← Chapters

လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်၊ S အဆင့် အုန်းသီးမျိုးစေ့

Vol. 2 Ch. 23

လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်၊ S အဆင့် အုန်းသီးမျိုးစေ့

Vol. 2 Ch. 23

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း A အဆင့်အစားအစာများကို မကြာခဏစားသုံးပြီးနောက် ရှောင်းယီ၏ရုပ်ခန္ဓာသည် ဘက်ပေါင်းစုံမှ တိုးတက်လာခဲ့သည်။ သူသည် အထူးလေ့ကျင့်ရေးဆင်းထားသော စစ်သားများနှင့်ပင် တူညီလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

သို့သော် သူ့တွင် စစ်မှန်သည့် တိုက်ပွဲအတွေ့အကြုံများမရှိပေ။ ထိုစစ်သားများနှင့်သာ တွေ့မည်ဆိုပါက စက္ကန့်ပိုင်းအတွင်း ဒူးထောက်သွားရနိုင်သည်။

ရှောင်းယီသည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် တစ်ညတာ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

“ဝှား..”

ရှောင်ယီသည် ကျယ်လောင်စွာ သန်းဝေလိုက်ပြီး အိပ်ယာထဲမှ ထရပ်လိုက်ပြီး အပြင်ဘက်ရှိ အလင်းရောင်ဖျော့ဖျော့သန်းနေပြီဖြစ်သောမိုးကောင်းကင်ကိုကြည့်လိုက်သည်။

“အဲ့ဒီလှေက ငါ့ဆီလာမှာမဟုတ်လောက်ဘူးထင်တယ်။”

ညတစ်ညလုံး ကောင်းစွာအိပ်ပျော်ခဲ့ခြင်းမရှိသော်လည်း ရှောင်းယီသည် သူ၏အခြေအနေမှာ ကောင်းမွန်နေသည်ဟု ခံစားလိုက်ရပြီး ၎င်းသည် ရုပ်ခန္ဓာတိုးတက်မှု၏ရလဒ် ဖြစ်သင့်ပေသည်။

အနည်းငယ်အကြောဆန့်လိုက်ပြီးနောက် ရှောင်းယီက “စနစ် လက်မှတ်ထိုးဝင်မယ်” ဟု ပြောလိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ တရုတ်ကျေးလက်ခွေးတစ်ကောင်ရရှိပါသည်။”

“ဝုတ် ဝုတ်”

ထိုစဉ် အဝါရောင်ခွေးတစ်ကောင် ရှောင်းယီ၏ဘေးတွင် ထွက်ပေါ်လာပြီး သူ့ဆီသို့ သူ၏အမြီးကိုအရူးအမူးလှုပ်ရှားပြလာခဲ့သည်။

“တရုတ်ကျေးလက်ခွေး (S အဆင့်) - ၎င်းကို ကျေးလက်ခွေးဟု ထင်ရသော်လည်း အထူးတပ်ဖွဲ့ဝင်တစ်ဦးပင် ၎င်း၏ပြိုင်ဘက်မဖြစ်နိုင်ပါ။ ရိုးရှင်းသည့်ညွှန်ကြားချက်များကို နားလည်နိုင်သည်။ ၎င်း နှင့်ဆိုလျှင် သင် အေးအေးဆေးဆေးအနားယူနိုင်သည်။ ၎င်းသည် သင့်၏သစ္စာအရှိဆုံး စောင့်ကြပ်သူဖြစ်လာလိမ့်မည်။”

“သက်ရှိပစ္စည်းတွေလည်း လက်မှတ်ထိုးဝင်ရုံနဲ့ ရနိုင်တာလား။”

ရှောင်းယီသည် သူ့ရှေ့တွင်ရှိသော လူသုံးအများဆုံးကျေးလက်ခွေးကိုကြည့်ပြီး အံ့အားသင့်ကာ ‌တွေးလိုက်အိသည်။

‘စနစ်က တကယ်ကိုအစွမ်းထက်တာပဲ။’

“မင်းကို ဝမ်ချိုင်လို့ခေါ်မယ်။”

ရှောင်းယီသည် ထိုခွေး၏ခေါင်းကိုပုတ်ပေးပြီး ပြောလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်သည် သူ၏အမြီးကို ပိုမိုပျော်ရွှင်စွာဖြင့် လှုပ်ယမ်းလိုက်လေသည်။

“ဒီနာမည်ကို မင်းကြိုက်ပုံပဲ မဆိုးဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“ဝမ်ချိုင် ညက ငါးဖမ်းမိခဲ့သေးလားဆိုတာ ငါတို့သွားကြည့်ကြရအောင်။”

ရှောင်းယီသည် ဝမ်ချိုင်ကိုခေါ်ဆောင်ကာ သစ်သားအိမ်၏အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သစ်သားအိမ်ထဲမှ ထွက်လာပြီးနောက် ဝမ်ချိုင်သည် ကမ်းစပ်သို့ တိုက်ရိုက်ပြေးသွားကာ အလိုအလျောက်ငါးဖမ်းပိုက်ဖြင့်ဖမ်းမိထားသော ငါးများကို ရှောင်းယီအား ဖမ်းယူပေးလိုက်သည်။

“ဟေ့ မင်းကိုက်ပြီးစားငါးကြီးကို ငါဘယ်လိုစားရမှာလဲ။”

ရှောင်းယီက အော်ဟစ်လိုက်သည်။

“မင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးထားပြီးပြီလား။”

“ဝုတ် ဝုတ်”

ဝမ်ချိုင်သည် ပျော်ရွှင်စွာဖြင့် သူ၏အမြီးကို လှုပ်ာမ်းပြလိုက်သည်။

“စနစ်မှပေးသော အရာအားလုံးသည် အိမ်ရှင်အတွက် အကျိုးရှိပြီး ဘယ်လိုဘေးဥပဒ်မျိုးမှမရှိပါ၊”

စနစ်က ရုတ်တရက်ပြောလာခဲ့သည်။

ရှောင်းယီ အံ့အားသင့်သွား၏။

“ငါက သူ့ကိုနောက်နေတာပါ။ အတည်ကြီး မှတ်မနေပါနဲ့။ ငါတို့ကျေးလက်က အဝါရောင်ခွေးကလည်း ယုန်ဖမ်းတဲ့နေရာမှာ ကူညီတတ်တယ်။ အဲ့ဒါလည်း ငါတို့ ဘာမှဂရုမစိုက်ဘဲ စားခဲ့တာပဲလေ။”

စက္ကန့်ဒါဇင်အနည်းငယ်အတွင်းမှာပင် ဝမ်ချိုင်သည် ငါး ၁၂ကောင်လုံးကို ရှောင်းယီ၏ရှေ့တွင် ချထားပေးလိုက်သည်။

“ကောင်းကောင်းလုပ်ခဲ့တာပဲ။ နောက်မှ မင်းကိုငါးကင်ပေးမယ်။ ဒီပင်လယ်ငါးက အရိုးနည်းပြီးအရသာရှိတယ်။”

ရှောင်းယီက ဝမ်ချိုင်ကိုပုတ်ပေးပြီး ပြောလိုက်သည်။

“ဝုတ် ဝုတ်”

ရှောင်းယီသည် ငါးများအားလုံးကို ကြည့်လိုက်ပြီး အားလုံးမှာ သာမန်ပင်လယ်ငါးများသာဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ အဆင့်သတ်မှတ်ထားသော ပင်လယ်ငါးများရှိမည်ဟုထင်ရသော်လည်း ဖမ်းမိရန်မှာ အလွန်ခက်ခဲလှသည်။

အစက A အဆင့်ငါးမုတ်ကို သူ၏ကံကောင်းခြင်းသာဖြစ်ပေသည်။

ဤအချက်ကိုတွေးမိလိုက်ပြီးနောက် ရှောင်းယီသည် ဝမ်ချိုင်ကိုကြည့်ကာ ပြောလိုက်သည်။

“နောက်ပိုင်းမှာ တွေ့တဲ့နေရာမှာ အီးယိုသေးပေါက်မလုပ်ရဘူး။ အိမ်သာကိုပဲ သာသွားရမယ်။ နားလည်ပြီလား။”

ထိုသို့ပြောရင်းဖြင့် ရှေားင်ယီသည် ဝမ်ချိုင်ကို အိမ်သာသို့ ခေါ်ဆောင်သွားပြီး ကြည့်ခိုင်းလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင် နားလည်၊မလည်မသိရသော်လည်း ရှောင်းယီသည် ပြုံးကာခေါင်းခါလိုက်ပြီး ပင်လယ်ငါးနှစ်ကောင်ကို ကိုင်တွယ်လိုက်ကာ မီးဖိုပေါ်သို့ တင်လိုက်သည်။

ဘာဖြစ်လို့ ငါးဟင်းချိုမချက်တာလဲ။

အရမ်း အလုပ်ရှုပ်သောကြောင့်ပင်။ မီးဖိုပေါ်တင်ပြီး ကင်လိုက်ခြင်းက ပို၍လွယ်ကူပေသည်။

အလိုအလျောက်ငါးဖမ်းပိုက်၏ပစ်မှတ်ကို ပစ္စည်းသေတ္တာသို့ ပြောင်းလဲပေးပြီးနောက် သူသည် အေးအေးဆေးဆေးသာ ငါးကင်နေလိုက်သည်။

“ဒီနေ့ နှစ်ဆအခြေအနေမရှိဘူးဆိုတော့ ဒီနေ့ဖမ်းမိတဲ့ပစ္စည်း သေတ္တာတွေကို မဖွင့်ဘဲထားလိုက်သင့်လား။”

ရှောင်းယီ ဤသို့တွေးလိုက်မိသည်။

ငါးကင်ပြီးသည့်အခါ ရှောင်းယီသည် တစ်ကောင်ကို ဝမ်ချိုင်ထံသို့ ပစ်ပေးလိုက်ပြီး ကျန်တစ်ကောင်ကိုယူ၍ ကိုယ်တိုင်စားလိုက်သည်။

စားနေစဉ် ရှောင်းယီသည် သူစိုက်ထားသောအပင်များကို ကြည့်လိုက်မိသည်။

သာမန်မြေဆီလွှာနှင့် ဖြည့်ထားသော သစ်သားအိုးထဲတွင် ဆလတ်ပင်များ ပေါက်နေပြီဖြစ်ပြီး နှစ်ရက်၊သုံးရက်အတွင်း ရိတ်သိမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။ စတော်ဘယ်ရီနှင့် ငရုတ်ကောင်းပင်များတွင်လည်း အစိမ်းရောင်အညှောင့်များကို တွေ့နေရပြီဖြစ်သည်။

A အဆင့်မြေဆီလွှာရှိ ပန်းသီးပင်များမှာမူ တစ်မီတာနီးပါးမြင့်နေပြီဖြစ်ပြီး အကိုင်းအခက်များစွာပင် ထွက်နေလေပြီ။

တူညီသော A အဆင့်မြေဆီလွှာရှိ ဂျုံပင်များမှာမူ အပြည့်အဝကြီးထွားနေပြီး စိမ်းလန်းစိုပြည်နေသော ဂျုံများကိုကြည့်ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပေသည်။

အဆင့်မြင့်မြေဆီလွှာသည် အပင်ကြီးထွားမှုနှုန်းကို အရှိန်မြှင့်ပေးပုံပင်။

ထို့နောက် သစ်သားအိမ်နောက်ဘက်သို့သွားပြီး ကြက်ခြံကို စစ်ဆေးကြည့်လိုက်သည်။ ကြက်ဥနှစ်လုံးမှာ မနေ့ကအတိုင်းး ပြောင်းလဲမှုမရှိသေးပေ။

သို့သော် ရှောင်းယီသည် ထိုကြက်ဥနှစ်လုံးမှ မကြာမီ ကြက်ကလေးများ ပေါက်လာလိမ့်မည်ဟု ယုံကြည်ထားသည်။

ရေအနည်းငယ်ခပ်ကာ အပင်များကို ရေလောင်းပြီးနောက် ရှောင်းယီသည် သစ်သားအိမ်ထဲမှ လှုပ်ကုလားထိုင်ကို ဆွဲထုတ်ကာ တံခါးဝတွင် လဲလျောင်းလိုက်သည်။

ဝမ်ချိုင်သည်လည်း သူ၏ဘေးတွင် လဲလျောင်းနေခဲ့သည်။

အလိုအလျောက်ငါးဖမ်းပိုက်က ပစ္စည်းသေတ္တာဖမ်းမိသည့် အသံထွက်လာသောအခါ ဝမ်ချိုင်က ချက်ချင်းရပ်လိုက်၏။

သို့သော် ရှောင်းယီက သူ့ကိုပုတ်ပြီး ပြောလိုက်သည်။

“မစိုးရိမ်နဲ့ အဲ့အတိုင်းထားလိုက်။”

“ဝုတ် ဝုတ်”

ဝမ်ချိုင်က ဟောင်ပြီးနောက် ပြန်လှဲနေလိုက်သည်။

“ဒီ ဒီ”

ထိုစဉ် ကျွန်းအထိန်းအမှတ်ကျောက်တိုင်သည် မိတ်ဆွေများမှ စာပို့ထားကြောင်း အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် သစ်သားအိမ်အတွင်းသို့ ပြန်ဝင်သွားပြီး ကြည့်လိုက်သောအခါ ကျန်းယွင်ထျန်းဆီကဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။

“မင်းရဲ့ရေသန့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကလေးက အဖျားကျသွားပြီး။ စိတ်အခြေအနေလည်း အရမ်းကောင်းနေတယ်။”

ကျန်းယွင်ထျန်းက ပျော်ရွှင်နေဟန်ဖြင့်ပြောပြီး သီးသန့်ချန်နယ်တွင် လဲလှယ်မှုတစ်ခု ပေးပို့ထားခဲ့သည်။

“[အုန်းပင်မျိုးစေ့] (S အဆင့်) ၂ - အခမဲ့လဲလှယ်မှု။”

“ကျုပ် အခုလေးတင် ဒီပစ္စည်းကိုရထားတာ။ ဒါပေမယ့် ဘယ်လိုစိုက်ပျိုးရမှန်းမသိဘူး။ အဲ့ဒါကြောင့်မင်းကိုပေးလိုက်မယ်။ မနေ့က မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။

S အဆင့်မျိုးစေ့ကို မြင်လိုက်ရသည့်အခါ ရှောင်ယီ၏မျက်လုံးများ ပြူးကျယ်သွားပြီး ပြန်ပြောလိုက်သည်။

“ကျုပ် ဒီပစ္စည်းကို လက်ခံလိုက်ပါ့မယ်။ စိုက်ပြီးရင် အလျော်အနေနဲ့ အုန်းသီးတစ်လုံးကို အခမဲ့ပေးမယ်။”

“ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် လဲလှယ်မှုကို အတည်ပြုလိုက်သည်။

“ရရှိသောပစ္စည်းများ - အုန်းပင်မျိုးစေ့ (S အဆင့်) ၂။”

နှစ်ဆအခြေအနေမရှိသည့်အတွက် ရှောင်းယီသည် တစ်ခုခုပျောက်ဆုံးနေသည်ဟု ခံစားလိုက်ရသည်။ သူသည် သူ၏ခေါင်းကို ခါယမ်းလိုက်ကာ အုန်းပင်မျိုးစေ့များကို ထုတ်ယူလိုက်သည်။ ၎င်းသည် အုန်းသီးနှစ်လုံးဖြစ်ပြီး အညှောင့်များ ထွက်နေခဲ့သည်။

ဤအခြေအနေတွင် မြေနှင့်မထိတွေ့ပါက မကြာမီ ညှိုးနွမ်းသွားမည်ဖြစ်သည်။

ရှောင်းယီသည် ထိုသို့တွေးမိလိုက်ပြီးနောက် အုန်းပင်မျိုးစေ့နှစ်ခုကို S အဆင့် မြေဆီလွှာရှိသည်ဘ အခြားပန်းအိုးတစ်လုံးထဲတွင် ချက်ချင်းစိုက်ပျိုးလိုက်လေသည်။

“ကံကောင်းတဲ့သူတွေ အများကြီးရှိတာပဲ။ အဆင့်မြင့်ပစ္စည်းတွေ မတွေ့ ဘူးဆိုတာ မဖြစ်နိုင်ဘူး။ အဆင့်မြင့်ပစ္စည်းတွေကို သူတို့လက်ထဲမှာ သေချာပေါက် သိမ်းထားကြတာပဲဖြစ်ရမယ်။”

ရှောင်းယီ တွေးလိုက်မိသည်။

မွန်းလွဲအချိန်ဝန်းကျင်တွင် အလိုအလျောက်ငါးဖမ်းပိုက်သည် ပစ္စည်းသေတ္တာငါးလုံး ဖမ်းမိထားပြီးဖြစ်ကာ အားလုံးကို ကျွန်း၏အစွန်းတွင် စုပုံထားထားခဲ့သည်။ ရှောင်းယီသည် မနေ့ကရခဲ့သော ကြက်ကင်တစ်ဝက်ကို စားလိုက်ပြီး ကျန်တစ်ဝက်နှင့် အရိုးများအားလုံးကို ဝမ်ချိုင်ထံသို့ ပေးလိုက်သည်။

“ငါအနားယူလိုက်ဦးမယ်။ မင်း ဒီမှာနေခဲ့ဦး။ အိမ်ကိုလည်း မဖျက်ဆီးနဲ့နော်။”

ရှောင်းယီသည် ဝမ်ချိုင်ကို သတိပေးလိုက်ပြီး လှုပ်ကုလားထိုင်ကိုလွှဲယမ်းရင်းဖြင့် အိပ်ပျော်သွားခဲ့သည်။

သူသည် မနေ့ညက ကောင်းစွာအိပ်ပျော်ခဲ့ခြင်းမရှိသော်လည်း ယနေ့ ဝမ်ချိုင်ရှိနေသည့်အတွက် ပြန်လည်အားဖြည့်ရမည်ဖြစ်သည်။

ထိုစဉ် အဝေးတစ်နေရာတွင် သစ်သားလှေငယ်တစ်စင်းသည် ပင်လယ်ထဲတွင် ထပ်မံထွက်ပေါ်လာခဲ့၏။ ထိုလှေမှာ လီယုတို့ဖြစ်သည်။

“အစ်ကိုလီ အရှေ့မှာ ကျွန်းတစ်ကျွန်းရှိနေသလိုပဲ။”

ပိုင်လျန်က အဝေးသို့ လက်ညိုးထိုးပြကာ ပြောလိုက်သည်။

All Chapters