အဆောက်အဦအဆင့်မြှင့်တင်ခြင်းကဒ်၊ နောက်ဆုံးစုဆောင်းမှုလှိုင်း
Vol. 2 Ch. 28
ရှောင်းယီသည် ဝမ်ချိုင်ကို ဆူပူပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ လျှောက်သွားကာ ထုတ်လုပ်မှုနေရာရှိ အလတ်စားရွက်လှေနှစ်စင်းကို ကြည့်ရှု ပြီး ပြောလိုက်သည်။
“မင်းရဲ့စွမ်းပကားကို ကြည့်ရအောင်။”
သူသည် လှေငယ်ဆလး၏ဘေးတွင် အလတ်စားရွက်လှေနှစ်စင်းကို ဘေးချင်းယှဉ်ကာ ထားလိုက်သည်။
နေရာချပြီးနောက် ရှောင်းယီသည် သစ်သားအိမ်ထဲမှထွက်ကာ လှေငယ်ဘေးရှိ ရွက်လှေကို အံ့အားသင့်စွာကြည့်လိုက်သည်။
“အရမ်းကြီးတယ်။”
ရှောင်းယီ၏ခန့်မှန်းချက်အရ ထိုအလတ်စားရွက်လှေသည် လှေငယ်ထက် ဆယ်ဆပိုမိုကြီးမားပြီး ထို့ထက်ပင်ပိုနိုင်သည်။
ရှောင်းယီသည် ဘေးဘက်တွင်ချထားသော လှေကားမှတစ်ဆင့် အလတ်စားရွက်လှေပေါ်သို့ ပထမဆုံးအကြိမ် တက်ကြည့်လိုက်သည်။
ယခင်ကမ္ဘာတွင် ရှောင်းယီသည် သိပ်မကြီးသောကူးတို့သင်္ဘောများကို စီးဖူးခဲ့သော်လည်း ၎င်းတို့အာလုံးမှာ သံမဏိများဖြင့် ပြုလုပ်ထားသော လှေကြီးများဖြစ်ပြီး ယခုမြင်ရသည်မှာ အလုံးစုံသစ်သားဖြင့်သာပြုလုပ်ထားခြင်းဖြစ်ပြီး ခံစားချက်မှာ လုံးဝကွဲပြားခြားနားပေသည်။
ရှောင်းယီသည် အလတ်စားရွက်လှေကို မောင်းနှင်ရန် ကြိုးစားကြည့်လိုက်သည်။ သူ့ကိုအံ့အားသင့်သွားစေခဲ့သည်မှာ သူသည် ၎င်းကို အမှန်တကယ် မောင်းနှင်နိုင်ပြီး လုပ်ဆောင်ရသည်မှာ သိပ်မခက်ခဲလှပေ။
သို့သော် ဤသည်မှာ ကမ္ဘာ့ဥပဒေသများ၏ ပြုပြင်မှုသာဖြစ်ရမည်ဟု သူသိထားသည်။ လူတိုင်းသည် လှေကိုမောင်းနှင်နိုင်သော်လည်း အရေးပေါ်အခြေအနေတွင် လှေလုပ်ငန်းကျွမ်းကျင်သူများကသာ ပို၍အကျိုးရှိမည်ဖြစ်သည်။
ရှောင်းယီသည် လှည့်ပတ်ကြည့်ရှုပြီးနောက် လှေပေါ်မှဆင်းကာ ကမ်းစပ်သို့ပြန်လာပြီး သူအတွက်နံနက်စာကို ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဝမ်ချိုင်သည် မနေ့ကဖမ်းမိထားသော ငါး ၁၀ ကောင်လုံးကို စုဆောင်းထားပြီးဖြစ်သည်။
“ဟင်း...ငါ ဟင်းသီးဟင်းရွက်တွေ ဘယ်တော့များမှစားရမှာလဲ။”
ရှောင်းယီသည် သူစိုက်ပျိုးထားသော သီးနှံများကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
မကြာမီ ဆလတ်ရွက်များ မရင့်မှည့်မည်ဟုသာ မျှော်လင့်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆလတ်ရွက်သည် ကြီးထွားမှုသံသရာအတိုဆုံးဖြစ်သောကြောင့်ပင်။
သို့သော် ဆလတ်ရွက်များ ရင့်မှည့်ပါက ဆီနှင့်ဆားများမရှိသောကြောင့် ငါးကင်နှင့်သာ အတူတကွ အစိမ်းစားရမည်ဖြစ်သည်။
“လိုအပ်တဲ့အရာတွေ အများကြီးကျန်နေသေးတာပဲ။”
ရှောင်းယီသည် ငါးကင်ကိုတစ်ဖက်လှန်ရင်း စနစ်ကို ပြောလိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ အဆောက်အဦအဆင့်မြှင့်တင်ခြင်းကဒ် တစ်ခုရရှိပါသည်။”
“အဆောက်အဦအဆင့်မြှင့်တင်ခြင်းကဒ်- မည်သည့်အဆောက်အဦကိုမဆို နောက်တစ်ဆင့်သို့ ကျပန်းအဆင့်မြှင့်နိုင်သည်။”
“ကျပန်းလား”
ရှောင်းယီသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“ဥပမာ- သင့်လှေကို အဆင့်မြှင့်မည်ဆိုပါက နောက်တစ်ဆင့်တွင် စစ်သင်္ဘော၊ ဖျက်ဆီးရေးသင်္ဘော စသည့် လှေအမျိုးမျိုးရှိသည်။ အဆင့်မြှင့်တင်ခြင်းကဒ်ကို အသုံးပြုမည်ဆိုပါက မည်သည့်လှေမျိုးကိုမဆို အဆင့်မြှင့်တင်နိုင်ပြီး ထိန်းချုပ်မရနိုင်ပါ။ ဤသည်မှာ ကျပန်းဖြစ်သည်။”
“ဒီဟာက အရမ်းကောင်းတယ်။”
ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့ပြီး သူ၏အဆောက်အဦများကို ကြည့်လိုက်သည်။ လက်ရှိတွင် အဆင့်မြှင့်တင်ရန် အလိုအပ်ဆုံးအရာမှာ ကျပ်ညှပ်နေပြီဖြစ်သော သူ၏သစ်သားအိမ်လေးဖြစ်သည်။
ဂိုဒေါင်သည် အရမ်းကြီးစရာမလိုပေ။ အစားအစာလည်း အများကြီးမရှိသေးပေ။
ပန်းအိုးတွင်လည်း နေရာအကန့်အသတ်ရှိသေးသည်။ S-အဆင့် မြေဆီလွှာထည့်ထားသော ပန်းအိုးတွင် အုန်းသီးပျိုးပင်နှစ်ပင်သာရှိပြီး အခြားပန်းအိုးတွင် ဂျုံပျိုးပင်ဆယ်ပင်နှင့် ပန်းသီးပင်တစ်ပင်သာရှိသည်။
A-အဆင့် ကြက်ခြံနှစ်ခုရှိပြီး လက်ရှိတွင် ၎င်းကို အဆင့်မြှင့်တင်ရန် မလိုအပ်သေးပေ။
အလတ်စားရွက်လှေသည်လည်း အစောပိုင်းကာလတွင် အသုံးပြုရန် လုံလောက်နေပြီဖြစ်ပြီး မြေပုံမရှိ၊ ပစ်မှတ်မရှိပါက ရွက်လှေဖြင့်ခရီးထွက်ရန်မှာ အဓိပ္ပါယ်မရှိပေ။
“သစ်သားအိမ်ပဲရှိတယ်။ အဲ့ဒါက အရမ်းကြပ်ညှပ်နေပြီ။ နောက်ဆုံးတော့ ငါပိုကြီးတဲ့အိမ်မှာနေရတော့မယ်။”
ရှောင်းယီ ဆုံးဖြတ်လိုက်သည်။
“အဆင့်မြှင့်တင်ခြင်းကဒ်ကို သစ်သားအိမ်အတွက်သုံးမယ်။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် လုပ်ဆောင်ပါ။”
စနစ်က သတိပေးလာခဲ့သည်။
ရှောင်းယီသည် အံ့အားသင့်သွား၏။
“ဒီစနစ်က အရမ်းအစွမ်းထကခယ်နေတုန်းပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့တောင် လိုက်လျောညီထွေဖြစ်အောင်လုပ်ထားတယ်။”
ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောင်တိုင်သို့ ရောက်လာပြီး ထုတ်လုပ်မှုစာမျက်နှာတွင် သူ၏သစ်သားအိမ်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။
“ဂုဏ်ယူပါသည်။ သင့်သစ်သားအိမ်ကို လုံးချင်းတိုက်ခန်းအဖြစ် အဆင့်မြှင့်ပြီးပါပြီ။”
ဤသည်မှာ စနစ်၏သတိပေးချက်ဖြစ်သည်။
“သတိပေးချက်- လက်ရှိကျွန်းဧရိယာသည် လုံးချင်းတိုက်ခန်း ထားရှိရန် မလုံလောက်ပါ။ ကျွန်းဧရိယာကို အမြန်ဆုံးချဲ့ထွင်ပါ။ ၂၄နာရီအတွင်း လိုအပ်သောဧရိယာမပြည့်မီပါက အဆင့်မြှင့်တင်မှု ကျရှုံးမည်ဖြစ်သည်။”
“ဘာ..”
ရှောင်းယီသည် အလန့်တကြား အော်ဟစ်မိလိုက်ပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ၏လက်ရှိကျွန်းဧရိယာမှာ ၆၃ စတုရန်း မီတာရှိပြီး လုံးချင်းတိုက်ခန်းထားရှိရန် မလုံလောက်ခြင်းပေလော။
လုံးချင်းတိုက်ခန်း၏ဧရိယာမှာ ၃၆ စတုရန်းမီတာ (၆ × ၆) ရှိပေသည်။
လက်ရှိ၌ ရှောင်းယီတွင် ၂ ×၂ အရွယ် ကြက်ခြံနှစ်ခု၊ ၂ ×၂ အရွယ် ဂိုဒေါင်တစ်ခု၊ ၁×၄ အရွယ် ပန်းအိုးနှစ်ခုနှင့် ၁ ×၂ အရွယ် အိုးကြီးနှစ်လုံးရှိသည်။
ခန့်မှန်းချေတွက်ကြည့်ပါက ဧရိယာမှာ ပြည့်မီနိုင်သော်လည်း ရှောင်းယီသည် အလိုအလျောက်ငါးဖမ်းပိုက်ကို ကျွန်း၏အစွန်း တစ်ဝိုက်တွင် လည်ပတ်ခိုင်းထားသဖြင့် ၎င်းက အပြင်ဘက်ဆုံးအဝန်းကို နေရာယူထားခဲ့သည်။
မနေ့ကဖမ်းမိသော ပစ္စည်းသေတ္တာများကလည်း နေရာအချို့ယူထားသဖြင့် နောက်ဆုံးတွင် ဧရိယာမှာ မလုံမလောက်ဖြစ်သွားခဲ့လေသည်။
“အလိုအလျောက်ငါးဖမ်းပိုက်ကို လုံးဝရပ်ပစ်ပြီး ပစ္စည်းသေတ္တာတွေကို ဖယ်ရှားလိုက်ရင် အဆောက်အဦအားလုံး ထည့်လို့ရနိုင်လောက်တယ်။”
ရှောင်းယီ ရေရွတ်မိလိုက်သည်။
သို့သော် ရှောင်းယီသည် ဤအတွေးကို တွေးရုံသာတွေးခဲ့ခြင်းဖြစ်သည်။ သူ့တွင် လက်မှတ်ထိုးဝင်ခြင်းစနစ်ရှိသော်လည်း အသက်ရှင်ရပ်တည်ရန်အတွက် ပစ္စည်းသေတ္တာနှင့် ပင်လယ်ငါးများ ဖမ်းဆီးရန် လိုအပ်နေဆဲပင်။
“နည်းလမ်းမရှိဘူး။ ပစ္စည်းသေတ္တာဖွင့်ဖို့အတွက် နှစ်ဆရိတ်သိမ်းမှုအခြေအနေကို စောင့်နေလို့မရတော့ဘူး။ ကျွန်းထပ်ကြီးလာရင် ပစ္စည်းသေတ္တာတွေလည်း စုပုံလာလိမ့်မယ်။”
ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ ငါးကင်ကိုစားလိုက်ပြီး မနေ့ကရရှိထားသော ပစ္စည်းသေတ္တာ ၈ လုံးကို ဖွင့်လိုက်သည်။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၄၊ ပလပ်စတစ် ၄၊ ကျောက် တုံး ၂၊ ပေါင်မုန့် ၂ဝဝဂရမ်။”
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၊ သစ်သား ၄၊ သတ္တုပြား ၃။”
“ရရှိသောပစ္စည်းများ -...”
ပစ္စည်းသေတ္တာ ၈ လုံးအား ဖွင့်ကြည့်ပြီးနောက် စုစုပေါင်း အုတ်မြစ်ကျောက် ၁၁ ခုရရှိခဲ့ပြီး သူ၏ကျွန်းဧရိယာကိုချဲ့ထွင်ရန် အလျင်အမြန်အသုံးပြုလိုက်သည်။
ရေသန့် ၂ ပုလင်းနှင့် အခြားအခြေခံပစ္စည်းအချို့လည်း ရရှိခဲ့ သည်။
ရှောင်းယီသည် အချိန်တစ်ခုကြာအောင် လေးလေးနက်နက်တွေးတောဆင်ခြင်ပြီးနောက် ရေသန့်ကို ကျွန်းအထိန်းအမှတ်ကျောက်တိုင်၏ ဈေးကွက်တွင် တင်သွင်းလိုက်သည်။
“[ရေသန့်] ၂၀ မီလီလီတာ - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁။”
သူသည် ရေဘူး ၂ ဘူးကို အစုံ ၅၀ အတိအကျပြုလုပ်ပြီး တစ်ပြိုင်နက်တည်း တင်သွင်းလိုက်သည်။
“နောက်ဆုံး ၂ရက်၊ ၃ရက်လောက်ကျန်တော့တယ်။ အုတ်မြစ်ကျောက်တွေ များများထပ်စုရမယ်။”
ရှောင်းယီသည် တီးတိုးရေရွတ်လိုက်သည်။
ယနေ့သည် ပဉ္စမမြောက်နေ့ဖြစ်ပြီး ၂ရက်အတွင်း ပင်လယ်ရေသည် အုတ်မြစ်ကျောက်တစ်ခုကို ဝါးမျိုသွားပေလိမ့်မည်။ ထိုအချိန်တွင် အုတ်မြစ်ကျောက်များအား ရောင်းချမည့်သူ ရှိတော့မယ်မဟုတ်ပေ။
အုတ်မြစ်ကျောက်ရောင်းချခဲ့သူများသည်လည်း အလွန်နောင်တရကုန်ကြမည်ဖြစ်သည်။
သင့်လက်ထဲတွင် အုတ်မြစ်ကျောက်အများအပြားရှိပါက မိုးလောက်မြင့်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။
သို့သော် ရှောင်းယီသည် အုတ်မြစ်ကျောက်များကို ဘယ်တော့မှ ထုတ်ရောင်းမည်မဟုတ်ပေ။ သူသည် အခြားပစ္စည်းများဖြင့်သာ လဲလှယ်လိုပြီး အုတ်မြစ်ကျောက်များအား သူ၏ကျွန်းကိုချဲ့ထွင်ရန်သာ အသုံးပြုမည်ဖြစ်သည်။
ထိုအတွေးဖြင့် သူသည် အအေးခန်းထဲရှိ ငါးများကို လှီးဖြတ်ပြီး ကုန်သွယ်ရေးနေရာတွင် ထပ်မံတင်သွင်းလိုက်သည်။
“[ပင်လယ်ငါး] ၅၀ဂရမ် - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁။”
သူသည် ယနေ့ဖမ်းမိထားသော ပင်လယ်ငါးများကိုသာ ချန်ထားပြီး ကျန်ငါးအားလုံးကို တင်သွင်းခဲ့သည်။ စုစုပေါင်းအစုံ ၂၄၀ ဖြစ်သည်။
ဈေးကွက်ခန်းမ၌ ရေနှင့်အစားအစာ အများအပြားတင်သွင်းထား သဖြင့် လူအများကြားတွင် ရုတ်တရက် အပူတပြင်းဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့ပြန်သည်။
“အုတ်မြစ်ကျောက်ရှိတဲ့သူတွေ ဈေးကွက်ကို မြန်မြန်သွားကြ။ အဲ့မှာ ကောင်းတာတွေရှိနေပြီ။”
“ကျုပ် တွေ့ပြီ။ လူတစ်ယောက်က ရေနဲ့အစားအစာတွေကို အုတ်မြစ်ကျောက်နဲ့လဲလှယ်နေတယ်။”
“ဒီလောက်အများကြီး တင်သွင်းထားတာ တကယ်အံ့ဩစရာပဲ။ ကျုပ်လည်း ဘယ်တော့မှ ဒီလိုမျိုး ရေနဲ့အစားအစာတွေ အပိုရနိုင်မှာလဲ။”
“အုတ်မြစ်ကျောက်က ကျွန်းရဲ့ဧရိယာကို တိုးချဲ့ဖို့ကလွဲရင် သိပ်အသုံးမဝင်ဘူး။ ကိုယ့်တစ်ယောက်တည်းအတွက် နေရာဘယ်လောက်လိုမှာမို့လို့လဲ။ အစားအစာနဲ့ လဲလှယ်တာက ပိုပြီးစိတ်ချရတယ်။”
“ဟုတ်တယ်။ ငါလည်းလဲလှယ်ချင်တယ်ာ ငါ့မှာ အုတ်မြစ်ကျောက် ၂ ခု ရှိတယ်။”
“ဒါပေမယ့် အုတ်မြစ်ကျောက်နည်းနည်းလောက်တော့ချန်ထားဖို့ အကြံပြုပေးချင်တယ်ာ ဒီဟာက အရမ်းအသုံးဝင်လိမ့်မယ်လို့ ကျုပ်ခံစားနေရတယ်။”
“မင်းက တော်တော်စိတ်ကောင်းမရှိတဲ့လူပဲ။ ငါမင်းကိုမယုံဘူး။ လူတိုင်းပဲ အမြန်လဲလှယ်ကြတော့။ မဟုတ်ရင် နောက်တစ်မိနစ်မှာ ပျောက်ကွယ်သွား နိုင်တယ်။”
“ဟုတ်တယ်။ အပေါ်ကလူ့စကားကို ကျုပ်သဘောတူတယ်။ လူတိုင်းပဲ မြန်မြန်လဲလှယ်ကြပါ။”
ရှောင်းယီသည် ထိုလူများ၏ဆွေးနွေးမှုများကို ကြည့်ရင်း ခေါင်းခါလိုက်မိသည်။
“လဲလှယ်ကြ၊ လဲလှယ်ကြ...နောက်နှစ်ရက်နေရင် မင်းတို့ငိုကြရတော့မယ်။”
“ဒီဒီ ဆုဝမ်က သင်နဲ့စကားပြောရန် တောင်းဆိုနေပါတယ်။”