ရေနောက်ရင် ငါးက ဖမ်းရ လွယ်တယ်
Vol. 30 Ch. 398
မီးပွားတွေ အများကြီး ပြန့်ကျဲသွား၏။
မီးပွားများစွာက ရေပေါ်မှ ဒီဇယ်ဆီပေါ်ကို ကျသွားခဲ့သည်။သို့သော်လည်း မျှော်လင့် ထားတဲ့ မီးက စမလောင်သေးပေ။
လိပ်ကြီး အနည်းငယ် စိတ်ပူလာသည်။
"သခင်ရ. ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး ထင်တယ်...ကျွန်တော် ရေပေါ်က ဒီဇယ်ဆီ ကို မီးမရှို့နိုင်ဘူး...ဘယ်လိုလုပ်ရမလဲ...."
လျူယောင်က ပိုပြီး တည်ငြိမ်နေသည်။
ဒီဇယ်ဆီက ဓာတ်ဆီထက် ပိုကောင်းတာ မဟုတ်ဘူးဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိနေသည်။ ဓာတ်ဆီဖြစ်ရင် တစ်ချက် တည်းနဲ့ အောင်မြင်စွာ မီးရှို့နိုင်၏။ ဒါပေမဲ့ ဒီဇယ်ဆီကတော့ မတူညီဘူးပေ။
"လိပ်ကြီး စိတ်ရှည်ပါကွာ....နောက်ထပ် အ ကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်.. ..မီးတောက်လာမှာ သေချာတယ်...."
တတိယအမြင်ကနေ လျူယောင် ကြည့် လို က်တော့ ရေပေါ်မှာ ဒီဇယ်ဆီအလွှာ ထူထူ ပေါလောပေါ်နေတာကို တွေ့ရသည်။ ဒီ ဇယ် ဆီ တန်ချိန် ထောင်နဲ့ချီ အနည်းဆုံး ရှိတဲ့အ တွက် နောက်ဆုံးမှာ မီးလောင်နိုင်ပေ လိမ့် မည်။
လိပ်ကြီး ထပ်ကြိုးစား ကြည့်လိုက်သည်။
ဧရာမလှံရဲ့ ထိပ်ဖျားကို စစ်သင်္ဘောနဲ့ အ ပြင်းအထန် ပွတ်တိုက်လိုက်တော့ မီးပွားတွေ ပြန့်ကျဲသွားသည်။ ပြီးခဲ့တဲ့ အကြိမ်ထက် ပို များတဲ့ မီးပွားတွေ ထွက်လာခဲ့သည်။
နောက်ဆုံးတော့ ရေပေါ်မှ ဒီဇယ်ဆီက မီး တောက်လာပြီး အလျင်အမြန် လောင် ကျွမ်း လာသည်။ အရှိန်က ဓာတ်ဆီလောက် မမြန် ပေမယ့် အရမ်းမနှေးပေ။ လောင်ကျွမ်းတဲ့ ဧရိယာက အလျင်အမြန် ပြန့်ကျဲလာသည်။
"လိပ်ကြီးရေ..အောင်မြင်ပြီကွ...ကျန်တဲ့ စစ် သင်္ဘောတွေအားလုံးကို အမြန် နစ်ပစ် လိုက်...ပြီးရင်....အဲ့နေရာကနေ မင်း အမြန် ဆုံး ထွက်သွားလိုက်တော့..."
"အိုကေဘာသခင်....ကျွန်တော့်ကို ဆယ် မိနစ် အချိန်ပေး....မဟုတ်ဘူး...ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်ဆို လုံလောက်ပါတယ်..."
လိပ်ကြီးက ယုံကြည်မှု့ရှိစွာ ပြန်ဖြေလိုက် သည်။
ရောဘတ်ဆိုသူက ရှာဖွေရေးမီးနဲ့ ရေပြင်ကို ထွန်းနေပြီး သူ့ စိတ်ထဲ အရမ်းရှုပ်ထွေး နေမိသည်။ ခုနက တအိအိ မြည်သံကို သူ ရှင်းရှင်း လင်းလင်း ကြားလိုက်ရသည်။ဒီ အသံက ရေအောက်ကနေ လာပုံရသည်။
"ဘာဖြစ်တာလဲ...ဟ"
ရုတ်တရက်....
သူ ကြက်သေသေသွား၏။
မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ထောက်ပံ့ရေး သင်္ဘောဘေးတွင် မီးလောင်နေပြီး အလျင် အမြန် ပြန့်နှံ့လာသည်။
စက္ကန့်အနည်းငယ်အတွင်းမှာ မီးက ရုတ် တ ရက် အရမ်းကြီးလာသည်။ဒီမီးက ထောက် ပံ့ရေးသင်္ဘောကို ဝိုင်းရံထားရုံသာမက ဘေး နားမှ စစ် သင်္ဘောများစွာကိုပါ ထိခိုက် စေပုံ ရသည်။
"ပြဿနာတော့တက်ပြီဟ.."
"တစ်ခုခု ကြီးကြီးမားမား ဖြစ်နေပြီ....."
ရောဘတ် ခေါင်းမှ ချွေးတွေ စီးကျလာ သည်။ ခုနက အနည်းငယ် မူးနေတာတွေ တောင် သူ ပြေသွားသည်။
" ဒေါင် ဒေါင် ဒေါင်.."
သူ အလျင်အမြန် အချက်ပေးခေါင်း လော င်းကို လူပ်လိုက်သည်။ Fask ရေတပ် ဆိပ် ကမ်းတွင် ကျယ်လောင်တဲ့ အချက်ပေးသံ ထွက်ပေါ်လာပြီး ရေတပ်သားများက နိုးလာကာ အလျင်အမြန် ထလာကြသည်။
"မီးလောင်နေပြီ...ဟ"
"မီးကို အမြန်ငြှိမ်းကြ.....ဟေ့"
ဒါက သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှု့ပဲ ဖြစ် သည်။ မီးကို ဘယ်လိုငြှိမ်းရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အားလုံးက ထိတ်လန့်နေ ကြ သည်။ဒီအချိန်တွင် လိပ်ကြီးကတော့ ရေ အောက်ကနေ ဧရာမလှံကြီးနဲ့ စစ်သင်္ဘော တွေကို ထိုးနေပြီလေ။
"ရေနောက်သွားရင် ငါးက ဖမ်းရ လွယ် တယ်" ဆိုတာ တကယ်ပဲ မှန်သည်။
Fask ရေတပ်ဆိပ်ကမ်းတစ်ခုလုံး တစ်ခဏ ချင်းမှာပဲ ဗရုတ်သုတ်ခ ဖြစ်သွားသည်။ ဘ ယ်သူမှ ရေအောက်က လိပ်ကြီးကို သတိမ ထားမိကြပဲ တအိအိ မြည်သံတောင် လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
"ဘုန်း..ဘုန်း..ဘုန်း.."
လိပ်ကြီးက အရမ်း စိတ်လှုပ်ရှားနေပြီး စွမ်း အင်အပြည့်အဝ ရှိနေတယ်လို့ ခံစားရသည်။ သူ့ လုပ်ဆောင်ချက်က စစ်သင်္ဘောတွေကို ဆန်ခါအဖြစ် ကြေမွသွားစေသည်။
စစ်သင်္ဘောများစွာ ရှိတဲ့အတွက် လိပ်ကြီးက လှံနဲ့ ထိုးလိုက်ပြီးနောက် သူတို့ရဲ့ လောင်စာ ဆီကန်တွေကို မကြာခဏ ဖောက်လိုက် မိ သည်။ လောင်စာဆီ အများအပြားက ယို စိမ့်လာပြီး ဓာတ်ဆီနှင့် ဒီ ဇယ်ဆီတွေက ရေမျက်နှာပြင်ပေါ်မှာ ပိုများလာသည်။
မီးတောက်က ပိုပိုပြီး ကြီးမားလာ၏။
Fask ဆိပ်ကမ်းတစ်ခုလုံးနီးပါး မီးပင် လယ် ထဲ နစ်မြုပ်သွားကာ နေရာတိုင်းတွင် မီးတွေ နဲ့အတူထိတ်လန့်နေတဲ့ လူတွေ ရှိနေသည်။
ရေအောက်မှာရှိတဲ့ လိပ်ကြီးကတော့ မီး ကြောင့် လုံးဝ မထိခိုက်တာကြောင့် စစ် သင်္ဘောတွေကို တစ်စင်းပြီးတစ်စင်း အေး အေးဆေးဆေး ထိုးဖောက်လာပြီး ရေငုပ် သင်္ဘောတွေကိုတောင် မချန်ခဲ့ပေ။
အထူးသဖြင့် ဆိပ်ခံတံတားမှာ ရပ်ထားတဲ့ ရေငုပ်သင်္ဘောအသစ်နှစ်စင်းပင်။မနေ့ကမှ E နိုင်ငံ ရေတပ်က သူတို့အတွက် ခမ်းနား ပြီး ခန့်ညားတဲ့ အခမ်းအနား ကျင်းပခဲ့ပေ မယ့် အခုတော့ ဆန်ခါတွေ ဖြစ်သွားပြီး နစ် မြုပ်နေကြသည်။
ရေငုပ်သင်္ဘောတစ်စင်းချင်းစီကို လိပ်ကြီး က လေးငါးကြိမ်မကဘဲ တစ်ဒါဇင်လောက် ထိုးနေသည်။
"လိပ်ကြီးရေ ရပြီ အမြန်ဆုံး ပြန်ဆုတ် တော့.ဟ "
တတိယအမြင်ကနေ လျူယောင် တိုက်ရိုက် ကြည့်နေပြီး လိပ်ကြီးကို နောက်ဆုတ်ဖို့ သ တိပေးလိုက်သည်။
Fask ဆိပ်ကမ်းတစ်ခုလုံး အန္တရာယ်ရှိ လာ တော့မည်လေ။ ဒီလို ကြီးမားတဲ့ မီးကနေ ကြီးမားတဲ့ ပေါက်ကွဲမှု့တစ်ခု ဘယ်အချိန် မဆို ဖြစ်ပွားနိုင်သည်။ လျူယောင် မြင်ခဲ့ရ တာက E နိုင်ငံ ရေတပ်ကလူတွေဟာ မီး ငြှိမ်းသတ်တာကို လက်လျှော့ပြီး နေရာက နေ အမြန်ဆုံး ထွက်ခွာနေကြသည်။
လိပ်ကြီးရဲ့ အရှိန်ကလည်း နှေးကွေး မနေ ပေ။ Fask ဆိပ်ကမ်းကနေ သူ လျင်မြန်စွာ ကူးခတ်ထွက်လာပြီး အဝေးတစ်နေရာကို ရောက်တော့ ဒီစစ်ဆိပ်ကမ်းရဲ့ မီးကို အရ သာခံ ကြည့်နေသည်။
"သခင်ရ ..ဒီတစ်ခါတော့ တကယ် အရသာ ရှိတယ်ဗျာ..."
လျူယောင်လည်း ကျေနပ်စွာ ချီးကျူး လိုက်၏။
"မင်း ကောင်းကောင်းလုပ်ခဲ့တာကြောင့်ပါ.. ဒီတစ်ခါတော့ E နိုင်ငံ ရေတပ်က လုံးဝပျ က်စီးသွားပြီပဲ.."
လျူယောင်နဲ့ ဆက်ပြောတော့မလို့ လိပ်ကြီး ပြင်နေစဥ် အဝေးကနေ ပြင်းထန်တဲ့ ပေါက် ကွဲသံ ထွက်ပေါ်လာခဲ့သည်။
" ဝုန်း..ဝုန်း...ဝုန်း.."
ပြီးတော့ ပေါက်ကွဲမှု့တွေ တစ်ခုပြီးတစ်ခု ထပ်ဖြစ်လာသည်။ စစ်သင်္ဘောပေါ်မှ ဗုံးဆံ တွေ ပေါက်ကွဲတာလားဆိုတာတော့ လျူ ယောင် မသိပေ။
"ပြီးသွားပြီပဲ..."
မက်သရူးရိုင်ယန်နဲ့ တခြား အဆင့်မြင့် ရေ တပ်အရာရှိတွေက လုံခြုံတဲ့ ဧရိယာကို ရောက်နေကြပြီး ဝေးကွာတဲ့နေရာကနေ စစ် ဆိပ်ကမ်းကို ကြည့်နေကြသည်။ သူတို့ရဲ့ နှ လုံးသားထဲကနေ ဝမ်းနည်းမှု့ကို ခံစား နေကြ ရသည်။
ဆယ်နှစ်ကျော် ကြိုးစားမှု့နဲ့ လူအင်အား၊ ပ စ္စည်းအင်အား အများအပြားက E နိုင်ငံရဲ့ ရေတပ်ကို ကမ္ဘာ့ထိပ်ဆုံး ၁၀ နေရာထဲ ဝင် စေခဲ့သည်။ အခုတော့ တစ်ညတည်းနဲ့ လွတ် လပ်ရေး မရခင်က အခြေအနေကို ပြန် ရောက်သွားခဲ့သည်။
"ဒီလောက် ဆူညံနေကြတာ...."
Fask ဆိပ်ကမ်းနားမှ မြို့တစ်မြို့လုံးက အိပ် ပျော်နေတဲ့ ဒေသခံတွေ အားလုံးနီးပါး နိုးလာကြသည်။ သူတို့က Fask ရေတပ်ဆိပ် ကမ်းရဲ့ ဦးတည်ရာကို လှမ်းကြည့်လိုက် တော့ မီးလျှံတွေက အာကာသထဲကို တက် နေပြီး ပေါက်ကွဲသံတွေ ဆက်တိုက် ထွက် ပေါ်နေတာကို တွေ့လိုက်ရသည်။ဒါက တစ် ခုခု ဖြစ်ပျက်သွားပြီဆိုတာကို သူတို့ သိ သွားကြသည်။
မီးက မနက်ထိ လောင်ကျွမ်းနေပြီး အခြေခံအားဖြင့် ငြှိမ်းသတ်နိုင်ခဲ့သည်။
အပြည့်အဝ ငြှိမ်းသတ်တာနိုင်တာမျိုး မ ဟုတ်ဘဲ သူ့ဘာသာသူ ဖြည်းဖြည်းချင်း ငြှိမ်းသွားတာပဲ ဖြစ်သည်။ Fask ဆိပ်ကမ်း တစ်ခုလုံး ရှုပ်ပွနေပြီး စစ်သင်္ဘောနဲ့ ရေငုပ် သင်္ဘောတွေကတော့ ဘေးမကင်းခဲ့ကြပေ။
သူတို့အားလုံးက အပျက်အစီးတွေ ဖြစ်နေ ပြီး အစိမ်းရောင် မီးခိုးတွေ ထွက်နေသည်။ ဂရုတစိုက် လေ့လာကြည့်ရင် စစ်သင်္ဘောအ ားလုံးနီးပါး ပင်လယ်အောက်ခြေကို နစ်မြု ပ်နေကာ သုံးပုံတစ်ပုံပဲ ရေပေါ် ပေါ်နေတာကို တွေ့နိုင်လိမ့်မည်။
........
ဗီလာကြီးရဲ့ရှေ့တွင်...
ချန်းဟူက ကားတံခါးကို ကိုယ်တိုင်ဖွင့်ပြီး လျူယောင်ကို ကားထဲဝင်ဖို့ ဖိတ်ခေါ်လိုက် သည်။ မနက်တိုင်းမှာ Universal တာဝါကို သွားဖို့ သူဋေးကို လာကြိုတာက သူ့အတွက် တော့ မဖြစ်မနေ လုပ်ရမယ့် အလုပ်ပဲ ဖြစ် သည်။
"သူဋေး ဒီနေ့ ပျော်စရာ ကိစ္စရှိလို့လား"
လျူယောင် အရမ်းစိတ်ကောင်းဝင်နေပုံ ရ တာကို ခံစားမိတာကြောင့် သူတို့နှစ်ယောက် က ဆက်ဆံရေးကောင်းပြီး တစ်ခါတလေ သူငယ်ချင်းလို ဖြစ်နေတဲ့အတွက် ချန်းဟူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လျူယောင်က ခေါင်းညိတ်ကာ ရှင်းပြလိုက် ၏။
"အင်း..ငါ ခုနက သတင်းတစ်ခု ကြည့်လိုက် တာ.. E နိုင်ငံ ရေတပ်ရဲ့ အကြီးဆုံး စစ်ဆိပ် ကမ်းက မီးလောင်သွားပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအားလုံး မီးလောင်ကျွမ်းသွားတယ်တဲ့.."
"ဘုရားရေ..ဒီလိုအရာမျိုး ရှိတာလား...."
ချန်းဟူက အရမ်းစိတ်ဝင်စားကြောင်း ပြသ လိုက်သည်။
"သူဋေး ဒါက ကျွန်တော်တို့အတွက် တကယ့် ကို သတင်းကောင်းပဲ...."
ဒါက သတင်းကောင်းတစ်ခု ဖြစ်တာ သေ ချာပေသည်။ဒီဟာက လူတွေကို အရမ်း စိတ်လှုပ်ရှားစေနိုင်တဲ့ သတင်းမျိုးပဲ ဖြစ်၏။
လွန်ခဲ့တဲ့ နှစ်ရက်ကပဲ E နိုင်ငံရဲ့ ရေတပ်က ဘလူးဝေးလ်နဲ့ ရှီဝမ်ကို ပင်လယ်ပြင်မှာ သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည်။
ဘယ်လောက်ကြာ သေးလို့လဲ။ နှစ်ရက် တောင် မကြာသေးပဲ သူတို့ရဲ့ အကြီးဆုံး စစ် ဆိပ်ကမ်းမှာ မီးတကယ် လောင်နေပြီလေ။
လျူယောင် ကားထဲကနေ ဆင်းလိုက်၏ ။သူက စိတ်ကြည်လင်စွာနဲ့ "Universal တာဝါ " ကို ရောက်လာပြီး သူ့ရဲ့ ရုံးခန်းထဲ ဝင်လာခဲ့သည်။
သူ ထိုင်ပြီး မကြာခင်မှာပဲ ကျိုးယန်က စိတ် လှုပ်ရှားစွာနဲ့ တံခါးခေါက်ပြီး ဝင်လာသည်။
"သူဋေး စိတ်လှုပ်ရှားစရာ သတင်းပဲ...."
လျူယောင်က ပြုံးပြီး မေးလိုက်သည်။
"ဘာလဲ ..Fask ဆိပ်ကမ်းက မီးအကြောင်း လား"
ကျိုးယန် အံ့ဩစွာ ပြောလိုက်သည်။
"အာ သူဋေး ...ခင်ဗျားကသိပြီးသားပဲ .....ဟုတ်တယ် .....တကယ်ပဲ အဲဒီကိစ္စပါ..."
ဒီကိစ္စကို ပြောတော့ ကျိုးယန်တွင် မကုန်နိုင် တဲ့ စကားလုံးတွေ ရှိနေပုံရသည်။ သူက ကျယ်လောင်စွာ ဆက်တိုက် ပြောနေသည်။
"ဘုရားသခင်မှာ မျက်လုံးတွေ ရှိတာပဲ. ..ဒါ က လက်စားချေတာပဲ.... ခုတော့ သူတို့ရဲ့ အ ကြီးဆုံး စစ်ဆိပ်ကမ်းက မီးလောင်ကျွမ်း သွားပြီ.."
" ငါတို့ Universalရဲ့ တရားဝင် ဝက်ဘ် ဆိုက် မှာ E နိုင်ငံ ရေတပ်ရဲ့ Fask ဆိပ်ကမ်းမှာ မီးလောင်တာက ငါ တို့နဲ့ ဘာမှ မဆိုင်ဘူးဆို တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်.."
လျူယောင် ညွှန်ကြားလိုက်သည်။
"ဘာ....."
"ဒီလို လုပ်ရပ်မျိုး ရှိတာလား......"
ဒီလို ကြေညာချက် ထွက်ပေါ်လာတာနဲ့ E နိုင် ငံရဲ့ ရေတပ်အရာရှိတွေ အားလုံးက ဒေါသ ကြောင့် သွေးအန်ကုန်လိမ့်မယ်လို့ ကျိုးယန် ခန့်မှန်းမိသည်။.