ဂိုဏ်းချုပ်လင်း.. ခင်ဗျား ဒါကို ချင်မုဂိုဏ်းကလူတွေ မသိစေချင်ဘူး မဟုတ်လား(၁)။
Vol. 19 Ch. 236
"တကယ်ပဲ... အခြေတည်အဆင့် နှောင်းပိုင်း နယ်ပယ်ကို တက်လှမ်းပြီးတဲ့နောက်.. ငါ့ရဲ့ နတ်ဘုရားအာရုံက အများကြီး တိုးတက်လာတယ်…"
"အခု ငါ့ရဲ့ နတ်ဘုရားအာရုံက ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်လို့ရနေပြီ.."
ကျိုးစွေ့၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။
မူလက သူ၏ နတ်ဘုရားအာရုံသည် ပေရှစ်ရာ အကွာအဝေးကိုသာ လွှမ်းခြုံနိုင်ခဲ့သည်။ သို့သော် ယခု အခြေတည်အဆင့် နှောင်းပိုင်း နယ်ပယ်သို့ တက်လှမ်းပြီးနောက်၊ ၎င်းသည် ပေနှစ်ထောင်အထိ တိုးလာခဲ့သည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုမှာ အမှန်တကယ်ပင် ကြီးမားလှသည်။
လူတစ်ယောက်၏ နတ်ဘုရားအာရုံ သည် ရှေ့သို့ ရောက်လေလေ၊ တိုးတက်အောင် ပြုလုပ်ရန် ပိုမို ခက်ခဲလေ ဖြစ်သည်ကို သိထားရပေမည်။ အနည်းငယ် တိုးတက်ဖို့ပင် အလွန်တရာ ခက်ခဲလှသည်။
သူ့ကဲ့သို့ အစွမ်းထက်သော နတ်ဘုရားအာရုံ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးကို ပါရမီရှင်များကြားတွင်ပင် ရှာတွေ့ရန် ခက်ခဲသည်။
မှန်ပေသည်၊ သူ၏ နတ်ဘုရားအာရုံ တိုးတက်လာသည်နှင့်အမျှ၊ သူ၏ နှလုံးသားမျက်လုံး စွမ်းအားသည်လည်း ကြီးမားစွာ ကျယ်ပြန့်လာသည်။ ယခု သူ၏ နှလုံးသားမျက်လုံးသည် ပေ နှစ်သောင်းကျော် အကွာအဝေးကို လွှမ်းခြုံနိုင်သည်။
ရှာဖွေနိုင်စွမ်း အတိုင်းအတာ တစ်ခုတည်းကိုသာ နှိုင်းယှဉ်မည် ဆိုလျှင်၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့ကို ကျော်တက်ရန် ခက်ခဲပေလိမ့်မည်။
ဘုန်း..။
ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားမျက်လုံးစွမ်းအား ပျံ့နှံ့သွားပြီး ပေနှစ်သောင်း အချင်းဝက်ကို လွှမ်းခြုံသွားသည်။ ချင်မုဂိုဏ်းမှ ကျင့်ကြံသူအားလုံး သူ၏ အာရုံခံနိုင်စွမ်း အတွင်းသို့ ရောက်ရှိနေကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းသည် သူ၏ မျက်စိရှေ့တွင် အသေးစိတ် ပေါ်လွင်နေသည်။
သူသည် အရာခပ်သိမ်းကို ထွင်းဖောက်မြင်နိုင်သော နတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်ထားသကဲ့သို့ပင် ဖြစ်နေချေသည်။ များပြားလှသော ကျင့်ကြံသူများသည်လည်း နှလုံးသားမျက်လုံး ၏ စူးစမ်းမှုကို အာရုံမခံနိုင်ကြပေ။
"ဟုတ်ပြီ... အချက်အလက်ပြ မျက်နှာပြင်က အချက်အလက်တွေ ဘယ်လိုနေလဲ ကြည့်ရအောင်.."
ကျိုးစွေ့က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး အချက်အလက်ပြ မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ အချက်အလက်ပြ မျက်နှာပြင်ကသာ သူ၏ ကျင့်ကြံမှု မည်မျှ တိုးတက်လာသည်ကို အသေးစိတ်လေ့လာနိုင်ခွင့် ပေးနိုင်ပေသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - အခြေတည်အဆင့် နှောင်းပိုင်း (တိုးတက်မှု ၁၀%)၊ သက်တမ်း - ၄၀ (နှစ် ၂၀၀၀) ]
[ ပင်ကိုပါရမီ - ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် (၁၁%) ]
[ ဓားသိုင်းပညာ - ဒုတိယအဆင့် အထွတ်အထိပ်အဆင့် (၇၀%) ]
[ အဆောင်ပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၇၀%) ]
[ အစီအရင်ပညာ - တတိယအဆင့် အထွတ်အထိပ်အဆင့် (၇၀%) ]
[ ဆေးဖော်စပ်ပညာ - ဒုတိယအဆင့် အထွတ်အထိပ်အဆင့် (၉၉%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၁၀%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၅%) ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး အမြင်၊ နှလုံးသားမျက်လုံး ဘာသာစကား (၆၀%) ]
[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့် (၉၉%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘အရက်ကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်နှစ် အထွတ်အထိပ်အဆင့်။ ]
"တိုးတက်မှု ၁၀% တောင် ရောက်နေပြီလား…"
"ရွှေအမြုတေ နှောင်းပိုင်းအဆင့် အမျိုးသမီး ကျင့်ကြံသူဆီက ရတဲ့ ယင်စွမ်းအင်ရဲ့ အကျိုးသက်ရောက်မှုက တကယ် သိသာတာပဲ.."
"ဒါ့အပြင်... ခန္ဓာကိုယ်ထဲမှာ မချေဖျက်ရသေးတဲ့ ယင်အနှစ်သာရ အများကြီး ကျန်နေသေးတယ်…"
"အဲ့ဒါကို မှော်စွမ်းအားအဖြစ် အပြည့်အဝ ပြောင်းလဲလိုက်ရင်… ကျင့်ကြံမှု တိုးတက်ခြင်း မရှိရင်တောင် အခြေတည်အဆင့် ပြီးပြည့်စုံမှုနဲ့ သိပ်မဝေးတော့ဘူး.."
ကျိုးစွေ့ အတော်လေး ကျေနပ်သွားသည်။
ထင်ရှားသည်မှာ၊ ဤတူနှစ်ကိုယ်ကျင့်ကြံခြင်းသည် သူ့အား ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးခဲ့သည်။
အမှန်အတိုင်းဆိုရလျှင်၊ ပုံမှန်အခြေအနေများအောက်တွင် နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ် မရှိဘဲ အခြေတည်အဆင့် နှောင်းပိုင်း နယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ပထမအဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော လန်ယွဲ့ရှီပင်လျှင် အသက်ရှစ်ဆယ် အရွယ်မှသာ အခြေတည်အဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိခဲ့သည်။ သို့သော် ယခု သူသည် အသက်လေးဆယ် အရွယ်တွင် အခြေတည်အဆင့် နှောင်းပိုင်း နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အခြေတည်အဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိရန်မှာ အလှမ်းဝေးသော အိပ်မက်တစ်ခု မဟုတ်တော့ပေ။
အမှန်တကယ်ပင် ရွှေအမြုတေ တာအိုလက်တွဲဖော်နှစ်ဦး၏ အကူအညီ မပါဘဲ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ပေ။
သူသည် တာအိုလက်တွဲဖော်များကို အားကိုးနေရဆဲဖြစ်သည်။ သို့မဟုတ်ပါက သူ၏ စိတ်ဝိညာဉ်အမြစ်ပါရမီဖြင့် ဤအရာကို ဘယ်သောအခါမှ အောင်မြင်နိုင်မည်နည်း။
"ဒါပေမဲ့ ငါ့သက်တမ်းက နှစ် နှစ်ထောင်အထိ တိုးလာခဲ့တယ်.."
"အရင်ကနဲ့ ယှဉ်ရင် ငါ့သက်တမ်းက နှစ်လေးရာတိတိ တိုးလာခဲ့တာပဲ…"
"နယ်ပယ်အသေး တစ်ခု တိုးတက်တာနဲ့တင် သက်တမ်း တိုးနိုင်တယ်ပေါ့.."
ကျိုးစွေ့ ဝမ်းသာသွားသည်။
မည်သို့ပင်ဆိုစေကာမူ၊ ကျင့်ကြံသူများသည် သက်တမ်း ရှည်စေရန်၊ အင်မော်တယ် ဖြစ်လာရန် အတွက် ကျင့်ကြံကြသည် မဟုတ်ပါလော။
ယခု အခြေတည်အဆင့် မျှသာ ရှိသေးသော်လည်း သက်တမ်း နှစ် နှစ်ထောင် ရှိနေပြီ ဖြစ်ရာ၊ အခြား ကျင့်ကြံသူများ သိသွားလျှင် မည်မျှ အံ့ဩသွားကြမည်ကို သူ စိတ်ကူးပင် မယဉ်ရဲပေ။
၎င်းသည် အလွန် ထူးကဲလွန်းသည်။ ရှေးဟောင်း ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများပင်လျှင် နှစ်တစ်ထောင်ခန့်သာ နေထိုင်ကြသည်။ သူ၏ သက်တမ်း မည်မျှ အံ့ဩဖွယ် ကောင်းသည်ကို စိတ်ကူးကြည့်ရန် လွယ်ကူပေသည်။
"ကူပိုးကောင်တွေရဲ့ ကျင့်ကြံမှု အဆင့်တွေလည်း မြင့်တက်လာတာလား.. မဆိုးဘူး.. မဆိုးဘူး"
ကျိုးစွေ့ သည် သူ၏ ခန္ဓာကိုယ်ထဲမှ ကူပိုးကောင် (၁၁)ကောင်လုံး သိသာထင်ရှားသော တိုးတက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ အနည်းဆုံး အဆင့်သေး တစ်ဆင့်စီ တက်လှမ်းခဲ့ကြသဖြင့် ၎င်းတို့၏ စွမ်းရည်များလည်း တိုးတက်လာကြောင်း အာရုံခံမိလိုက်သည်။
သူ၏ ကျင့်ကြံမှု မြင့်တက်လာခြင်းသည် ကူပိုးကောင် တစ်ကောင်ချင်းစီ၏ စွမ်းအား တိုးပွားမှုကိုလည်း ဖြစ်စေခဲ့သည်။ ဤအခိုက်အတန့်တွင် ၎င်းတို့ အားလုံးသည် ကြီးမားသော မှော်စွမ်းအားများကို သိုလှောင်ထားကြပြီး၊ တစ်ကောင်ချင်းစီသည် သူ၏ ဒန်တျန် ချီပင်လယ်နှင့် ညီမျှသည်။
ဤတစ်ကြိမ်သည် ဘက်စုံ တိုးတက်မှုကြီး ဖြစ်သည်ဟု ဆိုနိုင်ပြီး၊ သူ၏ ခွန်အားသည် အံ့မခန်း တိုးတက်လာခဲ့သည်။
"အမ်..."
ဤအခိုက်အတန့်တွင် လင်းယာကျူ ဖြည်းညှင်းစွာ နိုးထလာသည်။ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပြီး၊ ထို့နောက် ကျိုးစွေ့ ကို ကြည့်လိုက်ရာ သူမ မျက်နှာ ရဲတွတ်သွားသည်။ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူမ သိရှိကြောင်း ထင်ရှားသည်။
ထင်ရှားသည်မှာ၊ ဤယောက်ျားသည် သူမအပေါ် အခွင့်အရေး ယူခဲ့ပြီ ဖြစ်သည်။
အမှန်တကယ် သူမသည် နှစ်ပေါင်း သုံးရာကျော်ကြာအောင် အပျိုစင် ဘဝဖြင့် နေထိုင်ခဲ့သော်လည်း၊ နောက်ဆုံးတွင် ဤယောက်ျား၏ လက်ထဲသို့ ကျရောက်သွားခဲ့ရသည်။ ထို့အပြင်၊ သူမသည် အသက် သုံးရာကျော်နေပြီဖြစ်ရာ၊ သေမျိုးကမ္ဘာမှာသာဆိုလျှင် သူမသည် သူ၏ ဘေးအဖွားအရွယ် ဖြစ်လောက်ပြီ ဖြစ်၏။
မှန်ပေသည်၊ ကျင့်ကြံခြင်းလောကတွင်မူ အသက်အရွယ်သည် ပြဿနာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများသည် သေမျိုးများ၏ကန့်သတ်ချက်ကို ကျော်လွန်သွားကြပြီ ဖြစ်သည်။
သူမသာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပါက၊ သူမ၏ လက်ရှိ အသက်အရွယ်သည် သေမျိုးကမ္ဘာမှ အသက် ၂၀၊ ၃၀ အရွယ် အမျိုးသမီးတစ်ယောက်နှင့်သာ ညီမျှပြီး၊ ဘဝ၏အကောင်းဆုံး အရွယ်ဟုပင် သတ်မှတ်၍ ရသေးပေသည်။
"ဂိုဏ်းချုပ်လင်း... ခုနက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ခင်ဗျားရဲ့ ဂိုဏ်းသား တပည့်တွေကို သိစေချင်မယ် မထင်ဘူးနော်.. ဟုတ်တယ်မလား.."
ကျိုးစွေ့က လင်းယာကျူ၏ ချောမွေ့သော မေးစေ့လေးကို ညင်သာစွာ ကိုင်လိုက်ပြီး၊ နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်။
"လူယုတ်မာရီး.... ငါ့ကို ဒီလို ခြိမ်းခြောက်ရဲတယ်ပေါ့.."
"ရှင် တကယ် ဘာလုပ်ဖို့ ကြံနေတာလဲ.."
လင်းယာကျူ တုန်ရီနေပြီး မမေးဘဲ မနေနိုင်တော့ပေ။
"ဘာဖြစ်နိုင်ဦးမှာလဲ.. မေးနေစရာလိုသေးလား... ကျုပ် ခင်ဗျားကို လိုချင်တာပေါ့.."
"အနာဂတ်မှာ... ခင်ဗျား ကျွန်တော့်စကားကို နာခံရမယ်.. ကျွန်တော် အရှေ့ဆိုရင် ခင်ဗျား အနောက်ကို သွားလို့ မရဘူး.."
"ကျွန်တော် ပျံသန်းဆိုရင် ခင်ဗျား လမ်းလျှောက်လို့ မရဘူး.."
ကျိုးစွေ့က လွှမ်းမိုးသော အရှိန်အဝါဖြင့် ပြောလိုက်သည်။
သူ၏ အတွင်းစိတ်အနက်ထဲတွင် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ 'ချစ်ခြင်းမေတ္တာကူ'မှ ပေးပို့သော သတင်းအချက်အလက်များအရ၊ သူ ပိုပြီး လွှမ်းမိုးလေလေ၊ လင်းယာကျူ သူ့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားမည်ကို မတားဆီးနိုင်လေလေ ဖြစ်နေပုံရသည်။
ဤအမျိုးသမီး၏ စိတ်နှလုံးသည် အနိုင်ကျင့်ခံရခြင်းကို နှစ်သက်သူ ဖြစ်သည်ဟုသာ ဆိုရပေမည်။
"အင်း... ကျွန်မ နားလည်ပါပြီ.."
"အနာဂတ်မှာ... ရှင် ဒီကိစ္စကို လျှို့ဝှက်ထားပေးသရွေ့ ရှင့်အမိန့်တွေကို ကျွန်မ နာခံပါ့မယ်.."
"ရှင် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးသရွေ့... ရှင် ခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပါ့မယ်.."
ဤစကားများကို ကြားလိုက်ရသောအခါ လင်းယာကျူ၏ မျက်နှာ ရဲရဲနီသွားပြီး၊ သူမ၏ မျက်လုံးများထဲတွင် စွဲလမ်းနေသော အမူအရာတစ်ခုကို တွေ့မြင်နိုင်သည်။
ဤယောက်ျားက အရမ်း ဆိုးသွမ်းလွန်းသည်။ သူ့တွင် တာအိုလက်တွဲဖော် ငါးယောက် ရှိနေပြီးဖြစ်သော်လည်း သူမကို ရိသဲ့သဲ့ လုပ်နေသေးသည်။ သူသည် အမှန်တကယ် ယုတ်မာပြီး အရှက်မရှိသူ ဖြစ်သည်ဟု သူမ ထင်မြင်မိသည်။
ဤလူအား လက်ခံလိုက်ရခြင်းသည် သူမတွင် ရိုးရှင်းစွာဖြင့် ရွေးချယ်စရာမလို၍သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ယခု သူသည် သူမ၏ အားနည်းချက်ကို ကိုင်ထားသည် မဟုတ်ပါလား။ သူမသာ မလိုက်လျောခဲ့ပါက၊ သူမ၏လျှို့ဝှက်ချက် ပေါက်ကြားသွားပေမည်။
တပည့်အားလုံး၏ ရှေ့မှောက်တွင် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာများ အကုန် ဆုံးရှုံးသွားရပေမည်။ ထို့ကြောင့် သူမသည် ဤယောက်ျားအား နာခံအရှုံးပေးရုံသာ ရှိတော့သည် မဟုတ်ပါလော။
"ကောင်းတယ်... ရှင်းလင်းရေး လုပ်လိုက်တော့.."
"ငါတို့ ဒီမှာ အချိန်ဖြုန်းတာ ကြာနေပြီ.."
"ချင်မုဂိုဏ်းက တပည့်တွေ မသိအောင် သေချာ လုပ်ရမယ်…"
ကျိုးစွေ့က သူမ၏ လိုက်လျောမှုကို ကျေနပ်သွားပြီး လင်းယာကျူကို အမိန့်ပေးလိုက်သည်။