← Chapters

ဒီဗိုင်းဖျက်ဆီးခြင်း၊ ရွှီယန်၏ပြန်လာမှု(၂)

Vol. 29 Ch. 430

ဒီဗိုင်းဖျက်ဆီးခြင်း၊ ရွှီယန်၏ပြန်လာမှု(၂)

Vol. 29 Ch. 430

မည်သည့်စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမှ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ တစ်ဖက်လူအား သူက ရှင်သန်နိုင်ခွင့်ပေးမှသာလျှင် အခွင့်အရေး ရှိပေလိမ့်မည်။

'ရွှီယန် အခုဆိုရင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ပြီး အင်အားစုတစ်ခုကို ဖျက်ဆီးပြီးပြီ။ အတွင်းဘက်နယ်မြေကို မကြာခင် ပြန်လာလောက်တယ်မလား..'

လီရွှမ်က စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ အထက်က အဆင့်ကိုလည်း ဖန်တီးရမယ်..'

ပြန်လာပြီးနောက် ရွှီယန်သည် သေချာပေါက် အတွေ့အကြုံများကို ပြန်ပြောင်းစဥ်းစားကာ စိတ်ဝိဉာဉ်နယ်မြေမှ ဒီခရီးစဉ်တွင် ရရှိခဲ့သည့်များအား ဆင်ခြင်လေ့လာမည် ဖြစ်၏။ သံသယဝင်စရာ မကောင်းလောက်အောင် သူ၏ခွန်အားက ပိုမိုမြင့်တက်လာမှာပါ။

ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ ကျင့်စဉ်ကိုပင် နားလည်သဘောပေါက်လာရန် ဖြစ်နိုင်၏။

ထို့ကြောင့် သူကလည်း ထိုအဆင့်၏ အထက်ရှိ ကျင့်စဉ်အား ဖန်တီးရန် စတင်ပြင်ဆင်သင့်ပေသည်။ ချီမန်သိုင်းပညာမှာ အခင်းအကျင်းပုံကြမ်းများအား အဆင်သင့်ဖြစ်အောင် ဖန်တီးပြီးဖြစ်ပေမယ့် သင့်တော်သည့် တပည့်တစ်ယောက်ပင် မရှိသေးပေ။ ယခုအချိန်၌ ၎င်းကို ခဏထားထားရပေမည်။

"သင်၏တပည့် ရွှီယန်သည် ကောင်းကင်လူသားကြီးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ ဒီဗိုင်းဖျက်ဆီးခြင်းအတတ်မှာ အတွေ့အကြုံ မြင့်တက်လာခဲ့သည်.."

လီရွှမ် "..."

သူသည် ဒီဗိုင်းဖျက်ဆီးခြင်းအတတ်ကို မကြာသေးမီကမှ ရရှိခဲ့၏။ အသုံးပြုဖူးခြင်း မရှိသေးပါ။ သို့ပေမယ့် အကြိမ်၁၀၀ကျော် အသုံးပြုပြီးသည့်အလား အတွေ့အကြုံတို့ ကြီးထွားလာပြီး ဖြစ်၏။

'စိတ်ဝိဉာဉ်နယ်မြေမှာ ကောင်းကင်လူသားတွေ တော်တော်များများရှိပုံပဲ... ဒါပေမယ့် ရွှီယန်က အချိန်တိုင်း သူတို့နဲ့ ကျပန်းကြုံတွေ့နေတာလား။ ပြီးတော့လည်း ရန်သူတွေပဲ ဖြစ်ကုန်တာလား..'

လီရွှမ်မှာ ပြောစရာစကား မဲ့သွားခဲ့သည်။ ရွှီယန်သည် လင်းနယ်မြေသို့ စတင် ဝင်ရောက်စဉ်ကတည်းက ကောင်းကင်လူသားများကို သတ်ဖြတ်ခဲ့၏။

သူတို့သည် အတွင်းဘက်နယ်မြေ၌ ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ မြင့်မားကာ ထည်ဝါ၏။

တစ်ဝက်တစ်ပြက် ကောင်းခဲ့လူသားများပင်လျှင် လူအများမော့ကြည့်ရသည့် စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြပြီး ရွှီယန်ကတော့ ထိုထက်သာလွန်သူများကို များစွာအဆုံးသတ်ပေးခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက်အား သတ်ဖြတ်ခဲ့၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကိုပင် လုပ်ကြံသတ်ဖြတ်ကာ ဘဝကူးပေးခဲ့သည်။ လင်းနယ်မြေတွင်ပင် သူတို့ကို စွမ်းအားကြီးသူများဟု အမှန်တကယ် ယူဆနိုင်၏။

ချန်းပိန်မြေတွင် လင်းယွီဂိတ်တံခါးက ပွင့်လာခဲ့၏။

၎င်းသည် ရွှီယန် ဝင်ရောက်ပြီးကတည်းက တစ်ခါမှထပ်မံဖွင့်လှစ်ခြင်း မရှိတော့ပေ။

ယခုအချိန်၌ လင်းယွီဂိတ်တံခါးမှာ ထပ်မံပွင့်လာခဲ့ရာ သတိကြီးစွာရှိနေသည့် ထန်းပေါင်စံအိမ်တောင်ပေါ်ရှိ ပုဂ္ဂိုလ်များအားလုံး လင်းယွီဂိတ်တံခါးမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ရောက်ရှိလာမည်ကို ကြောက်ရွံ့နေကြသည်။

အထူးသဖြင့် ထန်းပေါင်စံအိမ်၏ နောက်ခံမှလူများ ဖြစ်နေမည်ကို ဖြစ်၏။

"အတွင်းဘက်နယ်မြေကို သူ.. ဘာလာလုပ်တာပါလိမ့်.."

'ဘာပဲဖြစ်ဖြစ် ငါတို့ကိုထန်းပေါင်စံအိမ်ကို လာတာသာ မဟုတ်ရင် စိုးရိမ်စရာမရှိဘူး။ ချန်းလန်ကျွန်းက ဆရာကြီးက ကိုင်တွယ်လိမ့်မယ်'

လင်းယွီဂိတ်တံခါးမှ ထွက်လာသူ၏ တစ်ခါတည်း အဝေးသို့ ရွေ့လျားသွားမှုကို တွေ့ရပြီးနောက် ခရမ်းရောင်သရဖူနှင့်လူက စိတ်သက်သာရာ ရသွားသည်။

စံအိမ်သခင်ဖြစ်သည့် သူသည် အခြားသူများ၏ အထက်တွင် မြင့်မားစွာနေထိုင်ပြီး အလေးစားခံပုဂ္ဂိုလ်အဖြစ် အသားကျနေပြီး ဖြစ်၏။ တစ်ဖက်လူသာ ထန်းပေါင်စံအိမ်အတွက် လာခြင်းဖြစ်ပါက သူသည် ကျွန်တစ်ယောက်ကဲ့သို့ ဆက်ဆံခံရကာ ဒူးထောက်ကာပင် အရိုအသေ ပေးရလောက်သည်။

သူ့ကို အစိုးရိမ်မိစေဆုံးမှာ တစ်ဖက်လူသည် အလိုကျခြင်းမရှိဘဲ တစ်ချက်တည်း ရိုက်သတ်လိုက်မှာ ဖြစ်၏။

ထိုအခါ မည်မျှ ဆိုးရွားလိုက်မည်နည်း။

လင်းယွီဂိတ်တံခါးက ပြန်လည်ပိတ်သွား၏။ ရွှီယန်မှာတော့ စိတ်လှုပ်ရှားနေပါသည်။ လင်းနယ်မြေသို့ ဒီခရီးစဉ်သည် အကျိုးများစွာတို့ကို ရရှိခဲ့၏။ အတွင်းဘက်နယ်မြေ၌ ခဏတာ အခြေချရန် လုံလောက်ပါသည်။

စိတ်ဝိဉာဉ်နယ်မြေမှ ပြန်လာပြီးနောက် သူသည် ခဏတာအတွင်း အသားမကျဘဲ ဖြစ်နေ၏။ အတွင်းဘက်နယ်မြေရှိ စိတ်ဝိဉာဉ်စွမ်းအင်မှာ လင်းနယ်မြေထက် များစွာ နိမ့်ပါးလွန်းလှသည်။ ထို့အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီမှာလည်း လှုပ်ရှားတက်ကြွမှု နည်းပါးလှ၏။

ထိုခြားနားချက်က စည်ကားသိုက်မြိုက်သည့် မြို့ကြီးတစ်ခုနှင့် အိုဟောင်းကာ ညှိုးနွမ်းသည့် ရွာကြီးတစ်ရွာကဲ့သို့ ရှိနေပါသည်။

စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းသမားများ အတွင်းဘက်နယ်မြေကို အထင်သေးကြတာ အံ့သြစရာမရှိပေ။

"မင်းက အတွင်းဘက်နယ်မြေကလား.."

ယွီရှောင်လုံက အင်္ကျီလက်အတွင်းမှ ခေါင်းထောင်လာပြီး အံ့ဩစွာမေးသည်။

"ဟုတ်တယ် ပြဿနာရှိလို့လား.."

ရွှီယန်က မျက်မှောင်ကျုံ့သွားပြီး မေး၏။

"အတွင်းဘက်နယ်မြေရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က အရမ်းပါးလျတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီကလည်း လှုပ်ရှားတက်ကြွမှု မရှိဘူး။ မင်းဘယ်လိုလုပ်ပြီး ဒီလောက်သန်မာအောင် ကျင့်ကြံခဲ့တာလဲ.."

ယွီရှောင်လုံက ထိတ်လန့်သွား၏။ အတွင်းဘက်နယ်မြေသည် နိမ့်ကျသည့် နေရာတစ်ခုဟူ၍ လူတိုင်း ကျယ်ကျယ်ပြန့်ပြန့် သိကြပါသည်။ ပါရမီရှင်များရှိရင်တောင် ထိုပါရမီရှင်များသည် အတွင်းဘက်နယ်မြေ၌ ပိတ်မိနေကြပြီး အကန့်အသတ်ရှိသည့် ခွန်အားအဆင့်သို့သာ ရောက်နိုင်ကြ၏။ ဘဝတစ်လျှောက်လုံး ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်နိုင်ခြင်းမရှိစွာ နေရစ်ကြရသည်။

လင်းနယ်မြေသို့ ဝင်ရောက်ပြီးမှသာလျှင် သူတို့ကိုယ်သူတို့ ဆက်လက်မြှင့်တင်နိုင်ကြ၏။

အတွင်းဘက်နယ်မြေမှ လာရောက်သည့် ရွှီယန်မှာ လင်းနယ်မြေယွီကျိုးရှိ ပါရမီရှင်များစွာတို့ကို အလွယ်တကူ နင်းချေနိုင်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမိခြင်း မရှိပေ။

"အတွင်းဘက်နယ်မြေရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က ပါးလျတယ်။ အဲ့ဒါက ကျင့်ကြံမှုကို နှောင့်နှေးစေတယ်။ ဒါပေမယ့် ပြဿနာကြီးတော့ မဟုတ်ပါဘူး.."

ရွှီယန်က ထူးမခြားနားစွာ ပြောသည်။

သဟွသိုင်းပညာသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ လင်းကျီ၏ လှုပ်ရှားတက်ကြွမှုအပေါ် မှီခိုနေခြင်းမရှိပါ။ ပါးလျသည့် စိတ်ဝိဉာဉ်စွမ်းအင်က ကျင့်ကြံမှုကို အနည်းငယ် နှေးကွေးသွားစေသည်သာ ရှိ၏။ အချိန်ကြာလာသည်နှင့်အမျှ ခွန်အားတို့ ဆက်လက်မြင့်တက်နေမှာ ဖြစ်သည်။

"အဲ့ဒါက စိတ်ဝိဉာဉ်စွမ်းအင် ပါးလျတာပဲမဟုတ်ဘူး။ အတွင်းဘက်နယ်မြေမှာ ကောင်းကင်လူသားအဆင့်ကို ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.."

ယွီရှောင်လုံက ပါးစပ်ကိုဖွင့်ကာ လေးနက်စွာပြော၏။

"အဲ့ဒါဆိုလည်း အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို မကျင့်ကြံဘူးပေါ့.."

ရွှီယန်က အသာပြောသည်။

"မင်းကိုကြည့်ရတာ အတွင်းဘက်နယ်မြေ အကြောင်းကို

တော်တော်လေး သိတဲ့ပုံပါလား.."

ထို့နောက် မေး၏။

"စိတ်ဝိဉာဉ်နယ်မြေမှာ အတွင်းဘက်နယ်မြေအကြောင်းကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေများစွာက အတွင်းဘက်နယ်မြေကို နိမ့်ကျတဲ့နေရာတစ်ခုလို့ ယူဆကြတယ်။ သွေးနတ်ဆိုးတောင်မှ အတွင်းဘက်နယ်မြေကို ထွက်ပြေးသွားခဲ့တာလေ။ အဲ့ကိစ္စကို စိတ်ဝိဉာဉ်နယ်မြေတစ်ခုလုံး သိကြတယ်.."

ယွီရှောင်လုံက ရှင်းပြသည်။

ရွှီယန်က ခေါင်းငြိမ့်၏။ သူသည် ကောင်းကင်လူသားသင်္ချိုင်းအတွင်း၌ သွေးနတ်ဆိုး၏ အဖြစ်အပျက်ကို သိရှိပြီး ဖြစ်၏။

"အဲ့ဒါဆိုရင် မင်းကအတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို မကျင့်ကြံဘူးလား.."

ယွီရှောင်လုံက သိလိုစွာမေးသည်။

"ဒါပေါ့.."

"အတွင်းဘက်နယ်မြေမှာ အခြားသိုင်းပညာစနစ်တွေ ရှိသေးလို့လား.."

ယွီရှောင်လုံက မှင်သက်သွားသည်။ သူသည် ရွှီယန်ကျင့်ကြံသည့် သိုင်းပညာကို ခြားနားနေလောက်သည်ဟု ပြီးခဲ့တုန်းက ခန့်မှန်းမိပြီး ဖြစ်၏။

"အစကတော့ မရှိဘူး။ ဒါပေမယ့် အခုတော့ရှိတယ်.."

ရွှီယန်က သူ၏ ရုပ်ရည်ကို ပုံမှန်အတိုင်း ပြန်လည်ပြောင်းလဲကာ ချန်းလန်ကျွန်းဆီသို့ ဦးတည်သွားသည်။

"မင်းက သွေးမျိုးဆက်ရဲ့ ကန့်သတ်မှုကို ခံထားရတဲ့ စိတ်ဝိဉာဉ်သားရဲ တစ်ကောင်ပဲ။ ချန်းလန်ကျွန်းကို ပြန်ပြီးတဲ့အခါကျရင် ကြောင်နီကို မဟာနတ်ဆိုးကျင့်စဉ်အကြောင်းကို မေးကြည့်လို့ရတယ်။ အဲ့ဒီ့ဟာကို ကျင့်ကြံရင် မင်းရဲ့သွေးမျိုးဆက် ကန့်သတ်မှုတွေကနေ ချိုးဖျက်နိုင်လိမ့်မယ်။ သိုင်းသမားတွေလိုပဲပေါ့.."

ရွှီယန်က အသာ ပြုံးကာပြော၏။

ယွီရှောင်လုံ၏ နှလုံးသား၌ ရွှီယန်ပြောသည့် မဟာနတ်ဆိုးကျင့်စဉ်အတွက် မျှော်လင့်မှုတို့ မြင့်တက်လာခဲ့သည်။ လောကကြီးတွင် စိတ်ဝိဉာဉ်သားရဲများ ကျင့်ကြံနိုင်သည့် ကျင့်စဉ်တစ်ခု အမှန်တကယ် ရှိနေသည်လား။

ယွီရှောင်လုံက ဆက်လက်မေးမြန်းခြင်း မပြုတော့ပါ။

ယခုအချိန်၌ သူသည် အတွင်းဘက်နယ်မြေသို့ ရောက်ရှိနေပြီး ဖြစ်သည်။ တဖြည်းဖြည်း နားလည်လာမှာ ဖြစ်၏။ အရမ်းကြီး သိလိုခြင်းက ကောင်းမွန်သည့် ကိစ္စမဟုတ်ဟုပင် ထင်မှတ်မိသည်။ သေချာသည်မှာတော့ သူ့အနေနှင့် ရွှီယန်ဆီမှ ခွဲခွာလို့မရပေ။

"ငါ့ရဲ့ အခွင့်အရေးက ဒီမှာရှိတယ်... ဒီနေရာက ငါ့ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာအောင်လုပ်ဖို့ အခွင့်အရေးရှိတဲ့ နေရာတစ်ခုပဲ။ ဒါကိုကောင်းကောင်းဖမ်းဆုပ်ရမယ်။ စစ်မှန်တဲ့ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မလားဆိုတာ ဒီအခွင့်အရေးပေါ်မှာ မူတည်တယ်.."

ယွီရှောင်လုံက စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။

ချန်းလန်ကျွန်းသည် ပုံမှန်အတိုင်းသာ ရှိနေ၏။ မုန့်ချုံမှာ တောင်ထွတ်ပေါ်၌ ကျင့်ကြံနေပြီး အခြေခံကို စုစည်းနေပါသည်။ ရံဖန်ရံခါ ကျစ်ယွင်က ရောက်ရှိလာပြီး သူ့ကိုသိုင်းပညာအကြောင်း ညွှန်ကြားချက်အချို့ တောင်း၏။

စုလင်းရှုံမှာ ဒန်ဆေးသိုင်းပညာကျမ်းကို လေ့လာနေသည်။ သူမ၏ ဒန်ဆေးသန့်စင်ခြင်း စကေးမှာ ပိုမိုကာ ကျွမ်းကျင်လာခဲ့၏။ ဆေးများကို သန့်စင်ရာ၌ ဆေးပေါင်းဖိုများကို အသုံးပြုခြင်း သိပ့်မရှိတော့ပေ။ ရံဖန်ရံခါ အချိန်ယူပြီး ဆေးဆရာဖန်နှင့် ဆေးသန့်စင်ခြင်း သင်တန်းသားအချို့ကို ညွှန်ကြားချက်များပေးလေ့ရှိ၏။

ဆေးသန့်စင်ခြင်း သင်တန်းသား သုံးယောက်တို့သည် ဆေးသန့်စင်ခြင်း၏ အခြေခံများကို တတ်မြောက်ထားပြီး အတွင်းဘက်နယ်မြေ၌ ပုံမှန်အသုံးပြုသည့် ဒန်ဆေးလုံးများအား အမှီခိုကင်းစွာ သန့်စင်နိုင်နေပြီးဖြစ်သည်။

ဤနည်းအားဖြင့် သူမ စိတ်ဝိဉာဉ်နယ်မြေသို့ ထွက်ခွာသွားလျှင်တောင် ချန်ချင်းစံအိမ်၏ ဒန်ဆေးထုတ်လုပ်မှုအတွက် စိုးရိမ်စရာ မရှိတော့ပါ။

ရွှီကျွင်းဟယ်၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့အားလုံးလည်း တစ်ဆို့မှုကို ဖြတ်ကျော်ကာ ထုံးရွှမ်အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေကြသည်။ တိုးတက်မှုတို့ရှိပေမယ့် အဆင့်ချိုးဖျက်နိုင်ရန်အတွက် ခရီးအရှည်ကြီး ရှိပါသေးသည်။

ကျွန်းပေါ်၌ သက်တောင့်သက်သာအရှိဆုံးလူမှာ လီရွှမ်ဖြစ်သည်။ သို့ပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို စဉ်းစားကာ ဖန်တီးမှုပြုရန် လုပ်နေရ၏။ သူ၏အသွင်က အေးအေးလူလူရှိပေမယ့် စိတ်ဝိဉာဉ်စွမ်းအင်မှာတော့ တာအိုရွှေစာအုပ်အား နေ့စဉ်အသုံးပြုမှုကြောင့် ကုန်ခမ်းနေပါသည်။

ပြောရလျှင် သက်တောင့်သက်သာအရှိဆုံးလူမှာ ရွှီမိခင်ဖြစ်သည်။ ကြောင်နီကို စာဖတ်စာရေး သင်ပေးမှုအပြင် သူမတွင် မည်သည့်အလုပ်မှ မရှိပေ။ ကြောင်နီအား သင်ကြားပေးရခြင်းမှာ သူမ၏ အနှစ်သက်ဆုံးအချိန်ဖြစ်၏။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားကို မရောက်သေးဘဲနဲ့ သူ့အဆင့်ရဲ့အထက်က ကျင့်စဉ်ကို ဖန်တီးဖို့က တော်တော်လေးစိန်ခေါ်မှုကြီးတာပဲ.."

လီရွှမ်၏ သူ၏စိတ်ကို တာအိုရွှေစာအုပ်မှ ရုပ်သိမ်းကာ သက်ပြင်းချသည်။

ရုတ်တရက် ချန်းလန်ကျွန်း၏ အပြင်ပိုင်းသို့ လှမ်းမျှော်ကြည့်မိ၏။ ရွှီယန်မှာ ပြန်လာခဲ့လေပြီ။

"အစ်ကိုကြီး... ပြန်လာပြီလား.."

မုန့်ချုံက ပျော်ရွှင်စွာဖြင့် ပြော၏။

"ယန်အာ ပြန်လာပြီ.."

ကြောင်နီကို သင်ကြားပေးနေသည့် ရွှီမိခင်က မတ်တတ်ရပ်သည်။ ချက်ချင်းပင် ကြောင်နီကို အမြှီးမှကောက်ယူကာ ခန်းမအတွင်းမှ ပြေးထွက်သွားသည်။

အမြှီးမှကိုင်စွဲခြင်း ခံထားရသည့် ဝတုတ်ကြောင်၏ မျက်နှာမှာ လုံးဝ အံ့ဩနေပါသည်။

ရွှီယန်သည် ပြန်လာခဲ့ပြီး ချန်းလန်ကျွန်းမှာ လှုပ်ရှားတက်ကြွလာခဲ့၏။ ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ စိတ်ဝိဉာဉ်နယ်မြေမှ ပြန်လာခဲ့သည့် ပထမဆုံးလူ ဖြစ်သည်။

လူတိုင်းသည် ထိုနေရာအကြောင်းကို အလွန်သိလိုနေကြ၏။

ရွှီမိခင်လည်း နောက်ဆုံးတွင် လက်ထဲရှိ ကြောင်နီကို သတိရလိုက်ပြီး အမြန်ချပေးသည်။ ကြောင်နီက သူမ၏ခြေထောက်ဘေးတွင် လဲလျောင်းကာ ရွှီယန်ကို သိလိုစွာကြည့်၏။ စိတ်ဝိဉာဉ်နယ်မြေရှိ အတွေ့အကြုံများအား ပြန်လည်ပြောပြမှုအပေါ် စောင့်စားနေပါသည်။

ထို့အပြင် သူ၏ မျက်လုံးများသည် ရံဖန်ရံခါ ရွှီယန်၏ အင်္ကျီလက်ဆီသို့ ရောက်ရှိသွားပြီး မဟာနတ်ဆိုးမဟုတ်သလို သာမန်သားရဲတစ်ကောင်လည်း မဟုတ်သည့် အငွေ့အသက်တစ်ခုကို ခံစားရနေ၏။

"စိတ်ဝိဉာဉ်သားရဲ..."

နွေးထွေးသည့် နှုတ်ဆက်မှုအချို့နှင့် မိဘဆရာတို့ကို အရိုအသေပေးပြီးနောက် ရွှီယန်က ယွီရှောင်လုံကို အင်္ကျီလက်အတွင်းမှ ဆွဲထုတ်လိုက်သည်။

"ဒါကယွီရှောင်လုံ... စိတ်ဝိဉာဉ်သားရဲ ကျောက်သလင်းမြွေပဲ.."

ယွီရှောင်လုံက ချန်းလန်ကျွန်းပေါ်ရှိ လူတိုင်းကို စူးစမ်းကြည့်သည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်အပေါ်သို့ ဖြတ်သန်းသွားချိန်၌ ချက်ချင်းပင် ထိတ်လန့်စွာ ခံစားလိုက်ရ၏။ ရွှီယန်၏ ဆရာဖြစ်သူသည် အလွန် လျှို့ဝှက်နက်နဲလွန်းလှသည်။

ထို့အပြင် ကတုံးပြောင်နှင့် ထွားကြိုင်သည့်လူတွင် သူ့ကိုထိတ်လန့်စေသည့် အငွေ့အသက်အား ပိုင်ဆိုင်ထား၏။

စုလင်းရှုံမှာတော့ ကြည့်ရသည်မှာ အလွန် ညင်သာဟန်ရှိပြီး လူကိုနီးကပ်သည့် စိတ်ခံစားချက်အားပေးသည့် အငွေ့အသက်အား ထုတ်လွှတ်နေပါသည်။

ကျန်လူများမှာတော့ အားနည်းကြ၏။ သို့ပေမယ့် ဒီနေရာရှိ ကြောင်ပင်လျှင် ပုံမှန်မဟုတ်ပေ။ သို့ရာတွင် မည်ကဲ့သို့ ပုံမှန်မဟုတ်သည်ဟူသည်အား နားလည်နိုင်ခြင်း မရှိဘဲ ဖြစ်နေ၏။ ဖြစ်နိုင်သည်မှာ ဤသည်မှာ ရွှီယန်ပြောသည့် ကြောင်နီလေလား။

All Chapters