← Chapters

ဟုတ်တယ် အဲဒီ့ အသံပဲ...

Vol. 30 Ch. 392

ဟုတ်တယ် အဲဒီ့ အသံပဲ...

Vol. 30 Ch. 392

ဒီစစ်သင်္ဘောပေါ်က ရေတပ်သားတစ်စုက ဘယ်အချိန်မဆို အရေးယူဆောင်ရွက်ဖို့ အ သင့်ရှိနေသည်။ ဒါက သူတို့ရဲ့ ကွန်မန်ဒို အ ဖွဲ့ပဲ ဖြစ်၏။

"ဘုန်း..."

ထိုအချိန် ရေထဲကနေ တအိအိ မြည်သံ ထွ က်ပေါ်လာတာကို စစ်သင်္ဘောပေါ်မှရှင်း ရှင်းလင်းလင်း ကြားရပြီး မီတာ တစ်ရာ အောက်မှာ ရှိတဲ့ ဘလူးဝေးလ်ပေါ်က နေ တောင် တိုးတိုးလေး ကြားရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

"ဒီအသံက ဘယ်ကနေ လာတာလဲ..."

E နိုင်ငံရဲ့ စစ်သင်္ဘောပေါ်မှ လူတွေက အံ့ အားသင့်နေကြသည်။ အသံကို ကြားရုံ သာမက စစ်သင်္ဘောတစ်ခုလုံး အနည်းငယ် တုန်ခါသွားသလို ခံစားနေရသည်။

နောက်ထပ် တအိအိ မြည်သံတစ်သံက သ င်္ဘောအောက်ခြေကနေ ထွက်ပေါ်လာကာ အသံက ပိုပြီး ရှင်းနေပြီး တုန်ခါမှု့က ပိုပြီး ထင်ရှားနေပေသည်။

"သွားစစ်ဆေးကြည့်လိုက်စမ်း ဘာဖြစ် နေလဲဆိုတာ.."

ဒီစစ်သင်္ဘောရဲ့ ကပ္ပတိန်က သိသိသာသာ စိတ်ပူနေသည်။ မကောင်းတဲ့ ခံစားချက် တစ်ခု ရနေပြီး အကြောင်းရင်းကို ရှာဖွေဖို့ ကျယ်လောင်စွာနှင့် စိတ်ပူပန်စွာ အမိန့် ပေးလိုက်သည်။

သူ စကားဆုံးတာနဲ့ သင်္ဘောအောက်ခြေ ကနေ နောက်ထပ် တအိအိ မြည်သံ ထပ် ထွက်လာပြီး သင်္ဘောကို ပျက်စီးစေလုနီးပါး ဖြစ်စေခဲ့သည်။

ဘလူးဝေးလ်ပေါ်မှာတော့...

သင်္ဘောသားအချို့မှာ လှုပ်ရှားမှု့အသံကို ကြားလိုက်ရပြီး ကျယ်လောင်စွာ အော်ပြော လိုက်သည်။

"ကပ္ပတိန်နားထောင်ကြည့်.. အဲဒီ့အသံက စစ်သင်္ဘောအောက်ကနေ လာနေပုံ ရ တယ်..."

ကပ္ပတိန်ရမ်ဇီကွမ်း သေချာ အာရုံစိုက် ထောင်လိုက်၏။ မကြာခင်မှာပဲ ရန်သူ စစ် သင်္ဘောရဲ့ အောက်ခြေကနေ တအိအိ မြည် သံကို ကြားလိုက်ရသည်။

ဒီအသံက နည်းနည်း ရင်းနှီးနေပေသည်။

မကြာခင်မှာပဲ ကပ္ပတိန်ရမ်ဇီကွမ်း အနည်း ငယ် စိတ်လှုပ်ရှားလာသည်။သူ မှတ်မိသွား ကာ ပြန်ဖြေလိုက်၏။

"ဟုတ်တယ် အဲဒီ့အသံပဲ..."

ဒီအသံက ရန်သူရဲ့ သင်္ဘောအောက်ခြေမှာ ထွက်ပေါ်နေသရွေ့ အဲဒီသင်္ဘော နစ်မြုပ် တော့မည်ကို ဆိုလိုပေသည်။

ကပ္ပတိန်ရန်ဇီကွမ်းက ကျယ်လောင်စွာ အော် ပြောလိုက်သည်။

ရဲဘော်တို့ငါ တို့ စိတ်ချလက်ချ နေနိုင်ပြီ သူ တို့ရဲ့ စစ်သင်္ဘော မကြာခင် နစ်မြုပ်တော့ မယ်.."

"ဒါ အမှန်လား.."

"အဲဒီစစ်သင်္ဘောက တကယ်ပဲ ပင်လယ် အောက်ခြေမှာ နစ်မြုပ်တော့မှာလား.."

ဘလူးဝေးလ်ပေါ်မှ သင်္ဘောသားတွေ တစ် ဦးချင်းစီ ပျော်ရွှင်လာကြသည်။သူတို့ စိတ် နှလုံးသားထဲတွင် မျှော်လင့်ချက်အပြည့်ရှိ လာပြီး သူတို့ဘေးမှာရှိနေတဲ့ စစ်သင်္ဘော ကို တစ်ယောက်ချင်းစီ ကြည့်နေကြသည်။

ဒီစစ်သင်္ဘောပေါ်က လူတွေကရော..။

သူတို့လည်း နောက်ဆုံးတော့ တွေ့သွားပြီး သင်္ဘောသားတစ်ဦးက အမြန်ပြေးလာ၍ အော် ဟစ်လိုက်သည်။

"မကောင်းတော့ဘူး.. ကျွန်တော်တို့ရဲ့ သင်္ဘောထဲကို.. ရေတွေဝင်နေပြီ ရေတွေ အများကြီး ဝင်နေတယ်.. "

"ဘာ.. မဖြစ်နိုင်တာကွာ.."

ဒီစစ်သင်္ဘောပေါ်မှ သင်္ဘောသားတွေ သာမက စစ်သင်္ဘောကပ္ပတိန်ရဲ့ မျက်နှာပါ သိသိသာသာ ပြောင်းလဲသွား၏။ ဘယ်လို လုပ် ရုတ်တရက် ဒီလိုဖြစ်သွားရသနည်း။

သူ ဒီမေးခွန်းကို စဉ်းစားဖို့ အချိန်မရတာ ဝမ်းနည်းစရာပဲ။ဖြေဖို့ အချိန်လုံးဝ မရှိ တော့ပဲ ရေတွေက အလုံးအရင်းနဲ့ဝင်နေခဲ့ သည်။

လိပ်ကြီးက ဧရာမ လှံကိုကိုင်ပြီး သင်္ဘော အောက်ခြေကို အပေါက်ကြီး ဒါဇင်နဲ့ချီပြီး တစ်ခါတည်း ထိုးပစ်လိုက်သည်။ အများဆုံး တစ်မိနစ် သို့မဟုတ် နှစ်မိနစ်သာ ကြာပေ သည်။

ဒီစစ်သင်္ဘောကို ဆန်ခါလို ဖြစ်အောင် ဖျက် ဆီးပြီးနောက် လိပ်ကြီးက အခြားစစ်သင်္ဘေ ာတစ်စင်းအောက်ကို အလျင်အမြန် ကူး လာပြီး ဧရာမ လှံကြီးနဲ့ ထပ်ထိုးလိုက်သည်။

နှစ်ပေါက်

သုံးပေါက်...

စစ်သင်္ဘောပေါ်မှ လူတွေက ချက်ချင်းပဲ တစ်ခုခု မှားနေတာကို သိသွားကြသည်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အကြောင်းရင်း ကို စုံစမ်းဖို့ အချိန်မရတော့သလို ဘာအစီ အမံမှ လုပ်ဆောင်ဖို့လည်း အချိန်မရ တော့ ပေ။ ရေအများအပြားက ပိုက်ဆံမပေးရ သလို ဝင်ရောက်လာကြသည်။

ဘလူးဝေးလ်ပေါ်တွင်...

သင်္ဘောသားအားလုံးနီးပါးက ထိုစစ်သ င်္ဘောနှစ်စင်းကို ကြည့်နေကြ၏။ အားလုံး ပျော်ရွှင်နေကြပြီး စိတ်လှုပ်ရှားနေကြသည်။

"ဟားဟား သူတို့ရဲ့ စစ်သင်္ဘော နစ်တော့ မယ်.."

"တကယ်ကို လန်းဆန်းသွားတာပဲ ခင်ဗျားတို့ ကျွန်တော်တို့ကို ခုနက အော်နေတာလေ အခုတော့ သင်္ဘောနစ်နေပြီမို့လား.."

"ဒီနေရာရဲ့ ပင်လယ်အနက်က အနည်းဆုံး မီ တာ နှစ်ထောင် ရှိပြီး အနီးဆုံး ကုန်းမြေက ရေမိုင် တစ်ထောင် အကွာမှာ ရှိတယ်.. သူတို့ အတွက် အသက်ဆက်ရှင်ဖို့ ခက်ခဲလိမ့် မယ်..."

"အံ့ဩစရာပဲ အံ့ဩစရာကောင်းလိုက်တာ ဘေးအန္တရာယ်တစ်ခုကို ကြည့်ရတာထက် ပိုပျော်စရာကောင်းလိုက်တာကွာ..ဟားဟားဟား..."

ဘလူးဝေးလ်နှင့် ရှီးဝမ်တို့မှ သင်္ဘောသား များနဲ့မတူဘဲ ဒီ E နိုင်ငံ စစ်သင်္ဘော နှစ်စင်း ပေါ်မှ ရေတပ်သားတွေက ရေထဲကို အလျင် အမြန် ခုန်ချနေကြသည်။

ထင်ရှားတာက သူတို့က သင်္ဘောကို စွန့်ပစ် လိုက်ပဲ ဖြစ်သည်။

အနည်းဆုံး ဒေါ်လာ ဘီလျံတစ်ရာ တန်ဖိုး ရှိ တဲ့ ဒုံးပျံဖျက်သင်္ဘောအသစ် ဖြစ်နေရင်ရော အသက်ရှင်ဖို့က အရေးကြီးသည်လေ။

အချို့ ရေတပ်သားတွေ အသက်ကယ်အင်္ကျီ ဝတ်ထားကြပြီး အချို့ဆို အသက်ကယ် အင်္ကျီ ဝတ်ဖို့တောင် အချိန်မရလိုက်ဘဲ အ သက်ကယ်ဖော့ကို ပိုက်ပြီး ရေထဲသို့ ခုန်ချ သွားကြသည်။

အချို့ ရေတပ်သားတွေက ဘလူးဝေးလ် သို့ မဟုတ် ရှီးဝမ်ကိုတို့ကို လက်ပြနေကြသည်။ အဓိပ္ပာယ်က ရှင်းနေသည် သူတို့ကို ကယ် တင်ဖို့ပဲ ဖြစ်၏။

"ကပ္ပတိန် ဒီလူတွေ ကျွန်တော်တို့ကို အကူ အညီတောင်းနေကြတယ်..."

"အချို့ သင်္ဘောသားတွေက ကျွန်တော်တို့ရဲ့ သင်္ဘောဆီကို အပြင်းအထန် ကူးလာနေတ ယ်သူတို့ကို ကယ်တင်ရမလား..."

ဘလူးဝေးလ်ပေါ်မှ သင်္ဘောသား အချို့က ပိုပြီး စိတ်ထားနူးညံ့ကြသည်။ ဒီအခြေအနေ ကိုမြင်တော့ နည်းနည်းလေး မခံမရပ်နိုင် ဖြ စ်လာကြ၏။

နောက်ထပ် ကပ္ပတိန်အချို့က သတိပေး လိုက်သည်။

"မကယ်နဲ့..မကယ်နဲ့.. ခုနက ဒီလူတွေ ငါ တို့ရဲ့ သင်္ဘောကို ဖမ်းချင်ခဲ့ကြတာ.."

"သူတို့ကို လုံးဝ မကယ်နဲ့ သူတို့ ဘာတွေ စဉ်းစားနေကြတာလဲ ငါတို့ ပြဿနာ မရှာ တာကိုပဲ ကျေနပ်ရမယ်..."

လူအများအပြားက ကပ္ပတိန်ရမ်ဇီကွမ်းကို ကြည့်နေကာကပ္ပတိန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ကပ္ပတိန်ရမ်ဇီကွမ်းက ဖြည်းဖြည်းချင်း အမိန့်ပေးလိုက်၏။

"သူတို့ကို လျစ်လျူရှုလိုက် ငါတို့ ဒီနေရာက နေ ထွက်ကြစို့..."

ဘလူးဝေးလ်နဲ့ ရှီးဝမ်တို့က ဒီနေရာကနေ ထွက်ခွာလာပြီး တဖြည်းဖြည်း ဝေးကွာ သွ ားကြသည်။ E နိုင်ငံမှ ရေတပ်သား ၃၀၀ ကျော်ကတော့ ရေပေါ်မှာ ပေါလောမျော နေကြပေသည်။

လိပ်ကြီးကတော့ ထွက်ခွာမသွားသေးပေ ဒီကောင်က မလှမ်းမကမ်းကနေ အရသာခံ ကြည့်နေသည်။ အခုတော့ သူရဲ့ အခန်းက ဏ္ဍက ကြည့်ရှုသူ တစ်ယောက် ဖြစ်သွား၏။

တတိယအမြင်နဲ့ ဒီနေရာက အခြေအနေကို လျူယောင် ကြည့်လိုက်ပြီး သူ့ရဲ့ သင်္ဘော နှစ်စင်း ထွက်ခွာသွားတာကို တွေ့တဲ့အခါ စိတ်ကျေနပ်မှု့ ရသွားသည်။

"ငါ့ကောင်ကြီး မင်း တကယ်ကို ကောင်း ကောင်းလုပ်ခဲ့တယ်... ရေငုပ်သင်္ဘော တစ် စင်းနဲ့ စစ်သင်္ဘောနှစ်စင်းလုံး ဖျက်ဆီးခံ လိုက်ရပြီ..."

"သခင်ရ.. ဒီလိုအရာမျိုးက ကျွန်တော် အ နှစ်သက်ဆုံး အလုပ်ပါ နှစ်ပစ်စေချင်တဲ့ စစ်သင်္ဘော ရှိရင် ကျွန်တော့်ကိုသာပြော လိုက်ပါဗျာ.."

ဒီတစ်ကြိမ်မှာ E နိုင်ငံ ရေတပ်က ထင်ရှား စွာနဲ့ ညီအကိုအဖြစ် သရုပ်ဆောင်နေသည်။ ဒီလိုဆိုရင်တော့ သူတို့က ညီအကို အသိ စိတ် ရှိရမည်လေ။

လျူယောင်က M နိုင်ငံရဲ့ ရေတပ်လို ဧရာ မကြီးနဲ့ ယှဉ်ပြိုင်ရမည်ဆိုရင် ချိန်ဆရ ပေ မယ့် E နိုင်ငံရဲ့ ရေတပ်ကိုတော့ အခြေခံအား ဖြင့် ဘာမှ စိတ်ပူစရာမရှိပေ။

"ဟမ့် မင်းတို့က M နိုင်ငံရဲ့ ညီအကိုအဖြစ် လုပ်ရဲတယ်ဆိုရင် ငါတို့ရဲ့ သတ္တုအပိုင်းအစ တွေကို တိုက်ခိုက်ရဲတယ်ဆိုရင် ကြီးမားတဲ့ တန်ဖိုးကို မင်းတို့ ပေးဆပ်ရလိမ့်မယ်..."

"အင်း..စစ်သင်္ဘောနှစ်စင်း နစ်မြုပ်တာနဲ့ မလုံလောက် သေးဘူးနဲ့တူတယ်..."

လျူယောင် ခဏ စဥ်းစားကာ ပြောလိုက် ၏။

"ငါ့ကောင်ကြီး..မင်းလုပ်ဖို့ တကယ်တစ်ခုခု ရှိတယ်..."

"သခင် ပြောလိုက်ပါ..ကျွန်တော် ချက်ချင်း လုပ်ဆောင်နိုင်ပါတယ်..."

လျူယောင် ခေါင်းညိတ်ပြကာ ညွှန်ကြား လိုက်၏။

"E နိုင်ငံ ရေတပ်ရဲ့ အကြီးဆုံး စစ်ဆိပ်ကမ်း က Fask ဆိပ်ကမ်းပဲ ဖြစ်တယ်.. မင်း အခုပဲ ထွက်သွားပြီး အဲဒီကစစ်သင်္ဘောတွေနဲ့ ရေ ငုပ်သင်္ဘောတွေ အားလုံးကို နှစ်ပစ်လိုက်..."

ဒါကိုကြားတော့ လိပ်ကြီးရဲ့ မျက်လုံးတွေ ချက်ခြင်း လင်းလက်လာသည်။

"ဟီးဟီး လုပ်ရတာ တကယ် ပျော်ဖို့ ကောင်း လိမ့်မယ်.."

လိပ်ကြီးက ရုတ်တရက် စွမ်းအင်အပြည့် အ ဝ ဖြစ်လာသည်။

"အိုကေဘာသခင် ဒါဆို ကျွန်တော် အခုပဲ သွားတော့မယ်"

ပြောပြီးနောက် ဧရာမ လှံကြီးကိုယူပြီး ဒီ နေရာကနေ လိပ်ကြီး ထွက်ခွာလာသည်။ ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာက E နိုင်ငံ ရေတပ်ရဲ့ အကြီးဆုံး စစ်ဆိပ်ကမ်း ဆီကို သူ ကူးခတ်သွားတော့သည်။

လျူယောင် သတိပေးလိုက်၏။

"မင်းရဲ့ ဘေးကင်းရေးကို ပထမဦးစားပေး.. ညသန်းခေါင်အချိန်မှာ လုပ်ဖို့ ရွေးချယ် ပြီးရင် ချက်ချင်း ပြန်ဆုတ်ဆိပ်ကမ်းထဲမှာ မနေနဲ့..."

"အိုကေဘာ သခင် ဒါဆို ကျနော် ညသန်း ခေါင်ယံ အချိန်မှာ လုပ်လိုက်ပါ့မယ်.."

လိပ်ကြီး သဘောတူကာ ပြန်ဖြေလိုက်၏။

.......

E နိုင်ငံ ရေတပ် စစ်ဆင်ရေး ထိန်းချုပ်ခန်းမ တွင်...

အရာရှိ တော်တော်များများ အံ့အားသင့် သွားကြသည်။ သူတို့ရဲ့ ဦးခေါင်းတွေ လုံးဝ ထုံကျင်နေပြီး ဒါ ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို နားမလည်နိုင်တော့ပေ။

သူတို့ရဲ့ တွေးမြင်မှု့မှာ ဒါက ထမင်းစားသလို လွယ်ကူတယ်ထင်နေခဲ့သည်။အရပ်သားသင်္ဘောနှစ်စင်းတည်းကို သူတို့ဘက်က အဆင့် အမြင့်ဆုံး စစ်သင်္ဘောနှစ်စင်းကို စေလွှတ် လိုက်တာကြောင့် သေချာပေါက် အောင်မြင် သင့်သည်လေ။

အမှန်တကယ်မှာတော့ သူတို့ရဲ့ စစ်သင်္ဘော နှစ်စင်း က နစ်မြုပ်နေပြီး ရေတပ်သားများ စွာကလည်း ရေထဲမှာ ရုန်းကန်နေကြ၏။

သူတို့ကို အရမ်း ဒေါသထွက်စေပြီး သွေး အန်စေလုနီးပါး ဖြစ်စေတာက ဘလူး ဝေး လ်နဲ့ ရှီဝမ်တို့ က ဘာဆုံးရှုံးမှု့မှမရှိဘဲ အေး အေးဆေးဆေး ထွက်ခွာသွားတာပဲ ဖြစ် သည်။

ဒီလို အဆုံးသတ်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးမိခဲ့ကြပေ။

All Chapters