အိပ်မက်ဆိုး..
Vol. 44 Ch. 655
ဆန်နီ သက်ပြင်းချလိုက်ပြီး..မျက်လုံးတွေကို ပိတ်ကာ ဝိဉာဉ်ပင်လယ်ထဲကို ခုန်ဝင်သွားခဲ့တယ်..။
တည်ငြိမ်ပြီး..အလင်းရောင် ကင်းမဲ့နေတဲ့ သူ့ရဲ့ ဝိဉာဉ်ပင်လယ်က..အရင်ကအတိုင်း ရှိနေဆဲပါပဲ..။အနက်ရောင် ဒီရေ တွေက ငြိမသက်ပြီး တိတ်ဆိတ်နေခဲ့ကာ..ကောင်းကင်ထက်မှာ တြိဂံပုံသဏ္ဍာန် လွင့်မျောနေတဲ့ အနက်ရောင် နေလုံးသုံးခုကို ပြီးပြည့်စုံစွာ အလင်းပြန်နေခဲ့ပါတယ်..။ခံစားချက်မဲ့နေတဲ့ အရိပ်တွေ တန်းစီနေတဲ့ နေရာကသာ အရင်ကနေ မတူပဲ ကွဲပြားနေခဲ့တယ်..။ဒီဟာက အခုဆိုရင်..မရေမတွက်နိုင်တဲ့ အနီရောင် တိုက်ပွဲကွင်းပြင်က အရိပ်တွေနဲ့ စည်ကားနေခဲ့ပါပြီ..။
အခုချိန်မှာ ဆန်နီရဲ့ ခန္တာကိုယ်က ..အတော်လေး ပြောင်းလဲနေခဲ့ပေမယ့်..သူ့ရဲ့ ဝိဉာဉ်ကတော့ ပုံမှန်အတိုင်းရှိနေဆဲပါပဲ..။
သူက အရိပ်အမြုတေ သုံးခုရဲ့ ကြားထဲကို လျောက်သွားလိုက်ပြီး..အိပ်မက်ဆိုးကို ခေါ်ထုတ်လိုက်တယ်..။
သူ့ရှေ့မှာ အနက်ရောင် မီးတောက်အစုအဝေးကနေပြီး လှပတဲ့အနက်ရောင် မြင်းတစ်ကောင်က..ဖြစ်တည်လာခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် မြင်းခွာတွေကြောင့် တိတ်ဆိတ်နေတဲ့ ရေတွေကိုတောင် လှိုင်းအနည်းငယ် ထသွားစေခဲ့တယ်..။အရိပ်ကတော့ သူ အရင်က မှတ်မိထားခဲ့တဲ့ အတိုင်းပါပဲ..။မြင့်မားပြီး ကျတ်သရေရှိတယ်..၊ တောက်ပတဲ့ အနက်ရောင် အမွှေးတွေရှိပြီး အရည်ပြားအောက်မှာလည်း ကျစ်လစ်နေတဲ့ ကြွက်သားတွေ ရှိနေခဲ့ပါသေးတယ်..။သူ့ရဲ့ အမွှေးတွေက ရှည်လျား ထူထဲပြီး..၊ သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေက..အနီရောင် မီးလျှံတွေနဲ့ တောက်ပနေခဲ့ပါတယ်..။
ဒီ ကျိန်စာသင့်သူဟာ..ရှည်လျားတဲ့ ဦးချိုနှစ်ချောင်းနဲ့ ဝံပုလွေလိုမျိုး ထက်ရှတဲ့ အစွယ်တွေကိုလည်း ပိုင်ဆိုင်ထားခဲ့သေးတယ်..။ဦးချိုတွေ ၊ အစွယ်တွေ နဲ့ မြင်းခွာတွေ အားလုံးက..ထူးဆန်းတဲ့ အနက်ရောင် သတ္တုတစ်မျိုးနဲ့ ထုလုပ်ထားခဲ့တာပါ..။ဒီအရာက..မထိုးဖောက်နိုင်တဲ့ မြေအောက်ကမ္ဘာဝတ်ရုံတော်ရဲ့ မဟူရာအကာအကွယ်ကိုတောင်..ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်..။ဒီအရာတွေရဲ့ တိုက်ခိုက်မူ ၊ ကိုက်ဖြတ်မူတွေကြောင့် ခံစားခဲ့ရတဲ့ ဝေဒနာတွေကို တွေးမိလိုက်တဲ့ အချိန်မှာ ဆန်နီ တုန်ရီသွားခဲ့တယ်..။
အိပ်မက်ဆိုးပေါ်ထွက်လာတာနဲ့ တစ်ပြိုင်နက်..သူ့စိတ်ထဲမှာ ကြောက်ရွံ့တဲ့စိတ်က ဖြစ်တည်လာခဲ့ပါတယ်..။ဆန်နီ ထူးဆန်းစွာပဲ..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ကာ..လက်တစ်ဖက်ကို မြှောက်လိုက်ပြီး..မြင်း ရဲ့ နှာတံကို ပွတ်သပ်လိုက်ပါတယ်..။
“ဟေ…ငါတို့…ငါတို့ ပြန်တွေ့ ကြပြန်ပြီပေါ့.. သူငယ်ချင်းဟောင်းကြီး..”
အိပ်မက်ဆိုးက…အမှန်တကယ်ပဲ..သူ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ..။အနည်းဆုံးတော့..အရိပ်အရှင်သခင်ရဲ့ နောက်ဆုံးဘဝ နေ့မှာတုန်းက..နောက်ဆုံးတစ်ကြိမ် အတူတကွ စီးနင်းခဲ့ပါသေးတယ်..။သို့ပေမယ့်..အခုချိန်မှာ ဆန်နီက မတူညီတဲ့ လူတစ်ယောက် ဖြစ်နေသလိုပဲ..လှပတဲ့အရိပ်ကလည်း..မတူညီတော့ပေ..။သူ့ရဲ့ အနီရောင် မျက်လုံးထဲမှာရှိနေတဲ့ ရူးသွပ်မူတွေ အားလုံးက ပျောက်ကွယ်သွားခဲ့ပါပြီ..။ပြီးတော့ နှစ်ပေါင်းရာနဲ့ချီပြီး ထမ်းပိုးထားခဲ့ရတဲ့ ပူဆွေးမူတွေ ၊ အထီးကျန်မူတွေလည်း မရှိတော့ပေ..။
ဒါက အနက်ရောင်မြင်းက ပြန်လည်မွေးဖွားလာခဲ့သလိုပါပဲ…။သူက တူညီတဲ့ သတ္တဝါအဖြစ် ရှိနေတုန်းပဲ ဆိုပေမယ့်..သေးဆုံးခြင်းရဲ့ အမှောင်ထုနဲ့ တစ်နည်းနည်း သန့်စင်ထားခြင်း ခံခဲ့ရပါတယ်..။
ဆန်နီက သူ့ရဲ့ နှာတံကို ပွတ်သပ်ပေးနေတဲ့ အချိန်မှာတော့ အိပ်မက်ဆိုးက..သူ့ရဲ့လက်ကို ပြန်မှီထားခဲ့ပြီး..သခင်ဖြစ်သူကို အသိအမှတ်ပြုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်..။သူ့ရဲ့ ကြက်သွေးရောင် တောက်ပနေတဲ့ မျက်လုံးတွေက စိတ်ဆန္ဒပြင်းပြမူတွေ ရှိနေခဲ့တယ်..။သူက ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ နှာမှုတ်လိုက်ပါတယ်..။
ဆန်နီ ကျေနပ်သွားခဲ့ပြီး..သူ့ရှေ့မှာ ပေါ်ထွက်လာတဲ့ အချက်အလက် ဇယားတွေကို ကြည့်လိုက်တယ်..။သူ့ရဲ့ အရိပ်အသစ်က ဘာတွေ စွမ်းဆောင်နိုင်စွမ်းရှိလဲ ဆိုတာကို သူ သိချင်နေခဲ့ပါပြီ..။
သူ ဖတ်လိုက်တယ်..။
အရိပ် - အိပ်မက်ဆိုး
အရိပ် အဆင့် - နိုးထမူ
အရိပ် အမျိုးအစား - တယ်ရာ
အရိပ် ဖော်ပြချက် - ဒီလှပသောမြင်းကို ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခု၏ နက်ရှိုင်းသည့်အပိုင်းတွင် သစ္စာမရှိသော အလင်းမှပျောက်ဆုံးသူက..ယဉ်ကျေးအောင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်..။အရိပ်တစ်ခုဟာ မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေကြာထဲတွင် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်..။နှစ်ဖက်စလုံးက လက်လျော့ရန် ဆန္ဒမရှိခဲ့ကြသည့်တိုင်…အဆုံးတွင် အိပ်မက်ဆိုး များကသာ လက်လျော့ခဲ့ကြရသည်..
ဆန်နီ သက်ပြင်းချလိုက်တယ်..။
‘နောက်တစ်ခါ သစ္စာမရှိဘူးဆိုတဲ့ အရာက ပါလာပြန်ပြီ..။အနည်းဆုံးတော့..ဒီတစ်ကြိမ်မှာ အခိုက်အတန့်က ငါ့ကို ပေါ်ပေါ်ထင်ထင် မလှောင်ပြောင်ခဲ့ဘူးပဲ..’
သူက အရိပ်ကခုန်မူရဲ့ ခါးသက်တဲ့ ဖော်ပြချက်ကို အခုချိန်အထိ မှတ်မိနေတုန်းပါပဲ..။
ဆန်နီ မကျေနပ်စွာ ခေါင်းခါယမ်းလိုက်ပြီး..သူ့ရဲ့ လည်ပင်းက အမာရွတ်ကို ပွတ်သပ်လိုက်ကာ..အချက်အလက်စာသားတွေကို ပြန်အာရုံစိုက်ထားလိုက်တယ်..။
အရိပ် စွမ်းရည် - လျင်မြန်သော ၊ အနက်ရောင်ဖျက်ဆီးသူ ၊ သေဆုံးမူအရှင်သခင် ၊ အိပ်မက်လမ်းလျောက်သူ
လျင်မြန်သော စွမ်းရည်ဖော်ပြချက် - ဒီအရိပ်သည် အထူးသဖြင့် လျင်မြန်ပြီး ခံနိုင်ရည်ရှိသည်
အနက်ရောင် ဖျက်ဆီးသူ စွမ်းရည်ဖော်ပြချက် - အနက်ရောင်မြင်းသည် အရိပ်စစ်သည်တော်၏ မြင်းဖြစ်ရန် ရည်ရွယ်ထားခဲ့ပြီး..စီးနင်းသူကို တိုက်ပွဲထဲတွင် အဖော်ပြုပေးနိုင်သည်..။သူသည် သစ္စာရှိပြီး ကြောက်ရွံ့ထိပ်လန့်ခြင်း မရှိပေ..။သူ၏ အမြန်နှုန်း ၊ ခွန်အား နဲ့ ခံနိုင်ရည် များသည်..အမှောင်ထု နဲ့ အရိပ်များ၏ ဝန်းရံမူကြားထဲတွင် ပိုမိုသန်မာလာနိုင်သည်။
သေဆုံးမူ အရှင်သခင် စွမ်းရည်ဖော်ပြချက် - အရိပ်၏ ခွန်အားသည် သူ့ကို ကြောက်လန့်ကြသည့် အချိန်တွင် ပိုမို ကြီးမားလာနိုင်သည်။
အိပ်မက်လမ်းလျောက်သူ စွမ်းရည်ဖော်ပြချက် - ဒီအရိပ်သည် အိပ်မက်များကြားထဲတွင် သွားလာနိုင်သည်။
ဆန်နီဟာ..အတွေးနက်နေတဲ့ အမူအရာနဲ့ အနက်ရောင် မြင်းကို လေ့လာနေခဲ့တယ်…။
‘ဟင်..’
ဒီတော့..အိပ်မက်ဆိုးက မယုံနိုင်လောက်အောင်..လျင်မြန်ပြီး ခံနိုင်ရည်ရှိတာပေါ့..။သူက စစ်ပွဲမြင်းတစ်ကောင်ဖြစ်တာကြောင့် တိုက်ပွဲထဲကိုလည်း စီးနင်းနိုင်တယ်..။ကြောက်ရွံ့ပြီး တွေဝေနေတာမျိုးတွေလည်း မရှိဘူး..။ပြီးတော့ သူ့မှာ ထူးခြားတဲ့ စွမ်းရည်နှစ်ခုလည်း ရှိနေသေးတယ်..။အဲတာက သူနဲ့ သခင်ဖြစ်သူကို အရိပ်တွေက လွှမ်းခြုံသွားတဲ့အချိန်မှာ သူ့ရဲ့ အမြန်နှုန်း ၊ ခွန်အား နဲ့ ခံနိုင်ရည်အားတွေ ပိုမိုမြင့်မားလာနိုင်တာပဲ..။နောက်တစ်ခုကတော့ ဖျက်ဆီးသူ ကို ရန်သူတွေက ကြောက်ရွံ့လာတဲ့အချိန်မှာ သူ့ရဲ့ စွမ်းရည်တွေက ပိုမို မြင့်မားလာခဲ့တာ..။
ဒါက တကယ်ကို ကောက်ကျစ်စဉ်းလဲပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါင်းစပ်မူ တစ်ခုပါပဲ..။အထူးသဖြင့်..သက်ရောက်မူတစ်ခုက တစ်ခြားတစ်ခုထဲကို ဝင်ရောက်သွားပြီး အဆုံးမရှိတဲ့ သံသရာ လည်ပတ်မူတစ်ခု အဖြစ် ဖန်တီးလိုက်တာပါ..။တယ်ရာ နဲ့ တိုက်ပွဲမှာ ဆန်နီ ရှင်သန်နိုင်ခဲ့တာက..သူ့ရဲ့ စိတ်က ကြောက်ရွံ့မူကို မခံစားနိုင်တော့လောက်အောင်..နိုပ်စက်ခံထားရလို့တောင် ဖြစ်နိုင်ပါတယ်..။
နိုးထမူအဆင့် တယ်ရာကတင် အတော်လေးကို အင်အားကောင်းနေခဲ့ပြီ ဖြစ်ပေမယ့် ဒီစွမ်းရည် နှစ်ခုကိုပါ ပေါင်းစပ်ထားတဲ့ အချိန်မှာတော့ ဆန်နီတောင် ကြက်သီးထသွားခဲ့တယ်..။
‘ကြောက်ဖို့ကောင်းတယ်..’
ပြီးတဲ့နောက်မှာတော့…နောက်ဆုံးစွမ်းရည်ဖြစ်တဲ့..အိပ်မက်လမ်းလျောက်သူ ပဲ ကျန်ပါတော့တယ်..။ဒီတစ်ခုကတော့ ဆန်နီ အနေနဲ့ ဘယ်လို တွေးရမလဲတောင် မသိတော့ပေ..။
‘လူတွေရဲ့ အိပ်မက်ထဲကို ကျူးကျော်ဝင်ရောက်တဲ့ ကိစ္စကို နောက်မှကြည့်ရမယ်..။ဒါက ပျော်စရာကောင်းမှာ မဟုတ်ဘူးလား..။တစ်နေ့မှာ မော်ဒရက်ရဲ့ စိတ်ထဲကို ဝင်ရောက်ပြီး..တစ်ခြားလူတွေ ကျူးကျော်ခံရရင် ဘယ်လိုခံစားကြရလဲ ဆိုတာကို သိအောင်လုပ်ရမယ်..’
ဆန်နီ နက်မှောင်စွာပြုံးလိုက်ပြီး..အသက်ကိုရူသွင်းလိုက်ကာ..ရူးစ် စာသားတွေကို ထပ်မံဖတ်ရူလိုက်ပါတယ်..။စွမ်းရည်တွေ ဆိုတာက သံသယဖြစ်စရာ မလိုလောက်အောင်ပဲ..အရေးပါကြပါတယ်..။အထူးသဖြင့် အိပ်မက်ဆိုး ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေပါ..။သို့ပေမယ့်..အရေးအကြီးဆုံးက..သူ့ရဲ့ ကျွမ်းကျင်မူ တွေပါ….
အရိပ် ကျွမ်းကျင်မူများ - စီးဆင်းသော အရိပ် ၊ ကြောက်ရွံ့မူ ဝတ်ရုံ ၊ အိပ်မက်ဆိုး ၊ အိပ်မက်ကျိန်စာ
စီးဆင်းသော အရိပ် ကျွမ်းကျင်မူ ဖော်ပြချက် - “ ဤမြင်းသည် အရိပ်များထဲသို့ ဝင်ရောက်ပြီး မယုံနိုင်စရာ အမြန်နှုန်းဖြင့် သွားလာလှုပ်ရှားနိုင်သည် “
ဆန်နီ ပြုံးလိုက်တယ်..။
‘အာ…ဒီတော့ အခြေခံအားဖြင့်..ဒါက ခုန်ကူးခြင်း မပါဝင်တဲ့ အရိပ်ခြေလှမ်းလိုပဲပေါ့..။ဒါတောင်မှ အတော်လေး အသုံးဝင်ပြီး..ငါ့ရဲ့ စွမ်းရည်တွေနဲ့ ကိုက်ညီနေတုန်းပဲ..’
သူ နောက်ထပ် စာသားတွေကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ ခံစားချက်တွေက မြင့်တက်လာခဲ့ပါတယ်..။
ကြောက်ရွံ့မူ ဝတ်ရုံတော် ကျွမ်းကျင်မူ ဖော်ပြချက် - “ ဤအရိပ်သည် ရန်သူများရဲ့ ကြောက်လန့်မူကို ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူများကို သူ့ပတ်ဝန်းကျင်တစ်လျောက်လုံးသို့ ပေးပို့နိုင်သည် “
ဆန်နီ အကူအညီမဲ့စွာပဲ..လေချွန်လိုက်တယ်..။
‘ဒါ…ဒါပဲလေ…ချီးပဲ..’
ထိပ်လန့်မူကို အရှိန်အဝါကို ထုတ်လွှတ်နိုင်တဲ့ စွမ်းရည်ကတင် မယုံနိုင်စရာ ကောင်းလောက်အောင် လုံလောက်နေခဲ့ပါပြီ..။ဒါက အားနည်းတဲ့ ရန်သူတွေကိုဆိုရင် တစ်ခါတည်း ပြိုလဲကျသွားစေပါလိမ့်မယ်..။အားကောင်းတဲ့ ရန်သူတွေက ဒီအရာကို ခုခံနိုင်ကြမယ် ဆိုပေမယ့်လည်း သူတို့ရဲ့ စိတ် ထဲမှာ ကြောက်ရွံ့တဲ့ မျိုးစေ့လေးက ဝင်ရောက်သွားမှာတော့ အမှန်ပါပဲ..။ပြီးတဲ့အချိန်မှာတော့ ဒီအရာက အိပ်မက်ဆိုးရဲ့ သေဆုံးမူ အရှင်သခင် စွမ်းရည်နဲ့ ချည်နှောင်သွားပြီး..သူ့ကို ကြောက်ရွံ့တဲ့စိတ်တွေကို ပိုမိုသန်မာလာစေပါလိမ့်မယ်..။
‘ကြောက်ဖို့ကောင်းတယ်…အတော်လေး ကြောက်ဖို့ကောင်းတယ်..’
အနက်ရောင်မြင်းနဲ့ တွေ့ဆုံတဲ့ အချိန်တုန်းက ဆန်နီဟာ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်ထားမိတာ အတော်လေး ကံကောင်းတဲ့အချက်ပါ..။ဒီမဟူရာ အကာအကွယ်က သူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကနေ ကာကွယ်ပေးထားပါတယ်..။
သူ့ရဲ့ အပြုံးတွေက ပိုမိုကြီးမားလာပြီးတဲ့နော်ကမှာတော့ နောက်ထပ် စွမ်းရည်တစ်ခုကို ရွေ့လျားလိုက်တယ်..။
အိပ်မက်ဆိုး ကျွမ်းကျင်မူ ဖော်ပြချက် - “ ဒီအရိပ်က အိပ်မက်ဆိုးများကို ဖန်တီးပြီး..လိုအပ်သလိုခြယ်လှယ်ကာ ဖိနိုပ်ထားနိုင်သည်..။အိပ်မက်ဆိုး အများကြီးကို သိမ်းသွင်းနိုင်လေလေ…သူက အိပ်မက်ဆိုး အပြင်မှာရော အပြင်မှာပါ သန်မာလာလေလေ ဖြစ်သည်”
ငြိမ်သက်နေသော အိပ်မက်ဆိုးများ - ၀
ဆန်နီ စာသားတွေကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီး အဓီပ္ပာယ်ရှိအောင် စဉ်းစားဖို့ ကြိုးစားနေခဲ့ပါတယ်..။
‘ဟင်..’
ဒီတော့..အိပ်မက်ဆိုးရဲ့ စွမ်းရည်ဖြစ်တဲ့ လက်အောက်ခံတွေကို ဖန်တီးနိုင်စွမ်းက..စစ်မှန်တဲ့ အိပ်မက်ဆိုးတွေကို ဖိနိုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားခဲ့တာပေါ့..။ဒါက အသွေးအသားတွေနဲ့ ပြုလုပ်ထားတဲ့ အရာမျိုး မဟုတ်ပဲ စစ်မှန်တဲ့ အိပ်မက်ဆိုးတွေကို ဆိုလိုတာပဲ..။ပြီးတော့..အိပ်မက်ဆိုးတွေ များပြားလာပြီဆိုရင် သူလည်း ပိုမိုသန်မာလာလိမ့်မယ်..။
ဒီ အိပ်မက်ဆိုးတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်တွေ ရှိနေကြတဲ့ ပုံပါပဲ..။လတ်တလောမှာတော့ သူက အသွင်ပြောင်းအဆင့် ဖြစ်ပြီး..အနက်ရောင်မြင်းရဲ့ အဆင့်ထက်..တစ်ဆင့်နိမ့်ပါတယ်..။ထပ်ပြောရရင် လတ်တလောမှာ သူ့ရဲ့လုပ်ပိုင်ခွင့် အိပ်မက်ဆိုးက သုည ဖြစ်နေခဲ့တယ်..။ဒါပေမဲ့ အိပ်မက်ဆိုးတစ်ခုကို ဘယ်လို ဖန်တီးရမှာလဲ..။ဒါမှမဟုတ် အဲတာကို ဘယ်လို သိမ်းသွင်းရမှာလဲ..။ဆန်နီ ဒါကို မသိပေ..။
သို့ပေမယ့် သူ နားလည်တဲ့ အရာကတော့..မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ခရီးဟာ ဘာလို့ အဆုံးသတ်သွားခဲ့တာလဲ ဆိုတာပါပဲ..။ကြည့်ရတာတော့ ဆန်နီ ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်စရာ အိပ်မက်တွေအားလုံးက..အရင် အိပ်မက်ဆိုး မြင်းက..ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဖန်တီးထားခဲ့တာ ဒါမှမဟုတ် စုဆောင်းထားခဲ့တာပါ..။ပြီးတော့ သူက အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့တဲ့ အချိန်မှာ အနက်ရောင် မြင်းရဲ့ ချုပ်နှောင်မူကနေ လွတ်မြောက်ခဲ့ပါတယ်..။
‘စိတ်ဝင်စားစရာပဲ..’
ဆန်နီအနေနဲ့ သူ့ရဲ့ အရိပ်က ကိုယ်ပိုင် လက်အောက်ခံတွေကို ဘယ်လို ဖန်တီးရတာလဲ ဆိုတာကို လေ့လာရပါတော့မယ်..။ဒီဖြစ်စဉ်က..ရိုးရှင်းမှာမဟုတ်သလို ၊ လွတ်ကူမှာလည်း မဟုတ်ဘူးဆိုတာကိုတော့ သူ သိနေခဲ့တယ်..။
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး အိပ်မက်ဆိုး ပိုင်ဆိုင်ထားတဲ့ နောက်ဆုံး စွမ်းရည်ကို ကြည့်လိုက်တယ်..။
ဒီတစ်ခုကတော့..အိပ်မက်ကျိန်စာ လို့ခေါ်ပါတယ်..။သို့ပေမယ့်..ဒါက ကျန်တဲ့အရာတွေ အားလုံးနဲ့ လုံးဝကို ကွာခြားနေခဲ့တာပါ..။စာသားတွေကို ဖွဲ့စည်းပေးထားတဲ့ ရူးစ်တွေက အသက်မရှိပဲ မှိန်ဖျော့ဖျော့ ဖြစ်နေသလို ရှိနေခဲ့ကြတယ်..။ပြီးတော့..သူ အာရုံစိုက်ဖို့ကြိုးစားလိုက်တဲ့ အချိန်မှာ..စာသားအချို့က ပေါ်ထွက်လာခဲ့ပါတယ်..။
အိပ်မက်ဆိုး လိုအပ်ချက် - ၀ / ၁၀၀၀
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။
‘ချီးတဲ့မှပဲ…စစ်မှန်တဲ့ တယ်ရာက ဒီလောက်ထိ မရိုးရှင်းဘူးလို့ထင်တယ်…’
ဒါတောင်မှ သူ့ရဲ့ အရိပ်က အတော်လေးကြောက်မက်ဖွယ်ကောင်းနေတုန်းပါပဲ..။ဒါက လျင်မြန်ပြီး သန်မာတဲ့ မြင်းတစ်ကောင် ဖြစ်ရုံတင်မကပဲ…တိုက်ပွဲကွင်းပြင်ကိုလည်း ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ သွားလိုစိတ်ရှိပါသေးတယ်..။သူက ရန်သူတွေကို ထိပ်လန့်စေနိုင်စွမ်းရှိပြီး..ကြောက်ရွံ့စိတ်ကို ပိုမိုသန်မာလာနိုင်စေပါတယ်..။ထပ်ပြောရရင် ဒါက စစ်မှန်တဲ့ အရိပ်သတ္တဝါတစ်ကောင်ပါပဲ..။ဆိုလိုတာကတော့ သူ့ရဲ့ စွမ်းရည်တွေ ၊ ကျွမ်းကျင်မူတွေက သူ့ရဲ့ စွမ်းရည်တွေနဲ့ အတော်လေး ပြီးပြည့်စုံစွာ လိုက်ဖက်မူ ရှိပါတယ်..။
ဆန်နီကိုယ်တိုင်က အနက်ရောင်မြင်းရဲ့ ဒေါသကို ရင်ဆိုင်ထားခဲ့ဖူးတာကြောင့်..ဒီလို ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်က အခုချိန်ကနေစပြီး သူ့ဖက်ကနေ ရပ်တည်တိုက်ခိုက်တော့မှာကို တွေးမိလိုက်တဲ့ အချိန်မှာ မသက်မသာ ဖြစ်သလို ခံစားလိုက်ရတယ်..။သူတွေ့ခဲ့တဲ့ အားကောင်းတဲ့ ရန်သူတွေက မိတ်ဆွေအဖြစ် လက်တွဲတိုက်ခိုက်ရမယ် ဆိုတာကို ဘုရားသခင်ပဲ ကြိုသိနိုင်ပါလိမ့်မယ်..။
သူ့အပြုံးက အနည်းငယ် မှိန်ဖျော့သွားခဲ့တယ်..။
အိပ်မက်ဆိုးနဲ့ ပတ်သက်ပြီး သိသာတဲ့ အားနည်းချက်တစ်ခုက ရှိနေပါသေးတယ်..။ဒါပေါ့ ဒါက အနက်ရောင်မြင်းရဲ့ အမှားမဟုတ်တာ သေချာပေမယ့်လည်း ဆန်နီကိုတော့ ဝမ်းနည်းစေပါတယ်..။သူ သက်ပြင်းချလိုက်တယ်..။
‘အာ..ဟုတ်တယ်..။တကယ်လို့ မင်းမှာသာ ကုန်းနှီးတစ်ခုပါလာခဲ့ရင် ကောင်းမှာပဲ..’
ကုန်းနှီးတစ်ခုမရှိပဲ သူက ဘယ်လိုလုပ် ဒီလိုကြောက်စရာ မြင်းတစ်ကောင်ကို စီးနင်းရမှာလဲ..။ဒါက ဘယ်လို အဓိပ္ပာယ် မရှိတဲံ အရာမျိုုးလဲ..။
မြင့်မြတ်တဲ့ မြင်းတစ်ကောင်ကို အပြစ်မပြုချင်တာကြောင့် ဆန်နီဟာ သူ့ရဲ့ မသက်မသာ ဖြစ်မူကို ဘေးဖယ်ထားလိုက်ပြီး..မြင်းရဲ့ ကျောကုန်းကို ပွတ်သပ်ပေးလိုက်ပါတယ်..။
“မြင်းကောင်းလေးပဲ…အိပ်မက်ဆိုး..။မင်းမစိုးရိမ်ဘူးလား..မင်းနဲ့ငါက လူသားတွေ ၊အိပ်မက်ဆိုးသားရဲတွေနဲ့ အင်မော်တယ် တွေ အများကြီးကို ခြောက်လှန့်ကြရတော့မယ်..။ဒါက မင်းကို ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေ မြန်မြန်စုဆောင်း နိုင်စေမယ့် နည်းလမ်းပဲ..။သူတို့ငါ့တို့ကိုကျိန်းသေ ကြောက်နေကြလိမ့်မယ်..။မင်းတွေ့မှာပါ..။ဘာပဲဖြစ်ဖြစ် သစ္စာမရှိတဲ့ အရိပ်ထက် ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာက သစ္စာမရှိတဲ့ အရိပ်ရဲ့ ဘေးနားမှာ ကြောက်မက်ဖွယ် အရိပ်မြင်းတစ်ကောင် ထပ်ရှိနေတာပဲ..။ဒီလို ဆိုရိုးစကားမျိုးတွေ ရှိတယ်လို့တော့ ငါထင်တာပဲ..။မရှိရင်လည်း မရှိဘူးပေါ့..။ဘာပဲဖြစ်ဖြစ် မင်း နဲ့ငါက..ကြီးမြတ်ပြီး ..ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေအဖြစ် အတူတူ ရှိနေကြရအောင်..။တကယ်လို့ ဒီလို ဆိုရိုးစကားမျိုး မရှိဘူးဆိုရင်လည်း မကြာခင် ရှိလာတော့မှာပါ..”
ဆန်နီ ကျေနပ်စွာပြုံးလိုက်ပြီး..အနက်ရောင် ကျိန်စာသင့်သူကို ရုတ်သိမ်းလိုက်တယ်..။ပြီးတဲ့နောက်မှာတော့ ဝိဉာဉ်ပင်လယ်ထဲကနေ ထွက်ခွာလိုက်ပြီး..အိပ်ယာထဲမှာ လဲလျောင်းကာ နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ပါတယ်..။
ပင်ပန်းစွာ မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ တွေးလိုက်တယ်..။
‘ငါက..အမှန်တကယ်ကို အနားယူဖို့ လိုအပ်နေပြီ…’
ယင်းနောက်..ရူးသွပ်နေတဲ့ မှော်ဆရာက သဘော်ပျံကို ကောင်းကင်ထက်မှာ ရွက်လွင့်နေစဉ် သူက ငြိမ်းချမ်းစွာ အိပ်စက်ပါတော့တယ်..။