← Chapters

မဟာနတ်ဆိုးနှင့် စိတ်ဝိဉာဉ်သားရဲ၊ ရရှိမှုများအားစီရီခြင်း

Vol. 29 Ch. 431

မဟာနတ်ဆိုးနှင့် စိတ်ဝိဉာဉ်သားရဲ၊ ရရှိမှုများအားစီရီခြင်း

Vol. 29 Ch. 431

"ဒါဆိုရင် ဒါက စိတ်ဝိဉာဉ်သားရဲပေါ့.."

လူတိုင်းက စိတ်ဝိဉာဉ်သားရဲအကြောင်းကို သိလိုသွားကြပြီး ယွီရှောင်လုံအား အနီးကပ် စူးစမ်းမိကြသည်။

ကြောင်နီဆိုလျှင် ပိုပြီးတောင် သိချင်သေး၏။ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပါသည်။ ဖြစ်နိုင်သည်မှာ ကြောင်တစ်ကောင်ကဲ့သို့ အချိန်အတော်ကြာအောင် ပြုမူခဲ့၍လားမသိပေ။ ကြောင်၏ စပ်စုလိုမှုနှင့် အချို့ အမူအကျင့်များ ရရှိလာကာ လက်ဖဝါးကိုမြှောက်ပြီး ယွီရှောင်လုံ၏ ခေါင်းကိုပုတ်မိ၏။

ယွီရှောင်လုံမှာ မှင်သက်သွားသည်။ ဒီကြောင်သည် မည်မျှ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်သနည်း။ သူ၏ခန္ဓာကိုယ်က လျှပ်တပြက်အတွင်း ကြီးထွားလာပြီး လျှာနှစ်ခွကို ထုတ်ကာ ကြောင်နီကို အေးစက်စွာကြည့်သည်။

"ကြောင်ကောင်... ဖယ်စမ်း.."

ကြောင်နီ၏ မျက်လုံးများက အံ့သြစွာဖြင့် ပြူးကျယ်သွားသည်။ ဒီမြွေသည် စကားပြောနိုင်သည်လား။

သူ၏လက်သည်းများဖြင့် မြေပြင်ပေါ်၌ စာရေးလိုက်သည်။

"ဒီလို မြွေငတုံးတောင် စကားပြောနိုင်တာလား.."

ယွီရှောင်လုံမှာ အနည်းငယ် ကြောင်တောင်သွားသည်။ သူသည် လူသားဘာသာစကားကို ပြောနိုင်၏။

သို့ပေမယ့် စကားလုံးများကို အများကြီး သိရှိခြင်းမရှိပေ။

ကြောင်နီ၏အသွင်က ချက်ချင်းပင် အထင်သေးသည့် အကြည့်တို့ ပေါ်လာပြီး စကားလုံးများကို ထပ်မံရေးလိုက်၏။

"လက်စသတ်တော့ စာမတတ်ပေမတတ် မြွေကို။ စကားလုံးတွေကိုတောင် မမှတ်မိဘူး.."

"စာမတတ်ပေမတတ်လား.."

ယွီရှောင်လုံသည် ထိုစကားလုံးနှစ်လုံးတို့ကို မှတ်မိလိုက်ပြီး ခေါင်းကိုမော့ကာ ရွှီယန်ကိုမေး၏။

"အဲ့ဒါက ငါ့ကို စော်ကားနေတာလား.."

ရွှီယန်နှင့် ပတ်ဝန်းကျင်ရှိလူများမှာ အံ့သြသွားကြပြီး ကျားနှင့်မြွေတို့၏ ပွဲကောင်းကို ကြည့်ရှု့ရန် စိတ်အားထက်သန်လာကြသည်။ စတုတ္ထအဆင့် စိတ်ဝိဉာဉ်သားရဲ ယွီရှောင်လုံနှင့် မဟာနတ်ဆိုးအဖြစ် ပြောင်းလဲလာခဲ့သည့် ကြောင်နီတို့တွင် မည်သူက ပိုမိုသန်မာလိမ့်မည်နည်း။

"အဲ့လိုယူဆလို့ရတယ်.."

ရွှီယန်က သဘောတူစွာ ခေါင်းငြိမ့်သည်။

"သွားစမ်း.."

ယွီရှောင်လုံက ချက်ချင်းပင် ဒေါသထွက်သွားသည်။

အမြှီးကို လျှင်မြန်စွာဝှေ့ရမ်းပြီး ရိုက်ထုတ်လိုက်ရာ ကြောင်နီကို နောက်သို့ ဆုတ်သွားရစေ၏။

သတိလစ်ဟင်းနေသည့် ကြောင်နီမှာ ချက်ချင်းပင် ဒေါသထွက်သွားပြီး ရှေ့သို့ခုန်အုပ်ကာ လက်သည်းများကို ဖြန့်လိုက်သည်။ လျှင်မြန်သည့် တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွှတ်၏။ အလွန် လျှင်မြန်လွန်းလှသဖြင့် လက်သည်း ပုံရိပ်ယောင်များကိုပင် တွေ့မြင်နိုင်ပါသည်။

ယွီရှောင်လုံမှာ အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက် မှင်သက်နေ၏။ လီရွှမ်လည်းပဲ ကြည့်ရှု့ရင်းနှင့် အံ့သြနေပါသည်။ ကြောင်တစ်ကောင်၏ မြွေတစ်ကောင်အား ဖမ်းယူသည့်နှယ် ရှိနေ၏။

ကြောင်နီမှာ မြန်ဆန်သွက်လပ်ပြီး လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ယွီရှောင်လုံအား အကြိမ်ပေါင်းများစွာ ရိုက်နှက်နိုင်လေသည်။

"ကြောင်စုတ်... ရဲတင်းလိုက်တာ.."

ယွီရှောင်လုံမှာ အလွန် ဒေါသထွက်နေပါသည်။ ရွှီယန်တို့က သူ့ကိုတားဆီးခြင်းမရှိရာ သူ၏အရည်အချင်းကို တွေ့ချင်လို့ ဖြစ်ရပေလိမ့်မည်။

"ကြောင်နီမလား..."

တစ်ဖက်ကြောင်သည် စွမ်းအားကြီးမားလျှင်တောင် ကြောင်တစ်ကောင်သာ ဖြစ်၏။ သူယွီရှောင်လုံကတော့ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါသည်။ တစ်နေ့တွင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်သို့ မြင့်တက်သွားမည် ဖြစ်၏။

"အုန်း.."

စိတ်ဝိဉာဉ်သားရဲ၏ အရှိန်အဝါက ထွက်ပေါ်လာပြီး ယွီရှောင်လုံသည် ချက်ချင်းပင် မူလအသွင်အပြင်သို့ ပြောင်းလဲကာ ကြီးမားသည့် မြွေကြီးတစ်ကောင် ဖြစ်လာခဲ့သည်။ ဆယ်မီတာရှည်လျားပြီး အမောက်ကိုထောင်ကာ တစ်ဟစ်ဟစ် အသံပြု၏။ ကြောင်နီကို အထင်သေးစွာဖြင့် ခေါင်းငုံ့ကြည့်သည်။

ဒီအချိန်၌ ကြောင်နီသည် အလွန်သေးငယ်သည့် အသွင်ဖြင့်ရှိနေပြီး တစ်လုတ်ထဲဖြင့် အလွယ်တကူ ကိုက်စားလိုက်လို့ပင် ရပါသည်။

ကြောင်နီက ခေါင်းကိုမော့ကာ ဟိန်းလိုက်ရင်းဖြင့် နောက်ဆုတ်သွားခြင်း မရှိပါ။ ရုတ်တရက် အရွယ်အစားကြီးထွားလာပြီး တောက်ပသည့် ကျားကြီးတစ်ကောင် ဖြစ်လာခဲ့၏။ ယွီရှောင်လုံထပ်ပင် ပိုမိုမြင့်မားလှပါသည်။

သူ၏ ခန္ဓာကိုယ်ကြီးသည် တောင်တစ်ခုနှင့် နှိုင်းယှဉ်နိုင်၏။ ကြောင်နီ၏ နတ်ဆိုးစွမ်းအားက ထွက်ပေါ်လာကာ နတ်ဆိုးအရှိန်အဝါက သားရဲအားလုံး၏ ဘုရင်သဖွယ် ပျံလွှင့်လာခဲ့သည်။ ကျားမျက်လုံးများက အမောက်ထောင်ထားသည့် ယွီရှောင်လုံကို ခေါင်းငုံ့ကြည့်၏။

ယွီရှောင်လုံက မှင်သက်သွားသည်။ ရွှီယန်ကိုခေါင်းလှည့်ကြည့်ကာ ကြောင်တောင်စွာဖြင့် မေးခွန်းထုတ်၏။

"ဒီကောင်က ကြောင်မဟုတ်ဘူးလား.."

"ရုပ်ချင်းတော့ဆင်တယ်.. ဟုတ်သလိုပဲ.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ဖြေ၏။ ပုံမှန်အားဖြင့် ကြောင်နီသည် ကြောင်တစ်ကောင်ကဲ့သို့သာ ရှိပါသည်။ ခုနကလည်း မိခင်ဖြစ်သူက အမြှီးမှ ကိုင်ဆွဲလာခဲ့၏။ ထို့ကြောင့် ကြောင်ဟုပြောခြင်းက အမှန်တကယ်ကို မှားယွင်းခြင်း မရှိပါ။

ဤသည်မှာ အလွန်သိတတ်ပြီး လူများကို ကျေနပ်အောင်လည်း လုပ်ပြနိုင်သည်။ မဟုတ်ပါက ကြီးမားသည့် ခန္ဓာကိုယ်နှင့် စွမ်းအားကြီးသည့် သားရဲကြီးတစ်ကောင်ဖြစ်နေလျှင် သူ့မိခင်အနေနှင့် မနိုင်မည် မဟုတ်ပေ။

တစ်ဖက်လူကလည်း အမခံမည် မဟုတ်ပေ။

"ဝှစ်.."

ကြောင်နီက လက်သည်းများကိုဆန့်ကာ ယွီရှောင်လုံကို ရိုက်လိုက်သည်။

ယွီရှောင်လုံကလည်း အရိုက်မခံပါ။ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွား၏။

ထို့နောက် ကြောင်နီဆီသို့ ပြေးဝင်သွားသည်။

၎င်းသည် အမြဲတမ်း အမြန်နှုန်းဖြင့် နာမည်ကျော်ကြား၏။ သို့ပေမယ့် ကြောင်နီမှာလည်း အလွန်သွက်လက် မြန်ဆန်ကာ မဟာနတ်ဆိုးတစ်ကောင်၏ ခွန်အားကို ပထမဆုံးအကြိမ် ပြသလာခဲ့သည်။

ပါးစပ်ကိုဖွင့်ဟပြီး နတ်ဆိုးစွမ်းအားများကို ဟိန်းထုတ်ကာ ယွီရှောင်လုံအား အလျှင်အမြန် ရှောင်ထွက်သွားရစေသည်။

မြွေနှင့်ကျားတို့သည် လေထဲသို့ ပျံတက်သွားပြီး ချန်းလန်ကျွန်း၏ အထက်ကောင်းကင်၌ တိုက်ခိုက်ကြ၏။

ကြောင်နီမှာ မကြာသေးခင်က မဟာနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့၏။ သို့ပေမယ့် သူ၏ခွန်အားမှာ နေ့စဉ်နေ့တိုင်း တိုးပွားလာခဲ့သည်။

အထူးသဖြင့် နတ်ဆိုးခန္ဓာကိုယ်မှာ အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးမားလှ၏။ မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခန္ဓာလောက် သန်မာခြင်းမရှိလျှင်တောင် အများကြီးအားနည်းခြင်း မရှိပေ။

လေထဲတွင် နတ်ဆိုးစွမ်းအင်တို့ မြင့်တက်နေပြီး နတ်ဆိုးစွမ်းအားက ဖြန့်ကျက်လာခဲ့သည်။ လက်သည်းများကို လွှဲရမ်းရင်း နတ်ဆိုးလက်သည်းချက်များကို ဆက်တိုက်ထုတ်လွှတ်၏။

ခန္ဓာကိုယ်မှာလည်း လျှင်မြန်စွာ တုံ့ပြန်လှုပ်ရှားနေပြီး ပါးစပ်မှ နတ်ဆိုးစွမ်းအားများကို ရံဖန်ရံခါ ဟိန်းထုတ်လေ့ ရှိသည်။ ခန္ဓာကိုယ်တစ်ဝိုက်တွင် လေညှင်းတစ်ခုလှည့်လည်နေကာ ကြည့်ရသည်မှာ လေဟုန်ကိုစီးနှင်းသည့်အလား ရှိနေ၏။

၎င်း၏အမြှီးက သံမဏိကြာပွတ် တစ်ချောင်းသဖွယ် ရှိနေပြီး ယွီရှောင်လုံ၏ ရုတ်တရက် သတိလစ်ဟင်းမှုကို အခွင့်ကောင်းယူကာ အမြှီးကို လွှဲရမ်းလိုက်သည်။

၎င်းသည် မီတာ၁၀၀ရှည်လျားသည့် အမြှီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယွီရှောင်လုံကို တစ်ချက်တည်းလွင့်စင်သွားစေ၏။

ဤသည်မှာ စိတ်ဝိဉာဉ်သားရဲနှင့် မဟာနတ်ဆိုးတို့အကြား တိုက်ပွဲတစ်ခု ဖြစ်သည်။ လီရွှမ်က တိတ်တဆိတ် ကြည့်ရှု့နေ၏။ ရွှီယန်နှင့် အခြားလူများလည်း တူညီစွာဖြစ်သည်။

ယွီရှောင်လုံ၏ တိုက်ခိုက်မှုများမှာ အနည်းငယ် ထိရောက်မှု လစ်ဟင်းနေ၏။ သူ့အမြှီး၏ မြန်ဆန်မှုနှင့် လျှပ်စီးကဲ့သို့ တိုက်ခိုက်မှုများမှာ အားသာချက်အများကြီး ရရှိခြင်းမရှိပေ။

ထို့အပြင် ကြောက်နီ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် အလွန်သန်မာပြီး ယွီရှောင်လုံအနေနှင့် ကြောင်နီအား တစ်ချက်တည်း ဒဏ်ရာအပြင်းအထန်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါ။

ကြောင်နီ၏ လက်ဝါးနှစ်ခုမှာတော့ ပုံရိပ်များထင်ဟပ်နေကာ ဆက်တိုက်ရွေ့လျားနေပြီး ၎င်း၏ လှုပ်ရှားမှုများတွင် လက်သီးအတတ်၏ အရိပ်ယောင်တို့ ပါဝင်နေပါသည်။

စူးရှသည့် မျက်လုံးတို့ဖြင့် ကြည့်ရှု့ပါက ကြောင်နီ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ်များစွာတို့၌ နတ်ဆိုးစွမ်းအားတို့ စုဆောင်းနေသည်ကို တွေ့မြင်နိုင်၏။

အချိန်မရွေး ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေသည်။

ဤသည်မှာ ကြောင်နီ၏ မဟာနတ်ဆိုးသတ်ဖြတ်ခြင်းအတတ် ဖြစ်သည်။ မဟာနတ်ဆိုးတစ်ကောင် ဖြစ်မလာခင်က ကျားတို့၏ ဘုရင်အနေနှင့် အသုံးပြုခဲ့သည့် အမဲလိုက်ခြင်း အတတ်သည် ပြောင်းလဲပြီးနောက် သတ်ဖြတ်ခြင်းအတတ်အဖြစ် ပြောင်းလဲလာခဲ့၏။

ထိုအချိန်၌ ယွီရှောင်လုံ၏ ခန္ဓာကိုယ်က ထပ်မံကြီးထွားလာပြန်ပြီး ကျောင်သလင်း၏ အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ ဦးခေါင်းထက်ရှိဦးချိုမှ ၁၀ပေလောက်ရှည်လျားသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ကြောင်နီက အသာမာန်ဖီကာ သူ၏ခန္ဓာကိုယ်မှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ရှေ့သို့ရုတ်တရက် ခုန်အုပ်လိုက်၏။ ထိုအချိန်၌ ယွီရှောင်လုံ၏ ဦးခေါင်းထက်ရှိ အလင်းတန်းကလည်း ပစ်လွှတ်လာခဲ့သည်။

ရုတ်တရက် ကြောင်နီ၏ရှေ့၌ ကြမ်းကြုတ်သည့် ကျားကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ပုံရိပ်ယောင်ကျားကြီးက လက်သည်းကြီးများကို လွှဲရမ်းကာ ကျယ်လောင်သော အပေါက်ကွဲသံနှင့်အတူ ယွီရှောင်လုံက ပစ်လွှတ်လိုက်သည့် အလင်းတန်းကို ရိုက်ထုတ်သည်။

သူတို့တိုက်ခိုက်မှုများ၏ စွမ်းရည်များသည် တစ်ပြိုင်နက် ပြိုကွဲသွားကြ၏။ သို့ပေမယ့် ပုံရိပ်ယောင်ကျားကြီး၏ လွမ်းခြုံမှုအောက်ရှိ ကြောင်နီ၏ အစစ်အမှန်ခန္ဓာက ယွီရှောင်လုံအပေါ်သို့ လျှင်မြန်စွာ ကျရောက်သွား၏။ ကြီးမားသည့် လက်ဝါးရိုက်ချက်နှင့်အတူ ယွီရှောင်လုံအား လွင့်စင်ထွက်သွားစေသည်။

All Chapters