← Chapters

အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအတွက် စမ်းသပ်မှု ၃ရပ်(၃)။

Vol. 19 Ch. 234

အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအတွက် စမ်းသပ်မှု ၃ရပ်(၃)။

Vol. 19 Ch. 234

တစ်ရက်ကြာပြီးနောက်...။

ကျိုးစွေ့ သည် အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်းဖြစ်သော ရေကွင်းပုလဲကို အသုံးပြု၍ ပင်လယ်နက်ထဲသို့ ဝင်ရောက်သွားသည်။

သူ၏ တစ်ကိုယ်လုံးကို ပူဖောင်းတစ်ခုက ဖုံးအုပ်ထားပြီး၊ ၎င်းတွင် စဉ်ဆက်မပြတ်သော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်ကာ အပြင်ဘက်ရေများမှ သီးခြားခွဲထုတ်နိုင်စွမ်းရှိသဖြင့် ပင်လယ်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စေသည်။

ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲမှ စိတ်ဝိညာဉ်ပစ္စည်းများထဲမှ တစ်ခု ဖြစ်ပြီး၊ ကျိုးစွေ့ ထုတ်ယူလာခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်၊ ပင်လယ်နက်ထဲရှိ ဝိညာဉ်ကြောများကို လေ့လာရန် သူသည် ပင်လယ်အောက်ခြေသို့ ငုပ်လျှိုးရန် လိုအပ်သောကြောင့် ဖြစ်သည်။

"တကယ် စတုတ္တအဆင့် ဝိညာဉ်ကြောပဲ…"

"ဒါပေမဲ့ ဒါက သာမန်အဆင့်နိမ့် စတုတ္တအဆင့် ဝိညာဉ်ကြောတစ်ခု မဟုတ်ဘူး…"

"အလယ်အလတ် ဒါမှမဟုတ် ထိပ်တန်း စတုတ္တအဆင့် ဝိညာဉ်ကြောတောင် ဖြစ်နိုင်တယ်…"

"ဒါက တကယ်ကို အခွင့်အလမ်းတစ်ခုပဲ.. ဒါပေမဲ့ တော်တော်လေးလည်း ဒုက္ခများတယ်…"

ကျိုးစွေ့ သည် သူ၏ နှလုံးသားမျက်လုံးကို အသက်သွင်းလိုက်ပြီး မမြင်နိုင်သော စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ပင်လယ်ကြမ်းပြင် တစ်ခုလုံးကို အာရုံခံလိုက်သည်။ ပင်လယ်နက်ထဲတွင် တောင်တန်းအချို့လည်း ရှိနေပြီး၊ ကျယ်ပြန့်သော ဝိညာဉ်ကြောတစ်ခုသည် ပင်လယ်အနက်ပိုင်းတွင် ပုန်းအောင်းနေသည်။

၎င်းသည် ပင်လယ်နက်ထဲတွင် ခိုအောင်းနေသော ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး၊ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်နေသည်။

တတိယအဆင့် ဝိညာဉ်ကြောတစ်ခုနှင့် ရိုးရှင်းစွာ နှိုင်းယှဉ်၍ မရနိုင်ပေ။

ဝိညာဉ်ကြောသည် ပင်လယ်အနက်ပိုင်းတွင် ပုန်းအောင်းနေပြီး ထူထဲသော အတားအဆီးတစ်ခုဖြင့် ခြားနားထားသောကြောင့် စိတ်ဝိညာဉ်စွမ်းအင် ယိုစိမ့်ထွက်လာခြင်း မရှိသလောက် ဖြစ်ရာ၊ ကျင့်ကြံသူများ ရှာမတွေ့ခြင်းမှာ ပုံမှန်ပင် ဖြစ်ချေသည်။

'ပစ္စည်းရှာဖွေကူ'၏ စွမ်းအားသာ မဟုတ်ခဲ့လျှင်၊ သူသည်လည်း ဤလျှို့ဝှက်ချက်ကို သိရှိမည် မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ နှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာသော မြေလွှာရွေ့လျားမှုများနှင့် မီးတောင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီးမှသာ ပင်လယ်နက်ထဲမှ ဝိညာဉ်ကြောများသည် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ထုတ်လွှတ်လာပြီး ကမ္ဘာလောကက သိရှိလာနိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါ အခြေအနေများ ကွာခြားသွားချေပြီ၊ ဤဝိညာဉ်ကြောကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်၏။

သဘာဝအတိုင်းပင်၊ သူသည် ဤစတုတ္တအဆင့် ဝိညာဉ်ကြောကို ဖုံးကွယ်ရန် အစီအရင်တစ်ခု တည်ဆောက်ရန် လိုအပ်သည်။ ဤနည်းဖြင့်၊ ကျင့်ကြံသူတစ်ဦး မတော်တဆ ဖြတ်သန်းသွားလျှင်ပင်၊ ဤနေရာ၌ စတုတ္တအဆင့် ဝိညာဉ်ကြော ရှိနေကြောင်း အာရုံခံနိုင်မည် မဟုတ်ပေ။

စတုတ္တအဆင့် ဝိညာဉ်ကြောအကြောင်းသာ ပေါက်ကြားသွားပါက ဖြစ်လာနိုင်သော ဒုက္ခများကို သူ ကောင်းစွာ သိရှိသည်။

သို့သော် သူ့ပါးစပ်ထဲ ရောက်နေသော အသားတုံးကို ပြန်ထွေးထုတ်ရမည် ဆိုလျှင်မူ၊ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့အပြင်၊ အရေးကြီးဆုံးမှာ အစီအရင်ကို အသုံးပြုပြီး ဖုံးကွယ်ထားသရွေ့၊ မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။

သူ ရွှေအမြုတေ၊ သို့မဟုတ် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းသောအခါတွင်မူ၊ စတုတ္တအဆင့် ဝိညာဉ်ကြော ပေါက်ကြားသွားလျှင်ပင် မည်သူမျှ ၎င်းနှင့်ပတ်သက်ပြီး ဘာမှ ပြောရဲမည် မဟုတ်ပေ။

"အရင်ဆုံး.. ဒီဝိညာဉ်ကြောရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ချိတ်ဆက်ဖို့ တတိယအဆင့် ထိပ်တန်း စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခု တည်ဆောက်ရမယ်.."

"နည်းနည်းလောက်ဆိုရင်တောင် ကျွန်းသုံးကျွန်းရဲ့ ဝိညာဉ်ကြောတွေကို တတိယအဆင့် ထိပ်တန်းအဆင့်ကို မြှင့်တင်ပေးဖို့ လုံလောက်တယ်…"

ကျိုးစွေ့ က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ အစီအရင်၏ ခင်းကျင်းပုံကို စတင် စဉ်းစားတော့သည်။

တတိယအဆင့် အထွတ်အထိပ် အစီအရင်ပညာကို ပိုင်ဆိုင်ထားသော သူ့အတွက် ဤအရာသည် ကလေးကစားစရာမျှသာ ဖြစ်သည်။

ထို့အပြင်၊ 'စာအုပ်ကူ'၏ အကူအညီ ရရှိထားသည်ကို ထည့်ပြောစရာပင် မလိုတော့ပေ။

သူသည် ဧရာမ စီမံကိန်းကြီးတစ်ခုတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာတစ်ဦးကဲ့သို့ ခံစားနေရသည်။

…

နောက်ထပ်တစ်လ ကုန်ဆုံးသွားသည်။

ဤကာလအတွင်း ကျိုးစွေ့ သည် ရေကြယ်ကျွန်းတွင် တတိယအဆင့် ထိပ်တန်း ခရမ်းမြူခိုးယင်ယန်အစီအရင်ကို တည်ဆောက်ရာ၌ အင်မော်တယ်ရှားဂိုဏ်း ကို ကူညီပေးခဲ့သည်။

မီးကြယ်ကျွန်းတွင် တန်တိန်ဂိုဏ်းအတွက် တတိယအဆင့် ထိပ်တန်း မြေကမ္ဘာမီးလျှံနဂါး အစီအရင်ကို တည်ဆောက်ရာ၌ ကူညီပေးခဲ့သည်။

တတိယအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်အဖြစ် သူ၏ ဂုဏ်သတင်းသည် အဓိက ဂိုဏ်းကြီးသုံးခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျင့်ကြံသူ အများအပြားသည် သူ့ကို စိတ်ရင်းမှန်ဖြင့် လေးစားအားကျခဲ့ကြသည်။

အချို့က သူသည် မသမာသော နည်းလမ်းများဖြင့် သူ၏ အရည်အချင်းများကို ရရှိခဲ့သည်ဟု ဆိုကြသော်လည်း၊ ငြင်းပယ်၍ မရနိုင်သော အမှန်တရားမှာ သူ၏ စွမ်းရည်ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် သစ်သားကြယ်ကျွန်းတွင် တတိယအဆင့် ထိပ်တန်း ကြည်လင်သစ်သား နတ်ဘုရားမိုးကြိုး အစီအရင်ကို တည်ဆောက်နေသည်။

ဟူးလား…။

သစ်သားကြယ်ကျွန်း၏ အမြင့်ဆုံး တောင်ထိပ်ပေါ်ရှိ ကျယ်ပြောလှသော နန်းတော်ကြီးအတွင်းတွင် ကျိုးစွေ့ သည် အစီအရင်၏ နောက်ဆုံးဆုံမှတ်ကို တပ်ဆင်လိုက်သည်။

ချက်ချင်းပင် ကြီးမားသော အစီအရင် အတားအဆီးတစ်ခုသည် မိခင်ကြယ်ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ ကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ဖုံးအုပ်သွားသည်။

တတိယအဆင့် ထိပ်တန်း စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကိုလည်း အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

ယင်းက ဤအစီအရင်တည်ရှိရာ တောင်ထိပ်ကို ဝိညာဉ်ကြော၏ အရင်းအမြစ် ဖြစ်လာစေပြီး၊ စိတ်ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး နေရာလည်း ဖြစ်လာစေသည်။

"ပြီးသွားပြီ…"

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျွန်းသုံးကျွန်းပေါ်တွင် အစီအရင်များ တည်ဆောက်ပြီးနောက်၊ အစီအရင်များအပေါ် သူ၏ နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာကြောင်း သူ ခံစားလိုက်ရသည်။ စတုတ္တအဆင့် အစီအရင်ပညာရှင် နယ်ပယ်သည် သိပ်မဝေးတော့ဟု ထင်ရသည်။

တတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်နှင့် ဒုတိယအဆင့်ကြား ကွာခြားချက်ကိုလည်း သူ နားလည်သဘောပေါက်ခဲ့သည်။

သာမန် ဒုတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်သည် ပတ်ဝန်းကျင်ရှိ သဘာဝ စိတ်ဝိညာဉ်စွမ်းအင်ကိုသာ စုစည်းနိုင်သည်။

သို့သော် ဤနည်းသည် စိတ်ဝိညာဉ်စွမ်းအင် ယိုစိမ့်မှုကို ဖြစ်စေပြီး၊ အစီအရင်အတွင်း သိပ်သည်းဆ နည်းပါးစေသည်။

တတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်မှာမူ ကွဲပြားသည်။

၎င်း ဖန်တီးလိုက်သော စွမ်းအားနယ်ပယ်ကြောင့် သဘာဝ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းပြီး အတားအဆီးအတွင်း သိမ်းဆည်းပေးသည်။

ဤနည်းဖြင့် စိတ်ဝိညာဉ်စွမ်းအင်သည် ပတ်ဝန်းကျင်သို့ လွတ်ထွက်သွားနိုင်ခြင်း မရှိပေ။

ထို့ကြောင့် တတိယအဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် စုစည်းနိုင်သော စိတ်ဝိညာဉ်စွမ်းအင် ပမာဏသည် ဒုတိယအဆင့်ထက် အဆပေါင်းများစွာ ပိုများပြီး၊ ထိရောက်မှုမှာလည်း သိသိသာသာ တိုးတက်လာသည်။

"ရောင်းရင်းကျိုး... ချင်မုဂိုဏ််အတွက် တတိယအဆင့် အစီအရင် တည်ဆောက်ပေးလို့ ကျေးဇူးတင်ပါတယ်…"

"ရှင့်ရဲ့ အကူအညီသာ မပါရင်.. ချင်မုဂိုဏ်း ဘာလုပ်ရမလဲတောင် မသိတော့ပါဘူး.."

ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယာကျူ အလွန် စိတ်လှုပ်ရှားနေသည်။

မည်သို့ပင်ဆိုစေကာမူ၊ တတိယအဆင့် အစီအရင်ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ခြင်းသည် မတန်တဆ ဈေးကြီးလှသည်။

ဝူကျိမဟာမိတ်အဖွဲ့ အတွင်း၌ပင် တတိယအဆင့် အစီအရင်ပညာရှင်တစ်ဦးကို ငှားရမ်းခြင်း ကုန်ကျစရိတ်သည် အလွန် ကြီးမားပြီး ချင်မုဂိုဏ်းကို ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။

သို့သော် ယခု ကျိုးစွေ့ သည် အခမဲ့ ကူညီပေးခဲ့သဖြင့် မရေမတွက်နိုင်သော အရင်းအမြစ်များကို ချွေတာနိုင်ခဲ့သည်။

အကယ်၍ ဤယောက်ျားသာ ချင်မုဂိုဏ်း သို့ အမှန်တကယ် ဝင်ရောက်လာပါက၊ သူတို့၏ အင်အားသည်လည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။

အကယ်၍ ဤအရာသာ အမှန်တကယ် ဖြစ်လာပါက၊ ဤယောက်ျားကို ဆွဲဆောင်ထားနိုင်မည့် နည်းလမ်းများကို သူမ စဉ်းစားသင့်ပေသည်။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းသည် ချင်မုဂိုဏ်း ဂိုဏ်းချုပ်တစ်ဦး၏ တာဝန်ပင် ဖြစ်သည်။ ဤသို့ တွေးမိရင်း လင်းယာကျူသည် နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားပြီး၊ ပါးပြင်များ နီမြန်းလာကာ သူမ၏ လှပသော မျက်လုံးများသည် ကျိုးစွေ့ ကို ချစ်ခင်မြတ်နိုးစွာ ကြည့်နေမိသည်။ သူမ၏ နှလုံးသားသည် ထိန်းချုပ်၍မရသော အချစ်များဖြင့် လျှံကျနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

"ဟမ်..."

ဤအခိုက်အတန့်တွင် ကျိုးစွေ့ သည် 'ချစ်ခြင်းမေတ္တာကူ'ထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ၏ အရှိန်အဝါနှင့် လင်းယာကျူ ၏ အရှိန်အဝါတို့သည် လုံးဝ ပေါင်းစပ်သွားသကဲ့သို့ တစ်သားတည်း ဖြစ်သွားသည်။ ယင်နှင့်ယန်ပေါင်းစပ်လိုက်၍ ခွဲ၍မရနိုင်သော ပေါင်းစပ်မှုတစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဂိုဏ်းချုပ်လင်း... ခင်ဗျားတို့ ချင်မုဂိုဏ်း အတွက် ကျွန်တော် တည်ဆောက်ပေးခဲ့တဲ့ တတိယအဆင့် အစီအရင်က အလကား ရတာတော့ မဟုတ်ဘူးနော်.." ကျိုးစွေ့ က ပြုံးစစဖြင့် ပြောလိုက်သည်။

"အလကား မဟုတ်ဘူး ဟုတ်လား… ရှင် ဘာလိုချင်လို့လဲ.." လင်းယာကျူ က စူးစမ်းစွာ မေးလိုက်သည်။

"မေးစရာတောင် လိုသေးလို့လား.. ကျုပ်လိုချင်တာက ခင်ဗျားလေ... ဂိုဏ်းချုပ်လင်း" ကျိုးစွေ့ က ပြန်ဖြေရင်း သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းရန် ရှေ့တိုးလိုက်သည်။ သူမ၏ ခန့်ညားထည်ဝါသော မျက်နှာနှင့် ဘုရင်မတစ်ပါးကဲ့သို့သော အရှိန်အဝါကို ကြည့်လိုက်ရင်း၊ သူသည် ကြီးမားသော အောင်နိုင်လိုစိတ်ကို ခံစားလိုက်ရသည်။

ဤနှစ်များကြာပြီးနောက်၊ နောက်ဆုံးတွင် ဤမြင့်မြတ်သောမိန်းမအား သူ အောင်နိုင်တော့မည် ဖြစ်သည်။

"ဘာ... ဘာ ဘာပြောလိုက်တာ.."

"ရှင် ရူးသွားပြီလား.. ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ.." လင်းယာကျူ မျက်နှာနီမြန်းသွားပြီး ထိတ်လန့်သွားသည်။

ဤအခိုက်အတန့်တွင် သူမသည် ရွှေအမြုတေ ဆရာသခင်တစ်ဦး ဖြစ်ကြောင်း မေ့သွားသကဲ့သို့ပင်။ သူမသည် ယခုအခါ အကူအညီမဲ့နေသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

"ချင်မုဂိုဏ်းက ဒီမရင်းနှီးတဲ့ နေရာကို အခုမှ ရောက်လာတာလေ.. အခြေခံ အဆောက်အအုံတွေအတွက် ဂိုဏ်းက ငွေအများကြီး သုံးဖို့ လိုအပ်နေတဲ့ အချိန်ပဲ.."

"ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့.. ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ချွေတာဖို့ ခင်ဗျား နည်းနည်း ပေးဆပ်ဖို့ ဆန္ဒရှိသင့်ပါတယ်.." ကျိုးစွေ့ က လင်းယာကျူ ကို အထက်စီးမှ ကြည့်ရင်း ပြောလိုက်သည်။

"ရှင်... လူယုတ်မာ.. ရှင်နဲ့ ကျွန်မ နှစ်ယောက်တည်း ရှိနေရအောင် တခြားတပည့်တွေ အကုန်လုံးကို ထွက်သွားခိုင်းလိုက်တာပဲကိုး.."

"ရှင် ဒါကို အစကတည်းက ကြံစည်ထားတာ မဟုတ်လား.."

"ကျွန်မ... လင်းယာကျူက ဒီအတိုင်း အလွယ်တကူ အရှုံးပေးလိုက်မယ်လို့ ရှင် ထင်နေလား" လင်းယာကျူသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မျက်နှာလှလှလေးမှာ ရဲပဒေါင်းခတ်နေချေသည်။

"ဘာလဲ မင်းက မလိုချင်လို့လား" ကျိုးစွေ့ က လက်လှမ်းလိုက်ပြီး သူမ၏ ချောမွေ့သော မေးစေ့လေးကို ညင်သာစွာ မလိုက်သည်။

"ကောင်းပြီလေ... ဂိုဏ်းရဲ့ အနာဂတ်အတွက်.. ရှင့်ရဲ့ အနိုင်ကျင့်တာကို ကျွန်မ သည်းခံလိုက်ပါ့မယ်.. တခြား ရွေးချယ်စရာမှ မရှိတာကိုး.."

"ဘာပဲဖြစ်ဖြစ်.. ကျွန်မက ဂိုဏ်းရဲ့ အနာဂတ်အတွက် ဒါကို လုပ်ရတာ.."

"ဒါပေမဲ့... ရှင် ညင်သာရမယ်နော်.."

လင်းယာကျူ၏ မျက်နှာ ရဲတွတ်သွားသည်။ သူမသည် ခုခံနိုင်စွမ်း အားလုံး ဆုံးရှုံးသွားသကဲ့သို့ အားနည်းသောအသံဖြင့် ထိုစကားများကို ရေရွတ်လိုက်သည်။

…

All Chapters