← Chapters

လိပ်ကြီး ဆော်ပြီ

Vol. 30 Ch. 391

လိပ်ကြီး ဆော်ပြီ

Vol. 30 Ch. 391

ကပ္ပတိန်ရမ်ဇိကွမ်းဆီကနေ လျူယောင် ဖုန်း လက်ခံရရှိခဲ့သည်။အမှန်ပါပဲ ဟိုမှာ ဖြစ်နေ တဲ့ အခြေအနေကို သူ သိပေသည်။ ပိုတောင် ရှင်းရှင်းလင်းမြင်နေရပြီး တတိယအမြင်ဖြင့် ပင်လယ်ပြင်ပေါ်က အခြေအနေကို သူ စော င့်ကြည့်နေခဲ့သည်။

"အရမ်းကြီး မကြောက်နဲ့ ဒီလူတွေ မင်းတို့ ကို ဘာမှလုပ်လို့မရပါဘူး..."

သူ့စကားတွေထဲမှာ ယုံကြည်မှု့ အပြည့် ရှိနေသည်။

လျူယောင်ရဲ့ ယုံကြည်မှု့ကို ခံစားမိတဲ့အခါ ကပ္ပတိန်ရမ်ဇီကွမ်း ထိတ်လန့်နေတာက အ များကြီး ငြိမ်သက်သွားသည်။

"ကပ္ပတိန် ဒီလူတွေ ကျွန်တော်တို့ကို အော် နေတယ်..."

သင်္ဘောသားတစ်ဦးက စိတ်ပူပန်စွာ ပြေး လာပြီး ပြောလိုက်၏။ သူ အရမ်း ထိတ် လန့်နေသည်။

ကပ္ပတိန် ရန်ဇီကွမ်း နှစ်သိမ့်ပေးလိုက်သည်။

"မင်းတို့ မကြောက်နဲ့ ဒီလူတွေကိုလည်း ဂရု စိုက် မနေနဲ့"

စစ်သင်္ဘောနှစ်စင်းပေါ်ကနေ အော်ဟစ် နေ ၏။ ယန်ဘာသာစကားနဲ့ ဖြစ်ပြီး ဘလူးဝေး လ်နဲ့ ရှီးဝမ်တို့ကို ချက်ချင်း ရပ်တန့်ရန်နှင့် စစ်ဆေးမှု့ လက်ခံရန် အမိန့်ပေးနေသည်။ မဟုတ်ရင် သူတို့ နောက်ထပ် အရေးယူ ဆောင်ရွက်မှု့တွေ လုပ်မယ်လို့ ဆိုလို၏။

" xxx အရမ်းစိတ်တိုဖို့ကောင်းတယ် ဒါက နိုင်ငံတကာ ရေလမ်းကြောင်းကို... "

"အင့်အားအပြည့်သုံးပြီး သူတို့ကို ဝင်တိုက် ကြမယ် ငါးတွေ သေရင် ပိုက်ကကျိုးသွား လိမ့်မယ် လုပ်ကြစို့ ..."

...

လူတိုင်း အစက ထိတ်လန့်ခဲ့ပေမယ့် အခု တော့ ပိုပြီး ဒေါသထွက်လာကြသည်။ သူ တို့ကို အနိုင်ကျင့်ခံရတယ်လို့ ခံစားရပြီး တစ်ဦးချင်းစီရဲ့ ရင်ထဲမှာ မခံချင်စိတ်တွေ ဖြစ်နေကြသည်။

"ကပ္ပတိန် ဒီလူတွေကို တစ်ခုခု လုပ်ကြ ရအောင်..."

"ဟုတ်တယ် သူတို့ကို ဝင်တိုက်ကြစို့ ကျွန် တော်တို့ မတိုက်နိုင်ဘူးဆိုတာ မယုံဘူး.."

လူတိုင်းရဲ့ ဒေါသကို ရင်ဆိုင်ရတဲ့အခါ က ပ္ပတိန်ရမ်ဇီကွမ်း နှစ်သိမ့်ပေးလိုက်သည်။

"အင့်အားအပြည့်နဲ့ ဝင်တိုက်တာက ငါတို့ရဲ့ ဒေါသကို ပြေစေပေမယ့် ငါတို့ရဲ့ သင်္ဘော လည်း ပျက်စီးနိုင်တယ် ဒါကို နောက်ဆုံး အခြေအနေမဟုတ်ရင် ငါ မလုပ်နိုင်ဘူး..."

"ကပ္ပတိန် ဒါဆို ကျွန်တော်တို့ ဘာလုပ် သင့် လဲ သူတို့ ခဏနေ အရေးယူတော့မှာနော်..."

ကပ္ပတိန်ရမ်ဇီကွမ်းက သတိပေးလိုက်၏။

"အံ့ဖွယ်တစ်ခု ဖြစ်လာနိုင်တယ်အားလုံး လွန် ခဲ့တဲ့ ရက်အနည်းငယ်က ဘာဖြစ်ခဲ့လဲဆိုတာ မမေ့ကြနဲ့ သံနက် ကုမ္ပဏီရဲ့ သင်္ဘော နစ် မြုပ်သွားတာ မမြင်ဘူးလား..."

"ဘာ..."

ထို့နောက် အချို့လူများရဲ့ စိတ်ထဲတွင် မျှော် လင့်ချက် ရှိလာကြသည်။အရင်က စစ်သင်္ဘောနှစ် စင်းလို တကယ်ပဲ နားမလည် နိုင်အောင် ပင်လယ်အောက်ကို နစ်မြုပ်သွား ရင် ဘယ် လောက်တောင် ကောင်းလိုက် သနည်း။

အထူးသဖြင့် အချို့ ဝါရင့်သင်္ဘောသား ဟောင်းများအတွက် သူတို့၏ စိတ်နှလုံးထဲမှ မျှော်လင့်ချက်က ပိုမိုအားကောင်းလာသည်။ သင်္ဘောနစ်မြုပ်တာမျိုးကို သူတို့ ပထမဆုံး အကြိမ်မြင်ဘူးတာ မဟုတ်ပေ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သံနက် ကုမ္ပ ဏီရဲ့ သင်္ဘောက ပင်လယ်အောက်ကို နစ် မြုပ်ခဲ့တာ ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်မလား.."

"ဒီစစ်သင်္ဘောနှစ်စင်းလိုမျိုး အမှားမျိုး ထပ် ဖြစ် လာမလား..."

"ဘုရားသခင် ကောင်းချီးပေးတော်မူပါ.. ဒီစစ်သင်္ဘောနှစ်စင်း ပင်လယ်အောက်ကို နစ်မြုပ်ပါစေ.."

သင်္ဘောသားများက တစ်ယောက် တစ် ပေါက် အော် ပြောနေကြသည်။

ကပ္ပတိန်ရမ်ဇီကွမ်း ကျယ်လောင်စွာနဲ့ ညွှန် ကြားလိုက်၏။

"မင်းတို့ မကြောက်ကြနဲ့ ငါတို့ လုပ်ရမှာက ဒီလူတွေကို လျစ်လျူရှုပြီး အရှိန်အပြည့်နဲ့ ထွက်သွားဖို့ပဲ"

E နိုင်ငံ၏ စစ်သင်္ဘောများ၏ အော်ဟစ်မှု့ကို ရင်ဆိုင်ရင်း ဘလူးဝေးလ်နှင့် ရှီးဝမ် နှစ်စီး လုံး က အရှိန်အပြည့်ဖြင့် ရွက်လွှင့်လာကြ သည်။

ရေအောက်မှာတော့...

လိပ်ကြီးက သင်္ဘောနှစ်စင်းနောက်ကို လို က်ပါလာနေပြီး စစ်သင်္ဘောနှစ်စင်းနဲ့ ရေငုပ် သင်္ဘောကိုလည်း သူ အဆက်မပြတ် စောင့် ကြည့်နေသည်။

အထူးသဖြင့် လိပ်ကြီး အာရုံစိုက်နေတာက အဲဒီ့ရေငုပ်သင်္ဘောပဲ ဖြစ်၏။

"သခင်ရေ ရေငုပ်သင်္ဘောက ရေပေါ်တက်ဖို့ စတင်နေပြီ.. ကျွန်တော် အရင်နစ်ပစ်လိုက်ရ မလား.."

လျူယောင်လည်း ရေငုပ်သင်္ဘောရဲ့ အခြေ အနေကို သတိပြုမိကာ ခဏ စဉ်းစားလိုက် ပြီး ပြောလိုက်၏။

"မင်း အခုပဲ လုပ်လိုက်တော့ အဲဒီရေငုပ်သ င်္ဘောကို အရင်နစ်ပစ်လိုက်.. ပြီးရင် စစ် သင်္ဘောနှစ်စင်းကို ထပ်တိုက်ခိုက်.."

"အိုကေဘာသခင်ရ ကျွန်တော် ဒီစကားကို စောင့်နေတာ ကြာလှပြီဗျ.."

လိပ်ကြီး အရမ်းပျော်သွားပြီး သူ့ရဲ့ ဧရာမ လှံကြီးကို ကိုင်ရင်း ရေငုပ်သင်္ဘောဆီကို တိတ်တိတ်လေး ကူးခတ်သွားသည်။

E နိုင်ငံရဲ့ ထိန်းချုပ်ခန်းထဲတွင် လူ အများ အပြား အလုပ်ရှုပ်နေကြသည်။ ဧရာမ မျက် နှာပြင်တွင် ဂြိုလ်တုက တစ်ပြိုင်နက်တည်း ရိုက်ထားတဲ့ ပုံရိပ်များ ပြသနေပြီး ပင်လယ် ပြင်ပေါ်မှ အခြေအနေက ရှင်းလင်း နေပေ သည်။

ဘလူးဝေးလ်နှင့် ရှီးဝမ်တို့ အရှိန်ဖြင့် ရွက် လွှင့်နေကြပြီး သူတို့ဘေးမှာ စစ်သင်္ဘော နှစ် စင်း ရှိနေ၏။ ဘယ်ဘက်မှာ တစ်စင်း၊ ညာ ဘက်မှာ တစ်စင်းနှင့် Universal သင်္ဘော နှစ်စင်းကို အလယ်မှာ ညှပ်ထားကြသည်။

E နိုင်ငံ ရေတပ်ရဲ့ လေးပွင့်ဗိုလ်ချုပ် မက် သရူးရိုင်ယန် ကိုယ်တိုင် ဒီစစ်ဆင်ရေးကို တာဝန်ယူထားသည်။ သူက E နိုင်ငံရေတပ် ရဲ့ အဓိက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ဥပမာ သတ္တုအပိုင်းအစ တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ကို ရရင် တန်ချိန် ၁၀,၀၀၀ ကို E နိုင်ငံကို ပေးနိုင်ပြီး M နိုင်ငံက E နိုင် ငံကို အဆင့်မြင့် လက်နက်နဲ့ စက်ကိရိယာ အမြောက်အမြားကို ရောင်းချပေးမယ်လို့ လည်း ကတိပေးခဲ့သည်။ မက်သရူးရိုင်ယန် ရဲ့ အစီအစဥ်တွင် ရေငုပ်သင်္ဘောတိုက် ဖျက် ရေး ရဟတ်ယာဉ်အသစ်လည်း ပါဝင်ပေ သည်။

"ဗိုလ်ချုပ် သူတို့ ထွက်ပြေးလို့ မရပါဘူး.."

"ထပ်အော်လိုက် ..ပြီးရင် ငါတို့ သင်္ဘောပေါ် တက်ပြီး မဖြစ်မနေ အရေးယူဆောင်ရွက် မှု့တွေ လုပ်မယ်ဆိုတာကို....."

"ဗိုလ်ချုပ် ကိစ္စက ပြီးပါပြီ ဒီသင်္ဘော နှစ် စင်းက မကြာခင် ကျွန်တော်တို့ရဲ့ ထိန်းချုပ် မှု့အောက် ရောက်လာပါလိမ့်မယ်"

မက်သရူးရိုင်ယန်က အေးစက်စွာ ပြောလိုက် ၏။

"ထပ်အော်ဖို့ မလိုတော့ဘူး..အမိန့်ပေးလိုက် ငါတို့ရဲ့ တပ်စိတ်က ချက်ချင်း အရေးယူ ဆောင်ရွက်မယ်.."

ဘေးနားမှ အရာရှိတစ်ဦးက ကျယ်လောင် စွာ ပြန်ဖြေပြီး ဖုန်းကိုယူကာ အမိန့်ပေးလိုက် သည်။

ပင်လယ်ရေအောက်တွင် လိပ်ကြီးက ရေ ငုပ်သင်္ဘောရဲ့ ဘေးကို ရောက်နေပြီး ဒီ အ ချိန်မှာ ရေငုပ်သင်္ဘောက ရေပေါ်တက်နေ ပေမယ့် တယ်လီစကုပ် သတ်မှတ်ထားတဲ့ အနက်ကိုတော့ မရောက်သေးပေ။

ရေငုပ်သင်္ဘောထဲက လူတွေကတော့ သူ တို့ရဲ့ ရေငုပ်သင်္ဘောဘေးမှာ အကောင် ကြီးကြီးတစ်ကောင် ရှိနေတယ်ဆိုတာကို ဘယ်လိုမှ တွေးမိမှာ မဟုတ်ပေ။

လိပ်ကြီးက ရေငုပ်သင်္ဘောကို ခဏ ကြည့် ပြီးနောက် ဧရာမ လှံကြီးကို ကိုင်ကာ ပြင်းပြင်း ထန်ထန် ထိုးထည့်လိုက်သည်။

" ဒိန်း..."

ရေငုပ်သင်္ဘောရဲ့ ဘော်ဒီက မာလှသည်။ လိပ်ကြီး တန် ၁၀၀ ကျော်ရှိတုန်းက နျူက လီးယား ရေငုပ်သင်္ဘောတစ်စင်းကို နစ် မြုပ်စေခဲ့ရာ အတော်လေး အားထုတ်ခဲ့ရ သည်။

ဒီတစ်ခေါက်မှာတော့ သိသိသာသာ ကွာခြား နေ၏။

တန် ၁,၀၀၀ ရှိတဲ့ လိပ်ကြီးက အင့်အား အ ပြည့်အစုံနဲ့ တန် ၂၀၀ ကျော်အလေးချိန်ရှိတဲ့ ဧရာမလှံကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တစ် ချက်တည်းနဲ့ ဖောက်နိုင်လိုက်သည်။

"ဘုန်း"

ရေထဲမှာ တအိအိ မြည်သံ ထွက်ပေါ် လာ သည်။ ဧရာမ လှံကြီးက အလွယ်တကူ ဖော က်ဝင်သွားပြီး ရေငုပ်သင်္ဘောကို ထိုးဖောက် လုနီးပါး ဖြစ်သွားသည်။

လိပ်ကြီးက ဧရာမလှံကို ဆွဲထုတ်ပြီး ချက် ချင်း ဒုတိယအကြိမ် ထပ်တိုက်ခိုက် လိုက် သည်။

ထို့နောက် တတိယအကြိမ်...

ရေငုပ်သင်္ဘောထဲတွင် M နိုင်ငံက သင်္ဘော သားများ လုံးဝ ထိတ်လန့်သွားကြသည်။ ပထမဆုံး တအိအိ မြည်သံ ထွက်ပေါ်လာ ချိန်မှာ သူတို့ရဲ့ ရေငုပ်သင်္ဘောက တိုက်ခိုက် ခံရတယ်လို့ ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ..."

တအိအိ မြည်သံကိုကြားရပြီး ရေငုပ်သ င်္ဘောသိသိသာသာ လှုပ်နေတာကို ခံစားမိတဲ့ ရေငုပ်သင်္ဘောရဲ့ကပ္ပတိန်က ကျယ်လောင် စွာ မေးလိုက်သည်။

ဘာဖြစ်တာလဲဆိုတာ ဘယ်သူမှ မသိကြ ပေ။

ရေငုပ်ကျည်နဲ့ တိုက်ခိုက်ခံရတာနဲ့ လုံးဝမတူ သလို ကျောက်တုံးနဲ့ ထိတာမျိုးလည်း ဖြစ် နိုင်ခြေနည်းသည်။ ဒီနေရာက ပင်လယ်ရေ အနက်မှာ အနည်းဆုံး မီတာ ၂,၀၀၀ ရှိနေ သည်။

နောက်ဆုံးထိ ဘာဖြစ်ခဲ့လဲ ဘယ်သူမှ မသိ ကြပေ။

လူတိုင်း နားလည်အောင် မတုံ့ပြန်နိုင်ခင်မှာ နောက်ထပ် တအိအိ မြည်သံ ထွက်ပေါ် လာ ပြီး ရေငုပ်သင်္ဘောမှာ သိသိသာသာ လှုပ်ခါ သွားသည်။

ရေငုပ်သင်္ဘာကပ္ပတိန်ရဲ့ မျက်နှာက ပြောင်း လဲသွားပြီး တစ်ခုခု မကောင်းတာ ဖြစ်လိမ့် မယ်လို့ ကြိုတင်ခန့်မှန်းမိသည်။

"ရုတ်တရက်..."

တအိအိ မြည်သံနဲ့အတူ အချင်း မီတာ တစ် ဝက်နီးပါးရှိတဲ့ ဧရာမ သတ္တုလုံးကြီးက အ ပြင်ကနေ ဖောက်ဝင်လာပြီး ရေငုပ်သင်္ဘော ရဲ့ ထိန်းချုပ်ခန်းကို ထိုးဖောက်ဝင်ရောက် လာကာ လူတစ်ယောက်ကိုလည်း ပိုင်းဖြတ် သွားသည်။

ထိန်းချုပ်ခန်းထဲမှ လူတိုင်း အံ့အား သင့် သွားပြီး အော်ဖို့တောင် မေ့သွားကြသည်။

သူတို့ရှေ့က မြင်ကွင်းမှာ သူတို့ရဲ့ နားလည် မှု့ထက် လုံးဝ ကျော်လွန်နေသည်။

"ဒီလို ကြီးမားတဲ့ သတ္တုလုံးကြီး ရုတ်တရက် ဘယ်လို ထိုးဝင်လာနိုင်တာလဲ..."

သူတို့ မတုံ့ပြန်နိုင်ခင်မှာ ဧရာမ ဆလင်ဒါပုံစံ ထိပ်ချွန်သတ္တုကို အပြင်ကနေ ဆွဲထုတ် သွားပြီး နောက် အပေါက်ကြီးတစ်ခု ဖြစ်ပေါ် လာကာ ရေအမြောက်အမြား ဝင်လာခဲ့ သည်။

" ဘုရားရေ ဘာဖြစ်တာလဲ .."

" အမေ့ရေ ကယ်ပါ.. "

" မြန်မြန် မြန်မြန် ကုန်းပေါ်တက်စမ်း "

ရေငုပ်သင်္ဘောအတွင်းထဲ မှာတော့ အရှုပ် အထွေးတွေ ဖြစ်ကုန်ပြီး ထိတ်လန့်တကြား အော်ဟစ်သံတွေ အဆုံးမရှိ ထွက်ပေါ်နေ သည်။

ဒီရေငုပ်သင်္ဘောတော့ အဆုံးသတ်သွား၏။ လိပ်ကြီး ခုနစ်ချက် ရှစ်ချက်လောက် ထိုး နှက်လိုက်တာကြောင့် ဆန်ခါအပေါက်လို ဖြစ်သွားပြီး နေရာတိုင်းမှာ ရေတွေယိုစိမ့် နေသည်။

လိပ်ကြီးက ပျက်စီးသွားတဲ့ ရေငုပ် သင်္ဘော ကို ကြည့်ပြီး စစ်သင်္ဘောတစ်စင်းရဲ့ အောက် ခြေကို အလျင်အမြန် ကူးခတ်လိုက်သည်။ စစ်သင်္ဘောရဲ့ အောက်ခြေကို သူ ကြည့်ပြီး နောက် ဧရာမ လှံကြီးနဲ့ သင်္ဘောရဲ့ အောက် ခြေကို အားရပါးရ ထိုးချ လိုက်သည်။

All Chapters