သတင်းစာ ရှင်းလင်းပွဲ
Vol. 30 Ch. 393
စစ်တပ်ထိန်းချုပ်ရေး ခန်းမကြီးထဲတွင် ဝမ်း နည်းဖွယ် အငွေ့အသက်များနဲ့ ပြည့်နှက် နေ ပေသည်။နံရပ်ကပ်မျက်နှာပြင်ပေါ်တွင် ဂြို လ်တုမှ တစ်ပြိုင်နက်တည်း ရိုက်ကူးထားတဲ့ ပုံရိပ်များကို လူတိုင်းရှေ့တွင် ပြသထားပေ သည်။
ပင်လယ်ရေပြင်ပေါ်တွင် သူတို့ရဲ့ စစ်သ င်္ဘောနှစ်စင်းက ဆက်လက် နစ်မြုပ်နေပြီး သိသိသာသာကို စောင်းနေ၏။သင်္ဘောတစ် စင်းရဲ့ အမြီးပိုင်းက မြင့်တက်နေပြီး ရေခွင်း စက်ပင် ရေပေါ် ပေါ်နေသည်။
လူများစွာရဲ့ နှလုံးသားထဲတွင် သွေးထွက်နေ ကြသည်။
"ဘုရားရေ ဒီဟာက နောက်ဆုံးပေါ် ဒုံးပျံ ဖျက်သင်္ဘောလေ တစ်စင်းချင်းစီက ဈေး ကြီးပြီး E နိုင်ငံက နည်းနည်းပဲ တင်သွင်း ထားတာ.. "
ပင်လယ်ရေပြင်ပေါ်မှာတော့ သင်္ဘောသား များက ပေါ်လိုက်မြုပ်လိုက်နဲ့ ဘယ်အချိန် မဆို လှိုင်းလုံးတွေက မြိုချခံရနိုင်သည့် အန္တရာယ်ရှိနေသည်။
အရာရှိတစ်ဦးက ဆိုးရွားတဲ့မျက်နှာနဲ့ လျှောက်လာပြီး မေးလိုက်သည်။
"ဗိုလ်ချုပ်.. ကျွန်တော်တို့ ဘာ ဆက်လုပ် ရမလဲ "
မက်သရူးရိုင်ယန်ရဲ့ မျက်နှာက အရမ်းရုပ်ဆို းနေပြီး မျက်နှာပျက်စွာ အော်ပြောလိုက် ၏။
"ခုချက်ချင်း ငါတို့သင်္ဘောနဲ့ ဆက်သွယ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း စတင်လိုက်.."
အရာရှိတစ်ယောက်က ချက်ချင်း သတိပေး လိုက်သည်။
"ဗိုလ်ချုပ်.. ကျွန်တော် စစ်ဆေးပြီးပါပြီ. .အဖြစ်အပျက်ဖြစ်ပွားတဲ့ ရေပြင်အနီးမှာ ကျွန်တော်တို့ရဲ့ သင်္ဘော မရှိပါဘူး ကုန်တင် သင်္ဘောတောင်မှ မရှိပါဘူး..."
"ဘာ.."
ဒီအခြေအနေကို ကြားတော့ လူအများအ ပြားရဲ့ မျက်နှာများက ပြောင်းလဲသွားသည်။ အဲ့ဒီ့နေရာက သမုဒ္ဒရာရဲ့ ဗဟိုနေရာ ဖြစ်ပြီး အနီးဆုံး ကုန်းမြေနဲ့ဆို ရေမိုင် တစ်ထောင် အကွာမှာ ရှိနေသည်။
ဒီဖြစ်ရပ်က E နိုင်ငံရဲ့ ကုန်းမကြီးနဲ့ ကီလိုမီ တာ ထောင်ပေါင်းများစွာ အကွာမှာ ဖြစ်ပွား ခဲ့တာကြောင့် နေရာက သူတို့ လက်လှမ်း မမှီ နိုင်တဲ့ နေရာမှာ ရှိနေ၏။
သူတို့ရဲ့ စစ်သင်္ဘောနှစ်စင်းက အဲဒီ့ရေပြင်မှ ာ ရွက်လွှင့်ရုံပဲ ရွက်လွှင့်နေတာ ဖြစ်သည်။ M နိုင်ငံက E နိုင်ငံ ရေတပ်ကို ဆက်သွယ်ခဲ့ တော့ သူတို့ အလွယ်တကူ သဘောတူခဲ့ကြ ပြီး ရဲဘော်ရဲဘက်အဖြစ် အစေခံဖို့ ဆန္ဒရှိ ခဲ့ကြသည်။
"သူတို့ရဲ့ သင်္ဘောတွေက အနီးနားမှာ မရှိ တော့ဘူးလား.. "
"ဟူး..ဒါဆို ငါ ဘယ်လိုလုပ်မလဲ.."
"ဗိုလ်ချုပ် ကျွန်တော်တို့ရဲ့ သင်္ဘောသား ၃၀၀ ကျော်လုံး ရေထဲကျသွားခဲ့တာ သူတို့ အားလုံး ကျွန်တော်တို့ရဲ့ ထိပ်တန်းရေတပ် သားတွေ ဖြစ်တာမို့ ကျွန်တော်တို့ မဖြစ်မနေ ကယ်ရမယ်.."
"ဗိုလ်ချုပ်..နိုင်ငံတကာ အရေးပေါ် အချက် ပေးစနစ်ကို ပို့ပေးပါ..ဒါမှ အနီးအနား သ င်္ဘောတွေကဘယ်နိုင်ငံသားဖြစ်ဖြစ် အရေး ပေါ်အခြေအနေဖြစ်တဲ့ ရေပြင်ကို လာပြီး လူတွေကို ကယ်ဆယ်နိုင်မှာပါ. "
"ဗိုလ်ချုပ်..."
အချိန်အကြာကြီး စောင့်ပြီးနောက် မက်သ ရူး ရိုင်ယန်က ဖြည်းဖြည်းချင်း ပြောလိုက် သည်။
"ဒါဆို နိုင်ငံတကာ အရေးပေါ် အချက်ပေး စနစ် ပို့လိုက်.."
သူ သိနေ၏။ နိုင်ငံတကာ အရေးပေါ် အချ က်ပေးစနစ်ကို ပို့လိုက်တာနဲ့ သူ့ရဲ့ မျက်နှာ က ဆုံးရှုံးသွားလိမ့်မည်။
ဒီကိစ္စကို ဖုံးကွယ်ဖို့ကလည်း ခက်ခဲလိမ့်မယ် လို့ ခန့်မှန်းရသည်။ တစ်ရက်၊ နှစ်ရက်အ တွင်းမှာပဲ နိုင်ငံများစွာက လူတွေ ဒီကိစ္စကို သိကုန်ကြလိမ့်မယ်လို့ ခန့်မှန်းရသည်။
ဒါက ရှက်စရာ ကိစ္စပဲ ဖြစ်၏။
တခြားနိုင်ငံတွေရဲ့ စစ်ဆေးမှု့တွေကို သူ လုံးဝ မခံနိုင်ပေ။
သူတို့သာ ဘလူးဝေးလ်နဲ့ ရှီ ဝမ်ကို အောင် မြင်စွာ ဖမ်းမိခဲ့ရင် အခြေအနေက သူတို့ရဲ့ လက်ထဲ ရောက်သွားပြီး အဖြူကို အနက်လို့ တောင် ပြောနိုင်ပါလိမ့်မည်။
"အခုကော.."
"ဟဟ.."
သူ မျက်နှာ အပျက်ခံပြီး ရေတပ်သား ၃၀၀ ကျော်အတွက် နိုင်ငံတကာ အရေးပေါ် အ ချက်ပေးစနစ်ကို ပို့ပေးဖို့ကလွဲလို့ မက်သရူး ရိုင်ယန် တခြား ရွေးချယ်စရာ မရှိတော့ပေ။
ဒီ အကျိုးဆက်တွေကို ဘယ်လို ကိုင်တွယ်ရ မည်နည်း။ဘယ်လိုစကားလုံးတွေနဲ့ ရှင်းပြ ရမလဲဆိုတာကို မက်သရူးရိုင်ယန် အရင်ဆုံး စဉ်းစားနေခဲ့သည်။
"Universal က ဒီကိစ္စကို အကြောင်းပြုပြီး အငြင်းပွားမှု့တွေ မလုပ်ပါနဲ့လို့ သူ စိတ်ထဲက နေ ဆုတောင်းနေမိသည်။
ပင်လယ်ရေပြင်ပေါ်တွင်...
ဖြစ်ရပ်ဖြစ်ပွားတဲ့ ရေပြင်နဲ့ မလှမ်းမကမ်း ရေမိုင် တစ်ရာကျော်မှာပဲ တန်ချိန် တစ်သိန်း ကျော်ရှိတဲ့ ဧရာမ ကွန်တိန်နာသင်္ဘော တစ် စင်း ရွက်လွှင့်နေသည်။
သင်္ဘောပေါ်က ဆိုင်းဘုတ်ကနေ ဒါက Universal ရဲ့ သင်္ဘောဖြစ်တယ်ဆိုတာကို မြင်နိုင်ပေသည်။ ဒါက နိုင်ငံတကာ ရေလမ်း ကြောင်း ဖြစ်တာမို့ အဖွဲ့တွေရဲ့ သင်္ဘောတွေ ပေါ်လာတာက ပုံမှန်ပါပဲ။
"ကပ္ပတိန်..ကျွန်တော်တို့ရဲ့ အများသုံးချန် နယ်က နိုင်ငံတကာ အရေးပေါ် အချက် ပေး စနစ်ကို လက်ခံရရှိပါတယ်..E နိုင်ငံ ရေတပ် က စစ်သင်္ဘောနှစ်စင်း နစ်မြုပ်သွားပြီတဲ့ အ နီးအနားက သင်္ဘောအားလုံးကို ကယ်ဆယ် ရေး လုပ်ငန်းသွားလုပ်ဖို့ တောင်းဆိုထား တယ်.."
"အိုး ဒီလိုမျိုး ရှိတာလား"
ဒီကိစ္စက အတော်လေး ထူးဆန်းနေတယ်လို့ ကပ္ပတိန်ကျီဟုန်ကျန်း ယူဆမိသည်။
"ရာသီဥတုဆိုးရွားတာလည်း မရှိဘဲ ဘယ် လိုလုပ် စစ်သင်္ဘောကောင်းတစ်စင်း ပျက် ကျနိုင်တာလဲဟ.."
"ဒေသတွင်း စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တာလား. .ဒါပေမဲ့ ဒီဖြစ်ရပ်ဖြစ်ပွားတဲ့ ရေပြင်က E နိုင် ငံရဲ့ ကုန်းမကြီးနဲ့ အဝေးကြီးမှာ ရှိနေတာ.. သူတို့ရဲ့ စစ်သင်္ဘောတွေ ဒီမှာ ဘာလာလုပ် နေတာလဲ.. "
ကပ္ပတိန်ကျီဟုန်ကျန်း လုံးဝ နားမလည်နိုင် ဖြစ်နေ၏။ ခဏ စဉ်းစားပြီး အမိန့်တောင်း ခံဖို့ လိုအပ်တယ်လို့ သူ ခံစားလိုက်ရသည်။ ဒါကြောင့် ဂြိုလ်တုဖုန်းကိုယူပြီး အဖွဲ့ဆီက နေ အမိန့်တောင်းခံလိုက်သည်။
ဒီ တောင်းဆိုချက်က လျူယောင်ဆီကို ချက် ချင်း ရောက်လာသည်။လျူယောင်ရဲ့ ရုံးခန်း ထဲကို ကျိုးယန် ဝင်လာပြီး သတင်းပို့ လိုက် ၏။
"သူဋေး ကျွန်တော်တို့ရဲ့ ရှီရှီက မေတ္တာရပ်ခံ ချက် ပို့လိုက်ပါတယ်.."
ကျိုးယန်က အခြေအနေကို အတိုချုပ် ရှင်း ပြပြီးနောက် လျူယောင် ပြုံးလိုက်သည်။
သူဋေးရဲ့ အပြုံးက မတူညီဘူးလို့ ခံစားရတဲ့ ကျိုးယန်က အတော်လေး အံ့ဩသွားပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။
" သူဋေး ဘာဖြစ်တာလဲ ဒီကိစ္စမှာ တစ်ခုခု မှားနေတာလား..."
"ဟုတ်တာပေါ့ သိပ်မှားတာပေါ့ကွာ "
လျူယောင် မကျေမနပ်ဖြစ်ကာ ဆက်ရှင်းပြ လိုက်၏။
"ခုနက ငါ တို့ရဲ့ ဘလူးဝေးလ်နဲ့ ရှီဝမ်ဟာ E နိုင်ငံ ရေတပ်ကနေ သိမ်းပိုက်ခံရလုနီးပါး ဖြ စ်ခဲ့တယ်..."
လျူယောင်ရဲ့ ပုံပြင်ကို နားထောင်ပြီးနောက် ကျိုးယန်ရဲ့ မျက်နှာက ပြောင်းလဲသွား သည်။သူ စိုးရိမ်စွာ မေးလိုက်၏။
"သူဋေး..ကျွန်တော်တို့ရဲ့ သင်္ဘောနှစ်စင်းက ဘယ်လိုလဲ အခု ဘေးကင်းရဲ့လား.."
"ဘေးကင်းတယ် ..သူတို့ အဖြစ်အပျက်ဖြစ် ပွားတဲ့ ဧရိယာကနေ ထွက်လာပြီ..အခုတော့ လုံးဝ လွတ်မြောက်နေပါပြီ.."
"ဒါဆို ကောင်းတာပေါ့ တကယ်ပဲ ဘေးကင်း ပြီး ဘာမှ မဖြစ်တာ ကောင်းတယ် သူတို့သာ တကယ်ပဲ သိမ်းပိုက်ခံရရင် ဒုက္ခရောက်ကုန် မှာ..."
လျူယောင်က ယုံကြည်မှု့ အပြည့်နဲ့ ပြုံးကာ ပြောလိုက်၏။
"ဒီလူတွေက လွဲမှားစွာ တွေးနေကြတာပဲ.."
လိပ်ကြီးက လျှို့ဝှက်စွာ လိုက်ပါစောင့် ရှော က်ပေးနေတဲ့အတွက် E နိုင်ငံ ရေတပ်ရဲ့ စစ် သင်္ဘောနှစ်စင်းတည်းနဲ့ ဘလူးဝေးလ်နဲ့ ရှီ ဝမ်ကို သိမ်းပိုက်ဖို့ မျှော်လင့်တာက မိုက်မဲ တဲ့ စိတ်ကူးဖြစ်သွားရသည်။
ဒါပေမဲ့ ကျိုးယန်ကတော့ လိပ်ကြီးရဲ့ တည် ရှိမှု့ကို မသိပေ။ဒါက လျူယောင်ရဲ့ အားသာ ချက် ဖြစ်ပြီး တစ်ယောက်ကိုတောင်မှ ပေး သိစေမှာ မဟုတ်ပေ။
ကျိုးယန်က လိပ်ကြီးကို မသိပေမယ့် လျူ ယောင်ဆီကနေ ခိုင်မာတဲ့ ယုံကြည်မှု့ကို ခံ စားနေရသည်။
"သူဋေး ကျွန်တော်တို့ရဲ့ ရှီရှီက အရေးပေါ် အချက်ပေးစနစ် လက်ခံရရှိတယ်..ဒီ လူတွေ ကို ကယ်ဆယ်ဖို့ အဲဒီကို သွားရမလား.."
လျူယောင် ခဏ စဉ်းစားပြီး ပြောလိုက်၏။
"အတိတ်ကလည်း ငါ လူတွေကို ကယ်ခဲ့ဖူး တယ်..ဒါပေမဲ့ ကယ်တင်ရမယ့် လူအရေ အ တွက်က ဆယ်ယောက်ထက် မကျော်ပါ စေနဲ့..နာမည်ရတဲ့ အနေနဲ့ လူအနည်းငယ် ကယ်လိုက်တာက လုံလောက်ပါတယ်.."
"ဟုတ်ကဲ့ပါ ကျွန်တော် ချက်ချင်း ရှီရှီက ပ္ပတိန်ကို ပြန်ပြောပြီး မတော်တဆမှု့ဖြစ်ပွား တဲ့ ဧရိယာကို လူတွေ ကယ်ဆယ်ဖို့ သွားခိုင်း လိုက်ပါ့မယ်..."
ပြောပြီးနောက် ကျိုးယန်က ဖုန်းခေါ်ဆိုရန် ထွက်ခွာတော့မည်။ ဒါပေမဲ့ သူ့ကို လျူ ယောင် တားလိုက် ၏။
"မစ္စတာကျိုး E နိုင်ငံ ရေတပ်က...ငါ တို့ သင်္ဘောတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ ဒီကိစ္စကို လျစ်လျူရှုလို့ မရဘူး...ငါ တို့ရဲ့ Universal ကို ဒီလောက် လွယ်လွယ်ကူကူ လုပ်ချင်လို့ မရဘူး.."
လျူယောင်ဆီကနေ ခိုင်မာမှု့ကို ကျိုးယန် ခံစားရသည်။
"သူဋေး ကျွန်တော့်ကို ဘာလုပ်စေချင်တာ လဲ"
ဒါကို အရင်ကတည်းက လျူယောင် စဉ်းစား ထားပြီးသား ဖြစ်သည်။ သူ အမိန့်ပေးလိုက် ၏ ။
"မင်း ချက်ချင်း သတင်းစာရှင်းလင်းပွဲ ကျ င်းပလိုက်ဒီကိစ္စကို လူသိရှင်ကြား ကြေညာ ပြီး E နိုင်ငံ ရေတပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်..."
ပြောပြီးနောက် လျူယောင်က သူ့ရဲ့ ဖုန်းကို ထုတ်ပြီး ဗီဒီယိုအနည်းငယ်ကို ကျိုးယန်ဆီ ပို့လိုက်သည်။ ဒါတွေကို ကပ္ပတိန်ရမ်ဇီကွမ်း က သူ့ဖုန်းနဲ့ ရိုက်ထားတဲ့ မှတ်တမ်းတွေပဲ ဖြစ်သည်။
ဒီဗီဒီယိုတွေက သက်သေအထောက်အထား ဖြစ်သည်လေ။
လျူယောင် ထပ်မံ ညွှန်ကြားလိုက်၏။
"မင်း ဘလူးဝေးလ်ကို ထပ်ပြီး ဆက်သွယ် ကြည့် ..အခြား သင်္ဘောသားတွေလည်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အများကြီး ရိုက်ထား နိုင်တယ် ...သွားစုဆောင်းလိုက် ဒါတွေက အသုံးဝင်လာနိုင်တယ်..."
လျူယောင်ရဲ့ ရုံးခန်းကနေ ကျိုးယန် ထွက် လာခဲ့သည်။
နာရီဝက်ပင် မကြာပဲ ဒီဖြစ်ရပ်နဲ့ ပတ်သက် တဲ့ သတင်းက Universal ရဲ့ တရားဝင် ဝက် ဘ်ဆိုက်မှာ ဗီဒီယိုအနည်းငယ်နဲ့အတူ ဖော်ပြ ထားပေသည်။
Universalက E နိုင်ငံ ရေတပ်ရဲ့ လုပ်ရပ် တွေကို ပြစ်တင်ရှုတ်ချကြောင်း တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြပြီး သတင်းစာရှင်း လင်းပွဲ ကျင်းပမယ်လို့ ပြောကြားခဲ့သည်။
....
Universal မှ သတင်းစာရှင်းလင်းပွဲ ခန်းမ တွင်...
ကြီးမားတဲ့ ခန်းမထဲတွင် အနည်းဆုံး လူ နှစ် ရာ သုံးရာ ထိုင်နေကြသည်။ မီဒီယာ ဒါဇင် များစွာနဲ့ သတင်းထောက်တွေက အခမ်းအ နားကို ရောက် လာခဲ့ကြသည်။ သူတို့ရဲ့ ကင် မရာတွေကို ကျိုးယန်နဲ့ Universalရဲ့ အခြား အကြီးအကဲများဆီ ချိန်ရွယ်ထား၏။
ပြည်တွင်းမီဒီယာများအပြင် နိုင်ငံခြား မီဒီ ယာ သတင်းထောက်အချို့လည်း ပါဝင်ပေ သည်။
ဒီလို ကြီးမားတဲ့ အဖြစ်အပျက်မျိုးအတွက် သူတို့ရဲ့ ပညာရှင်အာရုံခံစားမှု့က ဒါဟာ ကြီး မားတဲ့ သတင်း ဖြစ်တယ်လို့ ပြောနေ ခဲ့ သည်။
နေ့လယ် လေးနာရီတွင် သတင်းစာရှင်းလင်း ပွဲကို တရားဝင် စတင်ခဲ့သည်။
ကျိုးယန်က ကင်မရာများစွာကို ကြည့်ပြီး အသံ ကျယ်လောင်စွာနဲ့ စတင်ရှင်းပြလိုက် သည်။
"ဂုဏ်သရေရှိ လူကြီးမင်းများ..မိတ်ဆွေများ ခဗျာ ..Universal ရဲ့ သတင်းစာရှင်းလင်းပွဲ ကနေ ကြိုဆိုပါတယ်..ကျွန်တော့်ရဲ့ လေးလံ တဲ့ နှလုံးသားနဲ့ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန် ကို ကြေညာချင်ပါတယ်.. နံနက် ၁:၀၀ နာရီ ဝန်းကျင်မှာ မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့ နိုင်ငံ တကာ ရေလမ်းကြောင်းမှာ အရမ်းဆိုးရွား တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါ တ ယ်...."