← Chapters

လက်တွဲဖော်၊ S အဆင့် မြေဆီလွှာ 

Vol. 2 Ch. 19

လက်တွဲဖော်၊ S အဆင့် မြေဆီလွှာ 

Vol. 2 Ch. 19

ထိုအမျိုးသမီးသည် သူမ၏မျက်လုံးများကို လှန်လိုက်ပြီး ယခင်က သူသောက်ပြီးသားရေသန့်ဘူးကိုထုတ်လိုက်သည်။

လီယုသည် ထိုရေသန့်ဗူးကိုမြင်လိုက်သည်နှင့် ချက်ချင်းလုယူကာ အဖုံးဖွင့်ပြီး အကုန်သောက်ပစ်လိုက်လေသည်။

“ဟေး ရှင် ကျွန်မအတွက်ချန်ထား...”

ထိုအမျိုးသမီး၏ စကားမဆုံးခင်မှာပင် လီယုက အကုန်သောက်ပြီးသွားပြီဖြစ်သည်။

“ဟစ်”

လီယုက ကြို့ထိုးရင်း ပြောလိုက်သည်။

“ကောင်းလိုက်တာကွာ...”

‘နင်ကတော့ကောင်းနေတာပဲ။ ငါ့အတွက်ကျ ဘာမှမရှိတော့ဘူး။’

ထိုအမျိုးသမီးက တစ်ကိုယ်တည်း တီးတိုးရေရွတ်မိလိုက်သည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ။”

လီယုက မေးလိုက်သည်။

“ပိုင်လျန်”

ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ အခုကစပြီး မင်းကငါ့အပိုင်ပဲ။ ဒီကျွန်းမှာမနေနဲ့တော့ ငါ့နောက်လိုက်ခဲ့။”

လီယုက အာဏာရှင်ဆန်ဆန် ပြောလိုက်သည်။

ပိုင်လျန်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဒီကျွန်းမှမနေရင် ဘယ်မှာနေရမှာလဲ။”

“လှေပေါ်မှာ”

လီယုက ပြန်ဖြေလိုက်သည်။

“ဒီလိုနည်းနဲ့ဆိုရင် ပစ္စည်းသေတ္တာရှာရတာ ပိုလွယ်တယ်။”

“ရှင့်မှာ လှေရှိလို့လား။”

ပိုင်လျန်က အံ့အားသင့်စွာပြောလိုက်သည်။

“ဒါကအရမ်းအံ့ဩစရာကောင်းတာပဲ။နောက်ပိုင်းမှာ ဒီညီမလေးကိုဂရုစိုက်ပေးဖို့ ရှင့်ကိုပဲ အားကိုးလိုက်တော့မယ်နော်။”

“ဒါပေါ့ကွ။”

လီယုက ပိုင်လျန်၏ခါးကို ပွေ့ဖက်ပြီး ပြန်ဖြေလိုက်သည်။

ပိုင်လျန်သည် သူမ၏ပစ္စည်းအားလုံးကို လှေပေါ်တင်လိုက်ပြီးနောက် ကျွန်းအထိန်းအမှတ်ကျောက်တိုင်မှလည်း အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“သင် လှေပေါ်တက်သွားပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို လှေပေါ်သို့ ပြောင်းရွှေ့ချင်ပါသလား။”

ပိုင်လျန်သညခ ထိုအသိပေးချက်ကို လက်ညိုးထိုးပြပြီး လီယုအား မေးလိုက်သည်။

“ဒါက ဘာကိုဆိုလိုတာလဲ။”

“သူ့မှာပါတဲ့အဓိပ္ပာယ်အတိုင်းပဲလေ။ လှေပေါ်မှာပဲနေမယ်ဆိုရင်တောင် ကျွန်းအထိန်းအမှတ်ကျောက်တိုင်သုံးပြီး အလုပ်လုပ်လို့ရတယ်။”

လီယုက ရှင်းပြလိုက်သည်။

ပိုင်လျန်၏မျက်လုံးများ တောက်ပသွားခဲ့သည်။

“ဒါဆိုရင် ပြောင်းမယ်။”

“သတိပြုရန်: ဤတစ်ကြိမ်ပြောင်းပြီးလျှင် နောက်တစ်နှစ်ကြာသည့်အထိ ထပ်ပြောင်းနိုင်တော့မည်မဟုတ်ပါ။”

“နားလည်ပြီ ပြောင်းမယ်။”

ပိုင်လျန်က ပြန်ဖြေလိုက်သည်။

“ပြောင်းရွှေ့နေပါသည်။ ပြောင်းရွှေ့မှုမအောင်မြင်ပါ။ လှေပေါ်တွင် အခြားကျွန်းအထိန်းအမှတ်ကျောက်တိုင်တစ်ခု ရှိပြီးသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လှေတစ်ခုတည်းပေါ်တွင် ကျွန်းအထိန်းအမှတ်ကျောက်တိုင်နှစ်ခု တည်ရှိနိုင်မည်မဟုတ်ပါ။”

“ဒါဆို ဘာလုပ်ရမှာလဲ။”

ပိုင်လျန် အံ့အားသင့်သွားပြီး လီယုလည်းအံ့အားသင့်သွားခဲ့သည်။

“ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံကျွန်းအထိန်းအမှတ်ကျောက်တိုင်အဖြစ် ပြောင်းလဲပြီး ဤကျွန်းပေါ်မှာထားနိုင်ပါသည်။ ဒါမှမဟုတ် ကျွန်းကျောက်အထိန်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးပြီး အုတ်မြစ်ကျောက်များရယူကာ အခြားကျွန်းအထိန်းအမှတ်ကျောက်တိုင်များနှင့် ပူးပေါင်းနိုင်ပါသည်။ သတိပြုရန်: ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား။ဖျက်ဆီးပြီးပါက ပျောက်ကွယ်သွားမည်ဖြစ်သည်။”

ဤအချက်ပေးချက်ကို မြင်လိုက်ရသောအခါ ပိုင်လျန်က လီယုကို ထပ်ကြည့်လိုက်သည်။ သူမ၏အတွေးမှာ သူမ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကျွန်းပေါ်တွင်သာ ထားခဲ့ချင်ပေသည်။

သို့သော်လည်း လီယုက ပြောလိုက်သည်။

“မင်း နောက်ပိုင်းပင်လယ်ထဲမှာပဲ လှည့်လည်နေရမှာ။ မင်းရဲ့ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို ထားခဲ့ဖို့ဆိုတာအဓိပ္ပာယ်မရှိဘူး။ မထားခဲ့နဲ့။”

ပိုင်လျန်သည် အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း လီယုသည် သူ၏ပုဆိန်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အား တိုက်ရိုက်ဖျက်ဆီးပစ်လိုက်လေသည်။

“ဝုန်း”

မူလက ခိုင်မာလှသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် သူ၏ရိုက်နှက်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် လီယု၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အသိပေးချက်မြည်လာခဲ့သည်။

“သင်သည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်တစ်ခုကိုဖျက်လိုက်သည်။ [အုတ်မြစ်ကျောက်] ၁၂ ခုရရှိသည်။”

ပိုင်လျန်က အမျိုးသမီးတစ်ယောက်သာဖြစ်သည့်အတွက် လီယု၏လှုပ်ရှားမှုများကိုတားဆီးရန် နည်းလမ်းမရှိခဲ့ဘဲ စိတ်ထဲ၌ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

“အုတ်မြစ်ကျောက်တွေ အများကြီးရလိုက်တာပဲ။ မဆိုးဘူး ပစ္စည်းကောင်းတွေနဲ့လဲလို့ရတယ်။”

လီယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ စိတ်လှုပ်ရှားနေစဉ် သူ့ခြေထောက်အောက်ရှိကျွန်းသည် တဖြည်းဖြည်းချင်း နစ်မြုပ်လာနေသည်ကို တွေ့လိုက်ရလေသည်။ လီယုသည် ပိုင်လျန်ကို လှေပေါ်သို့ အလျင်အမြန်ဆွဲတင်ပြီး ကျောက်တုံးနှင့် ချည်ထားသောကြိုးကို ဖြုတ်လိုက်သည်။

“ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကိုဖျက်ဆီးတာက ကျွန်းကိုနစ်မြုပ်သွားစေတာလား။”

လီယု အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ့ယခင်ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို ရွှေ့ပြောင်းခဲ့စဉ်က သူ၏ကျွန်းငယ်လေးမှာ နစ်မြုတ်မသွားခဲ့ပေ။

ပိုင်လျန်သည် သူမ၏ကျွန်းမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်ကိုကြည့်ရင်း အနည်းငယ်နောင်တရနေခဲ့သည်။

“သွားကြရအောင်။ နောက်ပိုင်းမှာ ဒီထက်ပိုကောင်းတာတွေ ရလာလိမ့်မယ်။”

လီယုက ထိုသို့ပြောလိုက်ပြီး လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ကာ လှေကိုလှော်ခပ်၍ ထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် ကြက်ဥနှစ်လုံးကို နေရာချပြီးနောက် သူစိုက်ထားသောအပင်များကို ကြည့်လိုက်သည်။ ပန်းသီးပင်နှစ်ပင်လုံးသည် ၃၀စင်တီမီတာအမြင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ရှောင်းယီသည် ပန်းသီးပင်တစ်ပင်ကို ပန်းအိုးထဲသို့ ရွှေ့စိုက်လိုက်သည်။ ပန်းအိုးထဲတွင် နေရာလွတ်များ အများကြီးကျန်နေသေးသောကြောင့် ပန်းသီးပင်နှစ်ပင်ကြီးလာလျှင် သစ်သားအိုးတစ်လုံးထဲဆိုလျှင် ကြပ်သွားမည်ကို စိုးရိမ်ရပေသည်။

ဆုဝမ်နှင့် ဖလှယ်ထားသော ပစ္စည်းများတွင် ကျောက်တုံးများပါသည့်အတွက် နောက်ထပ်ပန်းအိုးတစ်ခု ထပ်မံတည်ဆောက်၍ရပေသည်။ ဤတစ်ခါတွင်လည်း ၎င်းကို သစ်သားအိမ်၏ အရှေ့ဘက်တွင်သာ နေရာချထားလိုက်သည်။

လက်ရှိအချိန်တွင် ရှောင်းယီသည် ကျွန်း၏အလယ်၌ သစ်သားအိမ်တစ်လုံးရှိပြီး သစ်သားအိမ်၏အရှေ့တွင် သစ်သားအိုးကြီးနှစ်လုံး၊ အရှေ့အနောက်ဘက်တွင် “1” ပုံစံ ပန်းအိုးနှစ်လုံးနှင့် သစ်သားအိမ်၏အနောက်ဘက်တွင် ကြက်ခြံနှစ်ခုရှိသည်။

အိမ်ရှေ့တွင် မြေဆီလွှာမထည့်ရသေးသော ပန်းအိုးတစ်ခုရှိပြီး အိမ်နောက်ဘက်က ကြက်ခြံနှစ်ခုတွင် မျိုးဖောက်ထားသောကြက်ဥများရှိသော ခြံတစ်ခုရှိပြီး အခြားတစ်ခုမှာ လွတ်နေသေးသည်။

ရှောင်းယီသည် သူ၏လက်ထဲရှိပေါင်မုန့်ကို စားသောင်လိုက်ပြီးနောက် ရေဘူးတစ်ဘူးကိုယူကာ A အဆင့်ရေသန့်များဖြင့် ဖြည့်လိုက်သည်။ ထို့နောက် ၎င်းကို တစ်ကျိုက်တည့်ဖြင့် အကုန်သောက်ပစ်လိုက်ပြီး ထိုဘူးထဲသို့ ရေနောက်ထပ်ခေါက်ထည့်ဖြည့်ကာ ပန်းသီးပင်ကို ရေလောင်းလိုက်သည်။

“ဒီနေ့ ဒယ်အိုးရလာပြီဆိုတော့ ညနေကျရင် ငါးဟင်းချက်စားရမယ်။”

ရှောင်းယီသည် ထိုသို့ဆုံးဖြတ်လိုက်ပြီး နောက်ထပ် A အဆင့်ငါးမုတ်တစ်ကောင် ထပ်ကိုင်လိုက်လေသည်။

အခု ရှောင်းယီသည် အတွင်းကလီစာများမှ ထွက်လာသောသွေးတွေအားလုံးကို အိမ်သာထဲကိုသာ ပစ်လိုက်သည်။ ၎င်းတို့ ဘယ်ရောက်သွားလဲဆိုသည်ကို သူမသိသော်လည်း အနည်းဆုံးတော့ ငါးမန်းများကဲ့သို့ ပင်လယ်သတ္တဝါများကို ဆွဲဆောင်မိတော့မည်မဟုတ်ပေ။

ကိုင်တွယ်ပြီးသားငါးများကို ရေသန့်နှင့် ဆေးကြောပြီးနောက် ကျွန်းအထိန်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုနေရာတွင် ဒယ်အိုးတစ်စုံကို ထုတ်လုပ်လိုက်သည်။

“ဒါက ပြည့်စုံလွန်းမနေဘူးလား။”

ရှောင်းယီသည် ဒယ်အိုး၊ ယောက်မ၊ ဇွန်းနဲ့ ဇကာတို့ကိုကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။

မူလက ရှောင်းယီသည် ဒယ်အိုးနှင့်ယောက်မသာ ပါလိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်ပြီး ဇွန်းပင် ပါနေလိမ့်မည်ဟုတော့ မထင်ထားခဲ့မိပေ။

သူသည် မြေကြီးပေါ်တွင် အနည်းငယ်တိမ်သည့်တွင်းတစ်ခုတူးလိုက်ပြီး တွင်း၏ပတ်လည်တွင် ကျောက်တုံးသုံးတုံး ချခင်းလိုက်သည်။

ထို့နောက် သစ်သားတစ်ချောင်းကို မီးရှို့ပြီး တွင်းထဲထည့်ကာ ဒယ်အိုးကိုတင်လိုက်ပြီးနောက် ဒယ်အိုးထဲသို့ ရေသန့်တစ်ဝက် ထည့်လိုက်သည်။

နောက်ဆုံးတွင် ရှောင်းယီသည် ဆေးကြောသန့်စင်ထားသော ငါးမုတ်ကို တိုက်ရိုက်ပစ်ထည့်လိုက်သည်။

“ဒီဒီဒီ...”

ထိုအချိန်တွင် အလိုအလျောက်ငါးဖမ်းပိုက်မှ အသံထွက်ပေါ်လာခဲ့သည်။

ရှောင်းယီ ထိုနေရာသို့ သွားကြည့်လိုက်ပြီး ဖမ်းမိထားသောပစ္စည်းသေတ္တာကို တိုက်ရိုက်ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ: မြေဆီလွှာ (S အဆင့်) ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: မြေဆီလွှာ (S အဆင့်) ၂။”

ဤပစ္စည်းသေတ္တာတွင် ပစ္စည်းတစ်ခုသာ ရှိလေသည်။

“S အဆင့်မြေဆီလွှာတောင် တကယ်ပေါ်လာပြီလား။”

ရှောင်းယီသည် ထိုပစ္စည်းကို အံ့အားသင့်စွာကြည့်လိုက်ပြီး အနည်းငယ်ညစိုးရိမ်သွားခဲ့သည်။ ယခု သူ့လက်ထဲတွင် A အဆင့်မျိုးစေ့သည်သာ အကောင်းဆုံးဖြစ်ပြီး A အဆင့်မျိုးစေ့ကို S အဆင့်မြေဆီလွှာတွင် စိုက်ပျိုး၍မရပေ။

ထိုအရာမှာ အလွန်အမင်းဖြုန်းတီးခြင်းဖြစ်သည်။ သို့သော်လည်း S အဆင့်မျိုးစေ့ရရှိရန်မှာ မလွယ်ကူလှပေ။

ရှောင်းယီသည် ဤကမ္ဘာ၏စည်းမျဉ်းများကို အကြမ်းဖျင်းနားလည်ထားပြီး ပစ္စည်းများအဆင့်မြင့်လေ ရရှိရန် ခက်ခဲလေဖြစ်သည်။

သူကိုယ်တိုင် ပစ္စည်းသေတ္တာအများအပြား ဖမ်းမိခဲ့ပြီး A အဆင့်ပစ္စည်းများပင် အနည်းငယ်သာ ရရှိခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ပစ္စည်းသေတ္တာ အနည်းငယ်သာ ဖမ်းမိသည့်သူများဖြစ်သည်။

သူ့သည် ယခုအချိန်ထိ S အဆင့်နှင့်အထက်ပစ္စည်းများအား မဖွင့်ဖူးခဲ့သေးပေ။ ယခုရရှိထားသော S အဆင့်ပစ္စည်းများကို လက်မှတ်ထိုးဝင်ခြင်းမှသာ ရရှိခဲ့ခြင်းဖြစ်ပေသည်။

ယနေ့မှသာ S အဆင့်မြေဆီလွှာ ပေါ်လာခဲ့ခြင်းဖြစ်သည်။

“မြေဆီလွှာကို ပန်းအိုးထဲ အရင်ထည့်ထားလိုက်မယ်။ နောက်မှပဲ S အဆင့်မျိုးစေ့တွေ ရှာရမယ်။”

ရှောင်းယီသည် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ဗလာဖြစ်နေသောပန်းအိုးကို မြေဆီလွှာဖြင့် ဖြည့်လိုက်သည်။

အလားတူပင် ပစ္စည်းသေတ္တာအလွတ်ကို သစ်သားပြားခြောက်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ရှောင်းယီသည် ငါးဟင်းချက်ထားသော ဒယ်အိုးရှေ့တွင် ထိုင်လိုက်တော့လေသည်။

မကြာခင် ငါးဟင်း၏ရနံ့များ ထွက်ပေါ်လာခဲ့သည်။ ဒယ်အိုးအဖုံးကို ဖွင့်ကြည့်လိုက်သောအခါ ငါးဟင်းမှာ နို့နှစ်ကဲ့သို့ ဖြူဖတ်နေသည်ကို တွေ့လိုက်ရပြီး ရှောင်းယီ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်မိသည်။

“အနံ့ကောင်းပေမယ့် တစ်ခုခုလိုနေသလိုပဲ။ ဟင်း...ဆားကို ငါဘယ်တော့မှရနိုင်မှာလဲ။”

ပင်လယ်ရေထဲတွင် ဆားများပါရှိသော်လည်း ပင်လယ်‌ရေမှ ဆားကို မည်သို့ထုတ်လုပ်ရမည်မှန်း သူမသိပေ။

“အဲ့ဒီအသက်ရှင်ကျန်ရစ်သူတွေက ပင်လယ်ရေထဲကနေကို ဆားကို တိုက်ရိုက်ထုတ်လုပ်နိုင်မလားမသိဘူး။”

ရှောင်းယီ တွေးကြည့်လိုက်မိသည်။

“ဈေးကွက်ခန်းမမှာ မေးကြည့်ရင် ရလောက်မလား။”

All Chapters