← Chapters

အခန်း (၆၇၁-၆၇၃)

Vol. 35 Ch. 671-673

အခန်း (၆၇၁-၆၇၃)

Vol. 35 Ch. 671-673

အခန်း ၆၇၁ - ရေထဲက အန္တရာယ်၊ ပေါ့ဆခြင်း မရှိနဲ့

【တာကေဂါမီ-ကွန် ရေမင်းမှာ တစ်ခုခု မှားယွင်းနေတာကို ငါ သတိထားမိတယ်ကွာ။】

ယဲ့ယွီသည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး ထပ်မံ ပြောသည်- "ခင်ဗျား သိသမျှ အရာအားလုံးကို ပြောပြပါ။ ကျနော်ကအခု တော်တော်လေးကိုပဲ စိတ်မရှည်ဘူး ဖြစ်နေတယ်။"

တာကေဂါမီ တစ်ကိုယ်လုံး မိုးမိနေသေကြကမကလေးသဖွယ် တုန်ယင်သွားသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် ပြောပြပါ့မယ်၊ ကျွန်တော် ပြောပြပါ့မယ်!"

【နတ်ပင်လယ်အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ လျန်ရှင်းဖန်ဟာ နှစ်ပေါင်း တစ်ထောင်နီးပါး ပူးပေါင်းဆောင်ရွက်မှု သမိုင်းရှိတယ်။】

မိစ္ဆာဘုံမှာ ဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးနောက် မိစ္ဆာစွမ်းအင်က ပြန်လည် အသက်ဝင်လာခဲ့တယ်။

အဲဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးနွယ်စု နှစ်ခုဟာ တော်တော်လေးကိုချစ်ခင်ရင်းနှီးတဲ့ မဟာမိတ် ဖြစ်လာခဲ့ကြသည်။

နတ်ပင်လယ်အဖွဲ့အစည်းက ကျွန်တော်တို့ကို ပင်လယ်မှ အရင်းအမြစ်နှင့် သတင်းအချက်အလက်များ ပေးလေ့ရှိ ပြီးတော့ အချို့ရတနာစ္စည်းများကို ကျွန်တော်တို့ရဲ့ လျန်ရှင်းဈေးမှာ လေလံတင်ဖို့တောင် ပို့ပေးလေ့ရှိတယ်။

ဒီအတွက် လျော်ကြေးအနေနဲ့ ကျွန်တော်တို့က မိစ္ဆာကျောက်တုံး၊ ကျင့်ကြံရေး နည်းစနစ်၊ ပြီးတော့ ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းတွေကို နည်းနည်းလေးမှ မတွန့်တိုဘဲပြန်ပေးတတ်တယ်။

【သခင် ဖုန်းကျန့်က တစ်ချိန်က ပြောခဲ့ဖူးသလိုပဲ၊ နတ်ပင်လယ်အဖွဲ့အစည်းရဲ့ ပံ့ပိုးမှုမရှိဘဲ လျန်ရှင်းဖန်ဟာ သူ့ရဲ့ အစောပိုင်းတည်ထောင်ခါစ အဆင့်တွေမှာ ဒီလောက် လျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်မှာ မဟုတ်ဘူး။】

ဒါကြောင့် ဒီအရာတွေက ကျွန်တော် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ချင်တဲ့ အရာတွေ မဟုတ်ပါဘူး။

"ဒါပေမဲ့ ဒါက လေလံရုံး သခင်ကြီးနဲ့ သက်ဆိုင်တာမို့ ကျွန်တော် တကယ် မပြောနိုင်ဘူး။"

【ဒီ ရှင်းပြချက်ကို ကြားပြီးနောက်။】

ယဲ့ယွီ၏ မျက်နှာအမူအရာက အလွန် ထူးဆန်းသွားသည်။ လျန်ရှင်းဖန်က နတ်ပင်လယ်အဖွဲ့အစည်းနဲ့ ဒီလောက် ကြာကြာ ပူးပေါင်းခဲ့တာကို သူ ဘယ်တုန်းကမှမစဉ်းစားမိခဲ့ဘူး။ခဏတာ တွန့်ဆုတ်ပြီးနောက် တာကေဂါမီ-ကွန်က အသံတိုးတိုးဖြင့် ပြောသည်- "ဒုတိယဆရာသခင်၊ ကျွန်တော့် တင်ပြချင်တာလေးတစ်ခုရှိလို့။ စိတ်မရှိပါနဲ့။"

"ပင်လယ်လိုက်ဖမ်းတိုက်ပွဲမှာ ပါဝင်တဲ့ မိစ္ဆာတွေရဲ့ ပြင်းထန်မှုနဲ့ ရက်စက်မှုကို ကျနော်တို့အထင်သေးလို့မရဘူး။ သူတို့က အမှန်တကယ်တော့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့သူတွေဘဲ။"

"ကျွန်တော်တို့ စွမ်းအားအဆင့်နဲ့ မစော်ကားနိုင်တဲ့ ရေနေမိစ္ဆာတွေ အများကြီး ရှိတယ်။"

【နတ်ပင်လယ်အဖွဲ့အစည်းက ကျနော်တို့အနိုင်ယူဖို့မလွယ်ကူတဲ့ စွမ်းအားကြီးမိစ္စတွေ အများကြီးပါဝင်တဲ့အဖွဲ့ချည်းပဲ ။】

【နတ်ပင်လည်းအဖွဲ့အစည်းမှာ သမိုင်း ရှည်ကြာပြီး အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။ ကျန့်ယောင်းမြို့တော် သခင် လာရောက်ခါကျွန်တော်တို့ကိုကူညီခဲ့မယ်ဆို

ရင်တောင်မှ ကျွန်တော်တို့ရဲ့ လျန်ရှင်းဖန်ကသူတို့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။】

"ဒါကြောင့် ကျွန်တော်တို့ အနေနဲ့အကောင်းဆုံးကတော့ ကုန်းမြေကို အမြန်ဆုံး ပြန်သင့်တယ်။"

【တာကေဂါမီ-ကွန်ဟာ လိမ္မာပါးနပ်တဲ့သူပါ။ သူ ခုနက ရေနေမိစ္ဆာတွေကိုပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာပါ။】

ရွေးချယ်စရာ မရှိတော့တဲ့ မိစ္ဆာတချို့ဟာ သူတို့ကိုယ်သူတို့ နတ်ပင်လယ်အဖွဲ့အစည်းရဲ့ သူလျှိုတွေ ဖြစ်ကြောင်း အသက်မခံရမီ ဖော်ထုတ်ခဲ့ကြသည်။

ဒါက သူ့ကို ကြောက်လန့်စေခဲ့သည်။

ယဲ့ယွီက ဘာလို့ နတ်ပင်လယ်အဖွဲ့အစည်းက မိစ္ဆာတွေနဲ့ ရန်ပွဲကို အဆင့်အခြင်မရှိ ဇွတ်တရွတ် ရှာချင်နေတာလဲဆိုတာကို ငါ နားမလည်ဘူး။

သို့သော်လည်း တာကေဂါမီက သူ မေးဖို့ အရည်အချင်းမမီတဲ့ မေးခွန်းတချို့ ရှိတယ်ဆိုတာကို ကောင်းကောင်း သိသည်။

【ဒါကြောင့် ယဲ့ယွီကို ဒီလောက်ပဲ၊ပင်လယ် ရေက အန္တရာယ်ရှိတယ်၊ ပေါ့ဆခြင်း မရှိနဲ့လို့ သတိပေးဖို့ တစ်ခုသာပဲတတ်နိုင်တော့တယ်။】

ဒါပေမဲ့ ယဲ့ယွီက အကြံဉာဏ်ကို နားထောင်တဲ့သူမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။

【သူသည် တာကေဂါမီ-ကွန်၏ ညွှန်ကြားချက်များကို တစ်ခါမှမကြားဖူးခဲ့သလိုပဲ လျင်မြန်စွာ မေ့သွားခဲ့သည်။】

ထိုညနေစောင်းတွင်။

ယဲ့ယွီသည် သူ၏အသက်စက်စက်ချစ်သူလော်နင်နှင့် ယောက္ခမလောင်း ချင်ရွှေတို့ကို ဘာအန်းပင်လယ်မှ ခေါ်ဆောင်ကာ ထွက်ခွာခဲ့သည်။

သူတို့ကို ယင်းနင်တောင်တွင် ယာယီတည်းခိုဆောင်တခုဆောက်လုပ်ခါ ထားရှိခဲ့သည်။

ဘာပဲဖြစ်ဖြစ်၊ ဒီနေရာက လော်နင်ရဲ့ အရင် တုန်းက အခြေစိုက်စခန်းဖြစ်ခဲ့ဖူးပါတယ်။

ပြန်ရောက်လာသောအခါ ရင်းနှီးမှုကို ခံစားရဆဲဖြစ်သည်။

ချင်ရွှေအတွက်မူ သူမ၏ ဘဝတစ်လျှောက်လုံး ဘာအန်းပင်လယ်မှာ နေထိုင်ခဲ့တာမို့ ထွက်ခွာဖို့ အလွန် ဝန်လေးခဲ့သည်။

ယဲ့ယွီက သူတို့ကို နှစ်တစ်ရာအတွင်း သူတို့ ပင်လယ်ကို အေးဆေးစွာ ပြန်သွားနိုင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အာမခံ

ကတိပေးခဲ့သည်။

【ဒီ စကားတွေကို ကြားပြီးနောက်။】

ချင်ရွှေ၏ မျက်နှာအမူအရာက အလွန် ရှုပ်ထွေးသွားသည်။

လီရွှေခရုမိစ္ဆာမျိုးနွယ်စု၏ အကြီးဆုံး အကြီးအကဲအနေဖြင့် ယဲ့ယွီ ဘာလုပ်ချင်တယ်ဆိုတာကို သူမ လျင်မြန်စွာ နားလည်သွားသည်။

【ထို့နောက် သူက သူမ၏ အတွေးများကို စိတ်ချင်းဆက်သွယ်ကာ ပို့လွှတ်လိုက်သည်- "သားနဲ့ လော်နင်တို့ တာအိုမိတ်ဖက်များ ဖြစ်သွားပြီဆိုတော့ လုံခြုံရေးက ဦးစားပေး ပဲသားရေ အမေသို့ ပြန်သွားသည်ဖြစ်စေ မပြန်သည်ဖြစ်စေ တကယ်တော့ အရေးမကြီးပါဘူး။"】

ယဲ့ယွီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ထပ်မံ မှတ်ချက်ပေးခြင်း မရှိပါ။

ချင်ရွှေနှင့် လော်နင်တို့ကို နေရာချထားပြီးနောက်။

ယဲ့ယွီသည် ဖုန်းကျန့်ရှင်းကို ဆင့်ခေါ်ပြီး သူ၏ မှတ်ဉာဏ်များကို ဝိညာဉ်စနစ်တခုသုံးကား ဖတ်ခဲ့သည်။

ပင်လယ်နတ်ဘုရားအဖွဲ့အစည်းအကြောင်း ကို သူ၏မှတ်ဉာဏ်များအတွင်းမှာရှင်းလင်းစွာသဘောပေါက်ခဲ့သည်

【နတ်ပင်လယ်အဖွဲ့အစည်းက အားကောင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ မိစ္ဆာဘုံအတွင်းမှာ ပင်လယ်ဒေသကြီး ရှစ်ခု ရှိတယ်။】

【ဘာအန်းပင်လယ်က သူတို့ထဲက တစ်ခုပဲ။】

ဒီနေရာက နတ်ပင်လယ်အဖွဲ့အစည်းရဲ့ ဌာနချုပ် မဟုတ်ဘဲ ဌာနခွဲတစ်ခုသာ ဖြစ်သည်။

တာကေဂါမီ-ကွန် ပြောခဲ့သလိုပဲ။

【လျန်ရှင်းဖန်နဲ့ ရှင်ခိုင်တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိတယ်။】

သူတို့၏အဓိကမဟာမိတ် မိစ္ဆာမျိုးနွယ်ဝင်မှာ ချူးဝမ်မျောင်လို့ အမည်ရတဲ့ ခါးကိုင်းနေတဲ့ အဖိုးကြီးတစ်ဦး ဖြစ်သည် 】

ဒီ နာမည်ကို ကြားတဲ့အခါ ယဲ့ယွီက ဝိညာဉ် ရှာဖွေရေး နည်းစနစ် သုံးကာစစ်မေးခဲ့ဖူးတဲ့ ခရုမိစ္ဆာကလည်း သူ့ကို ပြောပြခဲ့ဖူးတာ ချက်ချင်း သတိရလိုက်သည်။

【ဒီ အဖိုးကြီးဟာ လော်နင်ရဲ့ ဖခင်သေဆုံးမှုရဲ့ အကြောင်းရင်းကို အတွင်းကျကျ သိနိုင်ပုံရတယ်။】

ဒီလို စဉ်းစားမိသောအခါ ယဲ့ယွီက ညင်သာစွာ မေးသည်- "ကျွန်တော်တို့ အဲဒီ ချူးဝမ်မျောင် ထွက်လာပြီး တွေ့ဆုံဖို့ တောင်းဆိုနိုင်မလား။"

ဖုန်းကျန့်ရှင်းက ခေါင်းကို အနည်းငယ် ခါလိုက်သည်။

【မျိုးနွယ်စု နှစ်ခုကြားက တွေ့ဆုံပိုင်ခွင့်ဟာ ချူးဝမ်မျောင်ရဲ့ လက်ထဲမှာ အမြဲ ရှိခဲ့တယ်။】

သူထွက်လာပြီးတွေ့ခွင့်ပေးမှာပဲကျွန်တော်တို့ကသူ့ကိုတွေ့ခွင့်ရခဲ့တယ်။ 】

【ဒါပေမဲ့ လျန်ရှင်းဖန်က သူ့ရဲ့စခန်းချနေထိုင်ရာ အတိအကျ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဘယ်တော့မှ မေးမြန်းခဲ့ခြင်း မရှိဘူး။】

ယဲ့ယွီက အဓိပ္ပာယ်ရှိစွာ ခေါင်းညိတ်လိုက်သည်။

【ဖုန်းကျန့်ရှင်း၏ စိတ် လှုပ်ရှားသွားပြီး သူက ညင်သာစွာ ရှေ့တိုးကာ ပြောသည်- "သခင်၊ နတ်ပင်လယ်အဖွဲ့အစည်းက သခင့်ကိုစော်ကားပြီ။ ထိခိုက်စေခဲ့တာလား။ ဒါဆိုရင် ကျွန်တော် လျန်ရှင်းကျောင်းတော်ကို သူတို့နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ချက်ချင်း စီစဉ်ပါ့မယ်။"】

【ပြီးတော့ သူတို့ရဲ့ နတ်ပင်လယ်အဖွဲ့အစည်းရဲ့ မိစ္ဆာမျိုးနွယ်ကို သုတ်သင်ဖျက်ဆီးဖို့ စစ်သည်တော်များငှားရမ်းရန် အလွန်အမင်း မျပြာသော ပမာဏရှိသည့် မိစ္ဆာကျောက်တုံများကို ဘဏ္ဍားတိုက်အတွင် မှထုတ် ယူလာခဲ့သည်။】

ယဲ့ယွီသည် မရယ်ဘဲ မနေနိုင်ပါ။

【ဖုန်းကျန့်ရှင်းဟာ ဘာကိစ္စဖြစ်ဖြ‌စ် ငွေကြေးကိုအသုံးပြုကာ

ဖြေရှင်းနိုင်မယ်လို့ပဲအမြဲတမ်းထင်နေတဲ့သူဘဲ ဘာပြဿနာဖြစ်ဖြစ် တဘက်ရန်သူကို မိစ္ဆာကျောက်တုံးနဲ့ ပစ်ပေါက်မယ်လို့ အမြဲတမ်း ခြိမ်းခြောက်နေတယ်။】ချမ်းသာတဲ့သူတွေက

ငွေသုံးရတာကို အရမ်းကိုပဲ ကြိုက်**လား။】

ယဲ့ယွီက ငြင်းပယ်လိုက်သည်။

လက်ရှိ ရရှိနိုင်သော သတင်းအချက်အလက်များအပေါ် အခြေခံ၍ နတ်ပင်လယ်အဖွဲ့အစည်း၏ ခွန်အားသည် လျန်ရှင်းဖန်ထက် သာလွန်သည်ဟု ကောက်ချက်ချ နိုင်သည်။

【ပေါ့ဆစွာ လှုပ်ရှားမှုများပြုလုပ်ခဲ့လျှင် ...】

【တဘက်ရန်သူမှလက်ဦးမှုကိုရယူကာ ဖုန်းကျန့်ရှင်းကို ရှင်ခိုင်က လုပ်ကြံသတ်ဖြတ်လိမ့်မည်။】

ဒါက ယဲ့ယွီ မြင်ချင်တဲ့ မြင်ကွင်း မဟုတ်ပါဘူး။

【ဖုန်းကျန့်ရှင်းနဲ့ လျန်ရှင်းဖန် မျိုးနွယ်စုတွေ ရှိနေရမယ်။ သူတို့ဟာ အနာဂတ်မှာ အသုံးဝင်နေဦးမှာပါ။ မလိုတော့ရင်တော့စွန့်ပစ်လိုက်ရုံပေါ့ 】

ထို့ကြောင့် အကြိမ်ကြိမ် စဉ်းစားပြီးနောက် ယဲ့ယွီ...

နောက်ဆုံးတွင် ဘာအန်းပင်လယ်သို့ တစ်ယောက်တည်း ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။

တစ်ယောက်တည်း ခရီးသွားခြင်းက ကောင်းကျိုးများ ရှိတယ်၊ အနည်းဆုံးတော့ ရန်သူကို တပ်မကြီးလိုက်ခြင်းတက်ပြီးအချက်ပေးသလိုမဖြစ်တော့ဘူးပေါ့။

နတ်ပင်လယ်အဖွဲ့အစည်းမှ ချူးဝမ်မျောင်ကို ဘယ်မှာ ရှာရမလဲဆိုတာကိုတော့ ယဲ့ယွီက မစဉ်းစားရသေးဘူး။

【ဒါပေမဲ့ အရမ်း ခက်ခဲမှာ မဟုတ်ဘူး မဟုတ်လား။】

【အဆိုးဆုံးကတော့ သူလမ်းမှာ တွေ့တဲ့ မိစ္ဆာတိုင်းကို ဝိညာဉ် ရှာဖွေရေး နည်းစနစ်ကို သုံးရုံပဲ။】

မိစ္ဆာအားလုံးက ချူးဝမ်မျောင်အကြောင်း မသိကြတာတော့ သေချာပေါ့။

စကားပုံလိုပဲ၊ မစွန့်လွှတ်သရွေ့ ပြဿနာတွေထက် ဖြေရှင်းနည်းတွေ အမြဲတမ်း ပိုရှိတယ်။

အစကတော့ အရာအားလုံး အဆင်ပြေနေခဲ့တာပါ။

ဒါပေမဲ့ ပင်လယ်ပြင်ကို ဝင်ရောက်ပြီးနောက် ယဲ့ယွီက ရုတ်တရက် သူ့စိတ်ကို ပြောင်းလဲလိုက်သည်။

တစ်ယောက်ကို ရှာဖို့ တစ်နာရီ နောက်ကျတာက အရေးမကြီးဘူး ဖြစ်နိုင်တယ်။

ရွှေမိစ္ဆာဘုံရဲ့ အစောပိုင်း အဆင့်ကို ရောက်ပြီးကတည်းက အိပ်မက် စွမ်းရည်ရဲ့ အလိုအလျောက် ကျင့်ကြံမှုကိုတစ်ခါမှမသုံးခဲ့ရသေးဘူး။ ဒါဟာ အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်တယ်။

အန္တရာယ်အတွက်လား။

ယဲ့ယွီက တကယ်တမ်း မစဉ်းစားရသေးဘူး။

မိစ္ဆာဘုံထဲက မိစ္ဆာစွမ်းအင်က စဉ်ဆက်မပြတ် ပြန်လည်ကောင်းမွန်နေပေမဲ့ လက်ရှိ စွမ်းအားအကြီးမားဆုံးလို့ပြောရမယ့်သူက မိစ္ဆာသခင်ဘုံ ( မှာပဲ ရှိသေးတယ်။

သူတို့ဟာ အဓိက ဘုံတစ်ခုတည်းသာ ခြားနားနေပေမဲ့ ယဲ့ယွီမှာ ကောင်းကင်မိစ္ဆာ သုတ်သင်ရေး နည်းစနစ် ပိုင်ဆိုင်ထားတာကြောင့် တော်ရုံနဲ့တော့ရှုံးဖို့မရှိပါဘူး

အားကောင်းတဲ့ မိစ္ဆာသခင်နဲ့ တွေ့ဆုံရင်တောင်မှ သူတို့ကို မနိုင်ရင်တောင် ထွက်ပြေးဖို့က ပြဿနာ မရှိသင့်ဘူး။

ဒါကလည်း ယဲ့ယွီက ပင်လယ်ထဲမှာ အလိုအလျောက် ကျင့်ကြံမှုကို ဖွင့်ဖို့ စီစဉ်ရတဲ့ အဓိက အကြောင်းရင်းပဲ။

ဒီလို စဉ်းစားရင်း...

ယဲ့ယွီသည် မတွန့်ဆုတ်ဘဲ အလိုအလျောက် ကျင့်ကြံမှုကို ချက်ချင်း ဖွင့်လိုက်သည်။

ရင်းနှီးပြီး ပေါ့ပါးတဲ့ ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

သူသည် နတ်ဝိညာဉ်၏ အငွေ့အသက်အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် မျောနေသည်။

ထိုခဏမှာပင်အလိုအလျောက်ကျင့်ကြံမှုစနစ်က သူ့ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလိုပဲ ထိန်းချုပ်လိုက်သည့် သူ၏ခန္ဓာကိုယ်သည်ရုပ်တရက် မြောက်ဘက်သို့ ဒုံးကျည်တစ်စီး၏ အမြန်နှုန်းဖြင့် ထွက်ခွာသွားသည်။】

ဟင် ဒီစနစ်ကမသုံးတာကြာလို့အားတွေအရမ်း နေတဲ့ထင်တယ်။၊ စွမ်းအင်က အမြဲတမ်း ပြည့်နေတုန်းပဲ။

၆၇၂

အခန်း ၆၇၂ - ကျင့်ကြံမှု အဆင့် မြင့်တက်လာခြင်း

ပင်လယ်အောက် ချောက်နက်ကြီးထဲတွင်။

အသွင်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးရှိသော ရေနေမိစ္ဆာ ထောင်ပေါင်းများစွာသည် နေရာတစ်ခုတွင် အလွန်များပြားစွာ စုဝေးနေကြသည်။

သူတို့အားလုံးသည် ထူးဆန်းသော မိစ္ဆာတစ်ကောင် ၏ ရုပ်ထူးရှေ့တွင် ရိုသေလေးစားခြင်း အပြည့်ဖြင့် ဦးညွှတ် ခစားနေကြသည်။

ထို ရေနေမိစ္ဆာကောင်ရုပ်ထုသည် ဆယ်မိတာခန့် မြင့်ပြီး သုံးခွချွန် သံမဏိခက်ရင်းကို ကိုင်ထားကာ၊ သူ၏ ငါးပူတင်းသဖွယ်ဖောင်းကားသော ကိုယ်လုံးက ထူးဆန်းသော ရယ်စရာပုံစံကို ပေးနေသည်။

ထိုမိစ္ဆာ ရုပ်ထုကြီးသည်

ကြောက်မက်ဖွယ်ကောင်းသောပုံသဏ္ဍာန်ဖြစ်နေရ န် အပြင်းအထန် ကြိုးစား ဖန်တီး ထုဆစ်ခဲ့သော်လည်း သူ၏ မျက်နှာနှစ်ဖက်ရှိ ရယ်စရာကောင်းလောက်အောင် တွန့်လိပ်နေသော မုတ်ဆိတ်ရှည်များက ထို အထင်အမြင်ကို လုံးဝ ပျက်စီးစေခဲ့သည်။

ရိုးရိုးသားသားပြောရရင်...

ဒီ မိစ္ဆာကောင်ဟာဘုန်းအာနုဘော် ကြီးမားပေးကျောက်စရာကောင်းတဲ့အသွင်အပြင်လုံးဝမရှိပါဘူး။

ဒါဟာ ဟာသတစ်ခုလိုပါပဲ။

ဒီလိုဆိုရင်တောင်မှ ပတ်ပတ်လည်မှာ စုဝေးနေတဲ့ ရေနေမိစ္ဆာတွေရဲ့ မျက်လုံးတွေက လောကကိုဖန်ဆင်းခဲ့သောနတ်ဘုရားကိုဖူးမြင်ရသလို ကြည်ညိုလေးစားမှုများနဲ့ ပြည့်နှက်နေသည်။

လူတိုင်းက မြင့်မြတ်သော ဂါရဝပြုမှုကို လုပ်ဆောင်နေသကဲ့သို့ လေးနက်သော မျက်နှာအမူအရာများဖြင့် တုတ်တုတ်မှာမလုပ်ရဲဘဲရှိနေကြသည်။

ထိုအုပ်စုထဲတွင်ရှိသော ဂဏန်းမိစ္ဆာ ဖန်ရှင်မင်က တိုးတိုးလေး ပြောသည်- "သခင်၊ ကျွန်တော်တို့ ကျရှုံးခဲ့ပါပြီ။ ကျွန်တော်တို့ လီရွှေခရုမိစ္ဆာမျိုးနွယ်စုဆီ စေလွှတ်ခဲ့တဲ့ သူလျှိုတွေထဲက တစ်ယောက်တည်းပဲ ဖော်ထုတ်သတ်ဖြတ်ခံရမှုမှ ထွက်ပြေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ မိစ္ဆာတွေနဲ့ မျိုးနွယ်စုကြီး ခြောက်ခုကတော့ ပင်လယ်လိုက်ဖမ်းတိုက်ပွဲမှာ ကုန်းနေမိစ္ဆာတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြပါပြီ။"

"ကိစ္စတစ်ခုလုံးဟာ ဆံပင်ဖြူ မျောက်မိစ္ဆာတစ်ကောင်ကြောင့် အားလုံးပျက်စီးခဲ့ရပါတယ်။"

"သူက ချင်ရွှေကို ဝိုင်းဝင်တိုက်ခိုက်မှုတွေမှ ကာကွယ်ခဲ့ပြီး ပင်လယ်မုဆိုးအဖွဲ့ကမိစ္ဆာတွေပာရောက်

ရှိလာခဲ့တယ်။ "

"အဒီနေရာက ပင်လယ်ပြင်တစ်ခုလုံး ပြင်းထန်လွန်းတဲ့တိုက်ပွဲကြီးကြောင့် နှစ်ဖက်စစ်သည်များရဲ့ အလောင်း တွေတောင်မှ တောင်တစ်ခုလုံးပုံသွားခဲ့တယ်။"

"လွတ်မြောက်လာခဲ့တဲ့သူလျိုစစ်သားကိုအရှင်ထံသို့မကျမိမှာခေါ်ဆောင်လာခဲ့ပါ့မယ်။သူကတော့အသေးစိတ်အချက်အလက်တွေကိုလျှောက်တင်ပါလိမ့်မယ်။”

မိစ္ဆာအုပ်စု၏ထိပ်ဆုံးတွင်ရပ်နေသော ချူးဝမ်မျောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လီရွှေခရုမိစ္ဆာမျိုးနွယ်စုကို ပစ်မှတ်ထားတဲ့ အစီအစဉ်ကို သူ ကိုယ်တိုင် စီစဉ်ခဲ့တာပါ။

နတ်ပင်လယ်အဖွဲ့အစည်းက သူလျှို ရှစ်ယောက်ကို ဖြန့်ကျက်ပြီး သဘောထားပြောပြောင်းတဲ့ ရေနေမိစ္ဆာ တစ်ထောင်ကျော်ကို ခရုမိစ္ဆာတွေကို ရန်ပြုတိုက်ခိုက်ချင်စိတ်များဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့တယ်။

ဒီလို အကွက်ကျကျစီစဉ်ပေးထားတဲ့ အခြေအနေမျိုးမှာ ချင်ရွှေကို ဘယ်လိုလုပ်ပြီး မဖမ်းနိုင်ရတာလဲ။

【ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး!】

【ဆံပင်ဖြူ မျောက်မိစ္ဆာလား? ပင်လယ်တစ်ခုလုံးကိုသိန်းပိုက်မယ့် တိုက်ပွဲမှာ ဒီလို မေနိုးမျိုးက ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။】

"မဟုတ်ဘူး၊ ဒီကိစ္စကိုငါတို့ဒီတိုင်းလွတ်ပေးလို့လုံးဝမဖြစ်ဘူး။အဲဒီကောင်ဘယ်သူလဲဆိုတာကိုစုံစမ်းလိုက်စမ်း။ "နတ်ပင်လယ်မဟာမိတ်အဖွဲ့ကို မနာခံရဲတဲ့ မိစ္ဆာမှန်သမျှ သေရမယ်!"

"ဒါပေမဲ့ အခု မဟုတ်သေးဘူး!"

"ဒီနေ့ဟာ ပါမောက္ခ အန်းအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ပါ၊ ငါတို့ လုံးဝ အာရုံပျက်လို့ မရဘူး!"

ချူးဝမ်မျောင်သည် သူမ၏ လက်ကို အနည်းငယ် မြှောက်လိုက်သည်။

"ဒီနေ့ဟာ ပါမောက္ခ အန်းအတွက် အရေးကြီးဆုံးနေ့ ဖြစ်ပါတယ်။ အမှားအယွင်း မဖြစ်စေရဘူး။ အရေးကြီးဆုံး ကိစ္စတွေကိုတောင် ခဏ ရွှေ့ဆိုင်းထားရမယ်!"

"ဒါနဲ့ ပတ်ပတ်လည်က ဖွဲ့စည်းထားတဲ့ အစီအစဉ်တွေနဲ့ အတားအဆီးအစီရင် တွေ တပ်ဆင်ပြီးပြီလား။"

ဂဏန်းမိစ္ဆာ ဖန်ရှင်မင်က ချက်ချင်း ခေါင်းညိတ်ပြီး ပြောသည်- "စိတ်မပူပါနဲ့၊ သခင်၊ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် အသေးစိတ်ကျကျနန စစ်ဆေးပြီးပါပြီ။"

"ဘယ်မိစ္ဆာကမှ ကျွန်တော်တို့ကို အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ဘူး။"

ချူးဝမ်မျောင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

【ထို့နောက် သူသည် လက်တစ်ဖက်ဖြင့် ရှေးဟောင်းဗေဒင်ပညာကိုအသုံးပြုကာ တွက်ချက်မှု အချို့ ပြုလုပ်ပြီး ဖန်ရှင်မင်ကို အနည်းငယ် ခေါင်းညိတ်ပြသည်။】

【ဖန်ရှင်းမင်သည် ညွှန်ကြားချက်ကို ရရှိပြီးနောက် ချက်ချင်း အသံကျယ်ကျယ်ဖြင့်

- "မင်္ဂလာရှိသော အချိန် ရောက်လာပြီ! သခင် ချူးဝမ်မျောင်ကို အကြီးအကဲ အန်း၏ မိစ္ဆာပုံစံကို ပြန်လည် ပုံဖော်ဖို့ ဖိတ်ခေါ်ပါတယ်!"】

【ဒီ ဝါကျကို ကြားပြီးနောက်။】

ပတ်ပတ်လည်မှာ ဝတ်ပြုနေတဲ့ ရေနေမိစ္ဆာတွေက ကိုယ်ကို မတ်မတ်ရပ်၊ သူတို့ရဲ့ လက်တွေကို ရှေ့မှာ ယှဉ်ကာရိုသေပေးလိုက်ပြီး နားလည်ရခက်တဲ့ မန္တန်များကို တိတ်တဆိတ် ရွတ်ဆိုကြသည်။

ချူးဝမ်မျောင်ကတော့ ဗန်းကြီးတစ်ခုကို ကိုင်ဆောင်ရင်း ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လျှောက်ကာ ထွက်လာသည်။

ဗန်းပေါ်မှာ ပစ္စည်းနှစ်ခု ရှိသည်။

သူတို့ထဲက တစ်ခုက သူ တန်ဖိုးထားပြီး ကြာရှည်စွာ ထိန်းသိမ်းထားတဲ့ ထိပ်တန်း ကိုးကောင်းကင် တိမ်တိုက် အိပ်မက်ဆေး တစ်ခု ဖြစ်သည်။

နောက်တစ်ခုကတော့ ခရမ်းရောင် ရွှံ့စဉ့်ခွက်ငယ်လေးထဲမှာ အနက်ရောင် အရည်များ ပြည့်နေသည်။

ချူးဝမ်မျောင်သည် ဧရာမ ရုပ်တုဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ဗန်းကို အောက်မှာ ချထားပြီး လက်နှစ်ဖက်ဖြင့် ရှုပ်ထွေးသော မူဒရာဟန်းဆိုင်း ကို ဖွဲ့လိုက်သည်။

【သူသည် မျက်လုံးများကို မှိတ်ပြီး ထူးဆန်းသော မန္တန်တစ်ခုကို စတင် ရွတ်ဆိုသည်။】

【အံ့သြစရာကောင်းတာက စကားလုံးတိုင်းကို ရွတ်ဆိုတိုင်း ခရမ်းရောင် စွမ်းအင်ရဲ့ အငွေ့အသက်တစ်ခု လေထဲကနေ တောက်ပလင်းလက်စွာ ပေါ်လာပြီး ရုပ်တုရဲ့ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။】

ထိုအရေးကြီးနေသောအချိန်တွင် 【ဂဏန်းမိစ္ဆာ ဖန်ရှင်မင်၏ မျက်နှာအမူအရာက ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ကောင်းကင်ကို စိုးရိမ်ပူပန်စွာမော့ကြည့်လိုက်သည်】

တစ်ချိန်လုံး တည်ငြိမ်နေတဲ့ အတားအဆီးက ရုတ်တရက် ကွဲထွက်သွားသည်။

ပြင်းထန်သော မိစ္ဆာစွမ်းအင်က မိုင်တစ်ရာအတွင်းရှိ ပင်လယ်အောက်ကို ပြင်းထန်စွာ လှုပ်ခါစေခဲ့သည်။

မိစ္ဆာအားလုံးသည် ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် လုံးဝ ရှုပ်ထွေးသွားကြသည်။

သူတို့အားလုံး ပတ်ပတ်လည်ကို ကြည့်လိုက်ကာဘာဖြစ်နေသလဲဆိုတာကိုရှာဖွေခဲ့ကြသည်။

ချူးဝမ်မျောင်သည် မျက်လုံးများကို ပြုကျယ်သွားကာ ဒေါသတကြီးနဲ့ ဘာတွေ ဖြစ်နေတာလဲဆိုတာ မတွေးနိုင်တော့ဘဲ အော်ဟစ် နေခဲ့သည်

ရုတ်တရက် သူတို့သည် ရုပ်တု၏ ခေါင်းပေါ်မှာ ဆံပင်ဖြူ မျောက်မိစ္ဆာတစ်ကောင် ပေါ်လာသည်ကို တွေ့ရှိလိုက်ကြသည်။

ချူးဝမ်မျောင်မည်သို့မှ တုံ့ပြန်နိုင်ခြင်း မပြုမီ၊

ဆံပင်ဖြူ မျောက်မိစ္ဆာသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီး ဗန်းပေါ်မှ ကိုးကောင်းကင် တိမ်တိုက် အိပ်မက်ဆေးကို လုယူကာ တုံ့ဆိုင်း ခြင်းမရှိဘဲ တစ်လုံးလုံး မြိုချလိုက်သည်။

【ပြီးတော့ ကိုယ်ကိုတပတ်လှည့်ကာ ခရမ်းရောင် ရွှံ့စဉ့်ခွက်ငယ်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။】

အနက်ရောင် အရည်က မြေပြင်ပေါ်ကျသွားပြီး ထူးဆန်းကာ မိစ္ဆာငွေ့အသက်များ ၊ ထူထဲစွာပါဝင်သော မီးခိုးနက်များ ထုတ်လွှတ်လိုက်သည်။

ဒါပေမဲ့ ကျမ်းပြင်ပေါ်သို့ဖိတ်ကြသွားသော အရည်က လျင်မြန်စွာ လုံးဝ ခြောက်သွေ့သွားသည်။

ထိုအရာကိုမြင်လိုက်ရသော ချူးဝမ်မျောင်၏ မျက်လုံးများ ပြင်းထန်သောသတ်ဖြတ်ချင်စိတ်များဖြင့် သွေးရောင်တောက်လာသည်။ နှစ်ပေါင်း တစ်သောင်းကြာ ခက်ခက်ခဲခဲ ကြိုးပမ်းမှုက ချက်ချင်း ပျက်စီးသွားခဲ့ပြီ!

သူသည် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး အော်ဟစ်သည်- "ဒီ မျောက်မိစ္ဆာက ဘယ်က လာတာလဲ၊ နတ်ပင်လယ်အဖွဲ့အစည်းရဲ့ တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရဲတာလား။ မင်း သေဖို့ ဖိတ်ခေါ်နေတာပဲ!"

ဒီစကားတွေကို ကြားတဲ့အခါ ယဲ့ယွီရဲ့ ဝိညာဉ်ပုံစံကရယ်ချင်လာသောစိတ်များ မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မိသည်

【အလိုအလျောက် ကျင့်ကြံမှုက နတ်ပင်လယ်အဖွဲ့အစည်းရဲ့ တားမြစ်နယ်မြေကို တကယ်တမ်း ဦးတည်ခဲ့တာ၊ စနစ်

မှာရည်ရွယ်ချက်တစ်ခုခုရှိပုံပဲ

【သို့သော်လည်း ခုနက ငါ သောက်လိုက်တဲ့ ဆေးလုံးက ဘာလဲ။】

【ယဲ့ယွီရဲ့ ဝိညာဉ်ပုံစံက ကြာကြာ မစဉ်းစားနိုင်မီ...】

ယဲ့ယွီ၏ ကိုယ်ထဲမှ မုန်တိုင်းတစ်ခုသို့ပြင်းထန်သော မိစ္ဆာစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

【မိစ္ဆာစွမ်းအင်သည် ပင်လယ်ရေကို ထိုးဖောက်ပြီး ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားသည်။】

သူ၏ ကျင့်ကြံမှု အဆင့်သည် ဒီရေကဲ့သို့တရိပ်ရိပ် မြင်သာသော နှုန်းဖြင့် တိုးလာစပြုသည်။

【ရွှေမိစ္ဆာဘုံ အလယ်အဆင့်၊ ရွှေမိစ္ဆာဘုံ နှောင်းပိုင်းအဆင့်...】

【နောက်ဆုံးတွင် ရွှေမိစ္ဆာဘုံ၏ အထွတ်အထိပ်သို့ ရောက်သည်အထိ ဆက်တိုက် တက်သွားပြီးမှ ရပ်တန့်သွားသည်။】

【သူသည် အဆင့်မြင့် မိစ္ဆာသခင်ဘုံ (Demon Lord realm) ကို ရောက်ဖို့ တစ်လှမ်းသာ လိုတော့သည်။】

ဒီလို ပေါက်ကွဲပြင်းထန်တဲ့ ကျင့်ကြံမှု တိုးတက်မှုနှုန်းက ဝိညာဉ်ပုံစံဖြစ်တဲ့ "ယဲ့ယွီ" ကို အလွန် ကျေနပ်စေခဲ့သည်။

【မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကျင့်ကြံမှု တိုးတက်ရေးမှာ အလိုအလျောက် ကျင့်ကြံမှုက လုံးဝ ပိုမို ထိရောက်တယ်!】

ဒီစနစ်ကိုသုံးလိုက်တိုင်း အခြားမိစ္ဆာများကို ထိခိုက်စေပေမဲ့။

ဒါပေမဲ့ ဘာဖြစ်လဲ။

ကျင့်ကြံမှု လမ်းခရီးက ရန်သူ့နယ်မြေကို ဖြတ်ကျော်တဲ့ စစ်သည် တစ်ထောင်လိုပါပဲ။

အနိုင်ရသူသည် အရာအားလုံးကို ယူသည်၊ ရှုံးနိမ့်သူ၏ အတွေးများသည် အရေးမကြီးပါ။

【အား!!!】

ယဲ့ယွီ၏ ကျင့်ကြံမှု အဆင့် သိသိသာသာ တိုးတက်လာသည်ကို မြင်သောအခါ ချူးဝမ်မျောင်သည် ဒါဟာ ကိုးကောင်းကင် တိမ်တိုက် အိပ်မက်ဆေး၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်း သဘာဝအတိုင်း နားလည်လိုက်သည်။

【အသုံးပြုသူများသည် ပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်ပြီး ၎င်းတို့၏ ကျင့်ကြံမှု အဆင့်သည် မြင့်တက်လာကာ အိပ်မက်ထဲ ရောက်နေသကဲ့သို့ အမြင့်ဆုံး ကောင်းကင်သို့တိုင် ခုန်တက်သွားလိမ့်မည်။】

ထို့ကြောင့် ၎င်းကို ကိုးကောင်းကင် တိမ်တိုက် အိပ်မက်ဆေးဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

သူသည် ဒီ ဆေးစွမ်းကို နှစ်ပေါင်း တစ်သောင်းကြာအောင် စုဆောင်းခဲ့သော်လည်း သောက်သုံးဖို့ အလျင်မလိုခဲ့ပေ

သခင် အန်းကို ပူဇော်ဖို့ သိမ်းထားချင်ခဲ့သည်။

ဒါပေမဲ့ အခုတော့ ထူးဆန်းတဲ့ ကုန်းနေမိစ္ဆာမျိုးနွယ်က ခိုးယူသွားခဲ့ပြီ။

သူ ဘယ်လိုလုပ် ဒေါသ မထွက်ဘဲ နေနိုင်မှာလဲ။

သူသည် ချက်ချင်းပင်အသံနတ်ကြီးဖြင့် အော်ဟစ်လိုက်သည်- "ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်! ငါ ဒီ မျောက်မိစ္ဆာရဲ့ သွေးကို သုံးပြီး သခင် အန်းအပေါ် ငါရဲ့ အပြစ်တွေကို တောင်ပံဖို့အတွက်ဆက်သရမယ်ကွ!"

【ချူးဝမ်မျောင်၏ ရူးသွပ်သော အခြေအနေကို ရင်ဆိုင်ရသောအခါ။】

ယဲ့ယွီသည် သူ့နှင့် စကားမျာပြောကာအချိန်ဖြုန်းမနေချင်တော့ဘဲ ချက်ချင်း လက်ခလယ်ကို ထောင်ပြီး လှည့်ထွက်သွားသည်။

ဒါပေမဲ့ အဲဒီ အချိန်မှာပဲ...

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားတစ်ခု အဝေးတစ်နေရာမှလျှပ်စီးလက်သကဲ့သို့ထွက်ပေါ်လာခဲ့သည်

ပင်လယ်အောက်တစ်ခုလုံး ငလျင်ကြီးတစ်ခုလှုပ်သလို မငြိမ်မသက်ဖြစ်ပြီး ပင်လယ်ရေက ရေနွေအိုးတလုံးလို ဆူပွက်နေပုံရသည်။

ဒီလို သိပ်သည်းတဲ့ မိစ္ဆာစွမ်းအင်ကို အရင်က ဘယ်တုန်းကမှ စိတ်ကူးတောင် မယဉ်ဖူးဘူး။

ဒါက မိစ္ဆာစွမ်းအင် ပြန်လည် အသက်ဝင်လာခြင်းရဲ့ လက္ခဏာလား။

【ယဲ့ယွီ၏ ဝိညာဉ်ပုံစံသည် သူ၏ မျက်ခုံရာကိုအနည်းငယ်ပင့်လိုက်မိသည်】

နောက် စက္ကန့်မှာတော့ ရင်းနှီးတဲ့ စုပ်ယူမှု စွမ်းအားတစ်ခု ရောက်လာသည်။

ယဲ့ယွီသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ပြီး ထိန်းချုပ်မှုကို ပြန်လည် ရရှိလိုက်သည်။

ဒီတစ်ခါ တစ်နာရီဟာ အရမ်း မြန်မြန် ကုန်ဆုံးသွားပုံရသည်။

သူသည် သူ၏ လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ပေါများတဲ့ မိစ္ဆာစွမ်းအားကို ခံစားနေရချိန်တွင် ရှေ့ရှိ ဒေါသထွက်နေသော ချူးဝမ်မျောင်ကို ကြည့်လိုက်သည်။

【ရပ်လိုက်ပါဦးရပ်လိုက်ပါဦးစတော့ဘို့ stophire။ ငါတို့ တိုက်တာခိုက်တာလေးတွေမလုပ်ခင် ခင်ဗျားကို လူတစ်ယောက်အကြောင်း မေးပါရစေ။】

"နတ်ပင်လယ်အဖွဲ့အစည်းမှ ချူးဝမ်မျောင် ဘယ်မှာလဲ။"

【ဒီ စကားတွေကို ကြားသောအခါ...】

ချူးဝမ်မျောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သော အသံဖြင့် မေးသည်- "မင်း မင်းက ငါ့ကိုဘာပြောချင်လို့လဲ။ငါမှတ်မိတာကတော့မင်းနဲ့ငါနဲ့လုံးဝမသိဘူး။း!"

၆၇၃

အခန်း ၆၇၃ - မျိုးရိုးဗီဇ စွမ်းအား ပြန်လည် နိုးထလာခြင်း

ချူးဝမ်မျောင်သည် ယဲ့ယွီကို လုံးဝ မသိပေ။

【ဒါပေမဲ့ ထိုနေရာကမိစ္စာတွေကတော့သူ့ကိုသိပါတယ်

【ဂဏန်းမိစ္ဆာ ဖန်ရှင်မင်သည် ချူးဝမ်မျောင်၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာပြီး တယ်လီပသီဖြင့် ပြောသည်- "သခင်၊ ဒီလူဟာ လီရွှေခရုမိစ္ဆာမျိုးနွယ်စု နယ်မြေမှာ ချင်ရွှေကို ကာကွယ်ပေးခဲ့တဲ့ ဆံပင်ဖြူ မျောက်မိစ္ဆာပါ။"】

"ဒီ မိစ္ဆာဟာ လျန်ရှင်းဖန်ရဲ့ ဒုတိယခေါင်းဆောင်လို့ ကောလဟာလတွေးလည်း ထွက်နေတယ်။"

【ဒီ စကားတွေကို ကြားသောအခါ...】

ချူးဝမ်မျောင်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

လျန်ရှင်းဖန်ရဲ့ ဒုတိယခေါင်းဆောင်က ဘယ်တုန်းက ပေါ်လာရတာလဲ တစ်ခါမှမကြားဖူးခဲ့ပါဘူး ။

【ပြီးတော့ ဆံပင်ဖြူ မျောက်မိစ္ဆာတဲ့! ဖုန်းကျန့်ရှင်းက ဘာတွေ ကြံစည်နေတာလဲ။】

【သို့သော်လည်း သူက လျန်ရှင်းဖန်ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။】

【သူ သခင် အန်းရဲ့ ယဇ်ပူဇော်မှုကို အနှောင့်အယှက်ပေးခဲ့တယ်၊ သူ သေချာပေါက် သေရမယ်!】

ချူးဝမ်မျောင်သည် တယ်လီပသီဖြင့် တုံ့ပြန်ခြင်း မရှိဘဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

【အထူးသဖြင့် နောက်ဆုံးစကားများက တကယ်ကို ခြိမ်းခြောက်မှု အရှိန်အဝါများဖြင့်ပြည့်နက်နေခဲ့သည်။】

ဒီ လို အခြေအနေကို ရင်ဆိုင်ရတဲ့သော်လည်း ယဲ့ယွီသည် တည်ငြိမ်သောရေပြင်ပမ တုန်လှုပ်မှုကင်းမဲ့ နေခဲ့သည်။

【သူသည် ချက်ချင်း ရယ်မောလိုက်ပြီး ပြောသည်- "ဘာ ယဇ်ပူဇော်မှု ဒါမှမဟုတ် ခင်ဗျားတို့လုပ်နေတဲ့ ဘာမှန်း မသိတဲ့ စျေးပွဲတော်လို့ဟာလေးကို ကျွန်တော် နားမလည်ဘူး။ ခင်ဗျားကို တွေ့ဖို့ ကိစ္စတစ်ခုတည်းအတွက်ပဲ လာခဲ့တာ- လီရွှေခရုမိစ္ဆာမျိုးနွယ်စုဝင် ချင်ရွှေရဲ့ ခင်ပွန်း သေဆုံးမှုဟာ ခင်ဗျားနဲ့ ပတ်သက်နေလား။"】

"ဟုတ်ပါတယ်၊ ဒီမေးခွန်းကို ခင်ဗျား ဖြေချင်မှပဲဖြေနော်"

"ဘာလို့လဲဆိုတော့ ကျွန်တော် မကြာခင် ခင်ဗျားရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး ဝိညာဉ်စုံစမ်းခြင်းစနစ်ကိုသုံးပြီ စေ့စေ့စပ်စပ် မေးမြန်းတော့မှာပါ။"

ချူးဝမ်မျောင်သည် အနည်းငယ် တုန်လှုပ်သွားသည်။

ထို့နောက် သူသည် ခေါင်းကို မော့လိုက်ကာ ရယ်မောလိုက်သည်။

သူတို့သည် ကမ္ဘာပေါ်မှာ အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသလိုပင်။

【ငါ့ဝိညာဉ်ကို ထုတ်ယူမယ် ဟုတ်လား။ မင်းကဘာသောက်ဆင့်များရှိလို့လဲ ရွှေမိစ္ဆာဘုံ အထွတ်အထိပ် ကျင့်ကြံမှုကြောင့်လား။ ဒါမှမဟုတ် လျန်ရှင်းဖန်ရဲ့ ဒုတိယခေါင်းဆောင်ဆိုတဲ့ဘွဲ့ကိုများအားကိုးလိုက်တာကြောင့်လား။】

"မင်းကို အမှန်အတိုင်း ပြောရရင် ဖုန်းကျန့်ရှင်း လာရင်တောင်မှ ငါ့ကိုမလေးမစားမလုပ်ရဲဘူးဒါပေမယ့်မင်းကသေခါနီးပြီဆိုတော့ငါပြောပြလိုက်ပါ့မယ်။ ချင်ရွှေရဲ့ ခင်ပွန်း ပိုင်ရှောင်ဟာ ငါ့လက်ချက်နဲ့ သေဆုံးခဲ့တာပဲ။"

"ပြီးတော့ မင်းလည်း သူ့လိုပဲ ကံကြမ္မာမျိုး ကြုံရလိမ့်မယ်။"

ပြောပြီးနောက် ချူးဝမ်မျောင်သည် လက်ဝှေ့ယမ်းလိုက်သည်။

သူ့ပတ်ပတ်လည်ရှိ နတ်ပင်လယ်အဖွဲ့အစည်းမှ မိစ္ဆာ ထောင်ပေါင်းများစွာသည် ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများဖြင့် ပေါက်ကွဲအော်ဟစ်ခါနေရာမှ ခုန်ထွက်လာပြီး ယဲ့ယွီဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။

【ဂဏန်းမိစ္ဆာ ဖန်ရှင်မင်ပင် ရှေ့တန်းသို့ အလျင်စလို ပြေးထွက်လာခဲ့သည် 】

ချူးဝမ်မျောင်၏ မျက်လုံးများ ရေခဲကဲ့သို့ အေးစက်နေသည်။

【ရွှေမိစ္ဆာဘုံ အထွတ်အထိပ် ကျင့်ကြံမှု အဆင့်က အထင်ကြီးစရာကောင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ မရှုံးနိမ့်နိုင်ဘူးတော့မဟုတ်ဘူးလေ။】

"ဒီနေ့ဟာ နတ်ပင်လယ် စုဝေးပွဲရဲ့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ငါတို့ရဲ့ပူဇော်ပွဲမှာ ပါဝင်ဖို့ လာကြတဲ့ မိစ္ဆာတွေအားလုံး တော်တော်လေး အစွမ်းထက်ကြတယ်။"

ချု‌ဝမ်မျောင် အပြင် မိစ္ဆာသခင်အဆင့်ရှိ အားကောင်းတဲ့ မိစ္ဆာ သုံးကောင်ပဲ ရှိပေမဲ့

ဒီ ဆံပင်ဖြူ မျောက်မိစ္ဆာကို ကိုင်တွယ်ဖို့ လုံလောက်တယ်လိုယုံကြည်ထားပါတယ်။။】

ချူးဝမ်မျောင်သည် ပါဝင်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် သူ၌ ပိုအရေးကြီးသော ကိစ္စများ လုပ်ဆောင်ရန် ရှိသောကြောင့် ဖြစ်သည်။

သူသည် ရုပ်ထုကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး မြေပြင်ပေါ်မှာ ရိုသေစွာ ဒူးထောက်လိုက်သည်။

【သူသည် အနက်ရောင် အရည်ဖြင့် စိမ်ထားသော မြေပြင်မှ သဲများကို လက်နှစ်ဖက်ဖြင့် ခပ်ယူလိုက်သည်။】

【နားလည်ရခက်ပြီး ခက်ခဲသောဂါထာ ရွတ်ဆိုသံက ပြန်လည် ဆူညံလာခဲ့သည်】

【လှိုင်းလုံးကဲ့သို့ သူ့ကိုတိုက်ခိုက်ရင်ပြေး တက်လာသော ရေနေမိစ္ဆာများကို ကြည့်နေစဉ်။】

ယဲ့ယွီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလို ရန်သူအများကြီးနဲ့ဆိုရင် သူ အစွန်းရောက် ယင် လင်းနို့ယပ်တောင်ကို စဉ်ဆက်မပြတ် သုံးရင်တောင်...

အေးဆေးအနိုင်ရနိုင်တာပဲ ဒါပေမဲ့ သူတို့ကို အချင်းချင်း တိုက်ခိုက်ခွင့်ပေးလိုက်ရင် ပိုကျေနပ်စရာကောင်းလိမ့်မယ်!

ဒီလို စဉ်းစားပြီး ယဲ့ယွီသည် ရုတ်တရက် တစ်လှမ်းတိုးလိုက်သည်။

ဧရာမ၊ ဆံပင်ဖြူ မျောက်ဝံ တစ်ကောင်သည် ပင်လယ်ထဲတွင် ပေါ်လာခဲ့သည်။

【ကြီးမားပြီး သွေးရောင်တောက်သော ခြေထောက်ကြီးက မိုးပေါ်သို့မြောက်ကာပင်လယ်ကြမ်းပြင်သို့ လိုင်းဂရက်ကြီးများထစေကာ အားပြင်းစွာ နင်းချလိုက်သည်။】

【ထို ခြေထောက်ကြီးဖြင့်နင်းချလိုက်သည်မှာလှိုင်းလုံးများစွာကိုပေါ်ပေါက်စေပြီး ပြင်းထန်အားကောင်းလာသောစုပ် ဝဲများကိုပင် လောကတခွင်လုံးကိုဖုံးလွမ်းသွာာစေခဲ့သည်】

【နောက်တစ်စက္ကန့်မှာ။】

အနီးနားရှိ ကျင့်ကြံ အားနည်းသော ရေနေသတ္တဝါများသည် ချက်ချင်း မျက်လုံးများကို စိတ်ညှိုးခံရတာ သွေးရောင်တောက်လာပြီး ပတ်ပတ်လည်ရှိ မိစ္ဆာများကို သူ့လူကိုယ့်လူ ခွဲခြားမသိဘဲ တိုက်ခိုက်စပြုလာကြသည်။

မိစ္ဆာသခင်အဆင့်ရှိ ငါးမန်းမိစ္ဆာတစ်ကောင်သည် ပင်ခေါင်းမူးပြီး ရှုပ်ထွေးသွားသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု သူ့ကိုယ်အတွင်းမှ ပေါ်ထွက်လာသည်။

【သူ့လိုအဆင့်မြင့် မိတ်ဆာတစ်ကောင်ပင်လျှင် တည်ငြိမ်မှုကို လက်လွတ်မလို ဖြစ်ခဲ့သည်။】

ကံကောင်းထောက်မစွာ၊ အရေးပါဆုံး အချိန်မှာ သူ့ရဲ့ ကျင့်ကြပ်မှု နည်းစနစ်က အလုပ်လုပ်လာပြီး သူ့ရဲ့ စိတ်ထဲမှာ ကြည်လင်မှုကို ထိန်းထားနိုင်ခဲ့သည်။

သူ ဘာတွေ ဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်မီ...

ထို့နောက် သူ့ပတ်ပတ်လည်ရှိ သူ့အဖော်များအားလုံး ရူးသွပ်သွားတာကို မြင်လိုက်ရသည်။

ထိုမိစ္ဆာများသည် ပတ်ပတ်လည်ရှိ အရာအားလုံးကို ရူးသွပ်စွာ တိုက်ခိုက်စပြုလာသည်။

ထိုး မိစ္ဆာသခင်ဟာ ရှေ့တိုးပြီး ဗရုတ်ဘရက် အခြေအနေများကို တားဆီးဖို့ ရည်ရွယ်ခဲ့ပေမဲ့ သူ့ဘေးနားက အဆင့်တူ အားကောင်းတဲ့ အခြားမိစ္ဆာသခင် တစ်ကောင်ရဲ့ လက်သီးချက်နဲ့ ပင်လယ်ထဲကို ထိုးချခံလိုက်ရသည်။】

တိုက်ပွဲသံများက ကောင်းကင်နဲ့ မြေကြီးတစ်လျှောက် ချက်ချင်း ပဲ့တင်ထပ်သွားသည်။

မိနစ်တိုင်း၊ စက္ကန့်တိုင်း မိစ္ဆာတွေ သေဆုံးနေကြသည်။

ယဲ့ယွီသည် ဒီမြင်ကွင်းကို ကိုယ်တိုင်မျက်မြင်တွေ့ရှိပြီး ကျူယန်၏ မျိုးရိုးဗီဇ စွမ်းရည်များကို ပိုမို ရှင်းလင်းစွာ နားလည်လာခဲ့သည်။

ကျူယန်၏ စိတ်ထိန်းချုပ်ပညာရပ်သည် သူ့ထက် ကျင့်ကြံမှု အဆင့် နိမ့်သော မိစ္ဆာအားလုံးကို ထိခိုက်နိုင်သည်။

စိတ်ညှို့ခံရသော သူတို့အားလုံးကို ရူးသွပ်မှုသို့ ရောက်ရှိစေခဲ့သည်။

သို့သော်လည်း ကျင့်ကြံမှု အဆင့် ပိုမြင့်သော မိစ္ဆာတချို့ကတော့ ထိခိုက်ခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။

ထိုနေရာတွင် မိစ္ဆာ ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။】

မိစ္ဆာသခင်အဆင့်ရှိ မိစ္ဆာ များထဲတွင်ပင် မိတ်ဆက်စွမ်းအင်သန့်စင်သောသူ တစ်ဦးတည်းသာ တည်ငြိမ်နေခဲ့သည်။

ကျန်သူများကတော့ သတ်ဖြတ်ဖို့သာ သိတဲ့ သတ္တဝါတွေ ဖြစ်သွားခဲ့ကြသည်။

【ဒါက ကျူယန် မျိုးရိုးဗီဇရဲ့ စွမ်းအားကို တော်ရုံတန်ရုံလူက ငြင်ဆန်မရကြောင်း ပြသနေသည်။】

ရန်သူများစွာကို ရင်ဆိုင်ရတဲ့အခါ မျိုးရိုးဗီဇ ကန့်သတ်ချက်ကို လွှတ်ထုတ်လိုက်ရုံနဲ့ သူတို့ အချင်းချင်း တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာနဲ့ တူတူပါပဲ။

【ဒါဟာ တကယ်ပဲ အံ့သြစရာကောင်းတဲ့ စွမ်းရည်ပါပဲ!】

ဟုတ်ပါတယ်၊ ယဲ့ယွီကလည်း သူ့အစွမ်းသူပြန်ကြည့်ပြီးသာယာနေခဲ့သော်လည်းအချိန်မဖြုန်းတော့ပါဘူး

သူသည် ရှေ့သို့ လျှပ်တပြက် ရွေ့လျားပြီး ချူးဝမ်မျောင်ဆီသို့ တည့်တည့် ဦးတည်သွားသည်။

【အဖိုးကြီး၊ သေဖို့ ပြင်ဆင်ထား!】

ချူးဝမ်မျောင်၏ မျက်နှာအမူအရာက အလွန် လေးနက်သွားသည်။

သူသည် ပြင်ပကမ္ဘာ၏ ပြောင်းလဲမှုများကို သဘာဝအတိုင်း ခံစားနိုင်ခဲ့သည်။

【စိတ်အတွေးတချက်တည်းနဲ့ နတ်ပင်လယ်အဖွဲ့အစည်းမှ မိစ္ဆာများစွာရဲ့ စိတ်ကို ထိန်းချုပ်ကာ ထိခိုက်စေခဲ့တယ်။】

ဒီလို မှော်ဆန်တဲ့ စွမ်းရည်တွေဟာ တကယ်ကို ကြောက်မက်ဖွယ်ရာပါပဲ!

ဒါပေမဲ့ ချူးမျောင်ဝမ်က ဒီ အချိန်မှာပဲ သဲထဲကနေ အလုံးစုံသော ဝိညာဉ် နတ်ပင်လယ်အရည် ကို ကြိုးစားပြီး ထုတ်ယူနေတုန်းပဲ။

နောက်ဆုံးအချိန်မှာရှုံးနိမ့်မှာကိုသူအရမ်းကြောက်နေခဲ့သည်

ဒါကြောင့် ချူးဝမ်မျောင်က အံကို ကျစ်ကျစ်ပါအောင် ကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

【သူသည် သူ့ရှေ့မှာ သန့်စင်ထားသော အနက်ရောင် အရည်အားလုံးကို ရုပ်တုကြီးပေါ်သို့ ပတ်ဖြန်းလိုက်သည် 】

【ထို့နောက် မိစ္ဆာစွမ်းအားကို အတာအဆီး အစီအရင်တစ်ခုတွင် သုံးပြီး သဲကို လုံးဝ ဝန်းရံထားလိုက်ကာ နောက်မှ ဆက်လက် သန့်စင်ဖို့ ရည်ရွယ်လိုက်သည်။】

ယဲ့ယွီကို အရင် ကိုင်တွယ်ရမယ်။

သို့သော်လည်း ချူးဝမ်မျောင်သည် ယဲ့ယွီ၏ စွမ်းအားကို လျှော့တွက်မိဆဲပင်။

သူ လှည့်တောင် မလှည့်နိုင်မီ။

လျှပ်စီးတစ်ခုသည် ပင်လယ်ရေကို ရုတ်တရက် ခွဲခြမ်းပြီး ချူးဝမ်မျောင်ကို တိုက်ရိုက် ထိမှန်လိုက်သည်။

ထိုးဖောက်လာသော မိုးကြိုးစွမ်းအားက သူ့ကိုယ်ခန္ဓာကို ပြင်းထန်စွာ တုန်ယင်စေခဲ့သည်။

ပါးစပ်မှ သွေးတစ်ပွက်သည် ရုပ်တု၏ မျက်နှာပေါ်သို့ ပန်းထွက်သွားသည်။

【အနက်ရောင် အရည်နဲ့ ရောနှောသွားပြီး အလွန် ကြောက်မက်ဖွယ်ရာ ခံစားချက်ကို ပေးသည်။】

ယဲ့ယွီသည် ထိုအရာကို ဂရုမစိုက်ခဲ့ပါ။

【တည့်တည့် ရှေ့တိုးပြီး သွေးလောင်ကျွမ်းသော ကောင်းကင်မီးလျှံ ကို ထုတ်လွှတ်လိုက်သည်။】

【သနားစရာ ချူးဝမ်မျောင်၊ မိစ္ဆာသခင်ဘုံ အလယ်အဆင့်ရှိ မိစ္ဆာတစ်ကောင်သည် ခုခံဖို့ အခွင့်အရေးတောင် မရလိုက်မီ ချက်ချင်း သေဆုံးသွားခဲ့သည်။】

တစ်လှမ်းစလှမ်းဖို့နှေးရင် လှမ်းတိုင်း နှေးမယ်လို့ တကယ်ကို ပြောနိုင်ပါတယ်။

ယဲ့ယွီသည် သူ၏ လွန်ကဲသော စွမ်းအားများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး ချူးဝမ်မျောင်၏ ကိုယ်ခန္ဓာမှ နတ်ဝိညာဉ်ကို ထုတ်ယူလိုက်သည်။

သူ၏ လက်ထဲရှိ အားအင် ကုန်ခမ်းနေသော ဝိညာဉ်ကို ကြည့်လိုက်သည်။

ယဲ့ယွီက ရယ်မောသည်- "ငါ ခုနက ဘာပြောခဲ့လဲ။ ခင်ဗျား မယုံသေးဘဲ ခုခံဖို့ ဇွတ်တရွတ် လုပ်ခဲ့တယ်။ ဒါက စိတ်ဝင်စားစရာကောင်းလား။"

ဝိညာဉ်၏ အငွေ့အသက်တစ်ခုတည်းသာ ကျန်တော့သော ချူးဝမ်မျောင်သည် ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

【အနိုင်ရသူက ဘုရင်ဖြစ်သည်၊ ရှုံးနိမ့်သူက လူဆိုးဖြစ်သည်၊ ဒီ အချက်မှာ သူ ပြောစရာ ဘာမှ မရှိတော့ပါဘူး!】

"ငါတို့ ကံကြမ္မာကိုသာ လက်ခံနိုင်တော့မယ်!"

【ဒါပေမဲ့ ယဲ့ယွီက ဒီ အချိန်မှာ သူ့ရှေ့ရှိ နတ်ပုံရိပ်ရုပ်ထူးကြီးက သူ့ရဲ့ မျက်နှာပြင်ပေါ်ရှိ ရွှဲဆိုနေအောင်ပတ်ဖြန်းထားသော သွေးနဲ့ အနက်ရောင် အရည်ကို လုံးဝ စုပ်ယူသွားတာကို သတိမထားမိလိုက်ဘူး!】

All Chapters