← Chapters

အဆောက်အဦအသစ်အတွက် အခန်းဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ C အဆင့်ရေသန့်စက်

Vol. 2 Ch. 29

အဆောက်အဦအသစ်အတွက် အခန်းဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ C အဆင့်ရေသန့်စက်

Vol. 2 Ch. 29

ရှောင်ယီသည် ချက်ချင်းပင် ဆက်သွယ်မှုကို လက်ခံလိုက်သည်။

“ရှောင်းယီ ဈေးကွက်မှာ အုတ်မြစ်ကျောက်တွေအများကြီးဝယ်နေတဲ့သူတစ်ယောက်ရှိတယ်။ နင်သိပြီးပြီလား။”

ဆုဝမ်က မေးလိုက်သည်။

“ဒါပေါ့ ငါသိတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလူက ငါပဲ‌လေ။”

ရှောင်းယီ ပြုံးကာ ပြန်ဖြေလိုက်သည်။

“အာ ငါပ အုတ်မြစ်ကျောက်တွေရဲ့ အရေးပါမှုကို သိထားတဲ့သူ နောက်တစ်ယောက်ရှိတယ်လို့ထင်နေတာ။”

ဆုဝမ်က ပြောလိုက်သည်။

“နင် အုတ်မြစ်ကျောက်တွေ အရမ်းလိုအပ်နေတာလား။”

“တကယ်လိုနေတယ်။ အရမ်းတော့ အရေးမကြီးပါဘူး။ သတင်း အချက်အလက်ကွာဟမှုကို အခွင့်ကောင်းယူပြီး နည်းနည်းထပ်ပြီးစုဆောင်းထားရုံပါပဲ။ နောက်နှစ်ရက်လောက်ကြာရင် ရနိုင်တော့မှာမဟုတ်ဘူးလေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ငါ ဒီနေ့အုတ်မြစ်ကျောက်တွေရရင် နင့်ကိုအကုန်ပေးမယ်။”

ဆုဝမ်က ပြောလိုက်သည်။

“အို ဟုတ်သားပဲ။ မနေ့က ငှားရမ်းမှုကနေ ငါအုတ်မြစ်ကျောက် ၂ ခုရခဲ့သေးတယ်။”

သူမထိုသို့ပြောပြီးနောက် ဆုဝမ်သည် ချက်ချင်းပင် သီးသန့်ချန်နယ်၌ ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“[အုတ်မြစ်ကျောက်] ၂ - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီသည်လည်း ယဉ်ကျေးမနေတော့ဘဲ ချက်ချင်းပင် ထိုငွေကြေးဖလှယ်မှုကို သဘောတူလိုက်သည်။

“ခဏနေရင် မင်ူရဲ့စွမ်းအင်တွေကို ပြန်ပြီးဖြည့်တင်းဖို့ ငါ မင်းကို ငါးကင်တစ်ခုပေးမယ်။ ဒါဆို မင်းပစ္စည်းသေတ္တာ ဖမ်းတဲ့အခါ ပိုပြီးအာရုံစိုက်နိုင်လိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။ ဒီနေ့ ပစ္စည်းသေတ္တာတွေ ဘယ်ဘက်သွားနေလဲဆိုတာ ငါသွားကြည့်လိုက်ဦးမယ်။”

ဆုဝမ်သည် ထိုသို့ပြောပြီးနောက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဆက်သွယ်မှုပြီးဆုံးပြီးနောက် ရှောင်းယီသည် ဈေးကွက်ကို ထပ်ကြည့်လိုက်ပြီး ငွေကြေးလဲလှယ်မှု ၉၈ စုံ ပြီးမြောက်သွားပြီဖြစ်ကြောင်း တွေ့ လိုက်ရလေသည်။

ထိုအထဲတွင် ရေသန့်အစုံ ၅၀ လုံး ရောင်းချပြီးဖြစ်ပြီး ပင်လယ်ငါး ၂၄ဝ စုံတွင် ၄၈ စုံသာ ရောင်းချရသေးသည်။

“ရေက ပိုရောင်းရတာပဲ။”

ရှောင်းယီ တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ငွေကြေးဖလှယ်မှုပြီးနောက် အုတ်မြစ်ကျောက်အားလုံးအား သူ၏ကျွန်းကိုချဲ့ထွင်ရန် အသုံးပြုလိုက်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဗဟိုပြုကာ ကျွန်းကိုစတုရန်းပုံစံအတိုင်း တဖြည်းဖြည်းချဲ့ထွင်လာခဲ့သည်။

ဤကဲ့သို့ချဲ့ထွင်ပြီးနောက် ကျွန်း၏ဧရိယာမှာ ၁၇၄ စတုရန်းမီတာသို့ ရောက်ရှိသွားပြီး ၁၃ မီတာအရွယ် စတုရန်းတစ်ခုဖြစ်ကာ ကျွန်း၏တောင်ဘက် တွင် အစိတ်အပိုင်း ၅ ခု ကျန်နေခဲ့သည်။

“ဒီလောက်ဆို လုံလောက်ပြီ။”

ထို့နောက် ရှောင်းယီသည် ဆောက်လုပ်ရေးစာမျက်နှာသို့ပြောင်းကာ လုံးချင်းတိုက်ခန်းကို နေရာချရန် ပြင်ဆင်လိုက်သည်။

“သင် တိုက်ရိုက်အသုံးပြုထားသော အဆင့်မြှင့်တင်ခြင်းကဒ်ကြောင့် ဤတစ်ကြိမ်တွင် အဆောက်အဦများကို ပြန်လည် ချိန်ညှိနိုင်သည်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ထပ်မံသတိပေးလာခဲ့သည်။

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး လုံးချင်းတိုက်ခန်းကို ကျွန်း၏အလယ်ဗဟိုတွင် နေရာချလိုက်သည်။ အိမ်၏ဘေးနှစ်ဖက်တွင် ပန်းအိုးနှစ်ခုကို ဒီတိုင်းဆက်ထားလိုက်သည်။

တံခါးရှေ့တွင် သစ်သားစည်ပိုင်းကြီးနှစ်လုံးဖြင့် ပန်းအိုးများပြုလုပ်ထားသည်။

ဂိုဒေါင်ကို အရှေ့ဘက်တံခါးဘေးတွင် နေရာချလိုက်ပြီး ပစ္စည်းများကို ကိုယ်တိုင်အလွယ်တကူယူနိုင်ရန် ဖြစ်သည်။

ကြက်ခြံကို အနောက်ဘက်ပန်းခြံ၏ အပြင်ဘက်သို့ ရွှေ့ထားလိုက်သည်။

အိမ်နောက်ဘက်တွင် ဆက်ထားပါက လုံးချင်းတိုက်ခန်း၏အိပ်ခန်းနှင့် ကပ်နေမည်ဖြစ်သည်။

အိပ်ရာမှနိုးလာပြီးနောက် အိပ်ခန်းပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် ကြက်ချေးအနံ့ဆိုးများ ဝင်ရောက်လာမည်ကို တွေးမိသည်နှင့် ရှောင်းယီ သည်းမခံနိုင်တော့ပေ။

ဤကမ္ဘာ၏စည်းမျဉ်းများအရ ကြက်ချေးအနံ့ဆိုးများ မရှိလောက်ဖြစ်သော်လည်း ရှိခဲ့လျှင်ကော။

စိတ်ချရရန်အတွက် ရှောင်းယီသည် ကြက်ခြံကို ရွှေ့လိုက်သည်။

မီးဖိုချောင်တစ်ခုလည်းရှိသည်။ ရှောင်းယီသည် ၎င်းကို အိပ်ခန်းထဲတွင် ထားလိုက်သည်။ လက်ရှိတွင် အခြားသူမရှိသဖြင့် နေ့ခင်းဘက်တွင် သူသည် ဧည့်ခန်းထဲတွင်သာထိုင်ပြီး အေးလျှင်အိပ်ခန်းတံခါးဖွင့် လိုက်ပါက အပူဓာတ်သည် ဧည့်ခန်းကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။

မီးဖိုချောင်၏ အပူဓာတ်လွှမ်းခြုံနိုင်သည့်ဧရိယာမှာ ၄၀ စတုရန်းမီတာရှိပြီး လုံးချင်းတိုက်ခန်းမှာ ၃၆ စတုရန်းမီတာသာရှိသည်။

“ချိန်ညှိပြီးပြီ။ ဒီလောက်ဆို ရပြီ။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အချက်အလက်စာမျက်နှာပေါ်တွင် ချိန်ညှိထားသော ကျွန်းပုံစံကို အတည်ပြုလိုက်သည်။

ရှောင်းယီအတည်ပြုပြီးသည်နှင့် ကျွန်း၏အခြေအနေမှာ များစွာပြောင်းလဲသွားခဲ့သည်။

သစ်သားမှာ အိမ်ပျောက်ကွယ်သွားခဲ့ပြီး အိမ်အသစ်တစ်လုံး ထွက်ပေါ်လာခဲ့ သည်။ ရှောင်းယီသည် အိမ်ထဲတွင်ရှိနေဆဲဖြစ်ပြီး သစ်သားနံရံ များသည် ဘိလပ်မြေနံရံများဖြစ်လာကာ သစ်သားအိမ်ထက် ပိုမိုခိုင်ခံ့သည်ဟု ထင်ရသည်။

အဆင့်မြှင့်တင်ထားသော လုံးချင်းတိုက်ခန်းတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အိပ်ခန်းထဲတွင်ထားရှိခဲ့သောကြောင့် ရှောင်းယီနှင့် သစ်သားအိပ်ရာတို့သည် အိပ်ခန်းထဲတွင်ရှိနေခဲ့သည်။

ရှောင်းယီ အပြင်ထွက်လာလိုက်ပြီး ကြည့်လိုက်သောအခါ အိပ်ခန်းဘေးတွင် ရေချိုးခန်းတစ်ခုရှိကြောင်း တွေ့လိုက်ရသည်။ သို့သော် လက်ရှိတွင် ထိုနေရာထဲ၌ အိမ်သာတစ်ခုသာရှိသည်။

ယခင်က သစ်သားအိမ်ဘေးတွင် တပ်ဆင်ထားသော ရိုးရှင်းသည့်အိမ်သာကို ဤနေရာသို့ ရွှေ့ထားခဲ့ခြင်းဖြစ်သည်။

“အခွံသက်သက်ပါပဲလား။ အများကြီးထပ်ဝယ်ရဦးမယ်။”

ရှောင်းယီက ရေရွတ်လိုက်မိသည်။

သူသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး ဧည့်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ဧည့်ခန်းဘေးတွင် မီးဖိုချောင်တစ်ခုရှိပြီး လက်ရှိတွင် အထဲ၌ ဘာမှမရှိသေးပေ။

ရှောင်းယီသည် မူလက အပြင်ဘက်တွင်ထားခဲ့သော လှုပ်ကုလားထိုင်ကို အထဲသို့ဆွဲသွင်းလိုက်ပြီးနောက် ဧည့်ခန်းထဲတွင် ပရိဘောဂတစ်ခု ရှိလာခဲ့သည်။

“ဒါက တော်တော်လေး စိတ်ပျက်စရာပဲ။”

ရှောင်းယီသည် ခေါင်းခါကာ အပြင်ထွက်လာခဲ့ပြီး အလိုအလျောက် ငါးဖမ်းပိုက်၏ပစ်မှတ်ကို ပစ္စည်းသေတ္တာအဖြစ်သတ်မှတ်ကာ သူ၏ပန်းအိုးနှင့် ပန်းခြံများကို စစ်ဆေးကြည့်လိုက်သည်။

ဆလတ်ရွက်များမှာ စားလို့ရနေပြီဖြစ်သော်လည်း ရှောင်းယီသည် ‌၎င်းကို မရိတ်သိမ်းသေးပေ။ မျိုးစေ့ထုတ်ပြီးသည်အထိ စောင့်ပြီးမှသာ ခူးယူမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ရေရှည်တည်တံ့စွာ စိုက်ပျိုးနိုင်ပေလိမ့်မည်။

စတော်ဘယ်ရီပင်များသည်လည်း သန်စွမ်းနေပြီး မကြာမီ၌ အပွင့်များ ပွင့်လန်းလာတော့မည်ပုံပင်။

အခြားအပင်များလည်း ကောင်းစွာကြီးထွားနေသော်လည်း ရင့်မှည့်ရန်မှာမူ အချိန်အတော်ကြာဦးမည်ဖြစ်သည်။

သူသည် ရေသန့်အနည်းငယ်ယူကာ ၎င်းတို့ကို လောင်းလိုက်သည်။

“ရေသန့် နည်းနည်းလိုနေပြီ ရေသန့်စက်တစ်လုံးထပ်ရနိုင်ရင် ကောင်းမှာပဲ။”

ရှောင်းယီသည် ကျန်ရှိနေသော ရေသန့်အနည်းငယ်ကိုကြည့်ကာ တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

သို့သော် ရေသန့်စက်ထုတ်လုပ်မှုပုံစံသည် အုတ်မြစ် ကျောက်နှင့်မတူဘဲ ထိုပစ္စည်း၏အရေးပါမှုကို အချက်အလက်မရှိဘဲနှင့် လူတိုင်းသိပေသည်။ မည်သူမျှ ရောင်းမည်မဟုတ်ပေ။

“ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမယ်ထင်တယ်။ ဒါက တကယ်ကို ခေါင်းကိုက်စရာပဲ။”

ရှောင်းယီသည် ခေါင်းကုတ်ကာ ပြောလိုက်သည်။

“ဒီဒီ!!! ကျန်းယွင်ထျန်းက သင်နဲ့စကားပြောခွင့်တောင်းဆိုနေပါတယ်။”

ရှောင်းယီသည် ချက်ချင်းဆက်သွယ်လိုက်လေသည်။

“အစ်ကိုကျန်း ပစ္စည်းကောင်းတွေရှိလို့လား။”

ကျန်းယွင်ထျန်းသည် ရှောင်းယီထက် အသက်ကြီးသည်ကို သိထားသဖြင့် ရှောင်းယီက သူ့ကို အစ်ကိုဟုသာ ခေါ်လိုက်သည်။

ကျန်းယွင်ထျန်းက တိုတိုတုတ်တုတ်ပက် ပြန်ဖြေလာခဲ့သည်။

“ရှိတယ်။”

ထို့နောက် သီးသန့်ချန်နယ်တွင် ထုတ်လုပ်မှုပုံစံတစ်ခုကို တင်ပေးလိုက်သည်။

“[ရေသန့်စက်ထုတ်လုပ်မှုပုံစံ] (C အဆင့်)”

“ကောင်းတယ်။ အမြန်လုပ်လိုက်ကြရအောင်။ ဒါဆို ရေသန့်ပြဿနာအတွက် စိတ်ပူစရာမလိုတော့ဘူး။”

ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည်လည်း ဤရေသန့်စက်ထုတ်လုပ်မှုပုံစံ၏တန်ဖိုးကို သိလိမ့်မည်ဟု သူယုံကြည် သည်။

ကျန်းယွင်ထျန်း ပြန်ဖြေလိုက်သည်။

“ဒီထုတ်လုပ်မှုပုံစံရဲ့တန်ဖိုးကို ငါသိလို့ မင်းဆီက A အဆင့်ရေသန့်နဲ့လဲရအောင် ရဲရဲကြီးထုတ်ယူလိုက်တာ။ အဓိက ကလေးသောက်ဖို့ပါ။”

ဤနေရာတွင် နို့မှုန့်မရှိပေ။ တစ်နှစ်အထက်ကလေးငယ်တစ်ယောက်ကို လူကြီးစားသလိုအတူစားခိုင်းပါက မကြာခဏဖျားနာပေလိမ့်မည်။

သို့သော် မစားဘဲလည်း နေ၍မရပေ။ ပေါင်မုန့်ချည်းစားနေလျှင် ပေါင်မုန့်အမြဲရနိုင်ရမည်ဖြစ်သည်။

ကျန်းယွင်ထျန်းသည် သူ၏ကလေးကို ရှောင်းယီ၏ A အဆင့်ရေသန့် ကို တိုက်ပြီးနောက် နာလန်ထူလာသည်ကို တွေ့ရှိခဲ့ရသည်။

မနေ့က သူသည် ကလေးနှင့် ငါးအနည်းငယ်ကို အတူစားခဲ့သည်။ ကလေး၏စားချင်စိတ်က အလွန်ကောင်းမွန်ပြီး အန်ခြင်း၊ အစားနည်းခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ မရှိပေ။

ဤသည်မှာ A အဆင့်ရေသန့်၏ အကျိုးကျေးဇူးဖြစ်မည်ကို သူသိသောကြောင့် ယနေ့ ဤထုတ်လုပ်မှုပုံစံကို ရရှိသည့်အခါ A အဆင့်ရေသန့်အတွက် ဖလှယ်နိုင်မည်ဟု သိလိုက်သည်။

ရှောင်းယီက သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“အင်း ငါနားလည်ပါတယ်။ ဒီထုတ်လုပ်ပုံစံကို ငါလိုချင်တယ်။ နေ့စဉ် A အဆင့်ရေသန့် ၅၀ မီလီနဲ့ C အဆင့်ရေသန့် ၁၀၀မီလီ ပေးမယ်။ မင်းသဘောတူတယ်ဆိုရင် ဒီထုတ်လုပ်မှုပုံစံကို ငါ့ကိုလဲလှယ်ပေးပါ။”

C အဆင့်ရေသန့်စက်သည် တစ်နာရီလျှင် ရေသန့် ၂၀ မီလီ ထုတ်လုပ်ပေးနိုင်ပြီး တစ်ရက်လျှင် ၄၈၀ မီလီ ထုတ်ပေးနိုင်သည်။ ကျန်းယွင်ထျန်းကို ၁၀၀ မီလီ ပေးလိုက်ရခြင်းက ရှောင်းယီအတွက် အပန်းမကြီးပေ။

A အဆင့်ရေသန့်မှာမူ ကျန်းယွင်ထျန်း၏ ဖခင်ကောင်းတစ်ဦး၏စိတ်ဓာတ်ကို ချီးကျူးမိသောကြောင့် တစ်ရက်ကို ၅၀ မီလီပေးရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ သူသည် နောက်တစ်ကြိမ် ကောင်းမွန်သည့်လဲလှယ်မှုတစ်ခုကို လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

“အိုကေ ဖလှယ်ကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီသည် A အဆင့်ရေသန့် ၅၀မီလီကို အရင်ပို့ပေးလိုက်သည်။ C အဆင့်ရေသန့်မှာမူ ရေသန့်စက် ဆောက်လုပ်ပြီးမှသာ ပေးပို့နိုင်မည်ဖြစ်သည်။

ကျန်းယွင်ထျန်းနှင့် ငွေကြေးဖလှယ်မှုကို သဘောတူပြီးနောက် ဆုဝမ်က မက်ဆေ့ခ်ျပို့လာခဲ့သည်။

“ငါဘာတွေပေးလိုက်လဲဆိုတာ ကြည့်ကြည့်။”

ဆုဝမ် ပို့လိုက်သော ပစ္စည်းများကို မြင်လိုက်ရသောအခါ ရှောင်းယီ၏မျက်လုံးများ တဖန်တောက်ပသွားခဲ့ပြန်သည်။

All Chapters