ရွှီယန်၏နှလုံးသားဓားအဆင့်သို့ချိုးဖျက်ခြင်း(၂)
Vol. 29 Ch. 434
ငါ့ရဲ့ခွန်အားက ထပ်ပြီးတော့ တိုးတက်လာပြန်ပြီ...
"သင်၏တပည့်ရွှီယန်သည် ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည့် နှလုံးသားဓားအဆင့်သို့ ချိုးဖျက်ခဲ့သည်။ သင်သည် နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."
ရွှီယန်သည် နှလုံးသားဓားအဆင့်သို့ ချိုးဖျက်ခဲ့၏။ လျှပ်တပြက်အတွင်း တောင်ထိပ်ပေါ်ရှိ မြက်ငယ်များ တစ်ခုပြီးတစ်ခု ထောင်ထလာပြီး ချန်းလန်မြစ်အတွင်းသို့ ခုတ်ပိုင်းသွား၏။
မြစ်၏စီးဆင်းမှုမှာ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် ချန်းလန်ကျွန်းပေါ်ရှိ လူတိုင်း ရွှီယန်၏ အဆင့်ချိုးဖျက်မှုအား သိရှိသွားကြ၏။
သေးငယ်သည့် မြက်ပင်များသည် ထက်မြသည့် ဓားများသဖွယ် ချန်းလန်မြစ်ရေ၏ စီးဆင်းမှုကို ရပ်တန့်စေခဲ့၏။
မည်မျှနက်ရှိုင်းသည့် ဓားတာအိုဖြစ်သနည်း။
စုလင်းရှူံ၏ မျက်လုံးများက တောက်ပစွာဖြင့် လင်းလက်နေပါသည်။ သစ်ပင်မှ ဓားအဖြစ် ပြောင်းလဲခဲ့ပြီး မြက်ပင်များလည်း ဓားအဖြစ် ပြောင်းလဲခဲ့၏။ လောကကြီးရှိ အရာအားလုံးသည် ဓားတစ်ချောင်း ဖြစ်လာခဲ့ဟန်ရှိသည်။
စီနီယာအစ်ကိုကြီး၏ ဓားတာအိုသည် အမှန်တကယ်ကို နက်နဲကာ စွမ်းအားကြီးမား၏။
'အရာအားလုံး ဓားတစ်ချောင်းဖြစ်နိုင်တယ်... ငါ့ရဲ့ ဒန်ဆေးသိုင်းပညာကရော...'
ဒီအချိန်၌ စုလင်းရှုံသည် ရုတ်တရက် နားလည်မှုတစ်ခု ရလာခဲ့၏။ ထိုစိတ်ကူးအပေါ် ဂရုတစိုက် စဉ်းစားရင်းမှ သူမ၏ ခန္ဓာကိုယ်ပေါ်၌ ဒန်မီးတောက်တစ်ခု မြင့်တက်လာခဲ့သည်။
လီရွှမ်က ခေါင်းကိုလှည့်ကာ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားသည်။ ရွှီယန်၏ နှလုံးသားဓားအဆင့်သို့ ချိုးဖျက်ခြင်းသည် မုန့်ချုံအား ဉာဏ်အလင်းတို့ ရရှိစေရုံမက စုလင်းရှုံလည်း ဉာဏ်အလင်းတို့ ရလာခဲ့၏။
ကြည့်ရသည်မှာ သူမသည် ဆန္ဒ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်တော့မည့်ဟန် ရှိသည်။
'မုန့်ချုံမှာ မြင့်မားတဲ့ ပါရမီရှိသလို စုလင်းရှုံရောပဲ။ ရွှီယန်ရဲ့ အဆင့်ချိုးဖျက်မှုကနေ ဉာဏ်အလင်းပွင့်လာခဲ့တာ ပုံမှန်ပါပဲ..'
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။
"သင့်၏တပည့် စုလင်းရှုံသည် ဒန်မီးတောက်၏ အစစ်အမှန် အဓိပ္ပာယ်အား နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် ဒန်မီးတောက်အပေါ်ပြည့်စုံသည့် နားလည်မှု ရလာခဲ့သည်.."
မီးတောက်၏ အစစ်အမှန် အဓိပ္ပာယ်ဖြစ်သည့် ဒန်မီးတောက်သည် ဒန်ဆေးသန့်စင်ခြင်းအား ပိုမိုမြန်ဆန်ကာ အောင်မြင်နိုင်ချေလည်း မြင့်မားစေ၏။
ဆေးလုံးများကိုလည်း ပိုမိုသန့်စင်ကာ အဆင့်မြင့်မားစေသည်။ အရောင်အဝါတို့ တောက်နေဟန်ရှိသည့် ဒန်ဆေးလုံးများပင် ဖြစ်ပေါ်စေနိုင်၏။
ထို့အပြင် ၎င်း၏ စွမ်းအားကလည်း ထူးကဲကာ သာမန်မီးတောက်များထက် များစွာကျော်လွန်ပါသည်။ ရွှီယန်၏ နှလုံးသားဓားအဆင့်အား ချိုးဖျက်ချိန်၌ စုလင်းရှုံနှင့် မုန့်ချုံတို့နှစ်ဦးလုံး ဉာဏ်အလင်းပွင့်ခဲ့ခြင်းမှာ မထင်မှတ်ထားသည့် အကျိုးအမြတ် ဖြစ်သည်။
ယွီရှောင်လုံ အံ့ဩသွားသည်။ ရွှီယန်၏ ခွန်အားသည် ထပ်မံတိုးတက်လာခဲ့ပြန်ပြီ ဖြစ်၏။
'သူ့ရဲ့လက်ရှိခွန်အားနဲ့ သာမန် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရရင် ရှုံးမယ်လို့ သေချာပေါက်မပြောနိုင်တော့ဘူး။ ချောင်းမြောင်းပြီးသာ တိုက်ခိုက်မယ်ဆိုရင်တော့...'
သူသည် စဉ်းစားလေလေ ပိုမိုအံ့ဩလေ ဖြစ်လာခဲ့၏။ ရွှီယန်၏ ခွန်အားတိုးတက်မှု အမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းလှသည်။
ဖြစ်နိုင်သည်မှာ သာမန် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အနိုင်ယူနိုင်ရန်မှာ ကြာတော့မည် မဟုတ်ပေ။
"မဟာနတ်ဆိုးကျင့်စဉ်ကို ငါလည်း လေ့လာရမယ်။ ဒါက ငါ့အတွက် အခွင့်အလန်းပဲ.. လွဲချော်လို့မရဘူး.."
ယွီရှောင်လုံ၏ မျက်လုံးများက ခိုင်မာလာခဲ့သည်။
သူသည် အစားအသောက်ကို နှစ်သက်ပြီး အလွယ်တကူ လှည့်ဖျားလို့ကောင်းသည့် ဖက်တီးကြောင်ကို ခေါင်းလှည့်ကြည့်၏။
'ဒီကောင် ငါ့အပေါ်မှာ သတိနည်းနည်း ထားနေတုန်းပဲ။ မဟာနတ်ဆိုးကျင့်စဉ်အတွက် အလဲအလယ်လုပ်ပြီးတော့တော့ ယူရမယ်...'
ယွီရှောင်လုံက အတွေးနက်သွားသည်။
ရွှီယန်သည် ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည် နှလုံးသားဓားအဆင့်သို့ ချိုးဖျက်သွားခဲ့၏။
'အခုအချိန်က ဓားတာအိုရဲ့ တတိယအဆင့်ကို ချရေးရမယ့်အချိန်ပဲ..'
လီရွှမ်သည် နှလုံးသားထဲ၌ ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ အဆင့်အား ကနဦးဖန်တီးမှုသာ ရပါသေးသည်။ ပြည့်စုံစွာဖန်တီးပြီးခြင်း မရှိသေးပေ။ ယခုအချိန်၌ ဓားတာအို၏ တတိယအဆင့်ကိုလည်း အရေးပေါ်ဖန်တီးရန် လိုအပ်လာခဲ့၏။
နှလုံးသားထဲတွင် ဖိအားကို ခံစားရပေမယ့် အားမာန်အပြည့်နှင့်လည်း ရှိနေပါသည်။ လောကကြီးတွင် ခွန်အားတိုးတက်ခြင်း၏ ပျော်ရွှင်မှုမှာ အကြီးမားဆုံး ပျော်ရွှင်မှု ဖြစ်၏။
ရွှီယန်သည် ဓားတာအို၏ ဒုတိယအဆင့်သို့ ချိုးဖျက်ပြီး မကြာခင်တွင် သူ၏ နဂါးနိုင်လက်ဝါးသိုင်းလည်း အဆင့်ချိုးဖျက်လာခဲ့သည်။
"သင်၏တပည့် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ပဥ္စမအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ပဥ္စမအဆင့်အား ပြည့်စုံစွာတတ်မြောက်လာခဲ့သည်.."
နဂါးနိုင်လက်ဝါးသိုင်း၏ ပဥ္စမအဆင့်တွင် အစစ်အမှန်နဂါး၏ ကြီးမြတ်မှုမှာ ပိုမိုသန်မာလာ၏။ နဂါးသဏ္ဍာန်လက်ဝါးအားမှာ စစ်မှန်သည့် နဂါးတစ်ခုနီးပါး ရှိနေပါသည်။ အသက်ဝင်ကာ ထည်ဝါ၏။ ထို့အပြင် ကျယ်ပြောလှသည့် စွမ်းအားကိုလည်း ရေးတေးတေး ပိုင်ဆိုင်ထားသေးသည်။
ပဉ္စမအဆင့် နဂါးနိုင်လက်ဝါးသိုင်းတွင် နဂါးသဏ္ဍာန်လက်ဝါးအားသည် တိမ်ကိုစီးကာ လေပေါ်တွင်တိုက်ခိုက်နိုင်သည့် စွမ်းအားတို့အား ပိုင်ဆိုင်လာခဲ့၏။
ထိုရွှေနဂါးသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကဲ့သို့ ဖြစ်လာရန် မကွာဝေးတော့ဟု လီရွှမ်ခံစားရသည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီးလျှင်တော့ နဂါးနိုင်လက်ဝါးသိုင်းဖြင့် ဆင့်ခေါ်လိုက်သည့် ရွှေနဂါးများသည်လည်း စစ်မှန်သည့် နဂါးတစ်ကောင်ကဲ့သို့ ဒီဗိုင်းစကေးများ ပိုင်ဆိုင်လာလောက်သည်။
ဓားသခင်ချောက်ကမ်းပါးပေါ်၌ ရှဲ့လင်ဖုန်းသည် တင်ပျဉ်ခွေထိုင်နေပြီး တိတ်တဆိတ် ကျင့်ကြံနေ၏။ စိတ်ထဲတွင် ရွှီယန်ပြောခဲ့သည့် စကားများက တစ်ခွန်းပြီးတစ်ခွန်း ပေါ်လာခဲ့သည်။
အခိုက်အတန့်တစ်ခုတွင် အလင်းရောင်တစ်ချက်လက်သွားပြီး ရှင်းမပြနိုင်သည့် နက်နဲသည့် အခြေအနေအတွင်းသို့ ဝင်ရောက်သွား၏။
သူသည် နှလုံးသားထဲ၌ အနည်းငယ်လည်း စိုးရိမ်နေပါသည်။ စစ်မှန်သည့် ဓားတာအိုနှင့် အစောဆုံးထိတွေ့ကာ ပိုမိုစောစီးစွာ ကျင့်ကြံခဲ့ပေမယ့် ဖခင်ဖြစ်သူမှာ သန့်စင်သောဓားနှလုံးသားကို အရင်ဦးဆုံး ရရှိနိုင်ခဲ့၏။
ဓားဆန္ဒကိုပင် ဖြစ်သည်။ ယခုအချိန်၌ သူသည် မိမိ၏ ကိုယ်ပိုင်ပါရမီအပေါ် စတင် သံသယဝင်လာခဲ့၏။
ဓားတာအို၏ ကျင့်ကြံမှုအလယ်တွင် ရှိနေသည့် ရှဲ့လင်ဖုန်း၏ စိတ်ထဲတွင် ခဏတာအတွင်း သင်ယူထားသည့် ဓားကွက်များစွာတို့ ဖြတ်သန်းသွား၏။
ချက်ချင်းပင် ဓားကွက်များ၏ အားနည်းချက်များမှာ သိသာစွာ ရှင်းလင်းလာခဲ့သည်။ သူ၏မျက်လုံးထဲတွင် ဓားသိုင်းများမှာ သေးသိမ်လာဟန် ရှိ၏။ ဤသို့ဖြင့် သန့်စင်သော ဓားနှလုံးသားအား အောင်မြင်စွာ ရရှိခဲ့လေသည်။
ချန်းလန်ကျွန်းပေါ်တွင် လီရွှမ်က ဓားတာအို၏ တတိယမြောက်အဆင့်ကို လေ့လာနေစဉ်တွင် တာအိုရွှေစာအုပ်က ပွင့်လာခဲ့သည်။
"သင်၏ ဓားတာအိုအား ကျင့်ကြံသည့် ရှဲ့လင်ဖုန်းသည် သန့်စင်သော ဓားနှလုံးသားအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ နှလုံးသားဓားအဆင့်အပေါ် နားလည်သဘောပေါက်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်.."
ရှဲ့လင်ဖုန်းသည် သန့်စင်သောဓားနှလုံးသားအား ရရှိခဲ့ပါပြီ။
'ဓားဆန္ဒကိုလည်း နားလည်သဘောပေါက်ဖို့ မဝေးတော့လောက်ဘူး..'
လီရွှမ်သည် ရှဲ့လင်ဖုန်းတစ်ယောက် မည်ကဲ့သို့သော ဓားဆန္ဒကို နားလည်သဘောပေါက်လာနိုင်မည်နည်းဟု မျှော်လင့်နေမိ၏။
ရက်အနည်းငယ်ကြာပြီးနောက် ရှဲ့လင်ဖုန်း ရောက်ရှိလာခဲ့သည်။ သူသည် ဉာဏ်အလင်းတို့ ရရှိကာ ဓားတာအို၏ တံခါးဝသို့ ခြေချနိုင်ခဲ့ပေမယ့် ဓားဆန္ဒအပေါ် နားလည်သဘောပေါက်နိုင်စွမ်းမှာ လစ်ဟင်းနေဆဲ ရှိသည်။
ထို့ကြောင့် ဆရာကြီးဆီမှ ညွှန်ကြားချက်တို့ လာရောက်တောင်းခံခြင်း ဖြစ်၏။
ရလဒ်အနေနှင့် ရွှီယန်မှာ လင်းနယ်မြေမှ ပြန်လာပြီးဖြစ်ကြောင်းကို သိလိုက်ရသည်။ အလွန် စိတ်လှုပ်ရှားသွား၏။
"သန့်စင်သောဓားနှလုံးသားကို ရရှိခဲ့တဲ့အတွက် အကိုရှဲ့ကို ဂုဏ်ပြုပါတယ်.."
ရွှီယန်က အပြုံးတစ်ခုဖြင့် ပြောသည်။
"ငါ့မှာ လမ်းကြောင်းအရှည်ကြီး ကျန်သေးတယ်။ ဓားဆန္ဒကို နားလည်သဘောပေါက်ဖို့က အရမ်းခက်ခဲတယ်.."
ရှဲ့လင်ဖုန်းက သက်ပြင်းချသည်။
"ဓားဆန္ဒက နားလည်သဘောပေါက်ဖို့ မခက်ပါဘူး။ အကိုရှဲ့မှာ အခြေခံလည်း ရှိပြီးထားပြီကို.. မှန်ကန်တဲ့လားရာကို ရှာတွေ့တာနဲ့ မြန်မြန်ဆန်ဆန် ဖမ်းဆုပ်နိုင်မှာပါ.."
ရွှီယန်က သူ၏ ပုခုံးကိုပုတ်ကာ ဆို၏။
ရှဲ့လင်ဖုန်းမှာ ပြောစရာစကားမဲ့သွားသည်။ ရွှီယန်၏အမြင်တွင် ဓားဆန္ဒကို နားလည်သဘောပေါက်ရန်မှာ အလွန် အလွယ်ကူဟန်ရှိ၏။
"ဒါပေမယ့် ဓားဆန္ဒကို နားလည်ဖို့ လားရာကို မတွေ့သေးဘူး.."
ရှဲ့လင်ဖုန်းက ညှို့မှိုင်းစွာ ပြောသည်။
ရွှီယန်က ချန်းလန်မြစ်ပြင်သို့ လက်ညှိုးညွှန်ပြကာပြော၏။
"ဒီကျယ်ပြောပြီးတော့ ရပ်တန့်ခြင်းမရှိတဲ့ မြစ်ပြင်ကိုတွေ့လား။ အကိုရှဲ့ရဲ့ ဓားပညာကရော အဲ့ဒီ့အသွင်ကို မဆောင်ဘူးလား။ ဒီဥပမာကို လားရာအဖြစ်ယူပြီးရင် ဓားဆန္ဒကို နားလည်လာလောက်တယ်.."
ရှဲ့လင်ဖုန်းက အံ့ဩသွားသည်။ ချန်းလန်မြစ်ပြင်သို့ကြည့်ကာ အတွေးနက်သွား၏။ တဖြည်းဖြည်းနှင့် ဉာဏ်အလင်းအချို့ ရရှိလာဟန်တူသည်။ သူသည် ဓားဆန္ဒကို နားလည်သဘောပေါက်ရန်အတွက် လားရာတစ်ခုကို တွေ့လာခဲ့၏။
"ညွှန်ကြားချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေးရွှီ.."
ရှဲ့လင်ဖုန်းသည် နေရာတစ်ခုရှာပြီး တင်ပျဉ်ခွေထိုင်ကာ စတင်လေ့လာမှု ပြု၏။ ရွှီယန်၏ ညွှန်ကြားမှုအောက်တွင် သူသည် လားရာကို လျှင်မြန်စွာ တွေ့ရှိခဲ့သည်။
ခန္ဓာကိုယ်မှ ဓားအငွေ့အသက်တို့ တဖြည်းဖြည်းထွက်ပေါ်လာပြီး စီးဆင်းနေသည့် မြစ်ရေသဖွယ် ဖြစ်လာခဲ့၏။ ဓားအငွေ့အသက်တို့က တဖြည်းဖြည်း စုစည်းလာကာ စတင် ပြောင်းလဲလာခဲ့သည်။ စီးဆင်းသံများ ပေါ်လာပြီး အဆုံးမသတ်နိုင်သည့် မြစ်ရေသဖွယ် ပဲ့တင်ထက်လာခဲ့၏။
ဓားဆန္ဒက ထွက်ပေါ်လာကာ ကြီးမားသည့် မြစ်တစ်ခုနှယ် သူ့ကို ဝန်းရံလာခဲ့သည်။ တဖြည်းဖြည်းနှင့် မြစ်ကြီးသည် မြစ်ငယ်များအဖြစ် ပြောင်းလဲလာခဲ့သည်။မြစ်ငယ်များက ယှက်နွယ်ကာ မြစ်ကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့၏။
"သင်၏ဓားတာအိုကို ကျင့်ကြံသော ရှဲ့လင်ဖုန်းသည် မြစ်တစ်သောင်း ဓားဆန္ဒကို နားလည်သဘောပေါက်လာခဲ့သည်။ သင့်သည် မြစ်တစ်သောင်းဓားဆန္ဒအား ရရှိလာခဲ့သည်.."
လီရွှမ်က ခေါင်းမော့ကြည့်ပြီးနောက် ခေါင်းငြိမ့်သည်။ နောက်ထပ် လူတစ်ဦးသည် ဓားဆန္ဒအား နားလည်သဘောပေါက်လာခဲ့၏။
ဓားဆန္ဒကို နားလည်သဘောပေါက်ပြီး မကြာခင်တွင် ရှဲ့လင်ဖုန်းသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်သည်။ သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်ကာ ဓားတာအို၏ လမ်းကြောင်းအပေါ်သို့ ရောက်ရှိရန်အတွက် အချိန်ယူနေခဲ့၏။
ရှဲ့လင်ဖုန်း၏ ပါရမီမှာ ရွှီကျွင်းဟယ်တို့ထက် ပိုမို သန်မာပါသည်။ သူသည် မူလအဆင့်တွင် မည်သည့် တစ်ဆို့မှုမှ ကြုံတွေ့ရခြင်း မရှိပေ။
ရွှီယန်က သူ့ကို ထုံးရွှမ်အဆင့်၏ သဘောတရားများအား သင်ကြားပေးပြီးနောက် အဆင့်ချိုးဖျက်မှုကို စတင်ခဲ့၏။ ရှဲ့လင်ဖုန်း ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သောအခါ တာအိုရွှေစာအုပ်က တန်ပြန်အကျိုးပြုမှု မပေးပါ။ ဤသည်မှာ လီရွှမ်ထင်ထားသည့်အတိုင်းပင် ဖြစ်၏။
ဘာပဲဖြစ်ဖြစ်သူသည် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ရှဲ့လင်ဖုန်းမှာတော့ ထုံးရွှမ်အဆင့်သို့သာ ချိုးဖျက်ရုံရှိသေး၏။ ထို့အပြင် ရှဲ့လင်ဖုန်းမှာ သူ၏တပည့် မဟုတ်ပေ။ တာအိုရွှေစာအုပ်က တုံ့ပြန်ခြင်းမရှိသည်မှာ ပုံမှန်သာဖြစ်၏။
သို့ရာတွင် သိုင်းပညာ ဒီဗိုင်းသိုင်းအရိပ်များ ကြားတွင်တော့ အရိပ်တစ်ခုသည် မြစ်တစ်သောင်းဓားဆန္ဒအား ပိုင်ဆိုင်ထားပြီး အသုံးပြုနိုင်စွမ်း ရှိလေသည်။
ဤသည်ကို ရှဲ့လင်ဖုန်းဆီမှ အကျိုးပြုမှု ယူဆနိုင်၏။
ရှဲ့လင်ဖုန်း၏ အဆင့်ချိုးဖျက်မှုအပြီးတွင် ရွှီကျွင်းဟယ်နှင့် အခြားလူများလည်း ထုံးရွှမ်အဆင့်သို့ စတင်ချိုးဖျက်မှု ပြုကြသည်။ ရွှီကျွင်းဟယ်၊ မုန့်ရှူရှူ၊ ရှီအာနှင့် ကျိုးယင်တို့ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် အခြား သိုင်းသမားများစွာတို့လည်း တူညီစွာပင် လိုက်ကာ အဆင့်ချိုးဖျက်မှုတို့ ပြုကြသည်။
လူတစ်ယောက်သည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးသည်နှင့် အထွတ်အထိပ် စစ်ဘုရင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်နိုင်ကြ၏။
သူတို့သည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာအထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်ကြသည်။
ဘာပဲဖြစ်ဖြစ် လက်ရှိအတွင်းဘက်နယ်မြေတွင် တစ်ဝက်တစ်ပြက်ကောင်းကင်လူသား ပုဂ္ဂိုလ် အများကြီး မရှိပေ။
ရွှီယန်က ရွှီကျွင်းဟယ်တို့ကို သိုင်းပညာများသင်ကြားပေးကာ ဆန္ဒကိုပင် နားလည်သဘောပေါက်ရန် ညွှန်ကြားချက်တို့ ပေးသည်။ သို့ရာတွင် မွေးရာပါရမီကန့်သတ်ချက်ကြောင့် အချိန်တိုအတွင်း ဆန္ဒကို နားလည်သဘောပေါက်နိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲရှိ၏။
သို့ရာတွင် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် သူတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လုံလောက်သည့် ခွန်အားကို ရရှိလာခဲ့သည်။
ရွှီယန်သည် အချိန်ယူပြီး သဟွကောင်စီဆီသို့သွားရောက်ကာ ကောရုန်ရှန်နှင့် အခြားလူများကိုညွှန်ကြားချက်တို့ ပေးခဲ့ပြီး စုလင်းရှုံပေးလိုက်သည့် ဒန်ဆေးလုံးအချို့ကိုလည်း ပို့ဆောင်ပေးသည်။ ၎င်းတို့နှင့် ထုံးရွှမ်အဆင့်အထိ ရောက်ရှိအောင်ကျင့် ကြံနိုင်၏။
"လင်းနယ်မြေကို သွားဖို့အတွက် အချိန်ကျပြီ.."
လီရွှမ်က သက်ပြင်းချသည်။ ရွှီကျွင်းဟယ်တို့ အဆင့်ချိုးဖျက်ပြီးနောက် အရေးပေါ်အတွက် မူလဒီဗိုင်းကိုယ်ပွား ကျောက်စိမ်းအဆောင်တစ်ခုကို ထားခဲ့ကာ လင်းနယ်မြေသို့ ယုံကြည်ချက်ရှိရှိ သွားရောက်လို့ရပါပြီ။
ရွှီယန်လည်း ဒီတစ်ခေါက် ပြန်မည့် ခရီးစဉ်အတွက် မျှော်လင့်နေမိသည်။ လင်းနယ်မြေ၏ ကျယ်ပြောလှသည့် သိုင်းလောကအတွင်းတွင် တိုက်ပွဲတို့ ဆင်နွှဲကာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါရမီရှင်များကို ရင်ဆိုင်မည် ဖြစ်၏။
လီရွှမ်မှာလည်း လင်းနယ်မြေကို သွားရောက်ပြီး သူ၏ စတုတ္ထမြောက်တပည့်ကို ရှာဖွေရန် မစောင့်နိုင်တော့ပေ။
ချီမန်သိုင်းပညာကို ကျင့်ကြံခိုင်းရမည် ဖြစ်၏။
တစ်နေ့တွင် မုန့်ချုံ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတို့ တောက်ပလာခဲ့၏။ သူသည် အခြေခံအား ပြီးပြည့်စုံအောင် စုစည်းပြီးဖြစ်ကာ မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာသို့ ချိုးဖျက်ရန် အဆင်သင့်ဖြစ်နေပါပြီ။
အဆင့်ချိုးဖျက်စဉ်အတွင်းတွင် ခန္ဓာကိုယ်ကို သန့်စင်မှုပြုကာ ပြောင်းလဲစေမည် ဖြစ်၏။
လီရွှမ်မှာလည်း မျှော်လင့်စွာရှိနေပါသည်။
'မုန့်ချုံရော အဆင့်ချိုးဖျက်စဉ်အတွင်းမှာ ဘယ်လိုဒီဗိုင်းအရိုးမျိုးကို ပြောင်းလဲလာလိမ့်မလဲ..'
ဒီဗိုင်းအရိုးနှင့် စိတ်ဝိဉာဉ်ခန္ဓာကဲ့သို့သော အထူးခန္ဓာကိုယ် တည်ဆောက်မှုများသည် သူတို့၏ ခွန်အားကို ပိုမိုသန်မာစေပြီး သိုင်းပညာခရီးစဉ်ကိုလည်း ပိုမို ချောမွေ့စေ၏။
လင်းနယ်မြေတွင်ပင် ထိုကဲ့သို့သော ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ပါရမီရှင်မျိုးကို ရှာတွေ့ရန် ခက်ခဲလှသည်။
လင်းနယ်မြေ ကျိန်နိုင်ငံမြို့တော်ရှိ အင်ပါရီယာနန်းတော်အတွင်းတွင် ဧကရာဇ်ကျိန်က တော်ဝင်မိသားစု အဖွဲ့ဝင်များကို ဦးဆောင်ကာ အမတ်ကြီးများကို ခေါ်ယူပြီး မြေပြင်ပေါ်တွင် ဦးညွတ်ရင်းမှ လေးစားစွာ အရိုအသေပေးသည်။
"ဂုဏ်သရေရှိ ပုဂ္ဂိုလ်တို့ကို တွေ့ဆုံပါတယ်.."