အလတ်စားရွက်လှေများ တည်ဆောက်ခြင်း၊ အသုံးပြုခွင့်ငှားရမ်းခြင်း
Vol. 2 Ch. 25
“မှတ်ချက်လား။ ငါကြည့်လိုက်ဦးမယ်။”
“ဆိုတော့ ငါးမန်းသားတွေ ပုပ်သိုးတော့မှာမို့လို့ ဒီလောက်ထိ ဈေးချရောင်းနေတာပေါ့။”
“ဒါကမှ လက်တွေ့ဘဝရဲ့ စစ်မှန်တဲ့အမှန်တရားပဲ။ သူဌေးတွေက အသေတွ၊ ဝိုင်တွေနဲ့ စားသောက်ပွဲကြီးကျင်းပနေတဲ့အချိန် ဆင်းရဲသားတွေကတော့ လမ်းဘေးမှာ အေးခဲပြီးသေဆုံးနေကြရတယ်။”
“ဒီသူဌေးကြီးရဲ့အိမ်မှာရှိတဲ့ အသားတွေက အပုတ်နံ့ထွက်လုနီးပါးဖြစ်နေသလို ငတ်ပြတ်ပြီးသေခဲ့ကတဲ့သူတွေလည်း အရိုးဆွေးတော့မယ်။”
“ဒီကောင်ရဲ့ အမှိုက်ပစ်သလိုမျိုး ပစ်ပေးလိုက်တဲ့သဘောထား ငါတို့အတူတူသပိတ်မှောက်ကြ ရအောင်။ သူ့ငါးမန်းသားတွေကို သူ့လက်ထဲမှာပဲ ပုပ်သိုးသွားအောင်လုပ်ကြမယ်။”
“ဟုတ်တယ်။ ဈေးမချမချင်း ငါလုံးဝမဝယ်ဘူး။”
အများသုံးချန်နယ်တွင် ရှောင်းယီ၏ငါးမန်းသားရောင်းချမှုကို သပိတ်မှောက်လိုသည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှောင်းယီသည် ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ပြုံးရုံပြုံးလိုက်ပြီး ဈေးမလျှော့ချခဲ့ပေ။ စနစ်၏သတိပေးသံများသည် ရပ်တန့်ခြင်းမရှိဘဲ သူ၏နားထဲတွင် ဆက်တိုက်ကြားနေရသည်မှာ ထိုသမဂ္ဂ၏စကားများ မည်မျှရယ်စရာကောင်းသည်ကို သူ့အား နားလည်သွားစေခဲ့သည်။
“ငွေကြေးလဲလှယ်မှုအောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - သစ်သား ၂၀။”
“ငွေကြေးလဲလှယ်မှုအောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - သတ္တုပြား ၉။”
“ငွေကြေးလဲလှယ်မှုအောင်မြင်ပါသည်။ ရရှိသောပစ္စည်းများ - လီနင် အထည် ၂။”
၅ မိနစ်အတွင်း ရှောင်းယီ၏ငါးမန်းသားများမှာ တစ်ဝက်နီးပါး ရောင်းကုန်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စုစုပေါင်းပမာဏကို ဈေးကွက်တွင် လူတိုင်းအားလုံးမြင်နိုင်အောင် တင်သွင်းထားခဲ့ခြင်းဖြစ်ကြောင့်ပင်။
“ချီးဘဲ မင်းတို့ဒီလိုမျိုးသပိတ်မှောက်တာက ရူးနေတာပဲ။ ငါးမန်းသားတွေ အကုန်လုံးရောင်းကုန်သွားတော့မယ်။”
တစ်စုံတစ်ယောက်က အများသုံးချန်နယ်တွင် အော်ဟစ်လိုက်သည်။
“ဘာ... ငါတို့အားလုံး ပူးပေါင်းရမှာလေ။”
“မင်းညီမနဲ့ပဲ ပူးပေါင်းမယ်။ ငါ ပထမနေ့ထဲက ပေါင်မုန့် ၂ဝဝ ဂရမ်ပဲစားခဲ့ရသေးတယ်။ အခု ဗိုက်အရမ်းဆာနေပြီ။ ဒီလိုမျိုးဈေးပေါတဲ့အသားကို ဝယ်တာက ရှက်စရာမဟုတ်ဘူးကွ။”
“ပုဆိန်ငှားမယ့်သူရှိလား ကျုပ်မှာပစ္စည်းတစ်ခုမှမရှိဘူး။ သူဌေးပြောတဲ့ နည်းလမ်းအတိုင်း အပင်ခုတ်လှဲကြည့်ချင်တယ်။”
“ဟုတ်တယ်...။ ကျွန်းပေါ်မှာ အပင်တစ်ပင်ရှိသေးတယ်။ အဲ့ဒါက နောက်ထပ်သစ်သား ၂၀ ပဲ။ မြန်မြန်ခုတ်ပစ်လိုက်။”
“ပုဆိန်မရှိသေးတဲ့သူငယ်ချင်းတွေအတွက် ကျုပ်ရဲ့ပုဆိန်ကို ကုန်သွယ်ရေးနေရာမှာ ချိတ်ဆွဲထားပါတယ်။ ငှားရမ်းလို့ရပါပြီ။”
“ဘာလဲ ဈေးကွက်မှာ ပစ္စည်းတွေငှားလို့ရတယ်လား။”
ရှောင်းယီသည်လည်း အလွန်အမင်း အံ့အားသင့်သွားပြီး ဈေးကွက်သို့ပြောင်းကြည့်လိုက်သောအခါ ထိုငှားရမ်းမှုကို တွေ့လိုက်ရလေသည်။
“[ပုဆိန်] နာရီဝက်ငှားရမ်းခွင့် [သတ္တုပြား] ၁ (သို့) [လီနင်အတည်] ၁ (သို့) [သစ်သား] ၃ (သို့) [ရေသန့်] ၁၀ မီလီလီတာ။”
“ဒါမျိုးလည်း လုပ်လို့ရတာပဲလား။”
ရှောင်းယီသည် ချက်ချင်းပင် ဆုဝမ်နှင့်စကားပြောရန် ဆက်သွယ်ကာလိုက်သည်။ ဆက်သွယ်မှုချိတ်ဆက်သွားသည်နှင့် သူချက်ချင်းမေးမြန်းလိုက်၏။
“မင်း ဈေးကွက်စာမျက်နှာကို ကြည့်ပြီးပြီလား။”
“မကြည့်ရသေးဘူး ဘာဖြစ်လို့လဲ။”
ဆုဝမ်သည် အိပ်ရာထဲမှ သံသယဝင်စွာမေးလိုက်သည်။ သူမသည် ငှားရမ်းခြင်းနှင့်ဆက်ပ်၍ မည်သည့်သတင်းအချက်မျှ မတွေ့သေးသည်မှာ ထင်ရှားနေလေသည်။
ရှောင်းယီက ရှင်းပြလိုက်၏။
“ပစ္စည်းတွေကိုလည်း အချိန်အကန့်အသတ်နဲ့ ငှားရမ်းလို့ရတယ်။ အခု မင်းရဲ့ပုဆိန်နဲ့ ငါးဖမ်းပိုက်ကို သုံးစရာမရှိသေးဘူးဆိုရင် ဈေးကွက်မှာ ချိတ်ဆွဲထားလိုက်လေ။”
ရှောင်းယီ၏စကားကိုကြားသောအခါ ဆုဝမ်လည်းအံ့အားသင့်သွားခဲ့ပြီး ဈေးကွက်စာမျက်နှာကိုကို ဖွင့်ကြည့် လိုက်သည်။ ထိုသို့ငှားရမ်းနိုင်သည်ကို ပထမဆုံးစဉ်းစားမိသူသည် အရမ်းဉာဏ်ကောင်းသည်ဟု သူမထင်မြင်မိ၏။
သူမသည် သူမ၏ကျွန်းပေါ်ရှိသစ်ပင်ကို မနက်ပိုင်းကတည်းက ခုတ်လှဲပြီးသားဖြစ်သည့်အတွက် သူမသည် ပုဆိန်ကို ထိုလူကဲ့သို့ အလားတူဈေးနှုန်းဖြင့် ချိတ်ဆွဲထားလိုက်သည်။
ငါးဖမ်းပိုက်၏ဈေးနှုန်းမှာမူ ပို၍မြင့်မားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပစ္စည်းသေတ္တာများကို ဖမ်းယူနိုင်သောကြောင့်ပင်။ သို့သော်လည်း ဖမ်းမိနိုင်သည့် ပစ္စည်းပမာဏမှာ အရမ်းများမည်မဟုတ်ပေ။
ထို့ကြောင့် ဆုဝမ်သည် ငါးဖမ်းပိုက်ငှားရမ်းခကို အောက်ပါအတိုင်း သတ်မှတ်လိုက်၏။
“[ငါးဖမ်းပိုက်] (အဆင့် C) နာရီဝက်ငှားရမ်းခ: [အုတ်မြစ်ကျောက်] ၁ (သို့မဟုတ်) အောက်ပါအခြေခံပစ္စည်းများ၏ ၂ ယူနစ် ([သတ္တုပြား]၊ [လီနင်အထည်]၊ [ပလပ်စ တစ်]၊ [ဖန်]၊ [အုတ်])။”
ပစ္စည်းကိရိယာများကို အချိန်အကန့်အသတ်ဖြင့် ငှားရမ်းနိုင်ပြီး အချိန်ကုန်ဆုံးသွားလျှင် အလိုအလျောက်ပျောက်ကွယ်သွားကာ ဈေးကွက်စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။
ရလဒ်တစ်ခုအနေဖြင့် ဈေးကွက်သည် ပိုမိုစည်ကားလာပြီး ပုဆိန်၊ ငါးဖမ်းပိုက်၊ တူ စသည့်ဖြင့် ကိရိယာများစွာ ချိတ်ဆွဲလာခဲ့ကြသည်။
ပစ္စည်းကိရိယာများရှိလျှင် အရင်းအမြစ်များကို ပိုမိုလျင်မြန်စွာ ရရှိနိုင်မည်ဖြစ်သည်။
သုံးမိနစ်အကြာတွင် ရှောင်းယီချိတ်ဆွဲထားသော ငါးမန်းသားများ အားလုံးရောင်းကုန်သွားခဲ့သည်။
“ငလူး သပိတ်မှောက်ဖို့ပြောခဲ့တဲ့တာ ဘယ်သူတွေလဲ။ မင်းတို့က ငါ့ရဲ့ငါးမန်းသားဝယ်နိုင်တဲ့ အခွင့်အရေးကို တားဆီးလိုက်တာပဲကွ။”
“ဟုတ်တယ်။ အဲ့ဒီလူတွေက အစကတည်းက လှုပ်ရှားပြီးသွားပြီပဲဖြစ်ရမယ်။ ဒါက တမင်လုပ်တာပဲ။”
“တော်တော်အကြံပက်စက်တာပဲ။ လူတစ်ယောက်က သနားကြင်နာစိတ်ရှိရတယ်ကွ။”
“ငါ့ရဲ့ငါးမန်းသားလေးတွေ... သွားပါပြီကွာ။ နောက်တစ်ခါဗိုက်ဟောင်းလောင်းနဲ့နေရတော့မယ်။ ငါ မင်းတို့သမဂ္ဂကို ကျိန်စာတိုက်ပစ်မယ်ကွ။”
ရှောင်းယီသည် အများသုံးချန်နယ်ရှိ အပြန်အလှန်စွပ်စွဲပြောဆိုမှုများကို လုံးဝဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏ပစ္စည်းများသည် အလတ်စားရွက်လှေနှစ်စီးအား တည်ဆောက်ရန် လုံလောက်နေပြီဖြစ်သောကြောင့်ပင်။
“သစ်သားပြား ၄၁၊ သတ္တုပြား ၄ဝ၄၊ သစ်သား ၂၅၂၁၊ လီနင် အထည် ၁၃၂။”
ထိုသစ်သားပမာဏကိုကြည့်ရှုကာ ရှောင်းယီသည် သူ၏စိတ်ထဲ၌ တွက်ချက်ကြည့်လိုက်သည်။
“သစ်သား ၃ယူနစ်ကို သစ်သားပြား ၁ယူနစ်ပြုလုပ်နိုင်တယ်ဆိုတော့ သစ်သားပြား ၄ဝဝ အတွက် သစ်သား ၁၂၀၀ လိုအပ်လိမ့်မယ်။ အခု အဲ့ဒီထက်ပိုများနေပြီ။”
ပစ္စည်းများ လုံလောက်နေပြီဖြစ်သောကြောင့် ရှောင်းယီသည် တုံ့ဆိုင်းမနေတော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ထုတ်လုပ်မှုစာမျက်နှာတွင် သစ်သားများကို သစ်သားပြားများအဖြစ် ပေါင်းစပ်လိုက်တော့သည်။
အခြေခံပစ္စည်းဖြစ်သော သစ်သားကို အခြားနေရာများတွင်လည်း အသုံးပြုနိုင်သောကြောင့် အနည်းငယ်သိမ်းဆည်းထားရန်လည်း လိုအပ်သေးသည်။ ထို့ကြောင့် ရှောင်းယီသည် လိုအပ်သော သစ်သားပြားအရေအတွက်ကိုသာ ပေါင်းစပ်ပြီးနောက် ရပ်တန့်လိုက်သည်။
“သစ်သားပြား ၄၀၀၊ သတ္တုပြား ၄၀၄၊ သစ်သား ၁၄၄၄၊ လီနင်အထည် ၁၃၂။”
“ဒါဆို လုံလောက်ပြီ။အခု စပြီး တည်ဆောက်လုပ်လို့ရပြီ။”
ရှောင်းယီသည် စိတ်လှုပ်ရှားစွာဖြင့် ထုတ်လုပ်မှုစာမျက်မှာကို နှိပ်လိုက်သည်။
သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် အလတ်စားရွက်လှေနှစ်စီးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် ထွက်ပေါ်လာခဲ့လေသည်။
“ရွက်လှေထားရှိရန် နေရာရွေးချယ်ပါ။ သတိပြုရန်: အလတ်စားရွက်လှေကို ကုန်းမြေပေါ်တွင် ထားရှိပါက ပျက်စီးသွားနိုင်သည်။”
“အလျင်မလိုသေးဘူး။ အခုက နည်းနည်းမှောင်လာပြီး။ ဘာမှမမြင်ရတော့ဘူး။ မနက်ဖြန်မှပဲ ထုတ်ယူတော့မယ်။ အခုတော့ အနားယူရမယ်!။”
ထို့နောက် ရှောင်းယီသည် သူ၏သစ်သားအိပ်ရာပေါ်တွင် ကျေနပ်စွာ လဲလျောင်းလိုက်၏။ ဝမ်ချိုင်သည်မူ အိပ်ရာအောက်တွင် လဲလျောင်းနေခဲ့သည်။
ဝမ်ချိုင်ရှိနေခြင်းကြောင့် ရှောင်းယီသည် ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။ ခွေးများ၏သတိနိုးကြားမှုသည် လူသားများထက် ပိုမိုမြင့်မားသည်။ အထူးသဖြင့် ၎င်းသည် S-အဆင့်ခွေးဖြစ်နေသောအခါတွင်ဖြစ်သည်။
ရှောင်းယီး အလျင်အမြန်ာအိပ်ပျော်သွားခဲ့သည်။
လပြည့်ဝန်းသည် ကောင်းကင်အမြင့်တွင် တင့်တယ်စွာတွဲလဲခိုနေပြီး လှေငယ်တစ်စင်းသည် ရှောင်းယီ၏ကျွန်းဆီသို့ အလွန်နှေးကွေးစွာ ချဉ်းကပ်လာ နေခဲ့သည်။
လီယုတို့သည် မည်သို့ပင် အလွန်အမင်း သတိထားနေစေကာမူ လှော်တက်များလျှော်ခပ်သည့်အသံမှာ အတော်လေးကျယ်လောင်နေဆဲပင်။
ဝမ်ချိုင်သည် ရုတ်တရက် သူ၏ခေါင်းကိုထောင်ကာ သစ်သားအိမ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူသည် သတိပေးသည့်ဟောင်သံပင်မပေးဘဲ အိပ်ရာပေါ်သို့ခုန်တက်ကာ ရှောင်းယီ၏မျက်နှာကို လျှာဖြင့်လျက်လိုက်သည်။
ရှောင်းယီ၏အိပ်မက်တွင် ဆုဝမ်သည် လှေတစ်စင်းတည်ဆောက်ပြီး အခက်အခဲများစွာကိုကျော်လွှားကာ သူ၏ကျွန်းဆီသို့ ရောက်လာခဲ့လေသည်။ သို့သော် ဆုဝမ်လား၊ အန်းရန်လား မသေချာသော အမျိုးသမီးတစ်ဦးသည် သူ့ကိုဖက်ထားပြီး အသက်ရှူမဝအောင် လျှာထိုးနမ်းနေခဲ့သည်။
“အမ်းး”
ထိုစဉ် ရှောင်းယီသည် သူ၏မျက်နှာ၌ စိုစွတ်နေသည့်အထိအတွေ့ကို ခံစားမိသွားပြီး မျက်လုံးများကို။မှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သောအခါ ခွေးမျက်နှာတစ်ခုကို မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။
“သေစမ်း မင်းဘာလုပ်နေတာလဲကွ။ ဒီခွေးသူတောင်းစားကတော့။”
ရှောင်းယီသည် ဝမ်ချိုင်ကို အိပ်ရာပေါ်မှ တွန်းချလိုက်ပြီး သူ၏မျက်နှာကို ရွံရှာစွာဖြင့် သုတ်ပစ်လိုက်သည်။
ဝမ်ချိုင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏အမြီးလှုပ်ယမ်းပြီး အပြင်ဘက်သို့လှည့်ကာ ခပ်တိုးတိုးအသံနှစ်ချက်ပြုလိုက်သည်။
“ဟမ် တစ်ယောက်ယောက်လာနေတာလား။”
ထိုအခိုက်တွင် ရှောင်းယီသည် အပြင်ဘက်မှ ပုံမှန်မဟုတ်သည့် သံဗလံများကို ကြားလိုက်ရလေသည်။ သူသည် ဒူးလေးကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး ဝမ်ချိုင်၏ပါးစပ်ကို ချက်ချင်းပိတ်ထားလိုက်သည်။
“ခုနတုန်းက ခွေးဟောင်သံကြားလိုက်ရသလိုပဲ။”
ပိုင်လျန်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ထိုအခါ လီယုသည် သူ၏နားကိုစွန့်ပြီး အာရုံစိုက်ကာ နားထောင်ကြည့်လိုက်၏။
“မင်းနားကြားမှားတာဖြစ်မယ်။ ဘာခွေးဟောင်သံမှမရှိပါဘူး။ ခွေးတစ်ကောင်သာ ငါတို့ကို တကယ်တွေ့မယ်ဆိုရအရူးအမူးထိုးဟောင်မှာပေါ့။”
ပိုင်လျန်သည် သူမကိုယ်သူမ သေချာမှုမရှိသောကြောင့် လီယု၏စကားကိုကြားသောအခါ ခေါင်းညိတ်ကာ ဆက်လက်၍လှော်ခတ်သွားလိုက်သည်။