← Chapters

မီးလူသား

Vol. 1 Ch. 206

မီးလူသား

Vol. 1 Ch. 206

"ယွင်ဟဲနဲ့ ရွှေချမ်လော့တို့တွေ ရောက်နေကြပြီ  ...  "

မြေအောက်ဥမင်ထဲတွင် ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ တစ်စုတစ်စည်းတည်း ရှိနေကြသည်။ ယွင်ဖေးသည် မျက်နှာမသာမယာနှင့် ပြောလာခဲ့သည်။

"ရွှေချမ်လော့က သူတော်စင်အဆင့် ရတနာကို သုံးတော့မယ်လို့ ကျွန်မ တွက်ချက်မိတယ် ...  ကျန်းရီ ...  ကျွန်မတို့ ဘာလုပ်ကြမလဲ  ...  "

ကျန်းရီသည်လည်း စိတ်ထဲမှ တွက်ချက်မှုများ လုပ်လိုက်ပြီး သက်ပြင်းချ၍ မျက်နှာ ပျက်ပျက်နှင့် ပြန်ဖြေလိုက်သည်။

"သန်းခေါင်ယံ ရောက်ဖို့ တစ်နာရီ လိုသေးတယ် ... သန်းခေါင်ယံ ရောက်တဲ့အထိ ငါတို့ တောင့်ခံထားဖို့ပဲ လိုတယ် ... အဲဒီနောက်ပိုင်း စိတ်ဝိညာဉ် အကာအကွယ် မရှိတဲ့သူတိုင်း ရူးသွားကြလိမ့်မယ် ... ဒါဆို အကုန်လုံးကို  ငါတို့ သတ်လို့ရပြီ"

"တစ်နာရီ  ...   ... ဒီလောက် အကြာကြီး ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ  ...  "

ယွင်ဖေးသည် ခေါင်းခါကာ ပြောလိုက်သည်။

"ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲက အရမ်းအားပြင်းလွန်းတယ် ... ရွှေချမ်လော့က အဲဒါကို သုံးပြီး သစ်ပင်ကြီး တစ်ပင်ကို လဲသွားအောင် အသာလေး လုပ်လိုက်ပြီးပြီ၊ အဲဒီ သစ်မြစ်တွေတောင်မှ မခံနိုင်တာ ... ပြီးတော့ ကျွန်မထင်တယ် ... သစ်ပင်တွေ အများကြီး ပျက်စီးသွားရင် သဘာဝအတိုင်း ဖြစ်နေတဲ့ ဝင်္ကပါလည်း ပျက်စီး သွားလိမ့်မယ် ... ဒါဆို ကျွန်မတို့ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး  ...  "

"ငါအစွမ်းကုန် ကြိုးစားမယ်  ...   ... ဝူရွှမ်း... မင်းနဲ့ ယွင်ဖေးက ပူးပေါင်းပြီး သူတို့ကို တစ်ချက်တစ်ချက် ဝင်နှောင့်ရမယ် ... ငါတို့တွေ သန်းခေါင်အထိ အချိန်ဆွဲဖို့ လိုတယ် ... ပြီးတော့ မှတ်ထားဦး ... သန်းခေါင်မရောက်ခင် မင်းတို့ ငါနဲ့ လာတွေ့ဖို့ လိုတယ် ... မဟုတ်ရင် ယွင်ဖေး ရူးသွားလိမ့်မယ်  ...  "

ညွှန်ကြားပြီးနောက် ကျန်းရီသည် အော်ဟစ်လိုက်သည်။

"ငွေလဝံပုလွေ  ...  "

"ဗုန်း  ...  "

ထိုအချိန်တွင် မြေပြင်ပေါ်မှ အသံကျယ်ကြီး မြည်ဟည်းလာခဲ့ပြီး မြေပြင် တုန်ခါသွားကာ ဥမင်ထဲသို့ ဖုန်မှုန့်များ ကျဆင်းလာလေသည်။ အပေါ်မှ ကျဆင်းလာသော အားလှိုင်းကြီးကြောင့် သုံးယောက်လုံး လဲကျသွားကြသည်။ ကျန်းရီနှင့် ယွင်ဖေးသည် ဖိအားကို ခံစားလိုက်ရ၍ သွေးအန်လု နီးပါး ဖြစ်သွားခဲ့သည်။

"သစ်ပင်သုံးခုရဲ့ အမြစ်တွေ ပျက်စီးသွားပြီ  ...   ... ထိန်းလို့မရတော့ဘူး ... ငါတို့ အခုသွားမှ ဖြစ်မယ်  ...  "

ယွင်ဖေးသည် သူမ၏ မှော်အတတ်ကို သုံး၍ သစ်ပင်အမြစ် အနည်းငယ်ကို လိမ်ယှက် လိုက်ပြီး ကျန့်ဝူရွှမ်းသည် သူမကိုခေါ်၍ တစ်ဖက်သို့ ပြေးသွားခဲ့သည်။ ကျန်းရီသည်လည်း ငွေလ ဝံပုလွေကြီးကို စီး၍ ဥမင်တစ်ဖက်သို့ ပြေးသွားခဲ့လေသည်။

"ထွက်ပြေးတာလား  ...  "

အဆိပ်ရှိ ပိုးကောင်စိမ်းများသည် ကျန်းရီနောက်သို့ ဆက်လိုက်နေကြသည်။ ထို့ကြောင့် သူလှုပ်ရှား လိုက်သည်နှင့် ယွင်ဟဲက သိလေသည်။ သူသည် ရွှေချမ်လော့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မြေကို ဆက်ဖြိုပြီး ဥမင်ကို ဖွင့်လိုက်ရအောင်  ...   ... ပြီးရင် ဥမင်ထဲကနေ သူ့နောက်လိုက်ဖို့ လူတွေ လွှတ်လိုက်မယ် ... သူဘယ်ကို ပြေးမလဲ ငါသိချင်လိုက်တာ  ...  "

"ကောင်းပြီ  ...  "

ရွှေချမ်လော့သည် ကျန်းရီ ဤနယ်မြေတွင် ရှိနေမှန်း သေချာ သိလိုက်သောအခါ ကမ္ဘာပျက်သုဉ်းခြင်း ငွေလည်ဆွဲကို ထပ်ကာထပ်ကာ ပစ်ခွင်း၍ မြေအောက်မှ သစ်မြစ်များကို ဖျက်ဆီး နေတော့သည်။ ယွင်ဟဲက လက်ဟန်ပြလိုက်ရာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အမြောက်အများနှင့် ခရမ်းရောင် နန်းတော်ရှင်အဆင့် ရာချီသည် ကျန်းရီနောက်လိုက်ရန် ဥမင်ထဲသို့ ပြေးဝင် သွားကြသည်။

"သွား  ...   ... ကျန်းရီ အဲ့ဘက်ခြမ်းမှာ  ...  "

ယွင်ဟဲသည် အော်ဟစ်လိုက်ပြီး လူဝံကြီးအား ပြေးသွားရန် ထိန်းချုပ်လိုက်သည်။ ရွှေချမ်လော့သည် လူဝံကြီး၏ ပခုံးတစ်ဖက်ထက် ခုန်တက်လိုက်ပြီး ရွှေယွဲ့လျန်မျှော်စင်မှ သိုင်းသမား အယောက်ငါးဆယ်သည် ရွှေချမ်လော့အား ကျန်းရီတိုက်ခိုက်မည်မှ ကာကွယ်ရန် နောက်မှ လိုက်ပါသွားကြသည်။

"ဘန်း  ...  .."

ရှေ့တစ်နေရာတွင် ကျန်းရီသည် မြေပြင်ပေါ်သို့ ခုန်ထွက်လာခဲ့ပြီး အလျှံတငြီးငြီး တောက်လောင် နေသော ကမ္ဘာ့မီးလျှံများနှင့် လူအမြောက်အများအား ပြာဖြစ် သွားစေလေသည်။ ဤတစ်ကြိမ်တွင် သူသည် မြေအောက်သို့ ပြန်ဝင်မသွားဘဲ ငွေလဝံပုလွေကြီးကိုစီး၍ အရှေ့ဘက်သို့ ဆက်ပြေး သွားခဲ့လေသည်။

"ကျန်းရီ ... အဲဒါကျန်းရီပဲ  ...  "

မနီးမဝေးတွင်သာ ရှိသေးရာ ကျန်းရီသည် ငွေလ ဝံပုလွေကြီးကို အပြာရောင် ဆေးဆိုးထား၍ ဝံပုလွေမျက်နှာဖုံး တပ်ဆင် ထားသော်လည်း ရွှေချမ်လော့သည် သူ့အား ချက်ချင်း မှတ်မိလေသည်။ ငွေလဝံပုလွေသည် ရှားပါးလွန်းသောကြောင့် ၎င်းကို ဝိညာဉ်သားရဲ အနေနှင့် ယဉ်ပါးအောင် လုပ်ထားသူသည် နယ်မြေ တစ်ခုလုံးတွင်မှ ကျန်းရီ တစ်ယောက်သာ ရှိလောက်ပေသည်။

"ငါအမိန့်ပေးတယ် ... ဝင်္ကပါပုံ ဖွဲ့စည်းပြီး ကျန်းရီကို ဝိုင်းကြမယ်  ...  "

ယွင်ဟဲသည် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပြုံးလိုက်သည်။ ကျန်းရီသည် ကိုယ်ထင် ပြလာပြီ ဖြစ်ရာ နတ်ဖြစ်နေလျှင်တောင် လူပေါင်းထောင်ချီ၏ ဝိုင်းဝန်းဖမ်းဆီးမှုမှ လွတ်မြောက်မည် မဟုတ်ပေ။

နောက်လိုက်များသည် အမိန့်အား အကြောင်းကြားလိုက်ကြပြီးနောက် အော်ဟစ်၍ တပ်ဖွဲ့သုံးခုပုံ အဖြစ် ပြန်လည် ဖွဲ့စည်းလိုက်ကြသည်။ သူတို့သည် ကျန်းရီနောက် အလျင်စလို လိုက်မသွားကြပဲ စက်ဝိုင်းနှစ်ထပ်ပုံ ဖြစ်လာသည်အထိ စောင့်ဆိုင်းလိုက်ကြသည်။ ဆက်လက်၍ ယွင်ဟဲသည် ကျန်းရီ၏ ပြေးလမ်းများကို ကြိုတင် ပိတ်ဆို့သည့် အနေဖြင့် ဥမင်ထဲသို့ လူရာပေါင်းများစွာ ထပ်မံ စေလွှတ် လိုက်သေးသည်။

သို့သော် ကျန်းရီသည် သူ့အား ဝန်းရံထားခြင်းမှ ချိုးဖောက် ထွက်ပြေးရန် တစ်ခါမှ မစဉ်းစားထားခဲ့ပေ။

သူသည် ဤတစ်အုပ်လုံးနှင့် ရွှေချမ်လော့အား အချိန်ဆွဲထားလိုခြင်း ဖြစ်သည်။ မဟုတ်ပါက ဤနေရာမှ သူထွက်ပြေး သွားလျှင်တောင် သူတို့သည် သူ့အား နောက်တစ်ကြိမ် ဝိုင်းဝန်း ဖမ်းဆီး နိုင်သေးသည်။ ရွှေချမ်လော့သည် သူ့နောက်လိုက်ရန် လူများကို ပိုစုဆောင်း နိုင်လိမ့်မည်။ ရှားထျန်းနှင့် ကျန်းစွန်းဝူကျိတို့လို လူများသည် သူမနှင့် ဝမ်းသာအားရ ပူးပေါင်းကြပေလိမ့်မည်။ ထို့ပြင် ဤမျှ အဖိုးတန်လှသော တစ္ဆေတောအုပ်လို နေရာမျိုးကို သူမသုံးလျှင် ဘယ်နေရာတွင် သွား၍ နောက်ထပ် တိုက်ပွဲကွင်းပြင် တစ်ခု သူရှာရမည်နည်း  ...

ထို့ကြောင့် သူသည် အသက်ကိုရင်း၍ စွန့်စားရန် ပြင်ဆင်ထားခဲ့သည်။ သို့ဖြစ်ရာ သူရူးရူးမိုက်မိုက် စွတ်ရွတ် ပြေးနေခြင်း မဟုတ်ပေ။ သူသည် ယွင်ဟဲနှင့် ရွှေချမ်လော့တို့အား အကွာအဝေး တစ်ခုထား၍ အမြန်ဆုံးနှူန်းနှင့် ပြေးရန် ငွေလ ဝံပုလွေကြီးအား ထိန်းချုပ် ထားခဲ့သည်။ ရွှေချမ်လော့သည် ကောင်းကင် နတ်ဆိုး ပိုးချည်ကိုတောင် ဖျက်ဆီးနိုင်သည့် သူတော်စင်အဆင့် ရတနာတစ်ခု ပိုင်ဆိုင်ထားပြီး ယွင်ဟဲသည်လည်း မှော်ဆရာတစ်ဦး ဖြစ်ရာ ထိုနှစ်ယောက်အနီး သူမသွားဝံ့ပေ။ သူလုပ်ရမည်မှာ အချိန်ဆွဲရန်သာ ဖြစ်လေသည်။

"ဝှစ်  ...  "

ရှေ့တည့်တည့်တွင် စစ်သည်များသည် အတန်းလိုက် ရပ်တန့်နေကြသည်။ ကျန်းရီသည် သူတို့အနီး မရောက်ခင်ကပင် ဓားအားလှိုင်းများအား လေကိုခွင်း၍ ရောက်ရှိ လာကြသည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ ငွေလဝံပုလွေ၏ ဦးတည်ရာကို ပြောင်းလိုက်ရသည်။ သူဘယ်ဘက်သို့ ပြေးပြေး အတွင်းအား တိုက်ခိုက်မှုများက တဖွဲဖွဲ ကျရောက်လာခဲ့သည်။

"ဟားဟားဟား ...   ...  "

မလှမ်းမကမ်းမှ အော်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကျန်းရီ ... ပြေးနေတာကို ရပ်ပြီး အဖမ်းခံလိုက်  ...  ..ရှင်မလွတ်နိုင်တော့ဘူး  ...   ... ရှင်အရှုံးပေးရင် ချမ်လော့က ရှင့်ကို သေအောင် ရိုက်မသတ်ဘူးလို့ အာမခံတယ်  ...  "

"ခစ် ... ခစ်  ...  "

ရွှေချမ်လော့၏ ငွေဆည်းလည်းကဲ့သို့သော ရယ်သံတစ်ခု ထပ်မံ ပေါ်ထွက် လာပြန်သည်။

"ကျန်းရီ ... ရှင်ကျွန်မရဲ့ ဘလက်ကီကို သတ်ပြီး ကျွန်မရဲ့ ဝိညာဉ်ခေါင်းလောင်း ဝတ်စုံကို ဖျက်ဆီး လိုက်တုန်းက ဒီလိုနေ့မျိုး ရောက်လာ လိမ့်မယ်လို့ တွေးထားလား  ...   ... ရှင် အရမ်းမောက်မာ နေတာမလား  ...   ... ဆက်လိုက်  ...  "

မျက်နှာဖုံးအောက်မှ ကျန်းရီ၏ မျက်လုံးအစုံသည် အေးစက်သော အငွေ့အသက်များသာ ရှိနေခဲ့သည်။ သူသည် အပိုစကား တစ်ခွန်းမှ မဆိုခဲ့ပေ။ ထို့နောက် ရုတ်တရက် ငွေလ ဝံပုလွေကြီးအား မြင့်မြင့်ခုန်စေလိုက်၍ နတ်ဘုရား သတ်ဖြတ်ခြင်း မြားနှစ်စင်းကို ပစ်လွှတ်ကာ ကြိမ်းဝါး လိုက်သည်။

"ငါ့လမ်းမှာ ပိတ်နေတဲ့ သူမှန်သမျှ သေသင့်တယ်  ...  "

***

"ဘန်း  ...  "

ထိုနေရာမှ ပေတစ်ထောင်ကျော် ကွာဝေးသော နေရာတွင် ရွှေရောင်အလင်းများ ဖြာထွက်နေသည့် လက်တစ်စုံနှင့် ပုံရိပ်တစ်ခု မြေအောက်မှ ထွက်လာခဲ့သည်။ ထိုပုံရိပ်၏ လက်များသည် နဂါးလက်သည်းများ အလား ပြောင်းလဲသွားပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်၏ ခြေထောက်မှ ဆွဲသွားကာ ဆွဲဖြဲ ပစ်လိုက်လေသည်။ သူလှုပ်ရှားပြီးသည်နှင့် မြေပြင်သည် တုန်ခါသွားကာ နွယ်ပင်များစွာ တိုးထွက်လာကြပြီး ထိုနေရာရှိ လူများအား ဖမ်းချုပ် ထားလိုက်လေသည်။

***

"ဝှစ် ... ဝှစ်  ...  "

မရေမတွက်နိုင်သော ဓားအလင်းများ၊ အတွင်းအား လှိုင်းများသည် ကျန်းရီထံ ပျံ့လွင့် လာကြပြီး သူစီးနင်းထားသော ငွေလ ဝံပုလွေကြီးသည် ရုတ်တရက် ပျောက်ကွယ် သွားကာ သူ့အား ကောင်းကင် နတ်ဆိုးပိုးချည်က ရစ်ပတ် လာလေသည်။ သူသည် လေထဲတွင် လှည့်ပတ်၍ အတွင်းအား တိုက်ခိုက်မှု နှစ်ခုကို ရှောင်တိမ်း လိုက်နိုင်သော်လည်း ဆေဘာဓား အလင်းနှစ်ချက်က သူ့ကိုယ်အား ထိသွားခဲ့လေသည်။

"သွား  ...  "

သူအော်ဟစ် ပြီးသည်နှင့် ကောင်းကင် နတ်ဆိုးပိုးချည်စသည် သူ့ကိုယ်မှ လွင့်ထွက်သွားကာ သစ်ပင်တစ်ပင်အား ချည်နှောင် စေလိုက်ပြီး ပိုးချည်တစ်ဖက်ကို အားပြု၍ ရှေ့သို့ လွှဲခုန်လိုက်သည်။

"တိုက်ကြ  ...  "

အနီးအနားမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တစ်ယောက်က အော်ဟစ် လိုက်သည်နှင့် ခရမ်းရောင် နန်းတော်ရှင် အဆင့်များသည် လက်နက် အသီးသီးကို ကိုင်ဆွဲ၍ ကျန်းရီထံ ပြေးလာကြသည်။ ချုံထဲတွင် ကြိုတင်ပုန်းအောင်းနေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှာလည်း ငါးယောက်ခန့် ရှိလေသည်။

"ကမ္ဘာ့မီးလျှံ  ...   "

သူ့ထံ ပြေးလာနေသော ပုံရိပ်များအား ကြည့်နေရင်း ကျန်းရီသည် ထိတ်လန့်ဟန် စိုးစဉ်းမျှ မပြဘဲ သူ့ကိုယ်မှ မီးတောက်များသာ တဟုန်းဟုန်း တောက်လောင် လာလေသည်။ သူသည် ကောင်းကင် နတ်ဆိုးပိုးချည်ကို ပြန်သိမ်းလိုက်ပြီး သစ်ပင်တစ်ပင်ကို ခြေကန်၍ သူ့ထံ ပြေးလာနေသော လူအုပ်ကြား ခုန်ဝင်လိုက်သည်။

သူတို့သည် ကျန်းရီ မီးလူသား အဖြစ် ပြောင်းလဲ သွားသည်ကို  မြင်လိုက်သောအခါ ကျန်းရီထံ ဦးတည် နေကြသူများသည် အဘက်ဘက်သို့ ထွက်ပြေး ကြတော့သည်။ ကျန်းရီသည် လက်ဝါး တစ်ဖက်ဖြင့် သူ့ကိုယ်မှ မီးတောက်များအား ရှေ့သို့ တွန်းပို့လိုက်ကာ ရန်သူများကို ဝါးမျို လောင်ကျွမ်း စေလိုက်သည်။

"အား  ...    ...  "

လူဆယ်ယောက် ကျော်သည် မျက်စိအောက်တွင်ပင် လောင်ကျွမ်း သွားခဲ့သည်။  စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက် အသံနက်ကြီးဖြင့် အော်ဟစ်အပြီးတွင် ပြာမှုန့်များ လွင့်သွားခဲ့လေသည်။

အများစုသည် ကျန်းရီ မီးတောက်များအား အသုံးပြုနိုင်သည်ကို သိထားကြသော်လည်း သူတို့ ပထမဆုံး ကိုယ်တွေ့ ကြုံရသည့်အခါ ထိတ်လန့်လွန်း၍ ဖြူဖျော့ နေကြလေပြီ။ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ရွှေချမ်လော့နှင့် ယွင်ဟဲသည်ပင် မျက်နှာများ ပျက်နေကြလေပြီ။

ယွင်ဟဲသည် တခြားဘက်မှ ထိုးထွက်လာသော နွယ်ပင်များအား မြင်လိုက်သောအခါ ပို၍ ထိတ်လန့် လာခဲ့သည်။ သူ၏ ညစ်ကျယ်ကျယ် အပြုံးမှသည် လှောင်ပြုံးအဖြစ် ပြောင်းသွားပြီး အော်ဟစ် လိုက်သည်။

"အရမ်းကောင်းတယ် ... ယွင်ဖေး..မင်းလို ခွေးမက အပြင်လူတွေကို ကူညီပြီး ငါ့ကိုသတ်ဖို့ လုပ်နေတယ် ... ဒါဆိုလည်း မင်းတို့ အားလုံး ဒီမှာပဲ သေလိုက်ကြ  ...  "

***

All Chapters