← Chapters

ဘာ သက်သေ အထားအထားမှ မရှိဘူး

Vol. 30 Ch. 400

ဘာ သက်သေ အထားအထားမှ မရှိဘူး

Vol. 30 Ch. 400

"ဘာ..."

“ဒီလိုကိစ္စမျိုး ရှိတာလား....”

မက်သရူးရိုင်ယန်ရဲ့ မျက်နာက ပြောင်းလဲသွ ားပြီး အလွန်ကြည့်ရဆိုး‌နေသည်။

Universal က Fask ဆိပ်ကမ်း မီးလောင် မူ့ ဟာ သူတို့နှင့်မသက်ဆိုင်ကြောင်း လူ သိ ရှင် ကြားကြေညာခဲ့ပြီး သတိပေး ချက်ထုတ် ပြန်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

ဒါက ရန်လိုခြင်းမဟုတ်ပေမယ့်အလွန် ရိုင်း စိုင်းခြင်းပင်။မက်သရူးရိူင်ယန် ဒေါသထွက် လွန်းလို့ သွေးအန်လုမတတ် ဖြစ်နေ၏။ဒီ မီးလောင်မူ့က Universal နဲ့ဘာမှမဆိုင်‌ ကြောင်း သူသိသည်။

အခင်း မဖြစ်ပွားခင် တစ်ရက်အလိုတွင် Universal ဘက်က E နိုင်ငံရဲ့ စစ်ဆိပ်ကမ်း ကို ကြီးမားတဲ့ တုံ့ပြန်မူ့ ပေးမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သည်။

မက်သူရူးရိုင်ယန်က Unibersalရဲ့မှတ်ချက် များကိုဟာသတစ်ခုသာ ဖြစ်ကြောင်း မှတ် ယူထားကာ Universal တွင် ဒီလိုမျိုးစွမ်း ရည်များရှိ လိမ့်မယ်လို့ သူမယုံကြည်ခဲ့ပေ။

Fask ဆိပ်ကမ်းတွင် မီးလောင်တာက တ ခြားအကြောင်းရင်းများကြောင့် ဖြစ်လိမ့် မယ်လို့သူယုံကြည်သည်။Universal က တော့ လုံးဝမဖြစ်နိုင်ပေ။

မက်သူရူးရိုင်ယန်ရဲ့ မျက်နှာ ပြောင်းလဲသွား တာကိုသတိပြုမိတဲ့အရာရှိတစ်ဦးက မေး လိုက်၏။

"ဗိုလ်ချုပ်..ဘာဖြစ်လို့လဲ.."

မက်သရူးရိုင်ယန်က အေးစက်စွာ အော် လိုက်ပြီး ကိစ္စကိုအတိုချုံးရှင်းပြလိုက်သည်။

"ဘာ တကယ်ပဲဒီလိုမျိုးဖြစ်ခဲ့တာလား.."

E နိုင်ငံရဲ့ ရေတပ်အရာရှိများအားလုံး အံ့ အားသင့်သွားကြပြီး အချိန်အတော် ကြာ သည်အထိ သူတို့သတိပြန်မဝင် နိုင်ခဲ့ကြ ပေ။

“ဗိုလ်ချုပ် Universal က အရမ်းရိုင်းစိုင်း လွန်းတယ်....သူတို့ကို သတိပေးချက်တစ်ခု ပေးသင့်လား..”

“သတိပေးရုံနဲ့ မလုံလောက်ပါဘူး… ..လက် တွေ့ကျတဲ့ လုပ်ဆောင်မှု့တွေကို ကျွန်တော် တို့ လုပ်ရပါ မယ်...”

ဒီအရာရှိများက ဖြောင့်မတ်တည်ကြည်သ လို ဟန်ဆောင် နေပုံရသော်လည်း အမှန် တ ကယ်တွင် သူတို့စိတ်ထဲ၌ အလွန် ဒေါသ ထွက်နေကြသည်။

မက်သရူးရိုင်ယန် လက်ဝှေ့ယမ်းပြကာ အ မိန့်ပေးလိုက်၏။

“ဒီကိစ္စကို စိတ်မပူနဲ့ အခု ငါတို့အတွက် အ ရေးအကြီးဆုံးက မီးလောင်ရတဲ့ အကြောင်း ရင်းအမှန်ကို ရှာဖွေဖို့ပဲ...”

Universal ထံမှ ထိုကြေညာချက်ကို နှာခေါ င်းညှစ် အသက်အောင့်ကာ သူ လက်ခံယုံ သာရှိ‌ တော့သည်။

အခြား ဘာများ လုပ်နိုင်ဉီး မည်နည်း။

....

ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း....

လိပ်ကြီးက ဒီနေရာကို ပြန်ရောက်လာ၏ ။သူက အသက်တစ်ချက်ရိူက်ကာ ပြန်ကူး လာပြီး အနားမယူဘဲ ချောက်နက်ထဲသို့ ဆက်ကူးသွားသည်။ ပထမဆုံး ဗိုက်ဖြည့်ရန် အတွက် ဧရာမရေဘဝဲတစ်ကောင်ကို ဖမ်း ဆီးရန် ပြင်ဆင်ပြီး အိပ်စက်အနားယူရန် သူ ရည်ရွယ်ထားသည်။

ချောက်နောက်ထဲသို့ လိပ်ကြီး ဝင်ရောက် လာပြီး ငါးမိုင်ခြောက်မိုင်အနက်ကို ရောက် တဲ့အခါ အရှိန်လျော့ကာ ဖြည်းညင်းစွာ သူ ကူးခတ်လာသည်။

လိပ်ကြီးရဲ့ အထူးအာရုံခံစားမှု့က အပြည့် အဝ အသက်ဝင်လာ၏။ တန် ၁၀၀၀ အတား အဆီးကို ဖြတ်ကျော်ပြီးနောက် စွမ်းရည် အ မျိုးမျိုးတွင် တစ်ဆင့်တက်သွားခဲ့ ပြီး.. အထူးအာရုံခံစားမှု့ အကွာအဝေးကလည်း မီတာ ၅၀၀ မှ မီတာ ၁၀၀၀ သို့ တိုးလာ သည်။

ငါးမိုင်ခြောက်မိုင် အနက်မှာရှိတဲ့ မှောင်မိုက် တဲ့ အနက်ထဲတွင် လိပ်ကြီး ပိုပြီး အဆင် ပြေနေသည်။ မီတာ ၁၀၀၀ ပတ်လည်ရှိ အရာအားလုံးက အလွန်ရှင်းလင်းလှသည်။

“ဟေး ငါ ပစ်မှတ်ကို ရှာတွေ့ပြီကွ”

ရှားရှားပါးပါး အနေဖြင့် ဧရာမရေဘဝဲ နှစ် ကောင်ရှိနေပြီး သူတို့နှစ်ကောင်ကြား အ ကွာအဝေးက မီတာ ရာဂဏန်းသာ ရှိပေ သည်။

“ဝိူး..ဒါ..ငါ့ အတွက်....အခွင့်အရေးပဲ..”

လိပ်ကြီး ခဏတာ ပျော်ရွှင်သွားခဲ့ရသည် ။Fatsk ဆိပ်ကမ်းတွင်ရှိစဉ်က ပြန်ရောက် လျှင် ဧရာမရေဘဝဲနှစ်ကောင် ဖမ်းစားပစ် မည်ဟု သူ ကြွေးကြော်ခဲ့သည်။ အခုတော့ ဒီပန်းတိုင်က အောင်မြင်သွားပြီလို့ ထင် သည်။

လိပ်ကြီးက တိတ်တိတ်လေး ချောင်းနေပြီး လျင်မြန်စွာ ဝင်တိုက်လိုက်သည်။ဒီ ဧရာမ ရေဘဝဲက လိပ်ကြီးကို တွေ့တဲ့အခါ နောက် ကျသွားပြီပဲ ဖြစ်သည်။ထိုဧရာမရေဘဝဲကို တစ်ချက်တည်းနဲ့ လိပ်ကြီး သတ်ပစ်လိုက် သည်။

“နောက်တစ်ကောင် ကျန်သေးတယ်..”

အပြေးစွမ်းရည်ကို လိပ်ကြီး တိုက်ရိုက် အသုံးပြုလိုက်ရာ လက်ထဲမှ လှံက ဧရာမ ရေဘဝဲကို ထိုးဖောက်လုမတတ်ပင် ဖြစ် သွားရသည်။

“သခင်ရေ..ကျွန်တော် ဧရာမရေဘဝဲနှစ် ကောင်ဖမ်းလာတယ်ဗျ..”

လျူယောင်ကို ဂုဏ်ယူဝံ့ကြွားစွာ လိပ်ကြီး ပြောပြပြီး အလွန်ပျော်ရွှင်နေပုံရသည်။

လျူယောင်လည်း ဝမ်းသာအားရ ချီးကျူး လိုက်၏။

“တော်တယ်ကွာ... ဒီလောက်ကြီးတဲ့ ရေ ဘဝဲနှစ်ကောင်တောင်လား..”

“သခင်...ကျွန်တော် ဂူထဲကို ပြန်သွား တော့မ ယ်နောက်နှစ်ရက်သုံးရက်စာအတွက်.... အ စာလုံလောက်ပြီ...ဟဲဟဲ”

လျူယောင် ခေါင်းညိတ်ပြကာ ခိုင်းလိုက် သည်။

“နောက်ရက်တွေမှာ မင်း ဂူထဲကအာကာ သယာဉ်ရဲ့ လေယာဉ်မှူးခန်းအပြင်ဘက်က အပျက်အစီးတွေကို ရှင်းလင်းရမယ်..”

“အိုခေဘာ သခင်”

လိပ်ကြီးက သဘောတူကာ ပြန်ဖြေလိုက် ၏။

ဂူထဲမှ အာကာသယာဉ်၏ လေယာဉ်မှူး အခန်းရဲ့ အစိတ်အပိုင်းက ပေါ်ထွက်လာခဲ့ ပြီး လေယာဉ်မှူးခန်းရဲ့ ဖန်သားပြင်အပြင် ဘက်ရှိ ရွှံ့မြေများကို အခြေခံအားဖြင့် လိပ်ကြီးက ရှင်းလင်းပြီးပြီပဲ ဖြစ်သည်။

လျူယောင်ရဲ့ ရည်ရွယ်ချက်က ရှင်းလင်း ရေးကို လိပ်ကြီး ဆက်လက်တိုးချဲ့ရန်ပဲ ဖြစ်သည်။ လေယာဉ်မှူးခန်းထဲသို့ ဝင်ရန် လမ်းကြောင်း သို့မဟုတ် ဝင်ပေါက်တစ်ခုကို ရှာတွေ့နိုင်ပါက အလွန်ကောင်းမွန်ပေလိမ့် မည်။

လိပ်ကြီးက ယာယီဂူထဲတွင် ခေတ္တနေထိုင် ပြီး အချိန်ရတဲ့အခါ သန့်ရှင်းရေးလုပ်သား အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ပေသည်။

အာကာသယာဉ်ရဲ့ အပျက်အစီးဘေးတွင် သတ္တုတန်ချိန် ရာပေါင်းများစွာရှိနေ၏။ နောက်ဆုံးအကြိမ် လိပ်ကြီးက သူတို့ထဲက အချို့ကို သယ်ယူခဲ့သည်။ တန်ချိန် ၆၀၀၀၀ မှ ၇၀၀၀၀ ခန့် သယ်ယူခဲ့ပြီး ဒါက သတ္တု ဆယ်ပုံတစ်ပုံခန့်သာ ရှိသေးသည်။ ကျန်နေ တဲ့ သတ္တုများကို ပြန်သယ်ယူရန် လျူ ယောင် စီစဉ်ထားသည်။

.....

E နိုင်ငံရဲ့ ရေတပ်ဌာနချုပ်.....

မက်သရူးရိုင်ယန်က ရုံးခန်းထဲတွင် စာရွက် စာတမ်းတစ်စောင်ကို ဖတ်နေပြီး မျက်မှောင် အနည်းငယ် ကြုတ်နေသည်။

ဒါက M နိုင်ငံ စစ်တပ်မှ ပို့လိုက်တဲ့ သံနက် ကုမ္ပဏီရဲ့ သင်္ဘောပျက် စုံစမ်းရေး အစီရင်ခံ စာ ပဲဖြစ်၏။

ပြီးခဲ့တဲ့ တစ်ခေါက်က ထိုရေတိမ်ပိုင်း ပင် လယ် ရေပြင်တွင် သံနက် ကုမ္ပဏီနဲ့ ဘလူး ဝေးလ် တို့က သတ္တုအပိုင်းအစများကို ဆယ်ယူရန် အလုအယက်လုပ်ခဲ့ ကြသည်။ ပြီးနောက် ရေတိမ်ပင်လယ်ရေပြင်နဲ့ မနီး မ ဝေးတွင် သံနက် ကုမ္ပဏီရဲ့ သင်္ဘောက နစ် မြုပ်သွားပြီး သယ်ယူပို့ဆောင်ရေးသင်္ဘော လေးစင်းစလုံး နစ်မြုပ်သွားခဲ့ရသည်။

စုံစမ်းရေး အစီရင်ခံစာတွင် ဓာတ်ပုံများစွာ ပါရှိပြီး ရေအောက်မှ ရိုက်ယူထားခြင်းဖြစ် ကြောင်း သိသာနေသည်။ နစ်မြုပ်နေတဲ့ သ ယ်ယူပို့ဆောင်ရေးသင်္ဘောတိုင်းတွင် အပေါ က်ကြီးများ ရှိနေသည်။

မက်သရူးရိုင်ယန်က သူတို့တပ်က ရေ အောက်မှာ ရိုက်ထားတဲ့ ဓာတ်ပုံများကို လျင် မြန်စွာ ထုတ်ကြည့်လိုက်သည်။ စစ်သင်္ဘော ပေါ်ရှိအပေါက်ကြီးများကလည်း သံနက် ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘော ပေါ် ရှိ အပေါက်ကြီးများနဲ့ အတူတူပဲ ဖြစ်နေ သည်။

" ဘာတုန်းဟ....."

"ဒါက တိုက်ဆိုင်မှုတစ်ခုလား....."

“မဖြစ်နိုင်ဘူး..”

သူ တစ်ယောက်တည်း တွေးနေမိပြီး စဉ်းစ ား လေလေ ဒါက Universal နဲ့ တစ်ခုခု ပ တ်သက်နေတယ်လို့ သူ ခံစားရလေလေ ဖြစ်သည်။

"ဒါက... တိုက်ဆိုင်မှု့တစ်ခုလား ...ဒါမှ မဟုတ်.. Universalနဲ့ တစ်ခုခု.... တကယ်ပ တ်သက်နေတာလား....."

ဒီမတိုင်ခင်က မီးလောင်မှု့တွင်လည်း Universal နဲ့ ဘာမှမဆိုင်ဟု သူထင်ခဲ့သည်။ ဒါပေမဲ့ အခုတော့ သူ အနည်းငယ်ယိမ်းယိုင် နေမိသည်။

“သူတို့နဲ့တကယ် ပတ်သက်နေတာလား...”

“သူတို့ လုပ်ခဲ့တာဆိုရင်တောင် သင်္ဘောအော က်ခြေက အပေါက်ကြီးတွေကို ဘယ်လို ဖန် တီးခဲ့တာလဲ....”

မက်သရူးရိုင်ယန်က အချိန်အတော်ကြာစဥ်း စားပြီးနောက် ဆွေးနွေးသုံးသပ်ဖို့အတွက် အစည်း အဝေး ကျင်းပရန် ဆုံးဖြတ်လိုက် သည်။

ဒီအစည်းအဝေးက အလွန်ပြင်းထန်ပြီး လူမျ ားစွာက Universal နဲ့ တစ်ခုခု ပတ်သက်မှု့ ရှိရမည်ဟု ယုံကြည်နေကြသည်။

လူအချို့ကလည်း Universal က လုပ်ခဲ့ တာလို့ပင် အော်ဟစ်နေကြသည်။ ဒါကို သကသေပြစရာ ဘာမှမရှိပေမဲ့ပေါ့။

သင်္ဘောအောက်ခြေတွင် ဒီလို ကြီးမားတဲ့ အပေါက်တစ်ခုဖန်တီးရန် ကိရိယာများနဲ့ အင့်အားများစွာ လိုအပ်ပေသည်။

သူတို့က တွက်ချက်မှု့များကို ကြည့်ပြီး အံ့ အားသင့်သွားကြသည်။ ထိုကဲ့သို့ ကြီးမား သော ကိရိယာတစ်ခုကို အသုံးပြုရန် အန ည်းဆုံး တန်ရာပေါင်းများစွာ ကိရိယာများ လိုအပ်ပေသည်။

" ဒါက ...ဘယ်လိုကိရိယာမျိုးလဲ...."

" ကိရိယာတစ်ခုတည်းလား....."

သူတို့ အစွမ်းကုန် စဥ်းစားကြပေမဲ့ Universal က ဘယ်လို လုပ်တာလဲဆိုတာကို နားမလည်နိုင်ခဲ့ကြပေ။

ကိစ္စက ရှုပ်ထွေးသွားပြန်သည်။ သူတို့ထဲမှ လူအချို့က Fatt ဆိပ်ကမ်း မီးလောင်မှု့ဟာ Universal နဲ့ ပတ်သက်မှု့ရှိရမယ်လို့ သံသယ ရှိနေကြသည်။ ဒါပေမဲ့ ဘာ သက်သေအ ထောက် အထားမှ မရှိပေ။

E နိုင်ငံရေတပ်ရဲ့ ထင်မြင်ယူဆချက်က သံ သယမျှသာ ဖြစ်သည်။ဒီအချက်ကို သက် သေပြရန် တိကျသေချာတဲ့ အထောက်အ ထားများ ရှိ မနေပေ။

..........

Universal တာဝါတွင်...

Coaster နှစ်စီးက အဆောက်အအုံရဲ့ ဝင် ပေါက်သို့ မောင်းဝင်လာခဲ့ပြီး လူတစ်စုက ကားပေါ်မှ ဆင်းလာကြကာ လူဦးရေ ၂၀ မှ ၃၀ ခန့်ရှိပေသည်။ သူတို့အားလုံးနီးပါးက နိုင်ငံခြားသားများဖြစ်ပြီး လူမည်း အချို့ လည်း ပါကာ အရှေ့တိုင်းသားများ နည်းပေ သည်။

ထိုလူများထဲတွင် အမျိုးသမီးများစွာလည်း ပါဝင်ခဲ့သည်။ကားပေါ်မှ သူတို့ ဆင်းပြီး နောက် Universal တာဝါထဲသို့ လျှောက်ဝ င်လာကြသည်။

ဒီမြင်ကွင်းမျိုးကို ဘယ်သူကမှ အာရုံ မစိုက် ကြပေ။ ဒီနေရာတွင် နိုင်ငံခြားကုမ္ပဏီများစွာ ရှိတာကြောင့် နိုင်ငံခြားသားများ ဝင်ထွက် နေတာက ပုံမှန်ပဲ ဖြစ်၏။

ဒါက ပုံမှန်မဟုတ်ဘူးလို့ အတင်းအကျပ် ပြောဆိုရမည်ဆိုလျှင် ဒီတစ်ကြိမ် ဝင်လာတဲ့ နိုင်ငံခြားသား ၂၀ မှ ၃၀ ဦးက အနည်းငယ် များလွန်းနေပုံ ရသည်။

ပထမထပ်ရှိ ဧည့်ခန်းမထဲသို့ သူတို့ ဝင်လာ တဲ့အခါ Universal ရဲ့ လုံခြုံရေးဌာနမှ အ စောင့် များစွာက ချက်ချင်း ကြိုဆိုလိုက် ကြ သည်။

All Chapters