← Chapters

(သူများကို ခိုင်းစားရတာပိုကောင်းတယ်)

Vol. 4 Ch. 40

(သူများကို ခိုင်းစားရတာပိုကောင်းတယ်)

Vol. 4 Ch. 40

ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများကို ချီယွမ် သတ်နိုင်သည်ဆိုသော်ငြား ထိုသို့ ပြုလုပ်လိုက်ပါက သန်မာမှု အစစ်အမှန်ကို ထုတ်ပြမိသွားပြီး မလိုအပ်သော သံသယများကို ဖြစ်ပေါ်စေလိမ့်မည်။ ထို့ကြောင့် တခြားသူ၏ စွမ်းအင်ကို အငှား အသုံးပြုခြင်းက အကောင်းဆုံး ရွေးချယ်စရာပင်။ သူ့အတွက် အမှတ် ရှာဖွေဖို့ရန် အလုပ်သမား တစ်ချို့ ငှားယူလိုက်ခြင်းက ကိုယ်တိုင် ကြိုးစားရသည်ထက် ပိုသက်သာပြီး ကောင်းမွန် သည်မလား။

ထို့ကြောင့် ပြင်းထန်သော အလုပ်အင်အားအတွက် ထိုအလုပ်သမားများ မမောပန်းရစေရန်.... ကောင်းမွန်လာသော ထိုအလုပ်သမားအဖွဲ့ ဆက်လက်ဆောင်ရွက် နိုင်စေရန်အတွက် ချီယွမ်သည် နောက်ထပ် အဖွဲ့သား အသစ်များကို ထည့်သွင်းပေးဖို့စိတ်ကူးလိုက်သည်။ အကုန်လုံး ပျော်ရွှင်စွာ အလုပ်လုပ် နေကြမည်ဆိုလျှင် ကမ္ဘာကြီး၏ ကောင်းချီး အားလုံးကို ရရှိပြီး အဆုံးတွင်တော့ ထိုကောင်းချီး အားလုံးက သူ့ထံသို့ ရောက်ရှိလာ မည်မလား။

( ဒီသုံးကောင် နားနေတာ ကြာနေပြီး အလုပ် ပြန်လုပ်ဖို့ အချိန်ကျပြီပဲ )

ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း အထူး ပြုလုပ်ထားသော ကျောက်စိမ်း ပုလင်းကို ဝတ်ရုံအတွင်းမှ ထုတ်လိုက်သည်။ အဖုံးဖွင့်လိုက်သည်နှင့် ထွက်ပေါ်လာသော ထူးခြားသည့် အမွှေးရနံ့က လေထုတစ်ခုလုံးကို ပျံ့နှံ့သွားလေရဲ့။ ဤထိပ်သီးအဆင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း ဆေးလုံးသည် စနစ်ထံမှ နောက်ဆုံးတစ်ခေါက် တာဝန်ကနေ ရရှိခဲ့ခြင်း ဖြစ်ပြီး ဤဆေးလုံးသည် နတ်ဆိုးသားရဲများ၏ ကျင့်ကြံမှု နယ်ပယ် ကို လွန်စွာ မြှင့်တင်ပေးနိုင်သောကြောင့် နတ်ဆိုး သားရဲများအားလုံး တောင့်မခံနိုင်သော ဆေးလုံးအဖြစ် ကျော်ကြားသည်။ ထို့အပြင် ထိပ်သီးအဆင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း ဆေးလုံးက ပိုမိုရှားပါး၏။

ဤကောင်းမွန်လှသော ဆေးလုံးမှ ထုတ်လွှတ်ပေးနိုင်သည့် မွှေးရနံ့သည်လည်း ထူးခြား ကောင်းမွန်ကာ နတ်ဆိုး သားရဲများ အတွက်သာ ထူးခြားသော တုံ့ပြန်မှု ဖြစ်ပေါ်စေသည်။ ထိုမွှေးရနံ့ ထွက်ပေါ်လာသည်နှင့် အနီးအနားရှိ နတ်ဆိုး သားရဲများအားလုံးဝန်းရံလာမည် ဖြစ်ရာ သားရဲ ဖမ်းချိန်မျိုးတွင် အသုံးပြုဖို့ အကောင်းမွန်ဆုံး ဆေးလုံးပင်။

( ငတုံး စနစ်ပေးတဲ့ ပစ္စည်းတွေက တော်တော်လေးတော့ အရည်အချင်း ရှိတာပဲ )

မကြာမီမှာပဲ ချီသန့်စင်ခြင်း နယ်ပယ်ရှိသော ဧရာမ ခွေးရိုင်းကြီးအုပ်လိုက် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို ရှဲ့ယုရှင်းနှင့် အဖော်များထံမှ ဒေါသတကြီး ရေရွတ်သံများလည်း ထွက်ပေါ်လာလေရဲ့။

“ချီးပဲဟေ့ ဒါက အဆုံး‌ကော သတ်ဦးမှာလား။ ဘာလို့ပိုများတဲ့ နတ်ဆိုးသားရဲတွေ ရောက်ရောက် လာရတာလဲ။ ငါတို့ အခုတင် သတ်ပြီး ထားတာလေ”

“ဟူး..ငါမပျော်တော့ဘူးနော်..မပျော်တော့ဘူး။ ဒီပုံအတိုင်းဆို ငါတို့မောပြီး သေတော့မှာပဲ။ အဲ့ဒီ နတ်ဆိုးသားရဲတွေ ဘယ်နေရာက ရောက်လာတာလဲ”

“မင်းက ငါ့ကို လာမေးနေတာလား ငါ ဘယ်လိုလုပ် သိမှာလဲ။ မင်း ငါ့ကိုမယုံတော့ ငါဘယ်သူ့ကို သွားမေးရမှာလဲ။ ရောက်လာမှတော့ သတ်လိုက်ပေါ့ ဘယ်လိုနေနေ အမှတ်ရမယ့် ဟာပဲကို”

ရောက်ရှိလာသော နတ်ဆိုးသားရဲများကို အလုပ်သမားများ အောင်မြင်စွာ သတ်နိုင်မလား အတည် ပြုပြီးချိန်တွင် ချီယွမ်သည် ကျောက်စိမ်းအဖုံးကို ပြန်ပိတ်လိုက်သည်။ ထို့နောက်တွင်တိတ်တဆိတ် အမှောင်ထဲသို့ ပျောက်ကွယ်သွား၏။

နောက်တစ်နေ့ မနက် ပြိုင်ပွဲနယ်မြေ အတွင်းတွင် မှိုင်းညို့ နေသော မျက်နှာထားများနှင့် လူငါးယောက်သည် အသက်မပါစွာ လျှောက်လှမ်း လာကြသည်။ အရှေ့မှ ဦးဆောင်သွားနေသော တပည့်သည် ရှည်လျားသော ဓားရှည်ဖြင့် မျက်စိရှေ့က နွယ်ပင်ကို ဒေါသတကြီး ခုတ်ပိုင်းလိုက်တာ အံကြိတ်လိုက်သည်။

“ဒီတစ်ခေါက် ပြိုင်ပွဲက ဘာဖြစ်နေတာလဲ။ တစ်နေ့လုံး ကြာတာတောင်မှ ဘာလို့ နတ်ဆိုးသားရဲ တစ်ကောင်မှ မတွေ့ရတာလဲ။ တွေ့သမျှ ဒီသစ်ပင်တွေချည်းပဲ။ ဒီသစ်ပင် တွေကြီး တွေ့နေမှတော့ ငါတို့က ပြိုင်ပွဲဝင်ပြီး ဘာလုပ်နေရမှာလဲ။ ငါလဲကျတော့မှာပဲ”

ထိုကောင်လေး ဘေးရှိ ကျန်တပည့်သည်လည်း စိတ်ပျက်နေဟန်ပင်။

“ဒီပြိုင်ပွဲကို ငါဝင်ပြိုင်လာတာ သုံးနှစ်ရှိပြီ။ ဒါပေမယ့် ဒီလို အခြေအနေကို ပထမဦးဆုံး တွေ့ဖူးတာပဲ။ အဲ့ဒီ နတ်ဆိုးသားရဲတွေ အကုန်လုံး ဘယ်ရောက် သွားတာလဲ။ အတွင်းခန်းမက လွှတ်ပေးဖို့ မေ့သွားတာများလား”

ထိုငါးယောက် အတွင်းမှ တစ်ဦးတည်းသော အမျိုးသမီး မိန်းကလေးသည် အားနည်းစွာ ပြောလိုက်သည်။

“အကြီးအကဲယန် ပြောသွားတာ အရဆိုရင် နေရာတည်းမှာ ရှိတဲ့ ထူးခြားတဲ့ ရှားပါး ပစ္စည်းတစ်ခုကို ရှာတွေ့ရင်လည်း အမှတ်ပေးမယ်တဲ့။ ငါတို့ လူခွဲပြီး သွားရှာကြမလားဟင်”

တခြားသူများ၏ ငြင်းဆိုသံများ ချက်ချင်းဆိုသလို ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“အကြီးအကဲယန်က ပြောချင်ရာ ပြောနေခဲ့တာ။ အဲ့ဒီ မင်းပြောတဲ့ ရှားပါး ပစ္စည်းတွေက ဘယ်မှာလဲ။ အဲ့ဒါကိုရောတွေ့လို့လား။အရင် ပြိုင်ပွဲတွေ တုန်းကလည်း တွေ့ခဲ့တယ် ဆိုပေမယ့် အရမ်းကို နည်းတယ်။ ငါတို့ကသာ အဲ့လောက် ကံကောင်း နေမယ်ဆိုရင် အခုလိုမျိုး နတ်ဆိုးသားရဲ တစ်ကောင်မှ မတွေ့တဲ့ အခြေအနေတွေကို ကြုံရမှာလား”

ထိုအချိန်မှာပဲ အဝေးတစ်နေရာမှ တိုက်ခိုက် နေဟန်ရှိသော ဆူညံသံ တစ်ချို့ကို ကြားလိုက်ရသည်။ နေရာ ကွာဝေးသည့် အတွက် အတိအကျ မကြားနိုင်သော်ငြား ခန့်မှန်း ရသလောက် နတ်ဆိုးသားရဲနှင့် တိုက်ခိုက်နေဟန်ပင်။

“နားထောင်ကြ လှုပ်ရှားမှု တစ်ချို့ရှိနေတယ်”

“သွားကြည့်ရအောင် နတ်ဆိုးသားရဲတွေကို မခိုးနိုင်ရင်တောင်မှ သူတို့ဆီကနေ ကျောက်စိမ်းပြားတွေ ယူကြမယ်လေ။ သူတို့ အမှတ်တွေ လုယူလိုက်ရင်လည်း မဆိုးဘူးမလား”

ထိုငါးယောက်လုံး၏ မျက်လုံးများ ဝင်းလက်သွားကာ အချင်းချင်း အကြည့် ဖလှယ်လိုက်ကြသည်။ ထိုသို့ဖြင့် တိုက်ပွဲဖြစ်ပေါ်ရာ နေရာသို့ စိတ်အားထက်သန်စွာ တဖြည်းဖြည်း တိုးကပ်သွားလေ၏။

တိုက်ပွဲနေရာကို ရောက်သည်နှင့်ထိုငါးယောက်လုံး ကြောင်အမ်း သွားလေကာ မျက်စိရှေ့က မြင်ကွင်းကို ဗလာ မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူတို့၏ ဦးနှောက်တစ်ခုလုံး ဗလာကျဥ်း သွားဟန်ပဲ။

မြေပြင်ပေါ်တွင် နတ်ဆိုးသားရဲ့ အလောင်းပုံကြီးသည် တောင်တစ်ခုလို မြင့်မားနေကာ အနည်းဆုံး သုံးရာလောက် ရှိနိုင်သည်။ ထိုအပြင် ကျင့်ကြံသူတစ်ချို့က အင်အားအပြည့်ဖြင့် ငွေဒိုင်းကာ ဝက်သိုး တစ်အုပ်ကို တိုက်ခိုက်နေ၏။

သတ်ဖြတ်ပြီးသည့် တိုင်အောင် ထိုကျင့်ကြံသူများ၏ မျက်နှာထားသည် မပြောင်းမလဲ ရှိနေကာ အလွန်အမင်း စိတ်ပျက်နေဟန်ရှိသည်။ သူတို့၏ လက်နက်ပေါ်ရှိ သွေးများကိုပင် မသုတ်နိုင်ကြပေ။ အသစ် ရောက်ရှိလာသော ကျင့်ကြံသူများကို ဂရုစိုက်ဖို့တောင် မအားလပ်ပဲ တိုက်ပွဲပြီးသည်နှင့် မြေပြင်ပေါ်တွင် ကြာပန်းပုံ ထိုင်ချကာ စတင် ကျင့်ကြံကြသည်။

ထိုမြင်ကွင်းကို ရောက်ရှိလာသော တပည့်အသစ်များအားလုံး တောင့်တင်းစွာ ရပ်ကြည့် နေကြရင်း စကားတစ်ခွန်းတောင် မပြောနိုင်တော့ချေ။

( ချီးပဲဟေ့ )

(ကြည့်ရတာ လူတစ်ချို့က အစာရေဆာ ပြတ်လပ်နေချိန်မှာ တစ်ချို့ကတော့ အစာပုံကြီး အတွင်းသို့ ကျရောက်နေပုံပဲ။ ငါတို့ တနေကုန် ရှာနေတာတောင်မှ နတ်ဆိုးသားရဲ တစ်ကောင်မှ ရှာမတွေ့ခဲ့ဘူး။ အဲ့ဒီအချိန်မှာ ဒီလူ‌တွေကတော့ ဆက်တိုက် သတ်ဖြတ်ရင်း ကျင့်ကြံနေကြတာလား)

ထိုငါးယောက်လုံး၏ မျက်နှာထားသည် အလွန်အမင်း မနာလိုနေကြဟန် ရှိသော်ငြား ကျောက်စိမ်းပြား လုယူရင်း အမှတ်ခိုးယူမည့် အတွေးကို ချက်ချင်း စွန့်ပစ်လိုက်ကြပြီး နေရာမှာ မလှုပ်မယက် ရပ်နေကြသည်။

ကျင့်ကြံနေကြသော ကျင့်ကြံသူ အုပ်စု၏ ခေါင်းဆောင်သည် ယခု တခေါက်ပြိုင်ပွဲတွင် အနိုင်ရဖို့အတွက် အများဆုံး လောင်း‌ကြေး ပေးခံရသော လုခန် ဖြစ်နေလို့ပင် ဖြစ်သည်။

စာစဉ်ပြီး၏

All Chapters