← Chapters

ချောင်ပိတ်ရိုက်ခြင်း

Vol. 30 Ch. 395

ချောင်ပိတ်ရိုက်ခြင်း

Vol. 30 Ch. 395

E နိုင်ငံရေတပ်ကပ္ပတိန်ရဲ့ ဗီဒီယို ပေါ်ထွက် လာတာနဲ့ ချက်ချင်းပဲ ထိတ်လန့်စရာ သ တင်းတစ်ခု ဖြစ် လာပြီး အခမ်းအနားတစ်ခု လုံး ဗြောင်းဆန်သွားကြသည်။

သတင်းထောက်အချို့ဆိုလျှင် သူတို့ရဲ့ လက်ပ်တော့ပ်ပေါ်မှာ သတင်းဆောင်းပါး တွေ ချက်ချင်း ရေးသားနေကြသည်။

M နိုင်ငံရဲ့ သတင်းထောက်ကတော့ လုံးဝ လှောင်ပြောင်ခံရပြီး သူ့ရဲ့ မျက်နှာက အ ရမ်း ထူပူနေ၏။

ကျိုးယန်က ဒီအကျိုးသက်ရောက်မှုနဲ့ ပတ် သတ်ပြီး အရမ်းကျေနပ်မိသည်။

သူ စိတ်ထဲကနေ သူဋေးကို အရမ်း ချီးကျူး နေမိသည်။သူဋေးက ဒီဗီဒီယိုကို ရိုက်ကူးဖို့ အကြံပြုခဲ့ပြီး တကယ်ပဲ သူ အသုံးပြု ရလိမ့်မယ်လို့ မထင်ထားပေ။ အကျိုးသက် ရောက်မှု့က အံ့မခန်းပဲ ဖြစ်သည်။

" E နိုင်ငံရဲ့ ရေတပ်ကပ္ပတိန်ဟာ ဘယ်လို လုပ် ဒီလို ဗီဒီယိုမျိုး ရိုက်ကူးနိုင်ခဲ့တာလဲ ..."

ဥပမာ သူက စစ်သင်္ဘောရဲ့ ကပ္ပတိန် ဖြစ်ပြီး သူ့ကို E နိုင်ငံ ရေတပ်ရဲ့ အရာရှိတစ်ဦး အ ဖြစ် သတ်မှတ်နိုင်ပေသည်။ ယုတ္တိရှိရှိ ပြော ရရင် သူက တခြားသူတွေကို ဆန့်ကျင်မှာ မဟုတ်ပေ။

ကယ်တင်ခဲ့တဲ့ အဲ့ဒီ့ ကပ္ပတိန်အား ကပ္ပတိန် ရမ်ဇီကွမ်းတို့အဖွဲ့ကို ခြိမ်းခြောက်ဖို့ လျူ ယောင် အမိန့်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာ ခဲ့ သည်။

ဒေါ်လာ ၂ သန်းပဲ လျူယောင် ကုန်ခဲ့ပြီး အဲ ဒါက ကပ္ပတိန်ရဲ့ ပါးစပ်ကို ဖွင့်ပေးကာ ဒီလို ဗီဒီယိုမျိုး ရိုက်ကူးဖို့ ဒီလူက သဘောတူခဲ့ တာပဲ ဖြစ်၏။

ဒေါ်လာ ၂ သန်းနဲ့ ဗီဒီယို မရိုက်ခင် ဒီလူ့ကို စွမ်းရည်အမှတ်ပေးဖို့ လျူယောင် ကြိုးစား ခဲ့ပေမယ့် မရခဲ့ပေ။

ရန်လိုတဲ့သူတွေ ဒါမှမဟုတ် လျူယောင်ကို မကြိုက်တဲ့သူတွေကို စွမ်းရည်အမှတ်တွေ ပေးလို့မရပေ။ နည်းလမ်းမရှိတော့ ငွေသုံး လိုက်ရသည်။ အံ့ဩစရာကတော့ အကျိုး သက်ရောက်မှု့ ရှိပေသည်။

လူတိုင်းရဲ့ တုံ့ပြန်မှု့တွေကို ကျိုးယန် ကျေန ပ်စွာ ကြည့်နေသည်။ လူတိုင်းကို အချိန်အ လုံအလောက် ပေးပြီးနောက် နှစ်မိနစ် သုံး မိနစ်လောက်ကြာတော့ လူတိုင်းကို တိတ် ဆိတ်နေဖို့ သူ အမူအရာပြလိုက်သည်။

တဖြည်းဖြည်းနဲ့ သတင်းစာရှင်းလင်း ပွဲခန်း မထဲတွင် တိတ်ဆိတ်သွားသည်။

ကျိုးယန် သတင်းထောက်တွေရဲ့ မေးခွန်း တွေကို ဆက်ပြီး ဖြေလိုက်သည်။

သတင်းထောက်တစ်ယောက်က မေးလိုက် ၏။

"မစ္စတာကျိုး လူထုကို အမှန်တရား ဖော် ထုတ်ဖို့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာ အပြင် ခင်ဗျားတို့ဘက်က ဘယ်လို အစီအမံ တွေ လုပ်သွားမလဲ..."

ကျိုးယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက် သည်။

"ဧည့်သည်တွေ လာရင် ဝိုင်ကောင်းကောင်း ရှိပြီး ရန်သူ လာရင် သေနတ် ရှိပါတယ်..E နိုင်ငံရဲ့ ရေတပ်က ကျွန်တော်တို့ရဲ့ သင်္ဘော ကို သိမ်းပိုက်ဖို့ စစ်သင်္ဘောနှစ်စင်း စေလွှတ် ခဲ့တာကြောင့် E နိုင်ငံရဲ့ ရေတပ်ကို သင်ခန်း စာပေးဖို့ တန်ပြန်အစီအမံအချို့ကို ကျွန် တော်တို့ မဖြစ်မနေ လုပ်ဆောင်သွားမှာပါ..."

"ဥက္ကဋ္ဌကျိုး ပို တိကျစွာ ပြောပြနိုင်မလား ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းက ဘယ်လို အစီ အမံတွေကို လုပ်ဆောင်သွားမလဲ.."

ကျိုးယန် ချက်ခြင်း ပြန်ဖြေလိုက်သည် ။

"ဒီအချိန်မှာ ထုတ်ဖော်ဖို့ မသင့်တော်ပါဘူး E နိုင်ငံရဲ့ ရေတပ် ကို ကျွန်တော်တို့ Universal က ဘယ်လို သင်ခန်းစာရမလဲဆိုတာကို ခင် ဗျားတို့ အနာဂတ်မှာ မြင်ရမှာပါ.."

ဒီသတင်းစာရှင်းလင်းပွဲကို ညနေ ၄:၀၀ နာရီ မှာ စတင်ပြီး ညနေ ၅:၃၀ နာရီ ဝန်းကျင်မှာ ပြီးဆုံးခဲ့သည်။ဒါက တစ်နာရီခွဲလောက် ကြာမြင့်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲပြီးနောက် မီဒီယာ အချို့ က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်း ကို စတင် ဖော်ပြခဲ့သည်။ အချို့ ဝက်ဘ် ဆိုက်တွေနဲ့ မိုဘိုင်းဖုန်းတွေမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ပိုများလာပြီး ရေပန်းစားတဲ့ သတင်းတစ်ခု ဖြစ်လာ၏။

"E နိုင်ငံ ရေတပ် ထိန်းချုပ်ခန်း .."

မက်သရူးရိုင်ယန်က ရုံးကုလားထိုင်ပေါ်မှာ မှိုင်းညို့ နေတဲ့ မျက်နှာနဲ့ ထိုင်နေသည်။ ရုံး ခန်းထဲမှာတော့ E နိုင်ငံရဲ့ ရေတပ်အရာရှိ များစွာ ရှိနေပြီး သူတို့က သတင်း တင်ပြနေ ကြသည်။

"ဗိုလ်ချုပ် ကျွန်တော်တို့ရဲ့ အဆင့်မြင့် ဒုံးပျံ ဖျက်သင်္ဘောနှစ်စင်းက မီတာ ၂,၀၀၀ အန က်ကို နစ်မြုပ်သွားပါပြီ.. စုစုပေါင်း လူ ၃၇၅ ဦးရှိပြီး ၁၉၆ ဦးပဲ ကယ်တင်နိုင်ခဲ့ပါတယ်.."

ပင်လယ်အောက်ခြေကို နစ်မြုပ်သွားတဲ့ အ ဆင့်မြင့် စစ်သင်္ဘောနှစ်စင်းနဲ့အတူ သူတို့ ဒီ တစ်ခါ ကြီးမားတဲ့ ဆုံးရှုံးမှု့များ ကြုံတွေ့ခဲ့ ရသည်။

အရာရှိတစ်ဦးက ဒေါသတကြီး ပြောလိုက် သည်။

"ကျွန်တော်တို့ရဲ့ စစ်သင်္ဘောနှစ်စင်း နစ်မြုပ် တာက Universal နဲ့ တစ်ခုခု ဆက်စပ်နေရ မယ်.. သူတို့ မကောင်းတာတစ်ခုခု လုပ်တာ ပဲ ဖြစ်ရမယ်.."

"ဗိုလ်ချုပ်.. ကျွန်တော်လည်း Universal နဲ့ ဆက်စပ်နေတယ်လို့ ထင်ပါတယ်..အချို့ သင်္ဘောသားတွေရဲ့ ဖော်ပြချက်အရ စစ် သင်္ဘောမနစ်ခင်မှာ အားလုံးက သင်္ဘော အောက်ခြေကနေ တအိအိ မြည်သံတွေ ကြ ားခဲ့ရတယ်လို့ ပြောပါတယ်..."

မက်သရူးရိုင်ယန်က ဖြည်းဖြည်းချင်း အမိန့် ပေးလိုက်၏။

"ငါတို့ရဲ့ စစ်သင်္ဘောနှစ်စင်း နစ်မြုပ်ရတဲ့ အ မှန်တကယ် အကြောင်းရင်းကို ရှာဖွေဖို့ စုံစ မ်းစစ်ဆေးမှု့ စတင်လိုက်ပါ..."

"ဟုတ်ကဲ့..."

ဒီအရာရှိတွေ တစ်ဦးပြီးတစ်ဦး တင်ပြပြီး နောက် တခြားအရာရှိတစ်ဦးက အကြံပြု လိုက်သည်။

"ဗိုလ်ချုပ် စုံစမ်းစစ်ဆေးမှု့ပြီးနောက် ကျွန် တော်တို့ရဲ့ စစ်သင်္ဘောနစ်မြုပ်တာက Universal နဲ့ ဆက်စပ်နေတယ်ဆိုရင် သူတို့ ကို ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ရပါမယ်..."

"ဒဏ်ခတ်ပိတ်ဆို့မှု့ကို လုပ်ရမှာပေါ့"

မက်သရူးရိုင်ယန် ဒေါသကြီး အော်ပြော လိုက်သည်။

"ကျွန်တော်တို့ရဲ့ စစ်သင်္ဘောနှစ်စင်း နစ် မြုပ်တာအပြင် M နိုင်ငံရဲ့ ရေငုပ်သင်္ဘော လည်း နစ်မြုပ်သွားတယ်.. ရေငုပ်သင်္ဘော ထဲက အရာရှိနဲ့ စစ်သား ၆၀ ကျော် ဘယ်သူ မှ မရှင်သန်ခဲ့ပါဘူး"

ထိုအရာရှိက ဆက်ပြောလိုက်သည်။

မက်သရူးရိုင်ယန်လည်း ဒီအခြေအနေကို ခု မှ သိရသည်။ M နိုင်ငံ စစ်တပ်က သူ့ကို ဖုန်း နဲ့ အကြောင်းကြားခဲ့သည်။

"ဘာ.."

"M နိုင်ငံက ရေငုပ်သင်္ဘောတောင် နစ်မြုပ် သွားတာလား.."

အရာရှိတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး စိတ်ထဲကနေ တွေးနေကြ သည်။

"ဒီရေငုပ်သင်္ဘော နစ်မြုပ်တာလည်း Universal နဲ့ ဆက်စပ်နေမယ်ဆိုရင် အရမ်း ကို ကြောက်စရာကောင်းတာပဲ.."

ဒီရေငုပ်သင်္ဘော နစ်မြုပ်တာက တိုက်ဆိုင်မှု့ ပဲ ဖြစ်ပါစေ Universal နဲ့ ဘာမှ မဆက်စပ် ပါစေနဲ့လို့ သူတို့ မျှော်လင့်မိကြသည်။

သူတို့ မသိစိတ်ထဲကနေ ထိတ်လန့်သွား ကြ သည်။

ရုံးခန်းထဲတွင် အရမ်းကို တိတ်ဆိတ်နေပြီး အားလုံး ငြိမ်သက်သွားကြသည်။

အချိန်အကြာကြီး ကြာပြီးနောက် မက်သရူး ရိုင်ယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အ မိန့်ပေးလိုက်၏။

"ငါတို့ရဲ့ စစ်သင်္ဘောနစ်မြုပ်တာက Universal နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်..."

ရှင်းရှင်းလင်းလင်း မစုံစမ်းဘူးဆိုရင် ဒီကိစ္စ က သူ့ရဲ့ နှလုံးသားထဲမှာ မသက်မသာ ဖြစ် နေပေလိမ့်မည်။

ဘာလို့လဲဆိုတော့ သူက တစ်ဖက်လူရဲ့ နည်း လမ်းတွေကို လုံးဝ နားမလည်လို့ပါပဲ။ တစ် ဖက်လူက သူ့ရဲ့ စစ်သင်္ဘော နစ်မြုပ်သွားတ ာလိုမျိုး အကြိမ်ပေါင်းများစွာလုပ်ခဲ့မယ် ဆိုရင် ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှု့မျိုးကို သူ တို့ ခံနိုင်ရည် မရှိပေ။

ဒီစစ်အရာရှိတွေကလည်း ကိစ္စရဲ့ အရေး ကြီးပုံကို သိကြ၏။ သူတို့အားလုံး ဒီကိစ္စကို အင်အားအပြည့်နဲ့ စုံစမ်းစစ်ဆေးရမယ်လို့ အစီအစဥ် ဆွဲထားကြသည်။

အရာရှိတစ်ဦးက နောက်ထပ် ကိစ္စတစ်ခုကို သတင်းပို့လိုက်သည်။

"ဗိုလ်ချုပ်..ခုနက Universal က ဖြစ်ရပ်တစ် ခုလုံးရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ သတင်း စာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်.. သတင်း တွေကကျွန်တော်တို့အတွက် အင်မတန်မှ ဆိုးရွားပါတယ်.."

" ဘာ ဒီလိုဖြစ်ခဲ့တာလား.."

မက်သရူးရိုင်ယန် စားပွဲပေါ်က ခွက်တစ်လုံး ကို ကောက်ကိုင်ပြီး မြေပြင်ပေါ်ကို အားနဲ့ပစ် ပေါက်လိုက်သည်။

" ခွမ်းးး "

ဖန်ခွက်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။

သူ ဒေါသထွက်နေပြီး အရမ်းကို စိတ်ဆိုးနေ သည်။

Universal က ဒီကိစ္စကို ဖော်ထုတ်ဖို့ ဒီလော က် အပြစ်ကင်းပြီး လျင်မြန်စွာ လုပ်ဆောင် လိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ နိုင်ငံတ ကာမှာ E နိုင်ငံရဲ့ ရေတပ်ကို လုံးဝ လေးစား မှု မရှိတော့တာ သေချာသည်။

"ဗိုလ်ချုပ် Universal က သတင်းစာရှင်း လ င်းပွဲမှာ ကျွန်တော်တို့ကို တန်ပြန်ဖို့ အစီအမံ တွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါ တယ်.."

မက်သရူး ရိုင်ယန် ဘာမှ မပြောနိုင်ခင်မှာပဲ နောက်ထပ် အရာရှိတစ်ဦးက နှစ်သိမ့်လိုက် သည်။

"စိတ်မပူပါနဲ့.. သူတို့ ဘယ်လို တုန့်ပြန်နိုင်မှာ လဲ.."

တခြား စစ်အရာရှိအချို့ကလည်း ဒါကို အ တည်ယူလိုက်ကြသည်။ Universal က သူ တို့ကိုယ်သူတို့ မျက်နှာရအောင် စားပွဲပေါ်မှာ ပြောနေတာပဲလို့ ထင်ခဲ့ကြသည်။ E နိုင်ငံရဲ့ ရေတပ်ကို တုန့်ပြန်ဖို့ ဆိုတာ ဟာသပဲ ဖြစ် လိမ့်မည်။

..........

E နိုင်ငံရဲ့ Fask ဆိပ်ကမ်းတွင် ..

ဒါက E နိုင်ငံရဲ့အနောက်ဘက်တွင် အကြီး ဆုံး ဆိပ်ကမ်းမြို့ဖြစ်ပြီး E နိုင်ငံရေတပ်ရဲ့ အကြီးဆုံး စစ်ဆိပ်ကမ်းလည်း ဖြစ်၏။ သူ တို့က သာမန် သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘော တွေထက် အရေအတွက် ပိုများပြီး ဒီဆိပ် ကမ်းမှာ တစ်နှစ်ပတ်လုံး ဆိုက်ကပ်ထားပေ သည်။

E နိုင်ငံ ရေတပ်ရဲ့ ဌာနချုပ်ကလည်း ဒီမြို့ မှာ ရှိသည်။ တိကျစွာပြောရရင် Fask ဆိပ် ကမ်းက စစ်ရေးနဲ့ ပတ်သက်တဲ့ မြို့တစ်မြို့ လည်း ဖြစ်ပေသည်။

လိပ်ကြီးက မိုင်ပေါင်းများစွာ ကူးခတ်လာ ပြီးနောက် နောက်ဆုံးတော့ Fask ဆိပ်ကမ်း အပြင်ဘက်ကို ရောက်လာသည်။ ပင်လယ် ရေပြင်ပေါ်မှာ သူ့ရဲ့ ခေါင်းတစ်ခြမ်းကို တိ တ်တိတ်လေး ဖော်ထား၏။ ခဏလောက် ကြည့်ပြီးနောက် ရေအောက်ထဲ သူ ပြန်ငုတ် သွားသည်။

ခုချိန်က နေ့ခင်းဘက်ဖြစ်ပြီး ဒေသစံတော် ချိန် မနက် ရှစ်နာရီ ဝန်းကျင်လောက် ရှိ သည်။

"သခင်ရေ ကျွန်တော် Fask ဆိပ်ကမ်း အ ပြင်ဘက်ကို ရောက်ပါပြီ..."

လိပ်ကြီးရဲ့အသံက သူ့ စိတ်ထဲမှာ ပေါ်လာ သည်။ လျူယောင် ချက်ချင်းပဲ လက်မ ထောင်ပြပြီး အချိန်ကို ကြည့်လိုက်သည်။ ဟွာဟိုင်းမြို့မှာတော့ ည ဖြစ်နေ၏။ လျူ ယောင် ခန့်မှန်းကြည့်တော့ Fask ဆိပ်ကမ်း ရဲ့ ဒေသစံတော်ချိန်က မနက်ပိုင်း ဖြစ်လော က်သည်။

"ငါ့ကောင်ကြီး ..ညသန်းခေါင်ကျမှ လုပ်မယ် အခု မဝင်သေးနဲ့ မြွေကို မလန့်စေနဲ့.. မင်းနေ ရာတစ်ခု ရှာပြီး ကောင်းကောင်း အနား ယူ လိုက်.."

"အိုခေ သခင် ...ကျွန်တော် တကယ်နည်းန ည်း ပင်ပန်းနေပြီ.. ဒါကြောင့် ကျွန်တော့်ရဲ့ ဗိုက်ကို အရင်ဖြည့်လိုက်မယ်..."

Fask ဆိပ်ကမ်းကနေ လိပ်ကြီး ထွက်လာခဲ့ ၏။ ရေမိုင် နှစ်ရာ သုံးရာကို သူ တစ်ခါ တည်း ကူးခတ်လာပြီး ဒီရေပြင်ဝန်းကျင် တွင် အရင်ဆုံး အမဲလိုက်ကာ ဗိုက်ဖြည့် လိုက်သည်။

All Chapters