← Chapters

အသက်ရှင်ကျန်သူများ တွေ့ဆုံခြင်း

Vol. 2 Ch. 18

အသက်ရှင်ကျန်သူများ တွေ့ဆုံခြင်း

Vol. 2 Ch. 18

အခုအရေးကြီးဆုံးက အစားအစာနဲ့ အဝတ်အစားကို ဦးစားပေးပြီး ပန်းတွေစိုက်ဖို့လား။

ဒီအကြောင်း နောက်မှပြောကြတာပေါ့။

ကံကောင်းထောက်မစွာဖြင့် သူ့ထံ၌ နှစ်ဆအခြေအနေရှိနေခဲ့သည်။ သို့မဟုတ်ပါက ပန်းအိုးကို မြေဆီလွှာဖြင့် ဖြည့်၍ရလိမ့်မည်မဟုတ်ပေ။

ယခု ဖွင့်လိုက်သောပစ္စည်းသေတ္တာထဲတွင် A အဆင့်မြေဆီလွှာတစ်ယူနစ်ရှိပြီး နှစ်ဆအခြေအနေကြောင့် ရှောင်းယီသည် A အဆင့်မြေဆီလွှာနှစ်ယူနစ် ရရှိလိုက်သည်။ ဤအရာသည် ပန်းအိုးကိုဖြည့်ရန် လုံလောက်ပေသည်။

မြေဆီလွှာကို ပန်းအိုးထဲထည့်လိုက်သောအခါ ဗလာဖြစ်နေသော ပန်းအိုးသည် ချက်ချင်းပင် မြေကြီးများဖြင့် ပြည့်သွားခဲ့သည်။

“ဂျုံတွေ အခုစိုက်လိုက်တော့မယ်။”

ရှောင်းယီသည် သူ့လက်ထဲတွင်ရှိနေသော ဂျုံမျိုးစေ့အားလုံးကိုစိုက်ပျိုးပြီး ရေအနည်းငယ်လောင်းလိုက်သည်။

ပန်းအိုး၌ နေရာအများကြီးကျန်နေသေးသည်ကိုမြင်သောအခါ ရှောင်းယီက တီးတိုးပြောလိုက်သည်။

“A အဆင့်မျိုးစေ့တွေ ထပ်ရှာဖို့လိုနေသေးတယ်။”

အဆင့်နိမ့်မျိုးစေ့များကို စိုက်ပျိုးလျှင် A အဆင့်မြေဆီလွှာအတွက် အလွန်နစ်နာမည်မဟုတ်ပါလော။

ထိုသို့ရေရွတ်လိုက်ရင်း ရှောင်းယီသည် သစ်သားအိမ်ထဲဝင်သွားပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်၏ လဲလှယ်ရေးခန်းမ၌ ရှာကြည့်ရန် ပြင်ဆင်လိုက်သည်။

“ဒီဒီ ဆုဝမ်က သင်နဲ့စကားပြောဖို့တောင်းဆိုနေပါတယ်။”

ရှောင်းယီ ချက်ချင်းချိတ်ဆက်ပြီး ပြုံးကာမေးလိုက်သည်။

“ပစ္စည်းကောင်းတွေ ထပ်ရလာပြန်ပြီလား။”

ဆုဝမ်က စိတ်လှုပ်ရှားစွာခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ဟုတ်တယ် ငါထပ်ပြီးဥရောပဧကရာဇ်ဖြစ်သွားပြီ။”

ထို့နောက် သူမရရှိထားသောပစ္စည်းများကို သီးသန့်ချန်နယ်တွင် တင်ပေးလိုက်သည်။

“[အုတ်မြစ်ကျောက်] ၄၊ [ကျောက်တုံး] ၆၊ [သတ္တုပြ] ၄၊ [ကြက်ခြံထုတ်လုပ်မှုပုံ] (A အဆင့်) ၁၊ [ပေါင်မုန့်] ၅၀၀ဂရမ်။”

“စစ်စစ်စစ်!!!”

ရှောင်းယီက လက်တစ်ခါခါနှင့် ပြန်ဖြေလိုက်သည်။

“မင်းရဲ့ကံနဲ့ယှဉ်ရင် ငါ့ကံက ဘာမှကိုမဟုတ်ဘူး။”

“ငါကံကောင်းတာလည်း နင့်ကြောင့်ပဲလေ။”

ဆုဝမ်က ရှက်ရွံ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ငါကြက်ခြံထုတ်လုပ်မှုပုံစံကို နင့်ကိုပေးမယ် ကျန်တာတွေကိုတော့ တစ်ဝက်စီခွဲမယ်။”

ရှောင်းယီက သူမကို ပြန်ဖြေရန် စကားစမည်ပြင်လိုက်စဉ် သူသည် နှစ်ဆအခြေအနေတွင် ရှိနေသည်ကို သတိရသွားခဲ့သည်။

“ဆုဝမ် အရင်ဆုံး ပစ္စည်းတွေအားလုံးကို ငါ့ဆီပို့လိုက်။”

“ဟင်...”

ဆုဝမ်သည် အံ့အားသင့်သွားခဲ့သော် နောက်အခိုက်တွသ် သူမ၏သီးသန့်ချန်နယ်မှ ငွေကြေးလဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

ရှောင်းယီက ဘာကြောင့်ဤသို့တောင်းဆိုသည်ကို သူမ၊မသိသော်လည်း ရှောင်းယီတောင်းဆိုသည်နှင့် ဆုဝမ်က ချက်ချင်းလိုက်နာခဲ့သည်။

ရှောင်းယီသည် ထိုငွေကြေးလဲလှယ်မှုကို အတည်ပြုလိုက်သည်။

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၄၊ ကျောက်တုံး ၆၊ သတ္တုပြား ၄၊ ကြက်ခြံထုတ်လုပ်မှုပုံစံ (A အဆင့်) ၁၊ ပေါင်မုန့် ၅၀၀ဂရမ်။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများနှစ်ဆတိုးလာသည်။ ရရှိသောပစ္စည်းများ:...”

“တကယ်ပဲ အလုပ်ဖြစ်တယ်...။”

ရှောင်းယီက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး အုတ်မြစ်ကျောက် ၂၊ ကျောက်တုံး ၃၊ သတ္တုချပ် ၂ နှင့် ပေါင်မုန့် ၅၀၀ဂရမ်ကို ဆုဝမ်အား ပြန်လည်လဲလှယ်ပေးလိုက်သည်။

“ကြက်ခြံထုတ်လုပ်မှုပုံစံကိုတော့ ငါယူထားလိုက်တယ်။ ပေါင်မုန့်တွေအကုန်လုံးက မင်းအတွက်ပဲ။ အစားအစာက ငါ့အတွက်အရေးမကြီးဘူး။”

ရှောင်းယီက ပြောလိုက်သည်။

သူသည် ဆုဝမ်နှင့်ရင်းနှီးသော်လည်း နှစ်ဆအခြေအနေအကြောင်းရှင်းပြရန် နည်းလမ်းမရှိသည့်အတွက် သူမကိုအခြားနည်းနှင့် ပြန်လည်ပေးဆပ်ရန်သာ စဉ်းစားလိုက်သည်။

ဆုဝမ်သည်လည်း ရှောင်းယီအတွက် အစားအစာမှာ ပြဿနာတစ်ခုမဟုတ်ကြောင်းကို သိသောကြောင့် အရမ်းယဉ်ကျေးမနေတော့ဘဲ ချက်ချင်းပင် ငွေကြေးလဲလှယ်မှုကို အတည်ပြုလိုက်သည်။

“ဒါဆို ငါ ငါးထပ်ဖမ်းလိုက်ဦးမယ်။”

ဆုဝမ်က ပြောလိုက်သည်။ သူမသည် ပစ္စည်းသေတ္တာအပြင် ရှောင်းယီပြောခဲ့သည့်အတိုင်း ငါးဖမ်းရန်လည်း ကြိုးစားကြည့်ရမည်ဖြစ်သည်။

“အင်း”

ရှောင်းယီက ပြန်ဖြေပြီး ချိတ်ဆက်မှုဖြတ်တောက်ကာ ယခုရလိုက်သော ပေါင်မုန့်ကို ထုတ်စားလိုက်လေသည်။

ပေါင်မုန့်စားရင်းဖြင့် ရှောင်းယီသည် ကြက်ခြံထုတ်လုပ်မှုပုံစံအား လေ့လာလိုက်သည်။

“[ကြက်ခြံထုတ်လုပ်မှုပုံစံ] (A အဆင့်) လိုအပ်သောပစ္စည်းများ: သစ်သားပြား ၄၊ သတ္တုပြား ၆၊ သစ်ရွက် ၁၀။”

“ပစ္စည်းတွေ ပြည့်စုံနေတာပဲ။ တစ်ခါတည်းပဲ ထုတ်လုပ်လိုက်တော့မယ်။”

ရှောင်းယီသည် ချက်ချင်းပင် ထုတ်လုပ်မှုကို နှိပ်လိုက်သည်။

“ကျေးဇူးပြု၍ ထားမည့်နေရာကို ရွေးချယ်ပါ။”

ရှောင်းယီသည် ကျွန်းတစ်ခုလုံး၏ အနေအထားကိုကြည့်ပြီး ကြက်ခြံကိုအိမ်နောက်ဘက်၌ ထားလိုက်သည်။ ကြက်ခြံသည် ၂×၂ မီတာ နေရာယူထားခဲ့သည်။

ကြက်ခြံကို နေရာချပြီးနောက် ရှောင်းယီ အပြင်ထွက်ကြည့်လိုက်သောအခါ သေးငယ်သည့်အခန်းလေးနှစ်ခန်းပါသော အိမ်လေးတစ်လုံးကိုတွေ့လိုက်ရသည်။ ထိုအိမ်ရှေ့တွင် ခြံဝင်းလေးတစ်ခုရှိပြီး ပတ်ပတ်လည်တွင် သစ်သားပြားများဖြင့် ကာရံထားခဲ့သည်။

“ဒီကြက်ခြံက ငါ့သစ်သားအိမ်ထက်တောင် ပိုကောင်းသေးတယ်။ သူတို့မှာ ခြံစည်းရိုးတောင်ရှိတယ်။”

ရှောင်းယီက ရေရွတ်လိုက်ပြီး စနစ်ကပေးသော အချက်အလက်များကို ကြည့်ရှုလိုက်သည်။

“ကြက်ခြံ (A အဆင့်): ကြက်မွေးမြူရန်အတွက် အလွန်သင့်တော်သောအဆောက်အဦ။ ဥအကောင်‌ပေါက်နှုန်း အောင်မှု ၁၀၀%၊ ဥနှင့်ကြက်သားထုတ်လုပ်မှု ၈၀% တိုးမြှင့်ပေးသည်။ အကောင်ပေါက်နှုန်းနှင့် ကြီးထွားနှုန်းကို ၈၀% တိုးမြှင့်ပေးသည်။ အများဆုံးမွေးမြူနိုင်သောကြက်အရေအတွက်အကောင် ၈၀။”

“မနေ့ကဥတွေအကောင်မပေါက်ရင် ဘာလုပ်ရမလဲဆိုပြီး စိုးရိမ်နေတာ။ အခုတော့ တစ်ခုအရရောက်ပို့ပေးလိုက်ပြီ။ မဟုတ်သေးဘူး ကြက်ခြံကနှစ်ခုပဲ။”

ရှောင်းယီသည် ပျော်ရွှင်စွာပြောလိုက်ပြီး နောက်တစ်ခုကို ချက်ချင်းထုတ်လုပ်ကာ အတူတူထားလိုက်သည်။

ပြီးနောက် ရှောင်းယီသည် မီးဖိုချောင်ရှိ ဥနှစ်လုံးကို ကြက်ခြံထဲသို့ ပြောင်းထည့်လိုက်သည်။ ဤသို့ဆိုလျှင် ၎င်းတို့အကောင်ပေါက်လာမည့်အချိန်ကိုသာ စောင့်ရတော့မည်ဖြစ်သည်။

“ထုတ်လုပ်မှုတိုးတက်မှုနဲ့ အရှိန်တိုးတက်မှုရှိတယ်ဆိုတော့ မကြာခင် ငါ့မှာကြက်အုပ်ကြီးတစ်ခု ရှိလာတော့မယ့်ပုံပဲ။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ပင်လယ်ထဲတွင် လီယုသည် နောက်ထပ်ပစ္စည်းသေတ္တာတစ်လုံးကို ရှာဖွေနေရင်း သူနှင့်ခပ်လှမ်းလှမ်းတွင် ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရလေသည်။

“နောက်ဆုံးတော့ တခြားကျွန်းတွေကို တွေ့ခဲ့ရပြီ။”

လီယုသည် သူ၏နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြောလိုက်သည်။ ယခင်က ပစ္စည်းသေတ္တာသုံးလုံးဖွင့်ပြီးနောက် သူရေသန့်ဗူးတစ်ဗူးမှ မရခဲ့သေးပေ။

ယခု ကျွန်းတစ်ခုကို တွေ့ခဲ့ရပြီဖြစ်ရာ ထိုကျွန်းတွင် လူများရှိကိုရှိရပေလိမ့်မည်။ လူရှိလျှင် ရေရှိနိုင်သည်။

၎င်းကိုတွေးရင်းဖြင့် လီယုသည် ပစ္စည်းသေတ္တာအနားရှိ ရေဘဝဲကို တိုက်ခိုက်လိုက်လေသည်။ သူသည် ၎င်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သောလည်း ကံမကောင်းစွာဖြင့် ထွက်ပြေးသွားခဲ့သည်။

ပစ္စည်းသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ရေသန့်ဘူး မပါရှိပေ။ သတ္တုပြားနှင့် သစ်သားများသာ ရရှိလိုက်သည်။ ထိုအရာများသည်လည်း သူလိုအပ်နေသောအရာများဖြစ်သည်။

ပစ္စည်းသေတ္တာကို ထုပ်ပိုးပြီးသည့်နောက် လီယုသည် လှေဦးပိုင်း၌ ပစ္စည်းသေတ္တာကို တင်လိုက်ပြီး ကျွန်းဆီသို့ တဖြည်းဖြည်းလှော်ခတ်သွားလိုက်ပြီး ပစ္စည်းသေတ္တာအလွတ်ကိုလည်း လမ်းတစ်လျှောက် တွန်းပို့လိုက်သည်။

“ဒါက တော်တော်လေးကြီးသားပဲ။ ကြည့်ရတာ သူတို့ ပစ္စည်းသေတ္တာအချို့ကို ဖမ်းမိခဲ့လို့ပဲဖြစ်ရမယ်။ ဒီလိုဆိုရင် ရေရနိုင်ခြေ ပိုပြီးတော့တောင် များသွားပြီ။”

လီယုသည် သူ၏ ခြောက်ကပ်နေသောနှုတ်ခမ်းကို လျှာဖြင့် ထပ်သပ်လိုက်သည်။

ကျွန်းနှင့်မီတာ ၅၀ အကွာသို့ ရောက်သောအခါ လီယုသည် ကျွန်းပေါ်ရှိအခြေအနေကို နောက်ဆုံး၌ မြင်လိုက်ရလေသည်။

ကျွန်းပေါ်၌ ပစ္စည်းသေတ္တာအလွတ် အနည်းဆုံးခြောက်လုံးရှိသည်။ လူများကို မတွေ့ရသော်လည်း လီယုသည် တစ်ဖက်လူ၏အသံများကို ကြားနေရသည်။

“သိပ်ကောင်းတယ်။”

လီယု စိတ်ထဲမှ ပျော်ရွှင်စွာပြောလိုက်သည်။

လူက တခြားဘက်တွင်ရှိနေသောကြောင့် အရှေ့ဘက်မှ တိုက်ရိုက်ဝင်သွားစရာမလိုတော့ပေ။

ပစ္စည်းသေတ္တာထဲမှပစ္စည်းများကို ဖယ်ထုတ်လိုက်ပြီးနောက် လီယုသည် ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်အောင် ဖုံးကွယ်ရန် ထိုပစ္စည်းသေတ္တာကို လှေဦးပိုင်းကနေ ပစ်ချလိုက်ပြီး ကျွန်းဆီသို့ အားစိုက်ကာ လှော်ခတ်လိုက်သည်။

နှစ်မိနစ်အတွင်း လီယုသည် ကျွန်းပေါ်သို့ ရောက်ရှိသွားပြီး လှေကို ကျောက်တုံးဖြင့်ချည်နှောင်ကာ တခြားဘက်ကို လျှောက်သွားလိုက်သည်။

“ငါဗိုက်အရမ်းဆာနေပြီ။ ထပ်ကြိုးစားကြည့်ရမယ်။”

အခြားတစ်ဖက်မှ အမျိုးသမီးတစ်ဦး၏အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသမီး၏အသံကို ကြားလိုက်ရသည့်အခါ လီယု၏မျက်လုံးများ တောက်ပသွားပြီး ခြေလှမ်းများပင် ပိုမိုမြန်ဆန်လာခဲ့သည်။

ထိုနေရာတွင် အညစ်အကြေးများဖုံးလွှမ်းနေသောကြောင့် မီးခိုးရောင်ဖြစ်နေသည့် အမျိုးသမီးတစ်ဦးသည် ငါးဖမ်းပိုက်တစ်ခုဖြင့် ပစ္စည်းသေတ္တာကို ပြန်လည်ဆွဲယူရန် အပြင်းအထန်ကြိုးစားနေခဲ့သည်။

ထိုစဉ် ရုတ်တရက် အေးစက်သည့်ပုဆိန်သွားတစ်ခု သူမ၏လည်ပင်းထက်သို့ ကျရောက်လာခဲ့လေသည်။

“မလှုပ်နဲ့...။”

လီယုက လှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

“အစ်ကိုကြီး ကျွန်မကို မသတ်ပါနဲ့။”

အမျိုးသမီးသည် တုန်တုန်ရီရီနှင့် ချက်ချင်းပြန်ဖြေလိုက်သည်။

“ကျွန်မ ဘာမဆိုလုပ်ပေးနိုင်ပါတယ်။”

“အို တကယ်ဘာမဆိုလုပ်ပေးနိုင်တာလား။”

လီယုက သူ၏မျက်ခုံးများကို ပင့်တင်ကာ မေးလိုက်သည်။

လီယု၏ အဓိပ္ပာယ်ပါသောစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးသည် မြူဆွယ်လိုသောအသံဖြင့် ချက်ချင်းပြန်ဖြေလိုက်သည်။

“တကယ်ပေါ့ ရှင်လိုချင်တာမှန်သမျှအရာအားလုံးပဲ။”

‘သူမသာ အလှပြင်ထားရင် အလှလေးတစ်ယောက်ဖြစ်မယ့်ပုံပဲ။’

လီယုက သူ၏စိတ်ထဲ၌ မှတ်ချက်ပေးလိုက်မိသည်။

“ဟားဟား မင်းက ဒီလိုတောင်းဆို‌နေမှတော့ ငါအားနာမနေတော့ဘူး။”

လီယုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

မကြာခင်မှာပင် ပစ္စည်းသေတ္တာအနည်းငယ်ဖြင့် ကာရံထားသောနေရာ၌ မဖွယ်မရာအသံများ ထွက်ပေါ်လာခဲ့သည်။

ဆယ်မိနစ်အကြာတွင် အမျိုးသမီးသည် သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး မကျေမနပ်ဖြစ်နေစဉ် လီယုက ပြောလိုက်သည်။

“အခုကစပြီး ငါ့နောက်လိုက်ခဲ့။ မင်း ဗိုက်မဆာစေရဘူးလို့ ငါအာမခံတယ်။”

“ဒါဆို အစ်ကိုလီကို ကျေးဇူးတင်ပါတယ်။”

အမျိုးသမီးက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ ဒီမှာရေရှိလား။”

လီယုက မေးလိုက်သည်။

“ကျွန်မ ရှင့်နောက်လိုက်ရင် ကျွန်မ ဗိုက်မဆာစေရဘူးဆို။”

အမျိုးသမီးက အံ့အားသင့်သွားသည်။

“ဟုတ်တယ်လေ။ အစားအစာက လုံလောက်တယ်။ ဒါပေမယ့် ရေကတော့ နောက်ထပ်ကိစ္စတစ်ခုပဲ။”

လီယုက ပြန်ဖြေလိုက်သည်။

All Chapters