အခြေတည်နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အမြုတေဖွဲ့စည်းခြင်းအတွက် စမ်းသပ်မှု ၃ရပ်(၄)။
Vol. 19 Ch. 235
နာရီများစွာကြာပြီးနောက်...။
ကျိုးစွေ့ နှင့် လင်းယာကျူတို့သည် လင်မယားဓလေ့ထုံးတမ်းများကို ပြီးမြောက်ခဲ့ပြီး တစ်သားတည်း ဖြစ်သွားကြသည်။
[ သင်နှင့် သင်၏ချစ်သူတို့ တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြပြီ ဖြစ်သည်။ သင်တို့၏ နှလုံးသားအချင်းချင်း ပဲ့တင်ထပ်ခဲ့သည်။ 'ချစ်ခြင်းမေတ္တာကူ'သည် သင်တို့၏ နက်ရှိုင်းသော ချစ်ခြင်းကြောင့် ရှင်သန်ပွင့်လန်းလာကာ သိသာထင်ရှားသော ဆင့်ကဲပြောင်းလဲမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။ အဆင့်သုံး အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ]
[ သင်သည် ရွှေအမြုတေ နယ်ပယ်နှင့် ပတ်သက်သော ကျင့်ကြံမှု အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။ ]
[ သင်၏ စိတ်ဝိညာဉ်အမြစ် ပါရမီသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ တစ်ဖက်လူ၏ ယင်စွမ်းအင်ကို ရရှိခဲ့ပြီး၊ သင်၏ ကျင့်ကြံမှုကို အခြေတည် နှောင်းပိုင်းအဆင့်အထိ မြှင့်တင်ပေးလိုက်နိုင်ခဲ့သည်။ ]
ချက်ချင်းဆိုသလိုပင် သတင်းစကား အစီအရီသည် ကျိုးစွေ့ ၏ သိစိတ်ပင်လယ် အနက်ပိုင်းမှ ပေါ်ထွက်လာသည်။ ဤသည်မှာ သူ၏ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များပင် ဖြစ်ချေသည်။
သူသည်လည်း တိတ်တဆိတ် အံ့အားသင့်နေမိသည်။ လင်းယာကျူ နှင့် ဤပုံစံမျိုးဖြင့် ပေါင်းစည်းမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ၊ 'ချစ်ခြင်းမေတ္တာကူ'သည် လင်းယာကျူ၏ ကိုယ်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် သိသာထင်ရှားသော လှုပ်ရှားမှုများ မရှိခဲ့ပေ။ အကြောင်းမှာ 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားကို လင်းယာကျူ၏ ခိုင်မာသော တာအိုနှလုံးသားက ဖိနှိပ်ထားခဲ့သောကြောင့် ဖြစ်သည်။
သို့သော်၊ ၎င်းသည် ဖိနှိပ်ထားခြင်းသာ ဖြစ်ပြီး ဖယ်ရှားပစ်လိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် ဖိနှိပ်ထားလေလေ၊ ပေါက်ကွဲထွက်လာသည့်အခါ ပိုမို ပြင်းထန်လေ ဖြစ်သည်။
ယခု သူတို့ ဘေးကင်းလုံခြုံသော နေအိမ်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သဖြင့်၊ သူမ ဆက်လက်၍ ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ပေ။ သဘာဝအတိုင်းပင်၊ လင်းယာကျူ ၏ နှစ်ပေါင်း သုံးရာကြာ ယင်အနှစ်သာရ ကျင့်ကြံမှုမှ သူ ရရှိလိုက်သော အကျိုးကျေးဇူးများမှာ ပြောစရာပင် မလိုတော့ပေ။
မူလက သူ၏ ကျင့်ကြံမှုသည် အခြေတည် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အခြေတည်အဆင့်နှောင်းပိုင်းသို့ ဖောက်ထွက်ရန်အတွက် အနည်းဆုံး ဆယ်နှစ်ခန့် ကျင့်ကြံမှသာ ဤအတားအဆီးကို ကျော်ဖြတ်နိုင်ဖွယ် ရှိသည်။
သို့သော် ယခုအခါ၊ ကြီးမားသော ယင်စွမ်းအင်လှိုင်းလုံးကြီးကို ရရှိလိုက်သောအခါ သူ၏ အခြေတည်အဆင့် အတားအဆီးသည် ချက်ချင်းပင် ကြေမွသွားသည်။
အရာအားလုံးသည် မည်သည့် အဟန့်အတားမျှ မရှိ၊ အားစိုက်ထုတ်စရာ မလိုဘဲ နေရာတကျ ဖြစ်သွားသကဲ့သို့ပင်။
"ဒါ အခြေတည်အဆင့် နှောင်းပိုင်း နယ်ပယ်လား…"
ကျိုးစွေ့ သည် သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ ဒန်တျန် ချီပင်လယ်အတွင်းမှ အခြေအနေကို အာရုံခံလိုက်သည်။
အခြေတည်အဆင့် နှောင်းပိုင်းသို့ တက်လှမ်းသွားပြီ ဖြစ်ရာ၊ သူ၏ ဒန်တျန် ချီပင်လယ်သည် ထပ်မံ ကျယ်ပြန့်လာပြီး၊ နက်ရှိုင်းသော ရေကန်ငယ်လေးတစ်ခုမှ ရေကန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နက်မှောင်သော ရွှေရောင် မှော်စွမ်းအားအရည် အမြောက်အမြားဖြင့် ပြည့်နှက်နေသည်။
နက်မှောင်သော ရွှေရောင် မှော်စွမ်းအားအရည် အစက်ပေါင်း ငါးရာခန့် ရှိပြီး၊ တစ်စက်စီတွင် ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ မှော်စွမ်းအားသည် နှစ်ဆကျော် တိုးလာခဲ့သည်။
အခြေတည်အဆင့် နှောင်းပိုင်းသို့ တက်လှမ်းခြင်း၏ အကျိုးကျေးဇူးများ မည်မျှ ကြီးမားကြောင်း ရှင်းလင်းနေသည်။
ဘုန်း…။
ဤအခိုက်အတန့်တွင် သူသည် ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများကို လှည့်ပတ်လိုက်ရာ မှော်စွမ်းအားအရည် အစက်ပေါင်း ငါးရာအပြည့်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် မြစ်တစ်စင်းသဖွယ် စီးဆင်းနေပြီး၊ ခန္ဓာကိုယ် အနှံ့ အဆက်မပြတ် လှည့်ပတ်နေသည်။
သူ၏ ခန္ဓာကိုယ်အတွင်း မှော်စွမ်းအားများ လှိုင်းထနေသည် သူ ခံစားလိုက်ရသည်။ ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှု တစ်ခုကပင် ကြောက်မက်ဖွယ် ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပုံရသည်။
"ဒါက သောက်ရမ်းကြမ်းလွန်းတယ်.. အခြေတည်အဆင့် နှောင်းပိုင်းရှိ သာမန် ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ ဒန်တျန် ချီပင်လယ်ထဲမှာ မှော်စွမ်းအားအရည် (၃၆၅)စက်လောက်ပဲ သိုလှောင်နိုင်တာ.. ဒါက သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကန့်သတ်ချက်ပဲ.."
"အဲ့ဒီ မှော်စွမ်းအား ပမာဏက ရွှေအမြုတေ စုစည်းဖို့အတွက် လုံလောက်တာထက်တောင် ပိုနေပြီ.."
"ဒါပေမဲ့ အခု ငါ့ရဲ့ ဒန်တျန် ချီပင်လယ်က မှော်စွမ်းအားအရည် အစက်(၅၀၀)အထိ သိုလှောင်နိုင်နေပြီ.. ပြီးတော့ ဒါက ကန့်သတ်ချက် မဟုတ်သေးဘူး..”
"ငါသာ အခြေတည်အဆင့် ပြီးပြည့်စုံတဲ့အထိ ဆက်ကျင့်ကြံရင်… မှော်စွမ်းအားအရည် အစက်(၁၀၀၀)လောက်အထိ တိုးလာနိုင်လောက်တယ်.."
"မှော်စွမ်းအား စုစုပေါင်းပမာဏ တစ်ခုတည်းနဲ့တင် ငါက တခြား အခြေတည်အဆင့် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ သာလွန်နေပြီ.."
"ဒါ ကူနတ်ဘုရားကျင့်စဉ်ရဲ့ စွမ်းအားလား… တခြား ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ယှဉ်ရင် ဒါက တကယ် အများကြီး ပိုသန်မာတာပဲ…"
"အစကတည်းက ကွာခြားချက်က အရမ်းကြီးမားနေပြီ.. နှိုင်းယှဉ်လို့တောင် မရဘူး.."
ကျိုးစွေ့ အံ့အားသင့်သွားပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒန်တျန် ချီပင်လယ် အခြေအနေကို အာရုံခံနေမိသည်။
သူသည် အဓိက ဂိုဏ်းကြီးသုံးခု၏ ကျင့်ကြံခြင်း နည်းစနစ်များ အပါအဝင် အမြုတေ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများစွာကို ရရှိထားသည်။
ထို့ကြောင့် အခြား အခြေတည်အဆင့် ကျင့်ကြံသူများအတွက် အမြုတေ ဖွဲ့စည်းခြင်းကာလတွင် မည်သို့ ဖြစ်ပျက်တတ်သည်ကို သူ သဘာဝကျကျ သိရှိနေသည်။
သူ့အနေဖြင့် သူ၏ အမြုတေကို မည်သို့ ဖွဲ့စည်းရမည်ကိုလည်း သူ အလွန် ရှင်းလင်းစွာ သိထားသည်။
"အမြုတေ ဖွဲ့စည်းခြင်းက အခြေတည်အဆင့် တည်ဆောက်တာနဲ့ ဆင်တူတယ်.. စမ်းသပ်မှု သုံးခုကို ဖြတ်ကျော်ဖို့ လိုအပ်တယ်.."
"ပထမ စမ်းသပ်မှုက မှော်စွမ်းအားစမ်းသပ်မှုပဲ.. မှော်စွမ်းအားက လုံလောက်အောင် မသန့်စင်ဘူးဆိုရင်.. အမြုတေ မဖွဲ့စည်းနိုင်ဘူး.. ဖွဲ့စည်းနိုင်ရင်တောင်မှ အညစ်အကြေးတွေ များလွန်းလို့ အမြုတေက ပျက်စီးသွားလိမ့်မယ်…"
"ဒါပေမဲ့ အခြေခံအားဖြင့် အခြေတည်အဆင့် ကျင့်ကြံသူ ၉၉ရာခိုင်နှုန်းက ဒီပြဿနာကို ကြုံတွေ့ရတတ်တယ်… ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ဘာသာကိုယ် အခြေတည်တာ မဟုတ်ဘဲ အခြေတည်ဆေးလုံးကို သုံးပြီး တည်ဆောက်ခဲ့ကြလို့ပဲ.. ဒါကြောင့် သူတို့ရဲ့ မှော်စွမ်းအားက သဘာဝအတိုင်း လုံလောက်အောင် မသန့်စင်ကြဘူး.."
"ဒါပေါ့.. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်.. အဲ့ဒါကတော့ ကူညီပေးနိုင်မယ့် အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းကို ရှာဖွေဖို့ပဲ… အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေက အခြေတည်အဆင့် ကျင့်ကြံသူတွေကို သူတို့ရဲ့ မှော်စွမ်းအားကို သန့်စင်စေပြီး အညစ်အကြေး ကင်းစင်စေဖို့ ကူညီပေးနိုင်တယ်…"
"အတိတ်တုန်းက လန်ယွဲ့ရှီရဲ့ အခြေအနေက ဒီလိုမျိုးပဲ.. သူမက အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းဖြစ်တဲ့ ရေခဲမီးစိတ်ဝိညာဉ်ရည်ကို ရရှိခဲ့ပြီး.. အဲ့ဒါက သူမရဲ့ အတွင်းမှော်စွမ်းအားကို သန့်စင်စေပြီး အညစ်အကြေး ကင်းစင်သွားစေခဲ့တယ်.. ဒါကြောင့် သူမရဲ့ အမြုတေ ဖွဲ့စည်းခြင်း အောင်မြင်မှုနှုန်းက ၃၀ရာခိုင်နှုန်း တိုးလာခဲ့တာပဲ.."
"ဒုတိယ စမ်းသပ်မှုက နတ်ဘုရားအာရုံ စမ်းသပ်မှုပဲ.. ဒီစမ်းသပ်မှုကလည်း အရမ်း အရေးကြီးတယ်.. ဘာလို့လဲဆိုတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက် အောင်မြင်တဲ့ အမြုတေဖွဲ့စည်းခြင်းဟာ နတ်ဘုရားအာရုံစွမ်းအား မရှိမဖြစ် လိုအပ်လို့ပဲ.. တကယ်လို့ လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံက လုံလောက်အောင် မသန်မာဘူးဆိုရင်.. သူတို့က မှော်စွမ်းအားအရည်တွေကို အမြုတေအဖြစ် ဖိသိပ်နိုင်မှာ မဟုတ်ဘူး…"
"တတိယ စမ်းသပ်မှုက ချီနဲ့သွေးစမ်းသပ်မှု.. ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံစမ်းသပ်မှုလို့လည်း ခေါ်တယ်.. တကယ်လို့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အိုမင်းပြီး အားနည်းနေမယ်.. ဒါမှမဟုတ် ဒဏ်ရာတွေ ရှိနေမယ်ဆိုရင်.. ဒါက အမြုတေ ဖွဲ့စည်းခြင်းကျရှုံးမှုဆီကို အလွယ်တကူ ဦးတည်သွားစေနိုင်တယ်…"
"ဘာလို့လဲဆိုတော့ အမြုတေ ဖွဲ့စည်းခြင်းရဲ့ မှော်စွမ်းအားက တော်တော် အစွမ်းထက်လို့ပဲ… သွေးကြောတွေထဲမှာ လှည့်ပတ်နေတဲ့အခါ.. ခန္ဓာကိုယ်က အမြုတေ ဖွဲ့စည်းခြင်းရဲ့ မှော်စွမ်းအားစီးဆင်းမှုကို ခံနိုင်ရည်ရှိအောင် မသန်မာဘူးဆိုရင်.. သွေးကြောတွေ ပေါက်ပြဲပြီး ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးသွားလိမ့်မယ်…"
"ဒီစမ်းသပ်မှု သုံးခုက အခြေတည်အဆင့် ကျင့်ကြံသူတွေအတွက် အရမ်း အရေးကြီးတယ်.."
"စမ်းသပ်မှု တစ်ခုတည်း ကျရှုံးရင်တောင်မှ.. အမြုတေ ဖွဲ့စည်းခြင်း ကျရှုံးပြီး သေခြင်းတရားဆီ ဦးတည်သွားနိုင်တယ်.."
ကျိုးစွေ့ က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ ယခင်က သူ ရရှိခဲ့သော အမြုတေ ဖွဲ့စည်းခြင်း အတွေ့အကြုံများကို ပြန်ပြောင်း အောက်မေ့လိုက်သည်။
ဤအတွေ့အကြုံများသည် အဓိက ဂိုဏ်းကြီးသုံးခုမှ မျိုးဆက်အလိုက် အခြေတည်အဆင့် ကျင့်ကြံသူများ ချန်ထားခဲ့သော အရာများ ဖြစ်ပြီး၊ ၎င်းတို့၏ တန်ဖိုးမှာ ပြောစရာပင် မလိုတော့ပေ။
ဤသည်မှာ ရွှေအမြုတေအင်အားစု၏ အားသာချက်ပင် ဖြစ်၏။
မျိုးဆက်အလိုက် ကျင့်ကြံသူများ ချန်ထားခဲ့သော အတွေ့အကြုံများသည် မျိုးဆက်သစ်များအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးပြီး၊ သူတို့ကို အမှားဟောင်းများ ထပ်မံ မကျူးလွန်မိစေရန် ကူညီပေးသည်။ အကျိုးကျေးဇူးများမှာ ထင်ရှားနေသည်။
ယခု သူသည် အဓိက ဂိုဏ်းကြီးသုံးခုမှ နှစ်ပေါင်း တစ်ထောင်နီးပါးကြာ စုဆောင်းခဲ့သော ကျင့်ကြံခြင်း အတွေ့အကြုံများကို ဆက်ခံထားရပြီး၊ ဘီလူးကြီးများ၏ ပခုံးပေါ်တွင် ရပ်တည်နေသကဲ့သို့ ဖြစ်နေသည်။
"ထင်ရှားတာက.. ကျင့်ကြံသူတစ်ယောက်အတွက် အမြုတေ ဖွဲ့စည်းခြင်းက အခြေတည်အဆင့်ထက် ပို အန္တရာယ်များတယ်…"
"ဒါက တစ်လမ်းသွား လမ်းမကြီးပဲ.."
"တစ်ခါ ကျရှုံးတာနဲ့ မှော်စွမ်းအားတွေ ပရမ်းပတာ ဖြစ်ကုန်ပြီး ပေါက်ကွဲ သေဆုံးသွားမှာပဲ.. နောက်ပြန်လှည့်လို့ မရနိုင်သလောက်ပဲ…"
"ရှားပါးတဲ့ ခန္ဓာကိုယ်ကာကွယ်ရေး ဆေးလုံးတွေသာ မရှိရင်.. ဒါက သေချာပေါက် သေလမ်းပဲ.."
"ဒါပေမဲ့ ငါ့အတွက်တော့ ဒါတွေက ပြဿနာ မဟုတ်ဘူး.."
"ဘာလို့လဲဆိုတော့ ငါက ကိုယ့်ဘာသာကိုယ် အခြေတည်ခဲ့တာ.. ငါ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားမှာ အညစ်အကြေး လုံးဝ မရှိဘဲ အရမ်းကို သန့်စင်နေတယ်.."
"နတ်ဘုရားအာရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအတွက်ကတော့ ပြောစရာတောင် မလိုတော့ဘူး.."
"ငါက ရွှေအမြုတေ နယ်ပယ်ကို မရောက်သေးပေမယ့်.. ရွှေအမြုတေကျင့်ကြံသူ အများစုထက် သန်မာနေပြီ…"
"တစ်နည်းပြောရရင်.. ငါ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားသာ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်သွားရင်.. သဘာဝအတိုင်း ကိုယ့်ဘာသာကိုယ် အမြုတေ ဖွဲ့စည်းနိုင်တယ်…"
ကျိုးစွေ့ ၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။
အခြား အခြေတည်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူ၏ လက်ရှိ အခြေအနေသည် အလွန် သာလွန်နေသည်။
သူသည် မိမိဘာသာ အခြေတည်ရန် ရွေးချယ်ခဲ့သည့်အတွက်လည်း အလွန် ကျေးဇူးတင်မိသည်။ ဤနည်းအားဖြင့် အရင်းအမြစ် မည်မျှ ချွေတာနိုင်ခဲ့သည်ကို သူ မသိတော့ပေ။
အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းများ မပါဘဲနှင့်ပင် သူ အမြုတေ ဖွဲ့စည်းခြင်းတွင် အောင်မြင်နိုင်သေးသည်။
အခြားသူများသည် စွန့်စားရမည် ဖြစ်သောကြောင့် သူတို့၏ အသက်ရှင်နိုင်ခြေ နည်းပါးသည်။
သို့သော် သူ့အတွက်မူ ထိုကဲ့သို့သော စိုးရိမ်စရာ မရှိပေ။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ရှေ့သို့ ရောက်နေသည်ဟု ဆိုနိုင်သည်။
အရည်အသွေးမြင့် အခြေတည်ဆေးလုံးကို မသောက်ဘဲ မိမိဘာသာ အခြေတည်ရန် သူ၏ ရွေးချယ်မှုသည် မှန်ကန်ခဲ့သည်။
သို့သော်၊ ကံတရား သို့မဟုတ် ပါရမီ မရှိသူများအတွက်မူ အခြေတည်ဆေးလုံးကို သောက်သုံးခြင်းက ပိုကောင်းပေလိမ့်မည်၊ အနည်းဆုံးတော့ ပို၍ စိတ်ချရသည်။