← Chapters

ဆိပ်ကမ်းကို မီးရိူ့ခြင်း

Vol. 30 Ch. 397

ဆိပ်ကမ်းကို မီးရိူ့ခြင်း

Vol. 30 Ch. 397

Fask ဆိပ်ကမ်းထဲကို လိပ်ကြီး တိတ်တိတ် လေး ကူးခတ်ဝင်ရောက်လာပြီး သူ့ရှေ့မှာ စစ်သင်္ဘောတွေ ဆိုက်ကပ်ထားတာကို တွေ့ လိုက်ရသည််။

"သခင်ရေ ကျွန်တော် ဘယ်ဟာကို အရင် ရွေးရမလဲ.."

ဒီတစ်ခါမှာ လျူယောင်က ဦးစီးပြီး လိပ်ကြီး က အကောင်အထည်ဖော်ပေမည်။

လျူယောင်က ဒီစစ်သင်္ဘောတွေရဲ့ အခြေအ နေကို ကြည့်ပြီး ခဏလောက် စဉ်းစားလိုက် သည်။ ဘယ်စစ်သင်္ဘောတွေကို အရင်ရွေးရ မလဲဆိုတာက အတော်လေး အရေးကြီးပေ သည်။

ဒီမှာ စစ်သင်္ဘောတွေ အရမ်းများတာကြောင့် နည်းဟောင်းအတိုင်း လိပ်ကြီးက ဧရာမလှံနဲ့ တစ်စင်းပြီးတစ်စင်း နစ်မြုပ်စေမယ်ဆိုရင် အချိန်အတော် ယူရမည်။

ဧရာမလှံကြီးနဲ့ ဒီစစ်သင်္ဘောတွေကို ထိုးမိလို က်တာနဲ့ လှုပ်ရှားမှု့များ ရှိလာလိမ့်မည်။ မ ကြာခင်မှာပဲ E နိုင်ငံရေတပ်ရဲ့ အာရုံကို ဖမ်း စားလိမ့်မယ်လို့ လျူယောင် ခန့်မှန်းမိသည်။

"ဘယ်လိုလုပ်ရမလဲ....."

လျူယောင်က စိတ်ထဲကနေ လျင်မြန်စွာ တွေးလိုက်၏။နှစ်စက္ကန့် သုံးစက္ကန့်ကြာတော့ လျူယောင် မေးလိုက်သည်။

"လိပ်ကြီး....မင်းရဲ့ ညာဘက်ရှေ့က ဧရာမ စစ်သင်္ဘောကြီးကို မြင်လား...."

အဲဒီ့စစ်သင်္ဘောရဲ့ တန်ချိန်က ကြီးပြီး တန် ချိန် ၁၀,၀၀၀ မရှိရင်တောင် အဲဒီလောက်နီး ပါး ရှိလိမ့်မည်။

လိပ်ကြီးက ပြန်ဖြေလိုက်သည်။

"ကျွန်တော် မြင်တယ်လေ... အဲ့ဒါကို ..အရင် ထိုးစေချင်တာလား.."

"ဟုတ်တယ်......ဒါပေမဲ့ ညင်သာဖို့ လို တ ယ်.... အပေါက်ပဲ ဖောက်လိုက်...ငါ ထင် တယ်.... အဲဒီ့ထဲမှာ ဆီတွေ အများကြီး ရှိ လောက်မယ်....."

ဓာတ်ဆီ ဖြစ်ရင်တော့ အဆင်ပြေသည်။ ဒါ ပေမဲ့ အများစုက ဒီဇယ်ဆီဖြစ်မယ်လို့ လျူ ယောင်ခန့်မှန်းမိသည်။ စစ်သင်္ဘောတွေက အများအားဖြင့် စွမ်းအင်အနေနဲ့ ဒီဇယ်အင် ဂျင်ကြီးတွေကိုသာ သုံးကြပြီး တာဘိုင် ဓာ တ်ငွေ့တွေကိုလည်း အတူတွဲသုံးကြသည်။

လိပ်ကြီးက ရေအောက်ကနေ တိတ်တိတ် လေး ကူးခတ်လာသည်။ ဒီထောက်ပံ့ရေး သင်္ဘောကြီးဘေးကို ရောက်တော့ ဧရာမ လှံကြီးနဲ့ ထိုးဖို့ ချိန်လိုက်သည်။

"ဘုန်း"

အသံက အထူးတလည် ကျယ်လောင်တာ မ ဟုတ်တော့ ရေထဲမှာ ဖြစ်တဲ့အတွက် တခြား သူတွေ ကြားဖို့က ခက်ခဲလှသည်။

ဧရာမလှံကြီးရဲ့ ထိပ်ဖျားက ထောက်ပံ့ရေး သင်္ဘောရဲ့ အောက်ခြေနဲ့ နီးကပ်စွာ ထိတွေ့ သွားသည်။ မကြာခင်မှာပဲ လိပ်ကြီး ဝမ်းသာ အားရ ဖြစ်သွားပြီး စစ်သင်္ဘောကို အပေါက် ဖောက်လိုက်သည်။

ဧရာမလှံကြီးက စစ်သင်္ဘောထဲကို တစ်မီတာ လောက် နက်ရှိုင်းစွာ ဝင်ရောက်သွား၏။

"ငါ့ကောင်ကြီး..ကောင်းတယ်.....ဟေ့...."

လျူယောင်ရဲ့ ချီးကျူးခံရပြီးနောက် လိပ် ကြီးက စိတ်အား ပို ထက်သန်လာသည်။ ဧ ရာမလှံကြီးကို ပြန်မထုတ်ဘဲ ထပ်ထိုးသွင်း လိုက်သည်။ အလွှာတစ်လွှာကို ဖောက်ထွင်း သလိုမျိုး အနည်းငယ် နက်တဲ့ အထိ ဝင် သွား၏။

လုံးဝ ပိတ်မိနေပြီး ထပ်မဝင်နိုင်တော့ဘူးလို့ ခံစားရတော့ ဧရာမလှံကို လိပ်ကြီး ပြန်ဆွဲ ထုတ်လိုက်သည်။

ထိုအချိန် အံ့ဩစရာ မြင်ကွင်းတစ်ခု ပေါ်လ ာပေသည်။

ဧရာမလှံကြီးကို ဆွဲထုတ်ပြီးနောက် ဒီဇယ်ဆီ အများအပြား အပေါက်ကြီးကနေ ပန်းထွက် လာသည်။

ဒီမြင်ကွင်းက လျူယောင်ကို အရမ်း စိတ်လှု ပ်ရှားစေ ခဲ့သည်။ ဒီထောက်ပံ့ရေး သင်္ဘော ထဲတွင် ဒီဇယ်ဆီတွေ အများကြီး ရှိပုံရ သည်။

"လိပ်ကြီး.. ဒီထောက်ပံ့ရေးသင်္ဘောကို အ ပေါက်နည်းနည်း ထပ်ဖောက်လိုက် နည်း လမ်းဟောင်းအတိုင်းပဲ..."

လိပ်ကြီး ဒီလို အလုပ်မျိုး လုပ်ရတာ အရမ်း စိတ်ဝင်စားတာကြောင့် နေရာပြောင်းပြီး နည်းလမ်းဟောင်းအတိုင်းပဲ လူပ်ရှားသံ မထွက်အောင် ဖြည်းဖြည်းလေး ထိုးထည့် လိုက်သည်။ ပြီးတော့မှ အားနဲ့ ထိုးသွင်း လိုက်၏။

ခဏကြာတော့ ထောက်ပံ့ရေးသင်္ဘောကို လိပ်ကြီး အပေါက်ကြီးများစွာ ဖောက်လိုက် သည်။ ဒီဇယ်ဆီများက ပန်းထွက်လာပြီး ပင်လယ်ပေါ်မှာ ပေါလောပေါ်နေပေသည်။

လိပ်ကြီး ဒီလို လုပ်နေတာကို ဘယ်သူမှ မ တွေ့သေးပေ။Fask ဆိပ်ကမ်းတစ်ခုလုံးက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

လျူယောင်က ထပ်ညွှန်ကြားလိုက်၏။

"ရဟတ်ယာဉ်တင်သင်္ဘော ရှိလားကြည့် ကြည့်...... ရှိရင် မင်း..နစ်ပစ်လိုက်.."

လိပ်ကြီးက အားမလိုအားမရနဲ့ ပြောလိုက် သည်။

"သခင်.. ကျနော် ..ဒီတစ်ခါ မညင်သာ တော့ဘူး... အားနဲ့ ထိုးချင်တယ်ဗျာ.. "

"အေးဘာကွာ.....အားနဲ့ထိုးလိုက်လို့ သူတို့ လန့်သွားရင်လည်း ကိစ္စမရှိဘူး....... အခု မင်း အမြန်လုပ်ဖို့လိုတယ်.... စစ်သင်္ဘော တစ်စင်းချင်းစီကို အားနဲ့ သုံးလေးချက် ထိုးလိုက်......"

ချက်ချင်းပဲ လိပ်ကြီးက ဝမ်းသာအားရ ဖြစ် သွားသည်။

"ဒါက ပျော်စရာပဲ...."

စစ်သင်္ဘော အကြီးရော အသေးရော ဒါဇင်နဲ့ ချီ ရှိနေပြီး သူ ဒီလို ပျော်ရွှင်စရာ ကိစ္စမျိုး တစ်ခါမှ မလုပ်ခဲ့ဘူးပေ။

အရင်တုန်းကတော့ စစ်သင်္ဘောနဲ့ ရေငုပ် သင်္ဘောတွေ အပါအဝင် သင်္ဘောအမျိုးအ စားအားလုံးကို နစ်ပစ်ခဲ့ဖူး၏။ဒါပေမဲ့ တစ်ခ ါတည်းနဲ့ တစ်စင်း နှစ်စင်းပဲ နစ်ပစ်ရလို့ သူ မပျော်ခဲ့ရပေ။

လိပ်ကြီး ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

"ဒီလောက် စစ်သင်္ဘောများစွာနဲ့ ဆို ငါ့ရဲ့ လက်မောင်းတွေကို လွှတ်လပ်ခွင့်ပေးပြီး အားနဲ့ လုပ်ဆောင်နိုင်ပြီ.."

ရဟတ်ယာဉ်တင်သင်္ဘောနားကို လိပ်ကြီး သွားလိုက်ပြီး ဘေးကို ရောက်တော့ ဧရာ မလှံကြီးနဲ့ အားရပါးရထိုးပစ်လိုက်သည်။ သူက အင့်အားအပြည့်နဲ့ ထိုးလိုက်တာပဲ ဖြစ်သည်။

"ဘုန်း..."

ကျယ်လောင်တဲ့ အသံနဲ့အတူ ဧရာမလှံ ကြီး က ဆယ်မီတာကျော် နက်ရှိုင်းစွာ ဝင်ရောက် သွားပြီး အလွှာများစွာကို ဖောက်ထွင်းပြီး မှ သာ ရပ်တန့်သွားသည်။

လိပ်ကြီး ချက်ချင်း ဧရာမလှံကြီးကို ဆွဲ ထုတ်ပြီး

ဒုတိယအကြိမ်...

တတိယအကြိမ်... ထပ်ထိုးလိုက်သည်။

"အခုအချိန်မှာ အရေးအကြီးဆုံးအရာက အချိန်ပါပဲ..."

လိပ်ကြီးလည်း ဒါကို ကောင်းကောင်းသိပေ သည်။ သူက အရမ်းကို လျင်မြန်နေသည်။ ရဟတ်ယာဉ်တင်သင်္ဘောမှာ အပေါက်ကြီး လေး ၊ငါးခြောက်ခု ဖောက်ပြီးနောက် သူ ချက်ချင်း နောက်ထပ် ပစ်မှတ်ကို ပြောင်း လုပ်လိုက်သည်။

" ဘုန်း ဘုန်း ဘုန်း.."

စစ်သင်္ဘောတစ်စင်းချင်းစီကို သုံးပေါက် ငါး ပေါက်လောက် ထိုးပြီးနောက် နောက်တစ် စင်းကို လိပ်ကြီး ရောက်လာသည်။ ဒီစစ် သင်္ဘောတွေက အရမ်း နီးကပ်စွာရှိနေ တာ ကြောင့် လိပ်ကြီးအတွက် အချိန်များစွာ သက်သာစေခဲ့သည်။

ရောဘတ်ဆိုသူက E နိုင်ငံရဲ့ ရေတပ်သား တစ်ဦး ဖြစ်၏။ မနေ့က ရေငုပ်သင်္ဘော အ သစ် စတင်လည်ပတ်တဲ့ ပွဲကို သူ တက်ရော က်ခဲ့သည်။ ညနေပိုင်းတွင် သူ ဘီယာအများ ကြီး သောက်လိုက်မိသည်။ ဒါက သူ အိမ် သာသွားဖို့ ထလာတာ ဒုတိယအကြိမ်ပဲ ဖြစ် သည်။

“ လာ..လာ..လား..”

ဆီးကို သက်သောင့်သက်သာ ထုတ်ပြီး နောက် သူ သီချင်းလေး ညည်းနေပြီး ဇစ်ကို ပိတ်လိုက်ကာ အိမ်သာကနေ ရော့ဘတ် ထွက်လာခဲ့သည်။ သူ အိပ်ရာဝင်တော့ တစ် ခုခု မှားနေတယ်လို့ ခံစားလိုက်ရ၏။

သူ အလျင်အမြန် အာရုံစိုက်ကာ နားထေ ာင်လိုက်သည်။

"ဒါ ဘာ အသံလဲဟ...."

နောက်ထပ် "ဘုန်း" ဆိုတဲ့ အသံ ထပ် ထွက် လာပြီး အတော်လေး အသံတိုး ပေသည်။ သူ အခန်းထဲကနေ အလျင်အမြန် အပြင်ကို ပြေး ထွက်လာခဲ့သည်။

"ဘုန်း.."

နောက်ထပ် တအိအိ မြည်သံ ထွက်လာပြန် သည်။ ဒီတစ်ခါမှာတော့ သူ ပိုပြီး ရှင်းရှင်း လင်းလင်း ကြားလိုက်ရသည်။ ညသန်းခေါင် မှာ ဘယ်လိုအသံမျိုးလဲဆိုတာကို ရော့ဘတ် စိတ်ထဲကနေ ရှုပ်ထွေးနေမိသည်။

"ဘုန်း... "

တူညီတဲ့ အသံ ထပ်ထွက်လာရာ ရော့ဘတ် အ လျင်အမြန် ရေပြင်ကို လှမ်းကြည့်လိုက် သည်။ အသံက ရေအောက်ကနေ လာနေသ လို သူ ခံစားရသည်။

"ဘုန်း"

"နောက်ထပ် တအိအိ မြည်သံ...."

ဒီအသံက ရေအောက်ကနေ လာနေတယ်ဆို တာကို ရော့ဘတ် ပိုပြီး သေချာသွားသည်။

" ဟုတ်တယ်.. အဲ့ဒါ...ရေအောက်ကနေ လာ တာပဲ..."

"ရေအောက်မှာ တစ်ယောက်ယောက်က အဖျက်အမှောင့်လုပ်နေတာလား"

ဒီအတွေး သူ့ စိတ်ထဲမှာ ပေါ်လာပြီးနောက် ရော့ဘတ် တုန်လှုပ်သွားသည်။

သူ အလျင်အမြန် ရှာဖွေရေးမီးမျှော်စင်ကို တက်ပြီး အားကောင်းတဲ့ ရှာဖွေရေးမီးကို ဖွင့်လိုက်၏။ မျက်စိကို စူးရှစေတဲ့ အလင်း တန်းက အမှောင်ကို ထိုးဖောက်ပြီး အသံလာ ရာဆီကို လင်းနေသည်။

"လိပ်ကြီး အခြေအနေ မကောင်းတော့ဘူး ငါ တို့ကို တွေ့သွားပြီ..."

လိပ်ကြီးလည်း စိုးရိမ်ပူပန်သွားသည်။

"သခင်ရ ....ကျွန်တော် စစ်သင်္ဘောလေးစင်း ပဲ ဖောက်နိုင်သေးတာ.. .စောနေသေးတယ် ....အခု ဘာလုပ်ရမလဲ...."

သူ တကယ်ကို အရေးတကြီး ဖြစ်နေသည်။

"ဒီလို ပျော်စရာကောင်းတဲ့ အလုပ်မျိုးကို တစ်ခါမှ မလုပ်ဖူးဘူးလေ ...ဒါက တကယ် ကို တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့် အရေးပဲ...အခုမှ စတာကို... ပြီးတော့မှာ လား.."

"ကျနော် မတော်ချင်သေးဘူး..."

လိပ်ကြီး ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။

လျူယောင်က ပိုပြီး တည်ညိမ်နေပုံရပြီး သူ အကြာကြီး စဉ်းစားထားပြီးသားမို့ လုံးဝ ထိတ်မလန့်ခဲ့ပေ။

"လိပ်ကြီး.... မင်း ပထမဆုံး ဖောက်ခဲ့တဲ့ သင်္ဘောကို မှတ်မိသေးလား..."

"မှတ်မိတယ်...ကျွန်တော် သိပါ တယ်...ဒီ ဇယ်ဆီ အပြည့်ပါတဲ့ ထောက်ပံ့ရေးသင်္ဘော ကြီးပဲဟာ..."

လိပ်ကြီးက ချက်ခြင်း ပြန်ဖြေလိုက်သည်။

လျူယောင် ရှင်းပြလိုက်၏။

"ဒီအချိန်မှာ ..အဲဒီထဲက ဒီဇယ်ဆီတွေ အ ကုန်နီးပါး စီးဆင်းကုန်ပြီ..အခု မင်း လုပ်ရမ ယ့်အလုပ်က ဒီဇယ်ဆီကို မီးရှို့ပြီး Fask ဆိပ်ကမ်းတစ်ခုလုံးကို မီးပင်လယ်ထဲ ထည့် ဖို့ပဲ..."

ဒါကိုကြားတော့ လိပ်ကြီးရဲ့ မျက်လုံးတွေ လင်းလက်သွားသည်။

လိပ်ကြီးက ချက်ခြင်းပဲ ဝမ်းသာအားရ ဖြစ်သွားသည်။

လျူယောင် စကားရဲ့ အဓိပ္ပာယ်ကို လိပ်ကြီး နားလည်သွားသည်။ ဒါက ဗရုတ်သုတ်ခ ဖန်တီးဖို့နဲ့ ပြီးတော့ အခက်အခဲထဲကနေ အခွင့်အရေးရှာဖွေဖို့ပဲ ဖြစ်သည်။

လိပ်ကြီးက Fask ဆိပ်ကမ်းတစ်ခုလုံးကို မီး ပင်လယ်ထဲ နစ်မြုပ်စေတာနဲ့ E နိုင်ငံရေတပ် က လူတွေက မီးငြှိမ်းသတ်တာကိုပဲ အာရုံ စိုက်ကြလိမ့်မည်။ ဘယ်သူကမှ ရေအောက် မှာ ပုန်းနေတဲ့ လိပ်ကြီးကို တွေးမိမှာ မဟုတ် ပေ။

"သခင်ရ..ခင်ဗျားရဲ့ စိတ်ကူးက အမိုက်စား ပဲ..."

လျူယောင် သတိပေးလိုက်၏။

"မြန်မြန်လုပ်..တစ်ယောက်ယောက်က မင်း လှုပ်ရှားတဲ့အသံကို ကြားသွားပြီး ရှာဖွေရေ းမီးနဲ့ ပတ်ပတ်လည် ထွန်းနေတယ်..."

လိပ်ကြီးက ချက်ချင်းပဲ ထောက်ပံ့ရေးသ င်္ဘောဘေးကို ကူးခတ်လာသည်။ ဒီအချိန် တွင် သင်္ဘောပတ်ပတ်လည်မှာ ဒီဇယ်ဆီ ထူ ထူတစ်လွှာ ပေါလောပေါ်နေပြီး ရေပြင်ဧရိ ယာအကျယ်ကြီးကို ဖုံးလွှမ်းထား၏။ သူ့ ဘေးက စစ်သင်္ဘောများစွာမှာလည်း ဒီဇယ် ဆီတွေ ဝန်းရံနေပေသည်။

လိပ်ကြီးက ရေအောက်မှာ ပုန်းနေပြီး စစ် သင်္ဘောနဲ့ ဒီဇယ်ဆီ ဆုံတဲ့ နေရာကို အားနဲ့ ထိုးလိုက်သည်။

" ဒုန်း.."

ထောင့် အနည်းငယ် ဖြစ်နေတဲ့အတွက် လှံ ထိပ်ဖျားက စစ်သင်္ဘောကို မဖောက်သွားဘဲ အပြင်းအထန် ပွတ်တိုက်သွား၏။

ပြီးနောက် မီးပွားအရှည်ကြီး ထွက်ပေါ် လာ ပြီး မီးပွားများစွာက ပေါလောပေါ်နေတဲ့ ဒီ ဇယ်ဆီပေါ်ကို ပြန့်ကျဲသွားပေသည်။

All Chapters