← Chapters

အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအတွက် စမ်းသပ်မှု ၃ရပ်(၂)။

Vol. 19 Ch. 233

အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအတွက် စမ်းသပ်မှု ၃ရပ်(၂)။

Vol. 19 Ch. 233

"သဘောပေါက်ပါပြီ.."

"ဒီလိုဆိုရင်တော့ အတည်ပြုလိုက်ပြီလို့ မှတ်လိုက်ပါ…"

"နောက်ကျရင် ကျွန်တော် ခင်ဗျားတို့ကို ကြယ်သုံးပွင့် ကျွန်းစုဆီ လိုက်ပို့ပေးမယ်…"

"အဲ့အခါကျရင် အဲ့ဒီနေရာက ခင်ဗျားတို့ အဓိက ရွှေအမြုတေ ဂိုဏ်းသုံးခုရဲ့ အခြေစိုက်စခန်း ဖြစ်သွားလိမ့်မယ်.."

"နှစ်တိုင်း သက်ဆိုင်ရာ စီမံခန့်ခွဲကြေး ပေးဆောင်နေသမျှ ကာလပတ်လုံး.. ခင်ဗျားတို့ ဒီကျွန်းသုံးကျွန်းပေါ်မှာ နေထိုင်နိုင်ပါတယ်.."

ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ဖန်ဟောင်က အနည်းငယ် ပြုံးလိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

အစပိုင်းတွင် သူသည် ပိုကောင်းသော ကျွန်းအချို့ကို ရှာဖွေပေးရန် သူ၏ အဆက်အသွယ်များကို အသုံးပြုပြီး မျက်နှာသာပေးခြင်းဖြင့် ဤရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ချင်ခဲ့သည်။

သို့သော်၊ သေချာစဉ်းစားပြီးနောက် ထိုအစီအစဉ်ကို လက်လျှော့လိုက်သည်။

အဆုံးသတ်တွင် သူတို့သည် ပြင်ပအဖွဲ့ဝင်များသာ ဖြစ်သည်။ မည်သို့ရွေးချယ်သည်ဖြစ်စေ၊ အဆင့်နိမ့် တတိယအဆင့် ဝိညာဉ်ကြောရှိ ကျွန်းများကိုသာ ရရှိနိုင်ကြမည် ဖြစ်သည်။

ပိုမိုကောင်းမွန်သော ကျွန်းများအားလုံးအား အဓိကအဖွဲ့ဝင်များက ရွေးချယ်ထားပြီး ဖြစ်လေသည်။

တခြား ရွှေအမြုတေ ဆရာသခင်များအတွက် မည်သည့်အခွင့်အရေးမျှ မရှိချေ။

အနာဂတ်တွင် ဝူကျိမဟာမိတ်အဖွဲ့အတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ပြီးမှသာလျှင်၊ ထိုအောင်မြင်မှုများကို အသုံးပြု၍ ပိုမိုကောင်းမွန်သောကျွန်းများနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက၊ ပိုမိုကောင်းမွန်သော ကျွန်းများကို ရယူနိုင်မည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် ရောင်းရင်ဖန်.."

လန်ယွဲ့ရှီ ခေါင်းညိတ်လိုက်သည်။

…

ဆယ်ရက်ကျော်ကြာပြီးနောက်...။

ဖန်ဟောင်၏ လမ်းညွှန်မှုအောက်တွင် အင်မော်တယ်ရှားဂိုဏ်း၊ တန်တိန်ဂိုဏ်းနှင့် ချင်မုဂိုဏ်း၊ အဓိက ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူများသည် ပင်မကျွန်းဖြစ်သော ဝူကျိကျွန်းနှင့် အတော်လေး ဝေးကွာသော ကြယ်သုံးပွင့် ကျွန်းစုသို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။

သူတို့သည် ဝူကျိမဟာမိတ်အဖွဲ့ အုပ်ချုပ်သော နယ်မြေ၏ အစွန်အဖျားတွင် တပ်စွဲထားသကဲ့သို့ ဖြစ်နေသည်။

ရလဒ်အနေဖြင့် သူတို့သည် ကြယ်သုံးပွင့် ကျွန်းစုသို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာ ပျံသန်းခဲ့ရသည်။

ကျိုးစွေ့ နှင့် အခြားသူများကို ခေါ်ဆောင်လာပြီးနောက် ရွှေအမြုတေ စီမံခန့်ခွဲရေးမှုး ဖန်ဟောင်သည် ဝူကျိကျွန်းသို့ ပြန်ရန် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

"ဒါက ကြယ်သုံးပွင့် ကျွန်းစုလား…"

"ကြည့်ရတာ ဒါက ပါရမီရှင်တွေနဲ့ အရင်းအမြစ်တွေ ပေါများတဲ့ နေရာတစ်ခုလိုပါပဲ..”

လန်ယွဲ့ရှီ အတော်လေး ကျေနပ်နေသည်။ ဤပင်လယ်ပြင် ဧရိယာတွင် အဓိက ကျွန်းသုံးကျွန်းအပြင်၊ ကြယ်များကဲ့သို့ ပြန့်ကျဲနေသော ကျွန်းငယ်လေးများလည်း ရှိနေသည်။

တစ်ခုချင်းစီ အချင်းကီလိုမီတာ တစ်သောင်းခန့်ရှိသော ပင်မကျွန်းများ၏ အရွယ်အစားသည် အတော်လေး အံ့ဩစရာ ကောင်းလှသည်။

မည်သို့ပင်ဆိုစေကာမူ၊ ကျိုးစွေ့၏ ယခင်ဘဝက တည်ရှိခဲ့သော အာရှတိုက်၏ အရွယ်အစားသည် ၁၈၀၀၀ ကီလိုမီတာသာ ရှိသည်။

ကီလိုမီတာတစ်သောင်း ဆိုသည်မှာ အာရှတိုက်၏ ထက်ဝက်ကျော်နှင့် ညီမျှနေပြီ ဖြစ်သည်။

အချင်း ကီလိုမီတာ ၁.၂ သန်း ရှိသော အင်မော်တယ်မြူခိုးကျွန်းကဲ့သို့သော ကျွန်းမျိုးသည် ချန်လန်ပင်လယ် နယ်မြေတွင် တကယ်တမ်း အလွန် ရှားပါးလှသည်။

အနည်းဆုံး စတုတ္တအဆင့် ကျွန်းတစ်ခုမှသာ ဤအရွယ်အစား ရှိပေလိမ့်မည်။

"မီးကြယ်ကျွန်းမှာ မြေကမ္ဘာမီး ဝိညာဉ်ကြောရှိတယ်.. ဒါက ကျွန်မတို့ တန်တိန်ဂိုဏ်းအတွက် ကောင်းမွန်တယ်.."

"ဒီကျွန်းကို ကျွန်မတို့ယူလိုက်မယ်.."

ရှန်ပိချန်က အနည်းငယ် ပြုံးလိုက်သည်။

"ကျွန်မတို့ ချင်မုဂိုဏ်းက သစ်သားကြယ်ကျွန်းကို လိုချင်ပါတယ်.."

"ကျွန်းပေါ်က သစ်သားဓာတ် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝတယ်.. ဒါက ကျွန်မတို့ ချင်မုဂိုဏ်း ကျင့်ကြံသူတွေအတွက် သင့်တော်တယ်.."

လင်းယာကျူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့.. ကျွန်မတို့ အင်မော်တယ်ရှားဂိုဏ်းက ရေကြယ်ကျွန်းကို ယူပါ့မယ်.."

လန်ယွဲ့ရှီ ခေါင်းညိတ်လိုက်သည်။

သူမတွင် ကျွန်းအတွက် လိုအပ်ချက် သိပ်မများလှပေ။ တတိယအဆင့် ဝိညာဉ်ကြောရှိနေသရွေ့၊ လူ ၃၀၀၀ ရှိသော အင်မော်တယ်ရှားဂိုဏ်း တစ်ခုလုံးအတွက် လုံးဝ လုံလောက်နေပြီ ဖြစ်သည်။

စကားလုံးအနည်းငယ်ဖြင့် ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူသုံးဦးသည် ကျွန်းသုံးကျွန်းကို မည်သို့ ခွဲဝေယူကြမည်ကို ဆုံးဖြတ်လိုက်ကြသည်။

ဝှစ်..ဝှစ်..ဝှစ်…။

ချက်ချင်းဆိုသလိုပင် အဓိက ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူများသည် သူတို့၏ သက်ဆိုင်ရာ ကျွန်းများဆီသို့ ထွက်ခွာသွားကြပြီး တည်ဆောက်ရေး လုပ်ငန်းများကို စတင်ကြတော့သည်။

သူတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် လိုအပ်သဖြင့်၊ နန်းတော်များ၊ အိမ်များ၊ ဈေးများနှင့် အခြားအရာများကို သဘာဝအတိုင်း တည်ဆောက်ရန် လိုအပ်သည်။

ကျင့်ကြံသူများအတွက် ဤလုပ်ငန်းတာဝန်များသည် သေးငယ်ပြီး ဂိုဏ်းချုပ်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ရန် မလိုအပ်ပေ။

ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် လန်ယွဲ့ရှီသည် ကျိုးစွေ့ဘက်သို့ စူးစမ်းစွာ ကြည့်လိုက်ပြီး "ယောက်ျား... ဘာလို့ ကြယ်သုံးပွင့် ကျွန်းစုကို ရွေးချယ်ခဲ့တာလဲ.. ဒီမှာ ထူးခြားတာ တစ်ခုခု ရှိလို့လား.."

ခင်ပွန်း၏ ရွေးချယ်မှုသည် ထင်ထားသလောက် ရိုးရှင်းမည်မဟုတ်ဘဲ၊ ပိုမို နက်ရှိုင်းသော အဓိပ္ပာယ် တစ်ခုခု ရှိရမည်ဟု သူမ ခံစားမိသည်။

"ဟုတ်တယ်... ဒီကျွန်းစုတွေထဲမှာ စတုတ္တအဆင့် ဝိညာဉ်ကြောတစ်ခု ရှိနေနိုင်တယ်.."

ကျိုးစွေ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

မည်သို့ပင် ဖြစ်စေကာမူ ပြင်ပလူများ ရှိမနေသဖြင့်၊ ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားရန် ဝန်မလေးပေ။

"စတုတ္တအဆင့် ဝိညာဉ်ကြော ဟုတ်လား…"

ဤစကားကို ကြားလိုက်ရသောအခါ ရှန်ပိချန်နှင့် လင်းယာကျူတို့ နှစ်ဦးစလုံး မှင်တက်သွားပြီး အံ့အားသင့်သော အကြည့်များ အပြန်အလှန် ဖလှယ်လိုက်မိကြသည်။

အကယ်၍ စတုတ္တအဆင့် ဝိညာဉ်ကြောသာ ဤကျွန်းများအတွင်း တည်ရှိနေပါက၊ ၎င်းသည် စိတ်ကူးမယဉ်နိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။

အင်မော်တယ်မြူခိုးကျွန်းသည် အတိတ်က စတုတ္တအဆင့် ဝိညာဉ်ကြော ဆုံးရှုံးသွားသောကြောင့် ဝိညာဉ်သန္ဓေသားအဆင့်အတွက် အခွင့်အလမ်း ဆုံးရှုံးခဲ့ရသည်။

ဤအချက်ကြောင့် ရွှေအမြုတေကျင့်ကြံသူ အများအပြားသည် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းခြင်းအတွက် အခွင့်အလမ်းများ ရှာဖွေရန် အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာခဲ့ကြရသည်။

အကယ်၍ စတုတ္တအဆင့် ဝိညာဉ်ကြောသာ ဤနေရာတွင် ရှိနေပါက၊ သူတို့သည်လည်း ဤနေရာတွင် သူတို့၏ ဝိညာဉ်သန္ဓေသားကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။

သူတို့၏ ဝိညာဉ်သန္ဓေသားများ ဖွဲ့စည်းရန် အခြား စတုတ္တအဆင့် ဝိညာဉ်ကြောကို ငှားရမ်းစရာ လိုမည် မဟုတ်ပေ။

ဤအရာ၏ အရေးပါမှုသည် ရှင်းလင်းနေသည်။

သို့သော်၊ ဂရုတစိုက် အာရုံခံပြီးနောက်တွင်လည်း၊ သူတို့သည် စတုတ္တအဆင့် ဝိညာဉ်ကြောတည်ရှိနေမှုကို ရှာမတွေ့နိုင်သေးပေ။

စဉ်းစားကြည့်လျှင် ဤသည်မှာ အတော်လေး ပုံမှန်ပင်။

အကယ်၍ စတုတ္တအဆင့် ဝိညာဉ်ကြောကို ဤမျှ လွယ်ကူစွာ ရှာတွေ့နိုင်ခဲ့ပါက၊ ဝူကျိမဟာမိတ်အဖွဲ့ သည် ဤကျွန်းကို စွန့်လွှတ်ခဲ့မည် မဟုတ်ပေ။

"ယောက်ျား... တကယ်လို့ စတုတ္တအဆင့် ဝိညာဉ်ကြောသာ တကယ် ရှိနေရင်… အရင်းအမြစ်က ဘယ်နေရာမှာ ဖြစ်နိုင်မလဲ…"

ရှန်ပိချန်က စူးစမ်းစွာ မေးလိုက်သည်။

"အဲ့ဒါက ကျွန်းထဲမှာ မဟုတ်ဘူး.. ပင်လယ်ရေနက်အောက်မှာ…"

ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်သည်။

သူသည် 'ပစ္စည်းရှာဖွေကူ'ထံမှ စတုတ္တအဆင့် ဝိညာဉ်ကြောနှင့် ပတ်သက်သော သတင်းအချက်အလက်ကို ရရှိခဲ့သည်။ ၎င်းသည် ကြယ်သုံးပွင့် ကျွန်းစုအောက်တွင် တည်ရှိသည်။

ပင်လယ်နက်ထဲတွင် ရှိနေသောကြောင့် ဝူကျိမဟာမိတ်အဖွဲ့ မှ ကျင့်ကြံသူ အများအပြား သတိမထားမိကြခြင်း ဖြစ်သည်။

"ပင်လယ်နက်ထဲမှာ ဟုတ်လား…"

"အဲ့လိုဆိုရင်တော့.. တော်တော်လေး ပြဿနာ ရှိနိုင်တယ်.."

လင်းယာကျူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ပင်လယ်နက်ထဲတွင် ရှိနေသော စတုတ္တအဆင့် ဝိညာဉ်ကြောတစ်ခုကို ဆွဲဆောင်ယူငင်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်လောက်ပေ။

အထူးသဖြင့် စတုတ္တအဆင့် ဝိညာဉ်ကြောအကြောင်း သတင်းသာ ပေါက်ကြားသွားပါက၊ ဝူကျိမဟာမိတ်အဖွဲ့က သေချာပေါက် ချက်ချင်း ပြန်လည် သိမ်းယူသွားပေလိမ့်မည်။

သူတို့ အသုံးပြုရန် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ပေ။

"စိတ်မပူပါနဲ့.."

"ငါ အဲ့ဒီ ပင်လယ်ရေနက် စတုတ္တအဆင့် ဝိညာဉ်ကြောရဲ့ အရင်းအမြစ်ကို ရှာတွေ့ထားပြီးပြီ.."

"နောက်တစ်ဆင့်က… ဝိညာဉ်ကြောရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို မျက်နှာပြင်ပေါ် ရောက်အောင် ဆွဲဆောင်ဖို့ တတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခု တည်ဆောက်ဖို့ပဲ လိုတော့တယ်…"

"ဒီလိုဆိုရင် ကျွန်းသုံးကျွန်းရဲ့ ဝိညာဉ်ကြောအဆင့်က တိုးတက်လာလိမ့်မယ်…"

"တတိယအဆင့် အလယ်အလတ်.. ဒါမှမဟုတ် တတိယအဆင့် ထိပ်တန်းအဆင့်ကိုတောင် ရောက်သွားလောက်မယ်.."

"အနာဂတ်မှာ မင်းတို့ ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့အခါကျရင်.. စိတ်ဝိညာဉ်စွမ်းအင်ရဲ့ ပြင်းအားကို စတုတ္ထအဆင့်ရောက်အောင် ဖန်တီး တိုးမြှင့်ပေးလို့ ရတယ်.."

"ဒီနည်းနဲ့ဆို.. ဒီနေရာမှာ စတုတ္တအဆင့် ဝိညာဉ်ကြောရှိနေတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး…"

"သူတို့ ငါတို့ကျွန်းကို လာရင်တောင်.. သူတို့က တတိယအဆင့် ဝိညာဉ်ကြောရှိတယ် ဆိုတာလောက်ပဲ သိကြမှာ.."

"ဒါပေမဲ့ မင်းတို့ရဲ့ ရွှေအမြုတေနှောင်းပိုင်း ခွန်အားအရ.. တတိယအဆင့် ဝိညာဉ်ကြောကို ထိန်းသိမ်းထားနိုင်ဖို့က ပြဿနာ မရှိသင့်ဘူး.."

ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ အစီအစဉ်ကို အသေအချာ စဉ်းစားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သူသည် တတိယအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်တစ်ဦး ဖြစ်သည်။ တတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခု တည်ဆောက်ခြင်းသည် သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။

လက်ရှိတွင် ဂိုဏ်းသုံးခုအကြား၊ မည်သူ၏ အစီအရင်ပညာကမျှ သူ့ထက် မမြင့်မားပေ။

"ယောက်ျား... ဒီလိုဆိုရင်တော့ ကျွန်မတို့ ဂိုဏ်းသုံးခုရဲ့ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်နဲ့ တောင်ကာကွယ်ရေး အစီအရင်တွေက ယောက်ျားအပေါ်မှာ လုံးဝ မှီခိုရတော့မှာပဲ.. ကျွန်မတို့ ဂိုဏ်းတွေထဲက အစီအရင်ပညာရှင်တွေ အကုန်လုံးက သာမန်ပဲ.. ယောက်ျားနဲ့ ယှဉ်လို့ မရဘူး…"

ရှန်ပိချန်က ကျိုးစွေ့ ကို ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လန်ယွဲ့ရှီနှင့် လင်းယာကျူတို့လည်း ခေါင်းညိတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့ ဂိုဏ်းများ၏ တတိယအဆင့် အစီအရင်များအား လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အစီအရင်ပညာရှင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မျိုးဆက်သစ် လူငယ်များသည် ယခုအခါ နိမ့်ကျနေပြီဖြစ်ပြီး၊ ရှေ့လူများ စီစဉ်ခဲ့သော အစီအရင်များအား ပြန်လည် ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

တတိယအဆင့် အစီအရင်တည်ဆောက်ဖို့ ကျိုးစွေ့ကိုသာ အားကိုးရတော့မည် ဖြစ်သည်။

"ပြဿနာ မရှိဘူး… ငါ့ တာဝန်ထားလိုက်.."

ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။ သူသည် နှစ်ပေါင်းများစွာ စုဆောင်းထားသော အစီအရင်ဆိုင်ရာ အသိပညာများကို လက်တွေ့ အသုံးချရန် ဤအခွင့်အရေးကို အသုံးပြုနိုင်သည်။

သူ၏ အစီအရင်ပညာသည် တတိယအဆင့် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ လက်တွေ့ အသုံးချရန် အခွင့်အရေး များများစားစား မရရှိခဲ့ပေ။

အကယ်၍ သူသည် သီအိုရီ ဗဟုသုတများကို လက်တွေ့နှင့် ပေါင်းစပ်နိုင်ခဲ့လျှင်၊ သူ၏ အစီအရင်ပညာသည် သေချာပေါက် ကြီးမားစွာ တိုးတက်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

…

All Chapters