E နိုင်ငံရဲ့ ရေတပ်ကို လတ်စား ချေ ခြင်း
Vol. 30 Ch. 396
အခု လိပ်ကြီးရဲ့ အလုပ်က အစာလုံလုံ လော က်လောက် စားပြီး အားအင်ပြန်ဖြည့်ကာ ည သန်းခေါင်ယံ အချိန်ရောက်ရင် လူတိုင်း အိ ပ်ပျော်နေချိန်မှာ Fask ဆိပ်ကမ်းထဲကို ကူး ခတ်ဝင်ရောက်၍ စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲဖို့ပဲ ဖြစ်သည်။
ရေမိုင်ပေါင်း ထောင်ချီပြီး တစ်ဆက်တည်း ကူးခတ်လာတာကြောင့် သူ မနားရသလော က် ဖြစ်နေပြီး အစာလည်း မစားရတာ ကြောင့် အတော်လေး ပင်ပန်းနေတာက တော့ ပြောမနေပါနဲ့ ဗိုက်ဆာနေပြီလို့ လိပ် ကြီး ခံစားနေရသည်။
အစား အလွန်ကြိုက်သူတစ်ဦးအနေနဲ့ လိပ် ကြီး ဗိုက်ဆာနေတာက သည်းမခံနိုင် စရာ ပင်။
လိပ်ကြီးက Fask ဆိပ်ကမ်းကနေ ရေမိုင် ၂၀၀ လောက် အကွာမှာ ရှိနေတာ ဖြစ်ပြီး အကွာအဝေးက လုံလောက်တာကြောင့် လိပ်ကြီးအစာ ရှာဖွေဖို့ စတင်တော့သည်။
မီတာ ဒါဇင်နဲ့ချီတဲ့ ရေအောက်မှာ လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်နေသည်။ အဲဒီ ငါး သေး ငါးမွှားတွေကို သူ လျစ်လျူရှုထား လို က်၏။ ဒါတွေက သူ့ သွားကြားထဲတောင် မဝင်လောက်ပေ။
ရှေ့မှာ ငါးကြီးတစ်ကောင်က တန်ချိန် ရာချီ ရှိနေပေမဲ့ လိပ်ကြီး စိတ်မဝင်စားပေ ပိုကြီး တဲ့ ငါးတွေကို သူ လိုချင်သည်လေ။
"ဟေး ဟိုမှာ ငါးမန်းဝေလငါး ရှိတယ်...."
ဒါက လိပ်ကြီး ရှာဖွေနေတဲ့ ပစ်မှတ်ပဲ ဖြစ် ၏။ သူ အလျင်အမြန် ကူးခတ်လိုက်ကာ မီတာ သုံးရာ လေးရာလောက် အကွာမှာ တော့ ရန်သူကလည်း လိပ်ကြီးကို တွေ့သွား သည်။
ငါးမန်းဝေလငါးတွေကလည်း ဒီရေပြင်ရဲ့ အရှင်သခင်လို့ သတ်မှတ်နိုင်ပေသည်။ ဒါပေမဲ့ လိပ်ကြီးလို ဧရာမ အကောင်ကြီးကို မြင်တဲ့အခါ သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှု့က ထွက်ပြေးဖို့ပဲ ဖြစ်သည်။
သူ့ရဲ့ အရှိန်က လိပ်ကြီးနဲ့ ယှဉ်ရင် အရမ်း နှေးကွေးလွန်းတာကြောင့် မကြာခင်မှာပဲ လိပ်ကြီးကဖမ်းမိသွားပြီး တစ်ကိုက်တည်း ကိုက်လိုက်တော့ ငါးမန်းဝေလငါး သေသွား ရသည်။
လိပ်ကြီးက တကယ် ဗိုက်ဆာနေတာ မို့လို့ သူ အားရပါး စားပစ်လိုက်သည်။သူ ကျေနပ် စွာ စိတ်ထဲကနေ ပျော်ရွှင်စွာ ရေရွတ်လိုက် သည်။
" အိုး အရမ်းကောင်းတာပဲ ငါ ကြိုက်တယ်.."
ခဏအကြာမှာတော့ ငါးမန်းဝေလငါးက လိပ်ကြီးရဲ့ ဗိုက်ထဲ ရောက်သွားသည်။ ပြီး တော့ သူက မီတာ ဒါဇင်နဲ့ချီတဲ့ ရေအောက် ကို ကူးခတ်လာပြီး အမဲလိုက်ကာ ရှာဖွေနေ ပေသည်။
အချိန် နှစ်နာရီလောက် ကြာအောင် အစား အစာ တန်ချိန် သုံးလေးရာကို လိပ်ကြီး စား ပြီး နောက် ဆုံးမှာတော့ သူ့ရဲ့ ဗိုက်ကို အခြေ ခံအားဖြင့် ပြည့်စေခဲ့သည်။
ဒီအချိန်မှာ လိပ်ကြီးက ရေနက်ပိုင်းချောက် ထဲမှာရှိတဲ့ ဧရာမရေဘဝဲကြီးကို အထူးတ လည် သတိရမိသည်။ သူတို့ တစ်ကောင် ချ င်းစီက တန်ချိန် တစ်ထောင်ကျော် အလေး ချိန် ရှိတာကြောင့် တစ်ကောင်ဖမ်းလိုက် တာ နဲ့ သုံးလေးရက် စားဖို့ လုံလောက်ပေသည်။
ဒီ အကောင်တွေရဲ့ အဓိကအချက်က အရ သာ ရှိပေသည်။
လိပ်ကြီးက ဒီဧရာမ ရေဘဝဲကြီး အကြောင်း ကိုစဉ်းစားရင်း သူ့ သွားရည်တွေ စကျလုနီး ပါးပင် ဖြစ်၏။ သူ အိမ်ပြန်ရောက်ရင် ပထမ ဆုံး လုပ်ရမယ့်အရာက ရေနက်ပိုင်းထဲကို ကူးပြီး ဧရာမ ရေဘဝဲကြီးတစ်ကောင် ဖမ်း ဖို့ပဲ။
"မဟုတ်ဘူး .. ငါ တစ်ခါတည်း နှစ်ကောင် ဖမ်းရမယ် တစ်ကောင်က စားဖို့ ..နောက် တစ်ကောင်က ကြည့်ဖို့ပဲ ဟီးဟီး...."
အခုတော့ ဗိုက်ပြည့်သွားပြီဆိုတော့ လိပ်ကြီး လုပ်ရမယ့် နောက်တစ်ဆင့်က သူ့ရဲ့ စွမ်း အ င်တွေကို အားပြန်ဖြည့်ပြီး ဒုတိယည ရောက် လာတာကို စောင့်ဆိုင်းဖို့ပဲ ဖြစ်သည်။
.......
Fask ဆိပ်ကမ်းမှာတော့..
မနေ့က အဆင့်မြင့် ဒုံးပျံဖျက်သင်္ဘော နှစ် စင်း ပင်လယ်အောက်ခြေကို နစ်မြုပ်သွားခဲ့ ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပေမယ့် ဒီနေ့မှာတော့ သင်္ဘောအသစ် စတင်လည် ပတ်တဲ့ အခမ်းအနားကို စီစဉ်ထားတဲ့ အ တိုင်း ကျင်းပခဲ့သည်။
ဒါက ကြိုတင်စီစဉ်ပြီး ပြင်ဆင်ထားတဲ့ အ ခမ်းအနားတစ်ခုပဲ ဖြစ်၏။ သူတို့ အများ ကြီး ပေးဆပ်ခဲ့ကြပြီး အများကြီး စွန့်လွှတ် ခဲ့ရသည်။ M နိုင်ငံကနေ တင်သွင်းလာတဲ့ ရေငုပ်သင်္ဘောအသစ်နှစ်စင်းလည်း ဒီနေ့ တရားဝင် စတင်လည် ပတ်ခဲ့သည်။
ဆိပ်ကမ်းမှာ ဒီရေငုပ်သင်္ဘောအသစ် နှစ် စင်းကို အနီရောင်နဲ့ အရောင်အသွေးစုံလင် လှပစွာ အလှဆင်ထားပြီး အရမ်းကို ပွဲ လမ်းသဘင် ဆန်နေသည်။ထိုနှစ်စီးကို ဆိပ် ခံတံတားမှာ ဆိုက် ကပ်ထားသည်။
စတင်လည်ပတ်တဲ့ အခမ်းအနားကို သူတို့ ခမ်းနားစွာ ကျင်းပနေပေသည်။
ကြမ်းပြင်ပေါ်တွင် အနီရောင် ကော်ဇော ခင်း ထားကာ အရောင်အသွေးစုံတဲ့ အလံတွေကို လွင့်နေသည်။ဒီ အခမ်းအနားကို မက်သရူး ရိုင်ယန်အပါအဝင် E နိုင်ငံ ရေတပ်ရဲ့ အဆင့် မြင့် အရာရှိအားလုံး တက်ရောက်ခဲ့သည်။
မိန့်ခွန်းပြောစင်ပေါ်မှာ ရပ်နေတဲ့ မက်သရူး ရိုင်ယန်ရဲ့ မျက်နှာက အနည်းငယ်မျှ မ ကောင်းတဲ့ စိတ်ခံစားမှု့ကို မပြဘဲ ပြုံးနေပေ သည်။ သူ အရမ်းကို စိတ်ကောင်းဝင်နေပုံ ရ သည်။
Fask ရေတပ်ဆိပ်ကမ်းတစ်ခုလုံးက ပုံမှန်နဲ့ လုံးဝ မတူညီပဲ ပျော်ရွှင်မှု့ ခံစားရတာအပြင် E နိုင်ငံ ရေတပ်ရဲ့ အဓိက စစ်သင်္ဘော အား လုံးက ဒီနေရာမှာ စုဝေးနေကြသည်။
သူတို့ထဲက အချို့သင်္ဘောများမှာ ဆိုက်က ပ်ထားပြီးသား ဖြစ်၍ Fask ဆိပ်ကမ်းက သူတို့ရဲ့ သင်္ဘောဆိပ် ဖြစ်ပေသည်။ အချို့ ကတော့ ဒီနေ့ရဲ့ စတင်လည်ပတ်တဲ့ အခမ်း အနားကို လာရောက်အားပေးဖို့ အထူးပြေး လာခဲ့ကြသည်။
E နိုင်ငံ ရေတပ်ရဲ့ အဆင့်မြင့် အရာရှိတွေအ ားလုံး အခမ်းအနားကို တက်ရောက်ခဲ့ တာ အပြင် ရေတပ်သား အများအပြားနဲ့ အရာရှိ များစွာက တည်တည်ညိမ်ညိမ် ရပ်နေကြ သည်။
ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော များစွာကို မြင်တော့ သူတို့ အရမ်းကို စိတ် လှုပ်ရှားနေ ကြသည်။
စတင်လည်ပတ်တဲ့ အခမ်းအနား ပြီးသွား တော့ လွတ်လွတ်လပ်လပ် လည်ပတ်ချိန် ရောက်လာသည်။ E နိုင်ငံ ရေတပ်ရဲ့ အဆင့် မြင့် အရာရှိတွေက အသစ်စက်စက် ရေငုပ် သင်္ဘောအသစ်နှစ်စင်းကို အထူးလည်ပတ် ကြည့်ရှု နေကြသည်။ အဓိက စစ်သင်္ဘောမျ ားစွာကိုလည်း သူတို့ တက်ရောက်လည် ပတ်ခဲ့ကြသည်။
အဆင့်မြင့် အရာရှိတစ်ဦးက စိတ်ကျေနပ်စွာ ကြွေးကျော်လိုက်၏။
"နှစ်ပေါင်းများစွာ တည်ဆောက်ပြီးနောက် ငါတို့ရေတပ်ရဲ့ အင်အားဟာ ကမ္ဘာ့ထိပ်ဆုံး ၁၀ နေရာထဲ ဝင်နိုင်ရမယ်..."
"ကမ္ဘာ့ထိပ်ဆုံး ၁၀ နေရာလား.."
သူ့ ဘေးနားမှ လူများစွာက လက်သီးဆုပ် ပြီး အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ သူတို့ရဲ့ ရေတပ်အရွယ်အစားနှင့် ကမ္ဘာ့အဆ င့်သတ်မှတ်ချက်တွေ တကယ်ပဲ အများကြီး တိုးတက်လာသည်လေ။
အဆင့်မြင့် အရာရှိတွေက သင်္ဘောပေါ် တ က်ပြီး လည့်ပတ် ကြည့်နေကြသည်။ ဆိပ်ခံ တံတားပေါ်မှာတော့ အလယ်အလတ် အဆင့် နှင့် အငယ်တန်းအရာရှိ အများအပြား စု ဝေးနေကြပြီး စိုက်ကပ်ထားတဲ့ စစ်သင်္ဘော တွေကို စိတ်အားထက်သန်စွာ ကြည့်နေ ကြ သည်။
သူတို့ထဲမှ အချို့က ကမ္ဘာ့အဆင့်မီ ဒုံးပျံ ဖျက်သင်္ဘောနှင့် တိုက်သင်္ဘောတွေပဲ ဖြစ် ၏။
တန်ချိန် ထောင်ပေါင်းများစွာရှိတဲ့ ဧရာမ သင်္ဘောကြီးလည်း ရှိနေသည်။ ဒါက E နိုင်ငံ ရဲ့ အကြီးဆုံး စစ်သင်္ဘောဖြစ်ပြီး သူတို့ရဲ့ တစ်စင်းတည်းသော ရဟတ်ယာဉ်တင် သ င်္ဘောလည်း ဖြစ်ပေသည်။
"ဒီနေ့ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ် ဗျာ.. ဒီလောက် စစ်သင်္ဘောများစွာ ဒီမှာ စု ဝေးနေတာကို ကြည့်ရတာပဲ စိတ်လှုပ်ရှား ကောင်းလိုက်တာကွာ.."
"ဟုတ်တယ် သင်္ဘောကြီးတွေရော အသေး တွေရော ဒါဇင်နဲ့ချီ ရှိနေတာ Fask ဆိပ်ကမ်း အတွက်ဒီလိုမြင်ကွင်းမျိုးက ရှားပါး လှ တယ်.."
"အဲဒီ ရေငုပ်သင်္ဘောနှစ်စင်းကို ကြည့်လိုက်.. သူတို့က စွမ်းရည်အပြည့်အဝရှိတဲ့ မော်ဒယ် အသစ်တွေပဲ သူတို့ကို M နိုင်ငံကနေ တင်သွ င်းထားတာ .."
"M နိုင်ငံဆိုတဲ့ အစ်ကိုကြီးရဲ့ ပေါင်ကို ခိုင်မြဲ စွာ ဆုပ်ကိုင်ထားတာလေ ဒီနှစ်တွေအတွင်း ရလာတဲ့ အကျိုးအမြတ်တွေ ကောင်းလေ ပဲ..မဟုတ်ရင် ငါတို့မှာ ဒီလို အဆင့်မြင့် စစ် သင်္ဘောများစွာ ရှိမှာ မဟုတ်ဘူး..."
...
တစ်နေ့လုံး Fask ဆိပ်ကမ်းတွင် လှုပ်ရှားသ က်ဝင် နေပေသည်။ အသံမျိုးစုံနဲ့ လူတွေက လည်း နေရာတိုင်းမှာ ရှိနေကြ၏။သူ တို့အား လုံးက E နိုင်ငံ ရေ တပ်က အရာရှိနဲ့ စစ်သ ည်တွေပဲ ဖြစ်သည်။
ညရောက်တော့ စစ်ဆိပ်ကမ်းတစ်ခုလုံး မီး ရောင်တွေ ထိန်လင်းနေပြီး အရမ်းကို ပွဲလမ်း သဘင်ဆန်နေသည်။
ဒေသစံတော်ချိန် ည ၁၁:၀၀ နာရီကျော်တော့ တစ်နေ့လုံး ဆူညံနေတဲ့ Fask ဆိပ်ကမ်းက တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ ည ၁၂:၀၀ နာရီကျော်တော့ မီးတွေ တစ်လုံးပြီး တစ်လုံး ပိတ်သွားကြသည်။
ဖြည်းဖြည်းချင်းပဲ Fask ဆိပ်ကမ်းက တိတ် ဆိတ်သွားသည်။ ဆိပ်ကမ်းဧရိယာတစ်ခုလုံး မှိန်ဖျော့ဖျော့ မီးရောင်များသာ ရှိတော့ပြီး အလင်းရောင် အနည်းအကျဉ်းသာ ရှိသည်။
ညသန်းခေါင်ယံကို ဝင်ရောက်လာပြီး တစ် နေ့လုံး ဆူညံနေတဲ့ Fask ဆိပ်ကမ်းက လုံးဝ တိတ်ဆိတ်သွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်သွားပေသည်။
E နိုင်ငံ ရေတပ်က အရာရှိနဲ့ စစ်သည်တွေ တစ်နေ့လုံး အလုပ်များခဲ့ပြီး ပျော်ပါးခဲ့တာ ကြောင့် ဒီအချိန်တွင် သူတို့အားလုံး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။
စစ်ဆိပ်ကမ်းဧရိယာတစ်ခုလုံးက အရမ်းကို တိတ်ဆိတ်ငြိမ်သက်နေကာ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်နေသလို ဖြစ်နေသည်။
ဒေသစံတော်ချိန် ည ၂:၃၀ နာရီဝန်းကျင်မှ ာတော့ ဧရာမ ပုံရိပ်ကြီးတစ်ခုက Fask ဆိပ်ကမ်းအပြင်ဘက်မှာ ပေါ်လာခဲ့သည်။ ဒါက လိပ်ကြီးပဲ ဖြစ်၏။
နောက်ဆုံးတော့ လိပ်ကြီး ရောက်လာသည်။
သူက ဆိပ်ကမ်းနားကို တိတ်တိတ်လေး ကူး ခတ်လာကာ မှောင်မိုက်တဲ့ ညမှာ သူ့ရဲ့ ခေါင် းတစ်ခြမ်းက ပင်လယ်ရေပြင်မှာ ပေါ်နေပြီး ဝေးကွာနေတဲ့ ဆိပ်ကမ်းဧရိယာကို ကြည့်နေ သည်။
"သခင်ရေ... ကျွန်တော် Fask ဆိပ်ကမ်းအ ပြင်ဘက်ကို ရောက်နေပြီ.... ဆိပ်ကမ်းဧရိယ ာမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောနဲ့ ရေ ငုပ်သင်္ဘောတွေကို ကျွန်တော် မြင်ရပြီ..."
အခု Fask ဆိပ်ကမ်းတွင် ညသန်းခေါင်ယံ ဖြစ်ပြီး ကီလိုမီတာ ထောင်ချီဝေးတဲ့ ဟွာ ဟိုင်းမြို့မှာ တော့ နေ့ခင်းဘက် ဖြစ်နေ သည်။ လျူယောင်က သူ့ရဲ့ ရုံးခန်းထဲတွင် လိပ်ကြီးရဲ့ သတင်းကို အကြာကြီး စောင့်နေ ခဲ့သည်။
"အိုး..လိပ်ကြီး ရောက်ပြီလား..."
လျူယောင် အချိန်ကို ကြည့်လိုက်ပြီး အချိန် ကွာခြားမှု့ကို သူ ခန့်မှန်းလိုက်တော့ Fask ဆိပ်ကမ်းတွင် ည ၂:၃၀ နာရီ ဝန်းကျင် ဖြစ် နေတာကို သိလိုက်ရသည်။
တတိယအမြင်ကို လျူယောင် ဖွင့်လိုက် တော့ မီတာ ၂,၀၀၀ အကွာအဝေးအတွင်းက အရာအားလုံးကို သူ မြင်နေရသည်။
ရေအောက်မှာရှိနေတဲ့ လိပ်ကြီးကိုလည်း မြ င်လိုက်ရပြီး Fask ဆိပ်ကမ်းရဲ့ အခြေအနေ ကိုလည်း သူ မြင်လိုက်ရသည်။
လိပ်ကြီးက သတင်းပို့လိုက်၏။
"သခင်ရ... ကျွန်တော် နေ့ဘက်က ဒီကိုလာခဲ့ တယ်... အဲဒီတုန်းက စစ်သင်္ဘောတွေ ဒီ လောက်များများ မရှိဘူး.....ဒါပေမဲ့ အခု တော့ အရေအတွက်က တစ်ဝက်လောက် ပို များနေတယ်....."
လျူယောင်လည်း အခြေအနေကို သိသွား ၏။
" ဒီလို စစ်သင်္ဘောများစွာ...သင်္ဘောကြီးရော အသေးရော ဒါဇင်နဲ့ချီ ရှိနေတာ....ဒါ ငါ့ကို အကြီးကြီးတစ်ခု လုပ်ဖို့ တွန်းအားပေးနေ တာပဲ... "
လျူယောင် ချက်ခြင်းပဲ စိတ်လှုပ်ရှား လာ သည်။