ညအချိန် ချုံခိုတိုက်ခိုက်မှု ကျရှုံးခြင်း၊ အချက်အလက်များအား နှိပ်စက်ရယူခြင်း
Vol. 2 Ch. 26
“အဲ့ဒါက...တကယ်ကိုအံ့ဩစရာပဲ။”
လီယုသည် မဖွင့်ရသေးသော ပစ္စည်းသေတ္တာများနှင့် တစ်ခုထက်ပိုသော အဆောက်အဦများရှိသည့် ကြီးမားသောကျွန်းကို ကြည့်ရှုနေမိသည်။
၎င်းမှာ သေးငယ်သော်လည်း အနည်းဆုံးတော့ အိမ်တစ်လုံးဖြစ်နေသေးသည်။
အဆောက်အဦဘေးတွင် ဟင်းသီးဟင်းရွက်ခြံတစ်ခုရှိပြီး သေးငယ်သော်လည်း အတွင်းတွင် အပင်များ ပေါက်နေပြီဖြစ်သည်။
လီယုသည် ထိုအရာများမှာ မည်သည့်အမျိုးအစားများဖြစ်သည်ကို မမြင်ရသော်လည်း စားသုံး နိုင်သည်ကိုတော့ သိပေသည်။
“ဟင်းသီးဟင်းရွက်တွေမစားရတာ အတော်ကြာပြီပဲ။”
လီယုသည် ဟင်းသီးဟင်းရွက်များအကြောင်းတွေးမိလိုက်သည်နှင့် သူ၏ပါးစပ်ထဲမှ သွားရည်များပင် ထွက်လာခဲ့သည်။ ထွက်လာသည့် သွားရည်များကို ခက်ခက်ခဲခဲ ပြန်လည်မျိုချပြီးနောက် လီယုက တိုးတိုးပြောလိုက်သည်။
“မင်းရဲ့အသံကို ထိမ်းထား။ ခဏနေရင် မင်း အရှေ့ဘက်ကနေ ဝင်သွားပြီး သူတို့အာရုံကိုဆွဲဆောင်လိုက်။ ငါက လျို့ဝှက်ပြီးတိုက်ခိုက်မယ်။ နားလည်လား။”
“စိတ်မပူပါနဲ့။ ကျွန်မကညသရုပ်ဆောင်ကောင်းပါတယ်။”
ပိုင်လျန်သည် သူမ၏ဖောင်းကြွနေသောရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
လီယုသည် ထိုအရာကို မြင်လိုက်ရသောအခါ သူ၏ကိုယ်တွင်းမှ အပူလှိုင်းများ လှိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။
“အဲ့ဒီကျွန်းကိုသိမ်းပိုက်ပြီးရင် သစ်သားအိမ်ထဲမှာ မင်းကို သေချာဂရုစိုက်ပေးမယ်။”
ထိုအချိန်တွင် ရှောင်းယီသည် သစ်သားအိမ်ထဲမှ ထွက်လာပြီး ပစ္စည်းသေတ္တာအနည်းငယ်၏ အကူအညီဖြင့် ပင်လယ်ပြင်ကို သတိထားကာ စောင့်ကြည့်နေခဲ့သည်။
ထိုနေရာတွင် လှေငယ်တစ်စင်းသည် အလွန်နှေးကွေးစွာဖြင့် သူ၏ကျွန်းဆီသို့ လှော်ခတ်လာနေ၏။ လ၏အလင်းရောင်ဖြင့် ရှောင်းယီသည် လှေဦးပိုင်းတွင် လူနှစ်ဦးရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“သူ့မှာ အဖော်တွေတောင် ရှိနေပြီလား။”
ရှောင်းယီ မျက်မှောင်ကြုံ့ကာ မေးခွန်းထုတ်လိုက်မိသည်။
ဆိုရိုးစကားအရ လက်လေးဖက်ကို လက်နှစ်ဖက်ဖြင့် အနိုင်မယူနိုင်ပေ။ သို့သော် သူသည် ယနေ့အတွက် လက်မှတ်ထိုးဝင်ခြင်းမှ ကံကောင်းမှုကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ရှောင်းယီသည် ဝမ်ချိုင်ကို ပုတ်လိုက်ပြီး အခြားတစ်ဘက်ကို ညွှန်ပြလိုက်သည်။
ဝမ်ချိုင်သည် သူ၏ခန္ဓာကိုယ်ကို နှိမ့်ချကာ ပစ္စည်းသေတ္တာနှင့် ပန်းအိုးကြီးများ၏ အရိပ်အောက်မှ တစ်ဘက်သို့ တွားသွား၍ ထွက်ခွာသွားခဲ့သည်။
“ဝမ်ချိုင် မင်းက တကယ့်ခွေးကောင်းတစ်ကောင်ပဲ။”
ရှောင်းယီသည် ဝမ်ချိုင်၏လှုပ်ရှားမှုကို ကြည့်ရင်း သက်ပြင်းချလိုက်မိလေသည်။
ထိုစဉ် လှေသည် ကမ်းစပ်နားသို့ ရောက်ရှိလာခဲ့သည်။ လီယုသည် ကျောက်တုံးများကို အချိန်အတော်ကြာအောင် ရှာဖွေလိုက်သော်လည်း မတွေ့ရသောကြောင့် သူ၏လှေကို အနီးဆုံးရှိပစ္စည်းသေတ္တာနှင့် ချည်နှောင်လိုက်သည်။
“ထူးဆန်းတယ်။ ဘာလို့ ဒီကျွန်းမှာ ကျောက်တုံးတစ်တုံးမှ မရှိရတာလဲ။”
လီယု တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
လှေကိုချည်ပြီးနောက် လီယုသည် ပိုင်လျန်ကို ဆွဲခေါ်ကာ တိုးတိုးပြောလိုက်သည်။
“အိမ်နားရောက်ရင် မင်းက အော်လိုက်ရုံပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ရဲ့အာရုံကိုဆွဲဆောင်ထားနိုင်ရမယ်။”
ပိုင်လျန်သည် အိုကေလက်ဟန်လုပ်ပြလိုက်၏။ ပြီးနောက် လီယုသည် သူ၏လက်တစ်ဖက်တွင် ပုဆိန်ကိုကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်တွင် လှံတံကိုင်ကာ တိတ်တဆိတ် ထွက်ခွာသွားလိုက်သည်။
မကြာမီ လီယု၏ပုံရိပ်သည် အိမ်နားတွင် ပျောက်ကွယ်သွား၏။ ထို့နောက် ပိုင်လျန်သည် သူမ၏အဝတ်အစားများကိုဆွဲချကာ သနားစရာကောင်းသည့်လေသံဖြင့် မေးလိုက်သည်။
“တစ်စိတ်လောက် ဒီမှာ တစ်ယောက်ယောက်ရှိလား။”
ဘေးတစ်ဖက်တွင်ပုန်းနေသော ရှောင်းယီသည် သူမ၏အကြည့်ရဆိုးသော သရုပ်ဆောင်မှုကိုကြည့်ရင်း စိတ်ကင်တာရလုနီးပါး ဖြစ်သွားခဲ့သည်။
“ဟင် ဘယ်သူလဲ။”
ရှောင်းယီသည် ယခုမှ အိပ်ယာထလာသည့်ဟန်ဆောင်ကာ ဒူးလေးကို ကျော၌လွယ်ပြီး ထွက်လာခဲ့သည်။
ညအချိန်ဖြစ်သောကြောင့် ပိုင်လျန်သည် ရှောင်းယီ၏ထူးဆန်းသောလှုပ်ရှားမှုများကို သတိမထားမိခဲ့ပေ။ သူသည် အိပ်ရာထဲမှ နာကျင်စွာဖြင့် ထလာကာ ခါးထောက်ထားသည်ဟုသာ ထင်မှတ်လိုက်သည်။
အနားကပ်လာသောအခါ ပိုင်လျန်သည် ရှောင်းယီ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
“ဘယ်လိုတောက် ချောလိုက်တဲ့ကောင်လေးလဲ။”
ပိုင်လန်၏နှလုံးသားတွင် လိုအင်ဆန္ဒများဖြင့် လှိုင်းထသွားခဲ့သော်လည်း လီယု၏ချုံခိုတိုက်ခိုက်မှုနှင့် လက်ထဲရှိလက်နက်ကို တွေးမိလိုက်ပြီး ရွေးချယ်စရာမရှိဘဲ ဆက်လက်၍သာ သရုပ်ဆောင်လိုက်ရလေသည်။
“မောင်ငယ်လေး မမလှေလှော်ရင်း လမ်ပျောက်သွားလို့။ ဒီည မင်းနဲ့အတူ ဒီမှာအိပ်လို့ရမလား။”
ပိုင်လျန်သည် သူမ၏အဝတ်အစားများကို ထပ်မံ၍ မသိမသာဆွဲချကာ ပြောလိုက် သည်။
ရှောင်းယီက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဆွဲချမနေနဲ့တော့။ ဆွဲချမယ့်အစား တစ်ခါတည်းချွတ်လိုက်ပါလား။”
“မင်းလိုချင်တယ်ဆိုရင် ဒီမမက လုပ်ပေးမှာပေါ့။”
ပိုင်လျန်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။
ထိုအချိန်တွင် လီယုသည် သူ၏တစ်ဖက်မှ ထွက်လာသော ပိုင်လျန်၏စကားသံကို ကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိန်ဆဲမိလိုက်သည်။
“မင်း မိန်းမပျက်မ။ ငါက မင်းကို လုံလောက်အောင်မကျွေးနိုင်လို့လား။”
ပိုင်လျန်သာ လီယုစိတ်ရှိစကားများကို ကြားသိခဲ့လျှင် ဤကဲ့သို့ သေချာပေါက်ပြန်ပြောပေလိမ့်မည်။
‘နင်က ၁၀ မိနစ်ထဲနဲ့ ဘယ်သူ့ကို ဝအောင်ကျွေးနိုင်မှာလဲ။’
“ရပ်လိုက်”
ရှောင်းယီသည် ပိုင်လျန်ကို ရှေ့တိုးမလာစေရန် ချက်ချင်းတားဆီးလိုက်သည်။
“ဘာဖြစ်လို့လဲ မောင်ငယ်လေး။ မမက မလှလို့လား။”
ပိုင်လျန်သည် ညုတုတုအသံဖြင့် ပြောလိုက်သည်။
ရှောင်းယီသည်မူ အန်ချမိလုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်တွင် လီယုသည် ရှောင်းယီ၏အနောက်ဘက်မှ ပြေးထွက်လာခဲ့သည်။ သူသည် ရှောင်းယီ၏နောက်ကျောတွင် ရှိနေသောလက်နက်ကို မြင် လိုက်ရသော်လည်း မည်သည့်အရာဖြစ်သည်ကိုတော့ မသိခဲ့ပေ။
နောက်ကျောတွင်ရှိနေသောကြောင့် ပစ်မှတ်သည် ပိုင်လျန်ဖြစ်ပြီး သူနှင့်မသက်ဆိုင်ဟု ယူဆလိုက်သည်။ ဤလူကိုသာသတ်နိုင်ခဲ့လျှင် အောင်မြင်ပြီဖြစ်စ်သည်။ ပိုင်လျန် အသက်ရှင်လျှင်ကောင်း၏။ မရှင်လျှင်လည်း ကိစ္စမရှိပေ။
လီယု၏ပုဆိန်သည် လှုပ်ရှားသွားခဲ့သည်။ ရှောင်းယီသည် နောက်သို့ပင် လှည့်မကြည့်သေးပေ။
“အောင်မြင်ပြီ။”
လီယုနှင့် ပိုင်လျန်တို့၏ စိတ်ထဲတွင် ထိုသို့ တစ်ချိန်တည်းတွေးလိုက်မိ၏။
ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခု ဘေးတစ်ဖက်မှ ခုန်ထွက်လာခဲ့သည်။
“အားးး”
လီယုသည် သူ၏လက်ကောက်ဝတ်၌ စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
“ခရက်”
“အား ငါ့လက်...”
လီယုသည် အပြင်းအထန် ရုန်းကန်လိုက်သော်လည်း ထိုပုံရိပ်သည် သူ၏လက်ကို လွှတ်ပေးရန် ရည်ရွယ်ချက်ရှိပုံမရပေ။
“သေစမ်း...”
လီယုသည် သူ့လက်ကောက်ဝတ်ရှိ ပြင်းထန်သောနာကျင်မှုကို သည်းခံကာ အခြားလက်တစ်ဖက်ဖြင့် ထိုပုံရိပ်ကို လှံဖြင့်ထိုးစိုက်လိုက်သည်။
သို့သော် ထိုပုံရိပ်သည် အလွန်လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လှံသည် ကျွန်း၏မြေကြီးထဲသို့သာ နစ်ဝင်သွားခဲ့သည်။
လီယုသည် သူ၏လှံကို မဆွဲနုတ်နိုင်မီ ပုံရိပ်သည် ပြန်လည်ခုန်တက်လာကာ သူ၏အခြားလက်ကောက်ဝတ်ကို တိကျစွာကိုက်ပစ်လိုက်လေသည်။
“အား...”
လီယု၏ အော်သံမှာ ပို၍ပင် ကျယ်လောင်သွားခဲ့သည်။
ပိုင်လျန်သည် လုံးဝထိတ်လန့်နေခဲ့ပြီး အခြေအနေက ဘာဖြစ်နေသလဲဆိုသည်ကိုပင် နားမလည်ခဲ့ပေ။
ဝမ်ချိုင်သည် တစ်ဖက်လူ နောက်ထပ်လက်ကိုပါ ထပ်မံကိုက်ဖြတ်ပြီးနောက် ရှောင်ယီက ပြန်ခေါ်လိုက်သည်။
“ဝမ်ချိုင် ပြန်လာခဲ့တော့။”
ပုံရိပ်သည် ချက်ချင်းပင် လီယုကို စွန့်ခွာကာ ရှောင်းယီဘက်သို့ ပြေးသွားသည်။
“တကယ်ကို ခွေးတစ်ကောင်ရှိနေတာပဲ။”
ပိုင်လျန်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။ သူမသည် ခွေးများကို အလွန်ကြောက်ပေသည်။ သူမငယ်စဉ်က ခွေးကိုက်ခံခဲ့ရဖူးပြီး စိတ်ထဲ၌ အရိပ်ထင်နေဆဲပင်။
ထို့အပြင် လူကြီးတစ်ယောက်၏လက်ကောက်ဝတ်ကို ကိုက်ဖြတ်နိုင်သော ဤကြမ်းတမ်းသည့်ခွေးကို မည်သူက မကြောက်ဘဲနေမည်နည်း။
ရှောင်းယီက ပိုင်လျန်ကိုကြည့်ပြီး ပြောလိုက်သည်။
“ပြောစမ်း...။ မင်းတို့ဘယ်လိုတွေ့ပြီး ဒီကိုဘယ်လိုရောက်လာတာလဲ။”
လီယုသည် မချိတင်ကဲအော်ဟစ်နေဆဲဖြစ်ပြီး ရှောင်ယီသည် သူ၏ဒူးလေးကိုမြှောက်ကာ ပြောလိုက်သည်။
“မင်းထပ်အော်ရင် ယမမင်းဆီမှာ အစီရင်သွားခံရမယ်။”
လီယုသည် ချက်ချင်းပင် အသံမထွက်တော့ဘဲ အံ့တင်းတင်းကြိတ်ကာ မချိအဆန့်ခံစားနေရသည့်ဝေဒနာကို တောင့်ခံလိုက်ပြီး လက်ရှိအခက်အခဲကို ဖြေရှင်းရန် တွေးတောနေလိုက်သည်။
ပိုင်လျန်တွင် မည်သည့်သဘောထားနှင့် အောက်ခြေစည်းမျဉ်းမျှမရှိဘဲ သူတို့ဘယ်လိုတွေ့ခဲ့ပြီး ဤနေရာသို့ မည်သို့ရောက်ရှိလာသည်ကို ချက်ချင်း ရှင်းပြလိုက်လေသည်။
“မောင်ငယ်လေး ငါ့ကိုမသတ်ပါနဲ့။ ငါ မင်းအတွက် ဘာဖြစ်ဖြစ် လုပ်ပေးပါ့မယ်။”
ပိုင်လျန်သည် နောက်ဆုံးအနေဖြင့် အသနားခံလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုဘူး။ ငါ့ကိုတိုက်ခိုက်ဖို့စီစဉ်လိုက်တဲ့အချိန်ကစပြီး မင်းရဲ့ကံကြမ္မာက ဆုံးဖြတ်ပြီးသွာားပြီ။”
ရှောင်းယီသည် အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဝှစ်ရှိ”
လေးမြှားတစ်ချောင်းသည် ဝှစ်ခနဲ ပျံသန်းထွက်ပေါ်လာပြီး ပိုင်လျန်၏နဖူးအလည်တည့်တည့်ကို စိုက်ဝင်သွားခဲ့သည်။ သူမသည် မည်သည့်စကားမျှ မပြောလိုက်နိုင်ဘဲ နေရာမှာပင် ချက်ချင်းအသက်ခံခဲ့ရလေသည်။
“အစ်...အစ်ကိုကြီး ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး ကျုပ်ကိုမသတ်ပါနဲ့။ ကျုပ် ခင်ဗျားရဲ့အစေခံလုပ်ပြီး ပစ္စည်းတွေ စုဆောင်းပေးပါ့မယ်။”
လီယုသည် အလျင်အမြန် ပြောလိုက်သည်။ သနားကြင်နာမှုကို တောင်းခံရန်မှာ မဖြစ်နိုင်ကြောင်း သူသိထားပေသည်။ သို့သော်လည်း သူသည် သူ၏တန်ဖိုးကို ပြသနိုင်သ၍ ဤကဲ့သို့အသက်ရှင်ရပ်တည်ရန် ရုန်းရသည့်ကမ္ဘာကြီးတွင် တစ်ဖက်လူက သူ့ကိုငြင်းပယ်လိမ့်မည်မဟုတ်ဟု သူယုံကြည်ပေသည်။
“အစေခံလား။ မင်းဘာကိုဆိုလိုတာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ခင်ဗျား ကျုပ်ကိုအနိုင်ယူပြီးသွားရင် ကျုပ်ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ခင်ဗျားရဲ့လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ပြောင်းလဲနိုင်တယ်။ ကျုပ်စုဆောင်းထားတဲ့ပစ္စည်းအားလုံးကိုလည်း ခင်ဗျားအပိုင်ဖြစ်လာလိမ့်မယ်။”
လီယုက ချက်ချင်းရှင်းပြလိုက်သည်။ သို့သော်သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးလိုက်ပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပိုင်ရှင်၏ပစ္စည်းအားလုံးအား သိမ်းပိုက်နိုင်သည်ကိုမူ မပြောပြခဲ့ပေ။
“အို”
ရှောင်းယီသည် မျက်ခုံးပင့်လိုက်မိ၏။
“ဒါဆို မင်းက မင်းရဲ့ကျွန်းကို ပြန်ရှာနိုင်သေးလို့လား။”