ကြော်ငြာချက် တစ်စောင်
Vol. 30 Ch. 399
"ဒါ.....ဒါက..."
" ဒီလိုမျိုး .....လုပ်ဆောင်တာက "
ကျိုးယန် တစ်ခဏမျှ အံ့အားသင့်သွား ပြီး နောက် သတိပြန်ဝင်လာ၍ လေးစားအား ကျသော မျက်နှာဖြင့် ပြောလိုက်သည်။
" သူဋေး ခဗျားရဲ့နည်းလမ်းက ပြီးပြည့်စုံ ပါတယ်..ဗျာ "
သူ အလွန်အမင်း အထင်ကြီးသွားရသည်။
မနေ့က Universal တွင် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်၍ E နိုင်ငံ ရေတပ်ကို ထိုက် တန်တဲ့ တန်ဖိုးတစ်ခု ပေးဆပ်စေရန် လုပ် ဆောင်သွားမည်လို့ အတိအလင်း ကြေညာ ခဲ့သည်။
"အခုတော့ ဘာဖြစ်သွားလဲ.. "
သူတို့၏ အကြီးဆုံးရေတပ်ဆိပ်ကမ်းတွင် မီး လောင်ကျွမ်းမှု့ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘော ဒါဇင်လောက်နဲ့ ရေငုပ်သင်္ဘောအချို့ပါ မီး ထဲ၌ ဆုံးရှုံးသွားရသည်။
"ဒါက...တိုက်ဆိုင်မှု့တစ်ခုလား..."
"ဒီလိုမှမဟုတ် Universal နဲ့ အမှန်တကယ် ပတ်သက်နေသလော...."
ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်တွင် Universal ရုံးသုံးဝက်ဘ်ဆိုက်တွင် မီးလော င်မှု့က သူတို့နဲ့ မည်သို့မှ မသက်ဆိုင်ကြောင်း အများပြည်သူသိစေရန် ကြေညာချက် တစ် စောင် တင်လိုက်မည်။ ဒီဟာက အရမ်း စိတ် ဝင်စားစရာကောင်းလှပေသည်။
Universal က ဒီအဖြစ်အပျက်နှင့် မသက် ဆိုင်ကြောင်း တရားဝင်ကြေညာထားသည်။
သူတို့နဲ့မပတ်သက်ဘူးဆိုပြန်လျှင်လည်း တိုက်ဆိုင်မှု့က အလွန်များနေပြန်သည်။ E နိုင်ငံ ရေတပ်ကို ကြီးမားတဲ့ တန်ဖိုးပေးဆ ပ်ရစေမည်လို့ ကြေညာလိုက်ပြီး မကြာမီမှာ ပဲ ဒီ မီး လောင်မှု့ကြီး ဖြစ်ပွားခဲ့သည်။
လျူယောင်ရဲ့ ရုံးခန်းထဲမှ ကျိုးယန် ပျော်ရွှင် စွာ ထွက်လာခဲ့သည်။ နာရီဝက်ပင်မပြည့်မှီ ထိုသို့သော ကြေညာချက်ကို Universal ရုံးသုံးဝက်ဘ်ဆိုက်နဲ့ ရုံးသုံးအကောင့်တို့တွင် သူ တင်လိုက်၏။
ရှင်းဖိန်ဆိုသူက Universal ရဲ့ ပရိသတ် တစ်ဦးဖြစ်လို့ တစ်နေ့တွင် ဒီကုမ္ပဏီမှာ သူ ဝင်ရောက်လုပ်ကိုင်လိုသည်။ ဒါကြောင့် သူကUniversal ရုံးအကောင့်ကို အမြဲတစေ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။
ဒီနေ့လည်း အလားတူပင် သူ လုပ်လက်စ အလုပ်အချို့ကို ပြီးမြောက်အောင် လုပ် ဆောင်ပြီးနောက် လက်ထဲမှ ဖုန်းကိုကောက် ယူပြီး သူ ကြည့်နေကျ ရုံးသုံးအကောင့်ကို ဝင်ကြည့်လိုက်သည်။
"ဟင်...ဘာလဲဟ... "
သူအနည်းငယ် အံ့သြသွားသည်။ ထို့နောက် ရုံးသုံးအကောင့်ပေါ်ရှိ ကြေညာချက်တစ် စောင်က သူ့ရဲ့ စိတ်အာရုံကို လျင်မြန်စွာ ဖမ်းစားသွားတော့သည်။ အကြောင်းအရာ က E နိုင်ငံရဲ့ အကြီးဆုံး စစ်ဆိပ်ကမ်းမီး လောင်မှု့အတွက် Universal က ထပ်တူဝမ်း နည်းကြောင်း ဖော်ပြထားပြီး ဒီကိစ္စက Universal နဲ့ မသက်ဆိုင်ကြောင်း ဖော်ပြထာ းပေသည်။
"ဟားဟား....စိတ်ဝင်စားစရာကောင်းလိုက်တာကွာ..."
ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက်များကို ရှန်းဖိန် အသံကျယ်ကျယ်နဲ့ မေးလိုက်၏။
“မင်းတို့ သိကြလား... E နိုင်ငံရဲ့ အကြီးဆုံး စစ်ဆိပ်ကမ်းဖြစ်တဲ့ Fask ဆိပ်ကမ်းမှာ စစ်သင်္ဘောတွေ အများကြီး မီးလောင်ကုန် တာ..... မင်းတို့သိကြလား....”
သူ့အသံမှာ ကျယ်တာကြောင့် လူတိုင်းကြား နိုင်ပေသည်။
“အိုး..... ဒီလိုအရာမျိုးရှိတယ်လား. ...ငါ.. .ဖုန်းနဲ့ အဲ့ဒီ့ သတင်းကြည့်လိုက်ဦးမယ်...”
“ဟားဟား....အရမ်းမိုက်တာပဲ.....ဒီမီးလောင်မှု့က အရမ်းမိုက်တာပဲကွာ...”
“ဒါက..... တကယ် ငါ့ကို..... မျက်စိပွင့်စေ တယ်.. သူတို့ဆိပ်ကမ်း .မီးလောင်သင့် တယ်”
လုပ်ဖော်ကိုင်ဖက်များက တစ်ဦးပြီးတစ်ဦး အားတက်သရော ပြောဆိုလာကြသည်။ နိုင်ငံတကာနယ်ပယ်တွင် E နိုင်ငံဆိုတာက ငါတို့နဲ့နေရာတိုင်းမှာဆန့်ကျင်နေတာမို့ လူ တိုင်းက ဒီ မီးလောင်မှု့က အလွန်ကောင်း တယ်လို့ ထင်နေကြသည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက အသံကျယ် ကျယ် မေးလိုက်သည်။
“မနေ့ကမှ Universal ဘက် က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး E နိုင်ငံရဲ့ရေတပ်ကို ကြီးမားတဲ့တန်ဖိုးပေးဆပ်ရမယ်လို့ လူသိရှင် ကြား ပြောခဲ့တယ်နော် ...ဒီမီးလောင်မှု့က Universal နဲ့ ပတ်သက်နေတာလား”
“Universal နဲ့ ပတ်သက်ဖို့ ငါ...မျှော်လင့် တယ်......ပြီးတော့ ဒီမီးကို Universal က ရှို့ထားတာလို့ မျှော်လင့်တယ်....ဒါပေမဲ့ ဒီလိုကြီးမားတဲ့ စွမ်းရည်မျိုး သူတို့မှာ ရှိမယ်မထင်ဘူး..”
“ဒီအချက်ကို ကျွန်တော်လုံးဝ သဘောတူ တယ်အချိန်ဘယ်လောက်ကြာသွားပြီလဲ သူတို့မှာ ဒီလိုစွမ်းရည် တကယ်ရှိတယ်ဆိုရင် အံ့သြစရာကောင်းလိမ့်မယ်..”
လုပ်ဖော်ကိုင်ဖက်များ စိတ်ဝင်စားနေတာကို မြင်တဲ့အခါ ရှင်းဖိန်က သတင်းကို ဖွင့်ပြော လိုက်၏။
“မင်းတို့.... Universal ရဲ့ ရုံးသုံးအကောင့်ကို ကြည့်လိုက်.....စိတ်ဝင်စားစရာကောင်းတဲ့ ကြေညာချက်တစ်စောင်ရှိတယ်.....အထူးသဖြင့် မီးလောင်မှု့က သူတို့နဲ့ မပတ်သက်ဘူး လို့ ပြောထားတယ်.....”
“ဘာလဲ....”
“ဒီလို.....ကြေညာချက်မျိုး ရှိသေးတာ လား....”
လူတိုင်းနီးပါး အံ့ဩသွားကြပြီး Universal ရဲ့ရုံးသုံးအကောင့်ကို ချက်ချင်းဝင်ရောက် ကြည့်ရှု့ လိုက်ကြသည်။ မကြည့်ရသေးသူ များကလည်း ချက်ချင်း ကြည့်လိုက်ကြ သည်။
“ဒါ .....ဘယ်လိုလုပ်ဆောင်မှု့မျိုးလဲ...... ငါ နားမလည်တော့ဘူး......”
“ငါ့အထင်တော့......ဒါက E နိုင်ငံ ရေတပ်ကို တမင်တကာ ပိတ်ဆို့ထားတာ ဖြစ်လိမ့် မယ်..”
“ဟား ဟား.....E နိုင်ငံက ရေတပ်သားတွေ ဒီကြေညာချက်ကို မြင်တဲ့အခါ ဒေါသပို ထွ က်နေလိမ့်မယ်..”
“မြင့်တယ်..... တကယ်ကို အိုင်ကျူ အရမ်း မြင့်တယ်ကွာ.....Universal က ....တကယ့် ....အမိုက်စားပဲ....”
ရုံးခန်းကြီးထဲတွင် လုံးဝ သက်ဝင်လှုပ်ရှာ းလာပြီး လူတိုင်းက ဒီအကြောင်းကို ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။
ထိုသို့သော အခြေအနေမျိုးက ဒီရုံးခန်း ကြီးထဲမှာပဲ ဖြစ်ပျက်နေခြင်း မဟုတ်ပေ။
မနေ့က Universal တွင် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဒါက သတင်းများ စွာထဲတွင် အမြဲတမ်း ရေပန်းစားတဲ့ အ ကြောင်းအရာတစ်ခုပဲ ဖြစ်သည်။ အခုတော့ Universal က လုပ်ဆောင် ချက်နှင့်ပတ်သ က်သော ကြေညာချက် ထပ်ထွက်လာတာနဲ့ လူများစွာက ထိုအကြောင်းကို စတင်ပြောဆို လာကြသည်။
ယန်နိုင်ငံတွင် E နိုင်ငံရဲ့ အကြီးဆုံးစစ်ဆိပ် ကမ်း မီးလောင်မှု့ဟာ မူလက ပြန့်ကျဲနေတဲ့ သတင်းအချို့မျှသာ ဖြစ်သော်လည်း အခု တော့ မီဒီယာများက ပိုမို သတင်းတင်လာ ကြသည်။
ဒါ့ကြောင့် ၂၄ နာရီပင် မပြည့်မီ E နိုင်ငံ အ ကြီးဆုံးစစ်ဆိပ်ကမ်း မီးလောင်မှု့နဲ့ Universal မှ ကြေညာချက်က ရေပန်းစားတဲ့ ရှာဖွေမှု့များထဲရောက်ရှိသွားပေသည်။
လူများစွာက ဒီအကြောင်းကို ပြောဆိုနေ ကြပြီး Universal နဲ့ ဒီမီးလောင်မှု့က ပတ် သက်မှု့ရှိမရှိကိုလည်း ခန့်မှန်းနေကြသည်။
ယန်လူမျိုးများအနေဖြင့် Universal က မီး ရှို့ခြင်းဖြစ်ဖို့ လူတိုင်းမျှော်လင့်ကြသည်မှာ သေချာပေသည်။ သို့ပေမဲ့ ဒါက မဖြစ်နိုင် လောက်တဲ့ အခြအ နေမှာ ရှိနေတာကိုလည်း လူတိုင်းသိထားကြသည်။
ပထမဆုံးအနေဖြင့် အချိန် အရမ်း မြန်နေ သည်။
Universal က သတင်းစာရှင်းလင်း ပွဲတစ် ခုကို ပြုလုပ်ပြီး E နိုင်ငံ ရေတပ်ကို ကြီးမား သော တန်ဖိုးပေးဆပ်ရမည်ဟု လူသိရှင် ကြား ပြောခဲ့သည်မှာ တစ်ရက်ပင် မပြည့် သေးပေ။
Universal က တစ်ရက်အတွင်း ဤကဲ့သို့ သော ကြီးမားသည့် အဖြစ်အပျက်ကို စီစဉ် နိုင်သည်ဆိုပါက ဒီလိုစွမ်းရည်မျိုးသည် M နိုင်ငံပင်လျှင် မလုပ်နိုင်ဘူးလို့ ထင်ရသည်။
ဒီမီးလောင်မှု့က Universal နဲ့မသက်ဆိုင် ကြောင်း လူတိုင်းသိသော်လည်း Universal က ထိုကဲ့သို့သော ကြေညာချက်ကို တင် လိုက်ခြင်းကြောင့် လူများစွာက ဆက်စပ် တွေးတောမှု့များကို ဖြစ်ပေါ်စေခဲ့သည်။
......
Fask ရေတပ်ဆိပ်ကမ်းတွင်...
မီးက လုံးဝငြိမ်းနေသော်လည်း ထိုနေရာမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ ဆိပ်ခံတံတားပေါ် တွင် မက်သရူးရိုင်ယန်က မျက်နှာပြာနှမ်း ကာ ရပ်ကြည့်နေသည်။
ထိပ်တန်းရေတပ်အရာရှိတစ်ဦးအနေဖြင့် သူ့ တာဝန်က မီးလောင်မှု့ အကြောင်းရင်းကို စုံ စမ်းရန် ပဲ ဖြစ်သည်။
သူ့နောက်တွင် လူအုပ်ကြီးတစ်စုရှိ သော် လည်း သူတို့ထဲမှ လူတိုင်းက ဝမ်းနည်း ကြေ ကွဲ၍ စိတ် နှလုံးလည်း ညှိုးငယ်နေသည်။
“ကျွန်တော်တို့ ရေငုတ်သမားတွေက ရေ အောက်မှာ ရှာဖွေတွေ့ရှိခဲ့ပါ တယ်...ဒါက… စစ်သင်္ဘောတိုင်းနီးပါးမှာ အပေါက်ကြီးတွေ ရှိနေပါတယ်”
ပြောပြီးနောက် ထိုအရာရှိက မက်သရူးရိုင် ယန်အား ရေအောက်မှ ရိုက်ယူထားသော ဓာတ်ပုံများကို ပေးလိုက်သည်။
ဒီဓာတ်ပုံများကို ကိုင်ကာ မက်သရူးရိုင်ယန် က အလွန်ရုပ်ဆိုးသော မျက်နှာဖြင့် ကြည့် ပြီး မေးလိုက်၏။
“မင်းတို့ ...ဘယ်လိုထင်လဲ .. "
အရာရှိတစ်ဦးက ချက်ခြင်း ပြန်ဖြေလိုက် သည်။
“ဒါက မီးလောင်ရတဲ့ အကြောင်းရင်း အမှန် လို့ ကျွန်တော်ထင်ပါတယ်... ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးသင်္ဘောမှာ အပေါက်ကြီးတွေ ရှိနေပြီး ရေပြင်ပေါ်မှာ ဒီဇယ်ဆီ အများအ ပြား ယိုစိမ့်ခဲ့လို့ မီးလောင်မှု့ဖြစ်ပွားခဲ့ တာ ပါ..”
အခြားအရာရှိတစ်ဦးကလည်း ခေါင်ညိတ် ကာ ဝင်ပြောလိုက်၏။
“ဒီအချက်ကို ကျွန်တော်လုံးဝ သဘောတူ ပါတယ်.... ဒီထောက်ပံ့ရေးသင်္ဘောအပြင် တခြားစစ်သင်္ဘောတွေမှာလည်း ဆီယိုစိမ့် မှုတွေရှိနေလို့ မီးလောင်မှု့က အရမ်းကြီး လာတာပါ”
မက်သရူးရိုင်ယန် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ ထပ်မေးလိုက်သည်။
“ဒီအပေါက်ကြီးတွေ ဘယ်လိုဖြစ်လာတယ် လို့.. မင်းတို့ယူဆလဲ..”
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တွေးတော နေကြ သည်။
ဘယ်သူ့မှ စကားမပြောကြတော့ပေ။
သူတို့မတွေးတတ်ကြပေ။
".စစ်သင်္ဘောတိုင်းတွင် အပေါက်ကြီးများ ဘယ်လိုရှိနေတာလဲ.."
" ဒီအပေါက်ကြီးတွေ ဘယ်လို ဖြစ်လာတာ လဲ...."
ဆိုတာ ဘယ်သူမှ နားမလည်ကြတော့ပေ။
ပတ်ဝန်းကျင်ရှိ အခြေအနေက တဖြည်း ဖြည်း တိတ်ဆိတ်သွားသည်။ မက်သရူး ရိုင်ယန်က ကျေနပ်မှု့မရှိတဲ့ လေသံဖြင့် အော်ဟစ်ကာ ကျိန်ဆဲတော့သည်။
“အမှိုက်ပုံ အစုအဝေးပဲ…”
ထိုအချိန်တွင် အရာရှိတစ်ဦး ရောက်လာပြီး မက်သရူးရိုင်ယန်ရဲ့ နားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။ ထိုအခါ မက်သရူး ရိုင်ယန်ရဲ့ မျက်နှာက သိသိသာသာ ပြောင်း လဲသွားတာကို လူတိုင်းက သတိထားမိလိုက် ကြ၏။