← Chapters

(မင်းပြေးနိုင်မယ်ထင်ရင် ပြေးကြည့်စမ်း)

Vol. 4 Ch. 38

(မင်းပြေးနိုင်မယ်ထင်ရင် ပြေးကြည့်စမ်း)

Vol. 4 Ch. 38

တိမ်ကြွေသစ်တော၏ အနောက်တောင်တွင်

ဘုန်း..

ကျယ်လောင်သော အသံတစ်ခုအပြီးမှာ ချီယွမ်သည် နူးညံ့သော မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။ သူ၏ မျက်စိရှေ့တွင် စိမ်းစိုရွှင်လန်းနေသော သစ်တောနက်ကြီးသည် အဆုံးမရှိအောင် ကျယ်ပြန့်ပြီး အဝေးမှ ဝေဝါးစွာ ကြားနေရသော နတ်ဆိုးသားရဲများ၏ ဟိန်းသံသည် အဖော်ပြုပေးနေသည်။

ချီယွမ် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ရှိခဲ့ပေ။

လှေသင်္ဘောပေါ်မှ ခုန်ဆင်းရချိန်တွင် လှေသင်္ဘောသည် အရှိန်နှင့် ပျံသန်းနေဆဲ ဖြစ်သောကြောင့် လူတစ်ဦးသည် မတူညီသော နေရာတွင် ကျရောက်လိမ့်မည်။ ပြိုင်ပွဲနေရာသို့ ရောက်သည်နှင့် မတည့်သူများ အချင်းချင်း ချက်ချင်းတိုက်ခိုက်မှု မဖြစ်ပေါ်စေရန် ဂိုဏ်းအတွင်းမှ စီစဥ်ပေးထားမှုပင်။

ထိုသို့သော စည်းမျဉ်းသတ်မှတ်ချက်မျိုးမှ မရှိလျှင် ဤကြီးမားသော ပြိုင်ပွဲက အတွင်းခန်းမသို့ ဝင်ရောက်နိုင်သော တပည့်များ ဖန်တီးပေးရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။ ဤကြမ်းတမ်းသော တိုက်ပွဲမှာ ထင်ရှားစွာ ရပ်တည်နိုင်ပြီး ထူးချွန်သည့် အနေအထားကို ဖန်တီးနိုင်သူသာ အတွင်းခန်းမသို့ ဝင်ရောက်ခွင့်ရလိမ့်မည်။

ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို တစ်ချက်လှမ်းကြည့်ရင်း ချီယွမ် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

(တခြားဟာတွေ ဘေးဖယ်ထားလိုက်မယ်ဆိုရင် တိမ်ကြွေဂိုဏ်းကလည်း သူ့ရဲ့ စံနှုန်းဆိုတာ ရှိသေးတာပဲ။ အနည်းဆုံးတော့ ပါရမီရှင်ကို သေချာရွေးချယ်တတ်တယ်။ ဒါပေမဲ့လည်း အပြင်ဘက်က ကြမ်းတမ်းတဲ့ ကျင့်ကြံရေးလောကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒီလောက်ထိ လေ့ကျင့်ပေးမှသာ သန်မာတဲ့ တပည့်အစစ်တွေကို ဖန်တီးနိုင်မှာ)

အတွေးများစွာဖြင့် ချီယွမ်၏ ပုံရိပ်သည် တောနက်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ရှည်လျားနက်မှောင်ကာ လေးလံသော ဓားကြီးကို ကိုင်ဆောင်ထားပြီး ရှဲ့ယုရှင်းသည် တောအတွင်းသို့ သတိကြီးစွာ ဝင်ရောက်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ရှို့ယုရှင်း၏ အနောက်သို့ မီးခိုးရောင် အမွေးပွလုံးတစ်ခုသည် တိတ်တဆိတ် ချဥ်းကပ်လာကာ မိုးကြိုးသွားတစ်ခုလိုမျိုး ပြင်းထန်စွာ ရိုက်ချက်တစ်ခု သက်ရောက်ဖို့ ပြင်ဆင်လိုက်သည်။

"ဘာလဲ"

ရှဲ့ယုရှင်း ထိတ်လန့်သွားခဲ့ပေမဲ့ သတိကပ်နေဆဲပင်။ အနောက်သို့ အရင်လှည့်ကြည့်ဖို့ မကြိုးစားဘဲ လက်ထဲတွင် ကိုင်ဆောင်ထားသော ချွန်မြသည့်ဓားကို အရှိန်နှင့် လှုပ်ရှားလိုက်၏။

ဒုတ်

တစ်ဟုန်ထိုး ပြေးဝင်လာသော ခန္ဓာကိုယ်ကို တိကျစွာ ဖြတ်တောက်သွားသည့် ဓားကြောင့် သွေးများသည် နေရာစုံသို့ ပြန့်ကြဲသွားလေရဲ့။ ချီသန့်စင်ခြင်း အဆင့်၇ရှိသော ထိုဝံပုလွေခမျာ ငြီးငြူသံ အနည်းငယ်သာ ထုတ်ပေးနိုင်ခဲ့ပြီး ခန္ဓာကိုယ် ၂ပိုင်းပြတ်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ ရှဲ့ယုရှင်း၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြား အတွင်းတွင် စာလုံးများ ထင်ဟပ်လာခဲ့သည်။

"၂မှတ်"

ရှဲ့ယုရှင်း၏ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားလေရဲ့။ သူသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်အဖြစ် ဤပြိုင်ပွဲတွင် အကောင်းဆုံး ယှဥ်ပြိုင်သူအဖြစ် သတ်မှတ်ခံထားရသော်ငြား ပြိုင်ပွဲနေရာအတွင်း ဝင်ရောက်ပြီးသည်နှင့် ကံဆိုးစွာဖြင့် သားရဲတစ်ကောင်မှ ရှာမတွေ့ခဲ့ချေ။ အခုမှသာ နတ်ဆိုးသားရဲနှင့် ပထမဦးဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။

ပြိုင်ပွဲ မစတင်ခင်တွင် အတွင်းခန်းမဘက်မှ တာဝန်ယူပြီး ပြိုင်ပွဲနေရာအတွင်းရှိ နတ်ဆိုးသားရဲများကို ရှင်းလင်းပေးထားသည်။ အခြေခံတည်ထောင်ခြင်း နယ်ပယ် နတ်ဆိုးသားရဲများ အားလုံးကို ရှင်းလင်းပေးထားပြီး ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးသားရဲများသာ ထားပေးထားသည်။ နတ်ဆိုးသားရဲသည် ကျင့်ကြံဆင့်နယ်ပယ်တူ ကျင့်ကြံသူများထက် ပိုမိုကြမ်းတမ်းပြီး တိုက်ခိုက်ရ ခက်လေရာ ချီသန့်စင်ခြင်း အဆင့်၆ နတ်ဆိုးသားရဲကို သတ်ဖြတ်နိုင်လျှင် ၁မှတ်ရရှိပြီး အဆင့်၇ နတ်ဆိုးသားရဲကို သတ်ဖြတ်နိုင်လျှင် ၂မှတ်ပေးသည်။

ရှဲ့ယုရှင်းသည် ရှင်းလင်းသော ရိုက်ချက်တစ်ခုတည်းနှင့် ချီသန့်စင်ခြင်း အဆင့်၇ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ၂မှတ်ရခဲ့သည့်အတွက် မထင်ထားစွာ ပျော်ရွှင်သွားခဲ့သည်။

ရှဲ့ယုရှင်း အသက်ဝဝ မရှူရသေးခင်မှာဘဲ အနီးရှိ သစ်တောနက်အတွင်းမှ ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။

ဓားရှည်ကို ကိုင်ဆောင်ထားသော ရှဲ့ယုရှင်း၏ လက်နှစ်ဖက်က တင်းကျပ်သွားကာ အသံလာရာသို့ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။ တဖြည်းဖြည်း နီးကပ်လာသော အသံနှင့်အတူ သစ်ရွက်သံ တချို့ကိုပါ ကြားနေရသောကြောင့် ထိုအရာက နီးကပ်လာဟန်ပင်။

"နောက်ထပ် နတ်ဆိုးသားရဲလား"

ရှဲ့ယုရှင်း မျက်လုံးများ ကျဥ်းမြောင်းသွားရင်း ရှည်လျားသော ဓားရှည်ကို ကန့်လန့်ဖြတ် လွှဲယမ်းလိုက်သည်။ မြင်သာသော ဓားစွမ်းအင်က အသံလာရာသို့ တိုက်ရိုက်ပြေးသွားလေ၏။

ဟူး

ထိုဓားစွမ်းအင် သွားရာလမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးကို ဖြတ်တောက်ပေးလိုက်သဖြင့် ရှဲ့ယုရှင်း၏ မြင်ကွင်းသည် ရှင်းလင်းသွားခဲ့သည်။ နောက်ထပ် တိုက်ချက်တစ်ခု အသုံးပြုတော့မည့် အချိန်မှာပဲ သစ်တောအတွင်းမှ အပြေးထွက်လာသော ပုံရိပ်နှစ်ခုက ကျယ်လောင်စွာ အော်ဟစ်လာလေရဲ့။

"ဂိုဏ်းတူအစ်ကိုရှဲ့၊ မတိုက်ပါနဲ့။ အဲဒါ ကျွန်တော်တို့ပါ"

နတ်ဆိုးသားရဲ မဟုတ်ဘဲ လူဖြစ်နေသဖြင့် ရှဲ့​ယုရှင်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သို့ပေမဲ့ သူ၏ဓားကိုတော့ မရုပ်သိမ်းခဲ့ပေ။ ထိုအစား သတိကြီးစွာဖြင့် မေးလာခဲ့သည်။

"ဂိုဏ်းတူညီလေးလျို့နဲ့ ဂိုဏ်းတူညီလေးလျန်၊ မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ"

ထိုနှစ်ယောက်ထဲမှ အရပ်ရှည်ပြီး သန်မာပုံရသော ကျင့်ကြံသူက မျက်နှာထက်တွင် ကျယ်လောင်သော အပြုံးကို တပ်ဆင်လိုက်ရင်း...

"ကျွန်တော်တို့ လမ်းမှာ တွေ့ခဲ့တာပါ။ အဝေးကနေ ဂိုဏ်းတူအစ်ကိုရှဲ့ကို လှမ်းမြင်လိုက်ရလို့ အစ်ကို့ကို လာရှာတာ"

"ငါ့ကို ဘာကိစ္စ ရှာတာလဲ"

ရှဲ့ယုရှင်း မျက်မှောင်ကြုတ်သွားကာ ထိုနှစ်ယောက်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထိုရှည်လျားပြီး ခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူက အပြုံးတစ်ခုနှင့် ရိုးသားစွာ ပြောလာ၏။

"ဂိုဏ်းတူအစ်ကိုရှဲ့က ရဲရင့်ပြီး ထူးချွန်တယ်။ ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဂိုဏ်းတူအစ်ကို သေချာပေါက် အနိုင်ရမှာပါ။ ဒါပေမဲ့ ပြောကြတဲ့အတိုင်းပဲ လူတစ်ယောက်ရဲ့ အမြင်က တိုတောင်းတယ်။ လူတွေအများကြီးရဲ့ အမြင်ကတော့ ကျယ်ဝန်းတယ်။ ဒါကြောင့် တစ်ယောက်တည်း တိုက်ခိုက်တာက အရေးမသာဘူး။ ကျွန်တော်တို့အတူ ခရီးသွားကြရအောင်လား။ ဂိုဏ်းတူအစ်ကိုရှဲ့ ဦးဆောင်လေ။ ကျွန်တော်တို့နှစ်ယောက်က ဂိုဏ်းတူအစ်ကိုကို ထောက်ပံ့ပေးပြီး အကျိုးအမြတ်ကို မျှဝေခံစားကြမယ်"

ကျန်သော ကျင့်ကြံသူသည်လည်း ခေါင်းညိတ် ထောက်ခံလာကာ အလွန် မြှောက်ပင့်သော မျက်နှာထားနှင့်

"ဟုတ်တယ် ကျွန်တော်ရောပဲ။ အမှန်တော့ ကျွန်တော်က ထိပ်ဆုံး၁၀ယောက်တွေ ဘာတွေဖြစ်ဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်လိုချင်တာက အဲဒီ အာချောင်ခဲ့တဲ့ကောင် ချီတကို ပညာပေးချင်တာပဲ။ သူ့ရဲ့ ကျောက်စိမ်းပြားကို ခိုးယူနိုင်ရင်ကို ကျေနပ်နေပြီ"

"ဟုတ်တယ်။ အဲဒီကောင်ကို မြင်တာနဲ့ လုံးဝ လွှတ်ပေးလို့ မဖြစ်ဘူးနော်။ ကျွန်တော်တို့ သုံးယောက်သား ပူးပေါင်းပြီး အမဲလိုက်ကြမယ်ဆိုရင် အဲဒီကောင် လွှတ်သွားမှာ မဟုတ်တော့ဘူး"

ချီယွမ်အပေါ် ထားရှိသည့် တူညီသော အမုန်းတရားများကို အာရုံခံမိလိုက်သဖြင့် ထိုသုံးယောက်၏ ဆက်ဆံရေးသည် အလိုအလျောက် နီးကပ်သွားခဲ့သည်။

ရှဲ့ယုရှင်း ခဏမျှ စဥ်းစားပြီးသည်နှင့် ခေါင်းညိတ်လိုက်ကာ

"ဒီလိုဆိုမှတော့ မင်းတို့ ငါနဲ့အတူ လိုက်လို့ရတယ်။ ဒါပေမဲ့ ငါ ရှင်းနေအောင် ပြောထားမယ်။ ရမှတ်ရဲ့ ၇၀% ကို ငါယူမယ်။ ကျန်တဲ့ ၃၀℅ ကို မင်းတို့နှစ်ယောက် ခွဲလိုက်"

ထိုဂိုဏ်းတူညီလေး နှစ်ယောက်သည် ချီသန့်စင်ခြင်း အဆင့်၈သာ ရှိသေးသည့်အတွက် နှစ်ယောက်ပေါင်းလျှင်တောင်မှ သူ့ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသူနှစ်ယောက်သည် ပြီးပြည့်စုံသော အကူအညီပေးသူများ ဖြစ်လာနိုင်လိမ့်မည်ဟု ရှဲ့ယုရှင်း ယူဆလိုက်သည်။

"ဂိုဏ်းတူအစ်ကိုရှဲ့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်"

ထိုနှစ်ယောက်က ကျေးဇူးတင်စွာ အရိုအသေ ပေးလိုက်ကြပြီး အလွန်လေးစားနေဟန်ပင်။

သို့ပေမဲ့ ထိုအချိန်မှာပဲ သူတို့၏ အနောက်ကနေ ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ ငါ့ကို ပညာပေးမလို့ မဟုတ်ဘူးလား။ အခု ငါ ဒီမှာလေ။ မင်းတို့ ဘာပြောမလဲ"

ထိုအသံ ထွက်ပေါ်လာသည်နှင့် လူသုံးယောက်လုံး၏ မျက်နှာသည် ဖြူဖျော့သွားကာ အသံလာရာသို့ အလျင်စလို လှမ်းကြည့်လိုက်ကြသည်။ ၁၀မီတာလောက် အဝေးတွင်ရှိနေသော ချုံပုတ်တစ်ခုအတွင်းမှ ရင်းနှီးသော ပုံရိပ်တစ်ခုသည် ခပ်ဖြည်းဖြည်း ထွက်ပေါ်လာပြီး သူတို့ကို မဲ့တဲ့တဲ့ အပြုံးတစ်ခုနဲ့ ကြည့်လာလေရဲ့။

"ချီတ မင်းပဲ"

ချီတကို မှတ်မိသွားသည်နှင့် ထိုသုံးယောက်လုံး၏ မျက်နှာသည် အစက အံ့သြသွားခဲ့သော်ငြား နောက်တစ်စက္ကန့်မှာပဲ ဒေါသများနှင့် ပြည့်နှက်သွားကာ အံကြိတ် ကြိမ်းဝါးလိုက်သည်။

"ကောင်းပြီ မင်းက ငါတို့ကို လာမရှာစေချင်လို့ ကိုယ့်ဟာနဲ့ကိုယ် အရောက်လာခဲ့တာလား။ ဒီတစ်ခေါက် မင်း ဘယ်လိုသေမလဲ ကြည့်ထားလိုက်"

ထိုသုံးယောက်လုံးသည် သက်ဆိုင်ရာ မှော်လက်နက် အသီးသီးကို ဆင့်ခေါ်ပြီးသည်နှင့် ချီယွမ်ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာသည်။

"ဇရှိရင် လာခဲ့လေ"

ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း ချက်ချင်းပဲ လှည့်ပြေးလေရဲ့။

“ဟမ်း ပြေးချင်နေတာလား။ ငါတို့ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”

ချီယွမ် ထွက်ပြေးသည်နှင့် ထိုသုံးယောက်လုံးသည် လက်မလျှော့လိုစွာ အင်အားကို တိုးမြှင့်ရင်း လိုက်ပါလာကြသည်။

အချိန်မည်မျှ ကြာသွားသည်မသိ ထိုသုံးယောက်လုံး၏ အသက်ရှူသံသည် လေးလံလာကာ ချီယွမ်ကို မျက်ခြေပြတ်သွားလေရဲ့။

"သေစမ်း။ အဲ့​ဒီကောင်က ဘာလို့ ပြေးတာ အရမ်းမြန်နေရတာလဲ"

ထိုသုံးယောက်အတွင်းမှ ခပ်ဝဝလူငယ်သည် မျက်နှာပြင်ထက်ရှိ ချွေးစေးများကို သုတ်လိုက်ရင်း အသက်လုရှူကာ ကျိန်ဆဲလိုက်သည်။

"နောက်တစ်ခေါက် တွေ့လို့ကတော့ အဲဒီကောင်ရဲ့ ခြေထောက်တွေကို အရင်ဦးဆုံး ရိုက်ချိုးပစ်မယ်"

ရှဲ့ယုရှင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ တည်နေရာ အတည်ပြုပြီးမှ လက်ညှိုးထိုးလိုက်ရင်း

"ကြည့်ရတာ သူ အရှေ့ဘက်ကို သွားတယ်နဲ့တူတယ်။ ငါတို့ ဒီလမ်းအတိုင်း သွားလိုက်မယ်ဆိုရင် မကြာခင်မှာဘဲ သူ့ကို ထပ်တွေ့လိမ့်မယ်"

အာဝူး

ထိုအချိန်မှာပဲ ပတ်ပတ်လည်မှ ဝံပုလွေအူသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သစ်တောနက်အတွင်းမှ မီးခိုးရောင် လည်ဆံမွေးနှင့် ဝံပုလွေ အကောင်၂၀ ထွက်ပေါ်လာကာ အစီအရင်တစ်ခုဖြင့် ထိုသုံးယောက်လုံးကို ဝန်းရံလိုက်ကြသည်။ ထိုဝံပုလွေအုပ်ထံမှ စူးရှသော အနံ့များ အဆက်မပြတ် ထွက်ပေါ်နေပြီး သူတို့၏ အမွေးကလည်း တောက်ပြောင်နေ၏။ ထိုအထဲမှ ဝံပုလွေဘုရင်ဖြစ်သော ချီစွမ်းအင် အဆင့်၉ ကျင့်ကြံသူသည် အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။

…….

All Chapters