← Chapters

အံ့သြဖွယ်ရာ သတင်းစာ ရှင်းလင်းပွဲ

Vol. 30 Ch. 394

အံ့သြဖွယ်ရာ သတင်းစာ ရှင်းလင်းပွဲ

Vol. 30 Ch. 394

ကျိုးယန်က ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြပြီး နောက် ကြီးမားတဲ့ သတင်းစာရှင်းလင်းပွဲ ခန်းမထဲတွင် လုံးဝ တိတ်ဆိတ်သွား၏။ သ တင်းထောက်များစွာက အံ့အားသင့်နေ ကြ သည်။

သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှု့က

"ဒါ မဖြစ်နိုင်ဘူး " ဟူ၍ပင် ဖြစ်၏။

ခဏကြာတော့ သူတို့ အရူးတစ်ယောက်လို မျိုး ဖြစ်လာကြသည်။

"ဘုရားရေ..ဒီလိုအရာမျိုး တကယ်ရှိတာ လား.."

"E နိုင်ငံရဲ့ ရေတပ်မှာ ဒီလို အံ့အားသင့်စရာ လုပ်ရပ်မျိုး တကယ်ရှိနေတာလား.."

"နိုင်ငံတကာ ဥပဒေဆိုတာ ဘာလဲ..."

"လူတွေရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဝိဉာဉ် က ရော ဘယ်မှာလဲ..."

"တကယ့်ကို နိုင်ငံတကာရေလမ်းကြောင်းမှာ Universal ရဲ့ သင်္ဘောနှစ်စင်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာလား ..."

သူတို့သာ တကယ် သိမ်းပိုက်ခံခဲ့ရရင် အဖြူ ကို အနက်လို့ ခေါ်နိုင်မှာ မဟုတ်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောက သူတို့လက်ထဲ ရောက်နေပြီဆိုရင်တော့ သူတို့ ကြိုက်တာ ပြောနိုင်ပြီလေ။

"အဲဒီအချိန်တုန်းက E နိုင်ငံ ရေတပ်ကအ ကြောင်းပြချက် ရာပေါင်းများစွာနဲ့ ထောင် ပေါင်းများစွာသော အကြောင်းပြချက်တွေနဲ့ အသရေဖျက်ဖို့ လုပ်ခဲ့တာ ဖြစ်နိုင်တယ်.."

" သူတို့ မအောင်မြင်ခဲ့ဘူး.."

ခန်းမထဲတွင် ခဏတာ လုံးဝ တိတ်ဆိတ်သွ ား၏။ ထို့နောက် ဗြောင်းဆန်သွားပြီး ဆူညံ သံတွေ ဆွေးနွေးမှု့တွေ ထွက်ပေါ်လာ ပေ သည်။

ရုတ်တရက် သတင်းထောက်တစ်ဦးက ထ ရပ်လိုက်ပြီး လက်ထောင် ပြလိုက်သည်။သူ က တစ်ခုခု ပြောချင်ပုံရသည်။

ဒီလူက နိုင်ငံခြားသတင်းထောက်ဖြစ်ပြီး ဆံ ပင်ရွှေရောင်နှင့် မျက်လုံးအပြာရောင်ရှိတဲ့ လူငယ်တစ်ဦးပဲ ဖြစ်သည်။

ကျိုးယန်က လက်ထောင်ပြပြီး တိတ်တိတ် နေရန် ညွှန်ပြလိုက်တော့ ဆူညံနေတဲ့ သ တင်းစာရှင်းလင်းပွဲ ခန်းမတွင် တဖြည်း ဖြည်း တိတ်ဆိတ်သွားသည်။

ကျိူးယန်က ကျယ်လောင်စွာ ပြောလိုက်၏။

"အားလုံးပဲ ကျွန်တော် အခြေအနေကို ရှင်းပြ ပြီးပါပြီ ..အခု မေးခွန်းတွေ မေးနိုင်ပါပြီ.. အားလုံးကို ကျွန်တော် ဖြေပေးပါ့မယ်.."

ပြောပြီးနောက် သူက နိုင်ငံခြားသတင်း ထောက်ကို မေးခွန်းမေးရန် အမူအရာပြ လိုက်သည် ။

"ကျွန်တော့်ရဲ့ သတင်းထောက်မိတ်ဆွေ … ဘာမေးခွန်းတွေ ရှိပါသလဲ.."

နိုင်ငံခြားသတင်းထောက်က ချက်ခြင်း မေး လိုက်၏။

"မစ္စတာကျိုး ကျွန်တော်က.. E နိုင်ငံရဲ့ Freedom Times သတင်းထောက်ပါ. .ခင်ဗျ ားတို့ရဲ့ နိုင်ငံမှာ စကားလုံးအချည်းနှီးဆိုတဲ့ စကားပုံ ရှိတယ်လို့ ပြောချင်ပါတယ်.. ခင် ဗျားတို့ရဲ့ ကုမ္ပဏီရဲ့သင်္ဘောတွေကို ကျွန် တော်တို့ ရေတပ်က သိမ်းပိုက်ချင်တယ် ဆို တာ.. သက်သေပြဖို့ ဘာသက်သေရှိပါ သ လဲ..."

လူများစွာက ဒီသတင်းထောက်ကို အဓိ ပ္ပာယ်အမျိုးမျိုးနဲ့ ကြည့်နေကြသည်။

မြင်တတ်တဲ့ မျက်လုံးရှိသူတိုင်း E နိုင်ငံမှ ဒီ သတင်းထောက်က မရိုးသားတဲ့ ရည်ရွယ် ချက်ရှိကြောင်း ချက်ချင်း ပြောနိုင်၏။ဒီ သ တင်းထောက်က မေးခွန်းမေးတာ မဟုတ် ဘဲ မေးခွန်းထုတ်နေတာပဲ ဖြစ်သည်။

ကျိုးယန်က ဒီအတွက် ပြင်ဆင်ထားခဲ့သည်။

"ကျွန်တော်တို့မှာ သက်သေရှိပါတယ်"

ပြောပြီးနောက် သူ လက်ထောင်ပြလိုက်၏။

Universal မှ ဝန်ထမ်းတစ်ဦးက နားလည်ပြီး ဗီဒီယိုတစ်ခုကို စတင်ဖွင့်ပြလိုက်သည်။

ဒီ ဗီဒီယိုက အရမ်းရှင်းလင်းလှသည်။ E နိုင် ငံ စစ်သင်္ဘောပေါ်မှာ အပြည့်အဝ လက်နက် တပ်ဆင်ထားတဲ့ ရေတပ်သားတွေက သ င်္ဘောပေါ်တက်ဖို့ အသင့်ပြင်ဆင်နေတာကို မြင်ရုံသာမက အဖြစ်အပျက်ဖြစ်ပွား တဲ့နေ ရာမှ အသံကိုပါ ရှင်းရှင်းလင်းလင်း ကြားနေ ရသည်။

ဒီဗီဒီယိုက တစ်မိနစ်ခွဲလောက် ကြာမြင့်၏။

ဒီဗီဒီယိုကို ကြည့်ပြီးနောက် မစ္စတာကျိုးယန် ခုနက အမှန်အတိုင်း ပြောတာ မဟုတ်ဘူးလို့ သးတို့ တွေးမိကြသည်။

ချက်ချင်းပဲ လူများစွာက E နိုင်ငံမှ သတင်း ထောက်ကို ကြည့်လိုက်သည်။ အဲဒီ မျက်လုံး တွေက အခြေခံအားဖြင့် လှောင်ပြောင်နေ သလိုမျိုးပင်။

"မင်း အဲဒါ့ကို ကောင်းကောင်း ရင်ဆိုင်လိုက် စမ်း..."

လူများစွာရဲ့ ရှေ့မှာ သက်သေမရှိဘဲ Universal ကို စိတ်အားထက်သန်စွာ ဒီလူက မေးခွန်းထုတ်ခဲ့သည်။ ရလဒ်အနေဖြင့် Universal ဘက်က ဗီဒီယိုကို လူအများရှေ့ တွင် ဖွင့်ပြလိုက်သည်။

လူတိုင်းရဲ့ တုံ့ပြန်မှု့နဲ့ ပတ်သက်ပြီး ကျိုးယန် အရမ်းကျေနပ်ရသည်။သူ အသံကျယ်လော င်စွာ ပြောလိုက်၏။

"ကျွန်တော်တို့ဆီမှာ ဒီလို ဗီဒီယိုတွေ အ များကြီး ရှိပါသေးတယ်.. ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဗီဒီယိုများစွာ ရှိ ပါတယ် ..အဲဒါနဲ့ မလုံလောက်ဘူးလို့ ထင်ရင် အစည်းအဝေးပြီးနောက် ကျွန်တော်တို့ရဲ့ သ တင်းဌာနကို ဆက်သွယ်နိုင်ပါတယ်. .ကျွန် တော်တို့ ဗီဒီယိုကောင်းတွေ ထပ်ပေးနိုင်ပါ တယ်..."

"မေးခွန်းထုတ်တာက သက်သေမရှိဘူး ဟု တ်လား"

ရလဒ်အနေနဲ့ အဖြစ်အပျက်ဖြစ်ပွားတဲ့ နေ ရာက ဗီဒီယိုသာမက တစ်ခုထက်ပိုပြီး Universal တွင် ရှိနေပေသည်။

"ဝိုး Universalရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ကျွန်တော် သတိမထားမိခဲ့ဘူး တကယ်ပဲ ဗီ ဒီယိုများစွာ ရှိနေတာပဲ.."

"ဒီဗီဒီယိုတွေက အရမ်းကို ရှင်းလင်းပြီး ရိုက် ကူးတဲ့ထောင့်တွေလည်း ကောင်းတာပဲ...."

ကိစ္စတွေက ရှင်းနေပြီး မေးခွန်းထုတ်စရာ ဘာမှ မရှိတော့ပေ။

သတင်းစာရှင်းလင်းပွဲခန်းမတွင် ထပ်ပြီး ဆူ ညံလာသည်။ လူတိုင်းက ဆွေးနွေးနေကြပြီး စကားပြောနေကြ၏။ လူများစွာက သူတို့ရဲ့ မိုဘိုင်းဖုန်း ဒါမှမဟုတ် လက်ပ်တော့ပ်နဲ့ Universal ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ဖွင့် လိုက်ရာ အကြောင်းအရာတွေကို မြင်ကြ ရ သည်။

အချို့လူတွေက E နိုင်ငံမှ သတင်းထောက် ကို ထပ်ကြည့်လိုကိသည်။ သူတို့ရဲ့ အကြည့် တွေက လှောင်ပြောင်မှု့သက်သက်သာ ဖြစ် သည်။

အဲ့ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ "ဖပ် ဖပ် ဖပ် " မြည်သံ ထွက်လာသလိုမျိုးပင်။

E နိုင်ငံ သတင်းထောက်ရဲ့ မျက်နှာက နီရဲပြီး ဖြူဖျော့သွားသည်။ သူ တကယ်ကို စိတ်ပျ က်အားငယ်စွာနဲ့ ဒီနေရာမှ သူ ထွက်သွားချ င်နေသည်။

ကျိုးယန်က လူတိုင်းကို အချိန်ပေးလိုက် သည်။ နှစ်မိနစ် သုံးမိနစ်ကြာတော့ သူ ထ ရပ်ကာ လက်ထောင်ပြပြီး တိတ်တိတ်နေရန် အမူအရာပြလိုက်သည်။

"အားလုံးပဲ..ခဏလောက် ငြိမ်ပေးကြပါ ..ဆက်ပြီး မေးခွန်းတွေ မေးကြပါဦး..."

M နိုင်ငံမှ သတင်းထောက်တစ်ဦး ထရပ်ပြီး မေးလိုက်၏။

"မစ္စတာကျိုး E နိုင်ငံရဲ့ ရေတပ်က ခင်ဗျား ရဲ့ သင်္ဘောကို သိမ်းပိုက်ချင်တာက တစ်ခုခု ပြဿနာလို့ ထင်ပါတယ်..ခင်ဗျားရဲ့ ကုမ္ပဏီ ပိုင် သင်္ဘောက ဘာပြဿနာမှ မရှိဘူးဆိုတာ ကိုရော ဘယ်လို သက်သေပြနိုင်မလဲ.."

လူများစွာက M နိုင်ငံမှ သတင်းထောက်ကို ကြည့်လိုက် ကြသည်။

အချို့လူတွေက စိတ်ထဲကနေ ဘာလို့ ဒီလို မေးခွန်းမျိုး မေးရတာလဲလို့ တွေးနေကြ သည်။ ဒါက E နိုင်ငံရဲ့ ရေတပ်ကို ဖုံးဖိ ပေး ချင်တာ ထင်ရှားနေသည်။

ဒါ့အပြင် ဘာမှပြဿနာ မရှိဘူးဆိုတာ ဘယ် နေရာမှာ သက်သေပြနိုင်မည်နည်း။

E နိုင်ငံရဲ့ ရေတပ်က ဘလူးဝေးလ်နဲ့ ရှီဝမ်မှာ ပြဿနာရှိတယ်လို့ ပြောခဲ့တာဆိုတော့ သက် သေအထောက်အထားကို E နိုင်ငံ ရေတပ်က တင်ပြသင့်သည်။

" Universal က ပြဿနာ မရှိဘူးဆိုတာ ဘ ယ်လို သက်သေပြမလဲ..."

ဒါက ကြီးမားတဲ့ ပြဿနာပဲဖြစ်၏။

လူများစွာက ကျိုးယန်နဲ့ သူ့ရဲ့အဖွဲ့ကို စိုးရိမ် စွာ ကြည့်နေကြသည်။သ တင်းထောက် အ ချို့က သူတို့အတွက် ချွေးပြန်နေကြသည်။

လူတိုင်း မမျှော်လင့်ထားတာက ကျိုးယန် တို့အဖွဲ့ က လုံးဝ ထိတ်လန့်မသွားကြပေ။ အတော်လေး တည်ငြိမ်နေကြပြီး သူတို့က အချိန်ကြာကြာ ပြင်ဆင်ထားသလိုမျိုး ဖြစ်နေသည်။

"ကိုယ့်ရဲ့ အပြစ်ကင်းစင်မှု့ကို ဘယ်လို သက်သေပြရမလဲ..."

လူများစွာက အရမ်းကို သိချင်နေကြပြီး သူ တို့ရဲ့ အကြည့်တွေအားလုံးက ကျိုးယန်တို့ အဖွဲ့ပေါ်မှာပဲ ရှိနေသည်။ Universal က ဘ ယ်လို တုံ့ပြန်မလဲဆိုတာ သိချင်နေကြသည်။

ဒါကတော့ ကျိုးယန်ပဲ ဖြစ်သည်။လူတိုင်းရဲ့ အကြည့်တွေအောက်မှာ သူက တည်ငြိမ်စွာနဲ့ ရှင်းပြလိုက်၏။

"ဒီဖြစ်ရပ်ပြီးနောက် E နိုင်ငံ ရေတပ်ရဲ့ စစ် သင်္ဘောနှစ်စင်းက သူတို့ရဲ့ ကိုယ်ပိုင်အ ကြောင်းပြချက်ကြောင့် နစ်မြုပ်သွားခဲ့ပါ တယ်... E နိုင်ငံ ရေတပ်က နိုင်ငံတကာ အ များသုံးချန်နယ်ကနေ အရေးပေါ်အချက် ပေးစနစ် ပို့ခဲ့ပါတယ်..ကျွန်တော်တို့ရဲ့ ရှီရှီက မလှမ်းမကမ်းမှာ ရှိနေလို့ ချက်ချင်း အဲဒီကို သွားရောက်ခဲ့ပါတယ်..."

"ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ရေထဲ ကျ သွားတဲ့ ရေတပ်သား ၆ ယောက်ကို ကျွန် တော်တို့ ကယ်တင်နိုင်ခဲ့ပါတယ်.. သူတို့ထဲ က တစ်ယောက်က စစ်သင်္ဘောရဲ့ ကပ္ပတိန် တစ်ဦးဖြစ်ပါတယ်... သူ့မှာ ဗီဒီယိုတစ်ခု ရှိ နေပါတယ်... ကျေးဇူးပြုပြီး မျက်နှာပြင် ကြီးပေါ်မှာ ကြည့်ရှုပေးကြပါ..."

"ဘာ.."

လူတိုင်းက မျက်နှာပြင်ကြီးကို တစ်ပြိုင်နက် တည်း ကြည့်လိုက်ကြသည်။

မေးခွန်းမေးခဲ့တဲ့ M နိုင်ငံ သတင်းထောက်က တစ်ခုခု မှားနေတာကို ခံစားမိသွားပုံရ၏။ သူ့ရဲ့ ဆဌမအာရုံက ဒီတစ်ကြိမ်မှာ ကိုယ့် ခြေထောက်ကိုယ် ပြန်ပစ်လိုက်ပြီလို့ သူ့ကို ပြောနေသည်။

မှတ်တမ်းတင်ထားသည့် ဗီဒီယိုတစ်ခုကို မျ က်နှာပြင်ကြီးပေါ်မှာ စတင်ဖွင့်ပြခဲ့ရာ E နိုင် ငံ ရေတပ်ယူနီဖောင်းဝတ်ထားတဲ့ လူဖြူတ စ်ယောက်က သူ့ကိုယ်သူ အရင် မိတ်ဆက် နေသည်။ သူ့နာမည်က XXX ဖြစ်ကြောင်း သူဟာ XX ဖျက်သင်္ဘောရဲ့ ကပ္ပတိန် ဖြစ် ကြောင်း သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ ဘာ တွေ ဖြစ်ကြောင်း စသဖြင့် ပြောပြခဲ့သည်။

အသံနှင့် ပုံရိပ်က အရမ်းကို ရှင်းလင်းလှ သည်။ ဒီဖြစ်ရပ်ရဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြောပြရုံသာမက ဒါက ပူးပေါင်းကြံစည်မှု့ ဖြစ်ကြောင်းနဲ့ သူတို့က Universal ရဲ့ သ င်္ဘောနှစ်စင်းကို သက်သေမရှိဘဲ သိမ်းပိုက်ဖို့ စီစဉ်နေကြောင်းကိုလည်း ရှင်းရှင်းလင်း လင်း ပြောပြနေသည်။

"အရူးလို သတင်းဆိုတာ ဒါပဲ... "

သတင်းထောက်များစွာက သွေးကြောထဲ ဆေးသွင်းခံရသလိုမျိုး စိတ်လှုပ်ရှားနေ ကြ သည်။ ဒါက ကြီးမားတဲ့ သတင်းဖြစ် ကြောင်းကို သူတို့ သိကြသည်။ ဒီလိုမျိုး သ တင်းတင်ပြလိုက်တာနှင့် လူများစွာရဲ့ အာ ရုံစိုက်မှု့ကို အများကြီး ဆွဲဆောင်နိုင်လိမ့် မည်။

အချို့ သတင်းထောက်တွေက သူတို့ရဲ့ လက်ပ်တော့ပ်ပေါ်တွင် သတင်းအစီရင်ခံ စာတွေကို စတင် ရေးသားနေကြသည်။

တချို့ လူများက M နိုင်ငံရဲ့ သတင်းထောက် ကို ကြည့်နေကြသည်။

"ဒီတစ်ခါလည်း မျက်နှာကို ထပ်ရိုက်ခံရ ပြန် ပြီ.."

"ဘာကြောင့် Universal ကို သူတို့ရဲ့ အပြစ် ကင်းစင်မှုကို သက်သေပြခိုင်းရတာလဲ.. "

ရလဒ်အနေနဲ့ ဒီလို ဗီဒီယိုမျိုး ပေါ်လာခဲ့ပေ သည်။

ဒီ M နိုင်ငံ သတင်းထောက်ရဲ့ မျက်နှာက ထူ ပူနေသည်။ ဒီရှက်စရာက တော်တော် ကြီး မားတာပဲ ဖြစ်၏။

ဒါပေမဲ့ သူ နားမလည်နိုင် ဖြစ်နေသည်။ E နိုင်ငံ ရေတပ်ကပ္ပတိန်က အရမ်းရိုးသားလွန်း နေသည်။

"ဒါက နိုင်ငံတော်ကို သစ္စာဖောက်တာ ဖြစ် ပြီး သူ့ရဲ့ ရာထူးနဲ့နေရာက E နိုင်ငံ ရေတပ် ကို သစ္စာခံမယ်လို့ မပြောခဲ့ဘူးလား..."

"ဘယ်လိုလုပ် ရေနောက်ကို ဆန်တက်သွား ရတာလဲကွာ..."

"ဗီဒီယိုလည်း မှတ်တမ်းတင်ထား သေး တယ်... "

All Chapters