← Chapters

လနတ်သမီးရဲ့ ဉယျာဉ်..

Vol. 44 Ch. 656

လနတ်သမီးရဲ့ ဉယျာဉ်..

Vol. 44 Ch. 656

ဆန်နီ နိုးထလာတဲ့အချိန်မှာတော့ သဘော်က မြင့်မြတ်နယ်မြေနဲ့ နီးကပ်နေခဲ့ပါပြီ..။သူ ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတာ့ ရင်းနှီးတဲ့ ကျွန်းတစ်ခုကို မြင်နေခဲ့ရတယ်..။သူ့နေခဲ့တုန်းကတော့…ဒီကျွန်းကို ပျက်ပြားခြင်းအဆင့် သားရဲတစ်ကောင်က သိမ်းပိုက်ထားခဲ့တာပါ..။အခုချိန်မှာရော ဒီ သတ္တဝါက..ဒီနေရာမှာရှိနေပြီလား ဆိုတာကို သူ သိချင်နေခဲ့တယ်..။

ဘာပဲဖြစ်ဖြစ်..ဒီနေရာကနေဆိုရင် မြင့်မြတ်နယ်မြေက..ချိန်းကြိုးအနည်းငယ်ကို ဖြတ်သန်းဖို့ပဲ..လိုအပ်ပါတော့တယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..အဝတ်အစားဝတ်ကာ..အခန်းထဲက ထွက်ခွာသွားခဲ့ပါတယ်..။သူက အပေါ်ထပ်ဆီကို ဦးတည်သွားနေခဲ့တယ်..။အပြင်ကိုရောက်တဲ့အချိန်မှာတော့..သူက သဘော်သား အရုပ်တွေက သဘော်ရွက်တိုင်တွေကို တိတိကျကျ နဲ့ လှပစွာ ရစ်တင်နေကြပြီး..တစ်ခြားလုပ်စရာ ရှိတာတွေကို လုပ်နေကြတာ တွေ့လိုက်ရပါတယ်..။နိုတစ်ကတော့ ပဲ့ထိန်းတဲ့ နေရာမှာ ရပ်နေခဲ့ပြီး..ဝတ်ရုံအသစ်တစ်ထည်ကို ဝတ်ဆင်ထားကာ..ပေါ့ပါးတဲ့ သံစဉ်တစ်ခုကို လေချွန်နေခဲ့တယ်..။ဆန်နီကို သတိထားမိသွားတဲ့ အချိန်မှာတော့ မှော်ဆရာက ပြုံးလိုက်ပါတယ်..။

“အာ..ဆန်းလပ်..။မင်း နိုးလာတာ ဘယ်လောက်တောင်မှ ကံကောင်းလိုက်လဲ..။ငါတို့က အိမ်ကို ပြန်ရောက်ခါနီးနေပြီ..”

သူက ရှေ့ကို တစ်ချက်ကြည့်လိုက်ပြီး..လက်ဝေ့ယမ်းပြလိုက်တယ်..။တိုက်ဆိုင်စွာပဲ ဒီသဘော်တစ်ခုလုံးကို လည်ထွက်သွားစေခဲ့ပါတယ်..။သစ်သားရုပ်ထုတွေက..တစ်နည်းနည်းနဲ့ ပုံမှန်အတိုင်း ရှိနေနိုင်ကြပေမယ့်..ဆန်နီကတော့..သဘော်ပေါ်ကနေ လွင့်ကျမသွားရအောင်..လက်ကိုင်ကို အမြန်ကိုင်ထားလိုက်ရပါတယ်..။သူက အင်မော်တယ် ကို နောင်တရတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်..။

နိုတစ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး..

“အိုး..အာ…တောင်းပန်ပါတယ်..”

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..လှေကားအတိုင်းတက်ကာ..မှောဆရာရပ်နေတဲ့ ပဲ့ထိန်းစက်တိုင် ရှိနေတဲ့ နေရာနားကို‌ေ လျာက်သွားလိုက်ပါတယ်..။ဒီနေရာကနေပြီး..သူက ဘုရင့်နိုင်ငံတော်ရဲ့ ရူခင်းတွေကို တိတ်တဆိတ်ကြည့်ရူနေလိုက်တယ်..။နောက်ဆုံးမှာတော့..လှပတဲ့ ရေတံခွန်တွေကနေ ထွက်ပေါ်လာတဲ့ တိမ်တိုက်လေးတွေနဲ့ ဝန်းရံထားတဲ့ ကျွန်းငယ်လည်း တစ်ခုဟာ..မြင်ကွင်းထဲမှာ ပေါ်ပေါက်လာခဲ့ပါပြီ..။

မြင့်မြတ်နယ်မြေ…ဒီနေရာကို ပြန်တွေ့ရတာ တကယ်ကို ကောင်းမွန်တာပဲ..။ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးထဲမှာတောင် ဒီအရာက..အိမ်လိုမျိုး ခံစားနေရဆဲပါပဲ..။

နိုတစ် ပြုံးလိုက်ပြီး..

“အဲတာပဲ…။နိုတစ် မြင့်မြတ်နယ်မြေ ဆိုတာ..။ငါ့ရဲ့ လှပတဲ့ ခံတပ်နေရာ..။ဒါက လှပတယ်မလား..”

ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ..သူ့ရဲ့ ဝတ်ရုံထဲကနေ..မြစိမ်းရောင် အဆောင်ကို ထုတ်ပြီး..အတွေးတွေကို ထည့်သွင်းလိုက်ပါတယ်..။

“…အဲလိုထင်တာပဲ..။ဒါပေမဲ့ ကိုယ့်နာမည်နဲ့ကိုယ် နာမည်တတ်ခေါ်တာကြီးကတော့ နည်းနည်း ပိုလွန်းနေတယ် မဟုတ်ဘူးလား..”

မှော်ဆရာဟာ ရယ်မောလိုက်ပြီး..

“အိုး…နိုး..။မင်း နားလည်မူလွဲနေပြီ..။အစကတော့..ဒါကို လဘုရားကျောင်း လို့ခေါ်ကြတာ..။ဒါက ငါ့ရဲ့ အဘွားကို ရည်စူးပြီး ဆောက်လုပ်ထားခဲ့တာလေ..။ငါက ဒီမှာ တစ်ယောက်တည်းနေရာတကို အတော်လေးကျေနပ်မိတယ်..။ဒါပေမဲ့ ..မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်က တဖြည်းဖြည်း ဆိုးဝါးလာတာကြောင့်..ဒီလူတွေက..ရူးသွပ်မူတွေကနေ လုံခြုံတဲ့နေရာကို ရှာဖွေရင်းနဲ့ ငါ့နေရာကို ရောက်လာခဲ့ကြတယ်..။ငါက သူတို့တွေကို မောင်းထုတ်ဖို့အတွက်..အကြင်နာတရား ကင်းမဲ့မူ ရှိမနေခဲ့ဘူးလေ..။ဒီတော့..သူတို့က ဒီနေရာကို နိုတစ် မြင့်မြတ်နယ်မြေလို့ စတင်ခေါ်လာခဲ့ကြတယ်..။ဘာလို့လဲ..ဒါက တကယ်ကို ကောင်းမွန်တဲ့ နာမည်ပဲ..။ငါ့ကို မေးရင်တော့ အဲလိုပဲဖြေမှာ..”

ဆန်နီ သူ့ကို အချိန်တစ်ချို့ကြာအောင ်ကြည့်နေပြီးကာမှ..သုန်မုန်တဲ့ အသံနဲ့ ပြောလိုက်တယ်..။

“…မင်းရဲ့ မြင့်မြတ်တဲ့ အဘွားဆိုတာက ဘယ်သူများလဲ..”

နိုတစ်က သူ့ဘက်ကိုလှည့်ပြီး အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။သူ့ရဲ့ လှပတဲ့ မျက်နှာပေါ်မှာတော့..အံ့ဩမူတွေအပြည့်ပါပဲ..။

“ကောင်းပြီလေ..ဘယ်သူရှိသေးလဲ..။ဒါပေါ့..လ နတ်သမီး အကြောင်းပဲ.။

ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။

‘…ဒါက ဘယ်လိုလုပ် အဓိပ္ပာရှိတော့မှာလဲ..’

သူ ပါးစပ်ဟပြီး တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့်..ပါးစပ်ပြန်ပိတ်ထားလိုက် တယ်..။ပြီးတာနဲ့ အများကြီးမတွေးမိဖို့အတွက်သာ ဆုံးဖြတ်လိုက်ပါတယ်..။ဒီ အပြုအမူကို သတိထားမိသွားတာကြောင့် နိုတစ်ဟာ..ရှုပ်ထွေးတဲံ အမူအရာနဲ့ ပုခုံးတွန့်ပြလိုက်ပါတယ်..။

“ငါ့ရဲ့ ပြိုင်ဖက်ကင်းနေတဲ့ အလှတရားကို ဘယ်သူ့ဆီကနေ ဆက်ခံခဲ့တယ်လို့ မင်းက ထင်နေလို့လည်း..။ငါ့လို ချောမောလှတဲ့ လူတွေက..သစ်ပင်ပေါ်က အသီးတွေလိုမျိုး ဖြစ်တည်လာကြတာ မဟုတ်ဘူးနော်…သိတယ်မလား..။ကောင်းပြီလေ..အဲတာက ထူးခြားတဲ့ သစ်ပင်မဟုတ်ရင်ပေါ့..”

ဆန်နီ အံ့ကို ကြိတ်ထားခဲ့ပြီး တစ်ခုခုကို အသံထွက်ပြီး မတွေးမိဖို့ ကြိုးစားနေခဲ့ရတယ်..။

မကြာခင်မှာပဲ..သဘော်ပျံဟာ ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ကျောက်တိုင်တွေရဲ့ အလယ်ကိုရစ်ဝဲသွားခဲ့ပါတယ်..။သဘော်ပေါ်က မြင့်မြတ်တဲ့ သစ်ပင်ကတော့..အောက်မှာရှိနေတဲ့ ကျွန်းသေးသေးလေးပေါ်က..ရေကန်အလယ်မှာ ပေါက်နေတဲ့ သစ်ပင်ရဲ့ အထက်မှာ ရှိနေခဲ့ပါတယ်..။သန့်စင်တဲ့ အဖြူရောင် ယဇ်ပုလင်ကတော့..သစ်ကိုင်းတွေရဲ့ ကျယ်ပြန့်တဲ့ အရိပ်အောက်မှာ နစ်မြုပ်နေခဲ့ကြတာပါ..။ဆန်နီဟာ အံ့ဩသင့်နေတဲ့ မျက်နှာတွေနဲ့ အပေါ်ကို ကြည့်နေတဲ့လူတွေကို မြင်နေခဲ့ရတာကြောင့်..မသိစိတ်အလျောက် ရင်းနှီးတဲ့ လူတွေကိုတောင် ရှာကြည့်လိုက်မိပါသေးတယ်..။

ဒါပေါ့..ဒါက အလုပ်မဖြစ်ပါဘူး..။တစ်ချို့လူတွေက တစ်နည်းနည်းနဲ့ ဒီနေရာမှာ ရှိနေခဲ့ကြမယ် ဆိုရင်တောင် သူတို့ရဲ့ အသွင်အပြင်က ကွဲပြားနေကြမှာပါ..။

နိုတစ် ပြုံးလိုက်ပြီး..

“မြင့်မြတ်နယ်မြေကနေ ကြိုဆိုပါတယ်..။မင်း ဒီနေရာကို သဘောကျမှာ ကျိန်းသေတယ်..။ဒီမှာရှိနေတဲ့ လူတိုင်းက ငါ့လိုပဲ အကြောင်းကျိုး ဆီလျော်ပြီး..ဖော်ရွေကြတယ်လေ..”

ဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာ ဆန်နီ ကြက်သီးထသွားခဲ့ပါတယ်..။

အတူတကွဆိုသလိုပဲ..သူတို့က သဘော်ပေါ်ကနေ ထွက်ခွာလာခဲ့ကြပြီး..မှော်ဆရာနေတဲ့ သီးသန့်နေရာဆီကို သွားလိုက်ကြတယ်..။တိုက်ဆိုင်စွာပဲ..ဒီနေရာက..အနာဂတ်မှာ အဖြူရောင်တောင်ပံကလန် က ခံတပ်အဖြစ် အခြေချထားတဲ့ နေရာနဲ့ တစ်ထပ်တည်းပါပဲ..။သို့ပေမယ့် နိုတစ်ကတော့..သူ နေထိုင်တဲ့နေရာကို ကျောက်တိုင်ရဲ့ ထိပ်မှာ တည်ဆောက်ရမယ့် အစား..ကျောက်တိုင်ရဲ့ အတွင်းထဲမှာ တည်ဆောက်ထားခဲ့ပါတယ်..။

သူတို့လမ်းလျောက်နေစဉ်အတွင်းမှာတော့..ဆန်နီဟာ မြင့်မြတ်နယ်မြေမှာ နေထိုင်ကြတဲ့ လူတွေကို လေ့လာကြည့်လိုက်တယ်..။သူတို့အများစုကတော့ သာမန်လူတွေလိုပါပဲ..။သူတို့ထဲက အချို့က သာမန်လူတွေဖြစ်ကြပြီး..တစ်ချို့ကတော့ နိုးထသူတွေပါ..။သူတို့ရဲ့ ပုံစံက ရူးသွပ်မူရဲ့ ဒဏ်ကို မခံစားကြပုံပါပဲ..။သို့ပေမယ့် အနီရောင် အဆောက်အဦးမှာ ရရှိခဲ့တဲ ရက်စက်တဲ့ သင်ခန်းစာတွေကြောင့် သူ အကူအညီမဲ့စွာပဲ..သတိကို အပြည့်ထားနေခဲ့တယ်..။

ဆန်နီရဲ့ အကြည့်တွေက တစ်ယောက်ပြီး တစ်ယောက်ပြောင်းလဲပြီး အန္တရာယ် ရှိမရှိကို လေ့လာနေခဲ့ပါတယ်..။

ကလေးလေးတစ်ယောက်ကို ချီထားတဲ့ အမျိုးသမီးက အန္တရာယ်မရှိတဲ့ ပုံပေါက်ပေမယ့်လည်း..ကလေးရဲ့ ပုံစံက ဘာလို့ ကြောက်လန့်နေပုံရတာလဲ..။မုတ်ဆိတ်တွေကို သေသေသပ်သပ် ညှပ်ထားတဲ့ လူကြီးက..နူးညံ့ပြီး ကြင်နာတတ်ပုံပေါ်ပေမယ့်..သူ့ဓားလက်ကိုင်က ဘာလို့ဒီလောက်တောင်..မကြာခနအသုံးပြုတဲ့ ပုံစံဖြစ်နေရတာလဲ..။သူတောင်းစားတစ်ယောက်လို အထီးကျန်စွာ ထိုင်နေတဲ့ လူရဲ့ မျက်နှာနဲ့ ခန္တာကိုယ်က..အနာကြီး ရောဂါသည်လို ပတ်တီးတွေ စည်းထားပေမယ့်..ဘာလို့သူ့ရဲ့ အကြည့်တွေက စူးရှနေရတာလဲ..။သူ့လက်တွေက ဘာလို့ မာကျောနေရတာလဲ..။

ပြီးတဲ့နောက်မှာတော့..သစ်သီးခြင်းကို ကိုင်ထားတဲ့ အဖွားကြီး..သူမက ငါတို့ကို ဘာလို့ ဒီလောက် အာရုံစိုက်ပြီး ကြည့်နေတာလဲ..။

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး အဝေးကို ကြည့်လိုက်တယ်..။ူ

‘သတိထားနေတယ်ဆိုတာက ကောင်းမွန်တယ် ဆိုပေမယ့် ဒီအရာကလည်း ရူးသွပ်မူတစ်ခုပါပဲ..။လုံခြုံဖို့အတွက် ဆန္ဒရှိနေတာကလည်း…အလိုဆန္ဒတစ်ခုဖြစ်တာကြောင့်..မျှော်လင့်ချက်ရဲ့ လှည့်စားမူအောက်ကို အောက်သွားနိုင်တယ်..။အနီရောင် တိုက်ပွဲကွင်းပြင်နဲ့ အိပ်မက်ဆိုးတွေထဲမှာ ငါ ခံစားထားခဲ့ရတာတွေကြောင့် ငါ့ရဲံ စိတ်က မတည်မငြိမ်ဖြစ်နေခဲ့ပြီ..။ငါ ကိုယ့်ကိုကို စစ်ဆေးဖို့ လိုအပ်တယ်..။မဟုတ်ရင်..ဆိုးဝါးတာတစ်ခုခု ဖြစ်လာလိမ့်မယ်..’

အင်မော်တယ် သူတော်စင်တစ်ယောက် နေထိုင်တဲ့ ခံတပ်မှာ ဘယ်လို အန္တရာယ်မျိုးက ဖြစ်လာနိုင်မှာ မို့လို့လဲ..။နိုတစ်ကိုယ်တိုင်က ဆန်နီကို တိုက်ခိုက်ဖို့ မဆုံးဖြတ်သ၍ သူက အနည်းနဲ့အများတော့ လုံခြုံပါတယ်..။

ပြီးတော့ နိုတစ် အကြောင်းကို ပြောမှပဲ…

မှော်ဆရာက သူ့ကို လှပစွာ ထွင်းထုထားတဲ့ သစ်သားတံခါးတစ်ခုဆီကို ခေါ်ဆောင်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာ တံခါးကို ဖွင့်ပြီး ဆန်နီကို အထဲခေါ်သွားခဲ့ပါတယ်..။သူ နေထိုင်တဲ့ခြံဝန်းက ထင်ထားတဲ့ အတိုင်းပဲ..ကျယ်ဝန်း ၊ လှပပြီး အတော်လေး ရှားပါးလှပတဲ့ ပရိဘောဂတွေရှိကာ..မှောဆန်တဲ့ အစေခံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

တစ်ယောက်ယောက် ကိုင်ထားတာ မဟုတ်ပဲ..ကြမ်းပြင်ပေါ်ကို သူ့အလိုလို သန့်ရှင်းရေး လုပ်နေတဲ့..တံမြက်စည်း တံကို ကြည့်ပြီး ဆန်နီ ကျောတစ်လျောက်လုံး ချမ်းစိမ့်သွားခဲ့တယ်..။သဘော်သား အရုပ်တွေကို ဘယ်လို ဖန်တီးခဲ့တာလဲ ဆိုတာကိုတောင် သူ သံသယဖြစ်မိလာခဲ့ပါပြီ..။

‘ဒီ အရူးက တစ်စုံတစ်ယောက်ရဲ့ ဝိဉာဉ်ကို..ဒီ တံမြက်စည်းထဲ ထည့်ထားတာလို့တော့ မပြောနဲ့နော်..’

နိုတစ် ပြုံးလိုက်ပြီး…

‘မင်းဘာတွေးနေလဲ ဆိုတာကို ငါသိတယ်..’

ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..အင်မော်တယ်ကို စိုးရိမ်စွာ လှမ်းကြည့်လိုက်မိတယ်..။

မှော်ဆရာဟာ ဂရုတစိုက် ပြုံးလိုက်ပြီး…

“..မနက်စာ ဘာစားရင်ကောင်းမလဲလို့ တွေးနေတာ မဟုတ်လား..ဟုတ်တယ်နော်..။အိုး…စိတ်မပူစမ်းပါနဲ့ ဆန်းလပ်စ်…ငါလည်း မနက်စာကိုဆိုရင် အတော်လေးဂရုစိုက်ပြီး စားလေ့ရှိတယ်..။စားကြရအောင်..ပြီးကြ သောက်ကြမယ်…စကားပြောကြမယ်…”

သူ သက်ပြင်းချလိုက်တယ်..။

“မင်းမှာ….မေးခွန်းတွေအများကြီး ရှိနေမယ်ဆိုတာ ငါသေချာသိတယ်..။အရိုးသားဆုံးပြောရရင် ငါ့မှာလည်း မေးစရာ မေးခွန်းတွေ အများကြီးပဲ..”စ

All Chapters