← Chapters

လီယုကို ဖြေရှင်းခြင်း၊ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်

Vol. 2 Ch. 27

လီယုကို ဖြေရှင်းခြင်း၊ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်

Vol. 2 Ch. 27

လီယုတို့ အရင်ကပြောခဲ့သည့်အတိုင်းဆိုလျှင် သူတို့သည် သံလိုက် အိမ်မြှောင်မရှိဘဲ ဦးတည်ဘက်တစ်ခုကို ကျပန်းရွေးချယ်ကာ လှော်ခတ်ခြင်းဖြစ်သည်။ သူတို့သည် သူတို့လာခဲ့သည့်လမ်းကြောင်းကိုပင် ပြောပြနိုင်ခြင်းမရှိပေ။ သူတို့အတွက် သံလိုက် အိမ်မြှောင်မရှိဘဲ အိမ်ပြန်လမ်းကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် မြေပုံတစ်ခုရှိသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ကျွန်းပေါ် တွင်ရှိပြီး လီယုသည် ယခုအချိန်တွင် ၎င်းကို မမြင်နိုင်တော့ပေ။

“အစ်ကိုကြီး ကျုပ်လှေဆောက်ပြီးပြီးချင်းတုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်ကို ရွှေ့ပြောင်းနိုင်ခဲ့တယ်။ ဒါပေမယ့် တစ်နှစ်ကိုတစ်ကြိမ်ပဲပြောင်းလို့ရ တယ်။”

လီယုသည် ရိုးသားစွာဖြင့် အရာအားလုံးကို ဖွင့်ဟပြောပြလိုက်သည်။

ရှောင်းယီသည် ဤကဲ့သို့ စနစ်မျိုးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်းယီ အနည်းငယ်စိတ်ဝင်စားသွားသည်ကို မြင်သောအခါ လီယုက ဆက်ပြောလိုက်သည်။

“ခင်ဗျား ကြည့်ကြည့်ပါ။ လူနှစ်ယောက်က လူတစ်ယောက်ထက် ပစ္စည်းတွေပိုပြီးစုဆောင်းနိုင်တယ်။ နောင်ပိုင်းမှာ ခင်ဗျားရဲ့ကျွန်းက ဒီထက်ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ နံပါတ်(၁)တောင် ဖြစ်လာနိုင်တယ်။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

လီယုသည် အလွန်အမင်း။ဝမ်းသာသွားပြီး အနာဂတ်တွင် ရှောင်းယီ၏လက်အောက်မှ မည်သို့လွတ်မြောက်အောင်လုပ်ရမည်ကို တွေးလိုက်မိသည်။

‘ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးလိုက်မှပဲ လွတ်မြောက်နိုင်မယ်ထင်တယ်။ အခုတော့ သူရဲ့စွမ်းအားတွေနဲ့ ကျွန်းဖွံ့ဖြိုးတိုးတက်လာတဲ့ အထိစောင့်လိုက်မယ်။ ကျွန်းအထိန်းအမှတ်ကျောက်တိုင်ရဲ့ စွမ်းအားကို မလိုအပ်တော့တဲ့အခါကျရင် ကျွန်းအထိမ်းအမှတ် ကျောက်တိုင်ကိုဖျက်ဆီးပြီး သူရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်။’

လီယု၏နှုတ်ခမ်းထောင့်စွန်းတွင် နားမလည်နိုင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝှစ်ရှ်

ထိုအချိန်တွင် မြှားတစ်စင်းသည် သူ၏မျက်လုံးထဲ၌ တိုင်းတာ၍မရနိုင်အောင် ကြီးမားလာသည်အား မြင်လိုက်ရလေသည်။

ဆွစ်...

ထို့နောက် သူ၏အသိစိတ်သည် အမှောင်ထုထဲသို့ နစ်မြုပ်သွားခဲ့သည်။ သူသေဆုံးသွားသည့်ချိန်အထိ သူမနားလည်နိုင်သည်မှာ ရှောင်းယီသည် နှုတ်ဆက်ခြင်းပင်မပြုဘဲ သူ့ကိုအဘယ်ကြောင့် သတ်ပစ်ရသည်ကိုပင်ဖြစ်သည်။

ရှောင်းယီသည် သူ၏လက်ထဲမှ ဒူးလေးကို ချထားလိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

“ငါ လက်အောက်ခံတွေလိုချင်တယ်ဆိုရင်တောင် မင်းလိုလူမျိုးကိုတော့ မလိုအပ်ဘူး။”

ထိုသို့ပြောပြီးနောက် သူသည် သူတို့နှစ်ဦးကို တစ်ဖက်တစ်ယောက်စီ ကောက်ကိုင်ပြီး ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်သည်။

“ငါ့ရဲ့လက်မောင်းအားတွေ အရမ်းကောင်းလာမယ်လို့ မျှော်လက့်မထားခဲ့မိဘူး။ တကယ်ကို အဝေးကြီး ပစ်နိုင်လိုက်တာပဲ။”

ရှောင်းယီသည် အလောင်းနှစ်လောင်းအား ၁၀ မီတာနီးပါးဝေးသောနေရာသို့ ပစ်ချနိုင်လိုက်သည်ကိုကြည့်ရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။

ပင်လယ်သတ္တဝါတစ်ချို့ကို ဆွဲဆောင်မိမည်ကိုတော့ ရှောင်းယီ အရမ်းစိုးရိမ်မနေတော့ပေ။

သူ့တွင် ဒူးလေးနှင့် လှံရှည်ရှိပြီး သာမန်ပင်လယ်သတ္တဝါများကို ကိုင်တွယ်နိုင်ပြီဖြစ်သည်။ ထိုအရာများက သူ့ကို အစားအစာအချို့ပင် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ထိုနှစ်ဦးကိုကိုင်တွယ်ဖြေရှင်းပြီးနောက် ရှောင်းယီသည် လီယု၏လှေငယ်ပေါ်သို့ တက်သွားလိုက်လေသည်။

လှေငယ်၏အလယ်ဗဟိုတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိပြီး ရှောင်းယီသည် ၎င်း၏အနီးသို့ ချဉ်းကပ်သွားလိုက်သည်။

“ပိုင်ရှင်မဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပိုင်ရှင်လီယု၏ အသက်ရှင်မှုလက္ခဏာများ ပျောက်ဆုံးသွားပါပြီ။ သင်သည် ယင်းကိုဖျက်ဆီးရန် သို့မဟုတ် လက်အောက်ခံအဖြစ် ရယူနိုင်သည်။ နည်းလမ်းနှစ်ခုစလုံးတွင် မူလကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပိုင်ရှင်၏ပစ္စည်းအားလုံးကို ရရှိမည်ဖြစ်သည်။”

စနစ်၏သတိပေးချက်သည် အလွန်အသေးစိတ်ကျလှပြီး ၎င်းက ရှောင်းယီကို စိတ်မပျက်စေခဲ့ပေ။

“ဆိုတော့ ဒီလူက လီယုပေါ့။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် အများသုံးချန်နယ်တွင် ၎င်းနှင့် စကားပြောခဲ့ဖူးသည်ကို အမှတ်ရနေဆဲဖြစ်သည်။

“သူက လှေတစ်စင်းကို ဒီလောက်မြန်မြန်ဆန်ဆန်တည်ဆောက်ပြီး ငါ့ဆီကိုရောက်လာနိုင်တယ်ဆိုတော့ ငါးဖမ်းသမားပဲဖြစ်ရမယ်။”

လူအများစုသည် ဤကဲ့သို့လှေငယ်လေးဖြင့် ပင်လယ်ထဲတွင် ရွက်လွင့်ရဲကြမည်မဟုတ်ပေ။

“ဒါပေမယ့် ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုဖျက်ဆီးလိုက်တာက အကျိုးမရှိသလိုပဲ။

ဆိုတော့ အခုအချိန်မှာ လက်အောက်ခံအဖြစ်ပဲ သိမ်းထားလိုက်ပါ့မယ်။”

ရှောင်းယီသည် နောက်ဆုံးတွင် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ်ထားရှိရန်သာ ဆုံးဖြတ်လိုက်လေသည်။

ရှောင်းယီ ကျွန်းအထိန်းအမှတ်ကျောက်တိုင်ကို ထိသည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“သင့်တွင် ပိုင်ရှင်မဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို တွေ့ရှိပါသည်။ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ပြောင်းလဲမည်လား။”

“ပြောင်းမယ်။”

ရှောင်းယီသည် ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏အရွယ်အစားမှာ အနည်းငယ်ကျုံ့ဝင်သွားပြီး အပြင်ပန်းပုံသဏ္ဍာန်မှာမူ သိသိသာသာပြောင်းလဲမသွားခဲ့ပေ။

“တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်လာမယ်ထင်ထားတာကို။”

ရှောင်းယီသည် အနည်းငယ်သာ သေးငယ်သွားပြီး အခြားပြောင်းလဲမှုမရှိသော ကျွန်းအထိမ်းအမှတ်တိုင်ကိုကြည့်ကာ လှေပေါ်ရှိပစ္စည်းအားလုံးကို သူ၏ကျွန်းပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။

“လှေလှော်ပြီး ပစ္စည်းသေတ္တာဖမ်းဖို့ လူနှစ်ယောက်ရှိတာတောင်မှ ပစ္စည်းတွေက အရမ်းနည်းတာပဲ။ ကံဆိုးချင်တော့ မင်းတို့ယူမသွားနိုင်တော့ဘူး။ ဒါတွေကို ငါသာယူမထားလိုက်ရင် ဖြုန်းတီးရာကျလိမ့်မယ်။”

ရှောင်းယီသည် စောဒကတက်လိုက်မိသည်။

သို့သော် ရှောင်းယီကို အံ့အားသင့်သွားစေသည့်အရာမှာ သူတို့တွင် အုတ်မြစ်ကျောက် ၁၆ ခုရှိသည်ကို တွေ့လိုက်ရခြင်းပင်။

“အုတ်မြစ်ကျောက် ၁၆ခုလား။ မနေ့က ကျန်းယွင်ထျန်းရဲ့ အလတ်စားရွက်လှေကို ဝယ်ချင်တဲ့သူက လီယုများဖြစ်နိုင်မလား။”

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ ယခင်ငွေကြေးလဲလှယ်မှုအောက်တွင် အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံအတွက် အုတ်မြစ်ကျောက် ၁၆ ခုဖြင့် လဲလှယ်လိုသူတစ်ဦးရှိကြောင်း ရုတ်တရက်သတိရသွားခဲ့သည်။

“လီယုက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်ကို ပြောင်းရွှေ့ခဲ့တယ်။ ဒါက သူက ပင်လယ်ပြင်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို ပြနေတာပဲ ။အလတ်စားရွက်လှေလိုချင်တာကို နားလည်ပေးလို့ရပါတယ်။”

ရှောင်းယီသည် တစ်ကိုယ်တည်းပြောလိုက်သည်။

ထို့နောက် ထိုအုတ်မြစ်ကျောက်အားလုံးကို သူ၏ကျွန်းအား ချဲ့ထွင်ရန် အသုံးပြုလိုက်တော့လေသည်။

“ဒီလိုအိမ်တိုင်ရာရောက်လာပို့ပေးတဲ့သူတွေ အများကြီးရှိရင် ကောင်းမယ်။ ပစ္စည်းသေတ္တာဖမ်းတာထက် အများကြီးပိုမြန်တယ်။”

ရှောင်းယီသည် ပိုမိုကြီးမားလာသောကျွန်းကိုကြည့်ကာ ရေရွတ်လိုက်သည်။

ဟုတ်ပါသည် ဤသည်မှာ သူ၏စိတ်ကူးယဥ်မှုတစ်ခုသာဖြစ်ပြီး ငါးရက်ကြာသည်အထိ စောင့်နေပြီးနောက် ထိုလှေတစ်စင်းကိုသာ တွေ့ခဲ့ရသည်။ ထုတ်လုပ်မှုပုံစံများကို ပုံဆိုင်နိုင်ရန်မှာ ခက်ခဲလှပေသည်။ ထုတ်လုပ်မှုပုံစံရှိလျှင်ပင် လူအများစုသည် သင်္ဘောတစ်စီးဆောက်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကို စုဆောင်းနိုင်ကြမည်မဟုတ်ပေ။

ပစ္စည်းများစုဆောင်းပြီး ဆောက်လုပ်နိုင်သည်ဆိုလျှင်ပင် ဤနေရာ၌ တိကျသောမြေပုံမရှိပေ။ လူတိုင်းသည် ကျပန်းသာ သွားလာကြရမည်ဖြစ်ပြီး မိမိ၏ကျွန်းနှင့်နီးသောနေရာသို့ ရောက်ရှိလာရန်မှာ အလားအလာအလွန်နည်းပါးလှသည်။

ထို့ကြောင့် လီယုတို့နှင့်တွေ့ဆုံခြင်းမှာ ကံကြမ္မာ၏ဆန်းကြယ်မှုတစ်ခုသာ ဖြစ်ပေသည်။

လှေငယ်ကို ပြန်လည်ချည်နှောင်ပြီးနောက် ရှောင်းယီသည် သူ၏သစ်သားအိမ်သို့ပြန်သွားကာ စနစ်၏အချိန်ကို စစ်ဆေးကြည့်လိုက်သည်။

မနက် ၁နာရီခွဲနေပြီဖြစ်သောကြောင့် အိပ်ယာထဲဝင်ကာ အိပ်လိုက်တော့လေသည်။

ရှောင်းယီသည် သစ်သားအိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီးနောက် အိပ်ရာ၏ဘေးတစ်ဖက်အောက်နားတွင် လဲလျောင်းနေသော ဝမ်ချိုင်ကို သတိပေးလိုက်သည်။

“ဝမ်ချိုင် နောက်တစ်ခါ ငါ့မျက်နှာကို လျှာနဲ့မလျက်နဲ့။ ငါ့ အဝတ်အစား ဒါမှမဟုတ် လက်ကို ဆွဲလို့ရတယ်။ ငါ့မျက်နှာပေါ်ကို နှာခေါင်းတောင်လာမတင်နဲ့ နားလည်လား။”

“ဝုတ် ဝုတ်”

ဝမ်ချိုင်က ပြန်ဖြေလိုက်သည်။

“အိပ်တော့”

ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ စောစောကအိပ်မက်ကို ပြန်တွေးလိုက်မိပြီးနောက် မအိပ်တော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် လက်အောက်ခံဆိုသည့်စာမျက်နှာတစ်ခု ထပ်တိုးနေခဲ့သည်။

ထိုထဲသို့ဝင်ကြည့်လိုက်သောအခါ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏အချက် အလက်များကို တွေ့လိုက်ရလေသည်။

လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်- လှေငယ်ပေါ်တွင် ထားရှိထားသည်။ ပစ္စည်းများ - ၀။”

ရှောင်းယီသည် အနည်းငယ်ကြည့်ရှုလိုက်ပြီးနောက် စာမျက်နှာကို အများသုံးချန်နယ်သို့ပြောင်းကာ စာတစ်စောင်တင်လိုက်သည်။

“အန်းရန် ဒီမက်ဆေ့ခ်ျကို မင်းမြင်ရင် ငါ့ကို သီးသန့် ဆက်သွယ်ပါ။”

ညနက်နေပြီဖြစ်သော်လည်း အများသုံးချန်နယ်တွင် လူအချို့စကားပြောဆိုနေဆဲဖြစ်ပြီး လူတိုင်းအထီးကျန်နေကြသည်။

“အခုနောက်ပိုင်း လူတဲ့ရှာသူတွေ များများလာတယ်။”

“ဟုတ်တယ်ယ ငါတို့ကမ္ဘာကလူတွေအားလုံး ဒီကိုပစ်ချခံလိုက်ရတယ်ထင်တယ်။”

“ငါလည်းတစ်ယောက်ယောက်ကို ရှာချင်တယ်။ ငါ့အရင်ရည်းစားလေးယဲ့ချန်း မင်းဘယ်မှာလဲ။”

“ဖြတ်လိုက်စမ်းပါကွာ။ အဆက်အသွယ်ပြန်ရရင်တောင် ဘာအကျိုးရှိမှာလဲ။ တစ်ယောက်နဲ့တစ်ယောက် အထောက်အကူဖြစ်မှာမဟုတ်ဘူး။ အထောက်အကူဖြစ်တယ်ဆိုရင်တောင် ဘယ်လောက်ဝေးမှန်းမသိဘဲနဲ့ တွေ့ရဖို့အခွင့်အလမ်းမရှိဘူး။”

“ဒါက အလုံးစုံတော့မမှန်ဘူးလေ။ ကိုယ့်မိသားစု၊ မိတ်ဆွေတွေနဲ့သာ တကယ်တွေ့ခဲ့ရင် ပူးပေါင်းပြီးလုပ်ဆောင်နိုင်တယ်။ ဒါက မသိတဲ့သူနဲ့ပူးပေါင်းတာထက်တော့ ပိုကောင်းတယ်။”

“အဓိပ္ပါယ်ရှိတယ်။”

“ဘာမှအဓိပ္ပါယ်မရှိဘူး။ ငါ့ကိုယ်တိုင် ငါ့ဝမ်းကွဲရဲ့လှည့်စားတာကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ငါးဖမ်းပိုက်ကို ခဏပေးသုံးပါဆိုလို့ ငါပေးလိုက်တာ။ ပြီးတော့ သူက ငါ့ကို ဘလော့ပစ်လိုက်တယ်။”

“မင်းရဲ့ဆွေမျိုးတွေက ဘယ်လိုဆွေမျိုးတွေလဲ။”

လူတိုင်း၏သတင်းအချက်အလက်များက သူ၏သတင်းအချက်အလက်အား ဖုံလွှမ်းသွားသည်ကို မြင်လိုက်ရသော ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် သစ်သားအိပ်ရာပေါ်သို့ ပြန်တက်ကာ လှဲလျောင်းလိုက်ပြီး အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့တွင် ရှောင်းယီသည် သူ၏မျက်နှာစိုစွတ်နေသည်ကို ထပ်မံခံစားလိုက်ရပြီး ချက်ချင်းနိုးခဲ့လာသည်။

“ဝမ်ချိုင် မင်း ဘာလုပ်ပြန်တာလဲကွ။”

ရှောင်းယီသည် သစ်သားအိမ်ထဲမှတစ်ဆင့် ကျွန်းပေါ်သို့ လှမ်းကာ အော်ဟစ်လိုက်၏။

ဝမ်ချိုင်သည် ရှောင်းယီရှေ့တွင် ထိုင်နေပြီး သူ၏ခေါင်းကိုတခြမ်းစောင်းကာ လျှာတစ်လစ်ဖြင့် သစ်သားကြမ်းပြင်ပေါ်တွင် အမြီးကိုလှုပ်ယမ်း နေခဲ့သည်။

“ဟမ့်”

ရှောင်းယီသည် ဝမ်ချိုင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“နောက်တစ်ခါ ငါ့မျက်နှာကို လျှာနဲ့မလျက်ရဘူး။ နားလည်လား။”

“ဝုတ် ဝုတ်”

All Chapters