← Chapters

နှစ်ဆအခြေအနေ၊ နှစ်ဆပျော်ရွှင်မှု

Vol. 2 Ch. 17

နှစ်ဆအခြေအနေ၊ နှစ်ဆပျော်ရွှင်မှု

Vol. 2 Ch. 17

အဝေးရှိလှေမှာ လမ်းကြောင်းပြောင်းသွားသည်ကိုမြင်သောအခါ ရှောင်းယီသည် သူ၏သစ်သားအိမ်သို့ ချက်ချင်းပြန်သွားပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်သို့ ရောက်ရှိလာခဲ့သည်။

သူသည် ဆုဝမ်ကိုသတိပေးရန် တိုက်ရိုက် သူမထံ စာပို့ချင်‌နေသည်။

“သတိထားပါ။ ငါ လှေငယ်တစ်စီးပေါ်နေတာကို တွေ့လိုက်တယ်။ အနီးနားမှာ လူတွေရှိသင့်တယ်။ ဘယ်သူ့ကိုမှ မင်းရဲ့ကျွန်းပေါ်တက်ခွင့်မပြုနဲ့။ ကာကွယ်ရေးစိတ်ဓာတ်က မရှိမဖြစ်လိုအပ်တယ်။”

ထိုသို့စာပို့ပြီးနောက် ရှောင်းယီသည် လဲလှယ်ရေးဈေးကွက်သို့ပြောင်းပြီး ယခင်တင်ထားသောငွေကြေးလဲလှယ်မှုများ ပြီးမြောက်ပြီလားဆိုသည်ကို ကြည့်လိုက်သည်။

“ဟုတ်ပြီ နောက်ထပ်အုတ်မြစ်ကျောက်ငါးခု။”

ရှောင်းယီသည် လှဲလှယ်ရေးဈေးကွက်မှ အုတ်မြစ်ကျောက်ငါးခုကို ထုတ်ယူလိုက်သည်။

“ဒီဒီ!! နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။”

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၁၀။”

“သောက်ကျိုးနည်း ဒါက နှစ်ဆတိုးနိုင်တာလား။”

ရှောင်းယီသည် အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်သွားခဲ့သည်။ လူတိုင်း နှစ်ဆပျော်ရွှင်မှုကို ခံစားခွင့်မရှိနိုင်ပေ။

သတ္တုပြား ၂၀ယူနစ်နှင့် လီနင်အထည် ၃ ယူနစ်လည်းရှိသေးသည်။ ရှောင်းယီသည် ၎င်းတို့ကို ချက်ချင်း ထုတ်ယူလိုက်သည်။

“ဒီဒီ နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။”

“ရရှိသောပစ္စည်းများ: သတ္တုပြား ၄၀၊ လီနင်အထည် ၆။”

“အရမ်းမိုက်တယ်။”

ရှောင်းယီသည် လဲလှယ်ရေးဈေးကွက်ပေါ်ရှိပစ္စည်းများကို ဆက်လက်လေ့လာပြီး သူလိုအပ်သည်များကို ရှာဖွေလိုက်သည်။

ရုတ်တရက်သူသည် ငွေကြေးလဲလှယ်မှုစာတစ်စောင်ကို တွေ့လိုက်ရလေသည်။

“[အုတ်မြစ်ကျောက်] ၂ - လဲလှယ်မည် [သစ်သားပြား] ၂၊ [သတ္တုပြား] ၃။ မှတ်ချက်: အရေးတကြီးလိုအပ်နေပါသည်။ ၁၀မိနစ်အတွင်း ပြန်ဖြုတ်ပစ်ပါမည်။”

ရှောင်းယီသည် ချက်ချင်းပင် သစ်သားပြားနှစ်ခုနှင့် သတ္တုပြားသုံးခုကို တင်လိုက်ပြီးနောက် ငွေကြေးလဲလှယ်မှု ချက်ချင်းပြီးမြောက်သွားခဲ့သည်။

“ဒီဒီ နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။”

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၄။”

“အများကြီးရလိုက်တာပဲ။”

ရှောင်းယီ ပျော်ရွှင်စွာ ပြောလိုက်သည်။

ပင်လယ်ပေါ်ရှိ လီယုသည် ငွေကြေးလဲလှယ်မှုအောင်မြင်သွားသည်ကို မြင်လိုက်ရောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။

“အခုချက်ချင်း ပြင်မယ်။”

ထို့နောက် လဲလှယ်လိုက်သောပစ္စည်းများ ချက်ချင်းပျောက်ကွယ်သွားပြီး ငါးမန်း၏တိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော လှေသည် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကျွန်းအထိန်းအမှတ်ကျောက်တိုင်ရှိပြီး ပစ္စည်းများသာ လုံလုံလောက်လောက်စုဆောင်းထားပါက ကုန်း‌ပေါ်သို့မပြန်ဘဲ ပျက်စီးနေသောနေရာကို ပြင်ဆင်နိုင်သည်။

“ဟားဟား ဒီလုပ်ဆောင်ချက်ရှိရင် နောက်ပိုင်းတိုက်ခိုက်ခံရမှာကို ပူစရာမလိုတော့ဘူး။”

လီယုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ပစ္စည်းသေတ္တာဖွင့်ပြီးနောက် လီယုသည် လှေကိုထပ်မံလှော်ခတ်လိုက်သည်။ ပင်လယ်ထဲတွင် သံလိုက်အိမ်မြှောင်မရှိသောကြောင့် သူသည်လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ပြီး ရှေ့ဆက်လှော်ခတ်ခဲ့သည်။

နှစ်ဆအခြေအနေဖြင့် ရှောင်းယီသည် ဤအခြေအနေကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချရမည်ဖြစ်သည်။

သို့သော် သူသည် လဲလှယ်ရေးဈေးကွက်တစ်လျှောက် လှည့်ပတ်ကြည့်ရှုပြီး ပစ္စည်းများသိပ်အများကြီးမရှိသေးကြောင်း တွေ့လိုက်ရလေသည်။ လူများစွာသည် ယခုထိ ပစ္စည်းများ မရသေးဟု ယူဆရပေသည်။

ငွေကြေးလဲလှယ်မှုများစုမှာ ရေနှင့်အစားအစာများကို အခမဲ့တောင်းဆိုနေခြင်းသာဖြစ်သည်။

သူ့တွင် ရွေးချယ်စရာမရှိဘဲ ရေသန့်အနည်းငယ်ဖြင့် သတ္တုပြား၊ လီနင်အထည်နှင့် ပလတ်စတစ်ကဲ့သို့သော အခြေခံပစ္စည်းများကို လဲလှယ်လိုက်ရပြီး သဘာဝအားဖြင့် ထိုအရာများ နှစ်ဆတိုးလာခဲ့သည်။

ရှောင်းယီသည် သူ၏ပစ္စည်းများကို ကြည့်လိုက်သည်။

“သတ္တုပြား ၅၁၊ လီနင်အထည် ၁၀၊ သစ်သားပြား ၇၊ ပလတ်စတစ် ၂၀...”

“ဒါက ငါ့မှာပစ္စည်းတွေအများဆုံးရှိတဲ့အချိန်ဖြစ်လိမ့်မယ်။”

ရှောင်းယီသည် သူ့နံဘေးရှိပစ္စည်းများကိုကြည့်ရှုရင်း ရေရွတ်လိုက်မိသည်။

တစ်ယောက်အိပ်သစ်သားအိပ်ရာကိုလည်း ပြုလုပ်နိုင်ပြီဖြစ်သည်။ ရှောင်းယီသည် ချက်ချင်းထုတ်လုပ်မှုစာမျက်နှာသို့ပြောင်းပြီး ထုတ်လုပ်ရန်ခလုပ်ကို နှိပ်လိုက်သည်။

“[တစ်ယောက်အိပ်သစ်သားအိပ်ရာထုတ်လုပ်မှုပုံ]: သစ်သားပြား ၄၊ သတ္တုပြား ၆၊ လီနင်အထည် ၄။”

သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် တစ်ယောက်အိပ်သစ်သားအိပ်ရာတစ်ခုသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်အတွင်းရှိ ထုတ်လုပ်မှုနေရာတွင် ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် သူ၏သစ်သားအိမ်ကို အနည်းငယ်သန့်ရှင်းရေးလုပ်ပြီးနောက် အိပ်ရာကို သစ်သားအိမ်၏ဘေးတစ်ဘက်ခြမ်းတွင် ထားလိုက်သည်။

“တစ်ယောက်အိပ်သစ်သားအိပ်ရာ: အနားယူရန်ရာ၌ ပိုမိုကောင်းမွန်စွာအနားယူနိုင်သည်။”

ဤအချိန်တွင် မီးဖိုချောင်တစ်ခု၊ ရေသန့်စက်ရုံတစ်ခု၊ သစ်သားအိပ်ရာတစ်ခုနှင့် လှုပ်ကုလားထိုင်တစ်ခုနှင့် သစ်သားအိမ်တစ်ခုလုံးနီးပါးပြည့်သွားပြီဖြစ်သည်။

“အိမ်ခပ်ကြီးကြီးတစ်လုံးလောက်တော့ ဆောက်ဖို့လိုနေပြီထင်တယ်။”

ရှောင်းယီ ရေရွတ်လိုက်မိသည်။

မကြာသေးမီက အုတ်မြစ်ကျောက်များစွာ ရရှိခဲ့ပြီး ရှောင်းယီကျွန်း၏ဧရိယာသည် ၃၇ စတုရန်းမီတာရှိလာပြီးဖြစ်ကာ သူ၏အိမ်သည် အလယ်ဗဟိုတွင်တည်ရှိပြီး အခြားနေရာများမှာ အတော်လေးလစ်ဟာနေခဲ့သည်။

ကျွန်းအထိန်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးအင်တာဖေ့စ်ကို စစ်ဆေးပြီးနောက် အိမ်များစွာရှိသေးသော်လည်း အိမ်အားလုံးတွင် ဆောက်လုပ်မှုပုံစံများ လိုအပ်ပေသည်။

“ဖြည်းဖြည်းချင်းပဲ လုပ်ရမယ်ထင်တယ်။”

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာ တွေးလိုက်မိသည်။

လက်ရှိအခြေအနေတွင် ပစ္စည်းများစွာ စုဆောင်းရန် လိုအပ်နေသေးသည်။ ပိုကောင်းသောအိမ်တစ်လုံးရခဲ့ပြီးနောက် ဆောက်လုပ်ရန်ပစ္စည်းများ မလုံလောက်ပါက ရှက်စရာဖြစ်မည်မဟုတ်ပါလော။

ဤအချိန်တွင် တုံ့ပြန်မှုတစ်ခုရှိလာခဲ့သည်။ ထိုသူမှာ ဆုဝမ်ဖြစ်သည်။

“ငါအခုနက ပစ္စည်းသေတ္တာရဲ့အခြေအနေကိုလေ့လာနေတာ။”

ဆုဝမ်က ပြောလိုက်သည်။

“တစ်ယောက်ယောက်က တကယ်ပဲ လှေနဲ့ ထွက်လာတာလား။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ရှင်းရှင်းလင်းလင်းမမြင်ရဘူးဆိုပေမယ့် အဲ့ဒါက လှေတစ်စီးဖြစ်ပြီး လူတစ်ဦးဦးက ထိန်းချုပ်ထားတယ်။”

“တကယ်ပဲ လှေနဲ့ကျွန်းကနေ ထွက်လာနိုင်ရင် ကမ္ဘာကြီးက ပိုပြီးရက်စက်လာလိမ့်မယ်။”

ဆုဝမ်သည်လည်း အန္တရာယ်ကို အလျင်အမြန် တွေးမိသွားခဲ့သည်။

“အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ မင်းရဲ့ကျွန်းပေါ်ကို တက်ခွင့်မပြုနဲ့။”

ရှောင်းယီက ထပ်မံသတိပေးလိုက်သည်။

“အင်း ငါနားလည်ပြီ။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

“မနေ့က ငါခုတ်ထွင်ရှင်းလင်းခဲ့တဲ့သစ်ပင်တွေ ပြန်ပေါက်လာတယ်။ နင်ပြောသလိုပဲ သူတို့က မမြဲတမ်း ပြန်လည်ဖြစ်ပေါ်နေမယ်ထင်တယ်။”

“တကယ်လား။ ငါအခုထိ သတိမထားမိသေးဘူး။ ဒါဆို ငါလည်း သစ်ပင်သွားခုတ်လိုက်ဦးမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ကျွန်းအထိန်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်ခွာလာခဲ့သည်။

သစ်သားအိမ်အပြင်သို့ ထွက်လညသောအခါ ကျွန်း၏အရှေ့မြောက်ဘက်ထောင့်တွင် သစ်ပင်တစ်ပင် ပြန်ပေါက်လာပြီး အနောက်ဘက်တွင်လည်း ကျောက်တုံးများ ပြန်ပေါ်လာပြီဖြစ်သည်။

သူ၏ဘက်စုံသုံးကိရိယာအိတ်ကိုယူဆောင်ပြီး ရှောင်းယီသည် သစ်ပင်နှင့်ကျောက်တုံးများကို အလွယ်တကူပင် သူ၏အရင်းအမြစ်များအဖြစ်ပြောင်းလဲလိုက်သည်။ နှစ်ဆအကျိုးသက်ရောက်မှုကို ဖြစ်စေပြီးနောက် အရင်းအမြစ်အားလုံး နှစ်ဆတိုးလာခဲ့သည်။

“ရရှိသောပစ္စည်းများ: သစ်သား ၄၀၊ အရွက် ၆၀၊ သစ်ခေါက် ၂၀၊ ကျောက်တုံး ၁၀။”

အလိုအလျောက်ငါးဖမ်းပိုက်သည် သုံးကြိမ်အသံမြည်ပြီးနောက် ကျွန်း၏ဘေးတွင် ပစ္စည်းသေတ္တာသုံးလုံး ထပ်ရှိလာခဲ့ပြန်သည်။ ရှောင်းယီသည် သစ်ပင်နှင့်ကျောက်တုံးများမှ ရရှိသော အရင်းအမြစ်များကို သူ၏သစ်သားအိမ်ဘေးသို့ရွှေ့ပြီးနောက် ပစ္စည်းသေတ္တာများကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက် ၂၊ ဂျုံမျိုးစေ့ (A အဆင့်) ၁၀၊ မြေဆီလွှာ (A အဆင့်) ၁။”

“ရရှိသောပစ္စည်းများ: ပန်းအိုးထုတ်လုပ်မှုပုံ ၁၊ ကျောက်တုံး ၃၊ မြေဆီလွှာ ၁။”

“ရရှိသောပစ္စည်းများ: ဒယ်အိုးထုတ်လုပ်မှုပုံ ၁၊ သတ္တုပြား ၂၊ ရေသန့် ၅၀၀မီလီ ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများနှစ်ဆတိုးလာသည်။”

“ရရှိသောပစ္စည်းများ: အုတ်မြစ်ကျောက်၄၊...၊ ပန်းအိုးထုတ်လုပ်မှုပုံ ၂၊...၊ ဒယ်အိုးထုတ်လုပ်မှုပုံစံ ၂၊...၊ ရေသန့် ၅၀၀ မီလီလီတာ ၂။”

“ဒီနှစ်ဆအကျိုးသက်ရောက်မှုက အရမ်းအစွမ်းထက်တာပဲ။ ထုတ်လုပ်မှုပုံစံကိုတောင် နှစ်ဆပွားနိုင်တယ်။”

ရှောင်းယီသည် ထုတ်လုပ်မှုပုံစံ ၂ ကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

“[ပန်းအိုးထုတ်လုပ်မှုပုံစံ]: ကျောက်တုံး ၁၀။”

“[ဒယ်အိုးထုတ်လုပ်မှုပုံစံ]: သတ္တုပြား ၆၊ သစ်သား ၁။”

လိုအပ်သည့်ပစ္စည်းများကိုကြည့်ပြီးနောက် ပန်းအိုးတစ်ခုသာ ပြုလုပ်နိုင်ပြီး အိုးအားလုံးပြုလုပ်နိုင်သော်လည်း ဒယ်အိုးတစ်စုံဆိုလျှင် လောလောဆယ်အတွက် လုံလောက်ပြီဖြစ်သည်။

ထိုသို့တွေးလိုက်ပြီးနောက် ရှောင်းယီသည် ပန်းအိုးတစ်ခုနှင့် ဒယ်အိုးတစ်စုံကို ထုတ်လုပ်လိုက်သည်။

သက်ဆိုင်ရာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ဒယ်အိုးတစ်စုံနှင့် ပန်းအိုးတစ်လုံးသည် ကျွန်းအထိန်းအမှတ်ကျောက်တိုင်အတွင်းရှိ ထုတ်လုပ်မှုနေရာတွင် ထွက်ပေါ်လာပြီး အသိပေးချက်တစ်ခု ရရှိခဲ့လေသည်။

“ပန်းအိုး၏ဧရိယာမှာ ၄စတုရန်းမီတာဖြစ်သည်။ ပန်းအိုး၏ပုံစံကို ဒီဇိုင်းဆွဲပြီး နေရာရွေးချယ်ပါ။”

ရှောင်းယီ မျက်ခုံးပင့်လိုက်မိ၏။ သစ်သားအိမ်၏တစ်ဘက်ခြမ်းတွင် မျဉ်းတစ်ခုဆွဲကာ ထိုပန်းအိုးကို ၁×၄ စတုဂံပုံစံဖြင့် ရိုးရှင်းစွာ ဒီဇိုင်းဆွဲလိုက်သည်။

၎င်းကို နေရာချပြီးနောက် ရှောင်းယီသည် အပြင်ထွက်ပြီး အပြာရောင်ကျောက်ဖြင့် ပြုလုပ်ထားသော ပန်းအိုးကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ပန်းအိုး: မြေဆီလွှာကို သဲကန္တာရဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ ပန်းပင်များ စိုက်ပျိုးခြင်းဖြင့် သင့်ကျွန်းကို ပိုမိုလှပစေနိုင်သည်။ သို့မဟုတ် လယ်ကွင်းအဖြစ်လည်း အသုံးပြုနိုင်သည်။ ဖြည့်ရန် မြေဆီလွှာနှစ်ယူနစ် လိုအပ်သည်။”

“ဒါက ငါလိုချင်နေတဲ့ဟာပဲ။”

ရှောင်းယီသည် ပန်းအိုး၏ရှင်းလင်းချက်ကို မြင်လိုက်ရောသောအခါ ပျော်ရွှင်စွာ ပြောလိုက်သည်။

All Chapters