုရွှေစာအုပ်ရှိပေမယ့် သိုင်းပညာတစ်ခုကို ပြည့်စုံအောင် ပြုလုပ်ရန်ဖြစ်စဉ်မှာ လွယ်ကူခြင်း မရှိပါ။

စုလင်းရှုံက ကျင့်ကြံမှုပြုကာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်ရင်းနှင့် ဆန္ဒကိုလည်း လေ့လာမှုပြု၏။ ဒန်ဆေးသိုင်းပညာ၏ အထူးသီးသန့် ဆန္ဒဖြစ်သည်။

'ဒန်ဆေးသန့်စင်ဖို့အတွက် မီးတောက်ကို လိုအပ်တယ်။ မီးတောက်က မသန့်စင်မှုတွေကို ဖယ်ထုတ်ပြီး အဆီအနှစ်ကို ထုတ်ယူတယ်...'

စုလင်းရှုံသည် စဉ်းစားရင်းနှင့် ပထမဆုံး ဒန်မီးတောက်ကို တွေးမိလိုက်သည်။ သူမ၏ အစစ်အမှန်ယွမ်သည် အသက်ဓာတ်တို့နှင့် ပြည့်နက်နေ၏။ သို့ပေမယ့် ဒန်မီးတောက်အဖြစ် ပြောင်းလဲနိုင်ပါသည်။ ဤသည်မှာ ဒန်ဆေးသိုင်းပညာ၏ ထူးကဲမှုတစ်ခု ဖြစ်၏။

"ဝှစ်.."

သူမ၏လက်ပေါ်၌ ဒန်မီးတောက်တစ်ခု ပေါ်လာခဲ့သည်။ မီးတောက်ကိုကြည့်ကာ စုလင်းရှုံတစ်ယောက် အတွေးနက်သွား၏။

ချန်းလန်ကျွန်းမှာ တည်ငြိမ်နေပါသည်။ သို့ပေမယ့် သဟွသိုင်းပညာမှာတော့ အရှိန်အဟုန်မြင့်စွာ တိုးတက်နေ၏။ နေ့စဉ်နေ့တိုင်း သဟွသိုင်းသမား အရေအတွက်မှာ တိုးပွားလာနေပြီး လီရွှမ်၏ ဖန်းယွမ်တို့ကို ရက်အနည်းငယ် ညွှန်ကြားပေးမှုနှင့်အတူ သိုင်းသခင်များ၏ မူလအဆင့်သို့ ပြောင်းလဲသည့် နည်းလမ်းမှာလည်း ပြည့်စုံလာခဲ့သည်။

ဒန်ဆေးလုံးများအပေါ် မှီခိုခြင်း မပြုလျှင်တောင် သူတို့သည် ပြောင်းလဲနိုင်နေပြီး ဖြစ်၏။ သို့ပေမယ့် ဖြစ်စဉ်က နှေးကွေးကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တံတားမှာ ပိုမိုအားနည်းပါသည်။ ၎င်းကို အားကောင်းလာစေရန် အချိန်ပိုယူဖို့ လိုအပ်၏။ သို့ပေမယ့် ဤသည်မှာပင် သိသာသည့် တိုးတက်မှုဟု ဆိုနိုင်နေပြီးဖြစ်၏။

ထိုပြောင်းလဲခြင်း နည်းလမ်းသည် သဟွသိုင်းလောကတလျှောက် ပျံ့နှံ့သွားခဲ့၏။ ယနေ့အချိန်၌ သိုင်းသခင်များသည် မူလအဆင့်သို့ ပြောင်းလဲနေကြပြီ ဖြစ်သည်။

သို့ပေမယ့် စစ်ဘုရင်များမှာတော့ အခက်အခဲ ရှိနေ၏။ သူတို့သည် ဒန်ဆေးလုံးများအပေါ် မှီခိုပြီးသာ ပြောင်းလဲလို့ရပါသည်။ ပြောင်းလဲပြီးသည့် အချိန်၌လည်း မူလအဆင့်သို့သာ ရောက်ရှိမည် ဖြစ်၏။ ထုံးရွှမ်အဆင့် မဟုတ်ပေ။ ထုံးရွှမ်အဆင့်သို့ ရောက်ရှိနိုင်မည့် နည်းလမ်းမှာ ပျံ့နှံခြင်း မရှိသေးပါ။

သို့ပေမယ့် သိုင်းသခင်နှင့် စစ်ဘုရင်အားလုံးတို့ ပြောင်းလဲရန် ရွေးချယ်ခြင်း မပြုကြပါ။ အများစုတို့သည် သတိကြီးနေဆဲ ရှိ၏။ သို့မဟုတ် ပါရမီကန့်သတ်မှုနှင့် အခြားအကြောင်းပြချက်များကြောင့် ပြောင်းလဲရန်အတွက် လက်လျှော့လိုက်ကြသည်။

မုန့်ချုံမှာ ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဖြစ်၏။ ခိုင်မာသည့်အခြေခံကို စုစည်းကာ မဖျက်စီးနိုင်သည့် အကြီးမြတ်သောနေ ရွှေခန္ဓာအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေပါသည်။

သို့ရာတွင် အတွင်းဘက်နယ်မြေရှိ စိတ်ဝိဉာဉ်ဆေးပင်များ၏ အဆင့်မှာ အလွန်နိမ့်ပါးလှ၏။ ဒန်ဆေးလုံးများအဖြစ် သန့်စင်လိုက်လျှင်တောင် အခြေခံကိုစုဆောင်းသည့် အမြန်နှုန်းမှာ လုံလောက်ခြင်း မရှိပေ။

ထိုနှုန်းအတိုင်းသာဆိုပါက အဆင့်ချိုးဖျက်ချိန်တွင် ပြောင်းလဲမှုရရန်အတွက် လုံလောက်သည့် အခြေခံကို စုဆောင်းရန် တစ်နှစ်၊ နှစ်နှစ်လောက် ကြာဦးမည်ဖြစ်သည်။

မုန့်ချုံသည် အရမ်းကြီး အလျှင်လိုခြင်း မရှိပါ။ သူသည် အတွင်းဘက်နယ်မြေတွင် ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခု ဖြစ်၏။

ကြောင်နီမှာ နေ့စဉ်နေ့တိုင်း စာဖတ်မှုအား သင်ယူနေပြီး စာတတ်ပေတတ် ကျားတစ်ကောင် ဖြစ်လာလိုသည်။

အခင်းအကျင်းပုံကြမ်းကိုလည်း နေ့စဉ်လေ့လာ၏။ ပုံထဲတွင် မည်သည်တို့ရှိသည်ကို နားလည်သဘောပေါက်ခြင်း မရှိပေမယ့် ဆန်းကြယ်မှုကိုတော့ ခံစားနိုင်ပါသည်။

သူသည် နေ့စဉ်နေ့တိုင်း ရွှီမိခင်နှင့်နေ၏။ ထို့ကြောင့် ရွှီမိခင်လည်း အခင်းအကျင်းပုံကြမ်းအား စတင်ရင်းနှီးလာခဲ့သည်။ သူမ၏ သိလိုစိတ်တို့ မြင့်တက်လာပြီး အားလပ်ပါက လေ့လာလေ့ရှိ၏။

မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် သူမ၏ သက်တမ်းမှာ ကြီးစွာ တိုးမြင့်လာခဲ့သည်။ ရွှီမိခင်သည် သိုင်းပညာအတွက် မည်သည့် ရည်မှန်းချက်မှ မရှိပါ။ ထို့ကြောင့် ကျင့်ကြံချိန်မှာ ပိုမိုကာပင် လျော့ကျလာပြီး တစ်နေ့လျှင် တစ်နာရီသာ ကျင့်ကြံတော့၏။ ထို့အပြင် ကြားထဲတွင် တစ်ရက်နှစ်ရက် အနားယူသည့်နေ့များလည်း ရံဖန်ရံခါ ရှိတတ်သည်။

ရွှီကျွင်းဟယ်မှာ တစ်ဆို့မှုအားချိုးဖျက်ပြီး ထုံးရွှမ်အဆင့်သို့ ဝင်ရောက်ခြင်း မရှိသေးပါ။ သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်း၌ အခြေခံအား စုဆောင်းနေဆဲရှိ၏။ ကျိုးယင်နှင့် ရှီအာတို့အတွက်လည်း တူညီစွာဖြစ်သည်။

မုန့်ရှူရှူမှာ သိုင်းပညာစနစ်ကို ပြောင်းလဲပြီးနောက် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့၏။ သို့ပေမယ့် အဆင့်ချိုးဖျက်နိုင်သည့် အခွင့်အရေး ရှာမတွေ့သေးပါ။

ထိုကိစ္စအတွက် လီရွှမ်သည် အံ့သြခြင်း မရှိပေ။ ဤသည်မှာ သိုင်းသမားတစ်ယောက်၏ ကျင့်ကြံမှုအတွက် ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်၏။

ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့ကဲ့သို့ ထူးကဲသည့် ပါရမီရှင်များမှာ ရှားပါးလှသည်။ သိုင်းသမားများစွာတို့သည် သက်ဆိုင်ရာအဆင့်တစ်ခု၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခြင်းမရှိဘဲ မကြာခဏ ဖြစ်နေတတ်၏။ ထိုအဆင့်၌ ထာဝရပင် ရပ်တန့်သွားတတ်သေးသည်။ ဤသည်မှာ သဟွသိုင်းပညာနှင့် ထိုက်ချန်းသိုင်းပညာတာအို နှစ်ခုလုံးအတွက် တူညီစွာ ဖြစ်၏။

ထိပ်တန်းသိုင်းသမားများစွာတို့သည် သူတို့၏ လက်ရှိအဆင့်တွင် ရပ်တန့်သွားကြပြီး သိုင်းသခင်အဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိကြပေ။

သိုင်းသခင်များစွာတို့သည်လည်း ဆက်လက်မြင့်တက်နိုင်ခြင်းမရှိကြဘဲ စစ်ဘုရင်ဟူသည့် ဂုဏ်ပုဒ်ကို မရရှိနိုင်ဘဲ ဖြစ်တတ်ကြ၏။

တူညီစွာပင် သဟွသိုင်းပညာကို ကျင့်ကြံသည့် ကျင့်ကြံသူများစွာတို့လည်း သူတို့ကိုယ်သူတို့ ချီနှင့်သွေးအဆင့်၌ ရပ်တန့်သွားမှုကို ကြုံရမည် ဖြစ်သည်။

သို့ရာတွင် သဟွသိုင်းပညာ၏ ချီနှင့်သွေးအဆင့်သည် ပိုမိုကြီးမားသည့်ခွန်အားကို ပိုင်ဆိုင်ထားပြီး အသက်ဓာတ်လည်း ပိုမိုရှည်လျား၏။ ဤသည်က သဟွသိုင်းပညာအား ထိုက်ချန်းသိုင်းပညာထက် ပိုမိုရွေးချယ်စရာ ဖြစ်လာစေသည်။

"သိုင်းပညာကျင့်ကြံရာမှာ လူတစ်ယောက်အနေနဲ့ ပါရမီ၊ နားလည်သဘောပေါက်မှုနဲ့ အခွင့်အလမ်းတွေကို လိုအပ်တယ်။ အဲ့ဒါမှပဲ အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်.."

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ပါရမီနှင့် နားလည်သဘောပေါက်မှု အရာတွင် ရွှီယန်သည် မည်သည်ကိုမှ လစ်ဟင်းခြင်းမရှိပေ။ အခွင့်အလမ်းမှာတော့ သူ၏တပည့် ဖြစ်လာပြီး အောင်မြင်စွာ ကျင့်ကြံနိုင်ကတည်းက ရရှိပြီးဖြစ်၏။

သိုင်းလောက၏ မရေမတွက်နိုင်သည့် အတားအဆီးများကို ကျော်ဖြတ်ကာ လမ်းဖောက်ပြီး ရပ်တန့်နိုင်ခြင်းမရှိအောင် ကြီးထွားလာမည် ဖြစ်သည်။

ထို့ကြောင့် ရွှီယန်သည် သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် လိုအပ်သည့် စိန်ခေါ်မှုအားလုံးတို့ကို ပြည့်မှီ၏။

"ချီမန်သိုင်းပညာထဲမှာရှိတဲ့ အခွင့်အလမ်းကို ဘယ်သူများ ရလာမလဲ.."

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

စုလင်းရှုံသည် သူမ၏ ဒန်ဆေးလုံးသန့်စင်ခြင်းအား အာရုံစိုက်မှုကို လျှော့ချကာ ဆန္ဒအား လေ့လာရာတွင် ပိုမိုအားစိုက်၏။ ဒန်ဆေးသိုင်းပညာ၏ အထူးသီးသန့် စိတ်အခြေအနေတစ်ခုကို နားလည်သဘောပေါက်လာရန် မျှော်လင့်သည်။

ဒန်မီးတောက်အပေါ်တွင် အချိန်တစ်ခုကြာအောင် လေ့လာပြီး မည်သည့်တိုးတက်မှုမှ မရှိရာ သူမ၏ အာရုံက ဒန်ဆေးသန့်စင်ခြင်းနှင့် ဆေးလုံးများအပေါ်သို့ ကျရောက်သွားသည်။

"ဒန်ဆေးသိုင်းပညာရဲ့ အဓိက ပင်မက ဒန်ဆေးသန့်စင်ခြင်းနဲ့ ဆေးလုံးတွေအပေါ်မှာ ရှိနေတယ်။ လူတစ်ယောက်အနေနဲ့ ဆေးပင်တွေရဲ့ ဂုဏ်သတ္တိနဲ့ အာနိသင်တွေကို နှံ့နှံ့စပ်စပ် နားလည်ပေါင်းစပ်ဖို့အတွက် သင့်တော်တဲ့ ဖော်မြူလာတွေကို ဖန်တီးနိုင်ရမယ်..."

'လောကကြီးမှာ မရေမတွက်နိုင်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေနဲ့ စိတ်ဝိဉာဉ်ပစ္စည်းတွေ ရှိတယ်။ မရင်းနှီးတဲ့ စိတ်ဝိဉာဉ်ဆေးပင်တစ်ခုကို ကြုံတွေ့တဲ့အခါမှာ အဲ့ဒါရဲ့ ဆေးဂုဏ်သတ္တိနဲ့ အာနိသင်ကို ဘယ်လိုမျိုး သိရှိနိုင်မလဲ..'

စုလင်းရှုံသည် ရုတ်တရက် တစ်ခုခုကို နားလည်လာခဲ့၏။ ဆေးပင်တစ်ခုကို ကောက်ယူကာ ၎င်း၏ ဂုဏ်သတ္တိကို စတင်စူးစမ်းသည်။

လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ တတိယစာမျက်နှာကို လေ့လာရင်းမှ ရံဖန်ရံခါတွင် ရွှီကျွင်းဟယ်တို့၏ ကျင့်ကြံမှုတွေ ညွှန်ကြားချက်အချို့ ပေး၏။

သူသည် အတွင်းဘက်နယ်မြေ၌ စတုတ္ထတပည့်အား ရှာဖွေမည့်စိတ်ကူးကို လက်လျှော့လိုက်ပြီ ဖြစ်သည်။

"သင်၏တပည့် စုလင်းရှုံသည် အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည်လည်း အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒအား နားလည်လာခဲ့သည်.."

ရုတ်တရက် တာအိုရွှေစာအုပ်က ပွင့်လာပြီး တောက်ပသည့် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီရွှမ်သည် ချက်ချင်းပင် ဝမ်းသာသွား၏။ စုလင်းရှုံသည် နောက်ဆုံး၌ ဒန်ဆေးသိုင်းပညာ၏ အထူးသီးသန့် ဆန္ဒတစ်ခုကို နားလည်ခဲ့လေပြီ။

အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒ...

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ အထူးအခြေအနေတစ်ခုဖြစ်၏။ သို့မဟုတ် ပါရမီတစ်ခုဟုလည်း ဆိုနိုင်သည်။

အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒသည် တိုက်ပွဲအတွက် မဟုတ်ပေ။ လောကကြီးရှိ ကိစ္စအားလုံးတို့၏ လက္ခဏာရပ်နှင့် အာနိသင်တို့ကို နားလည်ခြင်းအတွက်ဖြစ်၏။

ဥပမာအားဖြင့် ဆေးပင်တစ်ခု၏ ဂုဏ်သတ္တိများ၊ အာနိသင်များနှင့် အခြားဆေးပင်များနှင့် မည်ကဲ့သို့ ပေါင်းစပ်နည်းများ အစရှိသဖြင့် ဖြစ်သည်။

အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒ၏ ရှင်းလင်းသည့် နားလည်သဘောပေါက်မှုသာ ရှိပါက လူတစ်ယောက်သည် မည်သည့်မရင်းနှီးသည့် စိတ်ဝိဉာဉ်ပစ္စည်းကိုမဆို ၎င်းတို့၏ ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံတို့အား အလွယ်တကူ နားလည်နိုင်၏။ ပြီးနောက် အကောင်းဆုံး အသုံးချနိုင်မည် ဖြစ်သည်။

"သင်၏တပည့် စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာ၏ တတိယကျမ်းအား နားလည်မှုတစ်ခု ရလာခဲ့သည်။ သင်သည် ပြည့်စုံသည့် တတိယအဆင့် ဒန်ဆေးသိုင်းပညာကျမ်းအား ရရှိသည်.."

အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒကို နားလည်သဘောပေါက်ပြီးနောက် သူမ၏ အထူးစွမ်းရည်နှင့် ဒန်ဆေးသိုင်းပညာ တတိယကျမ်းအား ရှေ့ပြေးအဖြစ် နားလည်လာခဲ့သည်။

လီရွှမ်သည် ချက်ချင်းပင် ပြည့်စုံသည့် တတိယအဆင့် ဒန်ဆေးသိုင်းပညာကျမ်းကို ရရှိခဲ့လေသည်။

ထိုအထဲတွင် ဒန်ဆေးသန့်စင်ခြင်း၏ သာလွန်သည့် အသုံးပြုပုံများ၊ သတ်ဖြတ်ခြင်း အတတ်များနှင့် ဆေးညွှနများစွာတို့သည် ပိုမိုကြွယ်ဝကာ ပြည့်စုံလာခဲ့သည်။

"ဒန်ဆေးသိုင်းပညာက ပိုပိုပြီး သန်မာလာနေပြီ။ ပြီးတော့ ဒန်ဆေးလုံးတွေကလည်း ပိုပြီးတော့အဆင့်မြင့်လာခဲ့ပြီ.."

လီရွှမ်မှာ မနေနိုင်ဘဲ စိတ်လှုပ်ရှားလာခဲ့သည်။ စုလင်းရှုံ၏ ဆေးပင်များ ဒန်ဆေးသန့်စင်ခြင်းနှင့် ဒန်ဆေးသိုင်းပညာအပေါ် ပါရမီမှာ အမှန်တကယ်ကို ထူးကဲလှသည်။

သူမသည် ၎င်းကိုအခြေခံပြီး စိတ်ဝိဉာဉ်ဆိုင်ရာ ဉာဏ်လင်းပွင့်မှုတစ်ခုကို ရရှိပြီး နက်ရှိုင်းသည့် အဓိပ္ပာယ်အား ဖမ်းဆုပ်နိုင်ခဲ့၏။

ဒန်ဆေးသိုင်းပညာကျမ်း၏ တတိယအဆင့်ကိုပင် နားလည်မှု ရလာခဲ့သည်။ ယခုအချိန်၌ သူသည် တတိယအဆင့် ဒန်ဆေးသိုင်းပညာကျမ်းအား ပြည့်စုံစွာ တတ်မြောက်ပြီးဖြစ်ရာ စုလင်းရှုံကို လက်ဆင့်ကမ်းပေးရန် အချိန်ကျပါပြီ။

၎င်းတွင် အဆင့်မည်မျှ ရှိနိုင်မည်လဲ ဟူသည်ကိုတော့ လီရွှမ်အနေနှင့် သိရှိခြင်း မရှိပေ။ ဖြစ်နိုင်သည်မှာ စုလင်းရှုံအနေနှင့် ဆက်လက်ကျင့်ကြံကာ ရှာဖွေတွေ့ရှိလာနိုင်၏။

စုလင်းရှုံ၏ ကျင့်ကြံမှုအပြီးတွင် လီရွှမ်က သူမကိုခေါ်လိုက်သည်။

"ဒန်ဆေးသိုင်းပညာအပေါ် နားလည်မှုမှာ နင်နောက်ထပ်ခြေတစ်လှမ်း ထပ်တက်နိုင်ခဲ့ပြီ။ ဒီနေ့မှာ ငါနင့်ကို ပိုပြီးအဆင့်မြင့်မားတဲ့ ဒန်ဆေးသိုင်းပညာကျမ်းကို လက်ဆင့်ကမ်းပေးမယ်။ နင့်ရဲ့ အံ့ဖွယ်နှလုံးသားနဲ့ စိတ်ဝိဉာဉ်ဆန္ဒ ရရှိလာမှုနဲ့အတူ ဒန်ဆေးသိုင်းပညာလမ်းစဉ်လည်း နောင်မှာ နင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ရှေ့ဆက်နိုင်လိမ့်မယ်.."

စုလင်းရှုံက လေးစားစွာဖြင့် ဖြေကြားသည်။

"ဟုတ်ကဲ့ပါဆရာ.."

နှလုံးသားထဲတွင် သက်ပြင်းချခဲ့၏။ အရာအားလုံးသည် ဆရာ၏ သိရှိမှုအောက်သာ ရှိနေပါသည်။ သူမ၏ အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒ နားလည်သဘောပေါက်မှုကိုပင် တစ်ချက်ကြည့်သည်နှင့် သိရှိနေ၏။

"ဆရာ့ရဲ့အဆင့်က အရမ်းကိုမြင့်မားလွန်းတယ်... ငါ့အနေနဲ့ ခေါင်းမော့ကြည့်ဖို့ပဲ တတ်နိုင်တယ်.."

လီရွှမ်က သူမကို တတိယအဆင့် ဒန်ဆေးသိုင်းပညာကျမ်းအား လက်ဆင့်ကမ်းပေးကာ ပိုမိုနက်ရှိုင်းသည့် နားလည်သဘောပေါက်မှုများ ရရှိလာစေရန် ဆက်လက်ကျင့်ကြံခိုင်းသည်။

စုလင်းရှုံသည် အံ့ဖွယ်နှလုံးသားနှင့် စိတ်ဝိဉာဉ်ဆန္ဒကို နားလည်သဘောပေါက်လာပြီးနောက် စိတ်ဝိဉာဉ်ဆေးပင်များကို ချက်ချင်းပင် ရွေးချယ်ကာ ပိုမိုအာနိသင်ကောင်းကာ အသုံးဝင်သည့် ဆေးညွှန်းများကို ပေါင်းစပ်သည်။ ပြီးနောက် သန့်စင်၏။ သူမသည် ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလုနီးနေပါပြီ။

All Chapters