ရေခဲတုံးများ၊ ဂိုဒေါင်ထုတ်လုပ်မှုပုံစံ
Vol. 2 Ch. 20
ထိုအကြောင်းကိုတွေးမိပြီးနောက် ရှောင်းယီသည် သာမန်ပင်လယ်ငါးတစ်ကောင်ကို လဲလှယ်ရေးခန်းမတွင် ချက်ချင်းတင်လိုက်သည်။
“[ပင်လယ်ငါး] - လဲလှယ်မည် [ဆား]၊
မှတ်ချက်: တိကျသည့်လဲလှယ်မှုအချိုးအတွက် သီးသန့်ဆက်သွယ်ပါ။”
ဤလဲလှယ်မှုကို ဈေးကွက်တွင် တင်လိုက်သည်နှင့် အများသုံးချန်နယ်၌ လူပြောများသော ဆွေးနွေးမှုများ ဖြစ်လာခဲ့သည်။
“ထူးဆန်းတဲ့ပစ္စည်းတွေအတွက် အစားအစာနဲ့လဲတဲ့ နောက်ထပ်သူဌေးကြီးတစ်ယောက်ပဲ။”
“ဘာကိုထူးဆန်းတဲ့ပစ္စည်းလဲ။ ဆားက အခြေခံဟင်းခတ်အမွှေးအကြိုင်မဟုတ်ဘူးလား။”
“ဟုတ်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က အခုထိ အစားအသောက်အတွက်တောင် ကြိုးစားရုန်းကန်နေရတုန်းပဲရှိသေးတယ်လေ။ ဒါပေမယ့် သူဌေးကြီးကတော့ အရသာအတွက်တောင် စပြီးအလုပ်လုပ်နေပြီလေ။”
“သူဌေးကြီးတွေရဲ့ကမ္ဘာကို မင်းဘယ်တော့မှ ခန့်မှန်းလို့ရမှာမဟုတ်ဘူးကွ။”
“ဒီနေ့ စကားပြောတဲ့သူတွေ နည်းသွားသလိုပဲ။”
“ဟုတ်တယ်။ အစက စကားပြောဖို့ပဲ ဂရုစိုက်ခဲ့ကြတဲ့သူတွေက အချိန်အများကြီး ဖြုန်းတီးပစ်လိုက်မိကြတယ်လေ။ အသက်ရှင်ဖို့ လုံလောက်တဲ့ပစ္စည်းတွေရဖို့ဆိုတာ ခက်ခဲတယ်။ ပြီးတော့ မနေ့ညကလည်း မိုးကြီးခဲ့တာဆိုတော့ ခန္ဓာကိုယ်မကြံ့ခိုင်တဲ့သူတစ်ချို့ ဖယ်ရှားခံလိုက်ရမယ်ထင်တယ်။”
တစ်စုံတစ်ယောက်က စတင်ဆန်းစစ်လိုက်သည်။
“မိုးသည်းတာက အကုန်အဆိုးကြီးပဲတော့မဟုတ်ပါဘူး။ မနေ့က မိုးသည်းတာက ရေငတ်လို့သေတော့မယ့်သူတွေကို အသက်ရှူခွင့်နည်းနည်းတော့ ပေးလိုက်နိုင်တာပဲလေ။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်က ကျန်းမာနေဖို့တော့လိုတာပေါ့။”
“ဟုတ်တယ် အရင်က ရုံးခန်းထဲမှာပဲ ထိုင်နေခဲ့ရတော့ လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး။ အခု ဒီလိုမျိုး ငှက်တောင် ဖြတ်မပျံနိုင်တဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ပိုပြီးတောင်မဖြစ်နိုင်ဘူး။”
ရှောင်းယီသည် အများသုံးချန်နယ်တွင် ပြောနေကြသော စကားများကိုကြည့်ပြီး အဆင့်သတ်မှတ်ထားသော အစားအစာများအကြောင်းဘယ်သူမှ မပြောကြသည်ကို သတိထားမိခဲ့သည်။
လူတိုင်း အဆင့်သတ်မှတ်ထားသော အစားအစာများကို မရသေးခြင်းလား သို့မဟုတ် ရသည့်သူများက တိတ်တဆိတ်နေကြခြင်းလားဆိုသည်အား မပြောနိုင်ပေ။
အခြားကိရိယာများနှင့် အဆောက်အဦးများတွင် အဆင့်များရှိသည်ကို လူတိုင်းသိထားသင့်သည်။
သို့သော် အဆင့်သတ်မှတ်ထားသော အစားအစာတစ်ခုစားလိုက်လျှင် ခန္ဓာကိုယ်တိုးတက်လာသည်ကိုမူ လူအများစု သိလောက်ဦးမည်ဟု သူမထင်ပေ။
ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်းပြီးနောက် တွေးလိုက်မိသည်။
“ငါတစ်ယောက်တည်း အဆင့်သတ်မှတ်ထားတဲ့အစားအစာရထားမဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အနည်းဆုံးတော့ ဆုဝမ်က B အဆင့်လိမ္မော်သီးရခဲ့တယ်။ ဒါဆို ဒုတိယအချက်ပဲ ဖြစ်နိုင်တယ်။ တိတ်တဆိတ်ချမ်းသာကြွယ်ဝအောင်လုပ်ဖို့ကြိုးစားက အသက်ရှင်ရပ်တည်ရေးရဲ့အဓိကအချက်ပဲ။”
ငွေကြေးလဲလှယ်မှု တင်ထားသည်မှာ အချိန်အတော်ကြာသွားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးပေ။ ရှောင်းယီသည် အနည်းငယ်ကူကယ်ရာမဲ့နေခဲ့သည်။ ကန္တာရထဲတွင် အသက်ရှင်ကျန်ရစ်အောင် လုပ်ဆောင်နိုင်သည့်ဆရာကြီးများသည် သူတို့သုံးစွဲရန်အတွက် လုံလောက်ရုံသာ ထုတ်လုပ်ထားခြင်း ဖြစ်နိုင်သည်။
ဘယ်သူမှ မလဲလှယ်မှတော့ ဒီငွေကြေးလဲလှယ်မှုကို ဖျက်သိမ်းလိုက်တာ ပိုကောင်းပါတယ်လေ။
ငွေကြေးလဲလှယ်မှုကို ဖျက်သိမ်းပြီးနောက် ရှောင်းယီသည် သစ်သားအိမ်ထဲမှ ထွက်လာပြီး သူချက်နေသောငါးဟင်းကို ဆက်ကြည့်လိုက်သည်။
ထို့နောက် သူသည် ဟင်းရည်ကို ဇွန်းနှင့်အနည်းငယ်ခပ်ယူပြီး အရသာအား စမ်းကြည့်လိုက်သည်။ စားရသည်မှာ အလွန်နူးညံ့သော်လည်း ဆားအရသာအနည်းငယ်တော့ လိုနေသေးတယ်။’
ယခင်ရက်များက ငါးကင်ကိုသာ စားခဲ့ရသောကြောင့် သူ၏လည်ချောင်းပင် နာကျင်နေသလိုခံစားနေခဲ့ရသည်။ ထို့ကြောင့် ချက်ပြုတ်သည့်နည်းလမ်းကို အနည်းငယ် ပြောင်းလဲကြည့်ခဲ့သည်မှာ အကြံကောင်းတစ်ခု ဖြစ်သွားခဲ့လေသည်။
အခြားဟင်းခတ်အမွှေးအကြိုင်များနှင့် အရံဟင်းများမပါဘဲ ငါးဟင်းသက်သက်ချည်းသာဖြစ်သော်လည်း ရှောင်းယီသည် အားရပါးရ စားသောက်ပစ်လိုက်မိသည်။
စားပြီးသောက်ပြီးနောက် အနည်းငယ်ကျန်နေသေးရာ ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ပန်းကန်လုံးတစ်လုံး ထုတ်လုပ်လိုက်သည်။
“[ပန်းကန်လုံး] လိုအပ်သောပစ္စည်းများ: [သတ္တုပြား] ၂။”
ထိုအခြေခံအသုံးအဆောင်များအားပြုလုပ်ရန်အတွက် ထုတ်လုပ်မှုပုံစံမလိုအပ်ပေ။ ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာမှ ပန်းကန်လုံးကို ထုတ်ယူလိုက်ပြီး ငါးဟင်းနဲ့အသားများကိုထည့်ကာ ဆုဝမ်ဆီသို့ ပို့ပေးလိုက်လေသည်။
“ငါးဟင်းပူတုန်းလေး စမ်းကြည့်လိုက်။”
ဆုဝမ်ဆီမှ တုံ့ပြန်မှုမရှိခဲ့ပေ။ ထို့ကြောင့် သူမ ပစ္စည်းသေတ္တာဖမ်းရန် ထပ်မံနေခြင်း ဖြစ်နိုင်သည်။
ရှောင်းယီသည် ထိုင်ရာမှထရပ်လိုက်ပြီး သစ်သားအိမ်ထဲမှ ထွက်လာကာ အလိုအလျောက်ငါးဖမ်းပိုက်ဖမ်းမိသော ပစ္စည်းသေတ္တာနှစ်လုံးကို ဖွင့်ရန် ပြင်ဆင်လိုက်သည်။
“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၂၊ ရေခဲတုံး ၅၊ သတ္တုပြား ၃၊ ကြက်ကင် ၅၀၀ဂရမ်။”
“ရရှိသောပစ္စည်းများ: သစ်သား ၈။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၄,...”
“ဒီပစ္စည်းသေတ္တာမှာ သစ်သားတစ်မျိုးပဲပါတာလား။ ငါကိုယ်တိုင်သစ်ပင်ခုတ်မယ်ဆိုရင်တောင် ဒီထက်ပိုရဦးမယ်။”
ရှောင်းယီက ရေရွတ်လိုက်သည်။
သို့သော် ပစ္စည်းသေတ္တာဖွင့်ရသည်မှာ ပျော်စရာကောင်းပြီး နောက်တစ်ခါ ဘာထွက်လာမလဲဆိုသည်ကို မသိနိုင်ပေ။
သို့သော်လည်း အခုဖွင့်လိုက်သောပစ္စည်းများတွင် သူလုံးဝမမြင်ခဲ့ဖူးသောပစ္စည်းတစ်ခုရှိနေခဲ့သည်။
ထိုအရာမှာ ရေခဲတုံးပင်။
“နေ့ခင်းဘက်က ပူတယ်ဆိုပေမယ့် ရေခဲတုံးသုံးပြီး အေးအောင်လုပ်ဖို့အထိတော့ မလိုအပ်သေးဘူး။”
ရှောင်းယီသည် ထိုရေခဲတုံးများကိုကြည့်ရင်း တွေးမိလိုက်သည်။ ယခုအချိန်တွင် သုံးစရာမလိုသေးသော်လလည်း မကြာခင် အရည်ပျော်သွားပေလိမ့်မည်။
ထိုစဉ် စနစ်သည် ရှောင်းယီကို မစိတ်မပျက်စေခဲ့ဘဲ အသိပေးစာတစ်စောင် ထုတ်ပေးလာခဲ့သည်။
“ရေခဲတုံး: အပူဒဏ်ကို ကာကွယ်ရန်အတွက် အကောင်းဆုံးပစ္စည်းဖြစ်ပြီး အအေးခန်းများပြုလုပ်ရန်အတွက် အသုံးပြုနိုင်သည်။ နှစ်နာရီကြာလျှင် အရည်ပျော်သွားမည်။”
ထိုအချက်ပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီက တွေးလိုက်မိသည်။
“ဒါဆိုရင်တော့ အရည်ပျော်တာကိုပဲ ထိုင်ကြည့်နေရတော့မယ်။”
ဒီဒီ...
ထိုစဥ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တစ်စုံတစ်ယောက်ခေါ်ဆိုနေသည့် အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီသည် ထိုနေရာသို့သွားလိုက်ပြီး ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်လေသည်။
“ငါးဟင်းအတွက် ကျေးဇူးတင်ပါတယ်။ အရမ်းစားလို့ကောင်းတယ်။”
ဆုဝမ်က ပြောလိုက်သည်။
“ရပါတယ်။ မင်း ငါ့ကိုခေါ်လိုက်တာဆိုတော့ ပစ္စည်းသေတ္တာ ထပ်တွေ့ပြန်ပြီထင်တယ်။”
ရှောင်းယီက အဓိကအကြောင်းအရာဆီသို့ တစ်ခါတည်းဦးတည်လိုက်သည်။
ဆုဝမ်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“အမှန်ပဲ”
ထို့နောက် ရထားသောပစ္စည်းများကို သီးသန့်ချန်နယ်တွင် တင်ပေးလိုက်သည်။
“[အုတ်မြစ်ကျောက်] ၄၊ [ဂိုဒေါင်ထုတ်လုပ်မှုပုံစံ] (A အဆင့်) ၁၊ သတ္တုပြား ၄။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ငါ့ဆီ အရင်ဆုံး အကုန်ပေးလိုက်ပါ။”
သူသည် နှစ်ဆရိတ်သိမ်းနိုင်မှု အခြေအနေကိုအပြည့်အဝအသုံးချရမည်ဖြစ်သည်။
“အင်း”
ဆုဝမ်သည် အပေါ်ကပစ္စည်းသုံးမျိုးလုံးကို ချက်ချင်းလဲလှယ်ပေးလိုက်သည်။
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၈၊ ဂိုဒေါင်ထုတ်လုပ်မှုပုံစံ (A အဆင့်) ၂၊ သတ္တုပြား ၈။
ထို့နောက် ရှောင်းယီသည် အုတ်မြစ်ကျောက်နှစ်ခုနှင့် သတ္တုပြားနှစ်ခုကို ပြန်၍လဲလှယ်ပေးလိုက်သည်။
ဂိုဒေါင်ထုတ်လုပ်မှုပုံစံကိုမူ သဘာဝအတိုင်း သူယူထားလိုက်သည်။ ၎င်းသည် သူတို့နှစ်ယောက်ပတွက် ထုတ်ပြောရန်မလိုဘဲ အချင်းချင်းနားလည်လက်ခံထားသော သဘောတူညီမှုတစ်ခုဖြစ်ပေသည်။
ငွေကြေးလဲလှယ်မှုပြီးနောက် ရှောင်းယီသည် ဂိုဒေါင်ထုတ်လုပ်မှုပုံစံကို ကြည့်လိုက်သည်။
“[ဂိုဒေါင်ထုတ်လုပ်မှုပုံစဲ] (A အဆင့်): သစ်သားပြား ၂၀၊ အုတ် ၁၀၊ သတ္တုပြား ၂၀၊ ရေခဲတုံး ၅။”
“ဘယ်လိုတောင်တိုက်ဆိုင်လိုက်သလဲ။”
ရှောင်းယီသည် ရေခဲတုံးများကို ထိုနေရာ၌ အသုံးပြု၍ရသည်ကို တွေ့လိုက်ရပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဒါပေမယ့် အုတ်တစ်ချပ်နည်းနေသေးတယ်။”
၎င်းကိုတွေးပြီးနောက် ရှောင်းယီသည် ဈေးကွက်ခန်းမသို့ တိုက်ရိုက်ပြောင်းလဲလိုက်ပြီး အုတ်တစ်ချပ်ဝယ်ရန်အတွက် ရိုးရိုးရေ ၂၀ မီလီလီတာ တင်လိုက်သည်။
“[ရိုးရိုးရေ] -၂၀မီလီလီတာ။ လဲလှယ်မည် - [အုတ်] ၁၊ မှတ်ချက်: အရေးတကြီးလိုအပ်နေပါသည်။ တစ်နာရီကြာလျင် ပြန်ဖြုတ်ပါမည်။”
သူသာ အလျင်မလိုနေလျှင် ရေ ၁၀မီလီလီတာသာ ပေးမည်ဖြစ်သည်။ သို့သော်လည်း ရေခဲတုံးများ အရည်မြန်မြန်ပျော်သွားမည်ကို စိုးရိမ်သောကြောင့် ရှောင်းယီ ထပ်မစောင့်နိုင်တော့ပေ။ ထို့ကြောင့်တန်ဖိုးကို နှစ်ဆတင်လိုက်ခြင်းဖြစ်သည်။ အမြန်ဆုံးလဲလှယ်နိုင်ရန် မျှော်လင့်နေမိသည်။
ဈေးနှုန်းမြှင့်တင်လိုက်သည်နှင့် မကြာခင်မှာပင် လဲလှယ်မှုဖြစ်မြောက်သွားခဲ့သည်။
“ရရှိသောပစ္စည်းများ: အုတ် ၁။”
“နှစ်ဆရိတ်သိမ်းမှုကိုအသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ: အုတ် ၂။”
နှစ်ဆအခြေအနေကြောင့် ရှောင်းယီသည် သူ၏ကုန်ကျစရိတ်ကို မြှင့်တင်လိုက်လျှင်ပင် အကျိုးအမြတ်က အရင်အတိုင်းသာ ရှိနေသေးသည်။
အုတ်များ ရရှိပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ဂိုဒေါင်ကို ထုတ်လုပ်လိုက်လေသည်။ ပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ဂိုဒေါင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဂိုဒေါင်ကို ပစ္စည်းများအား ယူရ၊ထုတ်ရ လွယ်ကူစေရန် အိမ်ရှေ့တွင် နေရာချရန် ရွေးချယ်လိုက်သည်။
နေရာချပြီးနောက် ရှောင်းယီသည် ထိုဂိုဒေါင်ကို စစ်ဆေးကြည့်လိုက်သည်။
“ဂိုဒေါင် (A အဆင့်): အစားအစာနှင့် ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ သိုလှောင်နိုင်တယ်။ အရည်အသွေးကို ကြာရှည်ထိန်းသိမ်းပေးပြီး ပုံမှန်အခြေအနေတွင် သက်တမ်း ၈၀% တိုးစေတယ်။ ဂိုဒေါင်ထဲတွင် ၈ ကုဗမီတာပမာဏရှိပြီး မြေအောက်ခန်းပါရှိသည်။ ထိုအခန်းသည် အအေးခန်းဖြစ်ပြီး ၈ ကုဗမီတာရှိတယ်။ အအေးခန်း၏အကျိုးသက်ရောက်မှုကို ရရှိနိုင်ရန် ရေခဲတုံးများ ထည့်သွင်းပေးရမည်။ ရေခဲတုံးတစ်တုံးက တစ်လကြာခံနိုင်ရည်ရှိသာ်။ လက်ရှိရေခဲတုံးအရေအတွက်: ၅။”
ထိုအချင်းအရာကို မြင်လိုက်ရသည်နှင့် ရှောင်းယီသည် ကျန်သည့်ရေခဲတုံးငါးတုံးကို ချက်ချင်း ထိုအအေးခန်းထဲသို့ ထည့်လိုက်သည်။ လက်ရှိအချိန်၌ သူ၏ပစ္စည်းများသည် နောက်ထပ်ဂိုဒေါင်တစ်ခု ဆောက်လုပ်ရန်အတွက် လုံလောက်မှုမရှိသေးပေ။ ဤဂိုဒေါင်တစ်ခုတည်းဖြင့်သာ အရင်ဆုံး လည်ပတ်ထားရမည်ဖြစ်သည်။
ရေခဲတုံး ၁၀တုံးက ၁၀ လကြာမည်ဖြစ်သည်။ ၁၀လအကြာပြီးလျှင် သူသည် ဤကဲ့သိုဂိုဒေါင်မျိုး မလိုအပ်တော့ခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ရှောင်းယီသည် ပင်လယ်ငါးများအားလုံးကို ထိုအအေးခန်းထဲသို့ ထည့်လိုက်သည်။ ရေခဲသေတ္တာမရှိသောကြောင့် ၎င်းတို့ကို အအေးခန်းထဲတွင်သာ ထည့်ထားရဦးမည်ဖြစ်သည်။ အခြားအစားအစာအချို့ကို အခန်းအပူချိန်အတိုင်း။ဂိုဒေါင်ထဲ၌သာ ထည့်ထားလိုက်သည်။
ထိုအရာများအားလုံး လုပ်ဆောင်ပြီးနောက် ရှောင်းယီသည် ဆုဝမ်မှ သူ့အတွက် မှတ်စုစာတစ်စောင်ချန်ထားသည်ကို တွေ့လိုက်ရလေသည်။
“ရှောင်းယီ ငါ့ကို ရေသန့်နည်းနည်းလောက် အရင်ချေးထားပေးလို့ရမလား။”