← Chapters

အခန်း (၆၈၃-၆၈၅)

Vol. 35 Ch. 683-685

အခန်း (၆၈၃-၆၈၅)

Vol. 35 Ch. 683-685

အခန်း ၆၈၃ - မင်းက တစ္ဆေဘုံရဲ့ သန့်စင်တဲ့ အချစ်နတ်ဘုရား (Pure Love God of the Underworld) ပဲ

နောက်တစ်နေ့။

ရန်ကျင်းကျင်း အရမ်း ပျော်နေသည်။

ဘာလို့လဲဆိုတော့ သူမသည် ယဲ့ယွီနှင့် နှစ်ဦးတည်း အချိန်ကို နောက်တစ်ကြိမ် ရရှိခဲ့လို့ပဲ။

ပြီးတော့ နောက်ဆုံးမှာ တက်ကြွစွာ တောင်းဆိုခဲ့သူက ယဲ့ယွီ ဖြစ်သည်။

ဒါက တကယ်ပဲ အရမ်း ကောင်းတဲ့ အစတစ်ခုဖြစ်တယ်လို့ ပြောရမယ်။

ဒီ နှစ်ယောက်ထဲ ချစ်ပွဲဝင်ရမယ့် အချိန်အတွက် ရန်ကျင်းကျင်း အလုပ် ရှုပ်နေခဲ့သည်။

တစ်ချိန်မှာ နတ်ဘုရား လက်ဖက်ရည်ကို ပြင်ဆင်နေပြီး နောက်တစ်ချိန်မှာ နတ်သစ်သီးတွေကို ပြင်ဆင်နေသော်လည်း သူမ၏ မျက်နှာပေါ်က အပြုံးက ဘယ်တော့မှ မမှိန်ခဲ့ပေ။

သူမ အခန်းထဲကို ပြန်သွားပြီး ယဲ့ယွီနှင့် အတူတူ အချိန် ဖြုန်းတော့မယ့် အချိန်မှာ။

သူမ၏ ဘေးမှ အား ပြင်းသောအရှိန်ဖြင့် ဝင်ရောက်လာသူတစ်ဦး ရောက်ရှိလာသည်။

သူမကို အနီးအနားရှိ နံရံတစ်ခု၏ နောက်သို့ ဆွဲခေါ်သွားသည်။

ရန်ကျင်းကျင်း သေချာ ကြည့်လိုက်သောအခါ သူမကို ဆွဲနေသူက သင်းဝမ်အမ်း ဖြစ်နေတာကို တွေ့လိုက်ရသည်။

သူမသည် ချက်ချင်း ပြုံးပြီး ပြောသည်- "မင်း ဘာလုပ်နေတာလဲ။ ငါ ယဲ့ယွီဆီ နတ်ဘုရား လက်ဖက်ရည် ယူသွားမလို့။"

"မင်း ဘာလုပ်နေတာလဲ။ ဒီလို ရှားပါးတဲ့ အခွင့်အရေးမှာ လက်ဖက်ရည် လုပ်နေတာလား။ ဘာလို့ တည့်တည့် မသွားတာလဲ။"

သင်းဝမ်အမ်း စိတ်ဓာတ်ကျနေပုံရသည်။

ယဲ့ယွီ တိတ်ဆိတ်စွာ ကျင့်ကြံဖို့ မဝင်ခင်က သူမသည် သူမ၏ မူလ ကတိကို ဖြည့်ဆည်းရန် ရန်ကျင်းကျင်းကို ယဲ့ယွီ၏ အိပ်ယာပေါ်သို့ပို့ဆောင်ရန် ကြိုစားနေခဲ့သည်။

ကံမကောင်းစွာနဲ့ပဲ ထို အချိန်က ယဲ့ယွီသည် မည်သူနှင့်မှ မတွေ့ခဲ့ဘဲ ဝေအာအိုရှုကလည်း အလစ်ချောင်းကတိုက်ခိုက်ချင်သောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ဒါကြောင့် သူမသည် လက်လျှော့လိုက်ရသည်။

ဒါပေမဲ့ အခု ယဲ့ယွီက သူ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ ရန်ကျင်းကျင်းကို လာရှာခဲ့သည်။

ယောက်ျားနဲ့မိန်းမနှစ်ဦးတည်း အခန်းထဲမှာ၊ မင်း လိုချင်တာ ဘာမဆို ပြောလို့ရတယ်။

ဒီလို ကောင်းတဲ့ အခွင့်အရေးမှာ လက်ဖက်ရည် လုပ်နေတာလား။

အချစ်ရဆုံး သူငယ်ချင်း၊ မင်း အဆင်ပြေယဲ့့လား။ ဒါမှမဟုတ် မင်းက တစ္ဆေဘုံက အချစ်အကြောင်းကိုဘာမှမသိတဲ့ တစေးအပျိုစင်လေးလား။

ရန်ကျင်းကျင်း၏ လှပသော မျက်နှာ နီမြန်းသွားသည်။

သူမသည် သင်းဝမ်အမ်း ဘာကို ဆိုလိုကြောင်းကို သဘာဝအတိုင်း နားလည်သည်။

ဒါပေမဲ့ အရာအချို့က စိတ်ကူးယဉ်ဖို့ လွယ်သော်လည်း လုပ်ဖို့ ခက်သည်။

သူမသည် ကြာမြင့်စွာကတည်းက သူမ၏ နှလုံးသားကို ယဲ့ယွီအား လျှို့ဝှက်စွာ ပေးခဲ့ပြီးဖြစ်သော်လည်း သူမကို ဦးဆောင်ပြီး ဝန်ခံခိုင်းခြင်းက သူမ လုံးဝ မလုပ်နိုင်သေးတဲ့ အရာတစ်ခု ဖြစ်သည်။

သေချာတာပေါ့၊ ရန်ကျင်းကျင်းသည် ယောက်ျားလေးဘက်ကစတင်သော ပိုမို သဘာဝကျသော အချစ်ဇာတ်လမ်းကိုမျှော်လင့်ခဲ့သည်။

သူတို့ အတူတူရှိနေစဉ် ချစ်မိသွားနိုင်ရင် ဒါက တကယ်ပဲ လှပတဲ့ ပုံပြင်တစ်ခု ဖြစ်လိမ့်မည်။

ဒါကြောင့် ရန်ကျင်းကျင်း အခု ဒီလောက် အလုပ် ရှုပ်နေရတာ ဖြစ်သည်။

အားလုံးက ယဲ့ယွီ သူမနဲ့အတူရှိတဲ့အခါ ပိုပြီး စိတ် အေးချမ်းစေဖို့ပဲ ဖြစ်သည်။

ရန်ကျင်းကျင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်။

သင်းဝမ်အမ်းသည် ခဏတာ စကား မပြောနိုင်ဖြစ်သွားခဲ့သည်။

ရိုးရိုးသားသားပြောရရင် ရန်ကျင်းကျင်း၏ ရွေးချယ်မှုသည် မှန်ကန်သော တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ပြီးတော့ သူမ စဉ်းစားခဲ့သော နည်းလမ်းက နည်းနည်း ပြင်းထန်လွန်းနေနိုင်တယ်။

ထားပါတော့၊ တစ္ဆေချင်း မတူရင် ကံကြမ္မာလည်း မတူဘူး!

မတူညီသော ရွေးချယ်မှုများ ရှိသောကြောင့် သင်းဝမ်အမ်းသည် သဘာဝအတိုင်း အလွန်အကျွံ ဝင်ရောက်စွက်ဖက်ဖို့ မတတ်နိုင်ခဲ့ဘဲ အခွင့်အရေး ရောက်လာတဲ့အခါ ရန်ကျင်းကျင်းကို အခွင့်အရေး ယူဖို့ အားပေးရုံသာ တတ်နိုင်ခဲ့သည်၊ မဟုတ်ရင် ဒါက ရစရာမရှိအောင်လွဲချော်သွားတာမျိုးဖြစ်ကောင်းဖြစ်လိမ့်မည်၊ နောင်တရလည်း အသုံးမဝင်တော့ဘူး။

ရန်ကျင်းကျင်း ခေါင်းကို အကြိမ်ကြိမ် ညိတ်ကာ တုံ့ပြန်ခဲ့သည်။

ထို့နောက် သူမသည် နတ်ဘုရား လက်ဖက်ရည်ကို သူမ၏ အခန်းထဲသို့ ကနွဲ့ကလျဖြင့် သယ်ဆောင်သွားခဲ့သည်။

အတွင်းမှာ ယဲ့ယွီသည် စားပွဲတွင် ထိုင်နေပြီး သူ့ လက်ထဲရှိ ဆိုးဝါးစွာ အက်ကွဲနေသော နယ်နိမိတ် ပိုင်းခြား ပုလဲ ကို သေချာ စစ်ဆေးနေသည်။

ဟုတ်တယ်။

ယဲ့ယွီ ဒီနေ့ ရန်ကျင်းကျင်း၏ အခန်းသို့ တစ်ဦးတည်း လာရခြင်း၏ အကြောင်းရင်း။

သူမအတွက် မဟုတ်ဘဲ ဒီ နယ်နိမိတ် ပိုင်းခြား ပုလဲအတွက် ဖြစ်သည်။

မနေ့က သူတို့၏ စကားပြောဆိုမှုကတည်းက ယဲ့ယွီသည် အတွေး အသစ်တစ်ခု ရှိခဲ့သည်။

သူ့ ဇနီးများ နတ်ဘုံသို့ ရောက်ရှိလာသည်ကို စောင့်နေမည့်အစား မိစ္ဆာဘုံနှင့် တစ္ဆေဘုံသို့ တည့်တည့် သွားပြီး သူကိုယ်တိုင် ခေါ်ဆောင်လာခြင်းက ပိုကောင်းလိမ့်မည်။

သူသည် အခွင့်အရေးယူပြီး သူ့အိပ်မက်များရှိ မှတ်ဉာဏ်များမှ မည်သူမျှမသိမ်းပိုက်ရသေးသော ရတနာများကိုလည်း ရရှိနိုင်သေးသည်။

ဒါဟာ တစ်ချက်ခုတ်နှစ်ချက်ပြတ် တန်ဖိုးရှိတဲ့ ခရီးတစ်ခု ဖြစ်သည်။

စိတ်ကူး ရရှိပြီးတာနဲ့ သူ ချက်ချင်း လုပ်ဆောင်ရမယ်၊ မနှောင့်နှေးရဘူး။

မနေ့ညက ယဲ့ယွီသည် မိစ္ဆာဘုံနှင့် တစ္ဆေဘုံမှ သူ့ ဇနီးများဖြင့် အစည်းအဝေးလုပ်ကာ သူတို့ နတ်ဘုံသို့ ဘယ်လို လာခဲ့လဲဆိုတာကို တစ်ဦးချင်းစီ ပြန်ပြောပြခိုင်းခဲ့သည်။

သူသည် သူတို့၏ အတွေ့အကြုံများကို အသုံးပြုပြီး ပြောင်းပြန် ဘုံကူးပြောင်းခြင်း နည်းလမ်းတစ်ခုကို တွက်ထုတ်ချင်ခဲ့သည်။

များစွာ စဉ်းစားပြီးနောက်။

သူသည် ရန်ကျင်းကျင်း၏ နယ်နိမိတ် ပိုင်းခြား ပုလဲသည် အယုံကြည်ရဆုံး ဖြစ်တယ်လို့ သာကောက်ချက်ချနိုင်ခဲ့သည်။

နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ဒီ အရာက ရှေးဟောင်း မိစ္ဆာဘုံ ပစ္စည်းပဲ။ မိစ္ဆာဘုံရှိ ရှေးဟောင်း မှတ်တမ်းများအရ ဒါက အသုံးပြုသူကို ဘုံခြောက်ပါးလုံးရှိ မည်သည့်နေရာကိုမဆို ခရီးသွားဖို့ ကူညီနိုင်တယ်။

တစ်ခုတည်းသော အားနည်းချက်ကတော့ နယ်နိမိတ် ပိုင်းခြား ပုလဲသည် ပျက်စီးနေပြီးဖြစ်ခြင်း ဖြစ်သည်။

၎င်းပေါ်ရှိ သိပ်သည်းသော အက်ကွဲကြောင်းများက ဒါကို နောက်တစ်ကြိမ် အသုံးပြုတဲ့အခါ ကွဲကြေသွားနိုင်တယ်ဆိုတာကို ဖော်ပြသည်။

ဒါကြောင့် အရေးအကြီးဆုံးသော တာဝန်က ဒါကို လုံးဝ ဘယ်လို ပြုပြင်ရမလဲဆိုတာကို နည်းလမ်းရှာဖို့ပဲ ဖြစ်သင့်သည်။

ဒီလိုမှသာ ယဲ့ယွီသည် ဒါကို စိတ် အေးချမ်းစွာ အသုံးပြုနိုင်လိမ့်မည်။

ဒါက သူ ရန်ကျင်းကျင်းကို တစ်ဦးတည်း လာရှာရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

သို့သော်လည်း ဒီနေ့ကျမှ ရန်ကျင်းကျင်း အရမ်း အလုပ် ရှုပ်နေပုံရသည်။

သူမသည် နတ်သစ်သီးများကို ခူးနေတာ ဒါမှမဟုတ် နတ်ဘုရား လက်ဖက်ရည်ကို ဖျော်နေလိုက်နဲ့ စိတ်နဲ့လူနဲ့မကပ်ဘဲဖြစ်နေခဲ့သည်။

ဒါက ယဲ့ယွီကို တော်တော်လေး စိတ်ရှုပ်ထွေးစေခဲ့ပြီး ရန်ကျင်းကျင်း နောက်တစ်ကြိမ် ပြန်လာတာကို မြင်သောအခါ။

သူသည် ချက်ချင်း ပြောသည်- "အရင် ထိုင်ပါ၊ အလုပ် ရှုပ်တာကို ရပ်လိုက်ပါတော့!"

ရန်ကျင်းကျင်း ပြုံးပြလိုက်သည်။

သူမသည် တည့်တည့် လျှောက်သွားပြီး ပြင်ဆင်ထားသော နတ်ဘုရား လက်ဖက်ရည်ကို ယဲ့ယွီ၏ ရှေ့မှာ ချလိုက်သည်။

သူမသည် သိက္ခာရှိသော ဇနီးနှင့် ချစ်တတ်သော မိခင်နှင့် အတိအကျ တူနေသည်။

ဒါပေမဲ့ ယဲ့ယွီ၏ အာရုံစိုက်မှုက လုံးဝ အဲဒီပေါ်မှာ မရှိခဲ့ပါဘူး။

သူသည် နယ်နိမိတ် ပိုင်းခြား ပုလဲကို ကောက်ယူပြီး စားပွဲပေါ်မှာ တင်ကာ တိတ်တဆိတ် မေးသည်- "ဒါကို ပြုပြင်ဖို့ နည်းလမ်း ရှိလား။"

"ကျွန်မ ဒီအကြောင်းကို သိပ် မသိဘူး။ မိစ္ဆာဘုံမှာ နယ်နိမိတ် ပိုင်းခြား ပုလဲအကြောင်း မှတ်တမ်းများစွာ ရှိပေမဲ့ ဒါကို ဘယ်လို ပြုပြင်ရမယ်ဆိုတာကို ဘယ်တော့မှ မပြောခဲ့ဘူး။"

"ဒါပေမဲ့ ပစ္စည်း ပြုပြင်ခြင်းမှာ ကျွမ်းကျင်သော နတ်ဘုရား တစ်ဦးကို ရှာနိုင်ရင် သူတို့မှာ နည်းလမ်း ရှိနိုင်တယ်။"

ရန်ကျင်းကျင်းသည် နတ်ဘုရား လက်ဖက်ရည်ကို ပိုပြီး နီးကပ်စွာ ညင်သာစွာ တွန်းလိုက်သည်။

သူမသည် ယဲ့ယွီကို ပူနေတုန်း သောက်စေချင်ခဲ့သည်။

ဒါက သူမ မိစ္ဆာဘုံကနေ ယူဆောင်လာခဲ့သော ရှားပါး ပစ္စည်းဖြစ်သည်။

ဒါက အရသာ ကောင်းရုံသာမက စိတ်ကိုလည်း ငြိမ်သက်စေပြီး နှလုံးသား မိစ္ဆာ ကြီးထွားမှုကို ကာကွယ်ပေးနိုင်သည်။

သူမသည် ဒါကို ရှာဖို့ အဲဒီ အချိန်က ကြိုးပမ်းအားထုတ်မှု များစွာ ပြုလုပ်ခဲ့ရသည်။

ယဲ့ယွီ၏ အာရုံစိုက်မှုက အဲဒီပေါ်မှာ မရှိခဲ့ပါဘူး။

သူသည် ချက်ချင်း ရုတ်တရက် ထရပ်ပြီး ဝမ်းမြောက်စွာ ပြောသည်- "ဟုတ်တယ်၊ အထူးပြုခြင်း! ပစ္စည်း ပြုပြင်ခြင်းမှာ အထူးပြုတဲ့ နတ်ဘုရားတစ်ဦးက ဒီ အရာကို ဘယ်လို ပြုပြင်ရမယ်ဆိုတာကို သေချာပေါက် သိမှာပဲ"

"ကျေးဇူးတင်ပါတယ်။"

"ငါ ဒီ နယ်နိမိတ် ပိုင်းခြား ပုလဲကို ခဏ ယူသွားမယ်၊ နောက်မှ မင်းဆီ ပြန်ပေးပါ့မယ်!"

ပြောပြီးနောက် ယဲ့ယွီသည် နောက် မကြည့်ဘဲ အခန်းထဲမှ ထွက်ခွာသွားသည်။

ရန်ကျင်းကျင်းသည် သူမ၏ မူလ နေရာမှာ တစ်ဦးတည်း ထိုင်နေပြီး ပြောချင်သော်လည်း မပြောနိုင်ဘဲ သူမ၏ မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင် ရှိသည်။

ရိုးရိုးသားသားပြောရရင် သူမသည် ဒီ ရှေးဟောင်း မိစ္ဆာဘုံ ပစ္စည်း နယ်နိမိတ် ပိုင်းခြား ပုလဲအပေါ် လုံးဝ စိတ်မဝင်စားပါ။

ဒါက သူမ နတ်ဘုံသို့ ရောက်ရှိပြီး ယဲ့ယွီကို ရှာဖို့ ကူညီခဲ့သော အရာသက်သက်သာ ဖြစ်သည်။

အခု သူမ၏ အိပ်မက် အကောင်အထည် ပေါ်ခဲ့ပြီး နတ်ဘုံသို့ ရောက်ရှိလာခဲ့ပြီ။

နယ်နိမိတ် ပိုင်းခြား ပုလဲသည် ရန်ကျင်းကျင်းအတွက် လုံးဝ အသုံးမဝင်တော့ပါ။

ယဲ့ယွီ ဒါကို သုံးချင်ရင် လိုသလောက် သုံးလို့ရသည်။

နတ်ဘုရား လက်ဖက်ရည် တစ်ခွက်နဲ့ သူတို့ ခုနက အတူတူ မျှဝေခဲ့တဲ့ အချိန်အတွက်သာ နှမြောစရာ ကောင်းသည်။

သင်းဝမ်အမ်း ပြောတာ မှန်နိုင်သည်၊ အခွင့်အရေးတွေက တကယ်ပဲ တိုတောင်းသည်။

အခြား တစ်ဖက်မှာ။

ယဲ့ယွီသည် ဝူဝေ့စေတီ၏ အဓိက ခန်းမသို့ လာပြီး ရှန်ဂွမ်ကျူးကျူးနှင့် ကျူအိုလန်ချင်ကို ရှာခဲ့သည်။

သူတို့ နှစ်ယောက်လုံးက နတ်ဘုံ၏ ဇာတိဖြစ်သောကြောင့် နတ်ဘုံရှိ အကောင်းဆုံး ပစ္စည်း ပြုပြင်ခြင်း နတ်ဘုရားများ ဘယ်သူလဲဆိုတာကို သူတို့ သိသင့်သည်။

အထူးသဖြင့် ရှန်ဂွမ်ကျူးကျူး၊ သူ့ အိပ်မက်ထဲမှာ သူမသည် နတ်ဘုရားဘုရင်ဘုံ သို့ ရောက်ရှိခဲ့သည်။

သဘာဝအတိုင်း ပိုပြီး အချက်အလက် ရှိလိမ့်မည်။

သို့သော်လည်း ရလဒ်များက စိတ်ကျေနပ်စရာ မရှိခဲ့ပေ။

ယဲ့ယွီ၏ မေးခွန်းနှင့် ပတ်သက်၍ ရှန်ဂွမ်ကျူးကျူးနဲ့ ကျူအိုလန်ချင် နှစ်ယောက်လုံး ခေါင်းခါခဲ့ကြသည်။

နတ်ဘုံမှာ ပစ္စည်း ပြုပြင်ခြင်းက အရင်ကတည်းက နယ်ပယ် သေးသေးလေးတစ်ခု ဖြစ်သည်။

ဒါ့အပြင် သူတို့က ပုံမှန်အားဖြင့် ဒီ ကိစ္စကို ဂရုမစိုက်ခဲ့သောကြောင့် နတ်ဘုံရှိ အကောင်းဆုံး ပစ္စည်း ပြုပြင်ခြင်း နတ်ဘုရား ဘယ်သူလဲဆိုတာကို သူတို့ သဘာဝအတိုင်း မသိခဲ့ကြပေ။

ဒါက ယဲ့ယွီကို အလွန် စိတ်ပျက်စေခဲ့သည်။

"မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ဘူးလား။ မင်းတို့ နှစ်ယောက်လုံး နတ်ဘုံမှာ ဒီလောက်ကြာကြာ နေခဲ့ကြတာ၊ ပစ္စည်း ပြုပြင်ခြင်းအကြောင်း ဘာမှ မသိကြဘူးလား။"

ကျူအိုလန်ချင် ရှက်ရွံ့နေပုံရသည်။

နတ်ဘုံမှာ အချိန်ကြာမြင့်စွာ နေခဲ့ခြင်းက သူမ အရာအားလုံးကို သိပြီး စွမ်းအား အလုံးစုံ ပိုင်ဆိုင်တယ်လို့ မဆိုလိုပါဘူး။

အထူးသဖြင့် သူမသည် အရင်က သာမန် နက်နဲသော နတ်ဘုရား အဆင့်သာ ဖြစ်ခဲ့သည်။

သူမ၏ အချက်အလက်က တကယ်ပဲ မလုံလောက်ပါဘူး!

ရှန်ဂွမ်ကျူးကျူး အချိန်ကြာမြင့်စွာ စဉ်းစားပြီးမှ လျင်မြန်စွာ ပြောသည်- "ကျမ ရုတ်တရက် မှတ်မိသွားတယ်၊ နတ်ဘုံ ဗဟိုဒေသမှာ ဖန်တီးခြင်း နတ်ဘုရား နန်းဆောင် လို့ ခေါ်တဲ့ နတ်ဂိုဏ်းတစ်ခု ရှိတယ်၊ သူတို့က ပစ္စည်း ပြုပြင်ခြင်း နတ်ဂိုဏ်း ကျွမ်းကျင်သူတွေ ဖြစ်ပုံရတယ်။"

"ယောက်ျား‌ေရ အဲဒီကို သွားပြီး စစ်ဆေးကြည့်ချင်ရင် ကြည့်နိုင်တယ်။”

၆၈၄

အခန်း ၆၈၄ - ကျူဒီးကျိန်း

ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်သည် နတ်ဘုံ တွင် ဒုတိယတန်းစားဂိုဏ်းအဖြစ် သတ်မှတ်နိုင်သည်။

နတ်ဂိုဏ်း တစ်ခုလုံးကို ပစ္စည်း ပြုပြင်ခြင်း ဆရာကြီးများဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုကြသည်။

သို့သော်လည်း လက်တွေ့မှာ သူတို့သည် ထူးထူးခြားခြား ထင်ရှားသော နတ်ပစ္စည်း များကို မပြုပြင်နိုင်ခဲ့သောကြောင့် သူတို့၏ ဂုဏ်သတင်းက သိပ် မထင်ရှားခဲ့ပါ။

ယဲ့ယွီသည် သူ၏ အိပ်မက် ခရီးစဉ်အတွင်း ဒီ နတ်ဂိုဏ်းမှ နတ်ဘုရားများကို မြင်ခဲ့ဖူးသော်လည်း သူတို့သည် သာမန်များသာ ဖြစ်ကြသည်။

ထို့ကြောင့် သူ၏ မှတ်ဉာဏ်သည် သူတို့အကြောင်း

ထူးထူးခြားခြားမှတ်မိခြင်း မရှိခဲ့ပေ။

အခု ရှန်ဂွမ်ကျူးကျူး ဖော်ပြသည်ကို ကြားသောအခါ ယဲ့ယွီသည် ဒီ နတ်ဂိုဏ်း၏ တည်ရှိမှုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်သည် အကောင်းဆုံး ရွေးချယ်မှု မဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် သူသည် ပြဿနာကို ဖြေရှင်းရန် မည်သည့်အရာကိုမဆို စမ်းသပ်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ဆက်လက် နှောင့်နှေးခြင်း မရှိဘဲ။

ယဲ့ယွီသည် ချက်ချင်း ဝူဝေ့စေတီမှ ထွက်ခွာကာ ခရီးစတင်ခဲ့သည်။

သူ ထွက်ခွာပြီး နာရီဝက်အကြာတွင် ဘာဖြစ်ခဲ့လဲဆိုတာကို သူ မသိခဲ့ပေ။

ဝူဝေ့စေတီ အတွင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကျူဒီးကျိန်း၏ အခန်းသည် လုံးဝ ပျက်စီးသွားခဲ့သည်။

ကြီးမားသော ဆူညံသံကြောင့် အမျိုးသမီးများ အားလုံး ထိုနေရာတွင် စုဝေးလာခဲ့ကြပြီး မိစ္ဆာ နတ်ဘုရား‌ေတွ နတ်ပြည်ကိုကျူးကျော်တိုက်ခိုက်လာပြီလားဟုပင် ထင်ခဲ့ကြသည်။

ဒါပေမဲ့ ရောက်ရှိလာပြီးနောက် သူတို့သည် မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ကျူဒီးကျိန်းနဲ့ ဝေအာအိုရှု နှစ်ယောက်လုံး မီးခိုးတွေ ပေပွနေပြီး သူတို့၏ ဆံပင်များလည်း ရှုပ်ပွနေသည်။

သူတို့ တော်တော်လေး ရယ်စရာ ကောင်းနေသည်။

ပျက်စီးသွားသော အဆောက်အအုံမှလွဲ၍ သူတို့ နှစ်ယောက်တွင် ထင်ရှားသော ဒဏ်ရာ မရှိခဲ့ဘဲ ဆေးလုံး ၏ မွှေးရနံ့ အနည်းငယ် သူတို့ ပတ်ပတ်လည်မှာ ကျန်ရှိနေခဲ့သည်။

သူတို့ ထင်သည့်အတိုင်းမှန်ခဲ့လျှင် သူတို့ နှစ်ယောက်သည် ဆေးလုံးများ ပြုပြင်နေပုံရသည်။

လင်မြောက်ရွှယ်သည် လျင်မြန်စွာ ရှေ့သို့ တက်လာပြီး ကျူဒီးကျိန်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ သူမကို ခေါင်းမှ ခြေဖျားအထိ ဂရုတစိုက် စစ်ဆေးခဲ့သည်။

"အစ်မ၊ အဆင်ပြေရဲ့လား။"

"ငါ အဆင်ပြေတယ်! လုံးဝ အဆင်ပြေတယ်!"

ကျူဒီးကျိန်းသည် သူမ၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီးနောက် သူမ၏ မျက်နှာကို ပွတ်လိုက်သောအခါ သူမ၏ အလွန် လှပသော မျက်နှာလေး တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

သင်းဝမ်အမ်း ညင်သာစွာ ပြောသည်- "အစ်မ၊ ဆေးလုံးများ ပြုပြင်နေတာလား။ ကျွန်မ ကူညီဖို့ လိုသလား။"

ဒါက တကယ်ပဲ အလိုက်အထိုက်လျှောက်ပြောတဲ့ စကား မဟုတ်ပါဘူး။

သင်းဝမ်အမ်းသည် မိစ္ဆာဘုံမှ မင်းမျိုးမင်းနွယ် မိသားစုမှ လာခဲ့သူဖြစ်ပြီး ဆေးဝါး ဖော်စပ်ခြင်း အကြောင်း အနည်းငယ် သိထားသည်။

သူမကို ဆရာကြီးလို့ မခေါ်နိုင်ဘူး၊ အသင့်အတင့် ကျွမ်းကျင်သူသာ ဖြစ်သည်။

ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူမှာသေချာလုပ်ပေးလျှင် ဆေးလုံး ဖို ပေါက်ကွဲခြင်းက လုံးဝ မဖြစ်နိုင်ဘူး။

ဒါကြောင့် သူမသည် တကယ်ပဲ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကျူဒီးကျိန်းသည် ချက်ချင်း စိတ်လှုပ်ရှားလာခဲ့သည်။

"မလိုပါဘူး၊ တကယ် မလိုပါဘူး! ငါ ညီမလေး ဝေနဲ့ အပျော်‌ ဆေးလုံးဖော်စပ်တိုင်းကစားနေတာ အကူအညီ မလိုပါဘူး!"

ဝေအာအိုရှု၏ အမူအရာလည်း နည်းနည်း တင်းမာလာခဲ့သည်။

သူမသည် လျင်မြန်စွာ သူမ၏ လက်ကို ဝှေ့ယမ်းပြီး ပြောသည်- "ဟုတ်ပါတယ်၊ ပျော်ဖို့အတွက်ဆေး‌ေဖာ်စပ်ဆိုတဲ့စကားလည်းရှိတယ်လေ။ပျော်ဖို့အတွက် ဆေး‌ေဖာ်စပ်နေတာပါ!"

သင်းဝမ်အမ်းသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စိုးရိမ်တကြီး ပြောသည်- "အစ်မ၊ ဆေးလုံး ဖို ပေါက်ကွဲခြင်းက မသေးပါဘူး။ စွမ်းအား အရမ်း ကြီးရင် ထိခိုက်နိုင်တယ်၊ ကျွန်မ ဆက်ပြီး..."

သူမ စကား မဆုံးမီ။

ကျူဒီးကျိန်းနဲ့ ဝေအာအိုရှု နောက်တစ်ကြိမ် သူမ၏ ကြင်နာသော ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။

ပြီးတော့ သူတို့သည် တကယ်ပဲ ဘယ်သူ့ရဲ့အကူအညီမှ မလိုဘူးဆိုတာကို အကြိမ်ကြိမ် အလေးပေး ပြောခဲ့သည်။

ဒီ အတွေ့အကြုံဖြင့် နောက်တစ်ကြိမ် မတော်တဆမှု လုံးဝ မရှိနိုင်ဘူး။

ပတ်ဝန်းကျင်ရှိ အခြား အမျိုးသမီးများ မူလက သူတို့ကို တားဆီးချင်ခဲ့ကြသည်။

ဒါပေမဲ့ ကျူဒီးကျိန်းနဲ့ ဝေအာအိုရှု၏ သဘောထားက အလွန် ခိုင်မာသည်။

ဒီလိုမြင်တော့ လူတိုင်း ဘာမှ အများကြီး မပြောတော့ဘဲ လုံခြုံမှုအကြောင်း သတိပေး စကား အနည်းငယ် ပေးပြီးနောက် လှည့်ပြီး ထွက်ခွာသွားကြသည်။

သူတို့၏ နှလုံးသားထဲတွင် သူတို့သည် ကျူဒီးကျိန်း အရမ်း ခိုင်မာသော စိတ် ရှိတယ်လို့ အလိုလို စဉ်းစားခဲ့ကြသည်။

ဒါကြောင့် သူမသည် အကူအညီကို လက်မခံတာ ဖြစ်သည်။

သူတို့ သိပ် အများကြီး မစဉ်းစားခဲ့ကြပေ။

အမျိုးသမီးများ ထွက်ခွာသွားပြီးနောက် ကျူဒီးကျိန်းနဲ့ ဝေအာအိုရှု သက်ပြင်း ရှည်ကြီး မချဘဲ မနေနိုင်ခဲ့ကြဘူးဆိုတာကို သူတို့ မသိခဲ့ကြပေ။

သူတို့သည် မြေပြင်ပေါ်ရှိ ရှုပ်ထွေးပြန်ကြဲနေသောပစ္စည်းများ

ကို ပြန်ကြည့်လိုက်သည်။

အမျိုးသမီး နှစ်ဦးလုံး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင်၊ ဆေးလုံး ဖိုက ဘာလို့ ရုတ်တရက် ပေါက်ကွဲသွားရတာလဲ။"

"ငါလည်း မသိဘူး။ ဒါက ဆေးဝါး ဖော်စပ်ခြင်းကို ပထမဆုံးအကြိမ် လုပ်တာ၊ ဒါကြောင့် အတွေ့အကြုံ မရှိဘူး။ စာအုပ်ထဲမှာ ဒီလို လုပ်ရမယ်လို့ ပြောထားတာ။"

"ဒါဆို ကျွန်မတို့ ဘာဆက် လုပ်သင့်လဲ။"

"ဆက်လက် ပြုပြင်ရမှာပေါ့! အိမ် ပျက်စီးတာက ဘာမှ မကြီးဘူး။ ပြုပြင်ခြင်း အစီအရင် ရှိသရွေ့ နတ်ကျောက် အနည်းငယ် ထိုးသွင်းလိုက်တာနဲ့ မူလ အခြေအနေကို လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာလိမ့်မယ်။"

"ကျွန်မတို့ရဲ့ အရေးအကြီးဆုံး တာဝန်က အခု တိတ်ဆိတ်နေဖို့ပဲ ဖြစ်သင့်တယ်။ ကျွန်မတို့ ဟဲဟွမ်ဂိုဏ်း ဆေးလုံး များ ဖော်စပ် ပြုပြင်နေတယ်ဆိုတာကို ဘယ်သူမှ လုံးဝ မသိစေရဘူး။ အထူးသဖြင့် သင်းဝမ်အမ်းနဲ့ ရန်ကျင်းကျင်း၊ မဟုတ်ရင် သူတို့ မင်းယဲ့့ ကြီးမားသော အစီအစဉ်ကို ဖျက်ဆီးလိမ့်မယ်!"

ဒီ စကားကို ကြားသောအခါ ဝေအာအိုရှု၏ အမူအရာ အလွန် ရှုပ်ထွေးသွားသည်။

ကျူဒီးကျိန်း အရင်က သူမကို ပြောခဲ့သော ခမ်းနားသော စကားလုံးများကို အလကားလျှောက်ပေးနေသော ကတိများသာ ဖြစ်သည်ဟု သူမ ထင်ခဲ့သည်။

ဒါပေမဲ့ သူမ၏ ဂိုဏ်းခေါင်းဆောင်သည် ပြောသည်အတိုင်းဖြစ်အောင်လုပ်တတ်သော အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။

မနေ့ညက သူမကို ဆွဲခေါ်ပြီး ဆေးဝါး ဖော်စပ်ခြင်း အသိပညာကို ကိုယ်တိုင် စတင် သင်ယူစေခဲ့သည်။

နာရီအနည်းငယ်သာ ဖတ်ပြီးနောက်။

ဒီ မနက်မှာ သူမသည် လက်တွေ့ လုပ်ဆောင်မှုများကို ဘယ်လို စတင်ရမယ်ဆိုတာကို သိနှင့်နေပြီ။

တကယ်ကိုပဲ သူမသည် သူမ၏ ကတိစကားကို စောင့်ထိန်းသူ အမျိုးသမီးဖြစ်သည်။

သူမ ဆေးလုံးများ ထုတ်လုပ်မယ်လို့ ပြောရင် သူမ တကယ်ပဲ ဆေးလုံးများ ထုတ်လုပ်မှာ ဖြစ်သည်။

သို့သော်လည်း ဝေအာအိုရှု နားမလည်နိုင်တာက ကျူဒီးကျိန်းသည် ဝိညာဉ်တသောင်းခန်းမ ၏ ဂိုဏ်းခေါင်းဆောင် ဖြစ်နေတာ၊ ဒါဆို သူမသည် ဟဲဟွမ်ဂိုဏ်း၏ လျှို့ဝှက် ဆေးလုံး ဖော်မြူလာကို ဘယ်လို ရရှိနိုင်ရတာလဲ။

ဒီ မေးခွန်းကို ရင်ဆိုင်သောအခါ ကျူဒီးသည် သိပ် မရှင်းပြခဲ့ပေ။

သူမသည် သူမ 'မတော်တဆ တွေ့ရှိ' ခဲ့တယ်လို့ ပေါ့ပေါ့ပါးပါး ပြောပြီး စကားလွဲလိုက်သည်။

ဒါက ဝေအာအိုရှု၏ နှလုံးသားကို ဆက်လက် လှုပ်ခတ်နေစေခဲ့သည်။

တစ်ဖက်မှာ သူမသည် ဒီ လျှို့ဝှက် ဆေးလုံး အလုပ် ဖြစ်မလား မစိုးရိမ်နေသည်။

နောက်တစ်ဖက်မှာ သူမသည် ဆေးလုံးများ အသုံးပြုခြင်းက နည်းနည်း များလွန်းမလားလို့ စဉ်းစားနေသည်။

ဂျူနီယာ ယဲ့မှာ ဒီလို ရည်ရွယ်ချက် လုံးဝ မရှိရင် ဘယ်လိုလုပ်မလဲ။

သူတို့သည် ပိုင်ဆိုင်ခဲ့ခြင်းအတွက်သာ ဂရုစိုက်ကြမလား။

ဒီ မေးခွန်း အမျိုးမျိုးက ဝေအာအိုရှု၏ နှလုံးသားထဲမှာ ကျန်ရှိနေခဲ့သည်။

ဒါပေမဲ့ ကျူဒီးကျိန်း၏ ဆုံးဖြတ်ချက် မျက်နှာကို ကြည့်ပြီး ဝေအာအိုရှုသည် ဒီ အချိန်မှာ သူမကို ဆန့်ကျင်ဘက်စကား တွေပြောတာ မရှိခဲ့ပေ။

ခဏတာ သူမကို လွှတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

အမျိုးသမီး နှစ်ဦး အနည်းငယ် သန့်ရှင်းရေး လုပ်ပြီးနောက်။

သူတို့သည် သူတို့၏ လျှို့ဝှက် ဆေးလုံး ပြုပြင်ခြင်း လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

...

နာရီအနည်းငယ် ကြာပြီးနောက်။

ယဲ့ယွီသည် ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်သို့ ရောက်ရှိခဲ့သည်။

သူ၏ မှတ်ဉာဏ်ထဲက မြင်ကွင်းနှင့်မတူဘဲ ထိုနန်းဆောင်သည် ကြီးမားသော တိုက်ပွဲကို ကြုံတွေ့ခဲ့ရပုံရသည်။

နတ်ဂိုဏ်း မော်ကွန်းကျောက်စာ ပျက်စီးခဲ့ရုံသာမက ပတ်ပတ်လည်မှာလည်း ခြောက်သွေ့သော သွေးများစွာ ရှိသည်။

ဒီလိုမြင်တော့ ယဲ့ယွီ၏ အမူအရာ တည်ကြည်သွားခဲ့သည်။

ဒီ နေရာကို သုံးလောင်းခန်းမ က နတ်ဆိုးတွေက ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ကာ'သန့်ရှင်းရေး' လုပ်ပြီးပြီလား။

နတ်ဘုံ ဗဟိုဒေသက အခြေခံအားဖြင့် ပရမ်းပတာ ဖြစ်နေပြီလို့ ပြောရမယ်။

ထိုက်ယန် တာအိုဂိုဏ်းသည် သုံးလောင်းခန်းမကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ရှင်းလင်းပစ်မယ်လို့ ပြောခဲ့သည်။

ရလဒ်က ပြင်းထန်ပြီး မဆုံးဖြတ်နိုင်သော တိုက်ပွဲဖြစ်ခဲ့ပြီး မိစ္ဆာ နတ်ဘုရားများကြောင့် ပျက်စီးခဲ့သော နတ်ဂိုဏ်းများစွာကိုလည်း ပါဝင်ခဲ့သည်။

နတ်ဘုံကို ရှုပ်ထွေးစေခဲ့သည်။

ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်၏ နတ်ဘုရားများလည်း အားလုံး သေဆုံးခဲ့ကြပြီဆိုရင် ယဲ့ယွီ၏ နယ်နိမိတ် ပိုင်းခြား ပုလဲကို ပြုပြင်ခြင်း ကိစ္စသည် နောက်တစ်ကြိမ် ရွှေ့ဆိုင်းရလိမ့်မည်။

အချည်းနှီး သွားရတာကို ရှောင်ရှားရန်။

ယဲ့ယွီသည် မျှော်လင့်ချက် အနည်းငယ်ဖြင့် အတွင်းသို့ ဝင်ရောက်ပြီး ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်မှ ကျန်ရှိသော နတ်ဘုရားများ ရှိမရှိကို စစ်ဆေးရန် ပြင်ဆင်ခဲ့သည်။

ဒါပေမဲ့ သူ ပိုပြီး နက်ရှိုင်းစွာ ဝင်လေလေ။

ဖြစ်နိုင်ခြေက ပိုပြီး သေးငယ်လာလေလေ ဖြစ်သည်။

ယဲ့ယွီ၏ အမြင်မှာ ဖန်တီးခြင်း နတ်ဘုရား နန်းဆောင်၏ ပျက်စီးမှု အတိုင်းအတာသည် ရှေးဟောင်းနတ်ဂိုဏ်း အပျက်စီးမြေ အချို့ထက်တောင် ကျော်လွန်ကာ ဆိုးဆိုးရွားရွားပျက်စီးနေပြီ။

အဆောက်အအုံ ကောင်းကောင်း တစ်ဝက်ပင် မကျန်ရှိခဲ့ပေ။

ဒါက တကယ်ပဲ ဝမ်းနည်းစရာ မြင်ကွင်းဖြစ်သည်!

ဒီလို အခြေအနေမှာ ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ ရှိဖို့ မဖြစ်နိုင်တော့ဘူး။

ယဲ့ယွီသည် ခေါင်းကို အနည်းငယ် ခါလိုက်ပြီး သူ ထွက်ခွာတော့မယ့် အချိန်မှာ။

သူသည် ရုတ်တရက် စိမ်းပြာရောင် အရိပ် မှေးမှိန်သောတစ်စုံတစ်ခုကို တွေ့လိုက်ရသည်။

ယဲ့ယွီ၏ ပုံရိပ် လက်ကနဲဖြစ်သွားကာ

သူသည် အပျက်အစီး ပုံထဲသို့ နေရာရွှေ့ပြောင်း ရောက်ရှိကာ လက်ကို ဆန့်ပြီး တော်တော်လေးဝကစ်နေသော အစိမ်းရောင် နွားတစ်ကောင်ကို ဆွဲထုတ်လိုက်သည်။

၎င်း၏ ကျောပေါ်မှာ အတောင်ပံများ ရှိပြီး ချစ်စရာ ကောင်းနေသည်။

ဒါက ဖန်ရှင်း၏ အိမ်မွေးတိရစ္ဆာန် ရှောင်မန် မဟုတ်ဘူးလား။

(ဘာသာပြန်သူမှတ်ချက် ။ ဖန်ရှင်းသည်

ယဲ့ယွီထံမှ ကိုယ်ကျပ်ဝတ်ရုံကိုလိုချင်ခဲ့သူဖြစ်ပြီး သူ၏နတ်သားရဲနွားကလေးမှာ

ပစ္စည်းတခုခုကိုစားလိုက်တာနဲ့ပစ္စည်းပိုင်ရှင်၏နေရာကိုရှာဖွေပေးနိုင်သောနွားကလေးဖြစ်သည်)

ဒါက ဒီမှာ ရှိနေတယ်ဆိုတော့ ဖန်ရှင်း ဘယ်မှာလဲ။

ယဲ့ယွီ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း နတ်ဘုရားများကို မတွေ့ခဲ့ရပေ။

ဒါကြောင့် သူ ညင်သာစွာ မေးသည်- "ရှောင် မန်၊ မင်းယဲ့့ သခင်မ ဘယ်မှာလဲ။"

ဒီ အချိန်မှာ ရှောင် မန်သည် ယဲ့ယွီကို မှတ်မိသွားပုံရပြီး သူမ၏ အတောင်ပံ ခတ်နှုန်းလည်း အနည်းငယ် မြန်လာခဲ့သည်။

ပြီးတော့ သူမသည် နွား ခွာကို မြှောက်ပြီး ကောင်းကင်သို့ ညွှန်ပြခဲ့သည်။

၆၈၅ ဆက်ရန်

အခန်း ၆၈၅ - မျှော်လင့်ထားသည့်အတိုင်း နတ်သမီးတွေက မယုံရဘူး

ရှောင်မန်၏ လုပ်ဆောင်ချက်ကို မြင်သောအခါ ယဲ့ယွီသည် အလိုလို မော့ကြည့်လိုက်သည်။

တစ်ချိန်က ရောင်စုံသော ကောင်းကင်သည် အနည်းငယ် မှောင်မိုက်နေခဲ့သည်။

မကြာမီ ဝေးလံသော အရပ်မှ နတ်ဘုရား စွမ်းအင် လှိုင်းလုံးများ လာသည်ကို ခံစားရသော်လည်း ၎င်းတို့သည် အလွန် အားနည်းပြီး တော်တော်လေး ဝေးနေသည်။

ပြည့်စုံသော နတ်ဘုရားရတနာ ရှာဖွေသည့် နွား အနေဖြင့် ရှောင်မန်က သူ့ သခင်မ ပန်ရှာ အပေါ်မှာ ရှိတယ်လို့ ပြောရင် သူ့သခင်မက အပေါ်မှာ ရှိရမှာပဲ။

ပန်ရှာက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်နေတာလား။

စိတ်ဝင်စားစရာ!

ရိုးရိုးသားသားပြောရရင် ပန်ရှာသည် သုံးလောင်းနန်းတော် မှ နတ်ဘုရား ဖြစ်သော်လည်း သူမ၌ မိစ္ဆာနတ်ဘုရား စွမ်းအင် သို့မဟုတ် မကောင်းဆိုးဝါး စွမ်းအင် နည်းနည်းမှ မရှိခဲ့ပေ။

သူမ၏ အကူအညီ မပါဘဲ ယဲ့ယွီသည် လင်မြောက်ရွှယ်နဲ့ ကျူဒီးကျိန်းကို ဒီလောက် မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ခဲ့ပေ။

တကယ်ပဲ ပြန်ပြီးစဉ်းစားလိုက်ရင် ငါ သူမကို ကျေးဇူး ဆပ်ဖို့ ရှိသေးတယ်။

ယဲ့ယွီက သူမရဲ့ရန်သူ နတ်ဘုရားတစ်ဦးကို သတ်ဖို့ ကူညီမယ်လို့ ပြောခဲ့ကြပေမဲ့ သူတို့ အဲဒီအကြောင်းကိုထပ်ပြီး မပြောခဲ့ကြသေးဘူး။

ပန်ရှာသည် လောလောဆယ် ဒုက္ခရောက်နေသောကြောင့် ယဲ့ယွီသည် သဘာဝအတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ပေ။

အပြန်အလှန် ကူညီခြင်း မူကို အခြေခံပြီး။

ယဲ့ယွီသည် လက်တစ်ဖက်ဖြင့် အစိမ်းရောင် နွား သေးသေးလေးကို ကောက်ယူပြီး သူ့ ခြေချောင်းများဖြင့် တိမ်သား မြေပြင်ကို ပေါ့ပေါ့ပါးပါး ထိလိုက်ကာ အလွန် လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားခဲ့သည်။

ပေ ၁၀၀ လောက်သာ မိုးပေါ်သို့ပျံတက်လိုက်စဉ်

ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ ဒါက အရိပ်မျှသာ ဖြစ်သော်လည်း ယဲ့ယွီသည် ဒါက ပန်ရှာဖြစ်တယ်ဆိုတာကို တစ်ချက် ကြည့်ရုံနဲ့ မှတ်မိနိုင်သည်။

သူ စကား မပြောမီ...

ငါ့ လက်ထဲရှိ ချစ်စရာ ကောင်းသော ရှောင်မန်က ပထမဆုံး အသံ ပြုလိုက်သည်။

"မူး!"

ထို့နောက် ရှောင်မန်က ယဲ့ယွီ၏ လက်ထဲမှာဂုဏ်ထွက်သွားပြီး သူမ၏ အတောင်ပံများကို ခတ်ကာ သူ့ သခင်မဆီသို့ အလျင်အမြန် ပြေးသွားသည်။

ဒါပေမဲ့ ပန်ရှာသည် အရမ်း မြန်သည်။ သူမသည် တစ်ချက် နေရာရွှေ့ပြောင်းရုံဖြင့် ယဲ့ယွီ၏ ဘေးသို့ ရောက်ရှိလာပြီး နွားကလေးကို မကြည့်ဘဲ ယဲ့ယွီလည်ပင်းကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ကာ ရှေ့သို့ အလျင်အမြန် ပြေးသွားသည်။

မျက်တောင် တစ်ခတ်အတွင်း သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်မန်သည် လုံးဝ တွေဝေကျန်ရစ်ခဲ့သည်။

ငါ ဘယ်သူလဲ။

ငါ ဘယ်မှာလဲ။

ငါသည် ငါ့ သခင်မ၏ အချစ်ဆုံး သားသမီး မဟုတ်တော့ဘူးလား။

မျှော်လင့်ထားသည့်အတိုင်း နတ်သမီးတွေက မယုံရဘူး၊ သူတို့ ယောက်ျား တစ်ယောက်ကို ရတာနဲ့ သူတို့၏ ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန်ကိုတောင် မလိုချင်တော့ဘူး!

"မူး! မူး မူး! မူး မူး မူး!"

ဒါက နွား ဘာသာစကားသာ ဖြစ်သော်လည်း ရှောင်မန်၏ မျက်နှာက သူမ၏ မကျေနပ်မှုကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

ဒါက သူတို့ ကျိန်ဆဲနေတာ ဖြစ်နိုင်ခြေ အရမ်း များပါတယ်။

ဒါပေမဲ့ စော်ကားခြင်းက စကားလုံး အနည်းငယ်သာ ပြောပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူတို့

နောက်မှ သွေးနီရောင် စွမ်းအင် သိပ်သည်းစွာ လျင်မြန်စွာ ချဉ်းကပ်လာတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

ရှောင်မန်၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူမသည် ပန်ရှာနဲ့ ယဲ့ယွီ ပျောက်ကွယ်သွားသည့် ဦးတည်ချက်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ယိမ်းထိုးနေခဲ့သော နွား အမြီးသည် အခု တင်ပါးမှာတင်းတင်း ကပ်ကာနေသည်။

သေချာ ကြည့်ရင် ချစ်စရာ ကောင်းသော နွား မျက်လုံးများထဲက မျက်ရည်များ တောက်ပနေတာကိုတောင် မြင်နိုင်သည်။

အခြား တစ်ဖက်မှာ။

အချိန်တို အတွင်းမှာ ပန်ရှာသည် ယဲ့ယွီကို မိုင် ထောင်ပေါင်းများစွာ သူမ၏ အိထွေးသောကိုယ်လုံးလေးနှင့်ပူးကပ်သည်အထိ ဖက်ကာ သယ်ဆောင်သွားခဲ့ပြီးပြီ။

ဒါပေမဲ့ သူတို့ လုံးဝ အရှိန်မ လျှော့ခဲ့ကြပေ။

ပန်ရှင်းက အရှိန်အပြည့်နဲ့ ဆက်လက် ရွေ့လျားနေသော်လည်း သူ့ လက်များက ယဲ့ယွီကိုယ်ပေါ်မှာ ပွတ်သပ်ရင်း ရည်ရွယ်ချက် မဲ့စွာ ဟိုကိုင်ဒီကိုင်ပြုလုပ်လာခဲ့သည်။

"ရှောင်မန်၊ မင်းရဲ့ နွား ဆံပင် ဘယ်တုန်းက ဒီလောက် ရှည်လာတာလဲ။ ပြီးတော့ မင်းရဲ့ နွား ချိုတွေက ဘယ်မှာလဲ။"

"ရှောင်မန်ရဲ့ ချိုတွေက သူ့ ခေါင်းပေါ်မှာ ရှိမှာပေါ့! ငါ့ချိုကိုလာကိုင်မနေနဲ့"

နက်ရှိုင်းသော ယောက်ျား အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဒါက ပန်ရှာကို အလန့်တကြား ဖြစ်စေခဲ့ပြီး သူမ၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့သည်။

အောက်ကို ကြည့်လိုက်သောအခါ သူ ဖက်ထားသူက ရှောင်မန် မဟုတ်ဘဲ သူ အချိန်ကြာမြင့်စွာ မတွေ့ခဲ့သော ယဲ့ယွီ ဖြစ်နေတာကို တွေ့လိုက်ရသည်။

ဒါက ချက်ချင်း ပန်ရှာကို လန့်သွားစေခဲ့သည်။

မင်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။

ယဲ့ယွီသည် သူမမေးတာကိုပြန် မဖြေဘဲ ထိုအစား နတ်ဘုရား စွမ်းအင် နှစ်ရှိုက်ကို လောဘကြီးစွာ ရှူသွင်းလိုက်သည်။

ဖူး၊ နောက်ဆုံးတော့ လွတ်မြောက်ပြီ။

ပန်ရှာသည် ဒီလောက်အ ဖက်ကြမ်းလိမ့်မယ်လို့ ငါ ဘယ်တော့မှ မမျှော်လင့်ခဲ့ဘူး၊ သူမ ငါ့ကို လည်ပင်းညှစ်သတ်တော့မယ့်အတိုင်းဘဲ။

အခွင့်အရေးကို ယူပြီး ယဲ့ယွီသည် သူ့ ဆံပင်ပုံစံကိုလည်း အနည်းငယ် သပ်သပ်ရပ်ရပ် လုပ်လိုက်သည်။

“ဒီ ယုတ်မာတဲ့ ပန်ရှာ! ခုနက ငါ့ကို အရမ်း ပွတ်ခဲ့တယ်၊ တော်တော်လက်ရဲဇက်ရဲနိုင်တဲ့မိန်းမ”

သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးနောက် ယဲ့ယွီသည် နောက်ဆုံးတော့ သူမကို ခုနက ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့သည်။

ပြီးတော့ သူ အလွန် သိချင်စိတ်ဖြင့် မေးသည်- "မင်းက တကယ်ပဲ ထူးခြားတယ်၊ ခေါင်းတောင် မလှည့်ဘဲ ငါ့ကို ဆွဲပြီး ပြေးသွားတယ်၊ ဒါက နည်းနည်း လွန်မနေဘူးလား!"

ရှောင်မန်က မင်းရဲ့ ဘယ်ဘက်မှာ ရှိပြီး ငါက မင်းရဲ့ ညာဘက်မှာ ရှိတယ်ဆိုတာ မင်း သိလား။ မင်း ဦးတည်ချက်တွေ မှားနေပြီ!

ပန်ရှာသည် ချက်ချင်း ရှက်ရွံ့သွားပြီး ယဲ့ယွီကို အကြိမ်ကြိမ် တောင်းပန်ခဲ့သည်။

သူမသည် ဒီ ဖြစ်ရပ်က အရမ်း ရုတ်တရက် ဖြစ်ခဲ့ပြီး အစွမ်းထက်သော ရန်သူ တိုက်ခိုက်လာသောကြောင့် သူမသည် အလွန် သတိ ကြီးနေရတာကို ရှင်းပြခဲ့သည်။သူမ၏ အစီအစဉ်က အခြေအနေကို အခွင့်ကောင်းယူပြီး ရှောင်မန်နဲ့အတူ ထွက်ပြေးဖို့ ဖြစ်သည်။

သူတို့ မြေပြင်ပေါ် မဆင်းမီကပင် သူတို့သည် ရှောင်မန်၏ ထူးခြားသော ခေါ်သံကို ကြားခဲ့ရသည်။

ထိုနေရာတွင်ရှောင်မန် တကောင်သာရှိနေတယ်လို့ ယူဆပြီး သိပ် အများကြီး မစဉ်းစားခဲ့ပေ။

ဒီ နားလည်မှု လွဲမှားမှုအတွက် အရမ်း စိတ်မကောင်းပါဘူး!

ပန်ရှာသည် နှုတ်ဆက်ရင်း အနည်းငယ် ဦးညွှတ်လိုက်သည်။

ဒါပေမဲ့ ငါ တကယ်ပဲ ရှက်နေခဲ့တယ်။ ခုနက ထိတွေ့မှု၏ ခံစားမှုက နည်းနည်း ထူးဆန်းနေတာ အံ့သြစရာ မဟုတ်ပါဘူး။

ဒါက ယဲ့ယွီ ဖြစ်နေတာကိုး။

"ဘန်း!"

တိုးညှင်းသော အသံ ကြားလိုက်ရသည်။

ပန်ရှာသည် အရှိန်ဖြင့် လာသော အရာတစ်ခုဖြင့် ထိမှန်ခဲ့ပြီး နောက်သို့အနည်းငယ်လွင့်ထွက်သွားခဲ့သည်။

ဒါပေမဲ့ သူ ဒေါသ မထွက်ခဲ့ပေ။

အစားထိုးအနေနဲ့ သူမသည် စိတ်လှုပ်ရှားစွာ အော်သည်- "ဒီ တစ်ကြိမ် ခံစားမှုက မှန်တယ်!"

"မူး! မူး မူး!"

ဟုတ်တယ်၊ သူတို့ဆီသို့ အလျင်အမြန် ပြေးလာသော အရာက ရှောင်မန် ဖြစ်သည်။

ထိုနွားကလေးသည် ပန်ရှာကို အပစ်ပယ်ခံရခြင်း၏ မကျေမနပ်ဖြစ်မှုကို ထုတ်ဖော်သကဲ့သို့ ချိုဖြင့်ဝှေ့ကာ ရိုင်းစိုင်းစွာ အော်ဟစ်နေခဲ့သည်။

နတ်သားရဲ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံးသွားပြီး နောက်တစ်ကြိမ် ပြန်လည် တွေ့ရှိပိုင်ဆိုင်ခဲ့ရသော

ပန်ရှာသည် သဘာဝအတိုင်း အရမ်း ပျော်နေသော်လည်း သူမ၏ မျက်နှာပေါ်တွင် အပြုံး မရှိခဲ့ပေ။

ဘာလို့လဲဆိုတော့ သူမသည် ဝေးလံသော ကောင်းကင်မှာ သွေးနီရောင် အရောင် ပေါ်လာတာကို မြင်ခဲ့လို့ပဲ။

"နတ်ဘုရား အဖော် ပန်ရှာလေးရေ၊ မင်းကို ငါ ဒီလောက်ကြာကြာ ရှာနေခဲ့တာ!"

မကြာမီ ယောက်ျား နတ်ဘုရားတစ်ဦး ကောင်းကင်မှာ ပေါ်လာခဲ့ပြီး အနက်ရောင် မင်္ဂလာ တိမ်တိုက် ပေါ်မှာ ရပ်နေကာ ယဲ့ယွီနဲ့ ပန်ရှာကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေသည်။

ဒီ လူက သုံးလောင်းနန်းတော်၏ ပန်းချွေမုဆိုး နတ်ဘုရား တုဂွမ်ရှိုးပဲ ဖြစ်သည်။

သူသည် ပန်ရှာကို ကြာမြင့်စွာကတည်းက လိုချင်ခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ ပန်ရှာက သူ့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။

ဒါက တုဂွမ်ရှိုးကို အရမ်း မကျေမနပ်ဖြစ်စေခဲ့သောကြောင့် သူသည် အတင်းအကြပ် ခူးသော ဖရဲသီးက ချိုလား မချိုလား စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူတို့ နှစ်ယောက် ခုနက တိုက်ခိုက်နေခဲ့ကြသည်။

သို့သော်လည်း ပန်ရှာသည် တုဂွမ်ရှိုးနဲ့ ယှဉ်လို့ မရခဲ့သောကြောင့် သူမသည် တိုက်ပွဲအတွင်း မတော်တဆ ထိမှန်မှာကို စိုးရိမ်ပြီး ရှောင်မန်ကို ကြိုတင် ဘေးဖယ်ထားခဲ့သည်။

ထိုကြောင့်ယခုကဲ့သို့သောအဖြစ်အပျက်များကိုဖြစ်ပေါ်စေခဲ့ခြင်ဖြစ်းသည်။ယဲ့ယွီသည် ပန်ရှာကို ကြည့်ပြီး ရှုပ်ထွေးစွာ မေးသည်- "ဒါ ဘယ်သူလဲ။"

"ဒါကို ငါ အရင် မမေးသင့်ဘူးလား။ ပန်ရှာ၊ ဒီ လူက အတိအကျ ဘယ်သူလဲ။"

မင်း ငါ့ကို ငြင်းပယ်တာက သူ့ကြောင့်လား။

ဒီလိုဆိုရင် ငါ ခဏအတွင်း သူ့ ခြေထောက်တွေကို ချိုးပစ်မယ်၊ ပြီးတော့ မင်းရဲ့လှပတဲ့ခန္ဓာကိုယ်‌ေလးကို ၇ရက်ခုနစ်လီမနားတမ်း အဝစားသုံးရင်း ငါတို့ အတူတူ မီးကုန်ရမ်းကုန်ပျော်ပါးကြမယ့် ချစ်ရေလူးပွဲကြီးကိုဒီကောင့်ကိုထိုင်ကြည့်ခိုင်းမယ်။ အံ့သြဖွယ် အချိန်တွေကို သက်သေ ခံစေမယ်။”

တုဂွမ်ရှိုး၏ အပြုံးက နည်းနည်း ပုံပျက်နေသည်။

ဒါက အလွန် ကြောက်စရာ ကောင်းနေပုံရသည်။

ပန်ရှာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ စိတ်ထဲမှာ ပြောသည်- "ရှင် အဲဒီ အချိန်က ငါ့ကို ပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား။ တစ်စုံတစ်ယောက်ကို ဖယ်ရှားဖို့ ကူညီမယ်ဆိုတဲ့ ကတိ။ အခု ကျမရှင့်ကို ပြောချင်တာက အဲဒီ သတ်ပေးရမယ့်လူက ဒီကောင်ပဲ"

ရှင်သူကိုကြိုက်တဲ့အချိန်မှာသတ်လို့ရတယ်။အခုသတ်နိုင်ရင်တော့အ

ကောင်းဆုံးဘဲ။ရှင်သူကိုမနိုင်သေးဘူးလို့ထင်ရင်လည်းပဲ ကျမတို့ပြေးကြစို့။ မနိုင်သေးလို့ပြေးတာကရှက်စရာမဟုတ်ပါဘူး။"

ဒီ စကားလုံးများ ကြားလိုက်ရသောအခါ ယဲ့ယွီ၏ အမူအရာ ချက်ချင်း ထူးဆန်းသွားခဲ့သည်။

အမျိုးသမီး၊ မင်း မီးနဲ့ ကစားနေတာ!

ယောက်ျားတွေ အရှောင်သင့်ဆုံး စကားလုံး နှစ်လုံးက "မတတ်နိုင်ဘူး" ဆိုတာကို မင်း သိလား။

သူက နတ်ဘုရား ရွှေ ဘုံ နှောင်းပိုင်း အဆင့် မျှသာ ဖြစ်သည်။

ဘာ အခက်အခဲတွေ ရှိနေလို့လဲ။

ယဲ့ယွီသည် လက်တစ်ဖက်ဖြင့် နတ်ဘုရား ထိန်းချုပ် စိတ် နည်းစနစ် တံဆိပ်ကို ဖွဲ့စည်းလိုက်သည်။

တုဂွမ်ရှိုးသည် သူတို့ တိုက်ခိုက်တော့မယ်လို့ ထင်ပြီး အလိုလို ကာကွယ်ရေး အနေအထားကို ယူလိုက်သည်။

ဒါပေမဲ့ အဲဒီ အချိန်မှာ နောက်ကျနေခဲ့ပြီ။

တုဂွမ်ရှိုး၏ တစ်ချိန်က ကြည်လင်သော မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် သူ ရှေ့သို့ တက်လာပြီး ဒူးတစ်ဖက် ထောက်ကာ နက်ရှိုင်းသော အသံဖြင့် ပြောသည်- "သခင်၊ ဂါရဝ ပြုပါတယ်!"

"ဖြန်း!"

ယဲ့ယွီ သူ့လက်ကို မြှောက်ပြီး တုဂွမ်ရှိုးကို ရိုက်လိုက်သော်လည်း နောက်ဆုံးမှာ လုံးဝ မတုံ့ပြန်ခဲ့ပေ။

"နတ်သမီးကလေးပန်ရှင်းရေ ငါ မင်းကို လက်စားချေဖို့ အခွင့်အရေး ပေးနေတယ်။ မင်း သူ့ကို ကိုယ်တိုင် သတ်ဖို့ ရွေးချယ်နိုင်တယ်၊ ဒါမှမဟုတ် ငါ့ကို ကူညီဖို့ ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ ငါ "လှည့်ပြီး ပြေးသွားတယ်" ဆိုတဲ့ စကားလုံးတွေကို ကြားရတာ မကြိုက်ဘူး။”

၆၈၆

All Chapters